Chapter (185) Arc 3
ရှေးဟောင်းသစ်ရွက်စိမ်း
"ဘယ်လောက် ဝေးသေးလဲ?"
ဧရာမလူသားတို့၏ အလှည့်အပြောင်းကို သုံး၍ လူထောင်ပေါင်း များစွာကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် ငါးရက်နီးပါး အဆက်မပြတ် ပျံသန်းလာခဲ့သည်။
မြက်ခင်းပြင်များ၊ သဲသောင်များ၊ အုံ့ဆိုင်းနေသော တောနှင့် ရေကန်များ၊ မြင့်မားသောတောင်တန်းများနှင့် အခြားမြေပြင်များ အပေါ်မှ ပျံတက်သွားသူ ကျီးတစ်ကောင်နှင့် လူတစ်ယောက်သည် ဘယ်လောက်ဝေးဝေးကို ပျံသန်းလာမိသလဲပင် မသိတော့ချေ။
"မကြာခင် ရောက်တော့မှာပါ!"
ကျီးကန်းသည် မြေကြီးကို ကြည့်ကာ ခေါင်းညိတ်လျက် ပြောလိုက်သည်။ ယခု သူတို့သည် ရှေးဟောင်းသစ်ရွက်စိမ်းကို ရှာဖွေနေခြင်း ဖြစ်သည်။
ကျောက်သာစ မြေပုံသာ မရှိရင် အသတ်ခံရရင်တောင် ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး။ လမ်းလျှောက်ရ ခက်ရုံတင်မကဘဲ ပိုအရေးကြီးတာက ဝင်ပေါက်နဲ့တူတဲ့ လေဟာပြင်ကို ဖြတ်သန်းရသေးသည်။
အကယ်၍ မပျံသန်းနိုင်ဘဲ ပြုတ်ကျသွားပါက ပြန်ထွက်လာဖို့ ခက်ခဲသွားပေလိမ့်မည်။ ချိုင့်ဝှမ်း၏ အန္တရာယ်အရှိဆုံး အစိတ်အပိုင်းမှာ ဝိညာဉ်သားရဲ မဟုတ်သော်လည်း လေဟာပြင် ပုံပျက်ခြင်းပင် ဖြစ်သည်။
"ကြည့်!" ကျီးကန်းက ရှေ့ကို ညွှန်ပြသည်။
လူသည် လေထဲတွင် ရှိနေပြီး ညွှန်ပြရာကို မကြည့်ဘဲ မနေနိုင်စွာ လှည့်ကြည့်လိုက်သည်။ ထိုအရာကို မြင်လိုက်ရသောအခါ အံ့အား သင့်သွားခဲ့သည်။
သူ့ရှေ့က မြင့်မားသော တောင်တန်းများကြားတွင် အမည်မသိ အရပ်မြင့်သော သစ်ပင်ကြီးတစ်ပင်သည် ကောင်းကင်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားသော်လည်း အဆုံးကို မမြင်နိုင်သေးပေ။ တိမ်များသည် ဖြောင့်တန်းသော ပင်စည်များသာ ကျန်ရစ်သည်။
"ဒါက ရှေးခေတ်သစ်ရွက်စိမ်းပင်လား"
လုရွှမ် တံတွေး မျိုချလိုက်သည်။
သက်တမ်း ၂ခုဖြင့် လူသားတစ်ဦး ဖြစ်လာခဲ့သော်လည်း ဤမျှကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးကို မတွေ့ဖူးသေးပေ။
"အင်း ဒါက ရှေးဟောင်းအရွက်စိမ်း သစ်ပင်ပဲ!"
ကျီးကန်း၏ မျက်လုံးများလည်း တောက်ပနေသည်။ ရှေးဟောင်းသစ်ပင်ကို လှမ်းမြင်ရသော်ငြား သွားရမယ့် ခရီးက ဝေးသေးပြီး မရပ်ခင်အထိ တစ်ရက်ခန့် ပျံသန်းလာခဲ့ရသည်။
အချင်း ကီလိုမီတာ ဆယ်ဂဏန်းရှိပြီး မြေပြင်မှ မမြင်နိုင်သော အမြင့်ရှိသည့် ဤရှေးဟောင်းသစ်ပင်ကြီးသည် မည်မျှကြီးမားသည်ကို လုရွှမ် ၎င်းရှေ့ကို ရှေ့သို့ရောက်မှသာ သိလိုက်ရသည်။
"အဲလောက်ကြီးတဲ့ ရှေးဟောင်းသစ်ပင်ကြီးကို ဖြတ်ပစ်ရမလား...ဒါမှမဟုတ် ဘယ်လိုလုပ်ရမှာလဲ?"
သူ့ရှေ့က ရှေးဟောင်းသစ်ပင်ကြီးကို ကြည့်၍ လုရွှမ် မတတ်နိုင်စွာ မေးလိုက်သည်။
ရှေးခေတ်သစ်ရွက် စိမ်းသစ်ပင်အကြောင်း ဒဏ္ဍာရီထဲမှာ ကြားဖူးသော်လည်း မည်သို့အသုံးပြုရမည်ကို မသိပေ။ သူသည် ရှေးဟောင်းသစ်ပင်နဲ့ ပတ်သက်ရင်တော့ လူပိန်းတစ်ယောက်သာ ဖြစ်သွားခဲ့သည်။
"ဖြတ်လိုက်မယ်? မင်းတစ်ချက် စမ်းကြည့်ပေါ့!"
ကျီးကန်းသည် လှည့်ပြန်၏။
"ကောင်းပြီ!"
လုရွှမ်သည် ဝိညာဥ်ချီများ ထုတ်လွှတ်ထားသည့် သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့က ရှေးဟောင်းသစ်ပင်ကို ခုတ်လှဲလိုက်လေသည်။
သူသည် ယခုအချိန်တွင် အစွမ်းထက်ပြီး သူ၏ခန္ဓာကိုယ်သည် သန်မာနေပါပြီ။ ၎င်း၏ပင်စည်သည် သူ၏လက်ဖဝါးမျှသာ ဖြစ်သော်လည်း ထိပ်တန်း ဝိညာဉ်နယ်ပယ် လက်နက်ကို အသုံးပြုလျှင်ပင် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
ဝုန်း!
သစ်ပင်၏ ပင်စည်ပေါ် ခုတ်ချလိုက်သောအခါ လုရွှမ်သည် လက်ဖဝါးတွင် စူးအောင့်သွားသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး လက်ဖဝါးမှ သွေးများ စီးကျလာသော်လည်း ၎င်းကို ခုတ်လိုက်သည် အခေါက်တွင် အရာ တစ်ခုမျှပင် မကျန်ခဲ့ပေ။
"ဒါ..."
လုရွှမ် လန့်သွားသည်။
ရက်စက်လွန်းတယ်။
ခုတ်ထစ်ဖို့ အစွမ်းကုန် ကြိုးစားကာ လက်ဖဝါးကပါ သွေးတွေ ထွက်နေပေမယ့် ရှေးဟောင်းသစ်ပင်က လုံးဝ မပြောင်းလဲသွားဘူး။ ဘယ်လောက်တောင် ခက်ခဲနေတာလဲ။
"ရှေးဟောင်းအရွက်စိမ်း သစ်ပင်က အရမ်းမာတယ်.... ခုတ်ဖို့က မဖြစ်နိုင်လောက်ဘူး....အပေါ် တက်ကြည့်ရအောင် ဒီပင်စည်မျိုးက လိုချင်ရင်တောင် သိမ်းလို့ မရဘူး"
ကျီးကန်းသည် ဤကဲ့သို့ ဖြစ်လာမည်ကို အစောကြီးကတည်းက သိထားပုံရသည့်နှယ် ၎င်းသည် ဟစ်အော်၍ အထက်သို့ ဦးစွာ ပျံသန်းသွားခဲ့သည်။
လုရွှမ်လည်း အနီးကပ် လိုက်သွားခဲ့သည်။
ပျံသန်းတဲ့ အရှိန်က အရမ်းမြန်သည်။ သို့သော် ကြီးကျယ်ခမ်းနားတဲ့ သစ်ပင်ထိပ်ပိုင်းကို မတွေ့ခင်အထိ ပျံသန်းဖို့ တစ်နေကုန်နီးပါး အချိန်ယူခဲ့ရပြန်သည်။
သစ်ပင်ကြီး တစ်ခုလုံးသည် ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော ဧရိယာကို ဖုံးလွှမ်းထားသည်။ ဝေဆာနေသော သစ်ကိုင်းများနှင့် သစ်ရွက်များသည် ကောင်းကင်မှ နေရောင်ကို ဖုံးအုပ်ထားပုံမှာ ဝင်သွားသည်နှင့် ညဘက်သို့ ရောက်သွားသကဲ့သို့ပင်။
"ပင်စည်က ခုတ်ရခက်တယ် ဆိုတော့ အကိုင်းအခက်တွေကို ဖြတ်မလို့လား"
လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်၏ နေရောင်ခြည်ကိုပင် ဖုံးလွှမ်းထားနိုင်သော သစ်ပင်များ၏ အကိုင်းအခက်များ အပေါ်သို့ ကျရောက်သွားသည်။
ခိုင်ခံ့မှုက အားကောင်းလို့ ပင်စည်ကြီးတွေကို ဖြတ်လို့ မရဘူးဆိုရင် ဒီအကိုင်းအခက် လေးတွေကတော့ လွယ်သင့်တယ်မလား။
စကားတွေ ကျပြီးတာနဲ့ သစ်ကိုင်းကို ခုတ်ချလိုက်ပြန်သည်။ ဖြောင်းကနဲ အသံတစ်သံ ထွက်လာပြီး သစ်ကိုင်းက ပြတ်တောက်သွားသည်။
အလွန်အကျွံ သုံးလိုက်မိသော ခွန်အားကြောင့် လုရွှမ်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာဖြင့် တုန်လှုပ်သွားသည်။
ဒီအကိုင်းအခက်က ဖြတ်ရခက်တာ မဟုတ်ချေ။ သာမန် အကိုင်းအခက်တွေနဲ့ မတူဘဲ လွယ်ကူလွန်းနေတာပင်။ ရှေးဟောင်းသစ်ပင်၏ ပင်စည်ကို မခုတ်ဖူးဘဲ အလွန်ခဲယဉ်းကြောင်း မသိခဲ့လျှင် ဤအကိုင်းအခက်များသည် ရှေးဟောင်းသစ်ပင်မှ ခွဲဖြာလာသည်ကို ယုံနိုင်မည် မဟုတ်ပေ။
"ဒီအကိုင်းအခက်တွေက အသုံးမဝင်ဘူး.... ဝိညာဉ်စွမ်းအားနဲ့ သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်"
သူ့ရဲ့ လှုပ်ရှားမှုတွေကို မြင်တော့ ကျီးကန်းက သက်ပြင်းချ၍ ခေါင်းခါလိုက်သည်။
ထိုစကားကြားသော် လုရွှမ်သည် သူ့လက်ထဲမှ သစ်ကိုင်းများကို ထိန်းချုပ်ရန် သူ့ခန္ဓာကိုယ်မှ သူ၏ဝိညာဉ်ချီကို ဖြန့်ထုတ်လိုက်သော်လည်း သက်ရောက်မှု မရှိကြောင်း တွေ့လိုက်ရသည်။
သာမာန်သစ်ပင်များ ကဲ့သို့ပင် ဤအကိုင်းအခက်သည် ဝိညာဉ်စွမ်းအားကို မချိတ်နိုင်သောကြောင့် သဘာဝအတိုင်း ထိန်းချုပ်၍ မရချေ။ မိမိကိုယ်ပိုင် ဖြစ်လာရန် မည်သည့်အရာမဆို ဝိညာဉ်စွမ်းအားကို ဦးစွာ ချုပ်ကိုင် ထားနိုင်ရမည်။
မထိန်းချုပ်နိုင်ရင် သဘာဝကျကျ အသုံးမဝင်တော့ချေ။
"ဒါ..."
လုရွှမ် မျက်လုံးများကို မှိတ်ထားသည်။
ရှေးဟောင်းအရွက်စိမ်း သစ်ပင်၏ ပင်စည်ကို အစွမ်းကုန် အားသုံး၍ မထိခိုက်နိုင်သော်လည်း အကိုင်းအခက်များကို အလွယ်တကူ ဖြတ်တောက်ပစ်နိုင်သည်။ ပင်စည်ကို စမ်းကြည့်တော့ ဝိညာဉ်စွမ်းအားကို ချိတ်ဆွဲထားနိုင်ပေမယ့် အကိုင်းအခက်တွေက လုံးဝ အကျိုးသက်ရောက်မှု မရှိချေ။
ဒီလိုထူးဆန်းတဲ့ သစ်ပင်မျိုး ဘယ်လိုလုပ် ရှိနေနိုင်တာလဲ။
"ဒီအကိုင်းအခက်တွေက အသုံးမဝင်ဘူး.... ငါတို့ ဘာကိုရှာရမှာလဲ"
ဒီအတွေးတွေက သူ့စိတ်ထဲမှာ ပေါ်လာတာနဲ့ တစ်ပြိုက်နက် လုရွှမ် ကူကယ်ရာမဲ့ မေးလိုက်၏။ ရှေးဟောင်းသစ်ရွက်စိမ်း သစ်ပင်တွေရဲ့ မှတ်တမ်းတွေ ရှိပေမယ့် အသေးစိတ်တော့ မဖော်ပြထားဘူး။ ဘယ်လို အသုံးပြုရမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
"ငါတို့ ရှေးဟောင်းသစ်ရွက်စိမ်း နှလုံးသားကို ရှာနေတာလေ..."
ကျီးကန်းက ပြောသည်။
"ရှေးဟောင်းသစ်ရွက်စိမ်းရဲ့ နှလုံးသား?"
"ကောင်းပြီ... ရှေးဟောင်းသစ်ရွက်စိမ်း သစ်ပင်က နှစ်တိုင်း ဆယ်ပေလောက် ကြီးထွားနိုင်တယ်.... ဒီလိုမျိုး ကြီးထွားစေတဲ့ အရာက သစ်ပင်ရဲ့ နှလုံးသားပဲ"
ကျီးကန်းက မျက်လုံးတွေ တောက်ပလျက် ဆိုလာသည်။
"ဒီအရာက ရှေးဟောင်းသစ်ပင်ရဲ့ အရင်းအမြစ်ပဲ... ခူးဆွတ်လိုက်ရင် နောက်ဆို ပြန်ပေါက်မှာ မဟုတ်ဘူး.... ဒါကြောင့် ငါတို့မှာ လှုပ်ရှားဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်.... ငါတို့သာ ကျရှုံးသွားရင် ဘယ်တော့မှ မအောင်မြင်နိုင်တော့ဘူး!”
"အခွင့်အရေးက တစ်ကြိမ်တည်းလား? ဒီအရာကို ရွေးရတာ အန္တရာယ်ရှိလို့လား?"
လုရွှမ် အနည်းငယ် အံ့သြသွားသည်။
"အန္တရာယ် ရှိတာပေါ့... ရှေးဟောင်း အရွက်စိမ်း သစ်ပင်က အရမ်းကြီးတယ်။ နှစ်အတော်ကြာအောင် ရှင်သန်နေခဲ့တာ... သစ်ပင်ဝိညာဥ် ရှိပြီးသား ဖြစ်ရမယ်... အကိုင်းအခက် တချို့ကို ရိုးရိုးရှင်းရှင်း ဖြတ်လိုက်တာက ပြဿနာ မရှိပါဘူး။ သစ်ပင် နှလုံးသားက ဖြတ်ပစ်လိုက်တာနဲ့ ဆက်ပြီး ကြီးထွားနေတဲ့ အသက်သွေးကြောက ရပ်သွားမှာပဲ.... မင်းကို ပြန်မသတ်တာကမှ ထူးဆန်းနေလိမ့်မယ်!"
ကျီးကန်းက ခါးသက်စွာ ခေါင်းကို လှည့်လိုက်သည်။
"ဟင်?" လုရွှမ် လန့်သွားသည်။
"သစ်ပင်ဝိညာဉ် ဖြစ်လာခြင်း” ဟူသော စကားစုကို သူဟိုးအရင်ကတည်းက သိပြီးသားဖြစ်သည်။ အချို့သော ဆေးဖက်ဝင် အပင်များသည် အချိန်အတော်ကြာအောင် အသက်ရှင်ပြီးနောက် မိမိကိုယ်ကို အသိဥာဏ်ကို မွေးဖွားပေးနိုင်သည်။
ရှေးဟောင်းသစ်ရွက်စိမ်း သစ်ပင်သည် တစ်နှစ်လျှင် ဆယ်ပေ ကြီးထွားနိုင်သည်။ ယခုအခါ အလွန်ကြီးမားသောကြောင့် အရွက်သည် နှစ်သောင်းချီ၍ ရှင်သန်နေနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤမျှကြီးမားသော ခန္ဓာကိုယ်ဖြင့် အကိုင်းအခက်တစ်ခု သို့မဟုတ် နှစ်ကိုင်းကို ဖြတ်ပစ်ရန်မှာ အမှန်ပင် ပြဿနာ မဟုတ်ပေ။ သို့သော် သူသည် ၎င်း၏ ဘဝတံခါးကို ဖြတ်လိုပါက သူ့အားပြန်မတိုက်ခိုက် လာတာကမှ အံ့သြစရာ ဖြစ်သွားလိမ့်မည်။
"စိတ်မပူပါနဲ့.... ရှေးအပင်တွေ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး ရှိတယ်... ဝိညာဉ်ရှိရင်တောင် မြန်မြန်ဆန်ဆန် တုံ့ပြန်မှာ မဟုတ်ဘူး... အဲဒီအချိန်မှာ မြန်မြန်လှုပ်ရှားပြီး လှည့်ပြေးလိုက်ရင် အဆင်ပြေပြီ.... သူသိသွားရင်တောင် သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး! နောက်ဆုံးတော့ သူက အပင်တစ်ပင်ပဲလေ.... ဒီကနေ ထွက်သွားလို့ မရဘူးမလား!"
"အင်း!"
ကျီးကန်း ရှင်းပြလာတာကို လုရွှမ်လည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
ဧကန်စင်စစ် အပင်တစ်ပင်သည် မည်မျှပင် စိတ်ဝိညာဉ် ရှိနေစေကာမူ ၎င်း၏ကိုယ်ခန္ဓာသည် မြေကြီးနှင့် မခွာနိုင်ချေ။ ထို့ကြောင့် ခုန်တက်ကာ လူများကို လိုက်ဖမ်းရန် မဖြစ်နိုင်ပေ။ သတ်မှတ်ထားသော အချိန်အတွင်း ပင်စည်နှင့် အကိုင်းအခက်များ၏ ထိန်းချုပ်မှုနိုင်သရွေ့ လွတ်မြောက်ဖို့ အချိန်ရနိုင်သည်။
"တုံ့ပြန်ဖို့က ဘယ်လောက် ကြာနိုင်လဲ?"
အချိန်အတော်ကြာ စဉ်းစားပြီးနောက် လုရွှမ် ကူကယ်ရာမဲ့စွာ လှည့်မေးလိုက်သည်။
ကြိုတင်ပြင်ဆင် ထားနိုင်စေရန် ရှင်းရှင်းလင်းလင်း မေးရမည်။ လွတ်မည့်နေရာကို ကြိုတင် တွက်ချက်ထားတာက အန္တရာယ်အကင်းဆုံး ဖြစ်သည်။
လမ်းကိုစဉ်းစားရန် တစ်ဖက်အပင်ရှေ့ ရောက်သည်အထိ စောင့်လို့မရချေ။ မဟုတ်ပါက လွတ်မြောက်ချင်သော်လည်း အချိန်နှောင်းသွားမှာ ကြောက်ရသည်။
"ဒီကောင် ဘယ်လောက်ကြီးလဲ ကြည့်ကြည့်လိုက်... အနည်းဆုံး အသက် ၁၀၀ ဝန်းကျင်တော့ ရှိလောက်ပြီမလား!"
ကျီးကန်းသည် ခဏမျှ စဉ်းစားပြီးနောက် မှန်းဆလိုက်သည်။
Chapter (185) Arc 3
ေရွးေဟာင္းသစ္႐ြက္စိမ္း
"ဘယ္ေလာက္ ေဝးေသးလဲ?"
ဧရာမလူသားတို႔၏ အလွည့္အေျပာင္းကို သုံး၍ လူေထာင္ေပါင္း မ်ားစြာကို ေခါင္းျဖတ္သတ္ၿပီးေနာက္ လု႐ႊမ္သည္ ငါးရက္နီးပါး အဆက္မျပတ္ ပ်ံသန္းလာခဲ့သည္။
ျမက္ခင္းျပင္မ်ား၊ သဲေသာင္မ်ား၊ အုံ႕ဆိုင္းေနေသာ ေတာႏွင့္ ေရကန္မ်ား၊ ျမင့္မားေသာေတာင္တန္းမ်ားႏွင့္ အျခားေျမျပင္မ်ား အေပၚမွ ပ်ံတက္သြားသူ က်ီးတစ္ေကာင္ႏွင့္ လူတစ္ေယာက္သည္ ဘယ္ေလာက္ေဝးေဝးကို ပ်ံသန္းလာမိသလဲပင္ မသိေတာ့ေခ်။
"မၾကာခင္ ေရာက္ေတာ့မွာပါ!"
က်ီးကန္းသည္ ေျမႀကီးကို ၾကည့္ကာ ေခါင္းညိတ္လ်က္ ေျပာလိုက္သည္။ ယခု သူတို႔သည္ ေရွးေဟာင္းသစ္႐ြက္စိမ္းကို ရွာေဖြေနျခင္း ျဖစ္သည္။
ေက်ာက္သာစ ေျမပုံသာ မရွိရင္ အသတ္ခံရရင္ေတာင္ ဒီေနရာကို ေရာက္လာမွာ မဟုတ္ဘူး။ လမ္းေလွ်ာက္ရ ခက္႐ုံတင္မကဘဲ ပိုအေရးႀကီးတာက ဝင္ေပါက္နဲ႕တူတဲ့ ေလဟာျပင္ကို ျဖတ္သန္းရေသးသည္။
အကယ္၍ မပ်ံသန္းနိုင္ဘဲ ျပဳတ္က်သြားပါက ျပန္ထြက္လာဖို႔ ခက္ခဲသြားေပလိမ့္မည္။ ခ်ိဳင့္ဝွမ္း၏ အႏၱရာယ္အရွိဆုံး အစိတ္အပိုင္းမွာ ဝိညာဥ္သားရဲ မဟုတ္ေသာ္လည္း ေလဟာျပင္ ပုံပ်က္ျခင္းပင္ ျဖစ္သည္။
"ၾကည့္!" က်ီးကန္းက ေရွ႕ကို ၫႊန္ျပသည္။
လူသည္ ေလထဲတြင္ ရွိေနၿပီး ၫႊန္ျပရာကို မၾကည့္ဘဲ မေနနိုင္စြာ လွည့္ၾကည့္လိုက္သည္။ ထိုအရာကို ျမင္လိုက္ရေသာအခါ အံ့အား သင့္သြားခဲ့သည္။
သူ႕ေရွ႕က ျမင့္မားေသာ ေတာင္တန္းမ်ားၾကားတြင္ အမည္မသိ အရပ္ျမင့္ေသာ သစ္ပင္ႀကီးတစ္ပင္သည္ ေကာင္းကင္သို႔ တန္းတန္းမတ္မတ္ ထိုးတက္သြားေသာ္လည္း အဆုံးကို မျမင္နိုင္ေသးေပ။ တိမ္မ်ားသည္ ေျဖာင့္တန္းေသာ ပင္စည္မ်ားသာ က်န္ရစ္သည္။
"ဒါက ေရွးေခတ္သစ္႐ြက္စိမ္းပင္လား"
လု႐ႊမ္ တံေတြး မ်ိဳခ်လိဳက္သည္။
သက္တမ္း ၂ခုျဖင့္ လူသားတစ္ဦး ျဖစ္လာခဲ့ေသာ္လည္း ဤမွ်ႀကီးမားေသာ ေရွးေဟာင္းသစ္ပင္ႀကီးကို မေတြ႕ဖူးေသးေပ။
"အင္း ဒါက ေရွးေဟာင္းအ႐ြက္စိမ္း သစ္ပင္ပဲ!"
က်ီးကန္း၏ မ်က္လုံးမ်ားလည္း ေတာက္ပေနသည္။ ေရွးေဟာင္းသစ္ပင္ကို လွမ္းျမင္ရေသာ္ျငား သြားရမယ့္ ခရီးက ေဝးေသးၿပီး မရပ္ခင္အထိ တစ္ရက္ခန့္ ပ်ံသန္းလာခဲ့ရသည္။
အခ်င္း ကီလိုမီတာ ဆယ္ဂဏန္းရွိၿပီး ေျမျပင္မွ မျမင္နိုင္ေသာ အျမင့္ရွိသည့္ ဤေရွးေဟာင္းသစ္ပင္ႀကီးသည္ မည္မွ်ႀကီးမားသည္ကို လု႐ႊမ္ ၎ေရွ႕ကို ေရွ႕သို႔ေရာက္မွသာ သိလိုက္ရသည္။
"အဲေလာက္ႀကီးတဲ့ ေရွးေဟာင္းသစ္ပင္ႀကီးကို ျဖတ္ပစ္ရမလား...ဒါမွမဟုတ္ ဘယ္လိုလုပ္ရမွာလဲ?"
သူ႕ေရွ႕က ေရွးေဟာင္းသစ္ပင္ႀကီးကို ၾကည့္၍ လု႐ႊမ္ မတတ္နိုင္စြာ ေမးလိုက္သည္။
ေရွးေခတ္သစ္႐ြက္ စိမ္းသစ္ပင္အေၾကာင္း ဒ႑ာရီထဲမွာ ၾကားဖူးေသာ္လည္း မည္သို႔အသုံးျပဳရမည္ကို မသိေပ။ သူသည္ ေရွးေဟာင္းသစ္ပင္နဲ႕ ပတ္သက္ရင္ေတာ့ လူပိန္းတစ္ေယာက္သာ ျဖစ္သြားခဲ့သည္။
"ျဖတ္လိုက္မယ္? မင္းတစ္ခ်က္ စမ္းၾကည့္ေပါ့!"
က်ီးကန္းသည္ လွည့္ျပန္၏။
"ေကာင္းၿပီ!"
လု႐ႊမ္သည္ ဝိညာဥ္ခ်ီမ်ား ထုတ္လႊတ္ထားသည့္ သူ႕လက္ဖဝါးကို ေဝွ႕ယမ္းလိုက္ၿပီး သူ႕ေရွ႕က ေရွးေဟာင္းသစ္ပင္ကို ခုတ္လွဲလိုက္ေလသည္။
သူသည္ ယခုအခ်ိန္တြင္ အစြမ္းထက္ၿပီး သူ၏ခႏၶာကိုယ္သည္ သန္မာေနပါၿပီ။ ၎၏ပင္စည္သည္ သူ၏လက္ဖဝါးမွ်သာ ျဖစ္ေသာ္လည္း ထိပ္တန္း ဝိညာဥ္နယ္ပယ္ လက္နက္ကို အသုံးျပဳလွ်င္ပင္ အလြယ္တကူ ေခ်မႈန္းပစ္နိုင္သည္။
ဝုန္း!
သစ္ပင္၏ ပင္စည္ေပၚ ခုတ္ခ်လိဳက္ေသာအခါ လု႐ႊမ္သည္ လက္ဖဝါးတြင္ စူးေအာင့္သြားသည့္ နာက်င္မႈတစ္ခုကို ခံစားလိုက္ရၿပီး လက္ဖဝါးမွ ေသြးမ်ား စီးက်လာေသာ္လည္း ၎ကို ခုတ္လိုက္သည္ အေခါက္တြင္ အရာ တစ္ခုမွ်ပင္ မက်န္ခဲ့ေပ။
"ဒါ..."
လု႐ႊမ္ လန႔္သြားသည္။
ရက္စက္လြန္းတယ္။
ခုတ္ထစ္ဖို႔ အစြမ္းကုန္ ႀကိဳးစားကာ လက္ဖဝါးကပါ ေသြးေတြ ထြက္ေနေပမယ့္ ေရွးေဟာင္းသစ္ပင္က လုံးဝ မေျပာင္းလဲသြားဘူး။ ဘယ္ေလာက္ေတာင္ ခက္ခဲေနတာလဲ။
"ေရွးေဟာင္းအ႐ြက္စိမ္း သစ္ပင္က အရမ္းမာတယ္.... ခုတ္ဖို႔က မျဖစ္နိုင္ေလာက္ဘူး....အေပၚ တက္ၾကည့္ရေအာင္ ဒီပင္စည္မ်ိဳးက လိုခ်င္ရင္ေတာင္ သိမ္းလို႔ မရဘူး"
က်ီးကန္းသည္ ဤကဲ့သို႔ ျဖစ္လာမည္ကို အေစာႀကီးကတည္းက သိထားပုံရသည့္ႏွယ္ ၎သည္ ဟစ္ေအာ္၍ အထက္သို႔ ဦးစြာ ပ်ံသန္းသြားခဲ့သည္။
လု႐ႊမ္လည္း အနီးကပ္ လိုက္သြားခဲ့သည္။
ပ်ံသန္းတဲ့ အရွိန္က အရမ္းျမန္သည္။ သို႔ေသာ္ ႀကီးက်ယ္ခမ္းနားတဲ့ သစ္ပင္ထိပ္ပိုင္းကို မေတြ႕ခင္အထိ ပ်ံသန္းဖို႔ တစ္ေနကုန္နီးပါး အခ်ိန္ယူခဲ့ရျပန္သည္။
သစ္ပင္ႀကီး တစ္ခုလုံးသည္ ကီလိုမီတာေထာင္ေပါင္းမ်ားစြာ ေဝးကြာေသာ ဧရိယာကို ဖုံးလႊမ္းထားသည္။ ေဝဆာေနေသာ သစ္ကိုင္းမ်ားႏွင့္ သစ္႐ြက္မ်ားသည္ ေကာင္းကင္မွ ေနေရာင္ကို ဖုံးအုပ္ထားပုံမွာ ဝင္သြားသည္ႏွင့္ ညဘက္သို႔ ေရာက္သြားသကဲ့သို႔ပင္။
"ပင္စည္က ခုတ္ရခက္တယ္ ဆိုေတာ့ အကိုင္းအခက္ေတြကို ျဖတ္မလို႔လား"
လု႐ႊမ္၏ မ်က္လုံးမ်ားသည္ ေကာင္းကင္၏ ေနေရာင္ျခည္ကိုပင္ ဖုံးလႊမ္းထားနိုင္ေသာ သစ္ပင္မ်ား၏ အကိုင္းအခက္မ်ား အေပၚသို႔ က်ေရာက္သြားသည္။
ခိုင္ခံ့မႈက အားေကာင္းလို႔ ပင္စည္ႀကီးေတြကို ျဖတ္လို႔ မရဘူးဆိုရင္ ဒီအကိုင္းအခက္ ေလးေတြကေတာ့ လြယ္သင့္တယ္မလား။
စကားေတြ က်ၿပီးတာနဲ႕ သစ္ကိုင္းကို ခုတ္ခ်လိဳက္ျပန္သည္။ ေျဖာင္းကနဲ အသံတစ္သံ ထြက္လာၿပီး သစ္ကိုင္းက ျပတ္ေတာက္သြားသည္။
အလြန္အကြၽံ သုံးလိုက္မိေသာ ခြန္အားေၾကာင့္ လု႐ႊမ္သည္ သူ႕မ်က္ႏွာေပၚတြင္ ထူးဆန္းေသာ အမူအရာျဖင့္ တုန္လႈပ္သြားသည္။
ဒီအကိုင္းအခက္က ျဖတ္ရခက္တာ မဟုတ္ေခ်။ သာမန္ အကိုင္းအခက္ေတြနဲ႕ မတူဘဲ လြယ္ကူလြန္းေနတာပင္။ ေရွးေဟာင္းသစ္ပင္၏ ပင္စည္ကို မခုတ္ဖူးဘဲ အလြန္ခဲယဥ္းေၾကာင္း မသိခဲ့လွ်င္ ဤအကိုင္းအခက္မ်ားသည္ ေရွးေဟာင္းသစ္ပင္မွ ခြဲျဖာလာသည္ကို ယုံနိုင္မည္ မဟုတ္ေပ။
"ဒီအကိုင္းအခက္ေတြက အသုံးမဝင္ဘူး.... ဝိညာဥ္စြမ္းအားနဲ႕ သူတို႔ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားၾကည့္"
သူ႕ရဲ႕ လႈပ္ရွားမႈေတြကို ျမင္ေတာ့ က်ီးကန္းက သက္ျပင္းခ်၍ ေခါင္းခါလိုက္သည္။
ထိုစကားၾကားေသာ္ လု႐ႊမ္သည္ သူ႕လက္ထဲမွ သစ္ကိုင္းမ်ားကို ထိန္းခ်ဳပ္ရန္ သူ႕ခႏၶာကိုယ္မွ သူ၏ဝိညာဥ္ခ်ီကို ျဖန႔္ထုတ္လိုက္ေသာ္လည္း သက္ေရာက္မႈ မရွိေၾကာင္း ေတြ႕လိုက္ရသည္။
သာမာန္သစ္ပင္မ်ား ကဲ့သို႔ပင္ ဤအကိုင္းအခက္သည္ ဝိညာဥ္စြမ္းအားကို မခ်ိတ္နိုင္ေသာေၾကာင့္ သဘာဝအတိုင္း ထိန္းခ်ဳပ္၍ မရေခ်။ မိမိကိုယ္ပိုင္ ျဖစ္လာရန္ မည္သည့္အရာမဆို ဝိညာဥ္စြမ္းအားကို ဦးစြာ ခ်ဳပ္ကိုင္ ထားနိုင္ရမည္။
မထိန္းခ်ဳပ္နိုင္ရင္ သဘာဝက်က် အသုံးမဝင္ေတာ့ေခ်။
"ဒါ..."
လု႐ႊမ္ မ်က္လုံးမ်ားကို မွိတ္ထားသည္။
ေရွးေဟာင္းအ႐ြက္စိမ္း သစ္ပင္၏ ပင္စည္ကို အစြမ္းကုန္ အားသုံး၍ မထိခိုက္နိုင္ေသာ္လည္း အကိုင္းအခက္မ်ားကို အလြယ္တကူ ျဖတ္ေတာက္ပစ္နိုင္သည္။ ပင္စည္ကို စမ္းၾကည့္ေတာ့ ဝိညာဥ္စြမ္းအားကို ခ်ိတ္ဆြဲထားနိုင္ေပမယ့္ အကိုင္းအခက္ေတြက လုံးဝ အက်ိဳးသက္ေရာက္မႈ မရွိေခ်။
ဒီလိုထူးဆန္းတဲ့ သစ္ပင္မ်ိဳး ဘယ္လိုလုပ္ ရွိေနနိုင္တာလဲ။
"ဒီအကိုင္းအခက္ေတြက အသုံးမဝင္ဘူး.... ငါတို႔ ဘာကိုရွာရမွာလဲ"
ဒီအေတြးေတြက သူ႕စိတ္ထဲမွာ ေပၚလာတာနဲ႕ တစ္ၿပိဳက္နက္ လု႐ႊမ္ ကူကယ္ရာမဲ့ ေမးလိုက္၏။ ေရွးေဟာင္းသစ္႐ြက္စိမ္း သစ္ပင္ေတြရဲ႕ မွတ္တမ္းေတြ ရွိေပမယ့္ အေသးစိတ္ေတာ့ မေဖာ္ျပထားဘူး။ ဘယ္လို အသုံးျပဳရမလဲ ဆိုတာ ဘယ္သူမွ မသိနိုင္ဘူးေလ။
"ငါတို႔ ေရွးေဟာင္းသစ္႐ြက္စိမ္း ႏွလုံးသားကို ရွာေနတာေလ..."
က်ီးကန္းက ေျပာသည္။
"ေရွးေဟာင္းသစ္႐ြက္စိမ္းရဲ႕ ႏွလုံးသား?"
"ေကာင္းၿပီ... ေရွးေဟာင္းသစ္႐ြက္စိမ္း သစ္ပင္က ႏွစ္တိုင္း ဆယ္ေပေလာက္ ႀကီးထြားနိုင္တယ္.... ဒီလိုမ်ိဳး ႀကီးထြားေစတဲ့ အရာက သစ္ပင္ရဲ႕ ႏွလုံးသားပဲ"
က်ီးကန္းက မ်က္လုံးေတြ ေတာက္ပလ်က္ ဆိုလာသည္။
"ဒီအရာက ေရွးေဟာင္းသစ္ပင္ရဲ႕ အရင္းအျမစ္ပဲ... ခူးဆြတ္လိုက္ရင္ ေနာက္ဆို ျပန္ေပါက္မွာ မဟုတ္ဘူး.... ဒါေၾကာင့္ ငါတို႔မွာ လႈပ္ရွားဖို႔ အခြင့္အေရး တစ္ႀကိမ္ပဲ ရွိတယ္.... ငါတို႔သာ က်ရႈံးသြားရင္ ဘယ္ေတာ့မွ မေအာင္ျမင္နိုင္ေတာ့ဘူး!
"အခြင့္အေရးက တစ္ႀကိမ္တည္းလား? ဒီအရာကို ေ႐ြးရတာ အႏၱရာယ္ရွိလို႔လား?"
လု႐ႊမ္ အနည္းငယ္ အံ့ၾသသြားသည္။
"အႏၱရာယ္ ရွိတာေပါ့... ေရွးေဟာင္း အ႐ြက္စိမ္း သစ္ပင္က အရမ္းႀကီးတယ္။ ႏွစ္အေတာ္ၾကာေအာင္ ရွင္သန္ေနခဲ့တာ... သစ္ပင္ဝိညာဥ္ ရွိၿပီးသား ျဖစ္ရမယ္... အကိုင္းအခက္ တခ်ိဳ႕ကို ရိုးရိုးရွင္းရွင္း ျဖတ္လိုက္တာက ျပႆနာ မရွိပါဘူး။ သစ္ပင္ ႏွလုံးသားက ျဖတ္ပစ္လိုက္တာနဲ႕ ဆက္ၿပီး ႀကီးထြားေနတဲ့ အသက္ေသြးေၾကာက ရပ္သြားမွာပဲ.... မင္းကို ျပန္မသတ္တာကမွ ထူးဆန္းေနလိမ့္မယ္!"
က်ီးကန္းက ခါးသက္စြာ ေခါင္းကို လွည့္လိုက္သည္။
"ဟင္?" လု႐ႊမ္ လန႔္သြားသည္။
"သစ္ပင္ဝိညာဥ္ ျဖစ္လာျခင္း ဟူေသာ စကားစုကို သူဟိုးအရင္ကတည္းက သိၿပီးသားျဖစ္သည္။ အခ်ိဳ႕ေသာ ေဆးဖက္ဝင္ အပင္မ်ားသည္ အခ်ိန္အေတာ္ၾကာေအာင္ အသက္ရွင္ၿပီးေနာက္ မိမိကိုယ္ကို အသိဥာဏ္ကို ေမြးဖြားေပးနိုင္သည္။
ေရွးေဟာင္းသစ္႐ြက္စိမ္း သစ္ပင္သည္ တစ္ႏွစ္လွ်င္ ဆယ္ေပ ႀကီးထြားနိုင္သည္။ ယခုအခါ အလြန္ႀကီးမားေသာေၾကာင့္ အ႐ြက္သည္ ႏွစ္ေသာင္းခ်ီ၍ ရွင္သန္ေနနိုင္သည္မွာ အံ့ၾသစရာ မဟုတ္ေပ။
ဤမွ်ႀကီးမားေသာ ခႏၶာကိုယ္ျဖင့္ အကိုင္းအခက္တစ္ခု သို႔မဟုတ္ ႏွစ္ကိုင္းကို ျဖတ္ပစ္ရန္မွာ အမွန္ပင္ ျပႆနာ မဟုတ္ေပ။ သို႔ေသာ္ သူသည္ ၎၏ ဘဝတံခါးကို ျဖတ္လိုပါက သူ႕အားျပန္မတိုက္ခိုက္ လာတာကမွ အံ့ၾသစရာ ျဖစ္သြားလိမ့္မည္။
"စိတ္မပူပါနဲ႕.... ေရွးအပင္ေတြ ႀကီးမားတဲ့ ခႏၶာကိုယ္ႀကီး ရွိတယ္... ဝိညာဥ္ရွိရင္ေတာင္ ျမန္ျမန္ဆန္ဆန္ တုံ႕ျပန္မွာ မဟုတ္ဘူး... အဲဒီအခ်ိန္မွာ ျမန္ျမန္လႈပ္ရွားၿပီး လွည့္ေျပးလိုက္ရင္ အဆင္ေျပၿပီ.... သူသိသြားရင္ေတာင္ ေသခ်ာေပါက္ ကိုင္တြယ္ေျဖရွင္းနိုင္မွာ မဟုတ္ဘူး! ေနာက္ဆုံးေတာ့ သူက အပင္တစ္ပင္ပဲေလ.... ဒီကေန ထြက္သြားလို႔ မရဘူးမလား!"
"အင္း!"
က်ီးကန္း ရွင္းျပလာတာကို လု႐ႊမ္လည္း ေခါင္းညိတ္ ေထာက္ခံလိုက္သည္။
ဧကန္စင္စစ္ အပင္တစ္ပင္သည္ မည္မွ်ပင္ စိတ္ဝိညာဥ္ ရွိေနေစကာမူ ၎၏ကိုယ္ခႏၶာသည္ ေျမႀကီးႏွင့္ မခြာနိုင္ေခ်။ ထို႔ေၾကာင့္ ခုန္တက္ကာ လူမ်ားကို လိုက္ဖမ္းရန္ မျဖစ္နိုင္ေပ။ သတ္မွတ္ထားေသာ အခ်ိန္အတြင္း ပင္စည္ႏွင့္ အကိုင္းအခက္မ်ား၏ ထိန္းခ်ဳပ္မႈနိုင္သေ႐ြ႕ လြတ္ေျမာက္ဖို႔ အခ်ိန္ရနိုင္သည္။
"တုံ႕ျပန္ဖို႔က ဘယ္ေလာက္ ၾကာနိုင္လဲ?"
အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီးေနာက္ လု႐ႊမ္ ကူကယ္ရာမဲ့စြာ လွည့္ေမးလိုက္သည္။
ႀကိဳတင္ျပင္ဆင္ ထားနိုင္ေစရန္ ရွင္းရွင္းလင္းလင္း ေမးရမည္။ လြတ္မည့္ေနရာကို ႀကိဳတင္ တြက္ခ်က္ထားတာက အႏၱရာယ္အကင္းဆုံး ျဖစ္သည္။
လမ္းကိုစဥ္းစားရန္ တစ္ဖက္အပင္ေရွ႕ ေရာက္သည္အထိ ေစာင့္လို႔မရေခ်။ မဟုတ္ပါက လြတ္ေျမာက္ခ်င္ေသာ္လည္း အခ်ိန္ႏွောင္းသြားမွာ ေၾကာက္ရသည္။
"ဒီေကာင္ ဘယ္ေလာက္ႀကီးလဲ ၾကည့္ၾကည့္လိုက္... အနည္းဆုံး အသက္ ၁၀၀ ဝန္းက်င္ေတာ့ ရွိေလာက္ၿပီမလား!"
က်ီးကန္းသည္ ခဏမွ် စဥ္းစားၿပီးေနာက္ မွန္းဆလိုက္သည္။