Chapter (183) Arc 3
ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
"ဟင့်အင်း....အဲဒီဆေးရည်ကို ငါ အတိအကျ လေ့လာပြီးပြီ... အဆိပ်မရှိဘူး တကယ် အဆိပ်ပြင်းရင် သူထွက်ပြေးပါ့မလား? ငါတို့အားလုံးကို သတ်လိုက်တာ ကြာပြီပေါ့ သူနဲ့အတူ ရတနာကို ဘယ်သူက လုယူဝံ့မှာလဲ?"
လူအုပ်ထဲတွင် တစ်စုံတစ်ယောက်သည် အကျယ်ကြီး အော်ဟစ် တုံ့ပြန်လိုက်သည်။
သေချာသည်မှာ ဒီကြွေးကြော်သံအောက်မှာ လူတိုင်းရဲ့ စိတ်ခံစားမှုတွေက အများကြီး တည်ငြိမ်သွားစေပြီး အားလုံးနီးပါးက ဒါကို သဘောပေါက် သွားကြသည်။
"လူတိုင်း စိတ်မပူပါနဲ့..... ကျုပ် ရှောင်းချင်ထျန်းက ဒီဆေးရည်တွေဟာ လုံးဝ အဆိပ်မရှိဘူး ဆိုတာ လူတိုင်းကို အာမခံနိုင်ပါတယ်!"
ရှောင်းချင်ထျန်း တစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် လုရွှမ်ကို တစ်ဖန် ပြန်ကြည့်ကာ
"လူတိုင်းကို အသုံးမဝင်တဲ့ စကားတွေပြောဖို့ လာစောင့်ခိုင်းနေရင်တော့ စိတ်မကောင်းပါဘူး... ဒီလှည့်ကွက်က အသုံးမဝင်ဘူး!"
"ငါ့ရဲ့ဆေးရည်က အဆိပ်ရှိတယ်လို့ ငါမပြောခဲ့ပါဘူး!... အဆိပ်နဲ့ သေသွားတာ မဟုတ်ဘူး ဆိုတာ သိရုံနဲ့ လူတိုင်းကို နှစ်သိမ့်ပေးဖို့ မကြိုးစားနေပါနဲ့"
လုရွှမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လှည့်ကြည့်လိုက်တော့
"တကယ် ထွက်သွားမယ့်သူ မရှိဘူးလား?"
"လေကြီးနေတာကို ဒီနေရာမှာတင် ရပ်လိုက်တော့"
"မင်းက သေရတော့မယ်လို့ပဲ ငါထင်နေတယ်!"
ရာနှင့်ချီသောလူများ ဝိုင်းရံထားသော်လည်း မည်သူမျှ ထွက်မသွားချေ။
"လုရွှမ်... မင်းမှာ လှည့်စားနိုင်တဲ့ အရည်အချင်းတွေ တကယ် ရှိနေတာကို ငါတို့ သိပါတယ်.... ဒါပေမဲ့ ဒီတစ်ခါတော့ ဘာအကျိုးမှ မရှိဘူးလို့ ထင်ရတယ်နော်!"
မင်းသားချန်ရှင်းက အေးစက်စွာ ပြုံးလိုက်ပြီး
"လူတိုင်း မကြောက်ပါနဲ့ ဒီကောင်လေး ဘယ်ကိုမှ သွားစရာ မရှိတော့ဘူး... အဲဒါကြောင့် သူက ပေါက်ကရတွေ ပြောပြီး လူတိုင်းရဲ့ အတွေးတွေကို ခြောက်ခြားနေစေချင်တာ!"
"ငါက ပေါက်ကရတွေ ပြောနေတာတယ်ပေါ့?? ဘယ်သူမှ ထွက်မသွားဘူး ဆိုမှတော့ စိတ်မကောင်းပါဘူး"
မင်းသား ချန်ရှင်း၏ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး လုရွှမ်သည် ခေါင်းယမ်းကာ လက်ကောက်ဝတ်ကို လှန်၍ အနည်းငယ်ဟောင်းပြီး ရွှံ့များ ထူထပ်စွာ ဖုံးအုပ်ထားသော ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။
"ဒါက မင်းအားကိုးနေတဲ့ ရတနာလား?"
ခေါင်းလောင်းကို မြင်သောအခါ တစ်ဖက်မှ ကျီးကန်းလည်း အံ့သြသွားသည်။
ဤအရာသည် အဆင့်နိမ့်ပုံ မပေါ်ပါ။ ထို့ကြောင့် ၎င်းသည် ရတနာတစ်ခု ဖြစ်နိုင်သည်။ သို့သော် ၎င်းကို သိန်းနှင့်ချီသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူများကို သတ်ရန် အသုံးပြုလိုပါက မလုပ်နိုင်လောက်ပေ။
လုရွှမ်သည် မေးခွန်းထုတ်နေသည့် ကျီးကန်းကို လျစ်လျူရှု၍ ခေါင်းလောင်းကို လှည့်ကာ စောစောက သူတွေ့ခဲ့သော အပေါက်ဆီသို့ ယူဆောင်သွားတော့သည်။
ကျီးကန်း အောက်ကို ငုံ့ကြည့်ကာ ထူးဆန်းသောသဲကွက်သည် သူ့လက်ထဲတွင်ရှိသော ခေါင်းလောင်းနှင့် လုံး၀ အံဝင်ခွင်ကျ ဖြစ်နေကြောင်း သိလိုက်ရသည်။
"အားလုံး အဆုံးသတ်လိုက်ရအောင်.... ငါ့ကို သတ်ချင်တဲ့ လူတွေကိုတော့ သတ်ခံရမှာပဲ!"
လက်ဖဝါးကို အလင်းတချက်ဖြင့် ဖျတ်ခနဲ တစ်ချက် နှိပ်လိုက်ခြင်းဖြင့် ခေါင်းလောင်းကို ချောင်းထဲသို့ တစ်ချက်ချင်း သွင်းလိုက်သည်။ ၎င်းသည် သော့ကို သော့အိမ်ထဲသို့ ထည့်လိုက်သလိုမျိုး ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ တိုးဝင်သွား၏။
ရွှမ်း!
ခေါင်းလောင်းသံ ကြားလိုက်တာနဲ့ သဲကန္တာရ တစ်ခုလုံး တုန်ခါသွားလေသည်။ မူလအစိုင်အခဲမြေပြင်ဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြင်းထန်တဲ့ ပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားပါတော့သည်။ ကီလိုမီတာ သောင်းနဲ့ချီတဲ့ အချင်းဝက် အတွင်းမှာ ကောင်းကင်ကြီးဟာ ပြိုကျလာသလို လောက၏ အဆုံးသို့ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။
"အား? ဘာဖြစ်နေတာလဲ?"
"ဘာဖြစ်တာလဲ?"
"ငလျင်လှုပ်တာလား? မဟုတ်ဘူး!! ဒါ လုရွှမ်နဲ့ ဆက်စပ်နေရမယ်"
ပတ်ဝန်းကျင်၏ အပြောင်းအလဲကို ခံစားရတဲ့ လူတိုင်းရဲ့ အမူအရာများမှာ ပြောင်းလဲသွား၏။
"မင်းသေချင်နေတာလား!"
ရှောင်းချင်ထျန်းသည် လုရွှမ်နှင့် ဆက်စပ်နေရမည်ကို သိရှိပြီးနောက် အော်ဟစ်ကာ ပြေးဝင်သွားခဲ့သည်။
ဘိ!
သို့သော် သဲသောင်ခုံများဆီသို့ မရောက်မီတွင် အဖြူရောင် အလင်းတန်းများ ချက်ချင်း လင်းလက်သွားကာ သဲသဲခုံများကို ဖုံးအုပ်သွားသည်။ သဲခုံများသည် လူ့လောကနှင့် ကွဲကွာသွားသကဲ့သို့ သူမည်သို့ပင် တိုက်ခိုက်လာပါစေ လုရွှမ်ကို မထိမှန်နိုင်ပေ။
လူတစ်ယောက်နှင့် ကျီးကန်းတစ်ယောက်သည် အခြားနေရာ အခြားကမ္ဘာတစ်ခုသို့ ဝင်သွားသကဲ့သို့ပင်။
"လေဟာနယ် ကင်းကွာမှု?"
ကျီးကန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်း၏အမြင်သည် လက်ရှိ လူတိုင်းထက် မြင့်မားနေပြီး ပြဿနာကို ချက်ချင်း မြင်နိုင်သည်။
သဲသောင်ပြင်တစ်ဝိုက်တွင် ပေါ်လာသော အဖြူရောင် အလင်းတန်းများသည် သဲကန္တာရ တစ်ခုလုံးကို အနှောင့်အယှက် မဖြစ်စေဘဲ ကမ္ဘာနှစ်ခြမ်း ကွဲသွားသကဲ့သို့ သဲကန္တာရ တစ်ခုလုံးကို ခွဲထွက်သွားစေသည်။
လေဟာနယ်ကို ခွဲထုတ်နိုင်စေရန် စိတ်စွမ်းအား အတိုင်းအတာသည် အနည်းဆုံး ၄.၀ သို့မဟုတ် ထို့ထက် ပိုနေရမည်။
ဝုန်း!
ခေါင်းကို လှည့်ကာ သဲသောင်ပြင်ကို လှမ်းကြည့်လိုက်သည်။
သဲကန္တာရ တစ်ခုလုံး ငရဲအဖြစ်သို့ ပြောင်းလဲသွားသလို မြေကြီးများ အက်ကွဲကာ သဲတောင်များလည်း ပြိုကျကာ ကောင်းကင်နှင့် မြေကြီးလည်း ပျက်စီးနေ၏။
လုရွှမ်ကို လိုက်ဖမ်းခဲ့တဲ့ ထောင်ပေါင်းများစွာသော လူတွေဟာ ဒီအချိန်မှာ ရေနွေးပူပူထဲက ပုရွက်ဆိတ် လေးတွေလိုပဲ သူတို့ လွတ်မြောက်ဖို့က တောင်းဆိုချင်တာက လွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။
"မဟုတ်ဘူး"
"ငါ မသေချင်သေးဘူး!"
"ဆရာကြီးလုရွှမ် ကျွန်တော် မှားသွားပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"တစ္ဆေဝင်ပူးနေသလို မင်းကို သတ်ချင်နေခဲ့မိတာ.... အခု ငါမှားနေပြီဆိုတာ သိပြီမို့ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"
လောကကို လွန်မြောက်စေသော တန်ခိုးသည် ပျံ့လွင့်သွားကာ သဲကန္တာရသည် ဧရာမ အလှည့်အပြောင်းကဲ့သို့ အောက်ဘက်သို့ ပြိုကျသွားသည်။ သဲကန္တာရပေါ်တွင် ရပ်နေသော မရေမတွက်နိုင်သော အင်အားကြီးသော လူတို့သည်လည်း အောက်ခြေမရှိသော တွင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြီး လေထဲတွင် ရုန်းကန်နေသူများလည်း အချည်းနှီး ပေါက်ကွဲသွားသည်။
"မဟုတ်ဘူး.... ဒါက ဘာတွေဖြစ်နေတာလဲ?"
ရှောင်းချင်ထျန်းလည်း ထိတ်လန့် ခြောက်ခြားသွားပြီး သူ့အသက်အတွက် လွတ်မြောက်လိုစိတ်ဖြင့် ဟိုပြေးသည်ပြေးဖြင့် ရှောင်နေခဲ့သည်။
မိုင်ထောင်သောင်းချီ အချင်းဝက်ရှိတဲ့ မြေကြီးက နစ်မြုပ်နေလို့ သနားစရာ ကောင်းလိုက်တာက သူလွတ်ချင်ရင်တောင် ဘယ်ကနေ လွတ်မြောက်နိုင်ရမလဲ မသိတော့ချေ။ ခဏလောက် အားထုတ်ပြီးနောက် သူ့ခြေထောက်တွေ ပျော့လာပြီး တခြားသူတွေလိုပဲ လဲကျသွားသည်။
ဝုန်း!
မတော်တဆမှု အများအပြား ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း လူများလည်း လေထဲတွင် အပိုင်းပိုင်း ကွဲသွားခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ဖြစ်သော အင်အားကြီး ထိပ်သီးစာရင်းတွင် ရှိသော ပညာရှင်များပင် ၎င်းတို့ရှေ့တွင်ရှိ သဘာဝဘေးဒဏ်ကို ခုခံနိုင်စွမ်း မရှိနိုင်ဘဲ အလွယ်တကူ သေဆုံးသွားတော့မလို ဖြစ်နေသည်။
"အား.... ငါမသေချင်သေးဘူး မင်းသားချန်ရှင်း ကျွန်မကိုကယ်ပါ"
သခင်မဟိုင်ထန်သည် ပထမဆုံး ဝါးမျိုခံလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်သံများက ကောင်းကင်ယံအထိ ကျယ်လောင်စွာ ထိုးတက်သွားသည်။ သူမ သေခါနီး အချိန်အထိ ဒီအဖြစ်အပျက်ကို မယုံနိုင် ဖြစ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကြိုတင်ပြင်ဆင်မှု အားလုံးကို ပြုလုပ်ထားခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ရှိ လူကိုပင် လုရွှမ်ကို ဖမ်းဆီးရန် ခေါ်ဆောင်လာခဲ့သည်။ မထင်မှတ်ဘဲ တစ်ဖက်လူသည် ကောင်းကောင်းမွန်မွန် အသက်ရှင်နေပြီး သူတို့ကတော့ သေရတော့မည်။
"ငါမသေချင်သေးဘူး.... ငါ ရာဇပလ္လင်ကို အမွေမဆက်ခံ ရသေးဘူး... ငါ ပေရွှီးအင်ပါယာရဲ့ ဘုရင်ဖြစ်ဖို့ ရည်မှန်းထားတာ ဘုရင်မင်းမြတ်က ဒီမှာ ဘာလို့ သေရမှာလဲ!"
မင်းသား ချန်ရှင်း၏ မျက်လုံးများသည် သွေးစွန်းနေသော သဲကန္တာရကို ကြည့်နေလျက် အင်မတန် တုန်လှုပ်နေ၏။ သူ လျင်မြန်စွာ လှည့်ပတ်ပြေးသော်လည်း ရှောင်းချင်ထျန်းပင် မရှောင်နိုင်ရာ သူ့လို ယွမ်ချီနယ်ပယ်က ဘယ်လိုလုပ် ရှောင်နိုင်ပါ့မလဲ။
နောက်အခိုက်အတန့်မှာတော့ သူလဲကျသွားပြီး သူ့ခန္ဓာကိုယ်ကလည်း အမှုန့်အဖြစ် ပြောင်းလဲသွားလေ၏။
"ငါ့ကိုမသတ်ပါနဲ့"
"ငါစောစောသိရင် ဒီကိစ္စမှာ မပါဝင်ခဲ့ပါဘူး!"
"လုရွှမ်က ရတနာကို လုယူပြီး လူသတ်ခဲ့ရင်တောင်... ဘာလို့ တခြားသူတွေရဲ့ စကားကို နားထောင်ပြီး ဒီကို မလာခဲ့သင့်ဘူး"
"ငါနောင်တရနေပါပြီ... လုရွှမ် ငါတို့ကို ထွက်သွားခိုင်းတုန်းက ငါတို့ထွက်သွားသင့်တယ်"
အော်ဟစ်သံ အမျိုးမျိုးတို့သည် အဆုံးမရှိပေ။ ရာနှင့်ချီသော ခွန်အားကြီးသော လူတို့သည် နောက်ဆုံးတွင် လုရွှမ်သည် သူတို့လာရန် စောင့်ဆိုင်းနေရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားကြသည်။
တစ်ဖက်လူမှာ ဒီလိုမျိုး နည်းလမ်းတွေ ရှိမှန်း ဘယ်သူမှ မသိလိုက်ရတဲ့ အတွက် နောက်ဆုံးတော့ သနားစရာ အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်သွားလေသည်။
ဝုန်း!
အော်ဟစ်သံများ တဖြည်းဖြည်း လျော့ပါးလာပြီး အသက်ရှင် ကျန်ရစ်သူလည်း နည်းပါးလာခဲ့သည်။ ကမ္ဘာမြေကြီးသည် ဧရာမ အလှည့်အပြောင်း တစ်ခုကဲ့သို့ လုံးလုံးလျားလျား ပြောင်းလဲသွား၏။
မူလကန္တာရသည် ကြီးမားသော မြက်ခင်းပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားကာ တောင်တန်းများ မြစ်များအဖြစ်သို့ ကမ္ဘာကြီးသည် တခဏချင်း ဘေးဒုက္ခများ ပျက်ပြယ်သွားသလို ပြောင်းလဲသွားခဲ့လေသည်။
အချိန်မည်မျှ ကြာသွားသည် မသိသော်လည်း နောက်ဆုံးတွင် မြေပြင်၏ အဆက်မပြတ် တုန်ခါမှုသည် ရပ်တန့်သွားခဲ့သည်။
"ငါတို့မသေဘူးလား?"
"ငါတို့ အသက်ရှင်နေတုန်းပဲကွ!"
လုရွှမ်ကို ပြင်းပြင်းထန်ထန် သတ်ဖို့ ရောက်လာတဲ့ သောင်းချီခဲ့တဲ့ လူတွေဟာ အခုတော့ တစ်ထောင်အောက်ပဲ ကျန်ခဲ့သည်။ ဒီလူတွေဟာ တခြားသူတွေလို ကံကောင်းလို့ ချောက်ထဲကို မပြုတ်ကျဘဲ ရှင်သန်နိုင်ခဲ့သူများ ဖြစ်သည်။
သို့သော် အသက်ရှင်နေသော်လည်း လုရွှမ်ကိုတော့ ဘာမှလုပ်ဝံ့မည် မဟုတ်တော့ပေ။
တစ်ဖက်လူဟာ ရယ်ရယ်မောမော ပြောဆိုနေခဲ့သော်လည်း တစ်ချိန်တည်းမှာ ထောင်နဲ့ချီတဲ့ သန်မာတဲ့ လူတွေကို သတ်ပစ်ခဲ့ပြီး အခု ရာဂဏန်းပဲ ရှိတော့သည်လေ။
"သူက နတ်ဆိုးပဲ!"
အချိန်အတိုင်းအတာ တစ်ခုအထိ သတိပြန်မဝင်သေးသော လူတစ်ယောက်သည် နောက်ဆုံးတွင် တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်၏။
Chapter (183) Arc 3
ဧရာမအလွည့္အေျပာင္း (ပထမပိုင္း)
"ဟင့္အင္း....အဲဒီေဆးရည္ကို ငါ အတိအက် ေလ့လာၿပီးၿပီ... အဆိပ္မရွိဘူး တကယ္ အဆိပ္ျပင္းရင္ သူထြက္ေျပးပါ့မလား? ငါတို႔အားလုံးကို သတ္လိုက္တာ ၾကာၿပီေပါ့ သူနဲ႕အတူ ရတနာကို ဘယ္သူက လုယူဝံ့မွာလဲ?"
လူအုပ္ထဲတြင္ တစ္စုံတစ္ေယာက္သည္ အက်ယ္ႀကီး ေအာ္ဟစ္ တုံ႕ျပန္လိုက္သည္။
ေသခ်ာသည္မွာ ဒီေႂကြးေၾကာ္သံေအာက္မွာ လူတိုင္းရဲ႕ စိတ္ခံစားမႈေတြက အမ်ားႀကီး တည္ၿငိမ္သြားေစၿပီး အားလုံးနီးပါးက ဒါကို သေဘာေပါက္ သြားၾကသည္။
"လူတိုင္း စိတ္မပူပါနဲ႕..... က်ဳပ္ ေရွာင္းခ်င္ထ်န္းက ဒီေဆးရည္ေတြဟာ လုံးဝ အဆိပ္မရွိဘူး ဆိုတာ လူတိုင္းကို အာမခံနိုင္ပါတယ္!"
ေရွာင္းခ်င္ထ်န္း တစ္ပတ္ေလာက္ လွည့္ၾကည့္ၿပီးေနာက္ လု႐ႊမ္ကို တစ္ဖန္ ျပန္ၾကည့္ကာ
"လူတိုင္းကို အသုံးမဝင္တဲ့ စကားေတြေျပာဖို႔ လာေစာင့္ခိုင္းေနရင္ေတာ့ စိတ္မေကာင္းပါဘူး... ဒီလွည့္ကြက္က အသုံးမဝင္ဘူး!"
"ငါ့ရဲ႕ေဆးရည္က အဆိပ္ရွိတယ္လို႔ ငါမေျပာခဲ့ပါဘူး!... အဆိပ္နဲ႕ ေသသြားတာ မဟုတ္ဘူး ဆိုတာ သိ႐ုံနဲ႕ လူတိုင္းကို ႏွစ္သိမ့္ေပးဖို႔ မႀကိဳးစားေနပါနဲ႕"
လု႐ႊမ္က သက္ျပင္းတစ္ခ်က္ ခ်လိဳက္ၿပီး လွည့္ၾကည့္လိုက္ေတာ့
"တကယ္ ထြက္သြားမယ့္သူ မရွိဘူးလား?"
"ေလႀကီးေနတာကို ဒီေနရာမွာတင္ ရပ္လိုက္ေတာ့"
"မင္းက ေသရေတာ့မယ္လို႔ပဲ ငါထင္ေနတယ္!"
ရာႏွင့္ခ်ီေသာလူမ်ား ဝိုင္းရံထားေသာ္လည္း မည္သူမွ် ထြက္မသြားေခ်။
"လု႐ႊမ္... မင္းမွာ လွည့္စားနိုင္တဲ့ အရည္အခ်င္းေတြ တကယ္ ရွိေနတာကို ငါတို႔ သိပါတယ္.... ဒါေပမဲ့ ဒီတစ္ခါေတာ့ ဘာအက်ိဳးမွ မရွိဘူးလို႔ ထင္ရတယ္ေနာ္!"
မင္းသားခ်န္ရွင္းက ေအးစက္စြာ ၿပဳံးလိုက္ၿပီး
"လူတိုင္း မေၾကာက္ပါနဲ႕ ဒီေကာင္ေလး ဘယ္ကိုမွ သြားစရာ မရွိေတာ့ဘူး... အဲဒါေၾကာင့္ သူက ေပါက္ကရေတြ ေျပာၿပီး လူတိုင္းရဲ႕ အေတြးေတြကို ေျခာက္ျခားေနေစခ်င္တာ!"
"ငါက ေပါက္ကရေတြ ေျပာေနတာတယ္ေပါ့?? ဘယ္သူမွ ထြက္မသြားဘူး ဆိုမွေတာ့ စိတ္မေကာင္းပါဘူး"
မင္းသား ခ်န္ရွင္း၏ ေလွာင္ေျပာင္မႈကို လ်စ္လ်ဴရႈၿပီး လု႐ႊမ္သည္ ေခါင္းယမ္းကာ လက္ေကာက္ဝတ္ကို လွန္၍ အနည္းငယ္ေဟာင္းၿပီး ႐ႊံ႕မ်ား ထူထပ္စြာ ဖုံးအုပ္ထားေသာ ေခါင္းေလာင္းကို ထုတ္ယူလိုက္သည္။
"ဒါက မင္းအားကိုးေနတဲ့ ရတနာလား?"
ေခါင္းေလာင္းကို ျမင္ေသာအခါ တစ္ဖက္မွ က်ီးကန္းလည္း အံ့ၾသသြားသည္။
ဤအရာသည္ အဆင့္နိမ့္ပုံ မေပၚပါ။ ထို႔ေၾကာင့္ ၎သည္ ရတနာတစ္ခု ျဖစ္နိုင္သည္။ သို႔ေသာ္ ၎ကို သိန္းႏွင့္ခ်ီေသာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္က လူမ်ားကို သတ္ရန္ အသုံးျပဳလိုပါက မလုပ္နိုင္ေလာက္ေပ။
လု႐ႊမ္သည္ ေမးခြန္းထုတ္ေနသည့္ က်ီးကန္းကို လ်စ္လ်ဴရႈ၍ ေခါင္းေလာင္းကို လွည့္ကာ ေစာေစာက သူေတြ႕ခဲ့ေသာ အေပါက္ဆီသို႔ ယူေဆာင္သြားေတာ့သည္။
က်ီးကန္း ေအာက္ကို ငုံ႕ၾကည့္ကာ ထူးဆန္းေသာသဲကြက္သည္ သူ႕လက္ထဲတြင္ရွိေသာ ေခါင္းေလာင္းႏွင့္ လုံး၀ အံဝင္ခြင္က် ျဖစ္ေနေၾကာင္း သိလိုက္ရသည္။
"အားလုံး အဆုံးသတ္လိုက္ရေအာင္.... ငါ့ကို သတ္ခ်င္တဲ့ လူေတြကိုေတာ့ သတ္ခံရမွာပဲ!"
လက္ဖဝါးကို အလင္းတခ်က္ျဖင့္ ဖ်တ္ခနဲ တစ္ခ်က္ ႏွိပ္လိုက္ျခင္းျဖင့္ ေခါင္းေလာင္းကို ေခ်ာင္းထဲသို႔ တစ္ခ်က္ခ်င္း သြင္းလိုက္သည္။ ၎သည္ ေသာ့ကို ေသာ့အိမ္ထဲသို႔ ထည့္လိုက္သလိုမ်ိဳး ၿပီးျပည့္စုံစြာ အံဝင္ခြင္က် တိုးဝင္သြား၏။
႐ႊမ္း!
ေခါင္းေလာင္းသံ ၾကားလိုက္တာနဲ႕ သဲကႏၱာရ တစ္ခုလုံး တုန္ခါသြားေလသည္။ မူလအစိုင္အခဲေျမျပင္ဟာ မ်က္စိတစ္မွိတ္ အတြင္းမွာပဲ ျပင္းထန္တဲ့ ပါးစပ္ႀကီးအျဖစ္ ေျပာင္းလဲသြားပါေတာ့သည္။ ကီလိုမီတာ ေသာင္းနဲ႕ခ်ီတဲ့ အခ်င္းဝက္ အတြင္းမွာ ေကာင္းကင္ႀကီးဟာ ၿပိဳက်လာသလို ေလာက၏ အဆုံးသို႔ ဝင္ေရာက္သြားသလို ခံစားလိုက္ရသည္။
"အား? ဘာျဖစ္ေနတာလဲ?"
"ဘာျဖစ္တာလဲ?"
"ငလ်င္လႈပ္တာလား? မဟုတ္ဘူး!! ဒါ လု႐ႊမ္နဲ႕ ဆက္စပ္ေနရမယ္"
ပတ္ဝန္းက်င္၏ အေျပာင္းအလဲကို ခံစားရတဲ့ လူတိုင္းရဲ႕ အမူအရာမ်ားမွာ ေျပာင္းလဲသြား၏။
"မင္းေသခ်င္ေနတာလား!"
ေရွာင္းခ်င္ထ်န္းသည္ လု႐ႊမ္ႏွင့္ ဆက္စပ္ေနရမည္ကို သိရွိၿပီးေနာက္ ေအာ္ဟစ္ကာ ေျပးဝင္သြားခဲ့သည္။
ဘိ!
သို႔ေသာ္ သဲေသာင္ခုံမ်ားဆီသို႔ မေရာက္မီတြင္ အျဖဴေရာင္ အလင္းတန္းမ်ား ခ်က္ခ်င္း လင္းလက္သြားကာ သဲသဲခုံမ်ားကို ဖုံးအုပ္သြားသည္။ သဲခုံမ်ားသည္ လူ႕ေလာကႏွင့္ ကြဲကြာသြားသကဲ့သို႔ သူမည္သို႔ပင္ တိုက္ခိုက္လာပါေစ လု႐ႊမ္ကို မထိမွန္နိုင္ေပ။
လူတစ္ေယာက္ႏွင့္ က်ီးကန္းတစ္ေယာက္သည္ အျခားေနရာ အျခားကမၻာတစ္ခုသို႔ ဝင္သြားသကဲ့သို႔ပင္။
"ေလဟာနယ္ ကင္းကြာမႈ?"
က်ီးကန္း၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ ၎၏အျမင္သည္ လက္ရွိ လူတိုင္းထက္ ျမင့္မားေနၿပီး ျပႆနာကို ခ်က္ခ်င္း ျမင္နိုင္သည္။
သဲေသာင္ျပင္တစ္ဝိုက္တြင္ ေပၚလာေသာ အျဖဴေရာင္ အလင္းတန္းမ်ားသည္ သဲကႏၱာရ တစ္ခုလုံးကို အႏွောင့္အယွက္ မျဖစ္ေစဘဲ ကမၻာႏွစ္ျခမ္း ကြဲသြားသကဲ့သို႔ သဲကႏၱာရ တစ္ခုလုံးကို ခြဲထြက္သြားေစသည္။
ေလဟာနယ္ကို ခြဲထုတ္နိုင္ေစရန္ စိတ္စြမ္းအား အတိုင္းအတာသည္ အနည္းဆုံး ၄.၀ သို႔မဟုတ္ ထို႔ထက္ ပိုေနရမည္။
ဝုန္း!
ေခါင္းကို လွည့္ကာ သဲေသာင္ျပင္ကို လွမ္းၾကည့္လိုက္သည္။
သဲကႏၱာရ တစ္ခုလုံး ငရဲအျဖစ္သို႔ ေျပာင္းလဲသြားသလို ေျမႀကီးမ်ား အက္ကြဲကာ သဲေတာင္မ်ားလည္း ၿပိဳက်ကာ ေကာင္းကင္ႏွင့္ ေျမႀကီးလည္း ပ်က္စီးေန၏။
လု႐ႊမ္ကို လိုက္ဖမ္းခဲ့တဲ့ ေထာင္ေပါင္းမ်ားစြာေသာ လူေတြဟာ ဒီအခ်ိန္မွာ ေရႏြေးပူပူထဲက ပု႐ြက္ဆိတ္ ေလးေတြလိုပဲ သူတို႔ လြတ္ေျမာက္ဖို႔က ေတာင္းဆိုခ်င္တာက လြဲလို႔ ေ႐ြးခ်ယ္စရာ မရွိေတာ့ေခ်။
"မဟုတ္ဘူး"
"ငါ မေသခ်င္ေသးဘူး!"
"ဆရာႀကီးလု႐ႊမ္ ကြၽန္ေတာ္ မွားသြားပါတယ္... ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ"
"တစ္ေဆဝင္ပူးေနသလို မင္းကို သတ္ခ်င္ေနခဲ့မိတာ.... အခု ငါမွားေနၿပီဆိုတာ သိၿပီမို႔ ေက်းဇူးျပဳၿပီး ငါ့ကို လႊတ္ေပးပါ"
ေလာကကို လြန္ေျမာက္ေစေသာ တန္ခိုးသည္ ပ်ံ့လြင့္သြားကာ သဲကႏၱာရသည္ ဧရာမ အလွည့္အေျပာင္းကဲ့သို႔ ေအာက္ဘက္သို႔ ၿပိဳက်သြားသည္။ သဲကႏၱာရေပၚတြင္ ရပ္ေနေသာ မေရမတြက္နိုင္ေသာ အင္အားႀကီးေသာ လူတို႔သည္လည္း ေအာက္ေျခမရွိေသာ တြင္းထဲသို႔ တစ္ေယာက္ၿပီး တစ္ေယာက္ လဲက်သြားၿပီး ေလထဲတြင္ ႐ုန္းကန္ေနသူမ်ားလည္း အခ်ည္းႏွီး ေပါက္ကြဲသြားသည္။
"မဟုတ္ဘူး.... ဒါက ဘာေတြျဖစ္ေနတာလဲ?"
ေရွာင္းခ်င္ထ်န္းလည္း ထိတ္လန႔္ ေျခာက္ျခားသြားၿပီး သူ႕အသက္အတြက္ လြတ္ေျမာက္လိုစိတ္ျဖင့္ ဟိုေျပးသည္ေျပးျဖင့္ ေရွာင္ေနခဲ့သည္။
မိုင္ေထာင္ေသာင္းခ်ီ အခ်င္းဝက္ရွိတဲ့ ေျမႀကီးက နစ္ျမဳပ္ေနလို႔ သနားစရာ ေကာင္းလိုက္တာက သူလြတ္ခ်င္ရင္ေတာင္ ဘယ္ကေန လြတ္ေျမာက္နိုင္ရမလဲ မသိေတာ့ေခ်။ ခဏေလာက္ အားထုတ္ၿပီးေနာက္ သူ႕ေျခေထာက္ေတြ ေပ်ာ့လာၿပီး တျခားသူေတြလိုပဲ လဲက်သြားသည္။
ဝုန္း!
မေတာ္တဆမႈ အမ်ားအျပား ျဖစ္ပြားခဲ့ျခင္း မရွိေသာ္လည္း လူမ်ားလည္း ေလထဲတြင္ အပိုင္းပိုင္း ကြဲသြားခဲ့သည္။
ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ ျဖစ္ေသာ အင္အားႀကီး ထိပ္သီးစာရင္းတြင္ ရွိေသာ ပညာရွင္မ်ားပင္ ၎တို႔ေရွ႕တြင္ရွိ သဘာဝေဘးဒဏ္ကို ခုခံနိုင္စြမ္း မရွိနိုင္ဘဲ အလြယ္တကူ ေသဆုံးသြားေတာ့မလို ျဖစ္ေနသည္။
"အား.... ငါမေသခ်င္ေသးဘူး မင္းသားခ်န္ရွင္း ကြၽန္မကိုကယ္ပါ"
သခင္မဟိုင္ထန္သည္ ပထမဆုံး ဝါးမ်ိဳခံလိုက္ရၿပီး စူးစူးဝါးဝါး ေအာ္ဟစ္သံမ်ားက ေကာင္းကင္ယံအထိ က်ယ္ေလာင္စြာ ထိုးတက္သြားသည္။ သူမ ေသခါနီး အခ်ိန္အထိ ဒီအျဖစ္အပ်က္ကို မယုံနိုင္ ျဖစ္သြားခဲ့သည္။
ဤတစ္ႀကိမ္တြင္ သူတို႔သည္ ႀကိဳတင္ျပင္ဆင္မႈ အားလုံးကို ျပဳလုပ္ထားခဲ့ၿပီး ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈ရွိ လူကိုပင္ လု႐ႊမ္ကို ဖမ္းဆီးရန္ ေခၚေဆာင္လာခဲ့သည္။ မထင္မွတ္ဘဲ တစ္ဖက္လူသည္ ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ေနၿပီး သူတို႔ကေတာ့ ေသရေတာ့မည္။
"ငါမေသခ်င္ေသးဘူး.... ငါ ရာဇပလႅင္ကို အေမြမဆက္ခံ ရေသးဘူး... ငါ ေပ႐ႊီးအင္ပါယာရဲ႕ ဘုရင္ျဖစ္ဖို႔ ရည္မွန္းထားတာ ဘုရင္မင္းျမတ္က ဒီမွာ ဘာလို႔ ေသရမွာလဲ!"
မင္းသား ခ်န္ရွင္း၏ မ်က္လုံးမ်ားသည္ ေသြးစြန္းေနေသာ သဲကႏၱာရကို ၾကည့္ေနလ်က္ အင္မတန္ တုန္လႈပ္ေန၏။ သူ လ်င္ျမန္စြာ လွည့္ပတ္ေျပးေသာ္လည္း ေရွာင္းခ်င္ထ်န္းပင္ မေရွာင္နိုင္ရာ သူ႕လို ယြမ္ခ်ီနယ္ပယ္က ဘယ္လိုလုပ္ ေရွာင္နိုင္ပါ့မလဲ။
ေနာက္အခိုက္အတန႔္မွာေတာ့ သူလဲက်သြားၿပီး သူ႕ခႏၶာကိုယ္ကလည္း အမႈန႔္အျဖစ္ ေျပာင္းလဲသြားေလ၏။
"ငါ့ကိုမသတ္ပါနဲ႕"
"ငါေစာေစာသိရင္ ဒီကိစၥမွာ မပါဝင္ခဲ့ပါဘူး!"
"လု႐ႊမ္က ရတနာကို လုယူၿပီး လူသတ္ခဲ့ရင္ေတာင္... ဘာလို႔ တျခားသူေတြရဲ႕ စကားကို နားေထာင္ၿပီး ဒီကို မလာခဲ့သင့္ဘူး"
"ငါေနာင္တရေနပါၿပီ... လု႐ႊမ္ ငါတို႔ကို ထြက္သြားခိုင္းတုန္းက ငါတို႔ထြက္သြားသင့္တယ္"
ေအာ္ဟစ္သံ အမ်ိဳးမ်ိဳးတို႔သည္ အဆုံးမရွိေပ။ ရာႏွင့္ခ်ီေသာ ခြန္အားႀကီးေသာ လူတို႔သည္ ေနာက္ဆုံးတြင္ လု႐ႊမ္သည္ သူတို႔လာရန္ ေစာင့္ဆိုင္းေနရသည့္ အေၾကာင္းရင္းကို ေနာက္ဆုံးတြင္ နားလည္သြားၾကသည္။
တစ္ဖက္လူမွာ ဒီလိုမ်ိဳး နည္းလမ္းေတြ ရွိမွန္း ဘယ္သူမွ မသိလိုက္ရတဲ့ အတြက္ ေနာက္ဆုံးေတာ့ သနားစရာ အေကာင္းဆုံး အေျခအေန တစ္ခု ျဖစ္သြားေလသည္။
ဝုန္း!
ေအာ္ဟစ္သံမ်ား တျဖည္းျဖည္း ေလ်ာ့ပါးလာၿပီး အသက္ရွင္ က်န္ရစ္သူလည္း နည္းပါးလာခဲ့သည္။ ကမၻာေျမႀကီးသည္ ဧရာမ အလွည့္အေျပာင္း တစ္ခုကဲ့သို႔ လုံးလုံးလ်ားလ်ား ေျပာင္းလဲသြား၏။
မူလကႏၱာရသည္ ႀကီးမားေသာ ျမက္ခင္းျပင္ႀကီး အျဖစ္သို႔ ေျပာင္းလဲသြားကာ ေတာင္တန္းမ်ား ျမစ္မ်ားအျဖစ္သို႔ ကမၻာႀကီးသည္ တခဏခ်င္း ေဘးဒုကၡမ်ား ပ်က္ျပယ္သြားသလို ေျပာင္းလဲသြားခဲ့ေလသည္။
အခ်ိန္မည္မွ် ၾကာသြားသည္ မသိေသာ္လည္း ေနာက္ဆုံးတြင္ ေျမျပင္၏ အဆက္မျပတ္ တုန္ခါမႈသည္ ရပ္တန႔္သြားခဲ့သည္။
"ငါတို႔မေသဘူးလား?"
"ငါတို႔ အသက္ရွင္ေနတုန္းပဲကြ!"
လု႐ႊမ္ကို ျပင္းျပင္းထန္ထန္ သတ္ဖို႔ ေရာက္လာတဲ့ ေသာင္းခ်ီခဲ့တဲ့ လူေတြဟာ အခုေတာ့ တစ္ေထာင္ေအာက္ပဲ က်န္ခဲ့သည္။ ဒီလူေတြဟာ တျခားသူေတြလို ကံေကာင္းလို႔ ေခ်ာက္ထဲကို မျပဳတ္က်ဘဲ ရွင္သန္နိုင္ခဲ့သူမ်ား ျဖစ္သည္။
သို႔ေသာ္ အသက္ရွင္ေနေသာ္လည္း လု႐ႊမ္ကိုေတာ့ ဘာမွလုပ္ဝံ့မည္ မဟုတ္ေတာ့ေပ။
တစ္ဖက္လူဟာ ရယ္ရယ္ေမာေမာ ေျပာဆိုေနခဲ့ေသာ္လည္း တစ္ခ်ိန္တည္းမွာ ေထာင္နဲ႕ခ်ီတဲ့ သန္မာတဲ့ လူေတြကို သတ္ပစ္ခဲ့ၿပီး အခု ရာဂဏန္းပဲ ရွိေတာ့သည္ေလ။
"သူက နတ္ဆိုးပဲ!"
အခ်ိန္အတိုင္းအတာ တစ္ခုအထိ သတိျပန္မဝင္ေသးေသာ လူတစ္ေယာက္သည္ ေနာက္ဆုံးတြင္ တုန္တုန္ယင္ယင္ႏွင့္ ေအာ္ဟစ္လိုက္၏။