Chapter (181) Arc 3
စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
တစ်ဖက်လူက သူ့စကားကို နားလည်မှု လွဲနေတာကို မြင်သော်လည်း လုရွှမ် ရှင်းပြမနေဘဲ တင်ပျဉ်ခွေ ပြန်ထိုင်နေလိုက်သည်။
"ခေါင်းဆောင်ရှောင်း သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်စွမ်းအင် မရှိဘူးလို့ ထင်လား? တိုက်ခိုက် မခံရအောင် တမင်အချိန်ဆွဲပြီး ကျင့်ကြံမှုကို ပြန်လုပ်ချင်လို့များလား?"
လုရွှမ်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေ၏။ သူ့မျက်နှာပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ အမူအရာနဲ့ သူကိုယ်တိုင်ရော တခြားသူတွေရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ဂရုမစိုက်သလို ဖြစ်နေရာ အဘိုးကြီး တစ်ယောက်က ရှောင်းချင်ထျန်းကို မကြည့်ဘဲ မနေနိုင်တော့ချေ။
"အချိန်ဆွဲတာလား? မဖြစ်နိုင်ပါဘူး ဒီကောင်က အဓိပတိနယ်ပယ်မှာပဲ ရှိသေးတယ်.... သူ့ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကလည်း အကန့်အသတ် ရှိတယ်.... အချိန် အကြာကြီး ပျံသန်းပြီးနောက်မှာ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအင်တွေ မကုန်ဆုံးသွားဘူး ဆိုတာ မဖြစ်နိုင်ပါဘူး ကျုပ်ရဲ့ ခန့်မှန်းတာသာ မှန်ရင် သူရတနာ တစ်ခုခုကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်.... ပြီးတော့ ခွန်အားကြီးတဲ့ သူတွေကို ထပ်ပြီး စော်ကားဖို့ မဖြစ်ဘူး အမြတ်က အရှုံးထက် ပိုများနေတယ်လေ အဲဒါကြောင့် စွန့်လွှတ်လိုက်ချင်တာ ဖြစ်ရမယ်!"
ရှောင်းချင်ထျန်းက ပြောသည်။
"ကောင်းပြီ... အဲဒါ ဖြစ်နိုင်တယ်! သူက အဓိပတိနယ်ပယ်လေးပဲ.... သူ့မှာ ရတနာတွေ ရှိရင်တောင် သေချာပြန် သန့်စင်ဖို့ ခက်တယ်!"
လူတိုင်းကလည်း ခေါင်းညိတ်လိုက်သည်။
ရတနာ အဆင့်မြင့်လေ သန့်စင်ရန် ပိုခက်ခဲလေဖြစ်သည်။ တစ်ဖက်လူသည် ပုရွက်ဆိတ်ကဲ့သို့ အဓိပတိနယ်ပယ် တစ်ခုမျှသာ ဖြစ်။။ ပွင့်ထွက်ရန် အချိန်အတော် ကြာခဲ့သော ရတနာတစ်ခုကို မည်ကဲ့သို့ သန့်စင်နိုင်မည်နည်း။
မသန့်စင်နိုင်ရင် သက်ရောက်မှု မရှိနိုင်ပေ။ အမှိုက်တစ်ခုအတွက် အားကောင်းတဲ့ လူတွေကို စော်ကားပြီး တစ်နေ့လုံး အမဲလိုက်ခံရတာက ဘယ်လောက် တုံးနေပါစေ မှားယွင်းခဲ့ကြောင်း သိလာလိမ့်မည်။
"ဒီလူကို တစ်ချိန်တည်းမှာ တိုက်ခိုက်တာက ပိုကောင်းမယ် မထင်ဘူးလား? ဒီကောင်ကို အရင်ဖမ်းလိုက်မယ်.... ပြီးတော့ သူ့ကို သေသေချာချာ မေးမယ် ဘယ်လိုလဲ"
အဘိုးကြီးက ရှောင်းချင်ထျန်းထံ အသံကို တိတ်တဆိတ် ပေးပို့ပြီး ခေါင်းဖြတ် လှုပ်ရှားမှု ပြုလုပ်ဖို့ အကြံပေးလေသည်။
လူတိုင်းသည် ရတနာများကို လိုချင်ကြသည်။ ထို့ကြောင့် ဆွေးနွေးရန် တခြားလူများကို မစောင့်ချင်ကြပေ။
"ဒီကောင်လေးမှာ ထူးဆန်းတဲ့ လှည့်ကွက်တွေ အများကြီး ရှိတယ်။ သူ့ကို ချက်ချင်း ဖမ်းနိုင်ရင် အကောင်းဆုံးပဲ.... ဖမ်းလို့မရဘဲ ထွက်ပြေးရင် ဒါမှမဟုတ် သတ်သေသွားရင် ရတနာကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူး"
ရှောင်းချင်ထျန်းက ညို့မှိုင်းသော မျက်နှာဖြင့် တစ်ဖက်လူ၏ စကားကို ဖြတ်တောက်လိုက်သည်။
ကောင်လေးကို ဖမ်းပြီး သင်ခန်းစာ ဘာလို့ မပေးချင်ရမှာလဲ။
ဒါပေမဲ့ တစ်ဖက်လူ ပြောခဲ့တာတွေက အမှန်ဆိုရင် သူတို့ကို သတ်ဖို့ နည်းလမ်းတွေ ရှိနိုင်သည်။ တခြားသူတွေကို အကြာကြီး စောင့်ပြီးမှ ဝါးခြင်းတောင်းထဲက ရေကိုယူရတာ မတန်ဘူးမလား။ ဒါကြောင့် သတိထားဖို့က ပိုကောင်းပါတယ်။
"ဒါပေမဲ့ အားလုံး ဒီမှာရှိနေတာပဲလေ... ကျုပ်တို့က သူ့ကို ဒီလောက်ကြာအောင် လိုက်ဖမ်းနေခဲ့ရတာ မဟုတ်ဘူးလား? "
အဘိုးအိုက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"စိတ်မပူပါနဲ့.... အားလုံးလာရင်ရော ဘာဖြစ်လဲ? ငါရှောင်းချင်ထျန်းဆီက ဘယ်သူက ပြိုင်လုရဲမှာလဲ?"
အေးစက်စက် နှာမှုတ်သံနှင့်အတူ ရှောင်းချင်ထျန်း၏ မျက်နှာသည် ခိုင်ခံ့သော ယုံကြည်မှုကို ပြသလာခဲ့သည်။
သူသည် တော်ဝင်အင်ပါယာ၏ ခိုင်မာသော ထိပ်သီးစာရင်းတွင် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ချိုင့်ဝှမ်းတွင် မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်ပေ။ အခြားလူများ ပါလာရင့တောင် သူ့ကို လုံးဝထိခိုက်စေနိုင်မည် မဟုတ်။
တစ်ဖက်လူက ရတနာရဲ့ တည်နေရာကို ပြောပြနေသမျှ လူဘယ်လောက်ပဲ လာပါစေ သူနဲ့အတူ ပြိုင်လုရဲသူ ရှိမည်မထင်ပါ။
“ဒါအမှန်ပဲ”
အဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"အများကြီး မစဉ်းစားပါနဲ့.... ခင်ဗျားတို့ ဒီအနီးဝန်းကျင်မှာ ကြီးမားတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို တိတ်တိတ်လေး တည်ဆောက်ထားသင့်တယ်.... ပရမ်းပတာ ဖြစ်နေချိန်မှာ သူ့ကိုမလွတ်စေနဲ့...သူမလွတ်မြောက်နိုင် သရွေ့တော့ သူ့ဆီက ရတနာ ဘယ်မှာလဲ ဆိုတာ သိရဖို့ နည်းလမ်းတွေ ရှိတယ်!"
မျက်ခွံတွေ ကျယ်လာပြီး ရှောင်းချင်ထျန်းက ရှင်းပြလိုက်လေ၏။
"အင်း!"
သူ့နောက်မှ လိုက်လာသော အဆင့်၈ စွမ်းအားရှင်များစွာသည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ပြကာ သဲခုံများ ပတ်ပတ်လည်တွင် ငြိမ်သက်စွာ လမ်းလျှောက်ကာ ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့ရန် အခင်းအကျင်း အလံများကို စိုက်ထူထားလိုက်သည်။
အခင်းအကျင်း ဖွဲ့စည်းမှု ပြီးသွားသရွေ့ ဒီလူဟာ လှည့်ကွက်တွေ ဘယ်လောက်ပဲရှိရှိ သူလွတ်မြောက်နိုင်မှာ မဟုတ်ချေ။
ဤအခိုက်တွင် လုရွှမ်၏ မျက်လုံးများသည် တရားထိုင်ခြင်း အခြေအနေသို့ ရောက်နေပြီ ဖြစ်သကဲ့သို့ အနည်းငယ် မှိတ်ထားကာ သူတို့၏ လှုပ်ရှားမှုများကို မမြင်ပေ။
"ဘယ်လို အသက်ရှင်ရမလဲ မသိရတဲ့ကောင်က အခု ဂုဏ်ယူနေဦးပေါ့ နောက်မှ ငိုရလိမ့်မယ်!"
ဤလူသည် မာနကြီးပြီး သူတို့ကို မတားတော့တာကို တွေ့သော် ရှောင်းချင်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ခဏအကြာတွင် ဖွဲ့စည်းမှုပြီးသွားကာ အလယ်က သဲခုံတွင် ပိတ်မိနေသော လုရွှမ်သည် လွတ်မြောက်လိုလျှင်ပင် အခင်းအကျင်းထဲတွင် ပိတ်မိသွားမည် ဖြစ်သည်။
တစ်နည်းဆိုရသော် အခု လွတ်မြောက်ချင်ရင် သူ့အသက်နဲ့ရင်းပြီး လွတ်သွားနိုင်တယ် ဆိုပေမယ့် အခု ထွက်ပြေးချင်နေ ရင်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ချေ။
"ဟာဟား.... လုရွှမ် မင်းတစ်ယောက်တည်းက ငါတို့တွေ အများကြီးဆီက ရတနာတွေကို ခိုးယူဝံ့တယ်ပေါ့... ငါနည်းနည်းတော့ အံ့သြသွားမိတယ်။ အဲဒီကျောက်တုံး မြေပုံကို မင်းဘယ်လိုများ ခိုးခဲ့တာလဲ?"
လုရွှမ် မလွတ်မြောက် နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ရှောင်းချင်ထျန်းသည် စိတ်အေးလက်အေး ပြုံးကာ အေးစက်စွာ ကြည့်နေလေသည်။
ဒါဇင်နဲ့ချီတဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်ရှစ်တွေ ဝိုင်းရံထားတာတောင် ကျောက်မြေပုံကို ခိုးသွားနိုင်သည်။ အခုတွေးကြည့် နေတာတောင် ဘယ်လို ဖြစ်ပျက်ခဲ့လဲ ဆိုတာကို နားမလည်သေးပေ။
သူ့အသံကို ကြားတဲ့အခါ တခြားလူတွေကလည်း ထူးဆန်းတဲ့ အမူအရာတွေနဲ့ တညီတညွတ်တည်း မျက်လုံး လှည့်ကြည့်လာကြသည်။
ဒီလူငယ်လေးကို သူ့နှလုံးသားထဲကပါ မုန်းတီးပြီး အမြန် သတ်နိုင်ပါစေလို့ ဆန္ဒပြုခဲ့ပေမယ့် သူ့ရဲ့ နည်းလမ်းတွေကို အရမ်းသဘော ကျနေဆဲပင်။
များစွာသော လူများဝန်းရံထားစဉ် ကျောက်မြေပုံကို ခိုးယူနိုင်ခဲ့ပြီး အချိန်အတော် ကြာအောင် လွတ်မြောက်နိုင်ခဲ့လို့ စူးစမ်းချင်စိတ်ကို ထိန်းမနိုင်တော့ပေ။
"ဒါက လှည့်ကွက်တစ်ချို့ပါပဲ!"
လုရွှမ်ဟာ တိတိကျကျ မဖြေဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"လှည့်ကွက်? မဖြစ်နိုင်ဘူး!"
ရှောင်းချင်ထျန်း ခေါင်းခါပြီး ကတိပေးပြန်သည်။
"ကောင်းပြီ မင်းငါ့ကို အဲဒီနည်းလမ်းကို သင်ပေးရင် ဘယ်သူကပဲ မင်းကို သတ်ချင်နေပါစေ တော်ဝင်အင်ပါယာရဲ့ နယ်ပယ်ထဲမှာ ရှိနေသမျှ ငါ မင်းကိုကာကွယ်ပေးမယ်... မင်း အသက်အန္တရာယ် ကင်းမှာပါ! မင်းခိုးထားတဲ့ ရတနာအတွက် ငါမင်းကို တစ်ခုပေးမယ်လို့ ကတိပေးလို့ ရတယ်!"
လူများစွာဖြင့် ဝန်းရံထားတာတောင် ရတနာတစ်ခုကို ခိုးယူနိုင်ခြင်းကြောင့် ဤကျွမ်းကျင်မှုသည် ရတနာတစ်ခု၏ တန်ဖိုးထက် ကျော်လွန်နေမည်မှာ သေချာပါသည်။
"စိတ်မကောင်းပါဘူး.. ဒီလိုမျိုး အသက်ကြီးနေတဲ့ လူကို တပည့်အဖြစ် လက်မခံချင်ဘူး!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"မင်း..."
ရှောင်းချင်ထျန်း သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်သော် အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံသွား၏။
"ငတုံးကောင်!! မင်းသိထားသင့်တယ်... တခြားလူတွေ ရောက်လာတာနဲ့ မင်းသေရမှာပဲ! မင်းရတနာကို ဖုံးကွယ်ထားတာနဲ့ ဘယ်သူမှ မင်းကိုသတ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူးလို့ မထင်နဲ့... ရှန့်ခုန်းချိုင့်ဝှမ်းက အကျယ်ကြီးပဲ.... မင်းလာခဲ့တဲ့လမ်းမှာ ငါတို့တစ်ချိန်လုံး နောက်က လိုက်နေတာ ဒီလမ်းအတိုင်း ပြန်သွားရင် မင်းရတနာတွေကို ဖွက်မထားဘူးလို့ မယုံဘူး!"
"အိုး? လွတ်မြောက်ဖို့ လမ်းမှာ ရတနာကို ဝှက်ထားခဲ့တာလို့ ဆိုလိုချင်တာလား? ကောင်းပြီ ဒါဆို ခင်ဗျား ပြန်လှည့်သွားပြီး ရှာတွေ့နိုင်မလား တူးကြည့်လေ!"
လုရွှမ် ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။
ရတနာတွေဟာ သူ့ကျောက်စိမ်းပြားထဲမှာ ရှိသမျှ ချိုင့်ဝှမ်း တစ်ခုလုံးကို တူးထားရင်တောင်မှ ရှာတွေ့မှာ မဟုတ်ချေ။
ထို့အပြင် ရှန့်ခုန်းချိုင့်ဝှမ်း ပွင့်သည့်အချိန်က ကန့်သတ်ချက် ရှိပြီး ၎င်းတို့ကို အချိန်တိုအတွင်း ဆက်လက် တူးဖော်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
"ဟမ့်!"
ရှောင်းချင်ထျန်း စိတ်ဆိုးစွာဖြင့် သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည်။
သူဒီလို ပြောနေပေမယ့်လည်း တစ်ဖက်လူက ရတနာကို တကယ် ဖုံးကွယ်ထားတယ် ဆိုတာလည်း ရိပ်မိသလို အဲဒါကို ရှာတွေ့ဖို့ဆိုတာ ဘယ်တော့မှ လွယ်မှာ မဟုတ်ဘူး ဆိုတာလည်း သူသိလေသည်။
"ကောင်းပြီ ကျုပ်ရဲ့ မုဆိုးတွေ ရောက်လာပြီ!"
လူတိုင်းသည် မီးခိုးများနှင့် ဖုန်မှုန့်များ အလိမ့်လိမ့်ဖြင့် မရေမတွက်နိုင်သော လူများကို မမြင်မတွေ့မီ အချိန်အနည်းငယ် စောင့်ဆိုင်းခဲ့ရသည်။
လုရွှမ်ကို လိုက်ရှာပြီး သတ်ဖို့အတွက် ဒီလူတွေဟာ နောက်ကျသွားမှာကို စိုးရိမ်တာကြောင့် နည်းမျိုးစုံကို အသုံးပြုခဲ့ကြသည်။ လူများစွာ နောက်ကျ ကျန်ခဲ့သော်ငြားလည်း ထောင်ပေါင်းများစွာသော လူများ ရှိနေသေးသည်။
"ဖမ်းမိသွားပြီလား မင်းဘယ်ကို ပြေးဦးမလဲ ကြည့်ရသေးတာပေါ့!"
"ငါ သူ့ကို ကောင်းကင်မီးနဲ့ ပူဇော်ပြီး ငါတို့ တော်တော်များများကို စော်ကားခဲ့တဲ့ တန်ကြေးကို သိအောင် ပြောပြရမယ်"
"သူ့ကို သတ်ပစ်ရမယ်.... အဲဒီရတနာတွေ အတွက်တော့ ငါ့အမြင်အရ လူတိုင်းက ဘယ်လိုခွဲဝေ ရမလဲဆိုတာ ဆွေးနွေးနိုင်တယ် ဒါမှမဟုတ် တိုက်ရိုက် လေလံတင်ပစ်မယ်.... ပိုက်ဆံရရင် လူတိုင်းက ညီတူညီမျှ ခွဲဝေယူကြမယ်"
လူသစ်များသည် အလယ်တွင် ဝိုင်းရံထားခံရသော လုရွှမ်ကို မြင်သောအခါတွင် ရှောင်းချင်ထျန်း နှင့် အခြားသူများ၏ ဖမ်းဆီးခြင်းကို ခံရသည်ဟု ထင်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
Chapter (181) Arc 3
ေစာင့္ဆိုင္းျခင္း (ဒုတိယပိုင္း)
တစ္ဖက္လူက သူ႕စကားကို နားလည္မႈ လြဲေနတာကို ျမင္ေသာ္လည္း လု႐ႊမ္ ရွင္းျပမေနဘဲ တင္ပ်ဥ္ေခြ ျပန္ထိုင္ေနလိုက္သည္။
"ေခါင္းေဆာင္ေရွာင္း သူ႕ခႏၶာကိုယ္ထဲမွာ ဝိညာဥ္စြမ္းအင္ မရွိဘူးလို႔ ထင္လား? တိုက္ခိုက္ မခံရေအာင္ တမင္အခ်ိန္ဆြဲၿပီး က်င့္ႀကံမႈကို ျပန္လုပ္ခ်င္လို႔မ်ားလား?"
လု႐ႊမ္က တိတ္တိတ္ဆိတ္ဆိတ္ပဲ ထိုင္ေန၏။ သူ႕မ်က္ႏွာေပၚမွာ ယုံၾကည္မႈ အျပည့္ရွိတဲ့ အမူအရာနဲ႕ သူကိုယ္တိုင္ေရာ တျခားသူေတြရဲ႕ လူသတ္ခ်င္တဲ့ ရည္႐ြယ္ခ်က္ကို ဂ႐ုမစိုက္သလို ျဖစ္ေနရာ အဘိုးႀကီး တစ္ေယာက္က ေရွာင္းခ်င္ထ်န္းကို မၾကည့္ဘဲ မေနနိုင္ေတာ့ေခ်။
"အခ်ိန္ဆြဲတာလား? မျဖစ္နိုင္ပါဘူး ဒီေကာင္က အဓိပတိနယ္ပယ္မွာပဲ ရွိေသးတယ္.... သူ႕ရဲ႕ စစ္မွန္တဲ့ ဝိညာဥ္စြမ္းအင္ကလည္း အကန႔္အသတ္ ရွိတယ္.... အခ်ိန္ အၾကာႀကီး ပ်ံသန္းၿပီးေနာက္မွာ သူ႕ရဲ႕ စစ္မွန္တဲ့ စြမ္းအင္ေတြ မကုန္ဆုံးသြားဘူး ဆိုတာ မျဖစ္နိုင္ပါဘူး က်ဳပ္ရဲ႕ ခန႔္မွန္းတာသာ မွန္ရင္ သူရတနာ တစ္ခုခုကို ရွာေတြ႕ခဲ့တာ ျဖစ္နိုင္တယ္.... ၿပီးေတာ့ ခြန္အားႀကီးတဲ့ သူေတြကို ထပ္ၿပီး ေစာ္ကားဖို႔ မျဖစ္ဘူး အျမတ္က အရႈံးထက္ ပိုမ်ားေနတယ္ေလ အဲဒါေၾကာင့္ စြန႔္လႊတ္လိုက္ခ်င္တာ ျဖစ္ရမယ္!"
ေရွာင္းခ်င္ထ်န္းက ေျပာသည္။
"ေကာင္းၿပီ... အဲဒါ ျဖစ္နိုင္တယ္! သူက အဓိပတိနယ္ပယ္ေလးပဲ.... သူ႕မွာ ရတနာေတြ ရွိရင္ေတာင္ ေသခ်ာျပန္ သန့္စင္ဖို႔ ခက္တယ္!"
လူတိုင္းကလည္း ေခါင္းညိတ္လိုက္သည္။
ရတနာ အဆင့္ျမင့္ေလ သန႔္စင္ရန္ ပိုခက္ခဲေလျဖစ္သည္။ တစ္ဖက္လူသည္ ပု႐ြက္ဆိတ္ကဲ့သို႔ အဓိပတိနယ္ပယ္ တစ္ခုမွ်သာ ျဖစ္။။ ပြင့္ထြက္ရန္ အခ်ိန္အေတာ္ ၾကာခဲ့ေသာ ရတနာတစ္ခုကို မည္ကဲ့သို႔ သန့္စင္နိုင္မည္နည္း။
မသန႔္စင္နိုင္ရင္ သက္ေရာက္မႈ မရွိနိုင္ေပ။ အမွိုက္တစ္ခုအတြက္ အားေကာင္းတဲ့ လူေတြကို ေစာ္ကားၿပီး တစ္ေန႕လုံး အမဲလိုက္ခံရတာက ဘယ္ေလာက္ တုံးေနပါေစ မွားယြင္းခဲ့ေၾကာင္း သိလာလိမ့္မည္။
"ဒီလူကို တစ္ခ်ိန္တည္းမွာ တိုက္ခိုက္တာက ပိုေကာင္းမယ္ မထင္ဘူးလား? ဒီေကာင္ကို အရင္ဖမ္းလိုက္မယ္.... ၿပီးေတာ့ သူ႕ကို ေသေသခ်ာခ်ာ ေမးမယ္ ဘယ္လိုလဲ"
အဘိုးႀကီးက ေရွာင္းခ်င္ထ်န္းထံ အသံကို တိတ္တဆိတ္ ေပးပို႔ၿပီး ေခါင္းျဖတ္ လႈပ္ရွားမႈ ျပဳလုပ္ဖို႔ အႀကံေပးေလသည္။
လူတိုင္းသည္ ရတနာမ်ားကို လိုခ်င္ၾကသည္။ ထို႔ေၾကာင့္ ေဆြးႏြေးရန္ တျခားလူမ်ားကို မေစာင့္ခ်င္ၾကေပ။
"ဒီေကာင္ေလးမွာ ထူးဆန္းတဲ့ လွည့္ကြက္ေတြ အမ်ားႀကီး ရွိတယ္။ သူ႕ကို ခ်က္ခ်င္း ဖမ္းနိုင္ရင္ အေကာင္းဆုံးပဲ.... ဖမ္းလို႔မရဘဲ ထြက္ေျပးရင္ ဒါမွမဟုတ္ သတ္ေသသြားရင္ ရတနာကို ျပန္ရနိုင္ေတာ့မွာ မဟုတ္ဘူး"
ေရွာင္းခ်င္ထ်န္းက ညို႔မွိုင္းေသာ မ်က္ႏွာျဖင့္ တစ္ဖက္လူ၏ စကားကို ျဖတ္ေတာက္လိုက္သည္။
ေကာင္ေလးကို ဖမ္းၿပီး သင္ခန္းစာ ဘာလို႔ မေပးခ်င္ရမွာလဲ။
ဒါေပမဲ့ တစ္ဖက္လူ ေျပာခဲ့တာေတြက အမွန္ဆိုရင္ သူတို႔ကို သတ္ဖို႔ နည္းလမ္းေတြ ရွိနိုင္သည္။ တျခားသူေတြကို အၾကာႀကီး ေစာင့္ၿပီးမွ ဝါးျခင္းေတာင္းထဲက ေရကိုယူရတာ မတန္ဘူးမလား။ ဒါေၾကာင့္ သတိထားဖို႔က ပိုေကာင္းပါတယ္။
"ဒါေပမဲ့ အားလုံး ဒီမွာရွိေနတာပဲေလ... က်ဳပ္တို႔က သူ႕ကို ဒီေလာက္ၾကာေအာင္ လိုက္ဖမ္းေနခဲ့ရတာ မဟုတ္ဘူးလား? "
အဘိုးအိုက အနည္းငယ္ စိတ္ဓာတ္က်သြားသည္။
"စိတ္မပူပါနဲ႕.... အားလုံးလာရင္ေရာ ဘာျဖစ္လဲ? ငါေရွာင္းခ်င္ထ်န္းဆီက ဘယ္သူက ၿပိဳင္လုရဲမွာလဲ?"
ေအးစက္စက္ ႏွာမႈတ္သံႏွင့္အတူ ေရွာင္းခ်င္ထ်န္း၏ မ်က္ႏွာသည္ ခိုင္ခံ့ေသာ ယုံၾကည္မႈကို ျပသလာခဲ့သည္။
သူသည္ ေတာ္ဝင္အင္ပါယာ၏ ခိုင္မာေသာ ထိပ္သီးစာရင္းတြင္ ၿပိဳင္ဘက္ကင္းေသာ ပုဂၢိုလ္တစ္ဦး ျဖစ္သည္။ ခ်ိဳင့္ဝွမ္းတြင္ မည္သူမွ် သူ႕ၿပိဳင္ဘက္ မဟုတ္ေပ။ အျခားလူမ်ား ပါလာရင့ေတာင္ သူ႕ကို လုံးဝထိခိုက္ေစနိုင္မည္ မဟုတ္။
တစ္ဖက္လူက ရတနာရဲ႕ တည္ေနရာကို ေျပာျပေနသမွ် လူဘယ္ေလာက္ပဲ လာပါေစ သူနဲ႕အတူ ၿပိဳင္လုရဲသူ ရွိမည္မထင္ပါ။
ဒါအမွန္ပဲ
အဘိုးအိုသည္ ခဏမွ် တုံ႕ဆိုင္းသြားကာ ေနာက္ဆုံးတြင္ ေခါင္းညိတ္လိုက္သည္။
"အမ်ားႀကီး မစဥ္းစားပါနဲ႕.... ခင္ဗ်ားတို႔ ဒီအနီးဝန္းက်င္မွာ ႀကီးမားတဲ့ အခင္းအက်င္း ဖြဲ႕စည္းမႈတစ္ခုကို တိတ္တိတ္ေလး တည္ေဆာက္ထားသင့္တယ္.... ပရမ္းပတာ ျဖစ္ေနခ်ိန္မွာ သူ႕ကိုမလြတ္ေစနဲ႕...သူမလြတ္ေျမာက္နိုင္ သေ႐ြ႕ေတာ့ သူ႕ဆီက ရတနာ ဘယ္မွာလဲ ဆိုတာ သိရဖို႔ နည္းလမ္းေတြ ရွိတယ္!"
မ်က္ခြံေတြ က်ယ္လာၿပီး ေရွာင္းခ်င္ထ်န္းက ရွင္းျပလိုက္ေလ၏။
"အင္း!"
သူ႕ေနာက္မွ လိုက္လာေသာ အဆင့္၈ စြမ္းအားရွင္မ်ားစြာသည္ တစ္ခ်ိန္တည္းတြင္ ေခါင္းညိတ္ျပကာ သဲခုံမ်ား ပတ္ပတ္လည္တြင္ ၿငိမ္သက္စြာ လမ္းေလွ်ာက္ကာ ေကာင္းကင္ႏွင့္ေျမျပင္ကို ပိတ္ဆို႔ရန္ အခင္းအက်င္း အလံမ်ားကို စိုက္ထူထားလိုက္သည္။
အခင္းအက်င္း ဖြဲ႕စည္းမႈ ၿပီးသြားသေ႐ြ႕ ဒီလူဟာ လွည့္ကြက္ေတြ ဘယ္ေလာက္ပဲရွိရွိ သူလြတ္ေျမာက္နိုင္မွာ မဟုတ္ေခ်။
ဤအခိုက္တြင္ လု႐ႊမ္၏ မ်က္လုံးမ်ားသည္ တရားထိုင္ျခင္း အေျခအေနသို႔ ေရာက္ေနၿပီ ျဖစ္သကဲ့သို႔ အနည္းငယ္ မွိတ္ထားကာ သူတို႔၏ လႈပ္ရွားမႈမ်ားကို မျမင္ေပ။
"ဘယ္လို အသက္ရွင္ရမလဲ မသိရတဲ့ေကာင္က အခု ဂုဏ္ယူေနဦးေပါ့ ေနာက္မွ ငိုရလိမ့္မယ္!"
ဤလူသည္ မာနႀကီးၿပီး သူတို႔ကို မတားေတာ့တာကို ေတြ႕ေသာ္ ေရွာင္းခ်င္ထ်န္းက ေအးစက္စြာ ၿပဳံးလိုက္ၿပီး သူ႕မ်က္လုံးထဲတြင္ ျပင္းထန္ေသာ အလင္းေရာင္တစ္ခု ျဖတ္ေျပးသြားေလသည္။
ခဏအၾကာတြင္ ဖြဲ႕စည္းမႈၿပီးသြားကာ အလယ္က သဲခုံတြင္ ပိတ္မိေနေသာ လု႐ႊမ္သည္ လြတ္ေျမာက္လိုလွ်င္ပင္ အခင္းအက်င္းထဲတြင္ ပိတ္မိသြားမည္ ျဖစ္သည္။
တစ္နည္းဆိုရေသာ္ အခု လြတ္ေျမာက္ခ်င္ရင္ သူ႕အသက္နဲ႕ရင္းၿပီး လြတ္သြားနိုင္တယ္ ဆိုေပမယ့္ အခု ထြက္ေျပးခ်င္ေန ရင္ေတာင္မွ လြတ္ေျမာက္နိုင္မွာ မဟုတ္ေတာ့ေခ်။
"ဟာဟား.... လု႐ႊမ္ မင္းတစ္ေယာက္တည္းက ငါတို႔ေတြ အမ်ားႀကီးဆီက ရတနာေတြကို ခိုးယူဝံ့တယ္ေပါ့... ငါနည္းနည္းေတာ့ အံ့ၾသသြားမိတယ္။ အဲဒီေက်ာက္တုံး ေျမပုံကို မင္းဘယ္လိုမ်ား ခိုးခဲ့တာလဲ?"
လု႐ႊမ္ မလြတ္ေျမာက္ နိုင္ေတာ့ေၾကာင္း သိလိုက္ရသျဖင့္ ေရွာင္းခ်င္ထ်န္းသည္ စိတ္ေအးလက္ေအး ၿပဳံးကာ ေအးစက္စြာ ၾကည့္ေနေလသည္။
ဒါဇင္နဲ႕ခ်ီတဲ့ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္ရွစ္ေတြ ဝိုင္းရံထားတာေတာင္ ေက်ာက္ေျမပုံကို ခိုးသြားနိုင္သည္။ အခုေတြးၾကည့္ ေနတာေတာင္ ဘယ္လို ျဖစ္ပ်က္ခဲ့လဲ ဆိုတာကို နားမလည္ေသးေပ။
သူ႕အသံကို ၾကားတဲ့အခါ တျခားလူေတြကလည္း ထူးဆန္းတဲ့ အမူအရာေတြနဲ႕ တညီတၫြတ္တည္း မ်က္လုံး လွည့္ၾကည့္လာၾကသည္။
ဒီလူငယ္ေလးကို သူ႕ႏွလုံးသားထဲကပါ မုန္းတီးၿပီး အျမန္ သတ္နိုင္ပါေစလို႔ ဆႏၵျပဳခဲ့ေပမယ့္ သူ႕ရဲ႕ နည္းလမ္းေတြကို အရမ္းသေဘာ က်ေနဆဲပင္။
မ်ားစြာေသာ လူမ်ားဝန္းရံထားစဥ္ ေက်ာက္ေျမပုံကို ခိုးယူနိုင္ခဲ့ၿပီး အခ်ိန္အေတာ္ ၾကာေအာင္ လြတ္ေျမာက္နိုင္ခဲ့လို႔ စူးစမ္းခ်င္စိတ္ကို ထိန္းမနိုင္ေတာ့ေပ။
"ဒါက လွည့္ကြက္တစ္ခ်ိဳ႕ပါပဲ!"
လု႐ႊမ္ဟာ တိတိက်က် မေျဖဘဲ ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။
"လွည့္ကြက္? မျဖစ္နိုင္ဘူး!"
ေရွာင္းခ်င္ထ်န္း ေခါင္းခါၿပီး ကတိေပးျပန္သည္။
"ေကာင္းၿပီ မင္းငါ့ကို အဲဒီနည္းလမ္းကို သင္ေပးရင္ ဘယ္သူကပဲ မင္းကို သတ္ခ်င္ေနပါေစ ေတာ္ဝင္အင္ပါယာရဲ႕ နယ္ပယ္ထဲမွာ ရွိေနသမွ် ငါ မင္းကိုကာကြယ္ေပးမယ္... မင္း အသက္အႏၱရာယ္ ကင္းမွာပါ! မင္းခိုးထားတဲ့ ရတနာအတြက္ ငါမင္းကို တစ္ခုေပးမယ္လို႔ ကတိေပးလို႔ ရတယ္!"
လူမ်ားစြာျဖင့္ ဝန္းရံထားတာေတာင္ ရတနာတစ္ခုကို ခိုးယူနိုင္ျခင္းေၾကာင့္ ဤကြၽမ္းက်င္မႈသည္ ရတနာတစ္ခု၏ တန္ဖိုးထက္ ေက်ာ္လြန္ေနမည္မွာ ေသခ်ာပါသည္။
"စိတ္မေကာင္းပါဘူး.. ဒီလိုမ်ိဳး အသက္ႀကီးေနတဲ့ လူကို တပည့္အျဖစ္ လက္မခံခ်င္ဘူး!"
လု႐ႊမ္ သူ႕လက္ကို ေဝွ႕ယမ္းလိုက္ေလသည္။
"မင္း..."
ေရွာင္းခ်င္ထ်န္း သူ႕မ်က္လုံးေတြကို မွိတ္ထားလိုက္ၿပီး ျပန္ဖြင့္လိုက္ေသာ္ ေအးစက္စက္ အေငြ႕အသက္မ်ား လႊမ္းၿခဳံသြား၏။
"ငတုံးေကာင္!! မင္းသိထားသင့္တယ္... တျခားလူေတြ ေရာက္လာတာနဲ႕ မင္းေသရမွာပဲ! မင္းရတနာကို ဖုံးကြယ္ထားတာနဲ႕ ဘယ္သူမွ မင္းကိုသတ္ဖို႔ သတၱိရွိမွာ မဟုတ္ဘူးလို႔ မထင္နဲ႕... ရွန့္ခုန္းခ်ိဳင့္ဝွမ္းက အက်ယ္ႀကီးပဲ.... မင္းလာခဲ့တဲ့လမ္းမွာ ငါတို႔တစ္ခ်ိန္လုံး ေနာက္က လိုက္ေနတာ ဒီလမ္းအတိုင္း ျပန္သြားရင္ မင္းရတနာေတြကို ဖြက္မထားဘူးလို႔ မယုံဘူး!"
"အိုး? လြတ္ေျမာက္ဖို႔ လမ္းမွာ ရတနာကို ဝွက္ထားခဲ့တာလို႔ ဆိုလိုခ်င္တာလား? ေကာင္းၿပီ ဒါဆို ခင္ဗ်ား ျပန္လွည့္သြားၿပီး ရွာေတြ႕နိုင္မလား တူးၾကည့္ေလ!"
လု႐ႊမ္ ေပါ့ပါးေသာ အၿပဳံးျဖင့္ ေျပာလိုက္သည္။
ရတနာေတြဟာ သူ႕ေက်ာက္စိမ္းျပားထဲမွာ ရွိသမွ် ခ်ိဳင့္ဝွမ္း တစ္ခုလုံးကို တူးထားရင္ေတာင္မွ ရွာေတြ႕မွာ မဟုတ္ေခ်။
ထို႔အျပင္ ရွန့္ခုန္းခ်ိဳင့္ဝွမ္း ပြင့္သည့္အခ်ိန္က ကန႔္သတ္ခ်က္ ရွိၿပီး ၎တို႔ကို အခ်ိန္တိုအတြင္း ဆက္လက္ တူးေဖာ္ရန္ မည္သို႔ ျဖစ္နိုင္မည္နည္း။
"ဟမ့္!"
ေရွာင္းခ်င္ထ်န္း စိတ္ဆိုးစြာျဖင့္ သူ႕ဝတ္႐ုံလက္ကို ေဝွ႕ယမ္းလိုက္သည္။
သူဒီလို ေျပာေနေပမယ့္လည္း တစ္ဖက္လူက ရတနာကို တကယ္ ဖုံးကြယ္ထားတယ္ ဆိုတာလည္း ရိပ္မိသလို အဲဒါကို ရွာေတြ႕ဖို႔ဆိုတာ ဘယ္ေတာ့မွ လြယ္မွာ မဟုတ္ဘူး ဆိုတာလည္း သူသိေလသည္။
"ေကာင္းၿပီ က်ဳပ္ရဲ႕ မုဆိုးေတြ ေရာက္လာၿပီ!"
လူတိုင္းသည္ မီးခိုးမ်ားႏွင့္ ဖုန္မႈန႔္မ်ား အလိမ့္လိမ့္ျဖင့္ မေရမတြက္နိုင္ေသာ လူမ်ားကို မျမင္မေတြ႕မီ အခ်ိန္အနည္းငယ္ ေစာင့္ဆိုင္းခဲ့ရသည္။
လု႐ႊမ္ကို လိုက္ရွာၿပီး သတ္ဖို႔အတြက္ ဒီလူေတြဟာ ေနာက္က်သြားမွာကို စိုးရိမ္တာေၾကာင့္ နည္းမ်ိဳးစုံကို အသုံးျပဳခဲ့ၾကသည္။ လူမ်ားစြာ ေနာက္က် က်န္ခဲ့ေသာ္ျငားလည္း ေထာင္ေပါင္းမ်ားစြာေသာ လူမ်ား ရွိေနေသးသည္။
"ဖမ္းမိသြားၿပီလား မင္းဘယ္ကို ေျပးဦးမလဲ ၾကည့္ရေသးတာေပါ့!"
"ငါ သူ႕ကို ေကာင္းကင္မီးနဲ႕ ပူေဇာ္ၿပီး ငါတို႔ ေတာ္ေတာ္မ်ားမ်ားကို ေစာ္ကားခဲ့တဲ့ တန္ေၾကးကို သိေအာင္ ေျပာျပရမယ္"
"သူ႕ကို သတ္ပစ္ရမယ္.... အဲဒီရတနာေတြ အတြက္ေတာ့ ငါ့အျမင္အရ လူတိုင္းက ဘယ္လိုခြဲေဝ ရမလဲဆိုတာ ေဆြးႏြေးနိုင္တယ္ ဒါမွမဟုတ္ တိုက္ရိုက္ ေလလံတင္ပစ္မယ္.... ပိုက္ဆံရရင္ လူတိုင္းက ညီတူညီမွ် ခြဲေဝယူၾကမယ္"
လူသစ္မ်ားသည္ အလယ္တြင္ ဝိုင္းရံထားခံရေသာ လု႐ႊမ္ကို ျမင္ေသာအခါတြင္ ေရွာင္းခ်င္ထ်န္း ႏွင့္ အျခားသူမ်ား၏ ဖမ္းဆီးျခင္းကို ခံရသည္ဟု ထင္ကာ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္ၾကသည္။