Chapter (174) Arc 3
ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
ဝုန်း!
အချိန်အနည်းငယ် ကြာပြီးနောက် ရတနာ အပြင်ဘက်တွင် တားဆီးထားသော အစီအရင်သည် နောက်ဆုံးတွင် လုံးဝကို ပျက်စီးသွားကာ ၎င်း၏ပုံစံ အစစ်အမှန်ကို ထုတ်ဖော်ပြသလာခဲ့သည်။
ကြီးမားသော ကျောက်သား မြေပုံပင်။
ဟူး!
အတားအဆီး မရှိတော့သောအခါ ကျောက်သား မြေပုံသည် ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။
"အစီအရင်ကို ချိုးဖျက်ပြီးပြီ ဆိုတော့ ဒီရတနာကို ဘယ်သူ ပိုင်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်"
ရှောင်းချင်ထျန်းသည် သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"ဘာမှ ဆွေးနွေးနေစရာ မလိုပါဘူး... ခေါင်းဆောင်ရှောင်းက ကျုပ်တို့ထဲမှာ အသန်မာဆုံးပဲ... ရှောင်းမိသားစုက ကျုပ်တို့ကို အချိန်အကြာကြီး ထောက်ပံ့ပေးမယ်လို့ ကတိပြုထားသရွေ့ ကျုပ်ကတော့ ခင်ဗျားကို ထောက်ခံပေးတယ်!"
"ကျွန်တော်လည်း ထောက်ခံပါတယ်... ခေါင်းဆောင်ရှောင်းက တန်ခိုးအရှိဆုံး ဖြစ်ပြီး သဘာဝအတိုင်း ရတနာကို ပိုင်ဆိုင်လိုက်တာက လူတိုင်း ပိုင်ဆိုင်ထားသလိုပါပဲ"
"ဒီရတနာကို ခေါင်းဆောင်ရှောင်းက ပထမဆုံး ရှာတွေ့ခဲ့တာ ဆိုတော့ သူ့ပိုင်ဆိုင်မယ်ဆို ကျွန်တော် လက်ခံပါတယ်"
ရှောင်းချင်ထျန်း ပြောပြီးသည်နှင့် တပြိုင်နက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရှိ လူ၇ယောက် ၈ယောက်လောက်က တညီတညွတ်တည်း ပြောဆိုကြသည်။
ဤလူအားလုံးတို့သည် သူ့လူများ ဖြစ်ကြ၍ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ထောက်ခံစကားများ ဆိုလာကြ၏။
"ဒါ...."
ဒီလူတွေရဲ့ ရပ်တည်ချက်တွေကို ကြားတော့ အစီအရင်ကို ချိုးဖျက်ဖို့ အတူတူ လက်တွဲလုပ်ခဲ့ကြတဲ့ လူတွေ အားလုံးဟာ ရုပ်ဆိုးတဲ့ မျက်နှာတွေနဲ့ ချေပချင်ပေမယ့် စကားမပြောရဲကြချေ။
ရှောင်းချင်ထျန်းရဲ့ ခွန်အားကို ဘေးဖယ်ထားလိုက်မယ် ဆိုရင်တောင် ဒီထောက်ခံနေတဲ့ အဆင့်၈ တွေကို သူတို့အနေနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။
"မင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... မင်းတို့ ဒီလိုပြောလာတော့ ငါတကယ် အားနာနေမိပါပြီ!"
ရှောင်းချင်ထျန်းပ အခြေအနေကို အချိန်အတော်ကြာ ကတည်းက ခန့်မှန်းမိထားပုံရပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"လူတိုင်း စိတ်မပူပါနဲ့.... ကျုပ် ရှောင်းချင်ထျန်းက ဒီနေ့ ကျုပ်အပေါ်ထားတဲ့ အားလုံးကို ကြင်နာမှုပေးကို သတိရနေမှာပါ.... အနာဂတ်မှာ ကျုပ်တို့ရှောင်းမိသားစုက ခင်ဗျားတို့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"
"ဟားဟား! ဒီလိုအသံ မြင့်တဲ့ပုံစံနဲ့ အရှက်မရှိပြောနိုင်တာ တကယ့်ကို အရေထူတာပဲ!"
သူစကားမဆုံးခင်မှာ မလှမ်းမကမ်းမှ အသွင်မဆောင်ဘဲ ရယ်မောသံကို ကြားလိုက်ရသည်။
"ဘယ်သူလဲ??"
"ဘယ်သူက သေချင်နေတာလဲ?"
ရှောင်းချင်ထျန်း စကားမပြောသေးပေမယ့် သူ့နောက်လိုက်ခွေးတွေက ကျယ်လောင်စွာ အော်လိုက်ပြီး အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ အဆောက်အအုံ၏ တံစက်မြိတ်ပေါ် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ပုခုံးပေါ်မှာလည်း ကျီးကန်းတစ်ကောင် နားနေသေးသည်။
သူသာ စကားမပြောခဲ့ရင် သူပေါ်လာတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။
"လုရွှမ်?"
"မင်း တစ်ချိန်လုံး ပုန်းနေတာ အခုတော့ ထွက်လာပြီပေါ့.... မင်းသေမှာကို စောင့်နေလိုက်!"
"မကောင်းတဲ့ကောင်! မင်းလက်ထဲက ရတနာတွေကို အမြန်လွှဲပေးစမ်း!"
ကောင်လေး၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အားလုံးက ဒေါသတကြီးနှင့် တညီတညွတ်တည်း ဆူပူ ကြိမ်းမောင်းကြတော့သည်။
"လုရွှမ်.... မင်းက ငါ့လူတွေကို သတ်ပြီး ငါ့ရတနာတွေကို လုယူသွားပေမယ့် မင်း ငါတို့ကို ရှေးဟောင်းမြို့ထဲကို လိုက်ပို့ပေးခဲ့တယ်.. ဒါကြောင့် အခု မင်းကို အခွင့်အရေးပေးမယ် မင်းရထားတဲ့ ရတနာတွေကို ငါ့ကိုလွှဲပေးရင် ငါ ရှောင်းချင်ထျန်းက မင်းအသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးတယ်!"
ရှောင်းချင်ထျန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့မျက်နှာသည် ဖြောင့်မတ်ခြင်း အပြည့်နှင့် ဆိုလိုက်သည်။
"ဟူး... အဲဒါကြောင့် မင်းက အရေထူပြီး အရှက်မရှိဘူးလို့ ပြောတာပေါ့! ငါ မင်းနဲ့ စကားမပြောတော့ဘူး... အစီအရင်ကို ချိုးဖျက်ပြီးပြီ ဆိုတော့ ရတနာကို လက်ခံလိုက်ပြီ! နှုတ်ဆက်ပါတယ်!"
စကားပြောပြီးနောက် အနည်းငယ် လန်းဆန်းသွားသလို ခံစားလိုက်သည်။
ဟူး!
လူအုပ်အလယ်က အစီအရင်ကို ချိုးဖျက် ခံလိုက်ရတဲ့ ကျောက်တုံးမြေပုံဟာ သဲလွန်စ မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ချက်ချင်းပင် မရပ်တန့်ဘဲ ရှေ့တည့်တည့်သို့ အမြန်ပြေးကာ အကြိမ်အနည်းငယ် လှုပ်ရှားရင်း လူတိုင်း၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
"ဘာ?"
"ဘယ်လိုလုပ် ပျောက်သွားတာလဲ"
"ဟ!! ဒီကောင်က ငါတို့အာရုံကို တမင်တကာ ဆွဲဆောင်နေတာပဲ.... တကယ်က ရတနာခိုးယူဖို့ စက်ဆုပ်ရွံရှာစရာ နည်းလမ်းတချို့ကို သုံးခဲ့တာပဲ ဖြစ်ရမယ်"
"သူ့ကို မလွတ်စေနဲ့!"
သူတို့ရဲ့ ခွန်အားတွေ အကုန်ထုတ်သုံးပြီး နောက်ဆုံးတော့ ကန့်သတ်ထားတဲ့ ကျောက်တုံးမြေပုံကို ရရှိခဲ့သော်လည်း တခဏချင်း ပျောက်ကွယ်သွားတာကို မြင်လိုက်ရတော့ အားလုံး ရူးသွပ်သွားကြသည်။
ရှောင်းချင်ထျန်းလည်း သွေးအန်လုမတတ် ဖြစ်သွားသည်။
ဒီလောက်တန်ကြေယ ကြီးကြီးပေးပြီး သူ့အတွက်ပြောပဖို့ မရေမတွက်နိုင်အောင် ခွန်အားကြီးတဲ့ လူတွေကို စုဆောင်းပြီး ရတနာကို ရတော့မယ့် မျက်စိတစ်မှိတ် အတွင်းမှာပဲ အဓိပတိနယ်ပယ်သာ ရှိတဲ့ ကလေးတစ်ယောက်က ဖြတ်လုသွားခဲ့လေသည်။
"အဲဒီကလေးကို ငါ့အတွက် ဖမ်းလာခဲ့!! ဖမ်းနိုင်တဲ့ ဘယ်သူမဆို သူ့ခန္ဓာကိုယ်ထဲက ရတနာမှန်သမျှကို မင်းတို့ ဆန္ဒအလျောက် ရွေးချယ်နိုင်မယ်လို့ ကတိပေးတယ်။"
ခက်ထန်သော မျက်နှာဖြင့် ရှောင်းချန်ထျန်းက အရူးအမူး ဟောက်လိုက်သည်။
"လိုက်!"
"အဓိပတိနယ်ပယ်လေးက ငါတို့ပစ္စည်းတွေကို ခိုးဖို့တောင် သတ္တိရှိတယ်ပေါ့?? သူက သေတွင်းကို လာတူးနေတာပဲ!"
"အဲဒီကောင်ကို အပိုင်းပိုင်း ဖြတ်ပစ်မယ်"
"စိတ်ပျက်စရာပဲ!"
လူတိုင်း ဒေါသတွေ ဆူပွက်သွားသည်။
မတိုင်ခင်က ရှောင်းချင်ထျန်းရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင်နေရလို့ သူတို့ဟာ ယုတ်မာတဲ့ စကားတွေ မပြောရဲကြပေမယ့် အခုချိန်မှာတော့ အဓိပတိနယ်ပယ်က ကောင်လေးတစ်ယောက်က သူတို့ရတနာကို လုယူသွားတဲ့အတွက် သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မလဲ?
လူတိုင်းဟာ ဒေါသတွေနဲ့ ပြည့်နှက်နေပြီး လုရွှမ်ကို ချက်ချင်း သတ်ပစ်ချင်စိတ်ဖြင့် ပြေးလိုက်သွားကြသည်။
ဗုန်း!
မရေမတွက်နိုင်သော သန်မာသော လူများသည် ရှေးဟောင်းမြို့ထဲက ရတနာများကို ရှာဖွေမှု ရပ်တန့်ကာ လုရွှမ်၏နောက်သို့ အသည်းအသန် အရူးအမူး လိုက်ကြတော့သည်။
ချက်ချင်းပင် ထိုရူးသွပ်မှု၏ အရှိန်အဝါသည် လေထဲသို့ ထိုးတက်လာကာ မရေမတွက်နိုင်သော အရိပ် သေးငယ်သော အသွင်အပြင်နောက်သို့ လိုက်နေကြ၏။
"ခေါင်းဆောင်... ကျွန်တော်တို့ ဘာလုပ်ရမှာလဲ"
ရှောင်းချင်ထျန်း နောက်က အဘိုးကြီးတစ်ယောက်က မေးလိုက်သည်။
"ဘာလုပ်ရမလဲ? သူ့နောက်ကို လိုက်! ရှင်ရင်လူကို တွေ့ချင်တယ် သေရင် အလောင်းတွေကို ငါမြင်ချင်တယ်!! ငါ ရှောင်းချင်ထျန်း အဲဒီလုရွှမ်ကို မသတ်ရရင် လူမလုပ်တော့ဘူး!"
ရူးသွပ်နေသော ဟောက်သံနှင့်အတူ ရှောင်းချင်ထျန်းသည် လူတိုင်းနောက်သို့ အနီးကပ်လိုက်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
သူ့နောက်တွင် ရှောင်းမိသားစုမှ အဖွဲ့ဝင်များသည်လည်း လုံးဝမရပ်ဘဲ သူ့နောက်သို့ အနီးကပ် လိုက်လာခဲ့ကြသည်။
"မြန်မြန်လုပ်!"
"ဘာပဲဖြစ်ဖြစ် ရှေးဟောင်းမြို့ရဲ့ ရတနာ အားလုံးနီးပါး လုယက်သွားပြီ... အဲဒီကလေးကို ဖမ်းပြီး သတ်လိုက်မယ်ဆိုရင် မင်းဆန္ဒအလျောက် ရတနာတစ်ခု ရနိုင်လိမ့်မယ်!"
"ဒီကောင်က သေမင်းကို သူ့ဘာသာသူ ရှာနေတာပဲ.... သူဘယ်သွားမလဲ ကြည့်ရအောင်!"
"သူ့ကို မလွှတ်ပေးနိုင်ဘူး!"
လူအများအပြားက လုရွှမ်ကို လိုက်ဖမ်းနေကြတာကို မြင်လိုက်ရတော့ ရှေးဟောင်းမြို့က ကျန်တဲ့သူတွေက သည်းမခံနိုင်တော့ဘဲ အမဲလိုက်အဖွဲ့ထဲကို ချက်ချင်း ဝင်လိုက်ကြသည်။
ချက်ချင်းပင် လူထောင်ပေါင်း များစွာသည် တစ်ပြိုင်နက်တည်း ပြေးလွှားနေရာ ချိုင့်ဝှမ်းတွင် ကြောက်စရာ အကောင်းဆုံး အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ရာနှင့်ချီသော အထဲမှ ထက်ဝက်ကျော်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ဖြစ်ပြီး သန်မာသူများသည် အဆင့်၈သို့ပင် ရောက်ရှိနေပြီဖြစ်ကာ လိုက်ဖမ်းနေကြသော လူငယ်သည် အဓိပတိ နယ်ပယ်တွင်သာ ရှိလေသည်။
"အရှင်မင်းသား... ကျုပ်တို့ ဘာလုပ်ရမလဲ"
မင်းသား ချန်ရှင်းနှင့် အခြားသူများသည် တစ်ဖက်မှ စိတ်လှုပ်ရှားမှုစွာ ကြည့်နေကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အားလုံးက အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အချိန်အတော် ကြာပြီးနောက် သခင်မဟိုင်ထန်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"ဘာလုပ်ရမှာလဲ? အဲဒီကလေးကို သတ်ဖို့ အခွင့်အရေး ရှာရမှာပေါ့"
မင်းသား ချန်ရှင်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာသည်။
"ဟုတ်တယ်.... ဒါက အခွင့်အရေးကောင်းပဲ သူကိုယ်တိုင် သေတွင်းတူပြီး သူ့ကို သတ်ဖို့ ခွန်အားကြီးတဲ့လူတွေကို ဆွဲဆောင်သွားပြီ.... တခြားကို အပြစ်တင်လို့ မရတော့ဘူး"
ကောင်းရှန်ကလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
ထောင်ပေါင်းများစွာသော သခင်များ ပူးပေါင်း၍ လုရွှမ်ကို ပူးပေါင်း သတ်ဖြတ်နေကြသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သန်မာသော လူတစ်ယောက်သည်ပင် ထိုနေရာထဲသို့ ပြုတ်ကျခဲ့လျှင် သူ အသက်ရှင်လျက် ထွက်သွားနိုင်မည်မှာ လုံးဝမဖြစ်နိုင်ချေ။
အရင်တုန်းကတော့ လူတိုင်း သူ့ကိုသတ်ချင်နေတဲ့ အဓိကအချက်ကို မထိခဲ့လို့ ခဏလောက်တော့ သည်းခံနိုင်ပေမယ့် အခုတော့ ကောင်းသွားပြီ။ ရှေးဟောင်းမြို့ တစ်မြို့လုံးမှာ ရှိတဲ့ လူတိုင်းရဲ့ရှေ့မှာ ရတနာကို လူသွားပြီလေ။ သူ့ကိုလွှတ်ထားတာကမှ ထူးဆန်းနေလိမ့်မည်။!
"အတူတူ လိုက်ကြည့်ရအောင် ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူပြီး ကောင်းတဲ့အရာတွေ အများကြီး ရလာနိုင်တယ်!"
မင်းသားချန်ရှင်း၏ ဆရာသခင်မှာလည်း ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။
ဤလုရွှမ်သည် သူ၏ဝိညာဉ်သားရဲနှင့် အတူရှိနေပါက သူသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိနိုင်ပေ။ ယခု သူတစ်ယောက်တည်း ထွက်ပြေးနေရပြီ။
ဤကဲ့သို့ အမုန်းတရားကြီးကို ဖန်တီးပြီး ထောင်နှင့်ချီသော လူများဆီက လိုက်ဖမ်းခံနေရတာကို မသတ်နိုင်ရင် ရှက်စရာကြီး ဖြစ်သွားပေမည်။
"ကောင်းပြီ!"
ဆုံးဖြတ်ချက်ချ ပြီးနောက် မင်းသား ချန်ရှင်းနှင့် အခြားသူများသည် မရပ်တန့်ဘဲ အလျင်အမြန် ပြေးထွက်သွားကြသည်။
Chapter (174) Arc 3
႐ူးသြပ္စြာလိုက္သတ္ျခင္း (ပထမပိုင္း)
ဝုန္း!
အခ်ိန္အနည္းငယ္ ၾကာၿပီးေနာက္ ရတနာ အျပင္ဘက္တြင္ တားဆီးထားေသာ အစီအရင္သည္ ေနာက္ဆုံးတြင္ လုံးဝကို ပ်က္စီးသြားကာ ၎၏ပုံစံ အစစ္အမွန္ကို ထုတ္ေဖာ္ျပသလာခဲ့သည္။
ႀကီးမားေသာ ေက်ာက္သား ေျမပုံပင္။
ဟူး!
အတားအဆီး မရွိေတာ့ေသာအခါ ေက်ာက္သား ေျမပုံသည္ ေကာင္းကင္မွ ျပဳတ္က်လာၿပီး ေျမျပင္ေပၚသို႔ ျပဳတ္က်လာ၏။
"အစီအရင္ကို ခ်ိဳးဖ်က္ၿပီးၿပီ ဆိုေတာ့ ဒီရတနာကို ဘယ္သူ ပိုင္မလဲဆိုတာ ေဆြးႏြေးၾကည့္ရေအာင္"
ေရွာင္းခ်င္ထ်န္းသည္ သူ႕လက္သီးမ်ားကို တိတ္တဆိတ္ ဆုပ္လိုက္ၿပီး ပတ္ပတ္လည္ကို ၾကည့္လိုက္သည္။
"ဘာမွ ေဆြးႏြေးေနစရာ မလိုပါဘူး... ေခါင္းေဆာင္ေရွာင္းက က်ဳပ္တို႔ထဲမွာ အသန္မာဆုံးပဲ... ေရွာင္းမိသားစုက က်ဳပ္တို႔ကို အခ်ိန္အၾကာႀကီး ေထာက္ပံ့ေပးမယ္လို႔ ကတိျပဳထားသေ႐ြ႕ က်ဳပ္ကေတာ့ ခင္ဗ်ားကို ေထာက္ခံေပးတယ္!"
"ကြၽန္ေတာ္လည္း ေထာက္ခံပါတယ္... ေခါင္းေဆာင္ေရွာင္းက တန္ခိုးအရွိဆုံး ျဖစ္ၿပီး သဘာဝအတိုင္း ရတနာကို ပိုင္ဆိုင္လိုက္တာက လူတိုင္း ပိုင္ဆိုင္ထားသလိုပါပဲ"
"ဒီရတနာကို ေခါင္းေဆာင္ေရွာင္းက ပထမဆုံး ရွာေတြ႕ခဲ့တာ ဆိုေတာ့ သူ႕ပိုင္ဆိုင္မယ္ဆို ကြၽန္ေတာ္ လက္ခံပါတယ္"
ေရွာင္းခ်င္ထ်န္း ေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈ရွိ လူ၇ေယာက္ ၈ေယာက္ေလာက္က တညီတၫြတ္တည္း ေျပာဆိုၾကသည္။
ဤလူအားလုံးတို႔သည္ သူ႕လူမ်ား ျဖစ္ၾက၍ တုံ႕ဆိုင္းျခင္းမရွိဘဲ ခ်က္ခ်င္း ေထာက္ခံစကားမ်ား ဆိုလာၾက၏။
"ဒါ...."
ဒီလူေတြရဲ႕ ရပ္တည္ခ်က္ေတြကို ၾကားေတာ့ အစီအရင္ကို ခ်ိဳးဖ်က္ဖို႔ အတူတူ လက္တြဲလုပ္ခဲ့ၾကတဲ့ လူေတြ အားလုံးဟာ ႐ုပ္ဆိုးတဲ့ မ်က္ႏွာေတြနဲ႕ ေခ်ပခ်င္ေပမယ့္ စကားမေျပာရဲၾကေခ်။
ေရွာင္းခ်င္ထ်န္းရဲ႕ ခြန္အားကို ေဘးဖယ္ထားလိုက္မယ္ ဆိုရင္ေတာင္ ဒီေထာက္ခံေနတဲ့ အဆင့္၈ ေတြကို သူတို႔အေနနဲ႕ တိုက္ခိုက္နိုင္မွာ မဟုတ္ေပ။
"မင္းတို႔ရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္.... မင္းတို႔ ဒီလိုေျပာလာေတာ့ ငါတကယ္ အားနာေနမိပါၿပီ!"
ေရွာင္းခ်င္ထ်န္းပ အေျခအေနကို အခ်ိန္အေတာ္ၾကာ ကတည္းက ခန႔္မွန္းမိထားပုံရၿပီး ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။
"လူတိုင္း စိတ္မပူပါနဲ႕.... က်ဳပ္ ေရွာင္းခ်င္ထ်န္းက ဒီေန႕ က်ဳပ္အေပၚထားတဲ့ အားလုံးကို ၾကင္နာမႈေပးကို သတိရေနမွာပါ.... အနာဂတ္မွာ က်ဳပ္တို႔ေရွာင္းမိသားစုက ခင္ဗ်ားတို႔အားလုံးနဲ႕ ပူးေပါင္းေဆာင္႐ြက္ဖို႔ အတတ္နိုင္ဆုံး ႀကိဳးစားသြားမွာပါ"
"ဟားဟား! ဒီလိုအသံ ျမင့္တဲ့ပုံစံနဲ႕ အရွက္မရွိေျပာနိုင္တာ တကယ့္ကို အေရထူတာပဲ!"
သူစကားမဆုံးခင္မွာ မလွမ္းမကမ္းမွ အသြင္မေဆာင္ဘဲ ရယ္ေမာသံကို ၾကားလိုက္ရသည္။
"ဘယ္သူလဲ??"
"ဘယ္သူက ေသခ်င္ေနတာလဲ?"
ေရွာင္းခ်င္ထ်န္း စကားမေျပာေသးေပမယ့္ သူ႕ေနာက္လိုက္ေခြးေတြက က်ယ္ေလာင္စြာ ေအာ္လိုက္ၿပီး အသံရဲ႕ ဦးတည္ရာကို ၾကည့္လိုက္ေတာ့ အေဆာက္အအုံ၏ တံစက္ၿမိတ္ေပၚ တိတ္တိတ္ဆိတ္ဆိတ္ ရပ္ေနတဲ့ လူငယ္တစ္ေယာက္ကို ေတြ႕လိုက္ရ၏။ သူ႕ပုခုံးေပၚမွာလည္း က်ီးကန္းတစ္ေကာင္ နားေနေသးသည္။
သူသာ စကားမေျပာခဲ့ရင္ သူေပၚလာတာကို ဘယ္သူမွ သိမွာ မဟုတ္ဘူး။
"လု႐ႊမ္?"
"မင္း တစ္ခ်ိန္လုံး ပုန္းေနတာ အခုေတာ့ ထြက္လာၿပီေပါ့.... မင္းေသမွာကို ေစာင့္ေနလိုက္!"
"မေကာင္းတဲ့ေကာင္! မင္းလက္ထဲက ရတနာေတြကို အျမန္လႊဲေပးစမ္း!"
ေကာင္ေလး၏ ပုံသဏၭာန္ကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေတာ့ အားလုံးက ေဒါသတႀကီးႏွင့္ တညီတၫြတ္တည္း ဆူပူ ႀကိမ္းေမာင္းၾကေတာ့သည္။
"လု႐ႊမ္.... မင္းက ငါ့လူေတြကို သတ္ၿပီး ငါ့ရတနာေတြကို လုယူသြားေပမယ့္ မင္း ငါတို႔ကို ေရွးေဟာင္းၿမိဳ႕ထဲကို လိုက္ပို႔ေပးခဲ့တယ္.. ဒါေၾကာင့္ အခု မင္းကို အခြင့္အေရးေပးမယ္ မင္းရထားတဲ့ ရတနာေတြကို ငါ့ကိုလႊဲေပးရင္ ငါ ေရွာင္းခ်င္ထ်န္းက မင္းအသက္ကို ခ်မ္းသာေပးမယ္လို႔ ကတိေပးတယ္!"
ေရွာင္းခ်င္ထ်န္းသည္ ေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ သူ႕မ်က္ႏွာသည္ ေျဖာင့္မတ္ျခင္း အျပည့္ႏွင့္ ဆိုလိုက္သည္။
"ဟူး... အဲဒါေၾကာင့္ မင္းက အေရထူၿပီး အရွက္မရွိဘူးလို႔ ေျပာတာေပါ့! ငါ မင္းနဲ႕ စကားမေျပာေတာ့ဘူး... အစီအရင္ကို ခ်ိဳးဖ်က္ၿပီးၿပီ ဆိုေတာ့ ရတနာကို လက္ခံလိုက္ၿပီ! ႏႈတ္ဆက္ပါတယ္!"
စကားေျပာၿပီးေနာက္ အနည္းငယ္ လန္းဆန္းသြားသလို ခံစားလိုက္သည္။
ဟူး!
လူအုပ္အလယ္က အစီအရင္ကို ခ်ိဳးဖ်က္ ခံလိုက္ရတဲ့ ေက်ာက္တုံးေျမပုံဟာ သဲလြန္စ မရွိဘဲ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားေတာ့သည္။
ထို႔ေနာက္ ခ်က္ခ်င္းပင္ မရပ္တန႔္ဘဲ ေရွ႕တည့္တည့္သို႔ အျမန္ေျပးကာ အႀကိမ္အနည္းငယ္ လႈပ္ရွားရင္း လူတိုင္း၏ မ်က္စိေရွ႕တြင္ ေပ်ာက္ကြယ္သြားခဲ့သည္။
"ဘာ?"
"ဘယ္လိုလုပ္ ေပ်ာက္သြားတာလဲ"
"ဟ!! ဒီေကာင္က ငါတို႔အာ႐ုံကို တမင္တကာ ဆြဲေဆာင္ေနတာပဲ.... တကယ္က ရတနာခိုးယူဖို႔ စက္ဆုပ္႐ြံရွာစရာ နည္းလမ္းတခ်ိဳ႕ကို သုံးခဲ့တာပဲ ျဖစ္ရမယ္"
"သူ႕ကို မလြတ္ေစနဲ႕!"
သူတို႔ရဲ႕ ခြန္အားေတြ အကုန္ထုတ္သုံးၿပီး ေနာက္ဆုံးေတာ့ ကန႔္သတ္ထားတဲ့ ေက်ာက္တုံးေျမပုံကို ရရွိခဲ့ေသာ္လည္း တခဏခ်င္း ေပ်ာက္ကြယ္သြားတာကို ျမင္လိုက္ရေတာ့ အားလုံး ႐ူးသြပ္သြားၾကသည္။
ေရွာင္းခ်င္ထ်န္းလည္း ေသြးအန္လုမတတ္ ျဖစ္သြားသည္။
ဒီေလာက္တန္ေၾကယ ႀကီးႀကီးေပးၿပီး သူ႕အတြက္ေျပာပဖို႔ မေရမတြက္နိုင္ေအာင္ ခြန္အားႀကီးတဲ့ လူေတြကို စုေဆာင္းၿပီး ရတနာကို ရေတာ့မယ့္ မ်က္စိတစ္မွိတ္ အတြင္းမွာပဲ အဓိပတိနယ္ပယ္သာ ရွိတဲ့ ကေလးတစ္ေယာက္က ျဖတ္လုသြားခဲ့ေလသည္။
"အဲဒီကေလးကို ငါ့အတြက္ ဖမ္းလာခဲ့!! ဖမ္းနိုင္တဲ့ ဘယ္သူမဆို သူ႕ခႏၶာကိုယ္ထဲက ရတနာမွန္သမွ်ကို မင္းတို႔ ဆႏၵအေလ်ာက္ ေ႐ြးခ်ယ္နိုင္မယ္လို႔ ကတိေပးတယ္။"
ခက္ထန္ေသာ မ်က္ႏွာျဖင့္ ေရွာင္းခ်န္ထ်န္းက အ႐ူးအမူး ေဟာက္လိုက္သည္။
"လိုက္!"
"အဓိပတိနယ္ပယ္ေလးက ငါတို႔ပစၥည္းေတြကို ခိုးဖို႔ေတာင္ သတၱိရွိတယ္ေပါ့?? သူက ေသတြင္းကို လာတူးေနတာပဲ!"
"အဲဒီေကာင္ကို အပိုင္းပိုင္း ျဖတ္ပစ္မယ္"
"စိတ္ပ်က္စရာပဲ!"
လူတိုင္း ေဒါသေတြ ဆူပြက္သြားသည္။
မတိုင္ခင္က ေရွာင္းခ်င္ထ်န္းရဲ႕ လႊမ္းမိုးမႈကို ရင္ဆိုင္ေနရလို႔ သူတို႔ဟာ ယုတ္မာတဲ့ စကားေတြ မေျပာရဲၾကေပမယ့္ အခုခ်ိန္မွာေတာ့ အဓိပတိနယ္ပယ္က ေကာင္ေလးတစ္ေယာက္က သူတို႔ရတနာကို လုယူသြားတဲ့အတြက္ သူတို႔ ဘယ္လိုလုပ္ သည္းခံနိုင္မလဲ?
လူတိုင္းဟာ ေဒါသေတြနဲ႕ ျပည့္ႏွက္ေနၿပီး လု႐ႊမ္ကို ခ်က္ခ်င္း သတ္ပစ္ခ်င္စိတ္ျဖင့္ ေျပးလိုက္သြားၾကသည္။
ဗုန္း!
မေရမတြက္နိုင္ေသာ သန္မာေသာ လူမ်ားသည္ ေရွးေဟာင္းၿမိဳ႕ထဲက ရတနာမ်ားကို ရွာေဖြမႈ ရပ္တန႔္ကာ လု႐ႊမ္၏ေနာက္သို႔ အသည္းအသန္ အ႐ူးအမူး လိုက္ၾကေတာ့သည္။
ခ်က္ခ်င္းပင္ ထို႐ူးသြပ္မႈ၏ အရွိန္အဝါသည္ ေလထဲသို႔ ထိုးတက္လာကာ မေရမတြက္နိုင္ေသာ အရိပ္ ေသးငယ္ေသာ အသြင္အျပင္ေနာက္သို႔ လိုက္ေနၾက၏။
"ေခါင္းေဆာင္... ကြၽန္ေတာ္တို႔ ဘာလုပ္ရမွာလဲ"
ေရွာင္းခ်င္ထ်န္း ေနာက္က အဘိုးႀကီးတစ္ေယာက္က ေမးလိုက္သည္။
"ဘာလုပ္ရမလဲ? သူ႕ေနာက္ကို လိုက္! ရွင္ရင္လူကို ေတြ႕ခ်င္တယ္ ေသရင္ အေလာင္းေတြကို ငါျမင္ခ်င္တယ္!! ငါ ေရွာင္းခ်င္ထ်န္း အဲဒီလု႐ႊမ္ကို မသတ္ရရင္ လူမလုပ္ေတာ့ဘူး!"
႐ူးသြပ္ေနေသာ ေဟာက္သံႏွင့္အတူ ေရွာင္းခ်င္ထ်န္းသည္ လူတိုင္းေနာက္သို႔ အနီးကပ္လိုက္ကာ ေရွ႕သို႔ ေျပးသြားခဲ့သည္။
သူ႕ေနာက္တြင္ ေရွာင္းမိသားစုမွ အဖြဲ႕ဝင္မ်ားသည္လည္း လုံးဝမရပ္ဘဲ သူ႕ေနာက္သို႔ အနီးကပ္ လိုက္လာခဲ့ၾကသည္။
"ျမန္ျမန္လုပ္!"
"ဘာပဲျဖစ္ျဖစ္ ေရွးေဟာင္းၿမိဳ႕ရဲ႕ ရတနာ အားလုံးနီးပါး လုယက္သြားၿပီ... အဲဒီကေလးကို ဖမ္းၿပီး သတ္လိုက္မယ္ဆိုရင္ မင္းဆႏၵအေလ်ာက္ ရတနာတစ္ခု ရနိုင္လိမ့္မယ္!"
"ဒီေကာင္က ေသမင္းကို သူ႕ဘာသာသူ ရွာေနတာပဲ.... သူဘယ္သြားမလဲ ၾကည့္ရေအာင္!"
"သူ႕ကို မလႊတ္ေပးနိုင္ဘူး!"
လူအမ်ားအျပားက လု႐ႊမ္ကို လိုက္ဖမ္းေနၾကတာကို ျမင္လိုက္ရေတာ့ ေရွးေဟာင္းၿမိဳ႕က က်န္တဲ့သူေတြက သည္းမခံနိုင္ေတာ့ဘဲ အမဲလိုက္အဖြဲ႕ထဲကို ခ်က္ခ်င္း ဝင္လိုက္ၾကသည္။
ခ်က္ခ်င္းပင္ လူေထာင္ေပါင္း မ်ားစြာသည္ တစ္ၿပိဳင္နက္တည္း ေျပးလႊားေနရာ ခ်ိဳင့္ဝွမ္းတြင္ ေၾကာက္စရာ အေကာင္းဆုံး အေျခအေနတစ္ခု ေပၚေပါက္လာခဲ့သည္။
ရာႏွင့္ခ်ီေသာ အထဲမွ ထက္ဝက္ေက်ာ္သည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္မွ ျဖစ္ၿပီး သန္မာသူမ်ားသည္ အဆင့္၈သို႔ပင္ ေရာက္ရွိေနၿပီျဖစ္ကာ လိုက္ဖမ္းေနၾကေသာ လူငယ္သည္ အဓိပတိ နယ္ပယ္တြင္သာ ရွိေလသည္။
"အရွင္မင္းသား... က်ဳပ္တို႔ ဘာလုပ္ရမလဲ"
မင္းသား ခ်န္ရွင္းႏွင့္ အျခားသူမ်ားသည္ တစ္ဖက္မွ စိတ္လႈပ္ရွားမႈစြာ ၾကည့္ေနၾကသည္။ ဤျမင္ကြင္းကို ျမင္လိုက္ရသျဖင့္ အားလုံးက အံ့အားသင့္ကာ မ်က္လုံးမ်ား ျပဴးက်ယ္သြားၾကသည္။ အခ်ိန္အေတာ္ ၾကာၿပီးေနာက္ သခင္မဟိုင္ထန္က မထိန္းနိုင္ဘဲ ေျပာလိုက္သည္။
"ဘာလုပ္ရမွာလဲ? အဲဒီကေလးကို သတ္ဖို႔ အခြင့္အေရး ရွာရမွာေပါ့"
မင္းသား ခ်န္ရွင္း၏ မ်က္လုံးမ်ားသည္ စိတ္လႈပ္ရွားမႈမ်ားျဖင့္ နီျမန္းလာသည္။
"ဟုတ္တယ္.... ဒါက အခြင့္အေရးေကာင္းပဲ သူကိုယ္တိုင္ ေသတြင္းတူၿပီး သူ႕ကို သတ္ဖို႔ ခြန္အားႀကီးတဲ့လူေတြကို ဆြဲေဆာင္သြားၿပီ.... တျခားကို အျပစ္တင္လို႔ မရေတာ့ဘူး"
ေကာင္းရွန္ကလည္း စိတ္လႈပ္ရွားစြာ ေခါင္းညိတ္လိုက္သည္။
ေထာင္ေပါင္းမ်ားစြာေသာ သခင္မ်ား ပူးေပါင္း၍ လု႐ႊမ္ကို ပူးေပါင္း သတ္ျဖတ္ေနၾကသည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က သန္မာေသာ လူတစ္ေယာက္သည္ပင္ ထိုေနရာထဲသို႔ ျပဳတ္က်ခဲ့လွ်င္ သူ အသက္ရွင္လ်က္ ထြက္သြားနိုင္မည္မွာ လုံးဝမျဖစ္နိုင္ေခ်။
အရင္တုန္းကေတာ့ လူတိုင္း သူ႕ကိုသတ္ခ်င္ေနတဲ့ အဓိကအခ်က္ကို မထိခဲ့လို႔ ခဏေလာက္ေတာ့ သည္းခံနိုင္ေပမယ့္ အခုေတာ့ ေကာင္းသြားၿပီ။ ေရွးေဟာင္းၿမိဳ႕ တစ္ၿမိဳ႕လုံးမွာ ရွိတဲ့ လူတိုင္းရဲ႕ေရွ႕မွာ ရတနာကို လူသြားၿပီေလ။ သူ႕ကိုလႊတ္ထားတာကမွ ထူးဆန္းေနလိမ့္မည္။!
"အတူတူ လိုက္ၾကည့္ရေအာင္ ပရမ္းပတာ အေျခအေနကို အခြင့္ေကာင္းယူၿပီး ေကာင္းတဲ့အရာေတြ အမ်ားႀကီး ရလာနိုင္တယ္!"
မင္းသားခ်န္ရွင္း၏ ဆရာသခင္မွာလည္း ေခါင္းညိတ္ျပၿပီး သူ႕မ်က္လုံးမ်ားသည္ စိတ္လႈပ္ရွားမႈမ်ားျဖင့္ ေတာက္ပေန၏။
ဤလု႐ႊမ္သည္ သူ၏ဝိညာဥ္သားရဲႏွင့္ အတူရွိေနပါက သူသည္ ၎ကို ကိုင္တြယ္ေျဖရွင္းရန္ နည္းလမ္း မရွိနိုင္ေပ။ ယခု သူတစ္ေယာက္တည္း ထြက္ေျပးေနရၿပီ။
ဤကဲ့သို႔ အမုန္းတရားႀကီးကို ဖန္တီးၿပီး ေထာင္ႏွင့္ခ်ီေသာ လူမ်ားဆီက လိုက္ဖမ္းခံေနရတာကို မသတ္နိုင္ရင္ ရွက္စရာႀကီး ျဖစ္သြားေပမည္။
"ေကာင္းၿပီ!"
ဆုံးျဖတ္ခ်က္ခ် ၿပီးေနာက္ မင္းသား ခ်န္ရွင္းႏွင့္ အျခားသူမ်ားသည္ မရပ္တန႔္ဘဲ အလ်င္အျမန္ ေျပးထြက္သြားၾကသည္။