တစ်ယောက်နှင့်တစ်ယောက်မတွေ့ဖြစ်ခဲ့ကြသည်မှာ အတော်လေးကြာလွန်းလှခဲ့ပြီဖြစ်ပြီး နောက်ဆုံးအကြိမ်တွေ့ခဲ့သည့်အချိန်ကတည်းကလည်း အဆက်အသွယ်ဟူ၍လုံးဝမရှိ။ ဝိန်းရိဖန်အတွက် ဤလူ၏တည်ရှိမှုကိုပင် ရေးတေးတေးဖြင့်မေ့ပျောက်လုနီးနီးဖြစ်သည်။
သို့သည့်တိုင် မှတ်မိနေပါသေးသည့်အရာက နှစ်ယောက်သား နောက်ဆုံးပြောခဲ့သောစကားလုံးတို့မှာ နားထောင်ကောင်းသည့်စကားလုံးများတော့ မဟုတ်ခဲ့ပါသည့်အကြောင်းပေ။
သူ့အနေဖြင့် သူမထံသို့ စိတ်မကောင်းစွာဖြင့်ကူညီပေးဖို့ရာ ရောက်လာမည့်ဆက်ဆံရေးမျိုး ပို၍ပင်မဟုတ်ပါချေ။
ဝိန်းရိဖန်း၏ ပထမဆုံးအတွေးမှာ....
တစ်ဖက်လူက သူမအား အမှတ်မှားနေသည်ဟူ၍။
သို့သော် ဦးနှောက်ထဲသို့ ဝင်လာသည့် နောက်ထပ်အတွေးတစ်ခုမှာကား....
စန်းရန်သည်လည်း အချိန်နှင့်အမျှရင့်ကျက်လာခဲ့ကာ နှလုံးသားအတွေးတို့ ကျယ်ပြန့်သွားနိုင်သည်ဟူ၍။ အတိတ်မှ အာဃာတတရားများကိုလွှတ်ချနိုင်ခဲ့ပြီး အတန်းဖော်ဟောင်းတစ်ယောက်ကို ပြန်တွေ့သည့်စိတ်မျိုးဖြင့်သာ ဆက်ဆံနေလောက်သည်ဟူ၍ပင်။
ဝိန်းရိဖန်သည် အတွေးစများကိုပြန်သိမ်းယူလိုက်ပြီး လက်ထဲတွင်ကိုင်ထားသည့်အပေါ်ဝတ်ဂျတ်ကတ်ကိုပြန်ပေးရင်း မျက်ဝန်းများထဲတွင်တော့ အတွေးများ၊မေးခွန်းများဖြင့် ပြည့်နေခဲ့သည်။
စန်းရန်က လက်ခံမယူဘဲ သူ၏အကြည့်များကလည်း ပြန်ပေးနေသည့်လက်တစ်စုံကိုမျက်ကွယ်ပြု၍ ;
"ကိုယ်က ဒီ Bar ရဲ့ပိုင်ရှင်"
ဝိန်းရိဖန်၏လက်တစ်စုံက လေထဲတွင်ရပ်တန့်နေပြီး တုန့်ပြန်မှုများပါ နှေးကွေးကုန်တော့သည်။
အချိန်တစ်ခုစာအတွင်း အခြေအနေကို သိပ်နားမလည်နိုင်ပါသေးချေ။
သူ့စကား၏အဓိပ္ပါယ်က သူ့ကိုယ်သူမိတ်ဆက်နေခြင်းမျိုးနှင့်တူသည့်အပြင် လက်ရှိအချိန်၌ သူ့အခြေအနေဟာ ဘယ်လိုဘယ်ပုံမကောင်းမွန်နေသည့်အကြောင်း ၊ အသက်ငယ်ငယ်လေးဖြင့် အမြင့်သို့ရောက်ပြီး ပိုင်ရှင်သူဌေး ဖြစ်နေနှင့်သည့်အကြောင်းအား ထုတ်ဖော်ပြသနေသယောင်ယောင်။
ယခုလိုအခြေအနေမျိုး၌ပင် ဝိန်းရိဖန်မှာ အတွေးကမ္ဘာထဲမျောနေနိုင်သေးပြီး ကျုံးစစ်ချောင်၏စကားအား လှမ်းသတိရမိလိုက်၏။
---"ဒီ Bar ရဲ့ပိုင်ရှင်က လမ်းသရဲလမ်းမကြီးရဲ့ အဓိကသင်္ကေတလို့ ပြောလို့ရတယ်ဟ"
မျက်ဝန်းများက မနေနိုင်အောင် သူ့အား သုံးလေးကြိမ်မျှ လှမ်းကြည့်နေမိလိုက်၏။
အနက်ရောင်မျက်ခုံး ၊ အနက်ရောင် မျက်ဆံများက ဤနေရာမှမီးရောင်များထက်ပင် ကြည်လင်နေသေးသည်။
မျက်နှာထက်တွင် ထိုခုနှစ်များဆီမှ အရိုင်းဆန်သောပုံရိပ်များလျော့ပါးသွားခဲ့ပြီး အချိုးအကျတို့တင်းမာ၍ သပ်သပ်ရပ်ရပ်ရှိလာခဲ့သည်။ ခန္ဓာကိုယ်အရပ်အမြင့်မှာလည်း တော်တော်လေးကိုမြင့်ပြီး ပိန်ပိန်ပါးပါးရှိကာ တစ်ကိုယ်လုံးထက်ရှိ အနက်ရောင်အဝတ်အစားများက မထီမဲ့မြင်ပြုတတ်သည့်မာနနှင့်လျစ်လျူရှုတတ်သောအကျင့်တို့ကိုတော့ လုံးဝမဖုံးလွှမ်းနိုင်ဘဲ တည်ရှိနေဆဲပင်ဖြစ်၏။
တကယ်ကို အဓိကသင်္ကေတ ပင်။
ထိုနာမည်က ထိုက်ထိုက်တန်တန်ကို ရထားခြင်းမှန်းသိသာလှသည်။
စန်းရန်၏နှုတ်ခမ်းပါးမှ ထွက်လာသည့်နောက်ထပ် စကားလုံးတို့ကြောင့် ဝိန်းရိဖန် အသိစိတ်တို့ပြန်ကပ်သွားခဲ့တော့၏။
"မျိုးရိုးနာမည် စန်း"
"..."
ဒါက သူ့မျိုးရိုးနာမည်ကို မိတ်ဆက်နေတာလား?
ဒါဆို ဆိုလိုချင်တာက သူမကို မမှတ်မိတဲ့အတွက် မိတ်ဆက်နေတာမလား?
ဝိန်းရိဖန်က အခြေအနေကိုချက်ချင်းနားလည်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။
"ဘာကိစ္စများ ရှိလို့လဲ"
"အရမ်းအားနာရပါတယ် ၊ ကိုယ်တို့ဘက်က အမှားကြောင့် လူကြီးမင်း အဆင်မပြေဖြစ်အောင်လုပ်မိသွားတယ်"
စန်းရန်က ဆက်၍ ;
"လူကြီးမင်းဘက်က တောင်းဆိုချင်တာမျိုးရှိရင် ကိုယ့်ကိုပြောလို့ရပါတယ် ၊ ပြီးတော့ လူကြီးမင်းရဲ့ ဒီနေ့ညကျသင့်ငွေအားလုံးကို ကိုယ်တို့ဘက်က ကုန်ကျခံပါ့မယ် ၊ လူကြီးမင်းရဲ့ ကြည်လင်နေတဲ့စိတ်လေးကို အနှောက်အယှက်မဖြစ်သွားစေဖို့လည်း မျှော်လင့်ပါတယ်"
'လူကြီးမင်း'ဆိုသည့်စကားလုံးတိုင်းကို တစ်ခါပြီးတစ်ခါသုံးနှုန်းနေပါသည့်တိုင် ဝိန်းရိဖန်အတွက်တော့ သူ့ထံမှ လေးစားမှုကိုပြသနေသည့်အရိပ်အယောင်မျိုး လုံးဝလုံးဝမမြင်ခဲ့။
စကားပြောနေသည့်လေသံသည်ပင် အစကတည်းကအတိုင်း မပြောင်းမလဲ ၊ ပြောနေသည့်ပုံစံက ပျင်းတိပျင်းရွဲ စိတ်မပါလက်မပါဖြင့် ရိုက်နှက်ခံရခြင်းကြောင့် အေးတိအေးစက်ပြောနေရသလိုမျိုးပေ။
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်၏။
"မလိုပါဘူး....အဆင်ပြေပါတယ်"
ဤစကားကို ပြောထွက်လာချင်းချင်းတွင် စန်းရန်၏မျက်ဝန်းများက သိသိသာသာကျယ်လာခဲ့ကာ စိတ်သက်သာရာရသွားသည့်ပုံစံမျိုးဖြစ်သွားခဲ့၏။ သူ့ဘက်မှနေ၍ သူမနှင့်စကားပြောရသည်မှာ လွယ်ကူပြီးအဆင်ပြေသည်ဟု တွေးလိုက်ပုံရကာ အသံနေအသံထားတို့က ယခင်ကထက်ငြင်သာသွားခဲ့ပြီး ခေါင်းတစ်ချက်ငြိမ့်ပြလာ၏။
"ဒါဆို ခွင့်ပြုပါဦး"
ထို့နောက် ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်ကာ ခြေလှမ်းများကအခြားဘက်သို့ဦးတည်ပြီး လျှောက်ထွက်သွားခဲ့တော့သည်။
ဝိန်းရိဖန်က သူ့ကုတ်အင်္ကျီကို လက်ထဲ၌ကိုင်ထားဆဲဖြစ်၍ အလိုလိုလှမ်းခေါ်မိလိုက်တော့၏။
"စန်း...."
စန်းရန် နောက်ပြန်လှည့်ကြည့်လာခဲ့၏။
သူ့အကြည့်များနှင့်ဆုံသွားသည့်အခိုက်အတန့်တွင် ဝိန်းရိဖန်းမှာ သူတို့နှစ်ဦးသည် လက်ရှိအချိန်၌ သူစိမ်းများအဖြစ်ရှိနေကြကြောင်းကို ရုတ်တရတ် အမှတ်ရမိလိုက်ကာ 'ရန်' ဆိုသည့်စကားလုံးက လည်ပင်းဝတွင်သာ တစ်နေလေပြီးပြောမထွက်လာပါတော့ပေ။
ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားပြီး ဝိန်းရိဖန်က မည်သို့မည်ပုံ ဆက်ခေါ်ရမည်မှန်းမသိတော့။
ပတ်ဝန်းကျင်က အရှက်သည်းစွာကို ငြိမ်သက်ပေးနေသည့်အချိန် ၊ အမည်နာမတစ်ခုကို ခေါ်ဆိုလိုက်ဖို့ရာလည်း အလျင်လိုလာသည့်အခိုက်အတန့်တွင်တော့ ဗလာကျင်းနေသည့် ဦးနှောက်ကြီးထဲတွင် စကားလုံးတစ်စုက ချက်ချင်းနေရာယူလာလေတော့၏။ ဝိန်းရိဖန်က စန်းရန်၏မျက်နှာကို စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း အသံထွက်လာခဲ့တော့သည်။
"....ထို့ ဖန်"
(ထို့ဖန် - အဓိကသင်္ကေတ / ခေါင်းကြီး )
"...."
မျက်လုံးလေးလုံးက အကြည့်ချင်းဆုံလျက်။
လောကမ္ဘာကြီးက နောက်တစ်ကြိမ် ငြိမ်သက်သွားလေပြန်တော့၏။
ကသိကအောက်နိုင်လွန်းသည့်အခြေအနေကြီးထဲတွင် စန်းရန်၏ မျက်ခုံးနှစ်ခုကြားနေရာက တွန့်ချိုးသွားခဲ့မှန်း ဝိန်းရိဖန် လှမ်းမြင်နေခဲ့ရသည်။
"...."
အမ်!
သူမ အခုလေးတင် ဘယ်လိုခေါ်လိုက်တာ
စန်းထို့ဖန်
စန်း..ထို့..ဖန်
အို့..
စန်း...
ငါ-ူး!
အားးးးးးးးး!
စန်းထို့ဖန် ဟုတ်လား..အားးးးးး
"..."
ဝိန််းရိဖန်၏အသက်ရှူသံများ ရပ်တန့်ကုန်ကာ အမူအရာများပင် လွတ်ထွက်ကုန်လုနီးနီး။ သူမဟာ စန်းရန်၏အမူအရာကို လှမ်းမကြည့်ရဲလေတော့ဘဲ နှုတ်ခမ်းကိုတင်းတင်းစေ့လျက်ဖြင့် ကုတ်အင်္ကျီအား နောက်တစ်ကြိမ်လှမ်းပေးလိုက်၏။
"အင်္ကျီ"
အကောင်းဆုံးဖြေရှင်းနည်းက သူမ အရင်ကလုပ်နေကျအတိုင်း မသင့်လျော်သည့်ပုံစံအရိပ််ယောင်မျိုး လုံးဝမပြဘဲ ဘာမှမဖြစ်သွားသလို နေလိုက်ခြင်းသာ။
ဤအပိုင်းလေးကို နည်းနည်းကျော်ချလိုက်ရုံ။
သို့သော် စန်းရန်က သူမအား ဤသို့ဖြစ်နိုင်မည့်အခွင့်အရေးမျိုး ပေးချင်ပုံမရပေ။
လှည့်ကြည့်လာသည့်သူက ဖြေးဖြေးချင်း ရွတ်ပြ၍
"စန်း ထို့ ဖန်"
ဝိန်းရိဖန်က နားမလည်ချင်ယောင်ဆောင်လိုက်ပြီး
"ဟမ်.."
တစ်ခဏတာ တိတ်ဆိတ်သွားပြန်တော့သည်။
စန်းရန်က သူမအား လှမ်းကြည့်နေလေပြီး အနည်းငယ်အံ့သြနေပုံလည်းရကာ ဆိုလိုရင်းကိုနားလည်သွားခဲ့ပုံလည်းရ၏။ သူ၏ 'အာ' ဆိုသည့် အာမေဍိတ်သံတစ်ချက်အပြင် ခပ်ရော့ရော့လေးကွေးတက်သွားသည့်နှုတ်ခမ်းထောင့်စွန်းတို့ကလည်း 'အော် ဒီလိုလား' ဆိုသည့်အမူအရာမျိုးပင် ဖြစ်၍ ;
"အားနာပါတယ် ၊ ကိုယ်တို့ Bar က အရက်တွေချည်းရတဲ့ Bar"
"...."
အထင်အမြင်ကတော့ အကြီးကြီးကို လွဲနေပေသည်။
ကိုယ့်ကိုယ်ကိုယ် အင်မတန်ချောမောကျေနပ်စရာကောင်းမှန်းသိပေမယ့် ဒီလို ဝန်ဆောင်မှုမျိုးပေးဖို့ထိတော့ မတွေးထားမိဘူး....ဒါကြောင့် မင်းဘက်ကလည်း နည်းနည်းပါးပါးအာရုံစိုက်ပေးစမ်း....ဆိုသည့်သဘော
ဝိန်းရိဖန်က အထင်လွှဲသွားသည့်အကြောင်း ရှင်းပြချင်သော်ငြား စကားလုံးများက ရှင်းလေရှုပ်လေဖြစ်ရမည့်အနေအထား၌ ရှိနေခဲ့သည်ပေ။
ထို့ကြောင့်လည်း ထပ်၍ ယက်ကန်ယက်ကန်ရှင်းပြနေရမည်ကိုပျင်းရိလွန်းလှသဖြင့် သက်ပြင်းသာတိတ်တခိုးလေးချမိလိုက်၏။မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ နောက်ထပ်တွေ့ဆုံကြမည့်သူများ မဟုတ်သဖြင့် သူ့စကားနောက်ကိုသာ သံယောင်လိုက်ရင်း စိတ်အားလျော့သွားသည့်ဟန်ဖြင့် ;
"ဟုတ်လား....ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲပေါ့"
"...."
စန်းရန်၏အမုအရာများအားလုံး ကြောင်အမ်းသွားသလို ဖြစ်သွားသည်ကို မြင်လိုက်ရခြင်းမှာ သူမ၏ထင်ယောင်ထင်မှားသက်သက်မဟုတ်။
ဝိန်းရိဖန်က မျက်တောင်ခတ်ပြီး သေချာပြန်ကြည့်လိုက်သည့်တိုင် စန်းရန်၏အမူအရာက ထိုအတိုင်းသာ မပြောင်းမလဲရှိနေဆဲ။သူမလည်း များများစားစားဂရုစိုက်မနေတော့ဘဲ ယဥ်ယဥ်ကျေးကျေးသာပြုံးပြလိုက်၏။
"အင်္ကျီ.."
စန်းရန်ဘက်မှ ထိုအင်္ကျီအား ပြန်ယူမည့်အစီအစဥ်ရှိပုံ မရသေးပေ။
နောက်ထပ် ဆယ်စက္ကန့်မျှကြာပြီးသွားချိန်တွင်တော့ သူက သူမ၏နှုတ်ခမ်းထောင့်စွန်းကို စိုက်ကြည့်နေမှန်း ဝိန်းရိဖန် သတိထားမိလိုက်ကာ ထိုအကြည့်များထဲတွင် တည့်တိုးဆန်ဆန်ထိုးထွင်းသည့်ဆိုလိုရင်းတစ်ခုခုပါနေသေးသည်။
ထိုကဲ့သို့သာ စိုက်ကြည့်နေရင်း ;
"ကိုယ့်အင်္ကျီကိုဝတ်ရမှာအတွက်...."
စန်းရန်က ရုတ်တရက် ပြုံးလိုက်၍ ;
"အရမ်းပျော်နေသင့်တာ မဟုတ်ဘူးလား"
ဝိန်းရိဖန် ; "?"
"ကိုယ် သေသေချာချာတော့မသိပေမယ့်....ကြည့်ရတာ ဒီ Bar ထက် ကိုယ်က နာမည်ပိုကြီးနေတာလားလို့"
သူ့မျက်ခုံးများက ရှက်သွားသည့်ဟန်ဖြင့်အနည်းငယ်ပင့်မြှောက်သွားပြီး သူ့စကားလုံးများမှာတော့ သူမအား မျက်နှာသာပေးလိုသည့်အနေဖြင့် တစ်ထစ်လျော့ချပေးလိုက်အလား ပို၍ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့၏။
"အမှတ်တရအဖြစ် ယူသွားလိုက်လို့ရပါတယ်"
"...."
-------
"သူက တကယ်ကြီး အဲ့လိုပြောလိုက်တာလား?"
ကျုံးစစ်ချောင် ထပ်ခါထပ်ခါမေးပြီး အတည်ပြုနေခဲ့ရင်းက အားရပါးရအော်ရယ်ပစ်လိုက်တော့၏။
"သောက်ကျိုးနည်းပါလား....နင့်ကို ယူသွားပြီးတော့ မှန်ဘောင်သွင်းထားလို့သာ တည့်ပြောလိုက်ပါတော့လား"
ဝိန်းရိဖန်က နှေးနှေးကွေးကွေးဖြင့် ;
"သူ ပြောချင်နေတာလည်း အဲ့အဓိပ္ပါယ်ပဲ"
ကျုံးစစ်ချောင်က ရယ်ချင်နေသည့်စိတ်ကိုထိန်းထားရင်း
"စိတ်ထဲသိပ်ထည့်မနေနဲ့ဦး ၊ ဖြစ်နိုင်တာက ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏဖြစ်နေလို့များ စန်းရန်က နင့်ကိုပါ သူ့ကိုလာကြည့်တယ်လို့ ထင်သွားတာနေမှာ"
"နင်ရော ငါတို့ဒီနေရာကိုလာရတဲ့အကြောင်းအရင်းကို မေ့သွားပြီလား"
"အာ?"
" 'စား'ဖို့ မဟုတ်လား"
ဝိန်းရိဖန်က ဆက်၍
" 'ကြည့်တယ်' ဆိုတဲ့စကားလုံးလေးလောက်နဲ့တော့ သူ့ရဲ့လူပြောများတဲ့ဂုဏ်ပုဒ်တွေကို ယှဥ်လို့မရလောက်တော့ဘူး"
"...."
ကျုံးစစ်ချောင်က ထပ်ပြီးတဝါးဝါးအော်ရယ်ပြန်တော့၏။
ဝိန်းရိဖန်သည်လည်း လိုက်ပြုံးနေရင်း
"တော်ပြီ ၊ နင် စိတ်ထိန်းဦး ၊ သူ ထိုင်နေတုန်းပဲရှိသေးတယ် ၊ ထွက်သွားမှ ဆက်ပြီးရယ်"
လက်ရှိအချိန်တွင်တော့ ဘားခုံ၏အရှေ့တွင် သိသိသာသာလူများလာခဲ့သဖြင့်လည်း စန်းရန်က ခပ်ဝေးဝေးနေရာတစ်ခုထံသို့ ဖယ်ပေးသွားတော့၏။ ဖောက်မြင်နေရသည့်ဖန်ခွက်အကြည်အား စားပွဲပေါ်မှကောက်ယူကာ နှစ်ငုံခန့်မျှမော့လိုက်ပြီး အေးအေးလူလူရှိနေသည့်ပုံစံမှာလည်း ပြောမရဆိုမရသည့်သခင်လေးတစ်ယောက်အသွင်။
ထိုပုံစံကိုမြင်လိုက်ရပြီးနောက်တွင် ကျုံးစစ်ချောင်လည်း မျက်နှာထားကိုထိန်းနိုင်လိုက်၏။
အရက်ငှဲ့ပေးသည့်စားပွဲထိုးလေးက အချိန်ကိုက်နီးပါး ပြန်ရောက်လာခဲ့၏။ စားပွဲထိုးကောင်လေးက အသက်ငယ်ငယ်လေးဖြစ်ပြီး မျက်နှာထက်တွင် ကလေးရုပ်လေးပင်မပျောက်သေး။ သူ့လက်ထဲတွင် လင်ဗန်းတစ်ချပ်ကို ကိုင်ထားပြီး ဝိုင်တစ်ခွက်အား စားပွဲပေါ်သို့ချလာပေး၏။ ထို့အပြင် အခုလေးတင် ဝိန်းရိဖန်ပေးချေထားသည့်ကျသင့်ငွေများနှင့်အတူ ပြေစာတစ်ရွက်ကိုပါ ခေါက်ပြီး ပြန်ပေးလာခဲ့သည်။
"လူကြီးမင်းမှာထားတဲ့ ဝိုင်ပါ"
ဝိန်းရိဖန်က ပိုက်ဆံကိုလှမ်းကြည့်ရင်း
"ဒါက...."
သူမ၏အမေးကို ပြီးအောင်မစောင့်ဘဲ စားပွဲထိုးလေးက စိတ်သက်သာရာမရသည့်အမူအရာမျိုးဖြင့် အလျင်အမြန်ရှင်းပြလာခဲ့၏။
"တောင်းပန်ပါတယ် ၊ ခုဏတုန်းက ကျွန်တော့်ရဲ့အမှားပါ ၊ သူဌေးက ကျွန်တော့်ကိုရှင်းပြပြီးပါပြီ ၊ လူကြီးမင်းရဲ့ဝိုင်းအတွက် ကျသင့်ငွေပေးစရာမလိုတော့ပါဘူးဗျ"
ဝိန်းရိဖန်က စန်းရန်ပြောသွားသည့်စကားကို ပြန်အမှတ်ရလိုက်၏။
တစ်ခဏကြာပြီးနောက်တွင် ဝိန်းရိဖန်က
"ကိစ္စမရှိပါဘူး ၊ ဒီလိုလုပ်စရာ မလိုပါဘူးနော် ၊ ပိုက်ဆံကို ပြန်ယူသွားလိုက်ပါ"
စားပွဲထိုးလေးက ခေါင်းရမ်းပြရင်း
"ဒီဟာကလွဲလို့ လူကြီးမင်းတောင်းဆိုချင်တာရှိရင် ကျွန်တော့်ကို အချိန်မရွေးလှမ်းခေါ်လိုက်ပါနော်"
သူ၏လုပ်ရပ်က ပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီးဖြစ်နေသည့်အတွက် ဝိန်းရိဖန်လည်း ဆက်၍ငြင်းခုံမနေတော့ပေ။ ဘေးနားတွင်ရှိနေသည့် ကုတ်အင်္ကျီကိုလှမ်းယူလိုက်၍ ;
"ကျွန်မ ခုဏတုန်းက သန့်စင်ခန်းသွားနေတုန်း ဒီအင်္ကျီကိုကော်ရစ်တာနားကနေ တွေ့ခဲ့တာ ၊ ဧည့်သည်တစ်ယောက်ယောက် ကျကျန်ခဲ့တာနဲ့တူတယ်"
စားပွဲထိုးလေးက အလျင်အမြန်လှမ်းယူပေးလိုက်၍ ;
"ဟုတ်ကဲ့....လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
စားပွဲထိုးလေး ထွက်သွားပြီးနောက်တွင် ကျုံးစစ်ချောင်က မျက်စပစ်ပြ၍ ;
"ဘာတဲ့လဲ"
ဝိန်းရိဖန်က အစအဆုံးရှင်းပြလိုက်၏။
ကျုံးစစ်ချောင်က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ;
"သူ့ဘက်ကတောင် ဒီလိုပြောနေပြီကို နင်က ဘာကိစ္စနဲ့အတင်းပေးနေတာလဲ"
"ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဆိုတာ လွယ်တာမဟုတ်ဘူး"
ဝိန်းရိဖန်က ဝိုင်တစ်ငုံသောက်လိုက်၏။
"ဒီလိုအသေးအမွှားကိစ္စလေးနဲ့လည်း သူ့ဘက်က ပိုက်ဆံရာချီ ကုန်ကျခံပေးစရာမလိုပါဘူး"
"နင် ဘယ်လိုများ ဒုတိယမျိုးဆက် ဒီချမ်းသာတဲ့သခင်လေးရဲ့ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ငွေဝင်နေတဲ့စီးပွားရေးကို စိတ်ပူပေးနေရတာတုန်း"
ကျုံးစစ်ချောင်က ဆက်၍
"ဒါနဲ့....သူ နင့်ကို တကယ်ကြီးမမှတ်မိတာလား"
ဝိန်းရိဖန်က အဖြစ်နိုင်ဆုံးတွေးကြည့်လိုက်၍
"မမှတ်မိဘူးထင်တာပဲ"
"မြင်နေရတာကိုတောင် မမှတ်မိတာလား"
ကျုံးစစ်ချောင်က အဓိပ္ပါယ်မရှိသလို ခံစားမိနေရရင်း ;
"မဟုတ်သေးပါဘူး ၊ နင် ဘယ်လိုရုပ်ရည်မျိုးရှိလဲဆိုတာ နင်မသိလို့လား ၊ နာမည်မှာ 'ဖန်' လို့ပါတိုင်း ရိုးရိုးသာမန်လေးလို့များထင်နေတာလား"
(ဖန် - သာမန် / ပုံမှန်)
"...."
ဝိန်းရိဖန်က ပြောစရာစကားမဲ့သွားလုနီးနီးပင် ဖြစ်သွားရ၍ သဘောတကျရယ်မိလိုက်၏။
"နင့်စကားပြောနေတဲ့လေသံက မသိရင် ငါ့ကို ဆဲနေသလိုပဲ"
ဝိန်းရိဖန်၏အဖြေအား ကျုံးစစ်ချောင်ဘက်မှ အဓိပ္ပါယ်မရှိသလိုတွေးလိုက်မိသည်မှာလည်း မမှားပြန်ပေ။
အဘယ်ကြောင့်ဆိုသော် ဝိန်းရိဖန်က တော်တော်လေးကိုလှနေခြင်းကြောင့်။
သူမ၏ နူးညံ့သိမ်မွေ့သောကိုယ်ရည်ကိုယ်သွေးအကျင့်များနှင့် လုံးဝလိုက်ဖက်မှုမရှိဘဲ ဆန့်ကျင်နေသောအသွင်အပြင်အလှတရားတို့မှာ ငြုတုတုပုံစံမျိုလေးဖြင့်း ရန်လိုချင်စရာကောင်းလောက်အောင်လှပလွန်းသည်။ ထိုမြေခွေးမလေး၏မျက်ဝန်းလေးများကလည်း လူတစ်ယောက်၏စိတ်ဝိဥာဥ်ကို ဆွဲညို့မြှူဆွယ်နေသည့်သဏ္ဍာန်မျိုး။
ယခုလို ညှို့တို့တို့မှိုင်းတိုင်းတိုင်းမီးရောင်အောက်မှ Bar ထဲတွင် ကိုယ်ပိုင်အလင်းရောင်များဖြင့် တောက်ပြောင်နေသည်နှင့်တူလွန်းလှသည်။
ကျုံးစစ်ချောင်၏အတွေးများထဲတွင် ဝိန်းရိဖန်က ဤမျက်နှာလေးတစ်ခုတည်းနှင့်ပင် ချမ်းသာကြွယ်ဝမည့်ကံကြမ္မာရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသည့်သူမျိုး ဖြစ်ပါသည့်တိုင် ထိုသူမက ခက်ခက်ခဲခဲအလုပ်လုပ်နေရသည့် သတင်းထောက်တစ်ဦးအဖြစ်သာ ရပ်တည်နေခဲ့သည်။
"ပြီးတော့ နင့်ပုံစံက အထက်တန်းတုန်းကနဲ့ အခုနဲ့ ကွာခြားသွားတာမျိုးမှ သိပ်မရှိတာဘဲ ၊ အရင်တုန်းကထက် ဆံပင်နည်းနည်းတိုသွားတာပဲရှိ..."
ကျုံးစစ်ချောင်က စန်းရန်ရှိသည့်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားလုံးများ၏ဦးတည်ရာက ချက်ချင်းပြောင်းလဲသွားခဲ့၏။
"အင်း....ဖြစ်လည်းဖြစ်နိုင်ပါတယ်လေ"
"...."
"သူ့အခြေအနေနဲ့ဆိုရင် ဒီနှစ်တွေအတွင်း လိုက်ခဲ့တဲ့ကောင်မလေးတွေလည်း နည်းလောက်မှာမဟုတ်ဘူး ၊ ပြောမရရင် နင်နဲ့ပုံစံတူတဲ့ကောင်မလေးတွေလည်း ပါရင်ပါလောက်မှာ"
ဤစကားကိုကြားလိုက်ရချင်းတွင် ဝိန်းရိဖန်က စန်းရန်ရှိသည့်နေရာဘက်သို့ လှမ်းကြည့်မိလိုက်၏။
ဤတစ်ကြိမ်တွင် သူ့ဘေးနား၌ အမျိုးသမီးတစ်ဦးရှိနေခဲ့သည်။
အအေးဒဏ်ကိုမကြောက်သည့်အမျိုးသမီးက ခန္ဓာကိုယ်နှင့်တသားတည်းကျနေသည့် စကတ်အတိုကိုဝတ်ထားပြီး ဘားခုံကိုမှီရပ်ရင်း စန်းရန်ရှိသည့်ဘက်သို့ ခေါင်းစောင်း၍ ချိုချိုသာသာပြုံးနေခဲ့ကာ ခန္ဓာကိုယ်ကောက်ကြောင်းများက လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းတွင် သိသိသာသာထင်းရှင်းပြသနေခဲ့သည်။
စန်းရန်က ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်ရင်း ခပ်ရေးရေးပြုံးပြနေ၏။
သည်အခြေအနေမျိုးတွင် ဖြစ်နိုင်ချေအများဆုံးက ပရောပရည်လုပ်နေကြခြင်းမျိုးပင်။
ကျုံးစစ်ချောင်က အခြားကိစ္စများကို စကားစလာသည့်အချိန်တွင်တော့ သည်ခေါင်းစဥ်အောက်မှ ရုန်းထွက်လိုက်နိုင်ကာ သူမ၏အာရုံအလုံးစုံက ကျုံးစစ်ချောင်၏အသံနောက်သို့ ပြန်လည်ဆွဲပါသွားခဲ့တော့၏။ နှစ်ယောက်သား စကားစမြည်ပြောကြသည်မှာ နာရီဝက်နီးပါး။
စင်ပေါ်မှ အမျိုးသမီးတေးသံရှင်၏သီဆိုဖျော်ဖြေမှုပြီးသွားသည့်အချိန်တွင် ဝိန်းရိဖန်က နာရီကိုလှမ်းကြည့်လိုက်၍
"ဆယ်နာရီတောင်ထိုးတော့မယ် ၊ ငါတို့ ပြန်ကြတော့မလား"
ကျုံးစစ်ချောင် ; "အိုကေ"
နှစ်ယောက်သား အပြင်သို့လျှောက်ထွက်လာခဲ့လိုက်သည်။
ကျုံးစစ်ချောင်က ဝိန်းရိဖန်၏လက်ကိုဆွဲထားရင်း တစ်ဖက်က ဖုန်းကိုဖွင့်ကြည့်လိုက်၏။
" 'ရှန့်လန်' အခုလေးတင် ငါ့ကိုပြောလာတာ ၊ သူ နောက်လကျရင် ပြည်ပကနေပြန်လာတော့မယ်တဲ့ ၊ နောက်တစ်ခါကျရင် ငါတို့ သူ့ကိုပါခေါ်ပြီး လာရအောင် ၊ ကမြင်းတဲ့သူတစ်ယောက်လျော့နေတော့ နည်းနည်းပျင်းစရာကောင်းနေတယ်မလား"
ဝိန်းရိဖန်က ထောက်ခံသည့်သဘောကိုဆောင်၍ ;
"ကောင်းပြီလေ"
ထွက်သွားလုနီးနီးတွင် ဝိန်းရိဖန်က ဘားခုံဆီသို့ တစ်ချက်လှမ်းကြည့်မိလိုက်သေး၏။
စန်းရန်က နဂိုပုံစံအတိုင်းသာ ထိုင်နေဆဲဖြစ်ပြီး သူ့ဘေးနားမှ အမျိုးသမီးမှာတော့ နောက်တစ်ယောက်ပြောင်းသွားခဲ့ပြီဖြစ်သည်။သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေဘဲ မည်သည့်အရာကိုမှလည်း ဂရုစိုက်မနေသည့် မျက်နှာထားမျိုးဖြစ်သည်။
မမျှော်လင့်ထားကြသည့် ပြန်လည်တွေ့ဆုံကြခြင်းတွင် သူ့ဘက်မှ ပြသပြုမူခဲ့သည့်အရာအားလုံးက တစ်ခါမှမတွေ့ဆုံခဲ့ကြဖူးသည့် သူစိမ်းတစ်ယောက်ကို ဆက်ဆံသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန် ငြိမ်သက်သွားမိတော့၏။
မဆီမဆိုင်ဖြင့် သူတို့နှစ်ဦး အဆက်အသွယ်မဖြတ်ခင် နောက်ဆုံးအကြိမ် တွေ့ခဲ့ကြသည့်အချိန်အား ပြန်တွေးကြည့်မိလိုက်တော့သည်။
တိတ်ဆိတ်လွန်းနေသည့်ည ၊ လရောင်ဟူ၍မရှိ။ မြူခိုးနှင့်တိမ်မည်းကြီးများသာ ထူထပ်အုံ့မှိုင်းနေသည့် မြို့ငယ်လေးကို ညှဥ်းဆဲနေသည်မှာ အဆက်မပြတ်ကျနေသည့် မိုးဖွဲများ။ လမ်းကြားကျဥ်းကျဥ်းလေးထဲတွင်ရှိသည့် တစ်ခုတည်းသော လမ်းမီးအိမ်လေးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ ပုရွက်ပျံများသည်လည်း နေရာတိုင်းတွင် ပျံသန်းနေခဲ့သည်။
ကောင်ငယ်လေးမှာ ဆံပင်တို့သာမကမျက်တောင်များကပါ မိုးရေကြောင့် စိုစွတ်နေခဲ့ပြီး မျက်ဝန်းများထဲရှိ အလင်းစလေးများမှာတော့ ငြိမ်းသတ်ခံထားရနှင့်ပြီးပြီဖြစ်သည်။
အရာအားလုံးက အမှန်တကယ်မဟုတ်သည့်ထင်ယောင်ထင်မှားများလိုလို။
သူမကိုယ်တိုင်သည်တော့ ထိုအချိန်တုန်းက မည်သို့သောခံစားချက်မျိုးကို ပွေ့ပိုက်ထားခဲ့မှန်း မမှတ်မိပါတော့ချေ။
မှတ်မိနေသည့်တစ်ခုတည်းမှာ....
စန်းရန်၏အက်ကွဲနေသည့်အသံများဖြင့် သူမ၏အမည်အား နောက်ဆုံးတွင် ခေါ်လိုက်ခြင်းပင်ဖြစ်၏။
"ဝိန်းရိဖန်"
ထို့နောက်တွင် မျက်လွှာတို့က အောက်သို့စိုက်သွားပြီး သူ့ကိုယ်သူ လှောင်ရယ်နေသည့်အသံတို့ဖြင့်
"ငါလည်း အဲ့လောက်ထိ စုတ်ချာမနေပါဘူး"
ထပ်၍လည်း မှတ်မိနေသေးသည်က...
သူ့မာနများအားလုံးကိုဖယ်ချပစ်လိုက်ပြီး သူ့ကိုယ်သူ ရှောင်ဖယ်ပစ်သင့်သည့်အညစ်အကြေးတစ်ခုအဖြစ် ခံယူလိုက်ခြင်း။
"စိတ်မပူနဲ့"
သူက ခနဲ့တဲ့တဲ့ရယ်လိုက်၍ ;
"ငါ မင်းကိုထပ်ပြီး နှောက်ယှက်နေတော့မှာ မဟုတ်ဘူး"
----
ဧည့်သည်အပေါ် အရက်မှောက်ကျသွားသည့်ကိစ္စဖြင့် 'ယွိကျော'မှာ တစ်ညခင်းလုံး စိတ်အေးလက်အေးမရှိပါတော့ချေ။ တူညီသည့်အမှားမျိုးထပ်မဖြစ်ရလေအောင် အလုပ်ကိစ္စမှန်သမျှကို အသေးစိတ်ဂရုတစိုက်လုပ်နေခဲ့ပြီး ပိုင်ရှင်သူဌေး၏ဒေါသများ လျော့ပါးသွားစေရန် ကြိုးစားအားထုတ်နေခဲ့သည်။
ထိုဝိုင်းမှ ဧည့်သည်များထွက်သွားပြီးသည်နှင့်အချိန်တွင်တော့ စားပွဲဝိုင်းကိုရှင်းလင်းရန် လာခဲ့လိုက်၏။
ဝိုင်ခွက်များကို ပြန်သိမ်းပြီးသည့်အချိန်တွင် ယွိကျောက ဘေလ်စာရွက်၏အောက်မှ အနီရောင်စက္ကူများကို သတိထားမိလိုက်ကာ သူ့လှုပ်ရှားမှုအားလုံး ချက်ချင်းရပ်တန့်သွားခဲ့သည်။
ထို့အပြင် ထပ်ပြီး ထိုင်ခုံအောက်တွင်ကျနေသည့် လက်ကောက်ကိုပါ မြင်လိုက်ရတော့၏။
ယွိကျောက ကောက်ယူလိုက်ပြီးနောက် ဘားခုံဆီသို့ အလေးအနက်ဖြစ်နေသည့်မျက်နှာထားဖြင့် ပြန်ရောက်လာခဲ့၏။ လင်ဗန်းကို ရှေ့တွန်းပေးလာရင်း ဆံပင်အဝါရောင်ဖြင့် ယမကာအဖျော်ဆရာထံသို့ စကားဆိုလိုက်သည်။
"ရှောင်ဟယ်ကော ၊ K11 က ဧည့်သည်တွေ ပစ္စည်းတစ်ခုပြုတ်ကျခဲ့တယ်"
'ဟယ်မင်ပေါ်' က လှမ်းယူလိုက်၏။
"ဒါနဲ့..မင်း ခုဏတုန်းကယူလာတဲ့အင်္ကျီက ရန်ကောရဲ့အင်္ကျီနဲ့တော်တော်လေးတူတယ်"
"အာ....ကျွန်တော် ဘာမှမသိဘူးနော် ၊ သန့်စင်ခန်းဘက်ကနေ တွေ့လာတာလို့ပြောတာဗျ"
ပိုက်ဆံကိစ္စကိုတွေးမိလိုက်ရင်း ယွိကျောက ခေါင်းတကုတ်ကုတ်ဖြစ်သွားရ၏။
"ကော..ခုဏတုန်းက ရန်ကောက ကျွန်တော့်ကို အဲ့ဝိုင်းကို Free ပေးထားတယ်လို့ပြောခဲ့တာ ၊ ဒါပေမယ့် K11က ဧည့်သည်တွေက ပြန်အမ်းငွေကို မယူသွားဘူး ၊ ကျွန်တော် ရန်ကောကိုပြောပြသင့်လား"
ဟယ့်မင်ပေါ်က တစ်ချက်လှမ်းကြည့်၍ ;
"အမှားကိုသွားဝန်ခံလိုက်တော့"
"...."
ယွိကျောက ရုတ်တရက်ကြောင်အမ်းသွားပြီး တစ်ခုခုကို အသည်းအသန်ရှင်းပြလာခဲ့၏။
"ကော..ကျွန်တော့်ဘက်က ပိုက်ဆံကို ယူထားချင်တာမဟုတ်ဘူးလေ ၊ K11 ဧည့်သည်က မယူသွားတာ ၊ ကျွန်တော် အဲ့ဧည့်သည်ကို ဘယ်နှကြိမ်တောင် ပြောခဲ့ရမှန်းကို မသိတော့ဘူး"
လက်ကောက်အား အိတ်အကြည်တစ်ခုထဲသို့ထည့်လိုက်ပြီး ဟယ်မင်ပေါ်က တပြုံးပြုံးလုပ်လိုက်၍ ;
"ရန်ကောက အဲ့လောက်လည်း သဘောထားမသေးပါဘူးကွာ"
"...."
ဟုတ်သလိုလိုပဲ...
ထိုအတွေးမျိုးဝင်သွားပြီးနောက် စန်းရန်ကိုရှာရန်အတွက် အပေါ်ထပ်သို့တက်လာခဲ့လိုက်၏။ သို့သည်တိုင် စိတ်လှုပ်ရှားသည်ကိုတော့ ထိန်းချုပ်မထားနိုင်သေး။
တစ်ညလုံး ဘားခုံရှေ့တွင်နေရာယူထားသည့် စန်းရန်က ဘယ်အချိန်ကအပေါ်ထပ်သို့ရောက်သွားမှန်းမသိ။ ယခုအချိန်တွင် သူက အပေါ်ထပ်၏အတွင်းဘက်အကျဆုံးနေရာ၌ထိုင်နေပြီး အမူအရာတို့မှာ ပေါ့ပေါ့ပါးပါး။
သူပြောပြနေသည့်စကားများကို ကြားမကြားလည်း မသေချာသည့်အခြေအနေ။
စန်းရန်က အသံတစ်ချက်မထွက်လာဘဲ လက်ထဲမှ ဖန်ခွက်ကိုသာ ကစားနေလေသည်။
ပတ်ဝန်းကျင်လေထုအခြေအနေကြီးက နိုင်ထက်စီးနင်းဖြင့်အကျပ်ကိုင်ခံနေသည့်အတိုင်းပင်။
ယွိကျောက သူ့ခေါင်းသူရိုက်ကာ တည်ငြိမ်အောင်ကြိုးစားရင်း ;
"ဒီဟာက ဝိုင်ဖိုးကျသင့်ငွေ မဖြစ်နိုင်လောက်ဘူး ၊ ကျွန်တော် ခုဏတုန်းက အဲ့ဒီဧည့်သည်နှစ်ယောက်ပြောနေတာကို ကြားခဲ့တာက..."
ပြောနေရင်းက နောက်ထွက်လာမည့်စကားလုံးများက တော်တော်လေးမသင့်လျော်မှန်း သတိထားမိလိုက်သဖြင့် ;
"ဒါပေမယ့် ပတ်ဝန်းကျင်ဆူညံနေတာဆိုတော့ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘူး ၊ ဒါကြောင့်မလို့ ကျွန်တော့်ဘက်က မသေချာတဲ့...."
စန်းရန်၏အေးစက်ပြနေသည့်မျက်ခုံးများကို မြင်လိုက်ရသည့်အချိန်တွင်တော့ ယွိကျောတစ်ယောက် လန့်ဖြန့်သွားကာ စကားလုံးများကချောချောမွေ့မွေ့ထွက်ကျလာလေတော့၏။
"ကျွန်တော်ကြားခဲ့တာက အဲ့ဒီဧည့်သည်ရဲ့သူငယ်ချင်းက သူ့ကိုမေးနေတာ ၊ ဒီ Bar ကိုလာတာက ရန်ကောကို ကြည့်ဖို့အတွက်လားတဲ့ ၊ သူက မဟုတ်ဘူးလို့ဖြေတယ်"
စန်းရန်၏မျက်တောင်များ မသိမသာလှုပ်ရှားသွားခဲ့၏။
ယွိကျော ;
"နောက်တော့..သူပြောတာက..အဲ..အဲ..စားဖို့အတွက်တဲ့"
စန်းရန် ; "..."
စန်းရန် ; "?"
"အဲ့တော့ ဖြစ်နိုင်တာက ဒီကျသင့်ငွေက အစ်ကို့ကို စားလိုက်ရတဲ့အတွက်များ..."
"....."
*******
~~Zawgyi~~
တစ္ေယာက္ႏွင့္တစ္ေယာက္မေတြ႕ျဖစ္ခဲ့ၾကသည္မွာ အေတာ္ေလးၾကာလြန္းလွခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံးအႀကိမ္ေတြ႕ခဲ့သည့္အခ်ိန္ကတည္းကလည္း အဆက္အသြယ္ဟူ၍လုံးဝမရွိ။ ဝိန္းရိဖန္အတြက္ ဤလူ၏တည္ရွိမႈကိုပင္ ေရးေတးေတးျဖင့္ေမ့ေပ်ာက္လုနီးနီးျဖစ္သည္။
သို႔သည့္တိုင္ မွတ္မိေနပါေသးသည့္အရာက ႏွစ္ေယာက္သား ေနာက္ဆုံးေျပာခဲ့ေသာစကားလုံးတို႔မွာ နားေထာင္ေကာင္းသည့္စကားလုံးမ်ားေတာ့ မဟုတ္ခဲ့ပါသည့္အေၾကာင္းေပ။
သူ႕အေနျဖင့္ သူမထံသို႔ စိတ္မေကာင္းစြာျဖင့္ကူညီေပးဖို႔ရာ ေရာက္လာမည့္ဆက္ဆံေရးမ်ိဳး ပို၍ပင္မဟုတ္ပါေခ်။
ဝိန္းရိဖန္း၏ ပထမဆုံးအေတြးမွာ....
တစ္ဖက္လူက သူမအား အမွတ္မွားေနသည္ဟူ၍။
သို႔ေသာ္ ဦးႏွောက္ထဲသို႔ ဝင္လာသည့္ ေနာက္ထပ္အေတြးတစ္ခုမွာကား....
စန္းရန္သည္လည္း အခ်ိန္ႏွင့္အမွ်ရင့္က်က္လာခဲ့ကာ ႏွလုံးသားအေတြးတို႔ က်ယ္ျပန့္သြားနိုင္သည္ဟူ၍။ အတိတ္မွ အာဃာတတရားမ်ားကိုလႊတ္ခ်နိဳင္ခဲ့ၿပီး အတန္းေဖာ္ေဟာင္းတစ္ေယာက္ကို ျပန္ေတြ႕သည့္စိတ္မ်ိဳးျဖင့္သာ ဆက္ဆံေနေလာက္သည္ဟူ၍ပင္။
ဝိန္းရိဖန္သည္ အေတြးစမ်ားကိုျပန္သိမ္းယူလိုက္ၿပီး လက္ထဲတြင္ကိုင္ထားသည့္အေပၚဝတ္ဂ်တ္ကတ္ကိုျပန္ေပးရင္း မ်က္ဝန္းမ်ားထဲတြင္ေတာ့ အေတြးမ်ား၊ေမးခြန္းမ်ားျဖင့္ ျပည့္ေနခဲ့သည္။
စန္းရန္က လက္ခံမယူဘဲ သူ၏အၾကည့္မ်ားကလည္း ျပန္ေပးေနသည့္လက္တစ္စုံကိုမ်က္ကြယ္ျပဳ၍ ;
"ကိုယ္က ဒီ Bar ရဲ႕ပိုင္ရွင္"
ဝိန္းရိဖန္၏လက္တစ္စုံက ေလထဲတြင္ရပ္တန့္ေနၿပီး တုန့္ျပန္မႈမ်ားပါ ႏွေးေကြးကုန္ေတာ့သည္။
အခ်ိန္တစ္ခုစာအတြင္း အေျခအေနကို သိပ္နားမလည္နိုင္ပါေသးေခ်။
သူ့စကား၏အဓိပ္ပါယ်က သူ႕ကိုယ္သူမိတ္ဆက္ေနျခင္းမ်ိဳးႏွင့္တူသည့္အျပင္ လက္ရွိအခ်ိန္၌ သူ႕အေျခအေနဟာ ဘယ္လိုဘယ္ပုံမေကာင္းမြန္ေနသည့္အေၾကာင္း ၊ အသက္ငယ္ငယ္ေလးျဖင့္ အျမင့္သို႔ေရာက္ၿပီး ပိုင္ရွင္သူေဌး ျဖစ္ေနႏွင့္သည့္အေၾကာင္းအား ထုတ္ေဖာ္ျပသေနသေယာင္ေယာင္။
ယခုလိုအေျခအေနမ်ိဳး၌ပင္ ဝိန္းရိဖန္မွာ အေတြးကမၻာထဲေမ်ာေနနိုင္ေသးၿပီး က်ဳံးစစ္ေခ်ာင္၏စကားအား လွမ္းသတိရမိလိုက္၏။
---"ဒီ Bar ရဲ႕ပိုင္ရွင္က လမ္းသရဲလမ္းမႀကီးရဲ႕ အဓိကသေကၤတလို႔ ေျပာလို႔ရတယ္ဟ"
မ်က္ဝန္းမ်ားက မေနနိုင္ေအာင္ သူ႕အား သုံးေလးႀကိမ္မွ် လွမ္းၾကည့္ေနမိလိုက္၏။
အနက္ေရာင္မ်က္ခုံး ၊ အနက္ေရာင္ မ်က္ဆံမ်ားက ဤေနရာမွမီးေရာင္မ်ားထက္ပင္ ၾကည္လင္ေနေသးသည္။
မ်က္ႏွာထက္တြင္ ထိုခုႏွစ္မ်ားဆီမွ အရိုင္းဆန္ေသာပုံရိပ္မ်ားေလ်ာ့ပါးသြားခဲ့ၿပီး အခ်ိဳးအက်တိဳ႕တင္းမာ၍ သပ္သပ္ရပ္ရပ္ရွိလာခဲ့သည္။ ခႏၶာကိုယ္အရပ္အျမင့္မွာလည္း ေတာ္ေတာ္ေလးကိုျမင့္ၿပီး ပိန္ပိန္ပါးပါးရွိကာ တစ္ကိုယ္လုံးထက္ရွိ အနက္ေရာင္အဝတ္အစားမ်ားက မထီမဲ့ျမင္ျပဳတတ္သည့္မာနႏွင့္လ်စ္လ်ဴရႈတတ္ေသာအက်င့္တို႔ကိုေတာ့ လုံးဝမဖုံးလႊမ္းနိုင္ဘဲ တည္ရွိေနဆဲပင္ျဖစ္၏။
တကယ္ကို အဓိကသေကၤတ ပင္။
ထိုနာမည္က ထိုက္ထိုက္တန္တန္ကို ရထားျခင္းမွန္းသိသာလွသည္။
စန္းရန္၏ႏႈတ္ခမ္းပါးမွ ထြက္လာသည့္ေနာက္ထပ္ စကားလုံးတို႔ေၾကာင့္ ဝိန္းရိဖန္ အသိစိတ္တို႔ျပန္ကပ္သြားခဲ့ေတာ့၏။
"မ်ိဳးရိုးနာမည္ စန္း"
"..."
ဒါက သူ႕မ်ိဳးရိုးနာမည္ကို မိတ္ဆက္ေနတာလား?
ဒါဆို ဆိုလိုခ်င္တာက သူမကို မမွတ္မိတဲ့အတြက္ မိတ္ဆက္ေနတာမလား?
ဝိန္းရိဖန္က အေျခအေနကိုခ်က္ခ်င္းနားလည္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္ေျဖလိုက္၏။
"ဘာကိစၥမ်ား ရွိလို႔လဲ"
"အရမ္းအားနာရပါတယ္ ၊ ကိုယ္တို႔ဘက္က အမွားေၾကာင့္ လူႀကီးမင္း အဆင္မေျပျဖစ္ေအာင္လုပ္မိသြားတယ္"
စန္းရန္က ဆက္၍ ;
"လူႀကီးမင္းဘက္က ေတာင္းဆိုခ်င္တာမ်ိဳးရွိရင္ ကိုယ့္ကိုေျပာလို႔ရပါတယ္ ၊ ၿပီးေတာ့ လူႀကီးမင္းရဲ႕ ဒီေန႕ညက်သင့္ေငြအားလုံးကို ကိုယ္တို႔ဘက္က ကုန္က်ခံပါ့မယ္ ၊ လူႀကီးမင္းရဲ႕ ၾကည္လင္ေနတဲ့စိတ္ေလးကို အႏွောက္အယွက္မျဖစ္သြားေစဖို႔လည္း ေမွ်ာ္လင့္ပါတယ္"
'လူႀကီးမင္း'ဆိုသည့္စကားလုံးတိုင္းကို တစ္ခါၿပီးတစ္ခါသုံးႏႈန္းေနပါသည့္တိုင္ ဝိန္းရိဖန္အတြက္ေတာ့ သူ႕ထံမွ ေလးစားမႈကိုျပသေနသည့္အရိပ္အေယာင္မ်ိဳး လုံးဝလုံးဝမျမင္ခဲ့။
စကားေျပာေနသည့္ေလသံသည္ပင္ အစကတည္းကအတိုင္း မေျပာင္းမလဲ ၊ ေျပာေနသည့္ပုံစံက ပ်င္းတိပ်င္း႐ြဲ စိတ္မပါလက္မပါျဖင့္ ရိုက္ႏွက္ခံရျခင္းေၾကာင့္ ေအးတိေအးစက္ေျပာေနရသလိုမ်ိဳးေပ။
ဝိန္းရိဖန္ ေခါင္းရမ္းျပလိုက္၏။
"မလိုပါဘူး....အဆင္ေျပပါတယ္"
ဤစကားကို ေျပာထြက္လာခ်င္းခ်င္းတြင္ စန္းရန္၏မ်က္ဝန္းမ်ားက သိသိသာသာက်ယ္လာခဲ့ကာ စိတ္သက္သာရာရသြားသည့္ပုံစံမ်ိဳးျဖစ္သြားခဲ့၏။ သူ႕ဘက္မွေန၍ သူမႏွင့္စကားေျပာရသည္မွာ လြယ္ကူၿပီးအဆင္ေျပသည္ဟု ေတြးလိုက္ပုံရကာ အသံေနအသံထားတို႔က ယခင္ကထက္ျငင္သာသြားခဲ့ၿပီး ေခါင္းတစ္ခ်က္ၿငိမ့္ျပလာ၏။
"ဒါဆို ခြင့္ျပဳပါဦး"
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို အၾကည့္လႊဲလိုက္ကာ ေျခလွမ္းမ်ားကအျခားဘက္သို႔ဦးတည္ၿပီး ေလွ်ာက္ထြက္သြားခဲ့ေတာ့သည္။
ဝိန္းရိဖန္က သူ႕ကုတ္အကၤ်ီကို လက္ထဲ၌ကိုင္ထားဆဲျဖစ္၍ အလိုလိုလွမ္းေခၚမိလိုက္ေတာ့၏။
"စန္း...."
စန္းရန္ ေနာက္ျပန္လွည့္ၾကည့္လာခဲ့၏။
သူ႕အၾကည့္မ်ားႏွင့္ဆုံသြားသည့္အခိုက္အတန့္တြင္ ဝိန္းရိဖန္းမွာ သူတို႔ႏွစ္ဦးသည္ လက္ရွိအခ်ိန္၌ သူစိမ္းမ်ားအျဖစ္ရွိေနၾကေၾကာင္းကို ႐ုတ္တရတ္ အမွတ္ရမိလိုက္ကာ 'ရန္' ဆိုသည့္စကားလုံးက လည္ပင္းဝတြင္သာ တစ္ေနေလၿပီးေျပာမထြက္လာပါေတာ့ေပ။
ဦးႏွောက္တစ္ခုလုံး ထုံထိုင္းသြားၿပီး ဝိန္းရိဖန္က မည္သို႔မည္ပုံ ဆက္ေခၚရမည္မွန္းမသိေတာ့။
ပတ္ဝန္းက်င္က အရွက္သည္းစြာကို ၿငိမ္သက္ေပးေနသည့္အခ်ိန္ ၊ အမည္နာမတစ္ခုကို ေခၚဆိုလိုက္ဖို႔ရာလည္း အလ်င္လိုလာသည့္အခိုက္အတန့္တြင္ေတာ့ ဗလာက်င္းေနသည့္ ဦးႏွောက္ႀကီးထဲတြင္ စကားလုံးတစ္စုက ခ်က္ခ်င္းေနရာယူလာေလေတာ့၏။ ဝိန္းရိဖန္က စန္းရန္၏မ်က္ႏွာကို စိုက္ၾကည့္ေနရင္း ျဖည္းျဖည္းခ်င္း အသံထြက္လာခဲ့ေတာ့သည္။
"....ထို႔ ဖန္"
(ထို႔ဖန္ - အဓိကသေကၤတ / ေခါင္းႀကီး )
"...."
မ်က္လုံးေလးလုံးက အၾကည့္ခ်င္းဆုံလ်က္။
ေလာကမၻာႀကီးက ေနာက္တစ္ႀကိမ္ ၿငိမ္သက္သြားေလျပန္ေတာ့၏။
ကသိကေအာက္နိုင္လြန္းသည့္အေျခအေနႀကီးထဲတြင္ စန္းရန္၏ မ်က္ခုံးႏွစ္ခုၾကားေနရာက တြန့္ခ်ိဳးသြားခဲ့မွန္း ဝိန္းရိဖန္ လွမ္းျမင္ေနခဲ့ရသည္။
"...."
အမ္!
သူမ အခုေလးတင္ ဘယ္လိုေခၚလိုက္တာ
စန္းထို႔ဖန္
စန္း..ထို႔..ဖန္
အို႔..
စန္း...
ငါ-ူး!
အားးးးးးးးး!
စန္းထို႔ဖန္ ဟုတ္လား..အားးးးးး
"..."
ဝိန္္းရိဖန္၏အသက္ရႉသံမ်ား ရပ္တန့္ကုန္ကာ အမူအရာမ်ားပင္ လြတ္ထြက္ကုန္လုနီးနီး။ သူမဟာ စန္းရန္၏အမူအရာကို လွမ္းမၾကည့္ရဲေလေတာ့ဘဲ ႏႈတ္ခမ္းကိုတင္းတင္းေစ့လ်က္ျဖင့္ ကုတ္အကၤ်ီအား ေနာက္တစ္ႀကိမ္လွမ္းေပးလိုက္၏။
"အကၤ်ီ"
အေကာင္းဆုံးေျဖရွင္းနည္းက သူမ အရင္ကလုပ္ေနက်အတိုင္း မသင့္ေလ်ာ္သည့္ပုံစံအရိပ္္ေယာင္မ်ိဳး လုံးဝမျပဘဲ ဘာမွမျဖစ္သြားသလို ေနလိုက္ျခင္းသာ။
ဤအပိုင္းေလးကို နည္းနည္းေက်ာ္ခ်လိဳက္႐ုံ။
သို႔ေသာ္ စန္းရန္က သူမအား ဤသို႔ျဖစ္နိုင္မည့္အခြင့္အေရးမ်ိဳး ေပးခ်င္ပုံမရေပ။
လွည့္ၾကည့္လာသည့္သူက ေျဖးေျဖးခ်င္း ႐ြတ္ျပ၍
"စန္း ထို႔ ဖန္"
ဝိန္းရိဖန္က နားမလည္ခ်င္ေယာင္ေဆာင္လိုက္ၿပီး
"ဟမ္.."
တစ္ခဏတာ တိတ္ဆိတ္သြားျပန္ေတာ့သည္။
စန္းရန္က သူမအား လွမ္းၾကည့္ေနေလၿပီး အနည္းငယ္အံ့ၾသေနပုံလည္းရကာ ဆိုလိုရင္းကိုနားလည္သြားခဲ့ပုံလည္းရ၏။ သူ၏ 'အာ' ဆိုသည့္ အာေမဍိတ္သံတစ္ခ်က္အျပင္ ခပ္ေရာ့ေရာ့ေလးေကြးတက္သြားသည့္ႏႈတ္ခမ္းေထာင့္စြန္းတို႔ကလည္း 'ေအာ္ ဒီလိုလား' ဆိုသည့္အမူအရာမ်ိဳးပင္ ျဖစ္၍ ;
"အားနာပါတယ္ ၊ ကိုယ္တို႔ Bar က အရက္ေတြခ်ည္းရတဲ့ Bar"
"...."
အထင္အျမင္ကေတာ့ အႀကီးႀကီးကို လြဲေနေပသည္။
ကိုယ့္ကိုယ္ကိုယ္ အင္မတန္ေခ်ာေမာေက်နပ္စရာေကာင္းမွန္းသိေပမယ့္ ဒီလို ဝန္ေဆာင္မႈမ်ိဳးေပးဖို႔ထိေတာ့ မေတြးထားမိဘူး....ဒါေၾကာင့္ မင္းဘက္ကလည္း နည္းနည္းပါးပါးအာ႐ုံစိုက္ေပးစမ္း....ဆိုသည့္သေဘာ
ဝိန္းရိဖန္က အထင္လႊဲသြားသည့္အေၾကာင္း ရွင္းျပခ်င္ေသာ္ျငား စကားလုံးမ်ားက ရွင္းေလရႈပ္ေလျဖစ္ရမည့္အေနအထား၌ ရွိေနခဲ့သည္ေပ။
ထို႔ေၾကာင့္လည္း ထပ္၍ ယက္ကန္ယက္ကန္ရွင္းျပေနရမည္ကိုပ်င္းရိလြန္းလွသျဖင့္ သက္ျပင္းသာတိတ္တခိုးေလးခ်မိလိုက္၏။မည္သို႔ပင္ျဖစ္ေစ သူတို႔ႏွစ္ဦးမွာ ေနာက္ထပ္ေတြ႕ဆုံၾကမည့္သူမ်ား မဟုတ္သျဖင့္ သူ႕စကားေနာက္ကိုသာ သံေယာင္လိုက္ရင္း စိတ္အားေလ်ာ့သြားသည့္ဟန္ျဖင့္ ;
"ဟုတ္လား....ဒါဆိုရင္ေတာ့ စိတ္မေကာင္းစရာပဲေပါ့"
"...."
စန္းရန္၏အမုအရာမ်ားအားလုံး ေၾကာင္အမ္းသြားသလို ျဖစ္သြားသည္ကို ျမင္လိုက္ရျခင္းမွာ သူမ၏ထင္ေယာင္ထင္မွားသက္သက္မဟုတ္။
ဝိန္းရိဖန္က မ်က္ေတာင္ခတ္ၿပီး ေသခ်ာျပန္ၾကည့္လိုက္သည့္တိုင္ စန္းရန္၏အမူအရာက ထိုအတိုင္းသာ မေျပာင္းမလဲရွိေနဆဲ။သူမလည္း မ်ားမ်ားစားစားဂ႐ုစိုက္မေနေတာ့ဘဲ ယဥ္ယဥ္ေက်းေက်းသာၿပဳံးျပလိုက္၏။
"အကၤ်ီ.."
စန္းရန္ဘက္မွ ထိုအကၤ်ီအား ျပန္ယူမည့္အစီအစဥ္ရွိပုံ မရေသးေပ။
ေနာက္ထပ္ ဆယ္စကၠန့္မွ်ၾကာၿပီးသြားခ်ိန္တြင္ေတာ့ သူက သူမ၏ႏႈတ္ခမ္းေထာင့္စြန္းကို စိုက္ၾကည့္ေနမွန္း ဝိန္းရိဖန္ သတိထားမိလိုက္ကာ ထိုအၾကည့္မ်ားထဲတြင္ တည့္တိုးဆန္ဆန္ထိုးထြင္းသည့္ဆိုလိုရင္းတစ္ခုခုပါေနေသးသည္။
ထိုကဲ့သို႔သာ စိုက္ၾကည့္ေနရင္း ;
"ကိုယ့္အကၤ်ီကိုဝတ္ရမွာအတြက္...."
စန္းရန္က ႐ုတ္တရက္ ၿပဳံးလိုက္၍ ;
"အရမ္းေပ်ာ္ေနသင့္တာ မဟုတ္ဘူးလား"
ဝိန္းရိဖန္ ; "?"
"ကိုယ္ ေသေသခ်ာခ်ာေတာ့မသိေပမယ့္....ၾကည့္ရတာ ဒီ Bar ထက္ ကိုယ္က နာမည္ပိုႀကီးေနတာလားလို႔"
သူ႕မ်က္ခုံးမ်ားက ရွက္သြားသည့္ဟန္ျဖင့္အနည္းငယ္ပင့္ျမႇောက္သြားၿပီး သူ႕စကားလုံးမ်ားမွာေတာ့ သူမအား မ်က္ႏွာသာေပးလိုသည့္အေနျဖင့္ တစ္ထစ္ေလ်ာ့ခ်ေပးလိုက္အလား ပို၍ရွင္းရွင္းလင္းလင္းျဖစ္လာခဲ့၏။
"အမွတ္တရအျဖစ္ ယူသြားလိုက္လို႔ရပါတယ္"
"...."
-------
"သူက တကယ္ႀကီး အဲ့လိုေျပာလိုက္တာလား?"
က်ဳံးစစ္ေခ်ာင္ ထပ္ခါထပ္ခါေမးၿပီး အတည္ျပဳေနခဲ့ရင္းက အားရပါးရေအာ္ရယ္ပစ္လိုက္ေတာ့၏။
"ေသာက္က်ိဳးနည္းပါလား....နင့္ကို ယူသြားၿပီးေတာ့ မွန္ေဘာင္သြင္းထားလို႔သာ တည့္ေျပာလိုက္ပါေတာ့လား"
ဝိန္းရိဖန္က ႏွေးႏွေးေကြးေကြးျဖင့္ ;
"သူ ေျပာခ်င္ေနတာလည္း အဲ့အဓိပ္ပါယ်ပဲ"
က်ဳံးစစ္ေခ်ာင္က ရယ္ခ်င္ေနသည့္စိတ္ကိုထိန္းထားရင္း
"စိတ္ထဲသိပ္ထည့္မေနနဲ႕ဦး ၊ ျဖစ္နိုင္တာက ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ မၾကာခဏျဖစ္ေနလို႔မ်ား စန္းရန္က နင့္ကိုပါ သူ႕ကိုလာၾကည့္တယ္လို႔ ထင္သြားတာေနမွာ"
"နင္ေရာ ငါတို႔ဒီေနရာကိုလာရတဲ့အေၾကာင္းအရင္းကို ေမ့သြားၿပီလား"
"အာ?"
" 'စား'ဖို႔ မဟုတ္လား"
ဝိန္းရိဖန္က ဆက္၍
" 'ၾကည့္တယ္' ဆိုတဲ့စကားလုံးေလးေလာက္နဲ႕ေတာ့ သူ႕ရဲ႕လူေျပာမ်ားတဲ့ဂုဏ္ပုဒ္ေတြကို ယွဥ္လို႔မရေလာက္ေတာ့ဘူး"
"...."
က်ဳံးစစ္ေခ်ာင္က ထပ္ၿပီးတဝါးဝါးေအာ္ရယ္ျပန္ေတာ့၏။
ဝိန္းရိဖန္သည္လည္း လိုက္ၿပဳံးေနရင္း
"ေတာ္ၿပီ ၊ နင္ စိတ္ထိန္းဦး ၊ သူ ထိုင္ေနတုန္းပဲရွိေသးတယ္ ၊ ထြက္သြားမွ ဆက္ၿပီးရယ္"
လက္ရွိအခ်ိန္တြင္ေတာ့ ဘားခုံ၏အေရွ႕တြင္ သိသိသာသာလူမ်ားလာခဲ့သျဖင့္လည္း စန္းရန္က ခပ္ေဝးေဝးေနရာတစ္ခုထံသို႔ ဖယ္ေပးသြားေတာ့၏။ ေဖာက္ျမင္ေနရသည့္ဖန္ခြက္အၾကည္အား စားပြဲေပၚမွေကာက္ယူကာ ႏွစ္ငုံခန့္မွ်ေမာ့လိုက္ၿပီး ေအးေအးလူလူရွိေနသည့္ပုံစံမွာလည္း ေျပာမရဆိုမရသည့္သခင္ေလးတစ္ေယာက္အသြင္။
ထိုပုံစံကိုျမင္လိုက္ရၿပီးေနာက္တြင္ က်ဳံးစစ္ေခ်ာင္လည္း မ်က္ႏွာထားကိုထိန္းနိုင္လိုက္၏။
အရက္ငွဲ႕ေပးသည့္စားပြဲထိုးေလးက အခ်ိန္ကိုက္နီးပါး ျပန္ေရာက္လာခဲ့၏။ စားပြဲထိုးေကာင္ေလးက အသက္ငယ္ငယ္ေလးျဖစ္ၿပီး မ်က္ႏွာထက္တြင္ ကေလး႐ုပ္ေလးပင္မေပ်ာက္ေသး။ သူ႕လက္ထဲတြင္ လင္ဗန္းတစ္ခ်ပ္ကို ကိုင္ထားၿပီး ဝိုင္တစ္ခြက္အား စားပြဲေပၚသို႔ခ်လာေပး၏။ ထို႔အျပင္ အခုေလးတင္ ဝိန္းရိဖန္ေပးေခ်ထားသည့္က်သင့္ေငြမ်ားႏွင့္အတူ ေျပစာတစ္႐ြက္ကိုပါ ေခါက္ၿပီး ျပန္ေပးလာခဲ့သည္။
"လူႀကီးမင္းမွာထားတဲ့ ဝိုင္ပါ"
ဝိန္းရိဖန္က ပိုက္ဆံကိုလွမ္းၾကည့္ရင္း
"ဒါက...."
သူမ၏အေမးကို ၿပီးေအာင္မေစာင့္ဘဲ စားပြဲထိုးေလးက စိတ္သက္သာရာမရသည့္အမူအရာမ်ိဳးျဖင့္ အလ်င္အျမန္ရွင္းျပလာခဲ့၏။
"ေတာင္းပန္ပါတယ္ ၊ ခုဏတုန္းက ကြၽန္ေတာ့္ရဲ႕အမွားပါ ၊ သူေဌးက ကြၽန္ေတာ့္ကိုရွင္းျပၿပီးပါၿပီ ၊ လူႀကီးမင္းရဲ႕ဝိုင္းအတြက္ က်သင့္ေငြေပးစရာမလိုေတာ့ပါဘူးဗ်"
ဝိန္းရိဖန္က စန္းရန္ေျပာသြားသည့္စကားကို ျပန္အမွတ္ရလိုက္၏။
တစ္ခဏၾကာၿပီးေနာက္တြင္ ဝိန္းရိဖန္က
"ကိစၥမရွိပါဘူး ၊ ဒီလိုလုပ္စရာ မလိုပါဘူးေနာ္ ၊ ပိုက္ဆံကို ျပန္ယူသြားလိုက္ပါ"
စားပြဲထိုးေလးက ေခါင္းရမ္းျပရင္း
"ဒီဟာကလြဲလို႔ လူႀကီးမင္းေတာင္းဆိုခ်င္တာရွိရင္ ကြၽန္ေတာ့္ကို အခ်ိန္မေ႐ြးလွမ္းေခၚလိုက္ပါေနာ္"
သူ၏လုပ္ရပ္က ျပတ္ျပတ္သားသားဆုံးျဖတ္ထားၿပီးျဖစ္ေနသည့္အတြက္ ဝိန္းရိဖန္လည္း ဆက္၍ျငင္းခုံမေနေတာ့ေပ။ ေဘးနားတြင္ရွိေနသည့္ ကုတ္အကၤ်ီကိုလွမ္းယူလိုက္၍ ;
"ကြၽန္မ ခုဏတုန္းက သန့္စင္ခန္းသြားေနတုန္း ဒီအကၤ်ီကိုေကာ္ရစ္တာနားကေန ေတြ႕ခဲ့တာ ၊ ဧည့္သည္တစ္ေယာက္ေယာက္ က်က်န္ခဲ့တာနဲ႕တူတယ္"
စားပြဲထိုးေလးက အလ်င္အျမန္လွမ္းယူေပးလိုက္၍ ;
"ဟုတ္ကဲ့....လူႀကီးမင္းကို ေက်းဇူးတင္ပါတယ္"
စားပြဲထိုးေလး ထြက္သြားၿပီးေနာက္တြင္ က်ဳံးစစ္ေခ်ာင္က မ်က္စပစ္ျပ၍ ;
"ဘာတဲ့လဲ"
ဝိန္းရိဖန္က အစအဆုံးရွင္းျပလိုက္၏။
က်ဳံးစစ္ေခ်ာင္က မ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္ ;
"သူ႕ဘက္ကေတာင္ ဒီလိုေျပာေနၿပီကို နင္က ဘာကိစၥနဲ႕အတင္းေပးေနတာလဲ"
"ဆိုင္တစ္ဆိုင္ဖြင့္ထားတယ္ဆိုတာ လြယ္တာမဟုတ္ဘူး"
ဝိန္းရိဖန္က ဝိုင္တစ္ငုံေသာက္လိုက္၏။
"ဒီလိုအေသးအမႊားကိစၥေလးနဲ႕လည္း သူ႕ဘက္က ပိုက္ဆံရာခ်ီ ကုန္က်ခံေပးစရာမလိုပါဘူး"
"နင္ ဘယ္လိုမ်ား ဒုတိယမ်ိဳးဆက္ ဒီခ်မ္းသာတဲ့သခင္ေလးရဲ႕ တစ္ရက္လည္းမဟုတ္ ႏွစ္ရက္လည္းမဟုတ္ ေငြဝင္ေနတဲ့စီးပြားေရးကို စိတ္ပူေပးေနရတာတုန္း"
က်ဳံးစစ္ေခ်ာင္က ဆက္၍
"ဒါနဲ႕....သူ နင့္ကို တကယ္ႀကီးမမွတ္မိတာလား"
ဝိန္းရိဖန္က အျဖစ္နိုင္ဆုံးေတြးၾကည့္လိုက္၍
"မမွတ္မိဘူးထင္တာပဲ"
"ျမင္ေနရတာကိုေတာင္ မမွတ္မိတာလား"
က်ဳံးစစ္ေခ်ာင္က အဓိပ္ပါယ်မရှိသလို ခံစားမိေနရရင္း ;
"မဟုတ္ေသးပါဘူး ၊ နင္ ဘယ္လို႐ုပ္ရည္မ်ိဳးရွိလဲဆိုတာ နင္မသိလို႔လား ၊ နာမည္မွာ 'ဖန္' လို႔ပါတိုင္း ရိုးရိုးသာမန္ေလးလို႔မ်ားထင္ေနတာလား"
(ဖန္ - သာမန္ / ပုံမွန္)
"...."
ဝိန္းရိဖန္က ေျပာစရာစကားမဲ့သြားလုနီးနီးပင္ ျဖစ္သြားရ၍ သေဘာတက်ရယ္မိလိုက္၏။
"နင့္စကားေျပာေနတဲ့ေလသံက မသိရင္ ငါ့ကို ဆဲေနသလိုပဲ"
ဝိန္းရိဖန္၏အေျဖအား က်ဳံးစစ္ေခ်ာင္ဘက္မွ အဓိပ္ပါယ်မရှိသလိုေတြးလိုက္မိသည္မွာလည္း မမွားျပန္ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ ဝိန္းရိဖန္က ေတာ္ေတာ္ေလးကိုလွေနျခင္းေၾကာင့္။
သူမ၏ ႏူးညံ့သိမ္ေမြ႕ေသာကိုယ္ရည္ကိုယ္ေသြးအက်င့္မ်ားႏွင့္ လုံးဝလိုက္ဖက္မႈမရွိဘဲ ဆန့္က်င္ေနေသာအသြင္အျပင္အလွတရားတို႔မွာ ျငဳတုတုပုံစံမ်ိဳေလးျဖင့္း ရန္လိုခ်င္စရာေကာင္းေလာက္ေအာင္လွပလြန္းသည္။ ထိုေျမေခြးမေလး၏မ်က္ဝန္းေလးမ်ားကလည္း လူတစ္ေယာက္၏စိတ္ဝိဥာဥ္ကို ဆြဲညို႔ျမႇူဆြယ္ေနသည့္သ႑ာန္မ်ိဳး။
ယခုလို ညွို႔တို႔တို႔မွိုင္းတိုင္းတိုင္းမီးေရာင္ေအာက္မွ Bar ထဲတြင္ ကိုယ္ပိုင္အလင္းေရာင္မ်ားျဖင့္ ေတာက္ေျပာင္ေနသည္ႏွင့္တူလြန္းလွသည္။
က်ဳံးစစ္ေခ်ာင္၏အေတြးမ်ားထဲတြင္ ဝိန္းရိဖန္က ဤမ်က္ႏွာေလးတစ္ခုတည္းႏွင့္ပင္ ခ်မ္းသာႂကြယ္ဝမည့္ကံၾကမၼာရရွိေအာင္ ျပဳလုပ္နိုင္စြမ္းရွိသည့္သူမ်ိဳး ျဖစ္ပါသည့္တိုင္ ထိုသူမက ခက္ခက္ခဲခဲအလုပ္လုပ္ေနရသည့္ သတင္းေထာက္တစ္ဦးအျဖစ္သာ ရပ္တည္ေနခဲ့သည္။
"ၿပီးေတာ့ နင့္ပုံစံက အထက္တန္းတုန္းကနဲ႕ အခုနဲ႕ ကြာျခားသြားတာမ်ိဳးမွ သိပ္မရွိတာဘဲ ၊ အရင္တုန္းကထက္ ဆံပင္နည္းနည္းတိုသြားတာပဲရွိ..."
က်ဳံးစစ္ေခ်ာင္က စန္းရန္ရွိသည့္ဘက္သို႔တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး စကားလုံးမ်ား၏ဦးတည္ရာက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့၏။
"အင္း....ျဖစ္လည္းျဖစ္နိုင္ပါတယ္ေလ"
"...."
"သူ႕အေျခအေနနဲ႕ဆိုရင္ ဒီႏွစ္ေတြအတြင္း လိုက္ခဲ့တဲ့ေကာင္မေလးေတြလည္း နည္းေလာက္မွာမဟုတ္ဘူး ၊ ေျပာမရရင္ နင္နဲ႕ပုံစံတူတဲ့ေကာင္မေလးေတြလည္း ပါရင္ပါေလာက္မွာ"
ဤစကားကိုၾကားလိုက္ရခ်င္းတြင္ ဝိန္းရိဖန္က စန္းရန္ရွိသည့္ေနရာဘက္သို႔ လွမ္းၾကည့္မိလိုက္၏။
ဤတစ္ႀကိမ္တြင္ သူ႕ေဘးနား၌ အမ်ိဳးသမီးတစ္ဦးရွိေနခဲ့သည္။
အေအးဒဏ္ကိုမေၾကာက္သည့္အမ်ိဳးသမီးက ခႏၶာကိုယ္ႏွင့္တသားတည္းက်ေနသည့္ စကတ္အတိုကိုဝတ္ထားၿပီး ဘားခုံကိုမွီရပ္ရင္း စန္းရန္ရွိသည့္ဘက္သို႔ ေခါင္းေစာင္း၍ ခ်ိဳခ်ိဳသာသာၿပဳံးေနခဲ့ကာ ခႏၶာကိုယ္ေကာက္ေၾကာင္းမ်ားက လႈပ္ရွားမႈတစ္ခုခ်င္းစီတိုင္းတြင္ သိသိသာသာထင္းရွင္းျပသေနခဲ့သည္။
စန္းရန္က ထိုအမ်ိဳးသမီးကို လွမ္းၾကည့္လိုက္ရင္း ခပ္ေရးေရးၿပဳံးျပေန၏။
သည္အေျခအေနမ်ိဳးတြင္ ျဖစ္နိုင္ေခ်အမ်ားဆုံးက ပေရာပရည္လုပ္ေနၾကျခင္းမ်ိဳးပင္။
က်ဳံးစစ္ေခ်ာင္က အျခားကိစၥမ်ားကို စကားစလာသည့္အခ်ိန္တြင္ေတာ့ သည္ေခါင္းစဥ္ေအာက္မွ ႐ုန္းထြက္လိုက္နိုင္ကာ သူမ၏အာ႐ုံအလုံးစုံက က်ဳံးစစ္ေခ်ာင္၏အသံေနာက္သို႔ ျပန္လည္ဆြဲပါသြားခဲ့ေတာ့၏။ ႏွစ္ေယာက္သား စကားစျမည္ေျပာၾကသည္မွာ နာရီဝက္နီးပါး။
စင္ေပၚမွ အမ်ိဳးသမီးေတးသံရွင္၏သီဆိုေဖ်ာ္ေျဖမႈၿပီးသြားသည့္အခ်ိန္တြင္ ဝိန္းရိဖန္က နာရီကိုလွမ္းၾကည့္လိုက္၍
"ဆယ္နာရီေတာင္ထိုးေတာ့မယ္ ၊ ငါတို႔ ျပန္ၾကေတာ့မလား"
က်ဳံးစစ္ေခ်ာင္ ; "အိုေက"
ႏွစ္ေယာက္သား အျပင္သို႔ေလွ်ာက္ထြက္လာခဲ့လိုက္သည္။
က်ဳံးစစ္ေခ်ာင္က ဝိန္းရိဖန္၏လက္ကိုဆြဲထားရင္း တစ္ဖက္က ဖုန္းကိုဖြင့္ၾကည့္လိုက္၏။
" 'ရွန့္လန္' အခုေလးတင္ ငါ့ကိုေျပာလာတာ ၊ သူ ေနာက္လက်ရင္ ျပည္ပကေနျပန္လာေတာ့မယ္တဲ့ ၊ ေနာက္တစ္ခါက်ရင္ ငါတို႔ သူ႕ကိုပါေခၚၿပီး လာရေအာင္ ၊ ကျမင္းတဲ့သူတစ္ေယာက္ေလ်ာ့ေနေတာ့ နည္းနည္းပ်င္းစရာေကာင္းေနတယ္မလား"
ဝိန္းရိဖန္က ေထာက္ခံသည့္သေဘာကိုေဆာင္၍ ;
"ေကာင္းၿပီေလ"
ထြက္သြားလုနီးနီးတြင္ ဝိန္းရိဖန္က ဘားခုံဆီသို႔ တစ္ခ်က္လွမ္းၾကည့္မိလိုက္ေသး၏။
စန္းရန္က နဂိုပုံစံအတိုင္းသာ ထိုင္ေနဆဲျဖစ္ၿပီး သူ႕ေဘးနားမွ အမ်ိဳးသမီးမွာေတာ့ ေနာက္တစ္ေယာက္ေျပာင္းသြားခဲ့ၿပီျဖစ္သည္။သူ႕မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွရွိမေနဘဲ မည္သည့္အရာကိုမွလည္း ဂ႐ုစိုက္မေနသည့္ မ်က္ႏွာထားမ်ိဳးျဖစ္သည္။
မေမွ်ာ္လင့္ထားၾကသည့္ ျပန္လည္ေတြ႕ဆုံၾကျခင္းတြင္ သူ႕ဘက္မွ ျပသျပဳမူခဲ့သည့္အရာအားလုံးက တစ္ခါမွမေတြ႕ဆုံခဲ့ၾကဖူးသည့္ သူစိမ္းတစ္ေယာက္ကို ဆက္ဆံသည့္ပုံစံမ်ိဳးပင္။
ဝိန္းရိဖန္ ၿငိမ္သက္သြားမိေတာ့၏။
မဆီမဆိုင္ျဖင့္ သူတို႔ႏွစ္ဦး အဆက္အသြယ္မျဖတ္ခင္ ေနာက္ဆုံးအႀကိမ္ ေတြ႕ခဲ့ၾကသည့္အခ်ိန္အား ျပန္ေတြးၾကည့္မိလိုက္ေတာ့သည္။
တိတ္ဆိတ္လြန္းေနသည့္ည ၊ လေရာင္ဟူ၍မရွိ။ ျမဴခိုးႏွင့္တိမ္မည္းႀကီးမ်ားသာ ထူထပ္အုံ႕မွိုင္းေနသည့္ ၿမိဳ႕ငယ္ေလးကို ညွဥ္းဆဲေနသည္မွာ အဆက္မျပတ္က်ေနသည့္ မိုးဖြဲမ်ား။ လမ္းၾကားက်ဥ္းက်ဥ္းေလးထဲတြင္ရွိသည့္ တစ္ခုတည္းေသာ လမ္းမီးအိမ္ေလးမွာ မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနကာ ပု႐ြက္ပ်ံမ်ားသည္လည္း ေနရာတိုင္းတြင္ ပ်ံသန္းေနခဲ့သည္။
ေကာင္ငယ္ေလးမွာ ဆံပင္တို႔သာမကမ်က္ေတာင္မ်ားကပါ မိုးေရေၾကာင့္ စိုစြတ္ေနခဲ့ၿပီး မ်က္ဝန္းမ်ားထဲရွိ အလင္းစေလးမ်ားမွာေတာ့ ၿငိမ္းသတ္ခံထားရႏွင့္ၿပီးၿပီျဖစ္သည္။
အရာအားလုံးက အမွန္တကယ္မဟုတ္သည့္ထင္ေယာင္ထင္မွားမ်ားလိုလို။
သူမကိုယ္တိုင္သည္ေတာ့ ထိုအခ်ိန္တုန္းက မည္သို႔ေသာခံစားခ်က္မ်ိဳးကို ေပြ႕ပိုက္ထားခဲ့မွန္း မမွတ္မိပါေတာ့ေခ်။
မွတ္မိေနသည့္တစ္ခုတည္းမွာ....
စန္းရန္၏အက္ကြဲေနသည့္အသံမ်ားျဖင့္ သူမ၏အမည္အား ေနာက္ဆုံးတြင္ ေခၚလိုက္ျခင္းပင္ျဖစ္၏။
"ဝိန္းရိဖန္"
ထို႔ေနာက္တြင္ မ်က္လႊာတို႔က ေအာက္သို႔စိုက္သြားၿပီး သူ႕ကိုယ္သူ ေလွာင္ရယ္ေနသည့္အသံတို႔ျဖင့္
"ငါလည္း အဲ့ေလာက္ထိ စုတ္ခ်ာမေနပါဘူး"
ထပ္၍လည္း မွတ္မိေနေသးသည္က...
သူ႕မာနမ်ားအားလုံးကိုဖယ္ခ်ပစ္လိုက္ၿပီး သူ႕ကိုယ္သူ ေရွာင္ဖယ္ပစ္သင့္သည့္အညစ္အေၾကးတစ္ခုအျဖစ္ ခံယူလိုက္ျခင္း။
"စိတ္မပူနဲ႕"
သူက ခနဲ႕တဲ့တဲ့ရယ္လိုက္၍ ;
"ငါ မင္းကိုထပ္ၿပီး ႏွောက္ယွက္ေနေတာ့မွာ မဟုတ္ဘူး"
----
ဧည့္သည္အေပၚ အရက္ေမွာက္က်သြားသည့္ကိစၥျဖင့္ 'ယြိေက်ာ'မွာ တစ္ညခင္းလုံး စိတ္ေအးလက္ေအးမရွိပါေတာ့ေခ်။ တူညီသည့္အမွားမ်ိဳးထပ္မျဖစ္ရေလေအာင္ အလုပ္ကိစၥမွန္သမွ်ကို အေသးစိတ္ဂ႐ုတစိုက္လုပ္ေနခဲ့ၿပီး ပိုင္ရွင္သူေဌး၏ေဒါသမ်ား ေလ်ာ့ပါးသြားေစရန္ ႀကိဳးစားအားထုတ္ေနခဲ့သည္။
ထိုဝိုင္းမွ ဧည့္သည္မ်ားထြက္သြားၿပီးသည္ႏွင့္အခ်ိန္တြင္ေတာ့ စားပြဲဝိုင္းကိုရွင္းလင္းရန္ လာခဲ့လိုက္၏။
ဝိုင္ခြက္မ်ားကို ျပန္သိမ္းၿပီးသည့္အခ်ိန္တြင္ ယြိေက်ာက ေဘလ္စာ႐ြက္၏ေအာက္မွ အနီေရာင္စကၠဴမ်ားကို သတိထားမိလိုက္ကာ သူ႕လႈပ္ရွားမႈအားလုံး ခ်က္ခ်င္းရပ္တန့္သြားခဲ့သည္။
ထို႔အျပင္ ထပ္ၿပီး ထိုင္ခုံေအာက္တြင္က်ေနသည့္ လက္ေကာက္ကိုပါ ျမင္လိုက္ရေတာ့၏။
ယြိေက်ာက ေကာက္ယူလိုက္ၿပီးေနာက္ ဘားခုံဆီသို႔ အေလးအနက္ျဖစ္ေနသည့္မ်က္ႏွာထားျဖင့္ ျပန္ေရာက္လာခဲ့၏။ လင္ဗန္းကို ေရွ႕တြန္းေပးလာရင္း ဆံပင္အဝါေရာင္ျဖင့္ ယမကာအေဖ်ာ္ဆရာထံသို႔ စကားဆိုလိုက္သည္။
"ေရွာင္ဟယ္ေကာ ၊ K11 က ဧည့္သည္ေတြ ပစၥည္းတစ္ခုျပဳတ္က်ခဲ့တယ္"
'ဟယ္မင္ေပၚ' က လွမ္းယူလိုက္၏။
"ဒါနဲ႕..မင္း ခုဏတုန္းကယူလာတဲ့အကၤ်ီက ရန္ေကာရဲ႕အကၤ်ီနဲ႕ေတာ္ေတာ္ေလးတူတယ္"
"အာ....ကြၽန္ေတာ္ ဘာမွမသိဘူးေနာ္ ၊ သန့္စင္ခန္းဘက္ကေန ေတြ႕လာတာလို႔ေျပာတာဗ်"
ပိုက္ဆံကိစၥကိုေတြးမိလိုက္ရင္း ယြိေက်ာက ေခါင္းတကုတ္ကုတ္ျဖစ္သြားရ၏။
"ေကာ..ခုဏတုန္းက ရန္ေကာက ကြၽန္ေတာ့္ကို အဲ့ဝိုင္းကို Free ေပးထားတယ္လို႔ေျပာခဲ့တာ ၊ ဒါေပမယ့္ K11က ဧည့္သည္ေတြက ျပန္အမ္းေငြကို မယူသြားဘူး ၊ ကြၽန္ေတာ္ ရန္ေကာကိုေျပာျပသင့္လား"
ဟယ့္မင္ေပၚက တစ္ခ်က္လွမ္းၾကည့္၍ ;
"အမွားကိုသြားဝန္ခံလိုက္ေတာ့"
"...."
ယြိေက်ာက ႐ုတ္တရက္ေၾကာင္အမ္းသြားၿပီး တစ္ခုခုကို အသည္းအသန္ရွင္းျပလာခဲ့၏။
"ေကာ..ကြၽန္ေတာ့္ဘက္က ပိုက္ဆံကို ယူထားခ်င္တာမဟုတ္ဘူးေလ ၊ K11 ဧည့္သည္က မယူသြားတာ ၊ ကြၽန္ေတာ္ အဲ့ဧည့္သည္ကို ဘယ္ႏွႀကိမ္ေတာင္ ေျပာခဲ့ရမွန္းကို မသိေတာ့ဘူး"
လက္ေကာက္အား အိတ္အၾကည္တစ္ခုထဲသို႔ထည့္လိုက္ၿပီး ဟယ္မင္ေပၚက တၿပဳံးၿပဳံးလုပ္လိုက္၍ ;
"ရန္ေကာက အဲ့ေလာက္လည္း သေဘာထားမေသးပါဘူးကြာ"
"...."
ဟုတ္သလိုလိုပဲ...
ထိုအေတြးမ်ိဳးဝင္သြားၿပီးေနာက္ စန္းရန္ကိုရွာရန္အတြက္ အေပၚထပ္သို႔တက္လာခဲ့လိုက္၏။ သို႔သည္တိုင္ စိတ္လႈပ္ရွားသည္ကိုေတာ့ ထိန္းခ်ဳပ္မထားနိုင္ေသး။
တစ္ညလုံး ဘားခုံေရွ႕တြင္ေနရာယူထားသည့္ စန္းရန္က ဘယ္အခ်ိန္ကအေပၚထပ္သို႔ေရာက္သြားမွန္းမသိ။ ယခုအခ်ိန္တြင္ သူက အေပၚထပ္၏အတြင္းဘက္အက်ဆဳံးေနရာ၌ထိုင္ေနၿပီး အမူအရာတို႔မွာ ေပါ့ေပါ့ပါးပါး။
သူေျပာျပေနသည့္စကားမ်ားကို ၾကားမၾကားလည္း မေသခ်ာသည့္အေျခအေန။
စန္းရန္က အသံတစ္ခ်က္မထြက္လာဘဲ လက္ထဲမွ ဖန္ခြက္ကိုသာ ကစားေနေလသည္။
ပတ္ဝန္းက်င္ေလထုအေျခအေနႀကီးက နိုင္ထက္စီးနင္းျဖင့္အက်ပ္ကိုင္ခံေနသည့္အတိုင္းပင္။
ယြိေက်ာက သူ႕ေခါင္းသူရိုက္ကာ တည္ၿငိမ္ေအာင္ႀကိဳးစားရင္း ;
"ဒီဟာက ဝိုင္ဖိုးက်သင့္ေငြ မျဖစ္နိုင္ေလာက္ဘူး ၊ ကြၽန္ေတာ္ ခုဏတုန္းက အဲ့ဒီဧည့္သည္ႏွစ္ေယာက္ေျပာေနတာကို ၾကားခဲ့တာက..."
ေျပာေနရင္းက ေနာက္ထြက္လာမည့္စကားလုံးမ်ားက ေတာ္ေတာ္ေလးမသင့္ေလ်ာ္မွန္း သတိထားမိလိုက္သျဖင့္ ;
"ဒါေပမယ့္ ပတ္ဝန္းက်င္ဆူညံေနတာဆိုေတာ့ ကြၽန္ေတာ္လည္း ရွင္းရွင္းလင္းလင္းမၾကားလိုက္ရဘူး ၊ ဒါေၾကာင့္မလို႔ ကြၽန္ေတာ့္ဘက္က မေသခ်ာတဲ့...."
စန္းရန္၏ေအးစက္ျပေနသည့္မ်က္ခုံးမ်ားကို ျမင္လိုက္ရသည့္အခ်ိန္တြင္ေတာ့ ယြိေက်ာတစ္ေယာက္ လန့္ျဖန့္သြားကာ စကားလုံးမ်ားကေခ်ာေခ်ာေမြ႕ေမြ႕ထြက္က်လာေလေတာ့၏။
"ကြၽန္ေတာ္ၾကားခဲ့တာက အဲ့ဒီဧည့္သည္ရဲ႕သူငယ္ခ်င္းက သူ႕ကိုေမးေနတာ ၊ ဒီ Bar ကိုလာတာက ရန္ေကာကို ၾကည့္ဖို႔အတြက္လားတဲ့ ၊ သူက မဟုတ္ဘူးလို႔ေျဖတယ္"
စန္းရန္၏မ်က္ေတာင္မ်ား မသိမသာလႈပ္ရွားသြားခဲ့၏။
ယြိေက်ာ ;
"ေနာက္ေတာ့..သူေျပာတာက..အဲ..အဲ..စားဖို႔အတြက္တဲ့"
စန္းရန္ ; "..."
စန္းရန္ ; "?"
"အဲ့ေတာ့ ျဖစ္နိုင္တာက ဒီက်သင့္ေငြက အစ္ကို႔ကို စားလိုက္ရတဲ့အတြက္မ်ား..."
"....."
*******