ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

By hinnthawethadar

34.9K 3.8K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ More

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡187🗡သန့်စင်ခြင်း
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡6🗡အရိပ်လူသတ်ခန်းမ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡42🗡သူတော်စင်တစ်ပိုင်း
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡121🗡သားရဲကင်ရနံ့
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)

208 26 0
By hinnthawethadar

Chapter (169) Arc 3
လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)

လုရွှမ်၏ ဝိညာဉ်သားရဲသည် အစွမ်းထက်သော်လည်း ၎င်းကိုအနိုင်ယူနိုင်သည်ဟု သူထင်သည်။ သူသည် တော်ဝင်အင်ပါယာထဲတွင် နံပါတ် ၁၇တွင် ရပ်တည်နေသောကြောင့် ယုံကြည်မှုလည်း အပြည့်ရှိလေသည်။

"ငါ ဒီကိုလာခဲ့ပြီး ဘာရတနာမှ မရရှိခဲ့ဘူးလို့ ပြောရင် ဘာဖြစ်မလဲ"

လုရွှမ် တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်။

"မင်း ဘာမှ မရခဲ့ပင် လွယ်ပါတယ်... ရှေးဟောင်းမြို့ကို ဘယ်လို ဝင်ရမယ်ဆိုတာ သိမှတော့ ဒီရတနာစံအိမ်ကို ဘယ်လိုဝင်ရမယ်ဆိုတာ သိရမယ် မင်းနည်းလမ်းကို ပြောပြရင် မင်းအသက်ကို ငါ ချန်ထား​ပေးနိုင်တယ်!"

ရှောင်းချင်ထျန်းကလည်း ပြန်ပြောလေ၏။

"ဒါဆို မင်းရဲ့ ရည်ရွယ်ချက်က ဒါပေါ့!"

လုရွှမ်က ဟိုးအရင်ကတည်းက မှန်းဆမိထားလို့ သိပ်မအံ့သြသွားဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်​လေသည်။

ရှောင်းချင်ထျန်းရဲ့ အမြင်အရ ချိုင့်ဝှမ်းကိုရောက်လာတဲ့ သန်မာသူတွေ အများကြီး ရှိပေမယ့် ရှေးဟောင်းမြို့ထဲကို ဘယ်လို ဝင်ရမှန်းမသိကြပေ။ သူ့ရှေ့က လူငယ်လေးက လူတိုင်းကို ခေါ်ဆောင်သွားနိုင်တဲ့အတွက် ရှေး​ဟောင်းမြို့ အကြောင်းကို သူနားလည်ကြောင်း သက်သေပြရန် လုံလောက်လေသည်။

သူသည် ရှောင်းမိသားစု၏ အကြီးအကဲဖြစ်ပြီး အင်ပါယာ၏ သန်မာသော ထိပ်သီးစာရင်းတွင် ပါ၀င်သော လူတစ်ယောက် အနေဖြင့် သာမန်ရတနာများကို လျစ်လျူရှုထား နိုင်သော်လည်း အရေးကြီးသော ရတနာများ မည်သည့်နေရာတွင် ရှိနေသည်ကို မသိသောကြောင့် လုရွှမ်ကို မြင်သောအခါ အကြံရသွားခဲ့သည်။

သူ၏ ခွန်အားဖြင့် လုရွှမ်တွင် အဖိုးတန် ရတနာများ မရှိကြောင်း အလွယ်တကူ သိမြင်နိုင်သည်။ သူသည် ခက်ခဲအောင် တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ်တော့ သူ့ကို ထိန်းသိမ်းထားရန် အကြောင်းပြချက်များ ပေးနေခြင်းသာ ဖြစ်သည်။

"မှန်တယ်.... မင်းငါ့စကားကို နားထောင်ပြီး ရတနာစံအိမ် ဖွင့်နည်းကို ပြောပြမယ်ဆိုရင် ငါအရင်ကတိအတိုင်း ဖြည့်ဆည်းပေးပြီး မင်းကိုလွှတ်ပေးမယ်... ငါတို့က မိတ်ဆွေကောင်းတွေ ဖြစ်နေတုန်းပါပဲ ဟုတ်ပြီလား!"

ရှောင်းချင်ထျန်း၏ မျက်လုံးများက အနည်းငယ် တောက်ပလျက်။

"သဘောမတူရင်ရော??"

"သဘောမတူဘူးလား? ဒါဆို စိတ်မကောင်းပါဘူး.... မင်းငါ့မျိုးနွယ်စုက လူကို သတ်ခဲ့ရင်တယ်.... မင်းငါ့အပေါ် ကျေးဇူးရှိတယ် ဆိုရင်တောင် မျိုးနွယ်စုအတွက် ငါကိုယ်တိုင် ထွက်တိုက်ပြီး တရားမျှတမှုကို ပြန်တောင်းရမှာပဲ"

"တရားမျှတမှုကို တောင်းမယ်?? ဒါဆိုလည်း မင်းအချိန်ပေးပြီး ဖြည်းဖြည်းချင်း တောင်းဆိုလိုက်တော့"

တစ်ဖက်လူ၏ လုံးဝကြောက်စရာ ကောင်းသော မျက်နှာကို မြင်လိုက်ရသဖြင့် လုရွှမ်သည် စကားထပ်ပြောရန် စိတ်မ၀င်စားဘဲ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

ဗုန်း!

လက်ထဲတွင်ရှိသော လူငယ်လေး၏ လည်ပင်းသည် ချက်ချင်းပင် ကြေမွသွား၏။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ ရွှေအရှိန်များ အရှိန်အဟုန်ဖြင့် ပြေးလာကာ တစ်ကိုယ်လုံး မြေကြီးထဲသို့ ခဏအတွင်း ထိုးဆင်း ပျောက်ကွယ်သွားခဲ့သည်။

ကျီးကန်း အတွက်ကတော့ ရှောင်းချင်ထျန်း နဲ့ တခြားသူတွေ ကြက်သေသေပြီး ရပ်သွားတာကို မြင်တာနဲ့ အတောင်ပံတွေ ခတ်ပြီး ပြေးထွက်သွားလေ၏။

"ဘာ?"

ဒီကလေးကို သတ်ရတာ လွယ်မယ်လို့ သူထင်ခဲ့ပေမယ့် တစ်ဖက်လူက မြေကြီးထဲကို ဖောက်ဝင်ပြီး ခဏအတွင်း ပျောက်ကွယ်သွားတဲ့ နည်းလမ်းတစ်ခုကို သုံးနိုင်မယ်လို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။

သူ့မျက်နှာက မည်းမှောင်သွားပြီး သူ့အသတ်ခံရသည့် လူငယ်ကို ဂရုမစိုက်ဘဲ လုရွှမ် ပျောက်ကွယ်သွားသော မြေပြင်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း!

မြေကြီး တုန်ခါသွားပြီး မီတာရာနှင့်ချီရှိသော အချင်းဝက်နှင့် မီတာဆယ်ဂဏန်း အနက်ရှိသော တွင်းကြီးသည် သူ့ရှေ့ရှိ ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော အဆင့်ရှိသူသည် ကမ္ဘာ​ကြီး၏ စွမ်းအားကို အသုံးချနိုင်နေပြီ ဖြစ်သည်။ ထိုမျှမက မြင့်မားသော တောင်တန်းများနှင့် မြေပြင်ကို လက်ဖဝါး တစ်ခုတည်းဖြင့် ဖြိုခွင်းနိုင်သည်အထိ အစွမ်းထက်ပေ၏။

မြို့သခင်စံအိမ်မှာ အခင်းအကျင်း ကန့်သတ်ချက်တွေ အရမ်းများနေမှာကို စိုးရိမ်လို့သာ မဟုတ်ရင် မြို့သခင်စံအိမ် တစ်ခုလုံးကို လက်ဖဝါး တစ်ဖက်တည်းနဲ့ ပြာမှုန်ဖြစ်အောင် ချေဖျက်ပစ်လောက်ပြီ။

"လူ ဘယ်မှာလဲ?"

မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားတဲ့အခါ ရှောင်းချင်ထျန်း အလျင်အမြန် လှမ်းကြည့်လိုက်သည်။ မည်မျှပင် ခက်ခက်ခဲခဲ ရှာဖွေနေပါစေ ကောင်လေးသည် လေထဲက ပျောက်ကွယ်သွားသလို သဲလွန်စ လုံးဝမကျန်ခဲ့ဘဲ ပျောက်ဆုံးသွား၏။

"စိတ်ပျက်ဖို့ ကောင်းလိုက်တာ!"

ဂရုတစိုက် လှည့်ပတ်ကြည့်ရှုပြီး နောက်တွင် လူငယ်ကို ရှာမတွေ့ခဲ့ပေ။ ရှောင်းချင်ထျန်း၏ မျက်နှာသည် ရုပ်ဆိုးလာပြီး ဒေါသတကြီး ဟိန်းဟောက်၍ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာရာ မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာ​လေသည်။

သာမာန် တော်ဝင်အင်ပါယာများမှ ဘုရင်များပင်လျှင် ခေါင်းငုံ့ကာ ကြီးကျယ်ခမ်းနားသော နိုင်ငံ၏ တန်ခိုးကြီးသူများ စာရင်းတွင် ရပ်တည်နေခဲ့သူက လူငယ်တစ်ယောက်ဆီက လှည့်စား ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။

"အမိန့်နာခံကြ.... လုရွှမ်က ရတနာတွေကို လုယူပြီး ငါ့မျိုးနွယ်စုက လူကို သတ်ပစ်လိုက်တယ် ဒီနေ့ကစပြီး သူက ငါတို့ရှောင်းမိသားစုရဲ့ ရန်သူပဲ။ ဘယ်သူကမဆို သူ့ခေါင်းကို ငါ့ဆီယူလာနိုင်သရွေ့ ငါရှောင်းချင်ထျန်းက အဲဒီလူနဲ့ မိတ်ဖွဲ့ပြီး ရှေးဟောင်းမြို့ရဲ့ ရတနာတွေကို မျှဝေယူစေမယ်!"

ရှောင်းချင်ထျန်း ခေါင်းကို လှည့်ကာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့!"

သူ့နောက်က လူတွေလည်း ချက်ချင်း လှည့်ထွက်သွား၏။

ရှောင်းချင်ထျန်းသည် မူလက အင်အားများစွာထဲမှ အင်အား အကောင်းဆုံး ဖြစ်သည်။ သူသည် သတင်းကို အချိန်တိုတိုအတွင်း လျှင်မြန်စွာ တမင်တကာ ဖြန့်ဝေခဲ့သည်။ ရှေး​ဟောင်းမြို့ထဲသို့ ဝင်ရောက်လာသူ တစ်သန်းနီးပါးသည် ထိုသတင်းကို ခဏအတွင်း သိရှိသွားခဲ့ကြသည်။

"ကြားပြီး​ပြီလား လုရွှမ်ဆိုတဲ့ လူက ရတနာတစ်ခုကို ရခဲ့တယ်တဲ့!"

"ရတနာ? ဘာရတနာလဲ?"

"ငါလည်းမသိဘူး.... အဲဒါက အရမ်းတန်ဖိုးရှိလို့ ရှောင်းချင်ထျန်း ကတောင် အဲဒါကို အရမ်းလိုချင်နေတယ် ဆိုပဲ အဲဒါကြောင့် ဖမ်းဖို့ အမိန့်ပေးလိုက်တာ"

"မဟုတ်ဘူး... သူက ရှောင်းမိသားစုက ရှောင်းရှန်နဲ့ ရှောင်းချင်တို့ ညီအကို နှစ်ယောက်ကို သတ်လိုက်တာ... အဲဒါကို ရှောင်းချင်ထျန်းက ဒေါသထွက်သွားတယ်လို့ ငါကြားခဲ့တာ!"

"မင်းပြောတာက မမှန်ဘူး.... ရှောင်းရှန်နဲ့ ရှောင်းချင်တို့က မြို့ရဲ့ ရတနာလို့ ခေါ်တဲ့ ရတနာတစ်ခုကို ရှာတွေ့ခဲ့တာလို့ ကြားတယ်။ နောက်ဆုံးတော့ လုရွှမ်က အဲဒါကို တွေ့သွားတာတဲ့ သူက မနာလိုဖြစ်ပြီး လူသတ် လုယက်သွားခဲ့တာ.... အဲဒါကြောင့် ခေါင်းဆောင်ရှောင်းက ဒေါသထွက်သွားတာ!"

"အဲ​ဒီ လုရွှမ်က တကယ်ကို သေခြင်းတရားကို ရှာနေတာပဲ... ခေါင်းဆောင်ရှောင်းက သူ့အတွက် ရတနာတစ်ခုကို ရွေးပေးမယ်လို့ ကတိပေးထားပြီးသား... ဒါပေမဲ့ သူက လုယူချင်နေတုန်းပဲ တကယ့်ကို မဆင်မခြင် လုပ်လွန်းတယ်!"

"အဲဒီလူက အဓိပတိနယ်ပယ်လေးပဲ မလား? သူဖမ်းပြီး ခေါင်းဆောင်ရှောင်းဆီ အပ်လိုက်ရင် ရှောင်းမိသားစုနဲ့ ရှေးဟောင်းမြို့ရဲ့ ရတနာတွေကို ဝေငှနိုင်တယ်တဲ့ အတူတူ လုပ်ကြရအောင်"

ထိုသတင်းကို ကြားတော့ လူတော်တော် များများက တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားမှုတွေ ပြသလာကာ သူတို့အားလုံး လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ရှောင်းမိသားစုသည် ဘုရင်တစ်ပါး၏ တော်ဝင်မိသားစုနှင့် ယှဉ်နိုင်သော အင်အားကြီး မိသားစုတစ်ခုဖြစ်ပြီး မိသားစုခေါင်းဆောင် ရှောင်းချင်ထျန်းသည် ဘုရင်မင်းမြတ်ပင် ပါဝင်ခြင်း မရှိသော ထိပ်သီးစာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရှေး​ဟောင်းမြို့က ဘာမှ မရနိုင်ရင်တောင် ရှောင်းမိသားစုကနေ ငွေအများကြီး ရှာနိုင်သည်။

"ဟားဟား... ငါရောက်တာနဲ့ ဒီသတင်းကောင်းကို ကြားရမယ်လို့ မထင်ထားဘူး... အဲဒီလုရွှမ်က ကိုယ့်သေတွင်းကို တူးတဲ့နေရာမှာ တကယ်တော်တာပဲ"

ရှေးဟောင်းမြို့၏ ကျယ်ပြန့်သော လမ်းတစ်ခုတွင် လူငယ်တစ်ဦး၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာ၏။

သူ့နောက်တွင် အဘိုးကြီးတစ်ဦး၊ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် ညုတုတု အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်။

၎င်းတို့မှာ မင်းသား ချန်ရှင်းနှင့် အခြားသူများ ဖြစ်ကာ ကလဲ့စားချေရန် လာခဲ့ကြ​ခြင်း ဖြစ်သည်။

သူတို့သည် လျိုယွင်ထန်း၏ ရန်မူခြင်းကို ခံခဲ့ရပြီး လုရွှမ်က သေမျိုး အသွင်ပြောင်းခြင်း အဆင့် (၈) အဆင့်၏ ဝိညာဉ်သားရဲကို ပိုင်ဆိုင်ထားကြောင်း သိပြီးနောက် တိုက်ခိုက်ရန် မဝံ့ရဲခဲ့ကြပေ။ အခြားသူများ နောက်မှလိုက်၍ ဤနေရာသို့ လူတိုင်း လိုက်လာခဲ့ကြသည်။

ရှေးမြို့ဟောင်းရဲ့ နေရာတိုင်းမှာ ရတနာတွေ ရှိသည်။ ဒီလိုအခွင့်ကောင်းကို ဘယ်လိုလုပ် လက်လွှတ်နိုင်မလဲ။ သူတို့က ဝိညာဉ်လက်နက်တွေ အများကြီး စုဆောင်းထားပြီးသား။ ငွေအများကြီး မရှာချင်ပေမယ့် ရှာလိုက်လို့လည်း ပြဿနာ မရှိပေ။

"ဒီကောင်က တစ်ချိန်လုံး မာနကြီးနေတာ.... ဒီမာနကြောင့် မကြာခင် အသတ်ခံရတော့မယ် သူ့ဝိညာဥ်သားရဲက ဘယ်လောက်ပဲ အစွမ်းထက်ထက် ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ အင်ပါယာရဲ့ အပြင်းထန်ဆုံး စာရင်းမှာပါတဲ့ ရှောင်းချင်ထျန်းကို စော်ကားလိုက်ပြီ ဆိုတော့ သေချာပေါက် ပြေးလို့လွတ်မှာ မဟုတ်တော့ဘူး"

နောက်မှလိုက်လာသော ယန့်ဖုံးက အေးစက်စွာ ဟစ်အော်လိုက်သည်။

ယန့်ဖုံးသည် စစ်သေနာပတိ ဟူရှောက်၏ နောက်သို့ လိုက်ကာ နိုင်ငံ အသီးသီး၏ တပ်ဖွဲ့များ အကြောင်းကို များစွာသိ​လေသည်။ ရှောင်းမိသားစု အကြောင်းကို ဟိုးရှေးရှေးကတည်းက ကြားသိခဲ့ရပြီး ရှောင်းချင်ထျန်း ဆိုသည်မှာ မည်မျှကြောက်စရာ ကောင်းသည်ကိုလည်း သိခဲ့သည်။

ဒီလိုလူမျိုးက စစ်သေနာပတိကြီးကိုပင် အလွယ်တကူ ခေါင်းဖြတ်နိုင်သည်။ လုရွှမ်ရဲ့ ဝိညာဥ်သားရဲက အစွမ်းထက်ရင်တောင် သူက ပြိုင်ဘက် မဟုတ်နိုင်တာ သေချာလေ၏။

"သူရဲ့ဝိညာဉ်သားရဲကို ခေါ်လာရင် ပိုကောင်းလိမ့်မယ်... အခု ဝိညာဉ်သားရဲက သူနဲ့အတူ မဟုတ်ဘဲ ယင်းယန်ကျောင်းတော်က လူတွေနဲ့ ပါလာတယ်လို့ ကြားခဲ့တယ်!"

ကောင်းရှန် မျက်လုံးတွေက အနည်းငယ် တောက်ပလာလျက် ဆိုလိုက်သည်။ လုရွှမ်ရဲ့ ထိုသတင်းကို ကြားတော့ သူသည် ထိုအကြောင်းကို မေးမြန်းကြည့်လိုက်သေး၏။

တောင်ဖောက်နဂါးသည် လုရွှမ်နှင့် မဟုတ်ဘဲ ပေရွှီးအင်ပါယာက အကြီးအကဲ ဖန့်ဝူဆွေ့၊ မာယန်ဖုန်းတို့ နှင့်အတူ ရှိနေကြောင်း သိလိုက်ရသည်။

လုရွှမ်သည် အဓိပတိနယ်ပယ်မှ ကလေးတစ်ယောက်သာ ဖြစ်သည်ကို လူတိုင်းသိကြပြီး သူ၏အကြီးမားဆုံး အားကိုးမှုမှာ အဆင့်၈ ပြီးပြည့်စုံသော ဝိညာဥ်သားရဲ ဖြစ်သည်။ ယခုတွင် ဝိညာဉ်သားရဲသည် သူ့အနီးနားတွင် မရှိသဖြင့် တစ်ယောက်တည်း ရှိနေပါက သူတို့နဲ့တွေ့ရင် အလွယ်တကူ သတ်ပစ်နိုင်လေပြီ။




Chapter (169) Arc 3













"သဘောမတူရင်ရော??"




ဗုန်း!



"ဘာ?"



ဝုန်း!




"လူ ဘယ်မှာလဲ?"







"ဟုတ်ကဲ့!"




"ရတနာ? ဘာရတနာလဲ?"






















Continue Reading

You'll Also Like

855K 29.5K 105
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
63.7K 1.9K 17
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
175K 4.1K 96
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
192K 8.4K 23
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...