Chapter (168) Arc 3
ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
"ကောင်းပြီ.... ဒီမှာ ရတနာတွေ အားလုံးနီးပါး စုဆောင်းပြီးပြီ ဆိုတော့ အရင်ဆုံး ထွက်ကြရအောင်!"
ကျီးကန်းသည် အတောင်များကို ခတ်ကာ ဆက်မပြောတော့ပေ။ လုရွှမ်လည်း နောက်က လိုက်သွား၏။
မြို့သခင်၏ ရတနာစံအိမ်မှ ထွက်လာသည်နှင့် လူအများအပြား အပြေးအလွှား ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ရှောင်းချင်ထျန်း နှင့် အခြားသူများ ဖြစ်သည်။
"အိုး.... ညီငယ်လုရွှမ်ကိုး ငါတို့ထက် စောပြီး ရောက်နေမယ်လို့ မမျှော်လင့်ထားဘူး"
လုရွှမ်ကို အနီးကပ် စိုက်ကြည့်ရင်း ရှောင်းချင်ထျန်းသည် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်မှာ ရတနာတစ်ခုခု ရှိမရှိကို သိလိုသည့် ပုံစံပင်။
"ကျုပ်လည်း အခုမှရောက်တာ!"
လုရွှမ်က တစ်ဖက်လူ တွေးနေတာကို သိတာကြောင့် သူ့အမူအရာက ဘာမှမထူးခြားစွာဖြင့် ပြန်ဖြေလိုက်လေသည်။
"အခုမှရောက်တာလား? ဒါဆို ဒီရတနာစံအိမ်ထဲကို မဝင်ရသေးဘူးလား?"
ရှောင်းချင်ထျန်းက အပြုံးမပျက် ပြောလိုက်၏။
မြို့သခင်၏ ရတနာစံအိမ်သည် ရှေးဟောင်းမြိုတစ်ခုလုံး၏ အရေးကြီးဆုံး နေရာဖြစ်သည်မှာ သေချာသည်။ ရှောင်းချင်ထျန်း နှင့် အခြားသူများ ရှေးဟောင်းမြို့ထဲသို့ ဝင်လိုက်သည်နှင့် ဤနေရာဆီသို့ တည့်တည့် ဦးတည်လာခဲ့ကြသည်။
ထိုအခိုက် လုရွှမ် ထွက်လာသည်ကို မြင်ရန် မမျှော်လင့်ထားခဲ့ကြပေ။ ရောက်သည်နှင့် တပြိုင်နက် ထုံးစံအတိုင်း သံသယများ ပြည့်နှက်လာကြသည်။
"ရတနာစံအိမ်ရဲ့ ပတ်ပတ်လည် အခင်းအကျင်း ဖွဲ့စည်းပုံက အားကောင်းလွန်းတယ်.... ကျုပ်မချိုးနိုင်ဘူး! ခေါင်းဆောင်ရှောင်း ဝင်ချင်ရင် ဒါကို သေသေချာချာ လေ့လာရမယ် ထင်တယ်... ကျုပ် တခြားနေရာတွေကို အရင်သွားကြည့်ဦးမယ်... ပစ္စည်းတွေ ရလိုရငြားပေါ့!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"နေဦး!"
သူထွက်ခါနီးတွင် ရှောင်းချင်ထျန်း နောက်မှ လူငယ်တစ်ယောက် ရှေ့သို့ ခြေတစ်လှမ်း တိုးလာလေသည်။ လုရွှမ် သူ့ခြေလှမ်းတွေကို ရပ်လျက် ပြန်ကြည့်လိုက်သည်။
"မင်းသွားချင်ရင် ရတယ်... မင်းရဲ့ပစ္စည်းတွေ အားလုံးကို လွှဲပြောင်းပေးရမယ်.... မင်းယူသွားတာ ဟုတ်မဟုတ် မင်းမထွက်သွားခင် စစ်ဆေးပြီး အတည်ပြုလိုက်ကြရအောင်!"
လူငယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။
"ငါ့ကိုစစ်ဆေးမယ်"
လုရွှမ်၏ မျက်နှာ မည်းမှောင်သွားသည်။
"မှန်တယ်!"
လူငယ်က ပြင်းထန်သော အကြည့်ဖြင့် ဟိန်းဟောက်ပြီး
"မင်းက မြို့သခင်ရဲ့ စံအိမ်ထဲကို ပထမဆုံး ဝင်ရသူမို့ ရတနာတွေ မယူသွားဘူးဆိုတာ အာမခံချက် မရှိဘူး.... တရားမျှတဖို့ မင်း ပစ္စည်းတွေ အားလုံးကို ထုတ်လိုက်... ငါတို့ စစ်ကြည့်ရမယ် မဟုတ်ရင် ဒီကထွက်သွားဖို့ မစဥ်းစားနဲ့!"
"တရားမျှတမှု? ဒီတရားမျှတမှုဟာ မင်းအတွက်ပဲမလား? ရှေးဟောင်းမြို့တော်မှာ ရတနာကို ဘယ်သူယူယူ ရတဲ့သူက အပိုင်ပဲ! ဘာလဲ? ခေါင်းဆောင်ရှောင်းက လုယက်ဖို့ ကြံစည်နေတာလား? မင်းတို့ကို ရှေးဟောင်းမြို့ထဲ ဘယ်သူခေါ်လာတယ် ဆိုတာ မမေ့ပါနဲ့... ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့ အပြင်မှာ လျှောက်သွားနေဦးမှာ!"
"ညီလေးလုရွှမ် ပြောတာ မှန်ပါတယ်.... ဒါပေမဲ့ ရှေးဟောင်းမြို့ထဲမှာ ရတနာတွေ အများကြီးရှိတယ်.... ငါတို့မှာလည်း လူအများကြီး ရှိတယ် ငါတို့က ဘယ်သူအတွက် ရတနာ ရွေးပေးမယ်ဆိုတာကိုလည်း ကြိုတင် သဘောတူထားပြီးသား...."
ရှောင်းချင်ထျန်းက မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"မြန်မြန်!! မင်းရဲ့ခန္ဓာကိုယ်ပေါ်က ပစ္စည်းအားလုံးကို ထုတ်လိုက်.... မဟုတ်ရင် မင်း ငါတို့ကို ဒီကိုခေါ်လာခဲ့တာတောင် အားမနာဘူးလို့ အပြစ်မတင်နဲ့!"
ဘိုးဘေးရဲ့ အကူအညီ ပေးသံကို ကြားတော့ လူငယ်က အေးစက်စွာ ဆိုလိုက်၏။
"တကယ်လို့ ငါမှန်းတာမှန်ရင် မင်းရဲ့ဝိညာဥ် သားရဲက နောက်က လိုက်မလာဘူးမလား... မင်းကအခု အဓိပတိနယ်ပယ်ပဲ ရှိသေးတယ်.... အမှား မလုပ်မိစေနဲ့!"
"ကောင်လေး ငါတို့ခေါင်းဆောင်က မင်းကို အထင်ကြီးလို့ ညီလေးလို့ ခေါ်တာ.... ကိုယ့်အတွက်ကို ဒုက္ခမရှာစမ်းပါနဲ့.... ဒါက မင်းရဲ့ ယင်းယန်ကျောင်းတော် မဟုတ်တဲ့ ရှန့်ခုန်းရှေးဟောင်းမြို့ပဲ မင်းဒီမှာပဲ သေသွားရင်တောင် ဘယ်သူကမှ ဘာမှပြောရဲမှာ မဟုတ်ဘူး!"
ရှောင်းချင်ထျန်း၏ နောက်ကွယ်မှ အခြားလူငယ်လေး တစ်ယောက်က လှမ်းအော်လိုက်သည်။
"တောင်းပန်ပါတယ်... ငါက တခြားသူတွေဆီက ခြိမ်းခြောက်ခံရတာကို မကြိုက်ဘူး.... ကိုယ်ရခဲ့တာတွေကို တခြားသူတွေကို ပြဖို့ဆို ပိုတောင် မကြိုက်ဘူး"
တစ်ဖက်လူ၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းကို လျစ်လျူရှုကာ လုရွှမ် လှည့်ထွက်သွားလေသည်။
"စိတ်ကြီးဝင်နေတဲ့ ကောင်!! မင်း ငါတို့ကို ခေါ်လာပေးတယ် ဆိုရင်း မင်းလုပ်ချင်တာ လုပ်လို့ရမယ် ထင်နေတာလား? သွားချင်တယ်ပေါ့? အဲ့လောက် မလွယ်ဘူးကွ!"
အမိန့်ကို မနာခံဘဲ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် ပထမလူငယ်က မျက်ခုံးပင့်ကာ သူ့လက်ကို ဆန့်လျက် လုရွှမ်ကို လှမ်းဖမ်းလိုက်သည်။
ဝုန်း!
သူ လှုပ်ရှားလိုက်သည်နှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်က လူဖြစ်ကြောင်း ပြသနိုင်၏။ အသက်၂၀ ကျော်မှာ ဤအဆင့်သို့ ရောက်ရှိထားခြင်းသည် ရှောင်းမိသားစုတွင် ပါရမီရှင် အဖြစ် သတ်မှတ်ခံရနိုင်သည်။
"ဟမ့်!"
ရတနာကို မလွှဲပေးတာနဲ့ တစ်ဖက်လူက သူဆီ တည့်တည့် တိုးဝင်လာမယ်လို့ မမျှော်လင့်ထားပေ။ လုရွှမ် မျက်လုံးတွေကို မှိတ်ထားပြီး ခန္ဓာကိုယ်ကို ဖျက်ကနဲ လှုပ်ရှား၍ မျက်စိတစ်မှိတ် အတွင်းမှာပဲ တခြားသူရှေ့မှာ ပေါ်လာကာ ခြေထောက်ကို မြှောက်ပြီး ကန်ထုတ်ပစ်လိုက်သည်။
ဝုန်း!
ပြင်းထန်သော အသံတစ်ခု ကြားရပြီး လူငယ်၏ လက်ဖဝါးသည် လုရွှမ်ထံ မရောက်မီတွင် ကန်ထုတ်ခံရပြီး ပျံထွက်သွားခဲ့သည်။ သူ၏ရင်ဘတ်က အရိုးများ ကျိုးကြေသွားသည့် အသံတစ်ခုပါ တစ်ဆက်တည်း ထွက်ပေါ်လာပြီး လေထဲတွင် ရှိနေချိန်တွင်ပင် "ဗွမ်းကနဲ! "အသားလုံး အဖြစ် ပြောင်းလဲသွား၏။
ခွန်အား သန်း ၄၀ ကျော်၏ စွမ်းအားဖြင့် လုရွှမ်သည် လူမဆန်သော လူသတ်သမား ဖြစ်လာခဲ့သည်။
"သေချင်နေပြီပဲ!"
မမျှော်လင့်ဘဲ လုရွှမ်သည် ရှောင်းချင်ထျန်း ရှေ့မှာပင် လူသတ်မှုကို ကျူးလွန်ဝံ့ပြီး သူ၏နည်းလမ်းများသည် အလွန်ရက်စက် ကြမ်းကြုတ်လွန်းသဖြင့် ဒုတိယလူငယ်သည် လန့်ဖျပ်သွားပြီး ပြင်းထန်စွာ အော်ကာ ပြေးထွက်သွားလေသည်။
ဗုန်း!
အရှေ့မရောက်ခင်မှာ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ အပြင်းအထန် ထိုးထွက်လာလေ၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်!
၎င်းသည် အမှန်တကယ် ကျိုချင်းနယ်ပယ်က လူတစ်ယောက် ဖြစ်ကာ ယုန်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သကဲ့သို့ လုရွှမ်ကို တိုက်ခိုက်လိုက်သည်။
"သေလိုက်စမ်း!"
ကျယ်လောင်သော ဟောက်သံနှင့်အတူ လက်ဆယ်ချောင်းဖြင့် စွမ်းအင်များကို တွန်းထုတ်လိုက်သည်။
သို့သော် ယခင်လူငယ် ကဲ့သို့ပင် လုရွှမ်ထံသို့ လက်ဝါး မရောက်မီတွင် သူ လည်ချောင်းက ရုတ်တရက် နာကျင်လာပြီး လည်ပင်းတစ်ဝိုက်တွင် ဖျစ်ညှစ်ခံထားရတာကို တွေ့လိုက်ရ၏။
ယခု လုရွှမ်သည် စိတ်ဝိညာဉ်စွမ်းအားကို ပေါင်းထည့်လိုက်ရာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၏ အဆင့်၅ အစောပိုင်းကာလ၏ သန်မာသော လူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။ ဤလူသည် ကျိုချင်းနယ်ပယ်၌ အကြာကြီး ရပ်တည် နေခဲ့ရသော်လည်း ပြိုင်ဘက်ထံက တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
"ငါ့ကိုလွှတ်စမ်း!"
တစ်ဖက်လူသည် မိမိခွန်အားဖြင့် လုရွှမ်ထံမှ ကြက်လည်ပင်းကို ဆုပ်ကိုင်သကဲ့သို့ လွယ်လွယ်ဖြင့် အဖမ်းခံလိုက်ရမည်ဟု မမျှော်လင့်ထားချေ။
"အတင့်ရဲလိုက်တာ!"
သူ့မျိုးနွယ်စု နှစ်ယောက်မှာ ပထမတစ်ယောက်က ချက်ချင်းပဲ အသတ်ခံလိုက်ရပြီး ဒုတိယတစ်ယောက်က လည်ပင်းကို ဖျစ်ညှစ်ခံနေ ရတာကြောင့် ရှောင်းချင်ထျန်းရဲ့ မျက်နှာက မည်းမှောင်သွားတော့သည်။
"သူ့ကိုလွှတ်လိုက်!! ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးလို့ရတယ်! မဟုတ်ရင်တော့ မင်းငါတို့ကို ရှေးဟောင်းမြို့ထဲကို ခေါ်လာပေးခဲ့တယ် ဆိုရင်တောင် ငါအားမနာတော့ဘူး"
"ဟားဟား လွှတ်ပေးရမယ်? အစောက မင်းရဲ့ဒီမျိုးဆက်ကို လွှတ်ပြီး ငါ့ကိုတမင် သတ်ခိုင်းလိုက်တာပဲ မဟုတ်ဘူးလား? မင်းရဲ့လူတွေကို ငါသတ်လိုက်တာနဲ့ မင်းငါ့ကို တိုက်ခိုက်ဖို့ ဆင်ခြေပေးပြီး ငါရထားတဲ့ ရတနာတွေကို လုယက်မယ်... ဒါဆို တခြားသူတွေ ဆီကနေ ကျေးဇူးကန်းတယ်လို့ အပြစ်တင် မခံရတော့ဘူးပေါ့... ငါပြောတာမှန်လား မသိဘူး??"
ဒေါသထွက်နေသော ရှောင်းချင်ထျန်းကို မြင်လိုက်ရသော်လည်း လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သူသည် ဘဝနှစ်ခုနဲ့ လူသားတစ်ဦး ဖြစ်ခဲ့ပြီး လူပေါင်းစုံကို တွေ့ခဲ့ဖူးသည်။ ရှောင်းချင်ထျန်း နှင့် အခြားသူများက သူ့ကို ရတနာစံအိမ်မှ ထွက်လာသည်ကို မြင်သောအခါ ထိုသူတို့သည် ရတနာတစ်ခုကို ရရှိခဲ့သည်ဟု ယုံကြည်ခဲ့ကြသောကြောင့် သဘာဝကျကျ သူ့အား ထွက်သွားခွင့် ပေးမည် မဟုတ်ပေ။
သို့သော် လုရွှမ်သည် ၎င်းတို့အား ရှေးဟောင်းမြို့ထဲသို့ ခေါ်ဆောင်လာသူ ဖြစ်သည်။ အကယ်၍ အကြောင်းပြချက် မရှိဘဲ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ပါက စော်ကားခံရပြီး ကျေးဇူးကန်းသူ ဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ ခက်ခဲစွာလုပ်ဆောင်ပြီး လုရွှမ်ကို စွပ်စွဲချင်နေလေသည်။
သူကိုယ်တိုင် လှုပ်ရှားနေသရွေ့တော့ လွယ်ပါသည်။
အစီအစဥ်က အရမ်းကောင်းပေမယ့် လုရွှမ်ဟာ သူတို့ထဲက တစ်ယောက်ကို သတ်ပစ်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်ရုံနဲ့ တစ်ယောက်ကို ဖမ်းထားနိုင်လောက်အောင် အစွမ်းထက်နေမယ်လို့ တစ်ခါမှ မထင်ထားချေ။
ခေါင်းဆောင်ရှောင်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈၏ ပြီးပြည့်စုံခြင်း အဆင့်ဖြစ်၍ တော်ဝင်အင်ပါယာတွင် အဆင့်မြင့်လေသည်။ လုရွှမ်လက်က လူကို ကယ်ချင်ပါက သူ့အတွက် အင်မတန် လွယ်ကူ၏။
သို့သော် သူမလုပ်ချေ။ ထင်ရှားသည်မှာ ဤလူငယ်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်၍ လုရွှမ်ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်တစ်ခု ချန်ထားရန် ရည်ရွယ်ထားခြင်းပင် ဖြစ်လေသည်။
"မင်းက ဉာဏ်ကောင်းတော့ ရတနာကို နာခံမှုရှိရှိ လွှဲပေးလိုက်ပါ.... မင်းငါ့လူကို သတ်ခဲ့တာကို ဂရုမစိုက်ဘူး။ ငါမင်းကို ညီလေးလုရွှမ်လို့ ခေါ်ပြီး ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လို့ရတယ်... မဟုတ်ရင် မင်းရဲ့ ဝိညာဉ်သားရဲ ဒီမှာရှိနေရင်တောင် ငါအာမခံတယ်!! မင်းငါ့ရဲ့ လိုက်လံသတ်ဖြတ်တဲ့ စက်ကွင်းကနေ မလွတ်နိုင်ဘူး!"
မျက်နှာချင်းဆိုင် တွေ့ပြီးနောက် ရှောင်းချင်ထျန်းသည် မဖုံးကွယ်တော့ဘဲ အေးစက်စွာ ပြုံး၍ လုရွှမ်ကို သူ့လက်ထဲက သားကောင်ကို ကြည့်နေသလို စူးစူးရဲရဲ စိုက်ကြည့်နေလေတော့သည်။
Chapter (168) Arc 3
ေရွာင္းခ်င္ထ်န္း မ်က္ႏွာပ်က္သြားၿပီ
"ေကာင္းၿပီ.... ဒီမွာ ရတနာေတြ အားလုံးနီးပါး စုေဆာင္းၿပီးၿပီ ဆိုေတာ့ အရင္ဆုံး ထြက္ၾကရေအာင္!"
က်ီးကန္းသည္ အေတာင္မ်ားကို ခတ္ကာ ဆက္မေျပာေတာ့ေပ။ လု႐ႊမ္လည္း ေနာက္က လိုက္သြား၏။
ၿမိဳ႕သခင္၏ ရတနာစံအိမ္မွ ထြက္လာသည္ႏွင့္ လူအမ်ားအျပား အေျပးအလႊား ဝင္ေရာက္လာသည္ကို ေတြ႕လိုက္ရသည္။ ၎မွာ ေရွာင္းခ်င္ထ်န္း ႏွင့္ အျခားသူမ်ား ျဖစ္သည္။
"အိုး.... ညီငယ္လု႐ႊမ္ကိုး ငါတို႔ထက္ ေစာၿပီး ေရာက္ေနမယ္လို႔ မေမွ်ာ္လင့္ထားဘူး"
လု႐ႊမ္ကို အနီးကပ္ စိုက္ၾကည့္ရင္း ေရွာင္းခ်င္ထ်န္းသည္ တစ္ဖက္လူရဲ႕ ခႏၶာကိုယ္မွာ ရတနာတစ္ခုခု ရွိမရွိကို သိလိုသည့္ ပုံစံပင္။
"က်ဳပ္လည္း အခုမွေရာက္တာ!"
လု႐ႊမ္က တစ္ဖက္လူ ေတြးေနတာကို သိတာေၾကာင့္ သူ႕အမူအရာက ဘာမွမထူးျခားစြာျဖင့္ ျပန္ေျဖလိုက္ေလသည္။
"အခုမွေရာက္တာလား? ဒါဆို ဒီရတနာစံအိမ္ထဲကို မဝင္ရေသးဘူးလား?"
ေရွာင္းခ်င္ထ်န္းက အၿပဳံးမပ်က္ ေျပာလိုက္၏။
ၿမိဳ႕သခင္၏ ရတနာစံအိမ္သည္ ေရွးေဟာင္းၿမိဳတစ္ခုလုံး၏ အေရးႀကီးဆုံး ေနရာျဖစ္သည္မွာ ေသခ်ာသည္။ ေရွာင္းခ်င္ထ်န္း ႏွင့္ အျခားသူမ်ား ေရွးေဟာင္းၿမိဳ႕ထဲသို႔ ဝင္လိုက္သည္ႏွင့္ ဤေနရာဆီသို႔ တည့္တည့္ ဦးတည္လာခဲ့ၾကသည္။
ထိုအခိုက္ လု႐ႊမ္ ထြက္လာသည္ကို ျမင္ရန္ မေမွ်ာ္လင့္ထားခဲ့ၾကေပ။ ေရာက္သည္ႏွင့္ တၿပိဳင္နက္ ထုံးစံအတိုင္း သံသယမ်ား ျပည့္ႏွက္လာၾကသည္။
"ရတနာစံအိမ္ရဲ႕ ပတ္ပတ္လည္ အခင္းအက်င္း ဖြဲ႕စည္းပုံက အားေကာင္းလြန္းတယ္.... က်ဳပ္မခ်ိဳးနိုင္ဘူး! ေခါင္းေဆာင္ေရွာင္း ဝင္ခ်င္ရင္ ဒါကို ေသေသခ်ာခ်ာ ေလ့လာရမယ္ ထင္တယ္... က်ဳပ္ တျခားေနရာေတြကို အရင္သြားၾကည့္ဦးမယ္... ပစၥည္းေတြ ရလိုရျငားေပါ့!"
လု႐ႊမ္ သူ႕လက္ကို ေဝွ႕ယမ္းလိုက္သည္။
"ေနဦး!"
သူထြက္ခါနီးတြင္ ေရွာင္းခ်င္ထ်န္း ေနာက္မွ လူငယ္တစ္ေယာက္ ေရွ႕သို႔ ေျခတစ္လွမ္း တိုးလာေလသည္။ လု႐ႊမ္ သူ႕ေျခလွမ္းေတြကို ရပ္လ်က္ ျပန္ၾကည့္လိုက္သည္။
"မင္းသြားခ်င္ရင္ ရတယ္... မင္းရဲ႕ပစၥည္းေတြ အားလုံးကို လႊဲေျပာင္းေပးရမယ္.... မင္းယူသြားတာ ဟုတ္မဟုတ္ မင္းမထြက္သြားခင္ စစ္ေဆးၿပီး အတည္ျပဳလိုက္ၾကရေအာင္!"
လူငယ္က ေအးစက္စြာ ေအာ္ဟစ္လိုက္သည္။
"ငါ့ကိုစစ္ေဆးမယ္"
လု႐ႊမ္၏ မ်က္ႏွာ မည္းေမွာင္သြားသည္။
"မွန္တယ္!"
လူငယ္က ျပင္းထန္ေသာ အၾကည့္ျဖင့္ ဟိန္းေဟာက္ၿပီး
"မင္းက ၿမိဳ႕သခင္ရဲ႕ စံအိမ္ထဲကို ပထမဆုံး ဝင္ရသူမို႔ ရတနာေတြ မယူသြားဘူးဆိုတာ အာမခံခ်က္ မရွိဘူး.... တရားမွ်တဖို႔ မင္း ပစၥည္းေတြ အားလုံးကို ထုတ္လိုက္... ငါတို႔ စစ္ၾကည့္ရမယ္ မဟုတ္ရင္ ဒီကထြက္သြားဖို႔ မစဥ္းစားနဲ႕!"
"တရားမွ်တမႈ? ဒီတရားမွ်တမႈဟာ မင္းအတြက္ပဲမလား? ေရွးေဟာင္းၿမိဳ႕ေတာ္မွာ ရတနာကို ဘယ္သူယူယူ ရတဲ့သူက အပိုင္ပဲ! ဘာလဲ? ေခါင္းေဆာင္ေရွာင္းက လုယက္ဖို႔ ႀကံစည္ေနတာလား? မင္းတို႔ကို ေရွးေဟာင္းၿမိဳ႕ထဲ ဘယ္သူေခၚလာတယ္ ဆိုတာ မေမ့ပါနဲ႕... ငါ့ေၾကာင့္သာ မဟုတ္ရင္ မင္းတို႔ အျပင္မွာ ေလွ်ာက္သြားေနဦးမွာ!"
"ညီေလးလု႐ႊမ္ ေျပာတာ မွန္ပါတယ္.... ဒါေပမဲ့ ေရွးေဟာင္းၿမိဳ႕ထဲမွာ ရတနာေတြ အမ်ားႀကီးရွိတယ္.... ငါတို႔မွာလည္း လူအမ်ားႀကီး ရွိတယ္ ငါတို႔က ဘယ္သူအတြက္ ရတနာ ေ႐ြးေပးမယ္ဆိုတာကိုလည္း ႀကိဳတင္ သေဘာတူထားၿပီးသား...."
ေရွာင္းခ်င္ထ်န္းက မ်က္လုံးမ်ား မွိတ္တုတ္မွိတ္တုတ္ျဖင့္ ၿပဳံးကာ ေျပာလိုက္သည္။
"ျမန္ျမန္!! မင္းရဲ႕ခႏၶာကိုယ္ေပၚက ပစၥည္းအားလုံးကို ထုတ္လိုက္.... မဟုတ္ရင္ မင္း ငါတို႔ကို ဒီကိုေခၚလာခဲ့တာေတာင္ အားမနာဘူးလို႔ အျပစ္မတင္နဲ႕!"
ဘိုးေဘးရဲ႕ အကူအညီ ေပးသံကို ၾကားေတာ့ လူငယ္က ေအးစက္စြာ ဆိုလိုက္၏။
"တကယ္လို႔ ငါမွန္းတာမွန္ရင္ မင္းရဲ႕ဝိညာဥ္ သားရဲက ေနာက္က လိုက္မလာဘူးမလား... မင္းကအခု အဓိပတိနယ္ပယ္ပဲ ရွိေသးတယ္.... အမွား မလုပ္မိေစနဲ႕!"
"ေကာင္ေလး ငါတို႔ေခါင္းေဆာင္က မင္းကို အထင္ႀကီးလို႔ ညီေလးလို႔ ေခၚတာ.... ကိုယ့္အတြက္ကို ဒုကၡမရွာစမ္းပါနဲ႕.... ဒါက မင္းရဲ႕ ယင္းယန္ေက်ာင္းေတာ္ မဟုတ္တဲ့ ရွန့္ခုန္းေရွးေဟာင္းၿမိဳ႕ပဲ မင္းဒီမွာပဲ ေသသြားရင္ေတာင္ ဘယ္သူကမွ ဘာမွေျပာရဲမွာ မဟုတ္ဘူး!"
ေရွာင္းခ်င္ထ်န္း၏ ေနာက္ကြယ္မွ အျခားလူငယ္ေလး တစ္ေယာက္က လွမ္းေအာ္လိုက္သည္။
"ေတာင္းပန္ပါတယ္... ငါက တျခားသူေတြဆီက ၿခိမ္းေျခာက္ခံရတာကို မႀကိဳက္ဘူး.... ကိုယ္ရခဲ့တာေတြကို တျခားသူေတြကို ျပဖို႔ဆို ပိုေတာင္ မႀကိဳက္ဘူး"
တစ္ဖက္လူ၏ ၿခိမ္းေျခာက္ ႀကိမ္းေမာင္းျခင္းကို လ်စ္လ်ဴရႈကာ လု႐ႊမ္ လွည့္ထြက္သြားေလသည္။
"စိတ္ႀကီးဝင္ေနတဲ့ ေကာင္!! မင္း ငါတို႔ကို ေခၚလာေပးတယ္ ဆိုရင္း မင္းလုပ္ခ်င္တာ လုပ္လို႔ရမယ္ ထင္ေနတာလား? သြားခ်င္တယ္ေပါ့? အဲ့ေလာက္ မလြယ္ဘူးကြ!"
အမိန႔္ကို မနာခံဘဲ လွည့္ထြက္သြားသည္ကို ျမင္လိုက္ရသည္ႏွင့္ ပထမလူငယ္က မ်က္ခုံးပင့္ကာ သူ႕လက္ကို ဆန့္လ်က္ လု႐ႊမ္ကို လွမ္းဖမ္းလိုက္သည္။
ဝုန္း!
သူ လႈပ္ရွားလိုက္သည္ႏွင့္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၃ ယင္းယန္နယ္ပယ္က လူျဖစ္ေၾကာင္း ျပသနိုင္၏။ အသက္၂၀ ေက်ာ္မွာ ဤအဆင့္သို႔ ေရာက္ရွိထားျခင္းသည္ ေရွာင္းမိသားစုတြင္ ပါရမီရွင္ အျဖစ္ သတ္မွတ္ခံရနိုင္သည္။
"ဟမ့္!"
ရတနာကို မလႊဲေပးတာနဲ႕ တစ္ဖက္လူက သူဆီ တည့္တည့္ တိုးဝင္လာမယ္လို႔ မေမွ်ာ္လင့္ထားေပ။ လု႐ႊမ္ မ်က္လုံးေတြကို မွိတ္ထားၿပီး ခႏၶာကိုယ္ကို ဖ်က္ကနဲ လႈပ္ရွား၍ မ်က္စိတစ္မွိတ္ အတြင္းမွာပဲ တျခားသူေရွ႕မွာ ေပၚလာကာ ေျခေထာက္ကို ျမႇောက္ၿပီး ကန္ထုတ္ပစ္လိုက္သည္။
ဝုန္း!
ျပင္းထန္ေသာ အသံတစ္ခု ၾကားရၿပီး လူငယ္၏ လက္ဖဝါးသည္ လု႐ႊမ္ထံ မေရာက္မီတြင္ ကန္ထုတ္ခံရၿပီး ပ်ံထြက္သြားခဲ့သည္။ သူ၏ရင္ဘတ္က အရိုးမ်ား က်ိဳးေၾကသြားသည့္ အသံတစ္ခုပါ တစ္ဆက္တည္း ထြက္ေပၚလာၿပီး ေလထဲတြင္ ရွိေနခ်ိန္တြင္ပင္ "ဗြမ္းကနဲ! "အသားလုံး အျဖစ္ ေျပာင္းလဲသြား၏။
ခြန္အား သန္း ၄၀ ေက်ာ္၏ စြမ္းအားျဖင့္ လု႐ႊမ္သည္ လူမဆန္ေသာ လူသတ္သမား ျဖစ္လာခဲ့သည္။
"ေသခ်င္ေနၿပီပဲ!"
မေမွ်ာ္လင့္ဘဲ လု႐ႊမ္သည္ ေရွာင္းခ်င္ထ်န္း ေရွ႕မွာပင္ လူသတ္မႈကို က်ဴးလြန္ဝံ့ၿပီး သူ၏နည္းလမ္းမ်ားသည္ အလြန္ရက္စက္ ၾကမ္းၾကဳတ္လြန္းသျဖင့္ ဒုတိယလူငယ္သည္ လန႔္ဖ်ပ္သြားၿပီး ျပင္းထန္စြာ ေအာ္ကာ ေျပးထြက္သြားေလသည္။
ဗုန္း!
အေရွ႕မေရာက္ခင္မွာ သူ႕ခႏၶာကိုယ္ထဲက ခြန္အားေတြ အျပင္းအထန္ ထိုးထြက္လာေလ၏။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၄ က်ိဳခ်င္းနယ္ပယ္!
၎သည္ အမွန္တကယ္ က်ိဳခ်င္းနယ္ပယ္က လူတစ္ေယာက္ ျဖစ္ကာ ယုန္တစ္ေကာင္ကို ဖမ္းဆုပ္လိုက္သကဲ့သို႔ လု႐ႊမ္ကို တိုက္ခိုက္လိုက္သည္။
"ေသလိုက္စမ္း!"
က်ယ္ေလာင္ေသာ ေဟာက္သံႏွင့္အတူ လက္ဆယ္ေခ်ာင္းျဖင့္ စြမ္းအင္မ်ားကို တြန္းထုတ္လိုက္သည္။
သို႔ေသာ္ ယခင္လူငယ္ ကဲ့သို႔ပင္ လု႐ႊမ္ထံသို႔ လက္ဝါး မေရာက္မီတြင္ သူ လည္ေခ်ာင္းက ႐ုတ္တရက္ နာက်င္လာၿပီး လည္ပင္းတစ္ဝိုက္တြင္ ဖ်စ္ညွစ္ခံထားရတာကို ေတြ႕လိုက္ရ၏။
ယခု လု႐ႊမ္သည္ စိတ္ဝိညာဥ္စြမ္းအားကို ေပါင္းထည့္လိုက္ရာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္၏ အဆင့္၅ အေစာပိုင္းကာလ၏ သန္မာေသာ လူတစ္ဦးႏွင့္ ႏွိုင္းယွဥ္နိုင္ၿပီ ျဖစ္သည္။ ဤလူသည္ က်ိဳခ်င္းနယ္ပယ္၌ အၾကာႀကီး ရပ္တည္ ေနခဲ့ရေသာ္လည္း ၿပိဳင္ဘက္ထံက တစ္ခ်က္တည္းျဖင့္ ရႈံးနိမ့္သြားခဲ့သည္။
"ငါ့ကိုလႊတ္စမ္း!"
တစ္ဖက္လူသည္ မိမိခြန္အားျဖင့္ လု႐ႊမ္ထံမွ ၾကက္လည္ပင္းကို ဆုပ္ကိုင္သကဲ့သို႔ လြယ္လြယ္ျဖင့္ အဖမ္းခံလိုက္ရမည္ဟု မေမွ်ာ္လင့္ထားေခ်။
"အတင့္ရဲလိုက္တာ!"
သူ႕မ်ိဳးႏြယ္စု ႏွစ္ေယာက္မွာ ပထမတစ္ေယာက္က ခ်က္ခ်င္းပဲ အသတ္ခံလိုက္ရၿပီး ဒုတိယတစ္ေယာက္က လည္ပင္းကို ဖ်စ္ညွစ္ခံေန ရတာေၾကာင့္ ေရွာင္းခ်င္ထ်န္းရဲ႕ မ်က္ႏွာက မည္းေမွာင္သြားေတာ့သည္။
"သူ႕ကိုလႊတ္လိုက္!! ငါမင္းအသက္ကို ခ်မ္းသာေပးဖို႔ စဥ္းစားေပးလို႔ရတယ္! မဟုတ္ရင္ေတာ့ မင္းငါတို႔ကို ေရွးေဟာင္းၿမိဳ႕ထဲကို ေခၚလာေပးခဲ့တယ္ ဆိုရင္ေတာင္ ငါအားမနာေတာ့ဘူး"
"ဟားဟား လႊတ္ေပးရမယ္? အေစာက မင္းရဲ႕ဒီမ်ိဳးဆက္ကို လႊတ္ၿပီး ငါ့ကိုတမင္ သတ္ခိုင္းလိုက္တာပဲ မဟုတ္ဘူးလား? မင္းရဲ႕လူေတြကို ငါသတ္လိုက္တာနဲ႕ မင္းငါ့ကို တိုက္ခိုက္ဖို႔ ဆင္ေျခေပးၿပီး ငါရထားတဲ့ ရတနာေတြကို လုယက္မယ္... ဒါဆို တျခားသူေတြ ဆီကေန ေက်းဇူးကန္းတယ္လို႔ အျပစ္တင္ မခံရေတာ့ဘူးေပါ့... ငါေျပာတာမွန္လား မသိဘူး??"
ေဒါသထြက္ေနေသာ ေရွာင္းခ်င္ထ်န္းကို ျမင္လိုက္ရေသာ္လည္း လု႐ႊမ္ ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။
သူသည္ ဘဝႏွစ္ခုနဲ႕ လူသားတစ္ဦး ျဖစ္ခဲ့ၿပီး လူေပါင္းစုံကို ေတြ႕ခဲ့ဖူးသည္။ ေရွာင္းခ်င္ထ်န္း ႏွင့္ အျခားသူမ်ားက သူ႕ကို ရတနာစံအိမ္မွ ထြက္လာသည္ကို ျမင္ေသာအခါ ထိုသူတို႔သည္ ရတနာတစ္ခုကို ရရွိခဲ့သည္ဟု ယုံၾကည္ခဲ့ၾကေသာေၾကာင့္ သဘာဝက်က် သူ႕အား ထြက္သြားခြင့္ ေပးမည္ မဟုတ္ေပ။
သို႔ေသာ္ လု႐ႊမ္သည္ ၎တို႔အား ေရွးေဟာင္းၿမိဳ႕ထဲသို႔ ေခၚေဆာင္လာသူ ျဖစ္သည္။ အကယ္၍ အေၾကာင္းျပခ်က္ မရွိဘဲ ပြင့္ပြင့္လင္းလင္း တိုက္ခိုက္ပါက ေစာ္ကားခံရၿပီး ေက်းဇူးကန္းသူ ျဖစ္သြားမည္ ျဖစ္သည္။ ထို႔ေၾကာင့္ ရည္႐ြယ္ခ်က္ရွိရွိ ခက္ခဲစြာလုပ္ေဆာင္ၿပီး လု႐ႊမ္ကို စြပ္စြဲခ်င္ေနေလသည္။
သူကိုယ္တိုင္ လႈပ္ရွားေနသေ႐ြ႕ေတာ့ လြယ္ပါသည္။
အစီအစဥ္က အရမ္းေကာင္းေပမယ့္ လု႐ႊမ္ဟာ သူတို႔ထဲက တစ္ေယာက္ကို သတ္ပစ္ၿပီး လက္တစ္ဖက္ကို ျမႇောက္လိုက္႐ုံနဲ႕ တစ္ေယာက္ကို ဖမ္းထားနိုင္ေလာက္ေအာင္ အစြမ္းထက္ေနမယ္လို႔ တစ္ခါမွ မထင္ထားေခ်။
ေခါင္းေဆာင္ေရွာင္းသည္ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၈၏ ၿပီးျပည့္စုံျခင္း အဆင့္ျဖစ္၍ ေတာ္ဝင္အင္ပါယာတြင္ အဆင့္ျမင့္ေလသည္။ လု႐ႊမ္လက္က လူကို ကယ္ခ်င္ပါက သူ႕အတြက္ အင္မတန္ လြယ္ကူ၏။
သို႔ေသာ္ သူမလုပ္ေခ်။ ထင္ရွားသည္မွာ ဤလူငယ္ႏွစ္ဦးကို ရည္႐ြယ္ခ်က္ရွိရွိ စြန႔္ပစ္၍ လု႐ႊမ္ကို တိုက္ခိုက္ဖို႔ အေၾကာင္းျပခ်က္တစ္ခု ခ်န္ထားရန္ ရည္႐ြယ္ထားျခင္းပင္ ျဖစ္ေလသည္။
"မင္းက ဉာဏ္ေကာင္းေတာ့ ရတနာကို နာခံမႈရွိရွိ လႊဲေပးလိုက္ပါ.... မင္းငါ့လူကို သတ္ခဲ့တာကို ဂ႐ုမစိုက္ဘူး။ ငါမင္းကို ညီေလးလု႐ႊမ္လို႔ ေခၚၿပီး ငါတို႔ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လို႔ရတယ္... မဟုတ္ရင္ မင္းရဲ႕ ဝိညာဥ္သားရဲ ဒီမွာရွိေနရင္ေတာင္ ငါအာမခံတယ္!! မင္းငါ့ရဲ႕ လိုက္လံသတ္ျဖတ္တဲ့ စက္ကြင္းကေန မလြတ္နိုင္ဘူး!"
မ်က္ႏွာခ်င္းဆိုင္ ေတြ႕ၿပီးေနာက္ ေရွာင္းခ်င္ထ်န္းသည္ မဖုံးကြယ္ေတာ့ဘဲ ေအးစက္စြာ ၿပဳံး၍ လု႐ႊမ္ကို သူ႕လက္ထဲက သားေကာင္ကို ၾကည့္ေနသလို စူးစူးရဲရဲ စိုက္ၾကည့္ေနေလေတာ့သည္။