ညလေအေးတချို့က ကားမှန်ကနေတစ်ဆင့် တိုးဝင်လာတာကြောင့် အလွန်ကိုအေးလှသည်။ ခေါင်းကိုမှီထားကာ မူးဝေနေတာကိုပြောက်ဖို့ မျက်ဝန်းများကို မှိတ်ထားလိုက်သည်။
အေးလွန်းသည့်လေဟာ လက်ရှည်ဝတ်ထားတဲ့ အနောင်ကိုတောင် ချမ်းစေတာကြောင့် လက်ရှည်မဝတ်ထားတဲ့ မာမီသာဆိုရင် ဘယ်လောက်ချမ်းလိုက်မလဲ အနောင်သိသည်။ ထို့ကြောင့်မာမီအနားကိုကပ်ကာ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
ရင်ခွင်ထဲကို ဇွတ်တိုးဝင်လာတဲ့ကောင်လေးကြောင့် ကလျာဆက်အိပ်လို့မရတော့ချေ။ ချမ်းနေလို့နှင့်တူသည်။ ခန္ဓာကိုယ်လေးက အနည်းငယ်တုန်နေသည်ကြောင့် ပြန်ဖက်ပေးလိုက်သည်။
"အရမ်းအေးနေလား"
မာမီ၏ အသံခပ်ရှရှက အနောင်ရဲ့ရင်ကိုနွေးသွားစေသည်။
"နည်းနည်းပါ"
နည်းနည်းပါလို့သာပြောသည်။ အေးသည်ကြောင့် အသံလေးတွေက တုန်ရင်နေသေးသည်။
"မာမီရော အေးနေလားဟင်"
"ဟင့်အင်း ကိုယ်က အအေးကြိုက်တယ်။ ဒီလောက်တော့ ကိစ္စမရှိဘူး"
မာမီညာနေမှန်းအနောင်သိတာပေါ့။ ဒီလောက်အေးတာ မာမီဒဏ်ရာက ဘယ်လောက်တောင် နာနေမလားဘဲ။ သို့ပေမယ့် မာမီစိတ်အနှောင့်အယှက် ဖြစ်မှာစိုး၍ ဘာမှထပ်မမေးလိုက်တော့ချေ။
ကားလေးက တရွေ့ရွေ့နှင့်ပင် အနောင်နေသည့်တိုက်ခန်းကို ရောက်သွားတော့သည်။
မိမိတိုက်ခန်းရှိရာ ၅လွှာမြှောက်ကို ဓာတ်လှေကားဖြင့်တက်သွားရသည်။ မာမီက လမ်းတောင် မှန်အောင်မလျှောက်နိုင်ပေ။ အတော်ကိုပင်ပန်းနေပုံပေါက်သည်။
"မာမီ ကျနော့်ကိုတွဲထား"
မာမီရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်းတွဲကာ အခန်းကို ရောက်အောင် သွားလိုက်ရသည်။ အခန်းရှေ့ရောက်တော့ Bellကိုတီးလိုက်သည်။
၃ခါလောက်တီးလိုက်ပေမယ့် ဘယ်သူကမှလာမဖွင့်တာကြောင့် အနောင်ဇဝေဇဝါဖြစ်သွားရသည်။ အခုချိန်ဆို ဝေဝေက ရောက်နေတတ်ချေပြီ။ သို့ပေမယ့် တံခါးလာမဖွင့်တာကြောင့် မရောက်သေးဘူးဟုသာ အနောင်ထင်လိုက်သည်။
passwordsကိုနှိပ်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းဟာ အတော်အသင့်ကျယ်ပြီး သန့်ပြန့်နေသည်။ အခန်းထဲက မီးတွေလည်း ပွင့်နေတာကြောင့် ဝေဝေရောက်နေမှန်း ထင်လိုက်သည်။
"အာ ကိုနောင်"
မီးဖိုခန်းထဲက ကပြာကရာထွက်လာတဲ့ ကောင်လေးကိုကြည့်ပြီး ကလျာမျက်မှောင် ကျုံ့လိုက်သည်။ Omegaတစ်ယောက်ဖြစ်ပြီး သူ့babyအား 'ကိုနောင်'ဟု ခေါ်လိုက်တာကြောင့် ကလျာသိပ်ဘဝင်မကျပေ။
"ဝေဝေ ဘာကိစ္စအကိုခေါ်နေတာကို မဖွင့်ပေးတာလဲ"
"ဟိုဟာ ဝေ ညစာချက်နေတာ ဟင်းအိုးကလွှတ်မရလို့ လာမလို့ဘဲရယ်။ တောင်းပန်ပါတယ်နော်"
မျက်နှာငယ်လေးလုပ်ကာ ကိုနောင့်ကိုတောင်းပန်နေပေမယ့် အနောက်ကနေ ခပ်စူးစူးအကြည့်ကြောင့် ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး အေးစက်မှုတွေပြည့်သွားတော့သည်။
ဝေယံတစ်ယောက် ကိုနောင်နောက်မှာ ပါလာတဲ့လူကို ကောင်းကောင်းသိတာပေါ့။ ဟိုအမွှာထဲက တစ်ယောက်ဆိုတာကိုလေ။ ဒါပေမယ့် ဝင်လာကထဲက ထသတ်တော့မယ့်အကြည့်တွေနဲ့ကြည့်နေတာကြောင့် ဝေယံစကားလုံးတွေလည်း ကြက်ပျောက်ငှက်ပျောက်။
အနောင် မာမီကိုကြည့်လိုက်တော့ ဝေဝေအား စူးရဲစွာစိုက်ကြည့်နေတာကြောင့် အနောင်သဘောပေါက်လိုက်သည်။ သဝန်ကလည်းတိုတက်ပါရန်ကော။
"မာမီ ဒါက ကျနော်နဲ့ အလုပ်တူတူလုပ်ခဲ့တဲ့ ဝေယံတဲ့ ကျနော့်ညီလေးလိုဘဲ"
ထိုသို့မိတ်ဆက်ပေးလိုက်မှ တွန့်ချိုးထားတဲ့မျက်ခုံးတွေကို ဖြေလျော့ကာ ပြန်နှုတ်ဆက်သည်။
"အင်း ငါ့နာမည် အံ့ကလျာနွယ် Babyရဲ့Mate Alpha"
"အာ ဟုတ်ဗျ..."
ဝေဝေတစ်ယောက် မာမီရဲ့စကားလုံးတွေကြား ဘယ်လိုဖြစ်နေမလဲအနောင် သိသည်။
"မာမီ အပေါ်ထပ်ရဲ့တောင်ဆုံးအခန်းက ကျနော့်အခန်းအဲ့မှာ ရေချိုးချင်ချိုးလိုက်။ အက်ျီကတော့ ကျနော်လာပေးလဲ့မယ် အခုတော့ မာမီစားဖို့ ကူလုပ်အုံးမယ်"
"အင်းပါ အက်ျီဘဲလာပေး။ ရေမချိုးတော့ဘူး"
ကလျာထိုသို့သာပြောပြီး အနောင်ပြောတဲ့အခန်းကိုတက်လာလိုက်သည်။ အခန်းထဲရောက်တော့ ကလျာပြုံးလိုက်မိသည်။ အခန်းဟာ အဖြူရောင်ကိုသာသုံးထားပြီး သပ်သပ်ရပ်ရပ်ဖြင့် အတော်ကိုနေချင်စဖွယ်ပင်။ တစ်ယောက်အိပ်ကုတင်လေးဟာ အခန်းရဲ့ ဒေါင့်နားလေးမှာထားပြီး ကျန်တဲ့ပစ္စည်းများဟာလည်း သူ့နေရာနဲ့သူ စနစ်တကျ ချထားသည်။
အိပ်ယာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံကိုကြည့်ပြီး ကလျာကြည်နူးသွားရသည်။
ဓာတ်ပုံက သူ၏ပုံဖြစ်သော်လည်း ပုံဘေးက "ကျွန်တော်ဘဝရဲ့ အလင်းရောင်"ဆိုသည့် စာသားလေးကြောင့် ကလျာအတော်သဘောကြမိသည်။
အိပ်ယာက ကလျာအရပ်နဲ့မဆန့်ပေမယ့် အသာလဲချကာ ဓာတ်ပုံလေးအားကိုင်ပြီး ရင်ဘက်နားကို ထိကပ်ထားလိုက်သည်။
.....,.....................
အနောင် ဝေဝေနဲ့အတူ ၃ယောက်သားစားဖို့ Dinnerချက်ပြုတ်နေသည်။ မာမီက အသီးအရွက်သိပ်မစားတာကြောင့် ကြက်ချဉ်စပ်ချက်ဖို့ ပြင်လိုက်သည်။
"ဟူး အခုမှ အသက်ရှုချောင်တော့တယ်"
မုန်လာဉနီလှီးရင်းပြောလာတဲ့ ဝေဝေစကားကြောင့် အနောင်နားမလည်ဖြစ်သွားရသည်။
"ဘာလို့လဲ ဝေဝေရဲ့"
"ဟွန် ကိုနောင်ကလဲ ဟိုမှာ ကိုနောင်ရဲ့ဟာကြီးက ဝင်လာကထဲက ဝေကိုသတ်မယ့်အကြည့်တွေနဲ့ကြည့်နေတာလေ စကားပြောတော့လည်း အေးတိအေးစက်နဲ့"
ကြက်သည်းထသည့်ပုံစံ လုပ်ပြနေသော ဝေဝေအားကြည့်ပြီး အနောင်ရယ်လိုက်သည်။
"အဟားဟား အဲ့တာအစမလို့ပါ တကယ်တော့သူက စိတ်ထားကောင်းပါတယ်"
"အဲ့လိုဆိုကောင်းတာပေါ့လို့"
နှစ်ယောက်သား စကားပြောရင်း ညစာကိုအမှီချက်ပြုတ်နေကြသည်။ တစ်နေ့တာရောင်းအားကို ဝေဝေက သူ့အားပြောပြပြီး ရောင်းအားအကောင်းဆုံး အရာတွေလည်းပြောပြသည်။
Customerတွေ သဘောတကျဖြစ်စေဖို့က အဓိကမလို့ Customerတွေသဘောကျသည့် အရာတွေကို အကုန်ပြည့်စုံဖို့လိုအပ်သည်။
မနက်ဖြန်တော့ ဆိုင်ပြန်ဖွင့်မယ်ထင်ပါတယ်....
အချိန်တခုအထိ ချက်ပြုတ်ပြီးတော့ ညစာအတွက်က အဆက်သင့်ဖြစ်နေပြီ။
"ကိုနောင် ဟိုအမကို သွားခေါ်လိုက်တော့လေ"
ဝေဝေ၏အပြောကို အနောင်ခေါင်းငြိမ့်ကာ အပေါ်ထပ်ကို တက်သွားလိုက်သည်။
အခန်းရှေ့ရောက်တော့ တံခါးကိုခေါက်ကာ အသိပေးလိုက်သည်။ နောက် အခန်းထဲကိုဝင်လာလိုက်သည်။ အခန်းထဲက မီးတွေ ဖွင့်ထားချင်းမရှိသော်လည်း ကုတင်ပေါ်က အဖြူရောင် အရိပ်လေးကိုတော့ ညအလင်းရောင်အောက်မှာ ထင်ပေါ်နေသည်။ အနောင်မာမီအနားကို အသာလေးကပ်သွားလိုက်သည်။
ကုတင်ပေါ် အသာလေးထိုင်ကာ မာမီကို ကြည့်နေလိုက်သည်။ အဖြူရောင်အသားအရေဟာ ထုံးစံအလိုလို အေးမြသည်။ ကော့ဆင်းနေသော မျက်တောင်တွေဟာ မျက်နှာပေါ်မှာ ပနံသင့်စွာ တည်ရှိနေသည်။ အညိုရောင်ဆံနွယ်တိုတိုတွေက မာမီရဲ့ မျက်နှာကို လှပစေတာထက် ခန့်ညားမှုကို ပိုဖြစ်စေသည်။ မာမီရဲ့အစိတ်အပိုင်းတစ်ခုစီကို အနောင်ထိတွေ့ကာ သဘောကြနေမိသည်။ ဆေးလိပ်သောက်တာကြောင့် အညိုရောင် ဖြစ်နေသော နှုတ်ခမ်းပါးကို အကြည့်ရောက်တော့ အနောင့်ရဲ့ နှုတ်ခမ်းလေးပါ အလိုလိုတွန့်ကွေးသွားသည်။
သူသဘောအကျရဆုံးအရာတွေထဲမှာ ထိုအရာလေးကလည်းပါသည်။ လက်ချောင်းများဖြင့် ထိတို့ဖို့ပြင်လိုက်ချိန်
"အဟမ်း..... ပိုင်ရှင်ကိုခွင့်တောင်းသင့်တယ်လေ"
အသံကြောင့် အနောင်တုန်သွားပြီး ကြည့်လိုက်တော့ မာမီက သူ့အားစိုက်ကြည့်ပြီး ပြုံးနေသည်။ တကယ်တော့ ကလျာအိပ်ပျော်မနေပါ။ ပင်ပန်းတာကြောင့် ခဏတာမှိန်းနေတာဖြစ်သည်။ သို့ပေမယ့် အခန်းထဲဝင်လာပြီး သူ၏မျက်နှာကိုစိတ်ကြိုက်ထိတွေ့နေတဲ့ Babyကြောင့် အိပ်ချင်ရောင်ဆောင်ကာ နေနေချင်းဖြစ်သည်။
"နိုး နိုးနေတာလား"
အခုမှ စကားအထစ်ထစ်နှင့် မျက်နှာများရဲကာ ရှက်နေသော babyကိုကြည့်ပြီး ကလျာသဘောတကျဖြစ်ကာ စချင်နေတုန်းပင်။
"ပြောပါအုံး ပိုင်ရှင်ကိုဘာကိစ္စ ခွင့်မတောင်းတာဘဲ ထိနေတာလဲ"
"သွားတော့မယ် အွန့်..."
ရှက်ရှက်နှင့်ထွက်သွားဖို့ ပြင်နေသောကောင်လေးကို ရင်ခွင်ထဲဆွဲချကာ နှုတ်ခမ်းဖူးဖူးလေးအား နမ်းရှိုက်လိုက်သည်။ အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်ပြီး လျှာချင်းရစ်ပတ်နွယ်လိုက်သည်။
ခရမ်းရောင်သစ်ခွပန်းရနံ့က အခန်းတစ်ခုလုံးကို တစ်ဖြည်းဖြည်း ဖုံးလွှမ်းလာသလို ပြင်းရှသည်အနမ်းများဟာ ရပ်တန့်သွားခြင်းမရှိ။
"အွန့်.... ပြွတ်စ်....'ဘုန်း ဘုန်း'"
အသက်ရှု၍မရတော့တာကြောင့် မာမီရဲ့ ရင်ဘက်ကိုထုရိုက်လိုက်မိသည်။ ထိုအခါမှ မာမီဟာ ရပ်ပေးပြီး ပါးပြင်ကိုအနမ်းချွေလိုက်သည်။
"အဲ့တာ ပိုင်ရှင်ကိုအသိမပေးဘဲ ထိတဲ့အတွက်အပြစ်ပေးတာ"
အနောင်ဘာမှပြန်မပြောနိုင်ပါ။ ရှက်တာရော အသက်ရှုမဝတာရောကြောင့် ခေါင်းသာငုံ့ထားမိသည်။
"ည ညစာရပြီ။ ဆင်းခဲ့တော့"
အနောင်တစ်ယောက် အခန်းထဲကပြေးထွက်သွားလိုက်သည်။ ကလျာကတော့ ပြုံးပြီးတော့သာ ကြည့်နေသည်။ သူဘဲ အိပ်နေတဲ့သူကို လာတို့နေပြီး အပြစ်ပေးတော့ ထွက်ပြေးသွားတာကြောင့် ကလျာသဘောကြမိသည်။
"အရင်ကလိုဘဲ နှုတ်ခမ်းလေးက ချိုနေတုန်းဘဲ"
ကလျာ မိမိ၏ နှုတ်ခမ်းအားဖိကိုင်ကာ တိုးတိတ်စွာပြောလိုက်မိသည်။
လာချပေးခဲ့တဲ့ အက်ျီကို ကလျာလဲလိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။ အောက်ထပ်မှာ ဝေယံဆိုသည့်ကောင်လေးနဲ့ Babyဟာ ထမင်းဝိုင်းပြင်နေတာကိုတွေ့လိုက်ရသည်။
"အာ အမလာဗျ"
ဝေယံ ကလျာအား ခုံကိုဆွဲထုတ်ကာ နေရာချပေးလိုက်သည်။ ကလျာဘာမှပြန်မပြောဘဲ ထိုခုံမှာဘဲ ဝင်ထိုင်လိုက်ပြီး Babyရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေလိုက်သည်။
ခန္ဓာကိုယ်သေးသေးလေးဟာ စားပွဲခုံနဲ့ ဘေစင်ကို အခေါက်ခေါက်အခါခါ သွားကာ ဟင်းပွဲတွေချပေးနေသော Babyကို မေးထောက်ပြီး ကြည့်နေလိုက်သည်။ ဒါကို Babyက သတိထားမိပုံမရဘဲ စကားတပြောပြောနဲ့ဘဲ ဟင်းခွက်တွေနဲ့ ထမင်းပွဲတွေကိုချပေးနေသည်။
"ဘယ်လိုနေနေ လှနေတာဘဲ"
ကလျာရဲ့စကားကြောင့် အနောင်ရဲ့ လှုပ်ရှားမှုတွေရပ်တန့်သွားကာ နားရွက်များကလဲ ရဲတက်သွားတော့သည်။
"ဘယ်လိုတွေ ပြောနေတာလဲ"
ထိုသို့ပြောပြီး Babyက သူ့အားကျောခိုင်းကာ လုပ်စရာရှိတာကိုဆက်လုပ်နေတော့သည်။ သေချာတာကတော့ Babyရဲ့ နှုတ်ခမ်းလေးက ဘဲနှုတ်သီးလေးဖြစ်နေပြီဆိုတာကိုပင်။
သွားစွယ်ဖြူဖြူများ ပေါ်သည်အထိရယ်နေသော ကိုနောင်ရဲ့လူကိုကြည့်ပြီး ဝေယံအံ့သြသွားရသည်။ စောနပုံနှင့် လားလားမှမတူဘဲ ပြုံးရယ်နေတာများ ဘေးကလူပါငေးရသည်အထိပင်။
"ဒီမှာ စားတော့ ခဏနေဆေးသောက်ရမှာ"
ထမင်းပန်းကန်ကို စောင့်အောင့်ကာ ချပေးပြီး သူကိုယ်တိုင်လဲ ထိုင်ကာ ညစာစားတော့သည်။
*တကယ်ပါဘဲ သူများရှေ့မှာ ဒီလောက်ထိပြုံးရတယ်လို့*
နှုတ်ခမ်းလေးတစ်စူစူနှင့် ညစာကိုစောင့်စောင့်အောင့်အောင့် စားနေတဲ့ ကောင်လေးကိုကြည့်ပြီး ကလျာမပြုံးဘဲမနေနိုင်။ သဝန်တိုလိုက်တာဗျာ။
"ကိုနောင် အကို့နှုတ်ခမ်းက ဘာဖြစ်တာလဲ ပေါက်ထားသလိုဘဲဗျ"
ဝေဝေစကားကြောင့် အနောင်အနည်းငယ်ရှက်သွားရသည်။ သို့သော်လည်း သူ့အား ပြုံးပြီးကြည့်နေသော ဘွားတော်ကို ရွဲ့ချင်တာကြောင့်
"ခွေးကိုက်ထားတာလေ"
"ဟမ် ကိုနောင် ဘယ်တုန်းက ခွေးကိုက်ခံရတာတုန်း"
"အစောနကမှလေ ခွေးဆိုတဲ့အတိုင် သွားမှာက သွားစွယ်တွေကထက်လို့။ ပြီးရင် ရှိသမျှ သွား အကုန်ဖြီးပြနေတာ အတော်ကိုအမြင်ကတ်စရာကောင်းတယ်။"
ဝေဝေကတော့ အနောင်ရဲ့စကားတွေကို အူလည်လည်ဖြင့်သာ နားထောင်နေမိသည်။ အတွေးပေါင်း သောင်းခြောက်ထောင်ကို တွေးရင်းပေါ့
*ဘယ်ခွေးကများ နှုတ်ခမ်းကိုကိုက်တာလဲ*
"ဒါပေမယ့် အဲ့ခွေးက ချောတယ်မဟုတ်လား"
"အဟား ဖင်ခေါင်းကျယ်နေလိုက်အဲ့မှာ"
ဝေဝေသဘောပေါက်သွားပါပြီ။ ကိုနောင်က သူ့ရဲ့Alphaကို စိတ်ကောက်နေတာဘဲ။ ယှဉ်ကြည့်မယ်ဆို ကိုနောင့် Alphaက ကိုနောင်ထက် အသက်ကြီးမှန်း သိသာသည်။ ဘယ်တုန်းကများ ကိုနောင်က အခုလိုဆဲတတ်သွားတာပါလိမ့်။
ဝေယံ သူ့ထမင်းလေးကိုသူ ငုံကာစားနေလိုက်သည်။ စကားပုံလည်း ရှိသေးတယ်မလား။
*ကြားသုံးကြား မဝင်ကောင်းဘူး*တဲ့.....
သူတို့ဘာသာ ဘာတွေဘဲဖြစ်ဖြစ် အသာနေတာဘဲကောင်းမည်။
(Me- အဲ့လိုခွေးမျိုး ဘယ်မှာဝယ်ရလဲ😁
အနောင်- ဘယ်မှာမှမရဘူး လိုချင်ရင်တော့ လာခဲ့အိမ်ကို အာမခံတယ်😊
Me- အမယ် အာမခံတွေနဲ့ပေါ့😏
အနောင်- ဟုတ်ဗျ အသက်မပါဘဲပြန်သွားဖို့ ကျနော် အာမခံတယ်😄
Me- မယူတော့ဘူး ဟဲဟဲ ကျေးဇူးဘဲ🤧)
.............................
ညစာစားပြီးတော့ ဝေယံက အောက်ထပ်မှာဇာတ်ကားကြည့်နေရင်း တနေ့တာဆိုင်ရဲ့ရောင်းအားကို အနောင်နဲ့ စစ်ဆေးနေကြသည်။
ကလျာကတော့ မီးဖိုခန်းထဲမှာ ချစ်ရသူလေးရဲ့အမိန့်ကြောင့် ပန်းကန်တွေဆေးနေရသည်။ ကိုယ်က အမိန့်ပေးပြီးလုပ်စားလာတာဆိုပေမယ့် ချစ်ရသူလေးရဲ့ အမိန့်တွေကို ကလျာလွန်ဆန်ဖို့ စိတ်ကူးမရှိ။ ပြီးရင်လည်း တန်ရာတန်ကြေးပြန်ရတာဆိုတော့။
"မာမီ ပန်းကန်ဆေးနေတာမပြီးသေးဘူးလား!"
"ပြီးပြီ Baby"
ပီတိတွေနဲ့ ပန်းကန်ဆေးနေတာတုန်း ဧည့်ခန်းဘက်က Babyလေးရဲ့ အသံစူးစူးလေးကြောင့် နောက်ဆုံးပန်းကန်ကို ဆေးကာ လက်ရေသုတ်ပြီး ထွက်လာလိုက်သည်။ လက်က တဆစ်ဆစ်နာနေတာကို လျစ်လျူရှုပြီး Babyရှေ့မှာ ဟန်ဆောင်နေရသည်။
လက်ကိုသေချာပြန်ကြည့်တော့ ရဲနေတာ လူမြင်မကောင်း။ ခန္ဓာကိုယ်နဲ့မျက်လုံးတွေက ကျိန်းစပ်ကာပူနေသည်က ဘယ်လိုမှ ဟန်ဆောင်မရ။ မတက်နိုင်ဘူး ကိုယ်ကိုတိုင် လက်ကိုဆေးထည့်လို့မဖြစ်တာကြောင့် Babyကို အကူအညီတောင်းရတော့သည်။
"Baby"
အခုထိအက်ျီမလဲသေးဘဲ တကုန်းကုန်းနဲ့ ဝေယံနဲ့အတူ ဘာတွေတွက်ချက်နေမှန်းမသိ။
စာရင်းစစ်နေတုန်း နောက်ကမာမီ့အသံကြောင့် အနောင် စာရင်းတွေကိုရပ်ကာ အနောက်ကိုလှည့်ကြည့်လိုက်သည်။ မျက်ဝန်းထဲ၌ မျက်ရည်ဉတွေတွဲခိုနေသလို မျက်နှာကလည်း ရဲနေသေးသည်။
"ဘာလို့လဲ မာမီ"
ထိုင်ရာကထကာ မာမီအနားကို အမြန်ပြေးသွားလိုက်သည်။ မူမမှန်တဲ့မာမီပုံစံကြောင့် အနောင်စိတ်ပူသွားရသည်။ ပုံမှန်ဆို ဘာဖြစ်ဖြစ် ကြိတ်ခံတတ်တဲ့မာမီက အခုကျ မျက်ရည်တွေဝဲကာ သူ့အားစိုက်ကြည့်နေတာကြောင့် ပိုလို့စိတ်ပူရသည်။
"နာတယ် ဟင့်"
မျက်ရည်များ ကျလာပြီး 'နာတယ်'သာပြောနေတာကြောင့် အနောင် နားမလည်နိုင်တော့ပေ။
"ဘာမှမပြု.....ကျစ်! ပူကျစ်နေတာဘဲ"
နဖူးပေါ်က ဆံပင်တွေကို ဖယ်ပေးရင်းအမှတ်တမဲ့ ထိလိုက်မိတဲ့နဖူးပြင်ရဲ့ အပူချိန်ကြောင့် အနောင် စုပ်တစ်ချက်သပ်လိုက်မိသည်။
"နာတယ်လို့ အင့်"
"အုံဖွ လာလာဆေးထည့်ရအောင် နော် မာမီကလိမ်မာပါတယ်"
"ဟင့်...အင့်"
မာမီအားဆွဲခေါ်လာကာ ဧည့်ခန်းကဆိုဖာမှာ ထိုင်စေလိုက်သည်။ လက်က အနည်းငယ်ရောင်နေတာကိုတွေ့ပြီး အနောင်စိတ်မကောင်းဖြစ်သွားရသည်။
"ဝေဝေ အကို့ကို ဆေးဘူးလေးယူပေးပါ့လား"
"ဟုတ် ကိုနောင်"
ဝေဝေကိုဆေးဘူးသွားယူခိုင်းလိုက်ပြီး မိမိကတော့ အဖျားကြောင့်ငြိနေသော ကလေးကြီးကို ချော့ရတော့မည်။
"အာယာ Babyရဲ့မာမီက မျက်ရည်တွေနဲ့ပါလားဗျ။ ချစ်ဖို့ကောင်းလိုက်တာ။ မျက်ရည်တွေသုတ်လိုက်ပါအုံး အနာကနာနေတာလား"
"အွန်း ရမ်းဘဲ"
ငိုသံလေးနှင့်ပြောလာတဲ့မာမီဟာ တကယ်ကိုကြောင်ပေါက်စလေးပင်။
"အဖျားတွေတက်နေတာကို ဘာလို့မပြောတာလဲဟင်။ "
"ကိုယ့်Babyခိုင်းထားတာမှ မပြီးသေးတာ"
အနောင်တစ်ယောက် အလွန်အားနာသွားရသည်။
"Babyတောင်းပန်တယ်နော်။ ပြွတ်စ်"
နဖူးလေးကို အနမ်းချွေပြီး အနောင်တောင်းပန်လိုက်သည်။ မာမီက သူနဲ့ပတ်သတ်လာရင် အစုံးစွန်ဖြစ်တတ်တာကို အနောင်မေ့သွားသည်။
"ခေါင်းမူးတယ်"
နေးဖျားမှ ကလေးတစ်ယောက်လို ပြုမူတတ်တဲ့ မာမီကိုကြည့်ပြီး အနောင်သဘောကြသွားရသည်။
"ကိုနောင် ဒီမှာ ဆေးဘူး"
ဝေဝေယူလာပေးသော ဆေးဘူးအားဖွင့်ပြီး အထဲက ဆေးတချို့ကိုယူကာ မာမီသောက်ဖို့လုပ်လိုက်သည်။
"ဒါလေးအရင်သောက် ခေါင်းမူးရင် Baby ပေါင်ပေါ်လှဲအိပ်လိုက်။ Baby လက်ကိုဆေးထည့်ပေးမယ်".
မျက်လုံးတွေကို ပွတ်ရင်းမာမီက ခေါင်းငြိမ့်ကာ သူ့ပေါင်ပေါ်ကို လှဲလျောင်းလာသည်။ မာမီအရပ်နဲ့ဆိုဖာက ကိုးလိုးကန့်လန့်ဖြစ်နေပေမယ့် တဇွတ်ထိုးမာမီကတော့ မရရအောင် လှဲချသည်။ ဝေဝေကတော့ ကြည့်ကာမသိမသာခိုးရယ်နေတာကို အနောင်မြင်လိုက်သည်။
ဖြူဖွေးနေတဲ့ အသားအရေဟာ ထုံးစံအတိုင်း ကြွေရုပ်လိုပင်။ သို့ပေမယ့် လက်ခုံပေါ်မှာရှိနေတဲ့ ဒဏ်ရာကတော့ ထိုကြွေရုပ်လိုအသားအရေကို အကျီးတန်စေသည်။ အမြဲစိတ်လွှတ်အောင် ဒေါသလွယ်တဲ့ မာမီကိုသဘောမကြလှ။ ပေါင်ပေါ်လှဲချလိုက်သည်နှင့် အသက်ရှုမှန်မှန်နှင့် မာမီက ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ဝေဝေကတော့ ဇာတ်ကားကိုအာရုံမရတော့ဘဲ ကိုနောင်နဲ့သူ့ရဲ့Mateကိုသာ ထိုင်ကြည့်နေမိသည်။
ကိုနောင်က ဟိုအမရဲ့ ညာဘက်လက်ကို ယူကာ စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ သူပါထိုဒဏ်ရာကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ နည်းတဲ့ဒဏ်ရာတွေမဟုတ်။ ဒီလောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာတောင် ဘာမှမဖြစ်သလိုနေနိုင်တဲ့အမကိုကြည့်ပြီး ဝေဝေတကယ်အံ့သြရသည်။
"ကိုနောင် ဒဏ် ဒဏ်ရာကြီးက"
ဝေယံအထစ်ထစ်အငေါ့ငေါ့နဲ့ပင် ပြောလိုက်သည်။
"အင်း သူကတအားဟန်ဆောင်ကောင်းတာ ဝေဝေရ။ ဘယ်လောက်ဘဲ ဒဏ်ရာရနေပါစေ ဘာမှမဖြစ်သလိုအမြဲ ဟန်ဆောင်တာ။ ဒီတခါ ငါ့စီမှာရောက်နေတာ ကံကောင်းသွားတယ်။ နို့မို့ဆို ဘယ်လောက်အဖျားကြီးကြီး "အဆင်ပြေတယ်"ဆိုပြီး လိမ်နေအုံးမှာဘဲဆိုတာ ငါသိတယ်။
ရုပ်ပိုင်းဆိုင်ရာမှာ ဘာပြစ်ချက်မှမရှိတဲ့ သူက စိတ်ပိုင်းဆိုင်ရာမှာတော့ ဒဏ်ရာတွေတအားများတယ်။ ဒီပုံစံကို ဒီနေ့ညနေ ဒါမှမဟုတ် သူအဖျားမပျောက်ခင်အထိဘဲ မြင်ရလိမ့်မယ်။ သူသာသက်သာသွားရင် ဒီပုံစံကို မင်းမြင်ရဖို့ခက်ခဲသွားလိမ့်မယ်။ တကယ်တော့ သူက စိတ်ကျန်းမာရေးထိခိုက်နေတဲ့ လူတစ်ယောက် အများစကားနဲ့ဆို 'ဆိုက်ကို' ဒါမှမဟုတ် 'အရူး'ဘဲ။ သူက အပြင်လူတွေနဲ့ဆို အေးဆက်ဆက်ဘဲဆိုပေမယ့် သူတကယ် ခင်မင်မြတ်နိုးရသူတွေအပေါ်ဆိုရင်တော့ ဟိုဘက်လူက ဘယ်လောက်လျစ်လျူရှုနေပါစေ သူကတော့အမြဲတမ်း ကြင်ကြင်နာနာဆက်ဆံစဲဘဲ။ တစ်ခုတော့ရှိတယ် သူ့ကိုမုန်းအောင်လုပ်မိရင်တော့ တသက်လုံး သူ့ရဲ့အေးဆက်ဆက်ဆက်ဆံချင်းကိုဘဲ ခံရလိမ့်မယ်။
လူတွေကပြောတယ် အဲ့လို''အရူးတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့လား"တဲ့။ ဒါပေမယ့် မာမီက ငါ့အတွက် အလင်းရောင်လေ။ သူတို့ပြောပြောနေတဲ့အရူးက မေတ္တာငတ်နေတဲ့သူ။ အထီးကျန်နေတဲ့သူဆိုတာ သူတို့မသိဘူး။ အဲ့တာကြောင့် ပြောတာပေါ့ "ပတ်ဝန်းကျင်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက်ကို လိုက်ကြည့်နေပြီး အမြဲလိုလို အဲ့အားနည်းချက်နဲ့ တိုက်ခိုက်နေတတ်တဲ့ သတ္တဝါတွေဘဲ" ဒါကြောင့် ငါမာမီကိုချစ်မိတာ နောင်တမရဘူး။ ကိုယ့်ကြောင့် လူတစ်ယောက်ပျော်ရွှင်နေတာကိုကြည့်ပြီး ကိုယ်ကိုတိုင်လဲ ပျော်မိတယ်။"
ကိုနောင်ရဲ့စကားများကို ငြိမ်သက်စွာနားထောင်နေမိသည်။ ကိုယ်နောင်ပြောသမျှဟာလည်း အမှန်တွေမလို့ ဘာမှပြန်မပြောနိုင်။ ကိုနောင်ပေါ်မှာ အပြစ်ကင်းစွာအိပ်ပျော်နေတဲ့ အမကိုကြည့်ပြီး ဝေယံလည်းစိတ်မကောင်းပါ။
အနောင်မာမီရဲ့လက်ကို ဆေးထည့်ပေးကာ ပတ်တီးစည်းပေးထားလိုက်သည်။ ပါးပြင်ပေါ်ကမျက်ရည်တွေကို အနောင်သုတ်ပေးလိုက်ပြီး ပါးပြင်နွေးနွေးကို နမ်းလိုက်သည်။
"ကိုနောင် ဒီမှာစောင် ချုံပေးထားလိုက်ပါ့လား"
ဘယ်ချိန်ကထထွက်သွားပြီး စောင်သွားယူလိုက်မှန်းမသိ။ အဖြူရောင်စောင်လေးကို လက်ထဲထည့်ပေးကာ နူးညံ့စွာပြောလာတဲ့ ဝေဝေကြောင့် အနောင်ပီတိဖြစ်ရသည်။
"ကျေးဇူးဘဲနော် ဝေဝေ"
"မလိုပါဘူးဗျ ဝေ သွားနားတော့မယ်နော်ကိုနောင်"
အနောင် ခေါင်းသာငြိမ့်ပြလိုက်သည်။ သူ့ထက်အသက်ငယ်ပေမယ့် အရာရာမှာ မာကျောပြီး တိကျပြတ်သားသည်။ သူနဲ့မာမီကြားမှာ ဗရုတ်ဖြစ်သွားတဲ့အချိန်တုန်းက ဝေဝေဟာ အစစအရာရာ သူ့ဘေးနားမှာ ရှိနေပြီး အမြဲဖေးကူတတ်သည်။
မာမီရဲ့ ခေါင်းလေးကိုပေါင်ပေါ်မှာတင်ထားရက်နဲ့ မာမီအကြောင်းတွေကို တွေးနေမိသည်။
*ရှေ့ဆက်ရမယ့်ခရီးမှာ ဘာအခက်အခဲမှ မကြုံချင်ပေ❤*
............................
TBC
#Royal