ရှားရှားပါးပါးရထားသည့် အားလပ်ရက်တစ်ရက်ဖြစ်၍ 'ဝိန်းရိဖန်'သည် ညနက်သည့်အချိန်ထိ သရဲကားကြည့်ရင်း အချိန်ကုန်ဆုံးနေလိုက်သည်။
ခြောက်ခြားစရာကောင်းအောင်လုပ်နေသည့်အရာအားလုံးမှာ နောက်ခံတီးလုံးနှင့်အော်သံများသာဖြစ်ပြီး ဇာတ်လမ်းအစကတည်းက ကြောက်စရာကောင်းသည့်ပုံရိပ်ဟူ၍တစ်ခုမှမပါသေး။ နှစ်သက်သောအရာတစ်ခုကို မဖြစ်မနေလုပ်ယူတတ်သည့်အကျင့်ရှိ၍လည်း မျက်ခွံကို အတင်းဖွင့်ထားရင်း ဇာတ်လမ်းအဆုံးထိကြည့်ရန်ကြိုးစားနေလေသည်။
ဇာတ်သိမ်းသွားကြောင်း စာတန်းထိုးလာသည့်အချိန်တွင်မှ ဝိန်းရိဖန် စိတ်လျော့ချလိုက်နိုင်ကာ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အတွေးများကြား နှစ်မျောစီးဝင်ပစ်လိုက်တော့၏။ အိပ်မက်ကမ္ဘာထဲသို့ မျောပါလုနီးနီးအချိန်တွင် ရုတ်တရက် တံခါးထုရိုက်သံပြင်းပြင်းကို ကြားလိုက်ရ၏။
'ဘန်း'ဆိုသည့် အသံကျယ်ကြီးတစ်ခု။
ပြန်ဖွင့်လာသည့် ဝိန်းရိဖန်၏မျက်လုံးများက ဆတ်ခနဲ။
လိုက်ကာစကြားမှ တိုးဝင်လာသည့် လရောင်မှာ ကျိုးတိုးကျဲတဲ ၊ အပြင်ဘက်မှနေ၍ အရက်မူးနေသည့်ယောက်ျားတစ်ယောက်၏အော်ဟစ်သံကို ကြားလိုက်ရကာ ခြေသံများက အခြားဦးတည်ရာတစ်ခုသို့ သွားနေသည့်ခပ်ရှပ်ရှပ်အသံများ။
ထို့နောက်တွင် တံခါးဖွင်သံတစ်ခုနှင့် ပြန်ပိတ်သွားသည့်အသံတစ်ခု။
နောက်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည့်အသံများအားလုံး ငြိမ်သက်တိတ်ဆိတ်သွားတော့၏။
အခန်းတံခါးကို စက္ကန့်ပိုင်းမျှစိုက်ကြည့်နေရင်း အရာအားလုံးပြန်လည်တိတ်ဆိတ်သွားပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန်လည်း သတိကြပ်ကြပ်ထားနေသည့်စိတ်ကို လျော့ချပစ်လိုက်သည်။ နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားရင်း ဒေါသကထောင်းခနဲ ထွက်လာပြန်တော့၏။
သည်တစ်ပတ်ထဲ၌ပင် ဘယ်နှကြိမ် ရှိနေပြီမှန်းမသိ။
အိပ်ပျော်ခါစစိတ်လေးက နှောက်ယှက်ခံလိုက်ရကာ ဝိန်းရိဖန်အတွက် ပြန်အိပ်ပျော်သွားဖို့ရလည်းမလွယ်ကူ။ အိပ်ရာပေါ်လူးလိမ့်ရင်း မျက်လုံးကိုတဖန်ပြန်မှိတ်လိုက်ကာ အခုလေးတင်ကြည့်ထားသည့်ရုပ်ရှင်ဇာတ်လမ်းအကြောင်း ပြန်တွေးမိလိုက်သည်။
ဟွန့်
သရဲကားလို့တောင် ခေါ်လို့ရသေးလို့လား?
လူတွေကိုခြောက်လန့်ဖို့သပ်သပ် ဘတ်ဂျက်နည်းနည်းနဲ့ လျှောက်ရိုက်ထားတဲ့ ဇာတ်ကားကများ...
ယောင်တောင်ပေါင်တောင်ကြောင်ကြည့်နေရင်းက ဝိန်းရိဖန်း၏စိတ်ထဲတွင် ဇာတ်လမ်းထဲမှသရဲမျက်နှာကြီးက မသိလိုက်ဘာသာ မြင်ယောင်လာမိ၏။
နောက်ထပ် သုံးစက္ကန့်တွင် အိပ်ရာထဲမှ ထခုန်မိလိုက်ပြီး ဘေးမှမီးအိမ်ကို လှမ်းဖွင့်လေတော့သည်။
ကျန်နေသည့် ညတစ်ဝက်တာအချိန်တွင်တော့ ဝိန်းရိဖန် ကောင်းကောင်းအိပ်မပျော်တော့ဘဲ နိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြစ်နေသည့်အပြင် ဘေးနား၌လည်း ရှုံ့တွနေသည့်သရဲမျက်နှာကြီးရှိနေသည်ဟုသာ ထင်ယောင်ထင်မှားဖြစ်နေခဲ့သည်။
မနက်မိုးသောက်လင်းခါနီးမှသာ ခက်ခက်ခဲခဲအိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့တွင် ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ဝိန်းရိဖန် နိုးလာခဲ့သည်။ အိပ်ရာဝင်နောက်ကျလွန်းသည့်အပြင် ကောင်းကောင်းအိပ်မပျော်ခဲ့ခြင်းကြောင့် နိုးလာသည့်အချိန်တွင် ခေါင်းတစ်ခုလုံးက အပ်များဖြင့်ထိုးခံနေသည့်အလား နာကျင်ထုံထိုင်းနေတော့သည်။ အနည်းငယ် မကြည်မသာဖြစ်နေသည့်ကြားမှ ဖုန်းကို လှမ်းယူပြီး ဖြေဆိုလိုက်၏။
အခြားတစ်ဖက်မှ 'ကျုံးစစ်ချောင်' ၏ အသံခပ်သေးသေးတစ်ခုထွက်လာ၏။
"ငါ ခဏနေမှ တစ်ခေါက်ထပ်ခေါ်လာခဲ့ရမလား"
"....."
ဝိန်းရိဖန်၏ မျက်ခွံများလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကာ ဦးနှောက်တစ်ခုလုံး နှစ်စက္ကန့်မျှ ဗလာကျင်းသွားခဲ့၏။
သူမ နှိုးဖို့ ဖုန်းဆက်တာလား?
ဇာတ်လမ်းမပြခင် ကြော်ညာဝင်သလိုမျိုးလေ..
အိပ်ရာနိုးခါစ ဒေါသများကို စုပြုံလိုက်ရင်း
"နင် ကျေးဇူးပြုပြီး...."
စကားပင် ဆုံးအောင်မပြောရသေးခင် တစ်ဖက်က ဖုန်းချသွားနှင့်၏။
လက်သီးတစ်ချက်က ဂွမ်းစောင်နုနုအပေါ်ကျသွားခဲ့ပြီးနောက် ဝိန်းရိဖန် မျက်လုံးကိုဖွင့်လိုက်ကာ မကျေမနပ်ဖြစ်ကျန်နေခဲ့တော့၏။ အိပ်ရာထက်တွင် တစ်ခဏကြာကြာလှဲနေပြီးမှ လက်ကိုင်ဖုန်းကိုယူပြီး နာရီအားတစ်ချက်ကြည့်လိုက်သည်။
နေ့လည်ခင်း နှစ်နာရီထိုးလုနီးနီးပင် ဖြစ်သည်။
ဝိန်းရိဖန် အိပ်ရာထဲတွင် လူးလိမ့်မနေနိုင်တော့ဘဲ အနားမှ အင်္ကျီအားဆွဲယူပြီးဝတ်ကာ ရေချိုးခန်းဆီသို့ ပြေးလာခဲ့သည်။
သွားတိုက်နေစဥ် ဖုန်းက နောက်တစ်ကြိမ်မြည်လာပြန်၏။ အားနေသည့်လက်တစ်ဖက်ဖြင့် ဖုန်းမျက်နှာပြင်ကိုပွတ်ဆွဲပြီး စပီကာဖွင့်လိုက်၏။
'ကျုံးစစ်ချောင်' ၏ အသံက ရှေ့ပြေးအနေဖြင့် ပြေးဝင်လာ၏။
"လခွမ်းပဲ ၊ အခုလေးတင် အထက်တန်းကျောင်းတုန်းကသူငယ်ချင်းနဲ့ပြန်တွေ့လာတာ ၊ ငါ့မျက်နှာကြီးတစ်ခုလုံး အဆီတွေပြန်ပြီး မိတ်ကပ်မလိမ်းထားရသေးဘူး ၊ ရှက်လွန်းလို့သေချင်တယ်!"
"လွယ်လွယ်နဲ့သေချင်တယ်ပေါ့"
ဝိန်းရိဖန်၏စကားသံတို့က ပါးစပ်ထဲမှ အမြှုပ်များကြောင့် ဝိုးတိုးဝါးတား ;
"နင် မတော်တဆတွေ့တာပဲမလား"
"....."
ကျုံးစစ်ချောင်က သုံးစက္ကန့်ခန့်မျှငြိမ်သက်နေပြီး စကားယှဥ်မပြောချင်တော့လောက်အောင် ပျင်းရိနေရင်း ;
"ဒီနေ့ည အပြင်သွားမှာလား မသွားဘူးလား သတင်းထောက်ဝိန်း ၊ လူကြီးမင်းက တစ်ပတ်လုံးလုံး အချိန်ပိုဆင်းနေခဲ့တာနော် ၊ နည်းနည်းပါးပါးလေးမှ အပျော်ထွက်မရှာတော့ရင် လူကြီးမင်း ရုတ်တရတ်သေသွားမှာကို ကျွန်တော်မျိုးမ စိတ်ပူနေလို့ပါ"
"အင်း....ဘယ်သွားမှာလဲ"
"နင်တို့ဘက်ကို သွားလည်ကြည့်မလား ၊ နင် သွားဖူးလားတော့မသိပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်ပြောတာ အဲ့နားမှာ Bar တစ်ခုရှိတယ်တဲ့ ၊ ဆိုင်ပိုင်ရှင်က အရမ်း...."
ကျုံးစစ်ချောင်က ဆက်၍
"အမ်....နင့်ဘက်ကနေ ရေကျသံတွေကြားနေရတယ်ရော ၊ ပန်းကန်ဆေးနေတာလား"
ဝိန်းရိဖန် ; "မျက်နှာသစ်နေတာ"
ကျုံးစစ်ချောင် ; "နင် အခုမှနိုးတာလား"
ဝိန်းရိဖန်က အင်းဆိုသည့် အသံတစ်ခုပြုလိုက်၏။
"နှစ်နာရီတောင်ထိုးနေပြီဟ ၊ နေ့လည်စာစားချိန်တောင် ကျော်နေပြီ"
ကျုံးစစ်ချောင်က ထူးထူးဆန်းဆန်းခံစားမိလိုက်ရင်း
"နင် မနေ့ညကဘာတွေလုပ်နေတာလဲ"
"သရဲကားကြည့်နေတာ"
"ဘာကားလဲ"
"《အိပ်မက်ကအနိုးမှာ သရဲအတွေ့》"
ကျုံးစစ်ချောင်က ထိုဇာတ်လမ်းကိုကြည့်ဖူးသည့်ဖြစ်၍
"အဲ့ကားကို သရဲကားလို့တောင် ထည့်မခေါ်သင့်ဘူး"
"ကြည့်ပြီးတော့ ငါ အိပ်ပျော်သွားခဲ့တာ"
ဝိန်းရိဖန်က တစ်ဖက်လူ၏စကားကို လျစ်လျူရှုပြီး ဘေးနားမှ မျက်နှာသုတ်ပုဝါကိုဆွဲယူကာ ရေစက်များကို သုတ်လိုက်၏။
"နောက်တော့ ညသန်းခေါင်ကြီးမှာ ငါ နိုးလာတော့တာပဲ ၊ ပြီးတော့ ဇာတ်လမ်းထဲက သရဲကို မြင်ယောင်နေတော့တာ"
"....."
"ငါနဲ့ သရဲနဲ့ တစ်ညလုံး လုံးထွေးကြရတော့တာလေ"
ကျုံးစစ်ချောင် ပြောစရာစကားမဲ့နေရင်းက ဆက်၍ ;
"ဒီလိုအထိန်းအကွတ်မဲ့ပြီးကန့်သတ်ထားရမယ့်စကားမျိုးကို နင် ဘာလို့ စည်းမရှိကမ်းမရှိလျှောက်ပြောနေရတာလဲ"
ဝိန်းရိဖန်က မျက်ခုံးပင့်လိုက်၍ ;
"ဒီလောက်လေးပြောတာနဲ့ကို ကန့်သတ်ထားတဲ့စကားတွေဖြစ်နေပြီလား"
"ဘယ်လို....တစ်ညလုံး လုံးထွေးနေတယ် ဟုတ်လား"
"...."
"ထားပါတော့ ၊ သရဲတွေ တစ္ဆေတွေကို ဖယ်ထားစမ်းပါ ၊ ဒီမမက ကောင်လေးတွေကို စားဖို့ခေါ်သွားပေးမယ်"
ကျုံးစစ်ချောင်က ရယ်သံစွက်လာပြီး ;
"ခပ်ချောချော....လတ်လတ်ဆတ်ဆတ်....ပူပူနွေးနွေး....ကောင်လေးမျိုးလေ"
"တော်ပြီ ငါတော့ သရဲနဲ့ပဲ လုံးထွေးတော့မယ်"
လက်ကိုင်ဖုန်းကို ယူပြီး ဝိန်းရိဖန်းက ရေချိုးခန်းထဲမှထွက်လာခဲ့ကာ
"အနည်းဆုံးတော့ တစ်ပြားမှမကုန်ဘူး ၊ အလကား စားရမှာ"
ကျုံးစစ်ချောင် ;
"ဘယ်သူက ပိုက်ဆံပေးရမယ်လို့ပြောနေလို့လဲ ၊ ကောင်လေးတွေကိုလည်း အလကား စားလို့ရပါတယ်နော်"
ဝိန်းရိဖန် ;
"ဟမ်?"
"မျက်လုံးနဲ့ စားမှာလေကွာ"
"...."
ဖုန်းချပြီးနောက်တွင် ဝိန်းရိဖန်က Wechat မှတဆင့် မနေ့ညမှကိစ္စအား အိမ်ခန်းပိုင်ရှင်ထံ အကြောင်းကြားပြောပြလိုက်၏။ထပ်၍လည်း စာချုပ်သက်တမ်းကုန်သွားလျှင် အိမ်ခန်းဆက်ငှားမယ့်ကိစ္စအား ချိတုံချတုံဖြစ်လာခဲ့ကာ ဆက်၍လည်း မငှားဖြစ်တော့မည့်ရာခိုင်နှုန်းက ပိုနေခဲ့၏။
လွန်ခဲ့သည့်နှစ်လကမှ သူမဟာ 'ယီဟယ်' မြို့မှတဆင့် 'နန်းဝူ'မြို့သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။
အိမ်ခန်းက ကျုံးစစ်ချောင် ကူညီ၍ရှာပေးထားခြင်းဖြစ်ပြီး ပြဿနာအကြီးအကျယ်ဟူ၍မရှိ။
တစ်ခုတည်းသောအဆင်မပြေသည့်အချက်မှာ ဤအိမ်ခန်းက စုပေါင်းငှားရမ်းထားသည့်ပုံစံမျိုးဖြစ်နေခြင်းပင်။ အိမ်ခန်းပိုင်ရှင်မှာ မီတာ ၈၀ ပတ်လည်ကျယ်ဝန်းသည့်အခန်းကို အခန်းသုံးခန်းကန့်ထားပြီး အခန်းတစ်ခုစီတိုင်းတွင် ရေချိုးခန်းနှင့်သန့်စင်ခန်းများပါဝင်ပြီး မီးဖိုချောင်နှင့်ဝရံတာများတော့မရှိ။
သို့သော် အိမ်ခန်းတန်ဖိုးစျေးက အတော်လေးသင့်တင့်၍တန်သည်ဟုဆိုရမည်။
ဝိန်းရိဖန်အတွက်မူ နေထိုင်ရမည့်နေရာအတွက် တောင်းဆိုချက်များကသိပ်မများလှ ၊ ထို့အပြင် ဤအိမ်ခန်းပတ်ဝန်းကျင်က သွားရေးလာရေးလွယ်ကူသည့်အပြင် စည်စည်ကားကားလည်းဖြစ်သေးသည်။ ထို့ကြောင့် နှစ်ရှည်ငှားရမ်းဖို့ရန်ပါ တွေးထားခဲ့ဖူးသည်။
သို့သော် တစ်နေ့တွင်တော့ သူမ အပြင်ထွက်သည့်အခိုက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဘေးကပ်ရပ်အိမ်ခန်းမှလူကြီးနှင့်ဆုံခဲ့ရာမှတဆင့် တဖြည်းဖြည်းနှင့် ယခုလက်ရှိအခြေအနေထိ ရောက်လာရခြင်းမျိုးပင်။
သတိမထားမိလိုက်ပါဘဲနှင့် နေမင်းကြီးက အနောက်အရပ်သို့ဝင်သွားခဲ့သည့်အချိန်တွင် အခန်းငယ်လေးထဲ၌ အမှောင်ထုက တစ်လွှာချင်းစီ နေရာယူလာခဲ့သည်။ ထောင်ပေါင်းများစွာသော အလင်းရောင်တို့က တစ်ခုပြီးတစ်ခု ၊ တစ်နေရာပြီးတစ်နေရာမှ လင်းလက်လာခဲ့ကာ မြို့ကြီးတစ်ခုလုံးမှာ ပုံစံပြောင်းသွားသည့်အလားသဏ္ဍာန်ဖြင့် စတင်အသက်ဝင်လှုပ်ရှားလာတော့သည်။
ချိန်းထားသည့်အချိန်ရောက်ခါနီးဖြစ်၍ ဝိန်းရိဖန်က အဝတ်အစားလဲပြီး မိတ်ကပ်ပါးပါး ပြင်လိုက်၏။
ကျုံးစစ်ချောင်က Wechat မှတဆင့် စာများကို မနားတမ်းဆက်တိုက်ပို့နေသေးသည်။
အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်လိုက်ပြီးနောက် လက်ကိုင်အိတ်ခပ်သေးသေးကို ဆွဲယူကာ ဝိန်းရိဖန်က အသံမက်ဆေ့ဖြင့်စာပြန်လိုက်၏။
"အခုပဲ ထွက်လာပြီ"
အပြင်သို့ထွက်ပြီး ထိုအခန်းရှေ့မှဖြတ်ရသည့်အချိန်တွင် မသိလိုက်ဘာသာ ခြေလှမ်းများက အလိုလိုမြန်သွားခဲ့ရင်း လှေကားမှတဆင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
နှစ်ယောက်သားက မြေအောက်ရထားဂိတ်တွင် အချိန်းအချက်ပြုထားခြင်းဖြစ်သည်။
ကျုံးစစ်ချောင်ဘက်မှ ယနေ့ သွားရန်စီစဥ်ထားသည့် Bar မှာ 'ရှန့်အန်း' ရပ်ကွက်၏ အရှေ့မျက်နှာချင်းဆိုင်တွင်ဖြစ်ပြီး လမ်းတစ်ခုစာချိုးကွေ့ပြီးလျှင် ရောင်စုံမီးဆိုင်းဘုတ်များ တသီတသန်းဖြင့်လင်းထိန်နေသည့်နေရာသို့ ရောက်မည်ဖြစ်သည်။
ဤနေရာက ညဘက်တွင် ပိုစည်ကားသည့်နေရာ။
'နန်းဝူ' မြို့၏ နာမည်ကြီး Bar များရှိသည့် လမ်းဖြစ်သည့်အပြင် လမ်းသရဲများရှိသည့်နေရာဟုလည်း ခေါ်ဝေါ်ကြသေး၏။
တစ်ခါမှမရောက်ဖူးသည့်အတွက် နှစ်ယောက်သားက အချိန်တော်တော်ကြာအောင် ရှာလိုက်ရပြီးမှ ထောင့်တစ်နေရာတွင်ရှိနေသည့် Bar ကို မြင်လိုက်ရ၏။
နာမည်သည်ကား တော်တော်လေးကို ထူးထူးဆန်းဆန်းဖြင့် 'Overtime' ဟူ၍။
ဆိုင်းဘုတ်အပြင်အဆင်မှာ ရိုးရိုးရှင်းရှင်း။ အနောက်ခံအရောင်က အနက်ရောင် ၊ စာလုံးပုံစံက လေးထောင့်သဏ္ဍာန်ဖြစ်ပြီး မီးရောင်က ကြည်ရှင်းနေသည့် အဖြူရောင်။ ပျိုးပျိုးပျက်ပျက်တောက်ပနေသည့်မီးရောင်များကြားတွင် ဆံပင်ညှပ်ဆိုင်လေးတစ်ခုသဖွယ် တည်တည်ငြိမ်ငြိမ်တည်ရှိနေသည့် ပုံစံမျိုးဖြစ်သည်။
"တွေးထားတဲ့ပုံစံက တော်တော်လေးမိုက်တာပဲ"
ဝိန်းရိဖန်က မီးရောင်များကြား ငေးကြည့်ရင်း မှတ်ချက်တစ်ခုပြုလိုက်၏။
"အရက် Bar တွေချည်းရှိတဲ့လမ်းထဲမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ထားတယ်ဆိုတော့ ဒီနေရာလာပြီး မိန်းကလေးတွေကို မဆွဲစားခင် အရင်ဆုံး ဆံပင်ကေပြင်ဖို့များလား"
ကျုံးစစ်ချောင်က စုတ်တစ်ချက်သပ်လိုက်ပြီး ဝိန်းရိဖန်အား ဆိုင်ထဲဆွဲခေါ်လာလိုက်၏။
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"
မမျှော်လင့်ထားစွာဖြင့် ဝိန်းရိဖန် တွေးထားသလို ခြောက်ကပ်ပြီး လူနည်းနေခြင်းမျိုးမရှိ။
သူတို့ရောက်လာသည့်အချိန်မှာ စောနေသေးသည့်အပြင် တကယ့်လူစည်ကားသည့်အချိန်မျိုး မဟုတ်သေးပါသည့်တိုင် အတွင်းထဲရှိ ဝိုင်းတော်တော်များများတွင် လူပြည့်နေကြပြီဖြစ်သည်။
စင်ပေါ်တွင် ဂီတာတီးနေသည့်အမျိုးသမီးတစ်ဦးက မျက်လွှာချပြီး သီချင်းဆိုဖျော်ဖြေပေးနေကာ တော်တော်လေးငြိမ့်ပြီး အေးအေးလူလူဖြစ်နေသည့် ပတ်ဝန်းကျင်မျိုးပင်။ Bar ၏အရှေ့ဘက်တွင် တစ်ခေါင်းလုံးအဝါရောင်ဆေးဆိုးထားသည့် ယမကာအဖျော်စပ်သည့်ဆရာက မျက်လှည့်ဆရာတစ်ဦးအတိုင်း သူ့အဖျော်ခွက်များကို ကျွမ်းကျွမ်းကျင်ကျင်ကစားပြနေသေးသည်။
ထိုင်စရာနေရာရှာပြီးသည့်နောက်တွင် ဝိန်းရိဖန်က စျေးအပေါဆုံးဝိုင်ကိုသာ မှာလိုက်၏။
ကျုံးစစ်ချောင်က အနည်းငယ်ဝေ့ဝဲကြည့်ပြီးနောက် စိတ်ပျက်အားလျော့သွားသည့်ဟန်ဖြင့် ;
"ပိုင်ရှင် မရောက်သေးတာလားမသိဘူး ၊ ချောတယ်ဆိုတဲ့တစ်ယောက်ကို ငါမတွေ့သေးဘူး"
ဝိန်းရိဖန်က သာမန်ကာလျှံကာပုံစံဖြင့် ;
"အဲ့ဒီ အရက်စပ်နေတဲ့အစ်ကိုလေး ဖြစ်ရင်ဖြစ်နေမှာပေါ့"
"သောက်ကျိုးနည်း ဟုတ်မနေဘူး"
ကျုံးစစ်ချောင် လုံးဝလက်မခံနိုင်သည့်အလား စကားဆိုလာ၏။
"ဒီလမ်းထဲကိုအားရင်အားသလိုလာနေကျ ငါ့သူငယ်ချင်းတစ်ယောက်ပြောပြထားတာ ၊ ဒီ Bar ရဲ့ပိုင်ရှင်က ဒီလမ်းသရဲလမ်းမကြီးရဲ့ အဓိကသင်္ကေတတဲ့"
"သူ့ဘာသာသူ ချဲ့ကားပြောနေတာလည်း ဖြစ်ရင်ဖြစ်နေနိုင်တာပဲ"
"?"
ကျုံးစစ်ချောင်၏ လက်မခံလိုသည့်အမူအရာကြီးကြောင့် ဝိန်းရိဖန်က ခပ်မတ်မတ်ထိုင်လိုက်ရင်း ;
"ဖြစ်ရင်ဖြစ်နေနိုင်တာပဲလို့ ပြောတာပါဟ"
ကျုံးစစ်ချောင် နှာတစ်ချက်မှုတ်လိုက်၏။
နှစ်ယောက်သား စကားစမြည်ပြောနေကြရင်း ကျုံးစစ်ချောင်က နေ့လည်ခင်းတုန်းကကိစ္စအား ပြန်ဆိုလာခဲ့၏။
"ဒါနဲ့ ငါ ဒီနေ့လေ အထက်တန်း ပထမနှစ်တုန်းက အတန်းခေါင်းဆောင်နဲ့တွေ့ခဲ့သေးတယ် ၊ သူလည်း တက္ကသိုလ်ကို နန်းဝူမှာပဲ တက်တာ ၊ ကြည့်ရတာ 'စန်းရန်' နဲ့ အဆောင်တစ်ခုတည်းထင်တယ် ၊ ဒါပေမယ့် သူ့ကိုတော့ ငါသိပ်မတွေ့မိဘူးရယ်"
ထိုနာမည်ကိုကြားလျှင်ကြားလိုက်ရခြင်းတွင် ဝိန်းရိဖန် မသိမသာတုန်လှုပ်သွားမိ၏။
"ပြောရရင် နင် မှတ်မိသေး...."
ပြောနေရင်းဖြင့် ကျုံးစစ်ချောင်က မျက်လုံးကစားနေရင်း တစ်နေရာအရောက်တွင် ရုတ်တရက်
"အေ့....နင် နာရီလက်တံ ၁၀နာရီဘက်ကို လှမ်းကြည့်လိုက် ၊ လမ်းသရဲလမ်းမကြီးရဲ့အဓိကသင်္ကေတ လာပြီထင်တယ်"
တစ်ချိန်တည်းမှာပင် ဝိန်းရိဖန်က 'ရန်ကော' ဟု အော်ခေါ်လိုက်သည့်အသံတစ်ခုကိုပါ ကြားလိုက်ရ၏။
သူမ လှမ်းကြည့်မိလိုက်တော့၏။
ဘယ်အချိန်ကတည်းကမှန်းမသိ ယမကာအဖျော်ဆရာ၏ဘေးတွင် ယောက်ျားလေးတစ်ဦး ရပ်နေခဲ့သည်။
Bar အတွင်းရှိ မှိန်ပျပျမီးရောင်အောက်တွင် ထိုလူဟာ စားပွဲထောင့်ကိုမှီ၍ရပ်နေပြီး ခေါင်းသဲ့သဲ့စောင်း၍ ယမကာအဖျော်ဆရာနှင့် စကားပြောနေပုံရသည်။ မည်းနက်နေသည့် အနက်ရောင်ဂျက်ကတ်ကိုဝတ်ထားပြီး ကိုယ်နေဟန်ထားက ခပ်ဖြောင့်ဖြောင့်ဖြင့် အရပ်မြင့်သေးသည်။ ယခုအချိန်၌ သူသည် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းထားပါသည့်တိုင် ယမကာအဖျော်ဆရာထက် အတော်လေးပင်အရပ်မြင့်နေသေး၏။
မျက်ဝန်းအိမ်များက မည်းနက်ပြီး ကွေးတက်နေသည့်နှုတ်ခမ်းထောင့်စွန်းတစ်ဖက်မှာလည်း မထီမဲ့မြင်ပြုနေသည့်ဟန်တို့အပြည့်။
မီးရောင်စုံများအလှည့်ကျထွန်းလင်းပေးနေသည့် မီးလုံးအရောင်များကလည်း သူ့မျက်နှာကို ပို၍မြင်သာစေရန် ပံ့ပိုးထားပေးနေသည့်သဖွယ်ပင်။
စက္ကန့်ပိုင်းအတွင်း၌ပင် ဝိန်းရိဖန်က ထိုလူအား အမှတ်ရမိသွားခဲ့တော့၏။
"ငါ-ူး!"
သူမနည်းတူ ချက်ချင်းမှတ်မိသွားခဲ့သည့် ကျုံးစစ်ချောင်က အလန့်တကြားပင်ဖြစ်သွားခဲ့ပြီး
"ဟဲ့....ဒီအဓိကသင်္ကေတက စန်းရန်!"
"...."
"ငါ သူ့အကြောင်းလေးပြောမိလိုက်တာနဲ့တင် ဘယ်လိုလုပ်ပြီး လူတစ်ယောက်လုံးကိုပါ မြင်လိုက်ရတော့တာတုန်း ၊ နင် သူ့ကို မှတ်မိသေးတယ်မလား ၊ နင် ကျောင်းမပြောင်းသွားခင်တုန်းက သူ နင့်ကို လိုက်ဖူးတယ်လေ"
ထိုစကားလုံးများကြောင့် ဝိန်းရိဖန်၏မျက်တောင်များ မသိမသာတုန်ယင်သွားခဲ့ရသည်။
တိုက်ဆိုင်စွာဖြင့် စားပွဲထိုးလေးက အနားမှဖြတ်သွားသည့်အချိန် ၊ ဝိန်းရိဖန်ကလည်း စိတ်မသာမယာဖြစ်နေရသဖြင့် လှမ်းခေါ်လိုက်မည်အပြုတွင် ရုတ်တရက် အာမေဍိတ်သံတစ်ခုက နားစည်အတွင်းရိုက်ခတ်လာတော့၏။ လှမ်းကြည့်လိုက်လျှင် စားပွဲထိုးလေးက တစ်ယောက်ယောက်နှင့် မတော်တဆတိုက်မိသွားပုံရကာ လက်ထဲတွင်ကိုင်ထားသည့် လင်ပန်းရော ဝိုင်ခွက်များပါ တစ်ဖက်သို့စောင်းလာလေတော့၏။
စောင်းလာသည့်ဦးတည်ရာက သူမဆီ....
ရေခဲနှင့်ရောထားသည့်အရက်များက သူမ၏ဘယ်ဘက်ပုခုံးထက်သို့ လျောကျလာခဲ့၏။ သူမက ခပ်ပွပွဆွယ်တာအင်္ကျီကိုဝတ်ထားခြင်းဖြစ်ရာ ချက်ချင်းဆိုသလို အင်္ကျီတစ်ခုလုံးစိုရွဲသွားပြီး အအေးဓါတ်များက အတွင်းထဲထိကို ထိုးဝင်လာခဲ့ကာ အေးစိမ့်နေမှုကြီးက ထုံသလိုလိုဖြစ်သွားရသည်အထိပင်။
ဝိန်းရိဖန်က အသံတစ်ချက်ပြုရင်း အလိုလိုတုန့်ပြန်ချက်အရ မတ်တပ်ထရပ်လိုက်မိသည်။
Bar အတွင်းရှိအသံများက ကျယ်သင့်သလောက်ကျယ်နေပါသည့်တိုင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အသံကလည်း မသေး။
ကြောက်လန့်သွားသည့် စားပွဲထိုးလေး၏မျက်နှာက ဖြူဖျော့နေကာ ထပ်ခါတလဲလဲ တောင်းပန်နေတော့၏။
ကျုံးစစ်ချောင်သည်လည်း ချက်ချင်းမတ်တပ်ထရပ်၍ ဝိန်းရိဖန်၏အင်္ကျီပေါ်မှ ရေခဲတုံးများကို ဖယ်ပေးတော့သည်။
"အဆင်ပြေရဲ့လား"
"ရတယ် ဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်၏အသံတို့က သိသိသာသာတုန်ယင်နေပါသည့်တိုင် ဒေါသထွက်နေခြင်းမျိုးမရှိ ၊ စားပွဲထိုးလေးဘက်သို့ လှည့်ကြည့်၍ ;
"ထပ်ပြီးတောင်းပန်နေစရာမလိုတော့ပါဘူး..နောက်ဆိုရင် ပိုပြီး သတိထားပေးပါနော်"
ထို့နောက်တွင် ကျုံးစစ်ချောင်ဘက် ပြန်လှည့်လိုက်၏။
"ငါ သန့်စင်ခန်းထဲ သွားလိုက်ဦးမယ်"
စကားပြောပြီးပြီးချင်းတွင် မျက်လုံးကို အသာအယာပင့်ကြည့်လိုက်၏။
ရုတ်တရက် အကြည့်တစ်ချက် တစ်ချက်တည်းဆိုပါသည့်တိုင် မည်းနက်ပြီးလျစ်လျူရှုတတ်သောမျက်ဝန်းတစ်စုံနှင့်တည့်တည့်ကြီးဆုံလိုက်ရကာ နှစ်စက္ကန့်မျှကြောင်အမ်းရပ်တန့်သွားရတော့သည်။
ဝိန်းရိဖန်က အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ရင်း အမျိုးသမီးသန့်စင်ခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
သန့်စင်ခန်းအလွတ်တစ်ခုကို ရှာတွေ့ပြီးသည်နှင့် ဆွယ်တာအင်္ကျီကို ချွတ်လိုက်ရာ အတွင်းထဲတွင် ကိုယ်ကျပ်အင်္ကျီတစ်ထည်သာ ကျန်တော့၏။
ကံကောင်းစွာဖြင့် ကိုယ်ကျပ်အင်္ကျီက သိပ်မစိုလိုက်ပေ။
ဝိန်းရိဖန်က ဆွယ်တာအင်္ကျီကို လက်တစ်ဖက်ကကိုင်ကာ လက်ဆေးကန်ဆီသို့လျှောက်လာပြီး တစ်သျှူးစအား ရေအနည်းငယ်စွတ်၍ ခန္ဓာကိုယ်ပေါ်မှ အရက်ဝိုင်များကို အသေအချာသုတ်နေလိုက်၏။
အကြမ်းဖျင်းသန့်ရှင်းပြီးနောက်တွင်တော့ သူမ ပြန်ထွက်လာလိုက်သည်။
မျက်ဝန်းထောင့်စွန်းမျှတဆင့် ကော်ရစ်တာထက်တွင် ရပ်နေသည့်လူတစ်ယောက်၏ပုံရိပ်အား လှမ်းမြင်လိုက်ရကာ ဝိန်းရိဖန်၏ခြေလှမ်းများက အလိုလိုရပ်တန့်သွားမိလိုက်၏။
ယောက်ျားလေးက နံရံကိုမှီ၍ရပ်နေရင်း ပါးစပ်ဖျားတွင် စီးကရက်တစ်လိပ်ကိုကိုက်ထားကာ မျက်ဝန်းများက ပျင်းတိပျင်းရွဲဖြင့်အောက်သို့စိုက်ထားပြီး လူတစ်ယောက်လုံး၏အသွင်အပြင်မှာ မတက်ကြွဘဲမှေးမှိန်နေဟန်ရှိသည်။ အခုလေးကနှင့်မတူညီတော့သည်မှာ အပေါ်ထပ်ဂျက်ကတ်အင်္ကျီက ချွတ်ထားပြီး အလျင်းသင့်သလိုခပ်လျော့လျော့ပုံစံဖြင့် လက်ထဲတွင် ကိုင်ထားခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်ထက်၌ အနက်ရောင်တီရှပ်အင်္ကျီသာ ကျန်နေခဲ့၏။
နောက်ဆုံးတစ်ကြိမ်တွေ့ဖြစ်ခဲ့ကြသည်မှာ ခြောက်နှစ်မျှပင် ကြာခဲ့ပြီဖြစ်သည်။
တစ်ဖက်လူက သူမအား မှတ်မိနေလေက်ဦးမည့်အကြောင်းအား မသေချာသည့်အတွက် ဝိန်းရိဖန် နှုတ်ဆက်သင့်မသင့်ကို မရေရာမသေချာချိတုံချတုံဖြစ်နေခဲ့သည်။ စက္ကန့်ပိုင်းမျှတွေဝေစဥ်းစားနေပြီးနောက်တွင်တော့ ဝိန်းရိဖန်က မျက်လွှာကိုချလိုက်၍မသိချင်ယောင်ဆောင်ပြီးသာ ဆက်၍လျှောက်ထွက်လာခဲ့လိုက်၏။
အဆောက်အဦးအပြင်အဆင်မှာ မှောင်ပြီးရိုးရှင်းသည့်ဘက်သို့သွားသည်ဖြစ်ရာ စကျင်ကျောက်ပြားပေါ်ရှိ အလင်းရောင်ကြိုးတန်းများက နေရာတိုင်းတွင် အလင်းပြန်နေလျက်ရှိသည်။ ထို့အပြင် အမျိုးသမီးသီချင်းဆိုသံကိုလည်း ခပ်ပြေပြေလေးကြားနေရသေးသည်။
နီးလာသည်နှင့်အမျှ....
သူ့ဘေးနားမှ ဖြတ်လျှောက်သွားလုနီးနီး....
ထိုအချိန်ကလေးတွင်....
"ဝေ့"
ပျင်းတိပျင်းရွဲဖြင့် ရေရွတ်လိုက်သည့်အသံတစ်ခု ထွက်လာခဲ့၏။
ဝိန်းရိဖန် လုံးဝရပ်တန့်သွားခဲ့ပြီး လှမ်းကြည့်မိလိုက်သည်။
ကြိုတင်သတိပေးထားခြင်းမရှိပါဘဲ စန်းရန်က အပေါ်ထပ်အင်္ကျီအား သူမ၏ခေါင်းပေါ်သို့ပစ်ပေးလိုက်သည်မှာ သူမ၏အမြင်အာရုံကို ဖုံးကွယ်ပစ်လိုက်သည့်အလား။ ဝိန်းရိဖန်က ရုတ်တရက်ကြောင်အမ်းသွားမိပြီး ခေါင်းပေါ်မှအင်္ကျီအား ချက်ချင်းဖယ်ပစ်လိုက်၏။
စန်းရန်က မျက်လွှာပင့်မကြည့်သေး ၊ ဘေးနားရှိ အမှိုက်ပုံးထဲသို့သာ စီးကရက်ကို လွှင့်ပစ်နေ၏။
နှစ်ယောက်စလုံး မည်သူကမျှ စကားစပြောခြင်းလည်းမရှိ။
အချိန်အကြာကြီးဟုထင်မှတ်ရပါသည့်တိုင် တကယ်တမ်း၌ စက္ကန့်ပိုင်းမျှသာကြာသွားခဲ့ပြီးမှ စန်းရန်က မျက်လွှာပင့်ကြည့်လာ၍ သူမ၏မျက်ဝန်းများနှင့်ဆုံစေလိုက်တော့၏။ သူ့မျက်ဝန်းများထဲတွင်လည်း မထီမဲ့မြင်ပြုသည့်လျစ်လျူရှုခြင်းများစွာ ကိန်းအောင်းလျက်ရှိနေပါသေး၏။
"စကားပြောရအောင်"
~~~~~~~~~
~Zawgyi~
ရွားရွားပါးပါးရထားသည့္ အားလပ္ရက္တစ္ရက္ျဖစ္၍ 'ဝိန္းရိဖန္'သည္ ညနက္သည့္အခ်ိန္ထိ သရဲကားၾကည့္ရင္း အခ်ိန္ကုန္ဆုံးေနလိုက္သည္။
ေျခာက္ျခားစရာေကာင္းေအာင္လုပ္ေနသည့္အရာအားလုံးမွာ ေနာက္ခံတီးလုံးႏွင့္ေအာ္သံမ်ားသာျဖစ္ၿပီး ဇာတ္လမ္းအစကတည္းက ေၾကာက္စရာေကာင္းသည့္ပုံရိပ္ဟူ၍တစ္ခုမွမပါေသး။ ႏွစ္သက္ေသာအရာတစ္ခုကို မျဖစ္မေနလုပ္ယူတတ္သည့္အက်င့္ရွိ၍လည္း မ်က္ခြံကို အတင္းဖြင့္ထားရင္း ဇာတ္လမ္းအဆုံးထိၾကည့္ရန္ႀကိဳးစားေနေလသည္။
ဇာတ္သိမ္းသြားေၾကာင္း စာတန္းထိုးလာသည့္အခ်ိန္တြင္မွ ဝိန္းရိဖန္ စိတ္ေလ်ာ့ခ်လိဳက္နိုင္ကာ မ်က္လုံးႏွစ္ဖက္ကို မွိတ္ၿပီး အေတြးမ်ားၾကား ႏွစ္ေမ်ာစီးဝင္ပစ္လိုက္ေတာ့၏။ အိပ္မက္ကမၻာထဲသို႔ ေမ်ာပါလုနီးနီးအခ်ိန္တြင္ ႐ုတ္တရက္ တံခါးထုရိုက္သံျပင္းျပင္းကို ၾကားလိုက္ရ၏။
'ဘန္း'ဆိုသည့္ အသံက်ယ္ႀကီးတစ္ခု။
ျပန္ဖြင့္လာသည့္ ဝိန္းရိဖန္၏မ်က္လုံးမ်ားက ဆတ္ခနဲ။
လိုက္ကာစၾကားမွ တိုးဝင္လာသည့္ လေရာင္မွာ က်ိဳးတိုးက်ဲတဲ ၊ အျပင္ဘက္မွေန၍ အရက္မူးေနသည့္ေယာက္်ားတစ္ေယာက္၏ေအာ္ဟစ္သံကို ၾကားလိုက္ရကာ ေျခသံမ်ားက အျခားဦးတည္ရာတစ္ခုသို႔ သြားေနသည့္ခပ္ရွပ္ရွပ္အသံမ်ား။
ထို႔ေနာက္တြင္ တံခါးဖြင္သံတစ္ခုႏွင့္ ျပန္ပိတ္သြားသည့္အသံတစ္ခု။
ေနာက္တြင္ လႈပ္လႈပ္ရွားရွားျဖစ္ေနသည့္အသံမ်ားအားလုံး ၿငိမ္သက္တိတ္ဆိတ္သြားေတာ့၏။
အခန္းတံခါးကို စကၠန့္ပိုင္းမွ်စိုက္ၾကည့္ေနရင္း အရာအားလုံးျပန္လည္တိတ္ဆိတ္သြားၿပီးသည့္ေနာက္တြင္ေတာ့ ဝိန္းရိဖန္လည္း သတိၾကပ္ၾကပ္ထားေနသည့္စိတ္ကို ေလ်ာ့ခ်ပစ္လိုက္သည္။ ႏႈတ္ခမ္းကိုလည္း တင္းတင္းေစ့ထားရင္း ေဒါသကေထာင္းခနဲ ထြက္လာျပန္ေတာ့၏။
သည္တစ္ပတ္ထဲ၌ပင္ ဘယ္ႏွႀကိမ္ ရွိေနၿပီမွန္းမသိ။
အိပ္ေပ်ာ္ခါစစိတ္ေလးက ႏွောက္ယွက္ခံလိုက္ရကာ ဝိန္းရိဖန္အတြက္ ျပန္အိပ္ေပ်ာ္သြားဖို႔ရလည္းမလြယ္ကူ။ အိပ္ရာေပၚလူးလိမ့္ရင္း မ်က္လုံးကိုတဖန္ျပန္မွိတ္လိုက္ကာ အခုေလးတင္ၾကည့္ထားသည့္႐ုပ္ရွင္ဇာတ္လမ္းအေၾကာင္း ျပန္ေတြးမိလိုက္သည္။
ဟြန့္
သရဲကားလို႔ေတာင္ ေခၚလို႔ရေသးလို႔လား?
လူေတြကိုေျခာက္လန့္ဖို႔သပ္သပ္ ဘတ္ဂ်က္နည္းနည္းနဲ႕ ေလွ်ာက္ရိုက္ထားတဲ့ ဇာတ္ကားကမ်ား...
ေယာင္ေတာင္ေပါင္ေတာင္ေၾကာင္ၾကည့္ေနရင္းက ဝိန္းရိဖန္း၏စိတ္ထဲတြင္ ဇာတ္လမ္းထဲမွသရဲမ်က္ႏွာႀကီးက မသိလိုက္ဘာသာ ျမင္ေယာင္လာမိ၏။
ေနာက္ထပ္ သုံးစကၠန့္တြင္ အိပ္ရာထဲမွ ထခုန္မိလိုက္ၿပီး ေဘးမွမီးအိမ္ကို လွမ္းဖြင့္ေလေတာ့သည္။
က်န္ေနသည့္ ညတစ္ဝက္တာအခ်ိန္တြင္ေတာ့ ဝိန္းရိဖန္ ေကာင္းေကာင္းအိပ္မေပ်ာ္ေတာ့ဘဲ နိုးတစ္ဝက္၊အိပ္တစ္ဝက္ျဖစ္ေနသည့္အျပင္ ေဘးနား၌လည္း ရႈံ႕တြေနသည့္သရဲမ်က္ႏွာႀကီးရွိေနသည္ဟုသာ ထင္ေယာင္ထင္မွားျဖစ္ေနခဲ့သည္။
မနက္မိုးေသာက္လင္းခါနီးမွသာ ခက္ခက္ခဲခဲအိပ္ေပ်ာ္သြားခဲ့၏။
ေနာက္တစ္ေန႕တြင္ ဖုန္းေခၚဆိုမႈတစ္ခုေၾကာင့္ ဝိန္းရိဖန္ နိုးလာခဲ့သည္။ အိပ္ရာဝင္ေနာက္က်လြန္းသည့္အျပင္ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ျခင္းေၾကာင့္ နိုးလာသည့္အခ်ိန္တြင္ ေခါင္းတစ္ခုလုံးက အပ္မ်ားျဖင့္ထိုးခံေနသည့္အလား နာက်င္ထုံထိုင္းေနေတာ့သည္။ အနည္းငယ္ မၾကည္မသာျဖစ္ေနသည့္ၾကားမွ ဖုန္းကို လွမ္းယူၿပီး ေျဖဆိုလိုက္၏။
အျခားတစ္ဖက္မွ 'က်ဳံးစစ္ေခ်ာင္' ၏ အသံခပ္ေသးေသးတစ္ခုထြက္လာ၏။
"ငါ ခဏေနမွ တစ္ေခါက္ထပ္ေခၚလာခဲ့ရမလား"
"....."
ဝိန္းရိဖန္၏ မ်က္ခြံမ်ားလႈပ္လႈပ္ခတ္ခတ္ျဖစ္သြားကာ ဦးႏွောက္တစ္ခုလုံး ႏွစ္စကၠန့္မွ် ဗလာက်င္းသြားခဲ့၏။
သူမ ႏွိုးဖို႔ ဖုန္းဆက္တာလား?
ဇာတ္လမ္းမျပခင္ ေၾကာ္ညာဝင္သလိုမ်ိဳးေလ..
အိပ္ရာနိုးခါစ ေဒါသမ်ားကို စုၿပဳံလိုက္ရင္း
"နင္ ေက်းဇူးျပဳၿပီး...."
စကားပင္ ဆုံးေအာင္မေျပာရေသးခင္ တစ္ဖက္က ဖုန္းခ်သြားႏွင့္၏။
လက္သီးတစ္ခ်က္က ဂြမ္းေစာင္ႏုႏုအေပၚက်သြားခဲ့ၿပီးေနာက္ ဝိန္းရိဖန္ မ်က္လုံးကိုဖြင့္လိုက္ကာ မေက်မနပ္ျဖစ္က်န္ေနခဲ့ေတာ့၏။ အိပ္ရာထက္တြင္ တစ္ခဏၾကာၾကာလွဲေနၿပီးမွ လက္ကိုင္ဖုန္းကိုယူၿပီး နာရီအားတစ္ခ်က္ၾကည့္လိုက္သည္။
ေန႕လည္ခင္း ႏွစ္နာရီထိုးလုနီးနီးပင္ ျဖစ္သည္။
ဝိန္းရိဖန္ အိပ္ရာထဲတြင္ လူးလိမ့္မေနနိုင္ေတာ့ဘဲ အနားမွ အကၤ်ီအားဆြဲယူၿပီးဝတ္ကာ ေရခ်ိဳးခန္းဆီသို႔ ေျပးလာခဲ့သည္။
သြားတိုက္ေနစဥ္ ဖုန္းက ေနာက္တစ္ႀကိမ္ျမည္လာျပန္၏။ အားေနသည့္လက္တစ္ဖက္ျဖင့္ ဖုန္းမ်က္ႏွာျပင္ကိုပြတ္ဆြဲၿပီး စပီကာဖြင့္လိုက္၏။
'က်ဳံးစစ္ေခ်ာင္' ၏ အသံက ေရွ႕ေျပးအေနျဖင့္ ေျပးဝင္လာ၏။
"လခြမ္းပဲ ၊ အခုေလးတင္ အထက္တန္းေက်ာင္းတုန္းကသူငယ္ခ်င္းနဲ႕ျပန္ေတြ႕လာတာ ၊ ငါ့မ်က္ႏွာႀကီးတစ္ခုလုံး အဆီေတြျပန္ၿပီး မိတ္ကပ္မလိမ္းထားရေသးဘူး ၊ ရွက္လြန္းလို႔ေသခ်င္တယ္!"
"လြယ္လြယ္နဲ႕ေသခ်င္တယ္ေပါ့"
ဝိန္းရိဖန္၏စကားသံတို႔က ပါးစပ္ထဲမွ အျမႇုပ္မ်ားေၾကာင့္ ဝိုးတိုးဝါးတား ;
"နင္ မေတာ္တဆေတြ႕တာပဲမလား"
"....."
က်ဳံးစစ္ေခ်ာင္က သုံးစကၠန့္ခန့္မွ်ၿငိမ္သက္ေနၿပီး စကားယွဥ္မေျပာခ်င္ေတာ့ေလာက္ေအာင္ ပ်င္းရိေနရင္း ;
"ဒီေန႕ည အျပင္သြားမွာလား မသြားဘူးလား သတင္းေထာက္ဝိန္း ၊ လူႀကီးမင္းက တစ္ပတ္လုံးလုံး အခ်ိန္ပိုဆင္းေနခဲ့တာေနာ္ ၊ နည္းနည္းပါးပါးေလးမွ အေပ်ာ္ထြက္မရွာေတာ့ရင္ လူႀကီးမင္း ႐ုတ္တရတ္ေသသြားမွာကို ကြၽန္ေတာ္မ်ိဳးမ စိတ္ပူေနလို႔ပါ"
"အင္း....ဘယ္သြားမွာလဲ"
"နင္တို႔ဘက္ကို သြားလည္ၾကည့္မလား ၊ နင္ သြားဖူးလားေတာ့မသိေပမယ့္ ငါ့သူငယ္ခ်င္းတစ္ေယာက္ေျပာတာ အဲ့နားမွာ Bar တစ္ခုရွိတယ္တဲ့ ၊ ဆိုင္ပိုင္ရွင္က အရမ္း...."
က်ဳံးစစ္ေခ်ာင္က ဆက္၍
"အမ္....နင့္ဘက္ကေန ေရက်သံေတြၾကားေနရတယ္ေရာ ၊ ပန္းကန္ေဆးေနတာလား"
ဝိန္းရိဖန္ ; "မ်က္ႏွာသစ္ေနတာ"
က်ဳံးစစ္ေခ်ာင္ ; "နင္ အခုမွနိုးတာလား"
ဝိန္းရိဖန္က အင္းဆိုသည့္ အသံတစ္ခုျပဳလိုက္၏။
"ႏွစ္နာရီေတာင္ထိုးေနၿပီဟ ၊ ေန႕လည္စာစားခ်ိန္ေတာင္ ေက်ာ္ေနၿပီ"
က်ဳံးစစ္ေခ်ာင္က ထူးထူးဆန္းဆန္းခံစားမိလိုက္ရင္း
"နင္ မေန႕ညကဘာေတြလုပ္ေနတာလဲ"
"သရဲကားၾကည့္ေနတာ"
"ဘာကားလဲ"
"အိပ္မက္ကအနိုးမွာ သရဲအေတြ႕"
က်ဳံးစစ္ေခ်ာင္က ထိုဇာတ္လမ္းကိုၾကည့္ဖူးသည့္ျဖစ္၍
"အဲ့ကားကို သရဲကားလို႔ေတာင္ ထည့္မေခၚသင့္ဘူး"
"ၾကည့္ၿပီးေတာ့ ငါ အိပ္ေပ်ာ္သြားခဲ့တာ"
ဝိန္းရိဖန္က တစ္ဖက္လူ၏စကားကို လ်စ္လ်ဴရႈၿပီး ေဘးနားမွ မ်က္ႏွာသုတ္ပုဝါကိုဆြဲယူကာ ေရစက္မ်ားကို သုတ္လိုက္၏။
"ေနာက္ေတာ့ ညသန္းေခါင္ႀကီးမွာ ငါ နိုးလာေတာ့တာပဲ ၊ ၿပီးေတာ့ ဇာတ္လမ္းထဲက သရဲကို ျမင္ေယာင္ေနေတာ့တာ"
"....."
"ငါနဲ႕ သရဲနဲ႕ တစ္ညလုံး လုံးေထြးၾကရေတာ့တာေလ"
က်ဳံးစစ္ေခ်ာင္ ေျပာစရာစကားမဲ့ေနရင္းက ဆက္၍ ;
"ဒီလိုအထိန္းအကြတ္မဲ့ၿပီးကန့္သတ္ထားရမယ့္စကားမ်ိဳးကို နင္ ဘာလို႔ စည္းမရွိကမ္းမရွိေလွ်ာက္ေျပာေနရတာလဲ"
ဝိန္းရိဖန္က မ်က္ခုံးပင့္လိုက္၍ ;
"ဒီေလာက္ေလးေျပာတာနဲ႕ကို ကန့္သတ္ထားတဲ့စကားေတြျဖစ္ေနၿပီလား"
"ဘယ္လို....တစ္ညလုံး လုံးေထြးေနတယ္ ဟုတ္လား"
"...."
"ထားပါေတာ့ ၊ သရဲေတြ တစ္ေဆေတြကို ဖယ္ထားစမ္းပါ ၊ ဒီမမက ေကာင္ေလးေတြကို စားဖို႔ေခၚသြားေပးမယ္"
က်ဳံးစစ္ေခ်ာင္က ရယ္သံစြက္လာၿပီး ;
"ခပ္ေခ်ာေခ်ာ....လတ္လတ္ဆတ္ဆတ္....ပူပူႏြေးႏြေး....ေကာင္ေလးမ်ိဳးေလ"
"ေတာ္ၿပီ ငါေတာ့ သရဲနဲ႕ပဲ လုံးေထြးေတာ့မယ္"
လက္ကိုင္ဖုန္းကို ယူၿပီး ဝိန္းရိဖန္းက ေရခ်ိဳးခန္းထဲမွထြက္လာခဲ့ကာ
"အနည္းဆုံးေတာ့ တစ္ျပားမွမကုန္ဘူး ၊ အလကား စားရမွာ"
က်ဳံးစစ္ေခ်ာင္ ;
"ဘယ္သူက ပိုက္ဆံေပးရမယ္လို႔ေျပာေနလို႔လဲ ၊ ေကာင္ေလးေတြကိုလည္း အလကား စားလို႔ရပါတယ္ေနာ္"
ဝိန္းရိဖန္ ;
"ဟမ္?"
"မ်က္လုံးနဲ႕ စားမွာေလကြာ"
"...."
ဖုန္းခ်ၿပီးေနာက္တြင္ ဝိန္းရိဖန္က Wechat မွတဆင့္ မေန႕ညမွကိစၥအား အိမ္ခန္းပိုင္ရွင္ထံ အေၾကာင္းၾကားေျပာျပလိုက္၏။ထပ္၍လည္း စာခ်ဳပ္သက္တမ္းကုန္သြားလွ်င္ အိမ္ခန္းဆက္ငွားမယ့္ကိစၥအား ခ်ိတုံခ်တဳံျဖစ္လာခဲ့ကာ ဆက္၍လည္း မငွားျဖစ္ေတာ့မည့္ရာခိုင္ႏႈန္းက ပိုေနခဲ့၏။
လြန္ခဲ့သည့္ႏွစ္လကမွ သူမဟာ 'ယီဟယ္' ၿမိဳ႕မွတဆင့္ 'နန္းဝူ'ၿမိဳ႕သို႔ ေျပာင္းလာခဲ့ျခင္းျဖစ္သည္။
အိမ္ခန္းက က်ဳံးစစ္ေခ်ာင္ ကူညီ၍ရွာေပးထားျခင္းျဖစ္ၿပီး ျပႆနာအႀကီးအက်ယ္ဟူ၍မရွိ။
တစ္ခုတည္းေသာအဆင္မေျပသည့္အခ်က္မွာ ဤအိမ္ခန္းက စုေပါင္းငွားရမ္းထားသည့္ပုံစံမ်ိဳးျဖစ္ေနျခင္းပင္။ အိမ္ခန္းပိုင္ရွင္မွာ မီတာ ၈၀ ပတ္လည္က်ယ္ဝန္းသည့္အခန္းကို အခန္းသုံးခန္းကန့္ထားၿပီး အခန္းတစ္ခုစီတိုင္းတြင္ ေရခ်ိဳးခန္းႏွင့္သန့္စင္ခန္းမ်ားပါဝင္ၿပီး မီးဖိုေခ်ာင္ႏွင့္ဝရံတာမ်ားေတာ့မရွိ။
သို႔ေသာ္ အိမ္ခန္းတန္ဖိုးေစ်းက အေတာ္ေလးသင့္တင့္၍တန္သည္ဟုဆိုရမည္။
ဝိန္းရိဖန္အတြက္မူ ေနထိုင္ရမည့္ေနရာအတြက္ ေတာင္းဆိုခ်က္မ်ားကသိပ္မမ်ားလွ ၊ ထို႔အျပင္ ဤအိမ္ခန္းပတ္ဝန္းက်င္က သြားေရးလာေရးလြယ္ကူသည့္အျပင္ စည္စည္ကားကားလည္းျဖစ္ေသးသည္။ ထို႔ေၾကာင့္ ႏွစ္ရွည္ငွားရမ္းဖို႔ရန္ပါ ေတြးထားခဲ့ဖူးသည္။
သို႔ေသာ္ တစ္ေန႕တြင္ေတာ့ သူမ အျပင္ထြက္သည့္အခိုက္တြင္ တိုက္တိုက္ဆိုင္ဆိုင္ ေဘးကပ္ရပ္အိမ္ခန္းမွလူႀကီးႏွင့္ဆုံခဲ့ရာမွတဆင့္ တျဖည္းျဖည္းႏွင့္ ယခုလက္ရွိအေျခအေနထိ ေရာက္လာရျခင္းမ်ိဳးပင္။
သတိမထားမိလိုက္ပါဘဲႏွင့္ ေနမင္းႀကီးက အေနာက္အရပ္သို႔ဝင္သြားခဲ့သည့္အခ်ိန္တြင္ အခန္းငယ္ေလးထဲ၌ အေမွာင္ထုက တစ္လႊာခ်င္းစီ ေနရာယူလာခဲ့သည္။ ေထာင္ေပါင္းမ်ားစြာေသာ အလင္းေရာင္တို႔က တစ္ခုၿပီးတစ္ခု ၊ တစ္ေနရာၿပီးတစ္ေနရာမွ လင္းလက္လာခဲ့ကာ ၿမိဳ႕ႀကီးတစ္ခုလုံးမွာ ပုံစံေျပာင္းသြားသည့္အလားသ႑ာန္ျဖင့္ စတင္အသက္ဝင္လႈပ္ရွားလာေတာ့သည္။
ခ်ိန္းထားသည့္အခ်ိန္ေရာက္ခါနီးျဖစ္၍ ဝိန္းရိဖန္က အဝတ္အစားလဲၿပီး မိတ္ကပ္ပါးပါး ျပင္လိုက္၏။
က်ဳံးစစ္ေခ်ာင္က Wechat မွတဆင့္ စာမ်ားကို မနားတမ္းဆက္တိုက္ပို႔ေနေသးသည္။
အေပၚထပ္ကုတ္အကၤ်ီကိုဝတ္လိုက္ၿပီးေနာက္ လက္ကိုင္အိတ္ခပ္ေသးေသးကို ဆြဲယူကာ ဝိန္းရိဖန္က အသံမက္ေဆ့ျဖင့္စာျပန္လိုက္၏။
"အခုပဲ ထြက္လာၿပီ"
အျပင္သို႔ထြက္ၿပီး ထိုအခန္းေရွ႕မွျဖတ္ရသည့္အခ်ိန္တြင္ မသိလိုက္ဘာသာ ေျခလွမ္းမ်ားက အလိုလိုျမန္သြားခဲ့ရင္း ေလွကားမွတဆင့္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။
ႏွစ္ေယာက္သားက ေျမေအာက္ရထားဂိတ္တြင္ အခ်ိန္းအခ်က္ျပဳထားျခင္းျဖစ္သည္။
က်ဳံးစစ္ေခ်ာင္ဘက္မွ ယေန႕ သြားရန္စီစဥ္ထားသည့္ Bar မွာ 'ရွန့္အန္း' ရပ္ကြက္၏ အေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္ၿပီး လမ္းတစ္ခုစာခ်ိဳးေကြ႕ၿပီးလွ်င္ ေရာင္စုံမီးဆိုင္းဘုတ္မ်ား တသီတသန္းျဖင့္လင္းထိန္ေနသည့္ေနရာသို႔ ေရာက္မည္ျဖစ္သည္။
ဤေနရာက ညဘက္တြင္ ပိုစည္ကားသည့္ေနရာ။
'နန္းဝူ' ၿမိဳ႕၏ နာမည္ႀကီး Bar မ်ားရွိသည့္ လမ္းျဖစ္သည့္အျပင္ လမ္းသရဲမ်ားရွိသည့္ေနရာဟုလည္း ေခၚေဝၚၾကေသး၏။
တစ္ခါမွမေရာက္ဖူးသည့္အတြက္ ႏွစ္ေယာက္သားက အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ရွာလိုက္ရၿပီးမွ ေထာင့္တစ္ေနရာတြင္ရွိေနသည့္ Bar ကို ျမင္လိုက္ရ၏။
နာမည္သည္ကား ေတာ္ေတာ္ေလးကို ထူးထူးဆန္းဆန္းျဖင့္ 'Overtime' ဟူ၍။
ဆိုင္းဘုတ္အျပင္အဆင္မွာ ရိုးရိုးရွင္းရွင္း။ အေနာက္ခံအေရာင္က အနက္ေရာင္ ၊ စာလုံးပုံစံက ေလးေထာင့္သ႑ာန္ျဖစ္ၿပီး မီးေရာင္က ၾကည္ရွင္းေနသည့္ အျဖဴေရာင္။ ပ်ိဳးပ်ိဳးပ်က္ပ်က္ေတာက္ပေနသည့္မီးေရာင္မ်ားၾကားတြင္ ဆံပင္ညွပ္ဆိုင္ေလးတစ္ခုသဖြယ္ တည္တည္ၿငိမ္ၿငိမ္တည္ရွိေနသည့္ ပုံစံမ်ိဳးျဖစ္သည္။
"ေတြးထားတဲ့ပုံစံက ေတာ္ေတာ္ေလးမိုက္တာပဲ"
ဝိန္းရိဖန္က မီးေရာင္မ်ားၾကား ေငးၾကည့္ရင္း မွတ္ခ်က္တစ္ခုျပဳလိုက္၏။
"အရက္ Bar ေတြခ်ည္းရွိတဲ့လမ္းထဲမွာ ဆံပင္ညွပ္ဆိုင္ ဖြင့္ထားတယ္ဆိုေတာ့ ဒီေနရာလာၿပီး မိန္းကေလးေတြကို မဆြဲစားခင္ အရင္ဆုံး ဆံပင္ေကျပင္ဖို႔မ်ားလား"
က်ဳံးစစ္ေခ်ာင္က စုတ္တစ္ခ်က္သပ္လိုက္ၿပီး ဝိန္းရိဖန္အား ဆိုင္ထဲဆြဲေခၚလာလိုက္၏။
"ေပါက္ကရေတြ ေလွ်ာက္ေျပာမေနနဲ႕"
မေမွ်ာ္လင့္ထားစြာျဖင့္ ဝိန္းရိဖန္ ေတြးထားသလို ေျခာက္ကပ္ၿပီး လူနည္းေနျခင္းမ်ိဳးမရွိ။
သူတို႔ေရာက္လာသည့္အခ်ိန္မွာ ေစာေနေသးသည့္အျပင္ တကယ့္လူစည္ကားသည့္အခ်ိန္မ်ိဳး မဟုတ္ေသးပါသည့္တိုင္ အတြင္းထဲရွိ ဝိုင္းေတာ္ေတာ္မ်ားမ်ားတြင္ လူျပည့္ေနၾကၿပီျဖစ္သည္။
စင္ေပၚတြင္ ဂီတာတီးေနသည့္အမ်ိဳးသမီးတစ္ဦးက မ်က္လႊာခ်ၿပီး သီခ်င္းဆိုေဖ်ာ္ေျဖေပးေနကာ ေတာ္ေတာ္ေလးၿငိမ့္ၿပီး ေအးေအးလူလူျဖစ္ေနသည့္ ပတ္ဝန္းက်င္မ်ိဳးပင္။ Bar ၏အေရွ႕ဘက္တြင္ တစ္ေခါင္းလုံးအဝါေရာင္ေဆးဆိုးထားသည့္ ယမကာအေဖ်ာ္စပ္သည့္ဆရာက မ်က္လွည့္ဆရာတစ္ဦးအတိုင္း သူ႕အေဖ်ာ္ခြက္မ်ားကို ကြၽမ္းကြၽမ္းက်င္က်င္ကစားျပေနေသးသည္။
ထိုင္စရာေနရာရွာၿပီးသည့္ေနာက္တြင္ ဝိန္းရိဖန္က ေစ်းအေပါဆုံးဝိုင္ကိုသာ မွာလိုက္၏။
က်ဳံးစစ္ေခ်ာင္က အနည္းငယ္ေဝ့ဝဲၾကည့္ၿပီးေနာက္ စိတ္ပ်က္အားေလ်ာ့သြားသည့္ဟန္ျဖင့္ ;
"ပိုင္ရွင္ မေရာက္ေသးတာလားမသိဘူး ၊ ေခ်ာတယ္ဆိုတဲ့တစ္ေယာက္ကို ငါမေတြ႕ေသးဘူး"
ဝိန္းရိဖန္က သာမန္ကာလွ်ံကာပုံစံျဖင့္ ;
"အဲ့ဒီ အရက္စပ္ေနတဲ့အစ္ကိုေလး ျဖစ္ရင္ျဖစ္ေနမွာေပါ့"
"ေသာက္က်ိဳးနည္း ဟုတ္မေနဘူး"
က်ဳံးစစ္ေခ်ာင္ လုံးဝလက္မခံနိုင္သည့္အလား စကားဆိုလာ၏။
"ဒီလမ္းထဲကိုအားရင္အားသလိုလာေနက် ငါ့သူငယ္ခ်င္းတစ္ေယာက္ေျပာျပထားတာ ၊ ဒီ Bar ရဲ႕ပိုင္ရွင္က ဒီလမ္းသရဲလမ္းမႀကီးရဲ႕ အဓိကသေကၤတတဲ့"
"သူ႕ဘာသာသူ ခ်ဲ့ကားေျပာေနတာလည္း ျဖစ္ရင္ျဖစ္ေနနိုင္တာပဲ"
"?"
က်ဳံးစစ္ေခ်ာင္၏ လက္မခံလိုသည့္အမူအရာႀကီးေၾကာင့္ ဝိန္းရိဖန္က ခပ္မတ္မတ္ထိုင္လိုက္ရင္း ;
"ျဖစ္ရင္ျဖစ္ေနနိုင္တာပဲလို႔ ေျပာတာပါဟ"
က်ဳံးစစ္ေခ်ာင္ ႏွာတစ္ခ်က္မႈတ္လိုက္၏။
ႏွစ္ေယာက္သား စကားစျမည္ေျပာေနၾကရင္း က်ဳံးစစ္ေခ်ာင္က ေန႕လည္ခင္းတုန္းကကိစၥအား ျပန္ဆိုလာခဲ့၏။
"ဒါနဲ႕ ငါ ဒီေန႕ေလ အထက္တန္း ပထမႏွစ္တုန္းက အတန္းေခါင္းေဆာင္နဲ႕ေတြ႕ခဲ့ေသးတယ္ ၊ သူလည္း တကၠသိုလ္ကို နန္းဝူမွာပဲ တက္တာ ၊ ၾကည့္ရတာ 'စန္းရန္' နဲ႕ အေဆာင္တစ္ခုတည္းထင္တယ္ ၊ ဒါေပမယ့္ သူ႕ကိုေတာ့ ငါသိပ္မေတြ႕မိဘူးရယ္"
ထိုနာမည္ကိုၾကားလွ်င္ၾကားလိုက္ရျခင္းတြင္ ဝိန္းရိဖန္ မသိမသာတုန္လႈပ္သြားမိ၏။
"ေျပာရရင္ နင္ မွတ္မိေသး...."
ေျပာေနရင္းျဖင့္ က်ဳံးစစ္ေခ်ာင္က မ်က္လုံးကစားေနရင္း တစ္ေနရာအေရာက္တြင္ ႐ုတ္တရက္
"ေအ့....နင္ နာရီလက္တံ ၁၀နာရီဘက္ကို လွမ္းၾကည့္လိုက္ ၊ လမ္းသရဲလမ္းမႀကီးရဲ႕အဓိကသေကၤတ လာၿပီထင္တယ္"
တစ္ခ်ိန္တည္းမွာပင္ ဝိန္းရိဖန္က 'ရန္ေကာ' ဟု ေအာ္ေခၚလိုက္သည့္အသံတစ္ခုကိုပါ ၾကားလိုက္ရ၏။
သူမ လွမ္းၾကည့္မိလိုက္ေတာ့၏။
ဘယ္အခ်ိန္ကတည္းကမွန္းမသိ ယမကာအေဖ်ာ္ဆရာ၏ေဘးတြင္ ေယာက္်ားေလးတစ္ဦး ရပ္ေနခဲ့သည္။
Bar အတြင္းရွိ မွိန္ပ်ပ်မီးေရာင္ေအာက္တြင္ ထိုလူဟာ စားပြဲေထာင့္ကိုမွီ၍ရပ္ေနၿပီး ေခါင္းသဲ့သဲ့ေစာင္း၍ ယမကာအေဖ်ာ္ဆရာႏွင့္ စကားေျပာေနပုံရသည္။ မည္းနက္ေနသည့္ အနက္ေရာင္ဂ်က္ကတ္ကိုဝတ္ထားၿပီး ကိုယ္ေနဟန္ထားက ခပ္ေျဖာင့္ေျဖာင့္ျဖင့္ အရပ္ျမင့္ေသးသည္။ ယခုအခ်ိန္၌ သူသည္ ခႏၶာကိုယ္ကို အနည္းငယ္ကိုင္းထားပါသည့္တိုင္ ယမကာအေဖ်ာ္ဆရာထက္ အေတာ္ေလးပင္အရပ္ျမင့္ေနေသး၏။
မ်က္ဝန္းအိမ္မ်ားက မည္းနက္ၿပီး ေကြးတက္ေနသည့္ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္မွာလည္း မထီမဲ့ျမင္ျပဳေနသည့္ဟန္တို႔အျပည့္။
မီးေရာင္စုံမ်ားအလွည့္က်ထြန္းလင္းေပးေနသည့္ မီးလုံးအေရာင္မ်ားကလည္း သူ႕မ်က္ႏွာကို ပို၍ျမင္သာေစရန္ ပံ့ပိုးထားေပးေနသည့္သဖြယ္ပင္။
စကၠန့္ပိုင္းအတြင္း၌ပင္ ဝိန္းရိဖန္က ထိုလူအား အမွတ္ရမိသြားခဲ့ေတာ့၏။
"ငါ-ူး!"
သူမနည္းတူ ခ်က္ခ်င္းမွတ္မိသြားခဲ့သည့္ က်ဳံးစစ္ေခ်ာင္က အလန့္တၾကားပင္ျဖစ္သြားခဲ့ၿပီး
"ဟဲ့....ဒီအဓိကသေကၤတက စန္းရန္!"
"...."
"ငါ သူ႕အေၾကာင္းေလးေျပာမိလိုက္တာနဲ႕တင္ ဘယ္လိုလုပ္ၿပီး လူတစ္ေယာက္လုံးကိုပါ ျမင္လိုက္ရေတာ့တာတုန္း ၊ နင္ သူ႕ကို မွတ္မိေသးတယ္မလား ၊ နင္ ေက်ာင္းမေျပာင္းသြားခင္တုန္းက သူ နင့္ကို လိုက္ဖူးတယ္ေလ"
ထိုစကားလုံးမ်ားေၾကာင့္ ဝိန္းရိဖန္၏မ်က္ေတာင္မ်ား မသိမသာတုန္ယင္သြားခဲ့ရသည္။
တိုက္ဆိုင္စြာျဖင့္ စားပြဲထိုးေလးက အနားမွျဖတ္သြားသည့္အခ်ိန္ ၊ ဝိန္းရိဖန္ကလည္း စိတ္မသာမယာျဖစ္ေနရသျဖင့္ လွမ္းေခၚလိုက္မည္အျပဳတြင္ ႐ုတ္တရက္ အာေမဍိတ္သံတစ္ခုက နားစည္အတြင္းရိုက္ခတ္လာေတာ့၏။ လွမ္းၾကည့္လိုက္လွ်င္ စားပြဲထိုးေလးက တစ္ေယာက္ေယာက္ႏွင့္ မေတာ္တဆတိုက္မိသြားပုံရကာ လက္ထဲတြင္ကိုင္ထားသည့္ လင္ပန္းေရာ ဝိုင္ခြက္မ်ားပါ တစ္ဖက္သို႔ေစာင္းလာေလေတာ့၏။
ေစာင္းလာသည့္ဦးတည္ရာက သူမဆီ....
ေရခဲႏွင့္ေရာထားသည့္အရက္မ်ားက သူမ၏ဘယ္ဘက္ပုခုံးထက္သို႔ ေလ်ာက်လာခဲ့၏။ သူမက ခပ္ပြပြဆြယ္တာအကၤ်ီကိုဝတ္ထားျခင္းျဖစ္ရာ ခ်က္ခ်င္းဆိုသလို အကၤ်ီတစ္ခုလုံးစို႐ြဲသြားၿပီး အေအးဓါတ္မ်ားက အတြင္းထဲထိကို ထိုးဝင္လာခဲ့ကာ ေအးစိမ့္ေနမႈႀကီးက ထုံသလိုလိုျဖစ္သြားရသည္အထိပင္။
ဝိန္းရိဖန္က အသံတစ္ခ်က္ျပဳရင္း အလိုလိုတုန့္ျပန္ခ်က္အရ မတ္တပ္ထရပ္လိုက္မိသည္။
Bar အတြင္းရွိအသံမ်ားက က်ယ္သင့္သေလာက္က်ယ္ေနပါသည့္တိုင္ လႈပ္လႈပ္ရွားရွားျဖစ္သြားသည့္အသံကလည္း မေသး။
ေၾကာက္လန့္သြားသည့္ စားပြဲထိုးေလး၏မ်က္ႏွာက ျဖဴေဖ်ာ့ေနကာ ထပ္ခါတလဲလဲ ေတာင္းပန္ေနေတာ့၏။
က်ဳံးစစ္ေခ်ာင္သည္လည္း ခ်က္ခ်င္းမတ္တပ္ထရပ္၍ ဝိန္းရိဖန္၏အကၤ်ီေပၚမွ ေရခဲတုံးမ်ားကို ဖယ္ေပးေတာ့သည္။
"အဆင္ေျပရဲ႕လား"
"ရတယ္ ဘာမွမျဖစ္ဘူး"
ဝိန္းရိဖန္၏အသံတို႔က သိသိသာသာတုန္ယင္ေနပါသည့္တိုင္ ေဒါသထြက္ေနျခင္းမ်ိဳးမရွိ ၊ စားပြဲထိုးေလးဘက္သို႔ လွည့္ၾကည့္၍ ;
"ထပ္ၿပီးေတာင္းပန္ေနစရာမလိုေတာ့ပါဘူး..ေနာက္ဆိုရင္ ပိုၿပီး သတိထားေပးပါေနာ္"
ထို႔ေနာက္တြင္ က်ဳံးစစ္ေခ်ာင္ဘက္ ျပန္လွည့္လိုက္၏။
"ငါ သန့္စင္ခန္းထဲ သြားလိုက္ဦးမယ္"
စကားေျပာၿပီးၿပီးခ်င္းတြင္ မ်က္လုံးကို အသာအယာပင့္ၾကည့္လိုက္၏။
႐ုတ္တရက္ အၾကည့္တစ္ခ်က္ တစ္ခ်က္တည္းဆိုပါသည့္တိုင္ မည္းနက္ၿပီးလ်စ္လ်ဴရႈတတ္ေသာမ်က္ဝန္းတစ္စုံႏွင့္တည့္တည့္ႀကီးဆုံလိုက္ရကာ ႏွစ္စကၠန့္မွ်ေၾကာင္အမ္းရပ္တန့္သြားရေတာ့သည္။
ဝိန္းရိဖန္က အၾကည့္မ်ားကိုျပန္႐ုတ္သိမ္းလိုက္ရင္း အမ်ိဳးသမီးသန့္စင္ခန္းဆီသို႔ ထြက္လာခဲ့လိုက္သည္။
သန့္စင္ခန္းအလြတ္တစ္ခုကို ရွာေတြ႕ၿပီးသည္ႏွင့္ ဆြယ္တာအကၤ်ီကို ခြၽတ္လိုက္ရာ အတြင္းထဲတြင္ ကိုယ္က်ပ္အကၤ်ီတစ္ထည္သာ က်န္ေတာ့၏။
ကံေကာင္းစြာျဖင့္ ကိုယ္က်ပ္အကၤ်ီက သိပ္မစိုလိုက္ေပ။
ဝိန္းရိဖန္က ဆြယ္တာအကၤ်ီကို လက္တစ္ဖက္ကကိုင္ကာ လက္ေဆးကန္ဆီသို႔ေလွ်ာက္လာၿပီး တစ္သ်ႉးစအား ေရအနည္းငယ္စြတ္၍ ခႏၶာကိုယ္ေပၚမွ အရက္ဝိုင္မ်ားကို အေသအခ်ာသုတ္ေနလိုက္၏။
အၾကမ္းဖ်င္းသန့္ရွင္းၿပီးေနာက္တြင္ေတာ့ သူမ ျပန္ထြက္လာလိုက္သည္။
မ်က္ဝန္းေထာင့္စြန္းမွ်တဆင့္ ေကာ္ရစ္တာထက္တြင္ ရပ္ေနသည့္လူတစ္ေယာက္၏ပုံရိပ္အား လွမ္းျမင္လိုက္ရကာ ဝိန္းရိဖန္၏ေျခလွမ္းမ်ားက အလိုလိုရပ္တန့္သြားမိလိုက္၏။
ေယာက္်ားေလးက နံရံကိုမွီ၍ရပ္ေနရင္း ပါးစပ္ဖ်ားတြင္ စီးကရက္တစ္လိပ္ကိုကိုက္ထားကာ မ်က္ဝန္းမ်ားက ပ်င္းတိပ်င္း႐ြဲျဖင့္ေအာက္သို႔စိုက္ထားၿပီး လူတစ္ေယာက္လုံး၏အသြင္အျပင္မွာ မတက္ႂကြဘဲေမွးမွိန္ေနဟန္ရွိသည္။ အခုေလးကႏွင့္မတူညီေတာ့သည္မွာ အေပၚထပ္ဂ်က္ကတ္အကၤ်ီက ခြၽတ္ထားၿပီး အလ်င္းသင့္သလိုခပ္ေလ်ာ့ေလ်ာ့ပုံစံျဖင့္ လက္ထဲတြင္ ကိုင္ထားျခင္းျဖစ္သည္။
သူ႕ခႏၶာကိုယ္ထက္၌ အနက္ေရာင္တီရွပ္အကၤ်ီသာ က်န္ေနခဲ့၏။
ေနာက္ဆုံးတစ္ႀကိမ္ေတြ႕ျဖစ္ခဲ့ၾကသည္မွာ ေျခာက္ႏွစ္မွ်ပင္ ၾကာခဲ့ၿပီျဖစ္သည္။
တစ္ဖက္လူက သူမအား မွတ္မိေနေလက္ဦးမည့္အေၾကာင္းအား မေသခ်ာသည့္အတြက္ ဝိန္းရိဖန္ ႏႈတ္ဆက္သင့္မသင့္ကို မေရရာမေသခ်ာခ်ိတုံခ်တဳံျဖစ္ေနခဲ့သည္။ စကၠန့္ပိုင္းမွ်ေတြေဝစဥ္းစားေနၿပီးေနာက္တြင္ေတာ့ ဝိန္းရိဖန္က မ်က္လႊာကိုခ်လိဳက္၍မသိခ်င္ေယာင္ေဆာင္ၿပီးသာ ဆက္၍ေလွ်ာက္ထြက္လာခဲ့လိုက္၏။
အေဆာက္အဦးအျပင္အဆင္မွာ ေမွာင္ၿပီးရိုးရွင္းသည့္ဘက္သို႔သြားသည္ျဖစ္ရာ စက်င္ေက်ာက္ျပားေပၚရွိ အလင္းေရာင္ႀကိဳးတန္းမ်ားက ေနရာတိုင္းတြင္ အလင္းျပန္ေနလ်က္ရွိသည္။ ထို႔အျပင္ အမ်ိဳးသမီးသီခ်င္းဆိုသံကိုလည္း ခပ္ေျပေျပေလးၾကားေနရေသးသည္။
နီးလာသည္ႏွင့္အမွ်....
သူ႕ေဘးနားမွ ျဖတ္ေလွ်ာက္သြားလုနီးနီး....
ထိုအခ်ိန္ကေလးတြင္....
"ေဝ့"
ပ်င္းတိပ်င္း႐ြဲျဖင့္ ေရ႐ြတ္လိုက္သည့္အသံတစ္ခု ထြက္လာခဲ့၏။
ဝိန္းရိဖန္ လုံးဝရပ္တန့္သြားခဲ့ၿပီး လွမ္းၾကည့္မိလိုက္သည္။
ႀကိဳတင္သတိေပးထားျခင္းမရွိပါဘဲ စန္းရန္က အေပၚထပ္အကၤ်ီအား သူမ၏ေခါင္းေပၚသို႔ပစ္ေပးလိုက္သည္မွာ သူမ၏အျမင္အာ႐ုံကို ဖုံးကြယ္ပစ္လိုက္သည့္အလား။ ဝိန္းရိဖန္က ႐ုတ္တရက္ေၾကာင္အမ္းသြားမိၿပီး ေခါင္းေပၚမွအကၤ်ီအား ခ်က္ခ်င္းဖယ္ပစ္လိုက္၏။
စန္းရန္က မ်က္လႊာပင့္မၾကည့္ေသး ၊ ေဘးနားရွိ အမွိုက္ပုံးထဲသို႔သာ စီးကရက္ကို လႊင့္ပစ္ေန၏။
ႏွစ္ေယာက္စလုံး မည္သူကမွ် စကားစေျပာျခင္းလည္းမရွိ။
အခ်ိန္အၾကာႀကီးဟုထင္မွတ္ရပါသည့္တိုင္ တကယ္တမ္း၌ စကၠန့္ပိုင္းမွ်သာၾကာသြားခဲ့ၿပီးမွ စန္းရန္က မ်က္လႊာပင့္ၾကည့္လာ၍ သူမ၏မ်က္ဝန္းမ်ားႏွင့္ဆုံေစလိုက္ေတာ့၏။ သူ႕မ်က္ဝန္းမ်ားထဲတြင္လည္း မထီမဲ့ျမင္ျပဳသည့္လ်စ္လ်ဴရႈျခင္းမ်ားစြာ ကိန္းေအာင္းလ်က္ရွိေနပါေသး၏။
"စကားေျပာရေအာင္"
~~~~~~~~~