Chapter (165) Arc 3
ရှေးဟောင်းမြို့ထဲဝင်ပြီ
"အိုးတစ်လုံး ရှာလိုက်ပါ!"
ဤသားရဲများ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကာ လူတိုင်းကို သူမှာခဲ့သည့်အတိုင်း အတိအကျ ဖမ်းဆီးခဲ့ကြောင်း တွေ့လိုက်ရသဖြင့် လုရွှမ်က ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်သည်။
ခဏကြာတော့ မီးဖို အဆင်သင့် ဖြစ်ကာ အောက်မီးတွေက တဟုန်းဟုန်း တောက်လောင်နေပြီး အိုးထဲက ရေတွေလည်း ခပ်မြန်မြန်ပဲ ဆူပြွတ်လာသည်။
"ဒီဝိညာဥ်သားရဲ တစ်ကောင်ချင်းစီရဲ့ သွေးတွေကို ထုတ်ယူလိုက်... မှတ်ထား လုံးဝ မသတ်မိစေနဲ့!"
လုရွှမ်က ထပ်ရှင်းပြသည်။
ခဏအကြာတွင် ရာနှင့်ချီသော ဝိညာဥ်သားရဲများသည် ၎င်းတို့၏ သွေးများကို ထုတ်ယူခံလိုက်ရပြီး ရာနှင့်ချီသော သွေးပန်းကန်လုံးများသည် ပုံးနှစ်ပုံး အပြည့်ဖြစ်သွားသည်။
အိုးထဲကို လောင်းထည့်လိုက်တာနဲ့ အိုးထဲက ပွက်ပွက်ဆူနေတဲ့ ရေတွေဟာ ချက်ချင်း အနီရောင်တောက်တောက် အရောင်အသွေးအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန် လုရွှမ်သည် သူ့ရင်ခွင်မှ ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ အမျိုးမျိုးသော ဆေးဖက်ဝင် အမှုန့် အမျိုးအစားပေါင်း တစ်ဒါဇင်ကျော်ကို ထည့်လိုက်သည်။
အားလုံးကို အမှုန့်ဖြစ်အောင် လုပ်ထားသောကြောင့် ပါဝင်ပစ္စည်းများမှာ မည်ကဲ့သို့ ပါဝင်သည် ဆိုသည်ကို မည်သူမျှ မသိကြပေ။ ထိုဆေးမှုန့်များ အိုးထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အိုးထဲရှိ ပွက်ပွက် ဆူနေသောရေနှင့် ရောထားသော သွေးများသည် စိမ်းမြသွားကာ ထူးဆန်းစွာ စိမ်းလန်းသွား၏။
"ကောင်းပြီ.... ရှေးဟောင်းမြို့ထဲကို ဝင်ချင်သူတွေက တစ်စက်စီ သုံးကြပါ... လေးနာရီကြာအောင် ရှေးဟောင်းမြို့ထဲမှာ နေနိုင်တယ်။ အဲဒီအချိန်ပြီးလို့ ထွက်မလာဘူးဆိုရင် ကိုယ့်ဘာသာ ဆက်သွားရမယ်... မှတ်ထားပါ!"
ခဏကြာမျှ ကြာပြီးနောက် လုရွှမ်သည် ပုလင်းအနည်းငယ်ကို အရင်ဖြည့်ပြီးနောက် လှည့်ကာ လူတိုင်းအား ရှင်းပြလိုက်သည်။
"အချိန်ကန့်သတ်ချက် ကျော်သွားရင် ဘယ်လိုဖြစ်မှာလဲ?"
လူလတ်ပိုင်း တစ်ယောက်က ဝင်မေးလိုက်သည်။
"အချိန် ကန့်သတ်ချက်ကို ကျော်သွားလို့ ခင်ဗျားတို့ဒါကို မသုံးထားရင် ရှေးဟောင်းမြို့ အခင်းအကျင်းက ခင်ဗျားတို့ကို တိုက်ရိုက် သတ်ပစ်လိမ့်မယ်!"
လုရွှမ်က သိပ်အရေးမစိုက်သလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အာ"
လူလတ်ပိုင်း အမျိုးသား၏ အမူအရာ ပြောင်းလဲသွားကာ အပို မပြောဝံ့တော့သည့်အတိုင်း တိတ်ဆိတ်သွားသည်။
"ကောင်းပြီ... ဒီဝိညာဥ်သားရဲတွေကို လွှတ်ပေးလိုက်တော့!"
ရှင်းပြပြီးနောက် လူတော်တော်များများလည်း ဆေးရည်များကို လာယူပြီးပြီမို့ လုရွှမ် ခေါင်းကိုလှည့်ကာ အမိန့်ပေးလိုက်သည်။
"လွှတ်လိုက်ရမယ်?? ဒီသားရဲကို ဖမ်းဖို့အတွက် ကျုပ်တို့ ညီအစ်ကို တော်တော်များများကို အသေခံလိုက်ရတာ... သူတို့ကို မသတ်ဘဲ ပြန်လွှတ်လိုက်ရမယ် ဆိုရင် ညီအစ်ကိုတွေ သေသွားတာ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ"
"ဒီဝိညာဉ်သားရဲက အရမ်းအစွမ်းထက်တယ်...ကျုပ်က စီးယာဥ်အဖြစ် ထိန်းသိမ်းဖို့တောင် စီစဉ်ထားတာ"
"ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ မလွှတ်ပေးချင်ဘူး... ဒါ့အပြင် သွေးပန်းကန် တစ်လုံးလောက် ယူတာက သူတို့ကို လုံးဝမထိခိုက်စေဘူး။ ဒီလို အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ တစ်ကောင်ကို သိမ်းထားရင် အသုံးဝင်သေးတယ်!"
"ဒီဝိညာဥ်သားရဲရဲ့ အမွေးက အရမ်းကောင်းတယ်... အဝတ်ချုပ်ဝတ်ရင် အဆင်ပြေမှာပဲ"
လုရွှမ် စကားကိုကြားတော့ ဝိညာဥ်သားရဲများကို ဖမ်းမိလာခဲ့သော လူများက အနည်းငယ် မကျေမနပ် ဖြစ်လာကြတော့သည်။
ဒီကောင်တွေကို ဖမ်းဖို့ လူအင်အား အများကြီး ဆုံးရှုံးခဲ့ရပြီး သန်မာတဲ့ သူတွေ အများကြီးလည်း သေသွားခဲ့ကြသည်။ သူတို့ရဲ့ သွေးအနည်းငယ်ကို ယူပြီးတာနဲ့ ပြန်လွှတ်ပေးလိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။
"မင်းတို့ ရှေးဟောင်းမြို့ထဲကို မဝင်ချင်ရင် လွှတ်ပေးစရာ မလိုဘူး!"
လုရွှမ်၏ မျက်နှာပေါ်က အကြည့်တွေ အေးစက်သွားခဲ့သည်။
"မင်း ဘာကိုဆိုလိုချင်တာလဲ? ဒီဆေးရည် သောက်ရုံနဲ့ လေးနာရီကြာတဲ့အထိ ရှေးဟောင်းမြို့ထဲကို ဝင်လို့ရတယ်လို့ မင်းမပြောခဲ့ဘူးလား? ဘယ်လိုလုပ် ဒီဝိညာဥ်သားရဲနဲ့ ပတ်သက်သွားရတာလဲ!!"
သန်မာသောလူက လှမ်းကြည့်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။
ဒီဝိညာဥ်သားရဲတွေကို ဖမ်းဖို့အတွက် သူတို့လူတွေ ထက်ဝက်ကျော် သေဆုံးသွားခဲ့ပြီး သန်မာတဲ့ လူတွေပဲ ကျန်ရစ်ခဲ့၏။ ဒါကိုကြားပြီး သူ စိတ်ဆိုးလာတာ အံ့သြစရာတော့ မရှိချေ။
"ရှေးဟောင်းမြို့ကို ကာရံထားတာက တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင် အခင်းအကျင်းပဲ... အခင်းအကျင်း အလယ်က ဝိညာဥ်သားရဲ ၄ကောင်ရဲ့ သွေးတွေ။ သူတို့ရဲ့သားမြေးတွေကို သတ်ဖြတ်ထားတဲ့ အငွေ့အသက်တွေကို မင်းတို့ရဲ့ကိုယ်ပေါ်မှာ အနံ့ခံမိရင် မင်းဘယ်လိုထင်လဲ? သားရဲလေးကောင်ရဲ့ အခင်းအကျင်းက သူတို့ရဲ့သားမြေးတွေကို သတ်ခဲ့တဲ့သူတွေကို ဝင်ခွင့်ပေးမယ်လို့ ထင်လား?"
လုရွှမ် မျက်ခုံးပင့်လျက် မေးလိုက်သည်။
"ဒါ...."
ထိုလူရဲ့ မျက်နှာက တမဟုတ်ချင်း ရုပ်ဆိုးသွားတော့သည်။
"ကောင်းပြီ.... ညီငယ်လုရွှမ် ပြောတာကို နားထောင်ကြရအောင်.... အားလုံးက ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အများကြီး အနစ်နာခံထားရတယ် မလား... ဒီနေရာ ပျက်စီးသွားရင် ရတဲ့အမြတ်က အရှုံးထက် ပိုများမှာ မဟုတ်ဘူး!"
ရှောင်းချင်ထျန်း သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ဒီဝိညာဥ်သားရဲတွေကို ဖမ်းဖို့အတွက် သူတို့တွေ အများကြီး ဆုံးရှုံးခဲ့ရပြီး ရှေးဟောင်းမြို့ကို မဝင်နိုင်ရင် ဆုံးရှုံးမှုက ပိုကြီးသွားလိမ့်မည်။
"ဟုတ်တယ်!"
ရှောင်းချင်ထျန်း ပြောတာကို လူတိုင်းက မငြင်းဝံ့ကြဘဲ သားရဲများစွာကို ချုပ်နှောင်ထားသမျှ အားလုံးကို ရုတ်သိမ်းလိုက်ပါတော့သည်။
ဝိညာဥ်သားရဲများစွာသည် လူတိုင်းကို စူးစူးစိုက်စိုက် ကြည့်၍ တောထဲသို့ ပြန်ပြေး ဝင်သွားကြလေ၏။
"ကောင်းပြီ.... သွားရအောင်!"
အားလုံး အဆင်သင့် ဖြစ်ပြီမို့ လုရွှမ် ရပ်တန့်မနေတော့ဘဲ ဖန့်ဝူဆွေ့၊ မုယန်ဖုန်း နှင့် အခြားသူများကို မြို့တံခါးဆီသို့ ဦးစွာခေါ်သွားခဲ့သည်။
သူတို့တည်ရှိရာ မြို့တံခါးမှာ အနောက်ဖက်တံခါး ပိုင်ဟူဟုခေါ်သည့် ဝိညာဥ်သားရဲ ရှိသည့် နေရာ ဖြစ်သည်။
သူတို့ ရှေ့မရောက်ခင်က လူတွေကို သတ်ပစ်ချင်သည့် အငွေ့အသက်များ အလုံးအရင်း ထွက်ပေါ်လာတော့သည်။ လူတွေကို အချိန်မရွေး အရိုးထဲအထိ ထိုးဖောက်ပစ်ချင် ပုံရပြီး ထောင်နဲ့ချီတဲ့ စစ်သည်တွေကြား ရောက်သွားသလိုပင်။
"လူတိုင်း.... တစ်စက်စီ သောက်လိုက်ပါ အရမ်း လောဘမကြီးနဲ့ မဟုတ်ရင် ခန္ဓာကိုယ်က မခံနိုင်ဘဲ ရှေးဟောင်းမြို့ထဲကို မဝင်ခင် ဒီမှာပဲ သေသွားလိမ့်မယ်!"
လုရွှမ်က ရပ်လိုက်ပြီး ခုနက ထည့်ထားတဲ့ ကျောက်စိမ်းပုလင်းကို ထုတ်လိုက်ပြီး ဖန့်ဝူဆွေ့ နဲ့ တခြားသူတွေကို ပစ်ပေးလိုက်သည်။
ရှောင်းချင်ထျန်း နှင့် သူ့နောက်မှ အခြားလူများက ထိုလူငယ်ပြောသည့် စကားသည် မှန်သလား မှားသလား မသိသောကြောင့် ရှေ့သို့ မတိုးဝံ့ဘဲ ဆုံးဖြတ်ချက် မချမီ ၎င်းတို့အားလုံး မှန်ကန်မှုရှိမရှိကို စောင့်ကြည့်ချင်ကြသည်။
ထိုလူတွေကို ဂရုမစိုက်တဲ့ ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်မှာရှိတဲ့ လူတိုင်းက ဆေးအရည် တစ်စက်ကို အမြန် မော့သောက်လိုက်ကြ၏။
"အထဲဝင်ကြမယ်!"
လုရွှမ် ရှေ့သို့ ဦးစွာ ချီတက်သွားသည်။
"ခဏလေး!"
သူတို့ ခပ်ဝေးဝေးကို မရောက်ခင်မှာ ရှောင်းချင်ထျန်းရဲ့ ကျယ်လောင်တဲ့ အော်သံကို ကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲ ခေါင်းဆောင်ရှောင်း"
လုရွှမ် တစ်ချက် ပြန်ကြည့်လိုက်သည်။
"မင်းတစ်ယောက်တည်း အရင်သွားကြည့်.... မင်း အဆင်ပြေရင် ငါတို့အားလုံး အတူတူ ဝင်လာခဲ့မယ်...ဒါပေမဲ့ သူတို့ကတော့ ဒီမှာနေခဲ့ရမယ်"
ရှောင်းချင်ထျန်း ယင်းယန်ကျောင်းတော်မှ လူများကို လက်ညှိုးထိုးလျက် ဆိုလိုက်သည်။
"ဟုတ်တယ် မင်း တစ်ယောက်တည်း အရင်သွားကြည့်.... မင်း အဆင်ပြေတယ် ဆိုရင် ဆေးအတူတူသောက်ပြီး တစ်ချိန်တည်း ဝင်လာခဲ့မယ်"
"အစောကြီး ဝင်သွားတဲ့ လူတွေများရင် ငါတို့မြို့ထဲ မဝင်ခင်မှာ ကောင်းတဲ့ပစ္စည်းတွေ လုယက်ခံရမှာကို ကြောက်ရတယ်"
"ခေါင်းဆောင်ရှောင်းရဲ့ အတွေးက မှန်တယ်... သူတို့တွေလည်း ငါတို့နဲ့အတူ စောင့်သင့်တယ်လို့ ထင်တယ်!"
ရှောင်းချင်ထျန်းရဲ့ စကားကို ကြားတော့ လူတိုင်းက ဘာကိုဆိုလိုမှန်းကို သိကြလေရာ တစ်ချိန်တည်းမှာ အော်ဟစ်လာကြတော့သည်။
"ဟမ့်!"
ထိုသဘောထားများကို မြင်တော့ လုရွှမ်သည် အေးစက်စက်သာ ပြုံးပြီး ဂရုမစိုက်ပေ။
ဤလူများသည် ဆေးရည်၏ အာနိသင်ကို သေချာမသိကြသလို သောက်ပြီးနောက် ထိခိုက်မှု တစ်စုံတစ်ရာ ရှိမရှိကိုလည်း သေချာမသိကြသဖြင့် ၎င်းတို့အားလုံးသည် မည်သည့်နေရာတွင် ရှိနေသည်ကို စောင့်မျှော်ကြည့်ရှုကြပြီး လုရွှမ် ဘာမှမဖြစ်သည်ကို တွေ့သည်နှင့် စတင်သောက်ကြမှာ ဖြစ်သည်။
သို့သော် ဒီလိုလုပ်လိုက်တာနဲ့ ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အရမ်းနောက်ကျ သွားမှာကို ကြောက်ပြီး ကောင်းတဲ့ ရတနာတွေ အားလုံးကို တခြားသူတွေ လုယူသွားတော့မှာမို့လို့ စိတ်လည်း လောနေကြသေးသည်။
လုရွှမ်ကတော့ သူ့ဆေးရည်မှာ အမှားအယွင်း မရှိသဖြင့် လူတိုင်း၏ သံသယကို မကြောက်ဘဲ သဘာဝကျကျ ရှေးဟောင်းမြို့ဆီသို့ ဦးစွာလျှောက်သွားကာ မကြာမီ ရှေးဟောင်းမြို့၏ အနောက်တံခါးဆီသို့ ရောက်လာခဲ့သည်။
အနောက်တံခါးသည် မီတာရာနှင့်ချီမြင့်ပြီး မီတာရာနှင့်ချီ ကျယ်ဝန်းသည်။ ရှေ့သို့ရောက်သောအခါ လူတို့အား ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သော ဘီလူးကြီးများ၏ နိုင်ငံထဲသို့ ဝင်ရသကဲ့သို့ပင် တုန်လှုပ်လာစေသည်။
တံခါးဝသို့ လျှောက်သွားသည်နှင့် ချက်ချင်းပင် အဖြူရောင် အလင်းတန်းများက မြို့တံခါးကို ဖုံးလွှမ်းသွား၏။
ဟူး!
အားလုံးက စိတ်ပူနေတဲ့ အတွေးတွေ ပေါ်လာချိန်မှတော့ ကောင်လေးရဲ့ ပုံသဏ္ဌာန်က တဖျပ်ဖျပ်လတ်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"သူ မြို့ထဲကို ဝင်သွားပြီ.... သူ ရှေးဟောင်းမြို့ထဲကို ဝင်သွားပြီ!"
"မြန်မြန်လုပ်.... အားလုံး မြန်မြန်လုပ်ကြ!"
"ရှေးဟောင်းမြို့က ရတနာတွေနဲ့ ပြည့်နေတာ မြန်မြန် သွားရအောင်!"
လုရွှမ် ရှန့်ခုန်း ရှေးဟောင်းမြို့ထဲကို တိုက်ရိုက် ဝင်သွားနိုင်တာကို တွေ့လိုက်ရတော့ နောက်ကွယ်က လူတွေက သည်းမခံနိုင်တော့ဘဲ ရူးသွပ်တဲ့ ဟောက်သံတွေကြားမှာ အသီးသီး ပြင်ဆင်ထားတဲ့ ဆေးရည်တွေကို မျိုချလိုက်ပြီး အလျင်အမြန် ရှေ့ကို ပြေးသွားကြလေ၏။
ဖန့်ဝူဆွေ့လည်း ယင်းယန်ကျောင်းတော်မှ လူတိုင်းကို ဦးဆောင်ခဲ့ပြီး တောင်ဖောက်နဂါးကလည်း ဂိတ်ပေါက်ဆီသို့ အမြန် ပြေးသွားလေသည်။
ဟူး ဟူး ဟူး!
တံခါးဝသို့ လူတိုင်း ရောက်ရှိလာ သောအခါတွင် အဖြူရောင် အလင်းတန်းများ လင်းထိန်သွားကာ နောက်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။
အချိန်နှောင်းသွားလျှင် ရတနာများကို အခြားသူများ လုယူသွားတော့မည်ကို သိလျက်နှင့် ကျန်လူများက တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ ပြေးသွားကြသည်။ ရုတ်တရက် မရေမတွက်နိုင်သော လူများက မိုးရွာချလာသလို ရှေးဟောင်းမြို့ဆီသို့ အပြေးအလွှား ဝင်သွားကြတော့သည်။
ချိုင့်ဝှမ်းထဲသို့ ယနေ့ခေတ်တွင် သက်ရှိထင်ရှား ရှိနေသည့် အင်အားစု အားလုံးနီးပါး ရောက်ရှိလာပြီး သန်းနှင့်ချီသော လူများရှိရာ နေရာတိုင်းတွင် မီးခိုးမြူမှုန်များ၊ တိမ်တိုက်များကဲ့သို့ ပြင်းထန်စွာ တိုးဝှေ့နေကြ၏။
Chapter (165) Arc 3
ေရွးေဟာင္းၿမိဳ႕ထဲဝင္ၿပီ
"အိုးတစ္လုံး ရွာလိုက္ပါ!"
ဤသားရဲမ်ား၏ ပုံပန္းသဏၭာန္ကို ၾကည့္ကာ လူတိုင္းကို သူမွာခဲ့သည့္အတိုင္း အတိအက် ဖမ္းဆီးခဲ့ေၾကာင္း ေတြ႕လိုက္ရသျဖင့္ လု႐ႊမ္က ေခါင္းညိတ္ၿပီး အမိန႔္ေပးလိုက္သည္။
ခဏၾကာေတာ့ မီးဖို အဆင္သင့္ ျဖစ္ကာ ေအာက္မီးေတြက တဟုန္းဟုန္း ေတာက္ေလာင္ေနၿပီး အိုးထဲက ေရေတြလည္း ခပ္ျမန္ျမန္ပဲ ဆူႁပြတ္လာသည္။
"ဒီဝိညာဥ္သားရဲ တစ္ေကာင္ခ်င္းစီရဲ႕ ေသြးေတြကို ထုတ္ယူလိုက္... မွတ္ထား လုံးဝ မသတ္မိေစနဲ႕!"
လု႐ႊမ္က ထပ္ရွင္းျပသည္။
ခဏအၾကာတြင္ ရာႏွင့္ခ်ီေသာ ဝိညာဥ္သားရဲမ်ားသည္ ၎တို႔၏ ေသြးမ်ားကို ထုတ္ယူခံလိုက္ရၿပီး ရာႏွင့္ခ်ီေသာ ေသြးပန္းကန္လုံးမ်ားသည္ ပုံးႏွစ္ပုံး အျပည့္ျဖစ္သြားသည္။
အိုးထဲကို ေလာင္းထည့္လိုက္တာနဲ႕ အိုးထဲက ပြက္ပြက္ဆူေနတဲ့ ေရေတြဟာ ခ်က္ခ်င္း အနီေရာင္ေတာက္ေတာက္ အေရာင္အေသြးအျဖစ္ ေျပာင္းလဲသြားသည္။
ထိုအခ်ိန္ လု႐ႊမ္သည္ သူ႕ရင္ခြင္မွ ေက်ာက္စိမ္းပုလင္းကို ထုတ္ယူကာ အမ်ိဳးမ်ိဳးေသာ ေဆးဖက္ဝင္ အမႈန႔္ အမ်ိဳးအစားေပါင္း တစ္ဒါဇင္ေက်ာ္ကို ထည့္လိုက္သည္။
အားလုံးကို အမႈန႔္ျဖစ္ေအာင္ လုပ္ထားေသာေၾကာင့္ ပါဝင္ပစၥည္းမ်ားမွာ မည္ကဲ့သို႔ ပါဝင္သည္ ဆိုသည္ကို မည္သူမွ် မသိၾကေပ။ ထိုေဆးမႈန႔္မ်ား အိုးထဲသို႔ ဝင္လာသည္ႏွင့္ တၿပိဳင္နက္ အိုးထဲရွိ ပြက္ပြက္ ဆူေနေသာေရႏွင့္ ေရာထားေသာ ေသြးမ်ားသည္ စိမ္းျမသြားကာ ထူးဆန္းစြာ စိမ္းလန္းသြား၏။
"ေကာင္းၿပီ.... ေရွးေဟာင္းၿမိဳ႕ထဲကို ဝင္ခ်င္သူေတြက တစ္စက္စီ သုံးၾကပါ... ေလးနာရီၾကာေအာင္ ေရွးေဟာင္းၿမိဳ႕ထဲမွာ ေနနိုင္တယ္။ အဲဒီအခ်ိန္ၿပီးလို႔ ထြက္မလာဘူးဆိုရင္ ကိုယ့္ဘာသာ ဆက္သြားရမယ္... မွတ္ထားပါ!"
ခဏၾကာမွ် ၾကာၿပီးေနာက္ လု႐ႊမ္သည္ ပုလင္းအနည္းငယ္ကို အရင္ျဖည့္ၿပီးေနာက္ လွည့္ကာ လူတိုင္းအား ရွင္းျပလိုက္သည္။
"အခ်ိန္ကန႔္သတ္ခ်က္ ေက်ာ္သြားရင္ ဘယ္လိုျဖစ္မွာလဲ?"
လူလတ္ပိုင္း တစ္ေယာက္က ဝင္ေမးလိုက္သည္။
"အခ်ိန္ ကန့္သတ္ခ်က္ကို ေက်ာ္သြားလို႔ ခင္ဗ်ားတို႔ဒါကို မသုံးထားရင္ ေရွးေဟာင္းၿမိဳ႕ အခင္းအက်င္းက ခင္ဗ်ားတို႔ကို တိုက္ရိုက္ သတ္ပစ္လိမ့္မယ္!"
လု႐ႊမ္က သိပ္အေရးမစိုက္သလို ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။
"အာ"
လူလတ္ပိုင္း အမ်ိဳးသား၏ အမူအရာ ေျပာင္းလဲသြားကာ အပို မေျပာဝံ့ေတာ့သည့္အတိုင္း တိတ္ဆိတ္သြားသည္။
"ေကာင္းၿပီ... ဒီဝိညာဥ္သားရဲေတြကို လႊတ္ေပးလိုက္ေတာ့!"
ရွင္းျပၿပီးေနာက္ လူေတာ္ေတာ္မ်ားမ်ားလည္း ေဆးရည္မ်ားကို လာယူၿပီးၿပီမို႔ လု႐ႊမ္ ေခါင္းကိုလွည့္ကာ အမိန႔္ေပးလိုက္သည္။
"လႊတ္လိုက္ရမယ္?? ဒီသားရဲကို ဖမ္းဖို႔အတြက္ က်ဳပ္တို႔ ညီအစ္ကို ေတာ္ေတာ္မ်ားမ်ားကို အေသခံလိုက္ရတာ... သူတို႔ကို မသတ္ဘဲ ျပန္လႊတ္လိုက္ရမယ္ ဆိုရင္ ညီအစ္ကိုေတြ ေသသြားတာ ဘယ္လိုလုပ္ ထိုက္တန္ေတာ့မွာလဲ"
"ဒီဝိညာဥ္သားရဲက အရမ္းအစြမ္းထက္တယ္...က်ဳပ္က စီးယာဥ္အျဖစ္ ထိန္းသိမ္းဖို႔ေတာင္ စီစဥ္ထားတာ"
"ဘာပဲျဖစ္ျဖစ္ က်ဳပ္ကေတာ့ မလႊတ္ေပးခ်င္ဘူး... ဒါ့အျပင္ ေသြးပန္းကန္ တစ္လုံးေလာက္ ယူတာက သူတို႔ကို လုံးဝမထိခိုက္ေစဘူး။ ဒီလို အစြမ္းထက္တဲ့ ဝိညာဥ္သားရဲ တစ္ေကာင္ကို သိမ္းထားရင္ အသုံးဝင္ေသးတယ္!"
"ဒီဝိညာဥ္သားရဲရဲ႕ အေမြးက အရမ္းေကာင္းတယ္... အဝတ္ခ်ဳပ္ဝတ္ရင္ အဆင္ေျပမွာပဲ"
လု႐ႊမ္ စကားကိုၾကားေတာ့ ဝိညာဥ္သားရဲမ်ားကို ဖမ္းမိလာခဲ့ေသာ လူမ်ားက အနည္းငယ္ မေက်မနပ္ ျဖစ္လာၾကေတာ့သည္။
ဒီေကာင္ေတြကို ဖမ္းဖို႔ လူအင္အား အမ်ားႀကီး ဆုံးရႈံးခဲ့ရၿပီး သန္မာတဲ့ သူေတြ အမ်ားႀကီးလည္း ေသသြားခဲ့ၾကသည္။ သူတို႔ရဲ႕ ေသြးအနည္းငယ္ကို ယူၿပီးတာနဲ႕ ျပန္လႊတ္ေပးလိုက္ဖို႔က ဘယ္လိုမွ မျဖစ္နိုင္ဘူး။
"မင္းတို႔ ေရွးေဟာင္းၿမိဳ႕ထဲကို မဝင္ခ်င္ရင္ လႊတ္ေပးစရာ မလိုဘူး!"
လု႐ႊမ္၏ မ်က္ႏွာေပၚက အၾကည့္ေတြ ေအးစက္သြားခဲ့သည္။
"မင္း ဘာကိုဆိုလိုခ်င္တာလဲ? ဒီေဆးရည္ ေသာက္႐ုံနဲ႕ ေလးနာရီၾကာတဲ့အထိ ေရွးေဟာင္းၿမိဳ႕ထဲကို ဝင္လို႔ရတယ္လို႔ မင္းမေျပာခဲ့ဘူးလား? ဘယ္လိုလုပ္ ဒီဝိညာဥ္သားရဲနဲ႕ ပတ္သက္သြားရတာလဲ!!"
သန္မာေသာလူက လွမ္းၾကည့္ၿပီး ေဒါသတႀကီးနဲ႕ ေအာ္ဟစ္လိုက္သည္။
ဒီဝိညာဥ္သားရဲေတြကို ဖမ္းဖို႔အတြက္ သူတို႔လူေတြ ထက္ဝက္ေက်ာ္ ေသဆုံးသြားခဲ့ၿပီး သန္မာတဲ့ လူေတြပဲ က်န္ရစ္ခဲ့၏။ ဒါကိုၾကားၿပီး သူ စိတ္ဆိုးလာတာ အံ့ၾသစရာေတာ့ မရွိေခ်။
"ေရွးေဟာင္းၿမိဳ႕ကို ကာရံထားတာက တံဆိပ္ခတ္ ေကာင္းကင္သားရဲ ေလးေကာင္ အခင္းအက်င္းပဲ... အခင္းအက်င္း အလယ္က ဝိညာဥ္သားရဲ ၄ေကာင္ရဲ႕ ေသြးေတြ။ သူတို႔ရဲ႕သားေျမးေတြကို သတ္ျဖတ္ထားတဲ့ အေငြ႕အသက္ေတြကို မင္းတို႔ရဲ႕ကိုယ္ေပၚမွာ အနံ႕ခံမိရင္ မင္းဘယ္လိုထင္လဲ? သားရဲေလးေကာင္ရဲ႕ အခင္းအက်င္းက သူတို႔ရဲ႕သားေျမးေတြကို သတ္ခဲ့တဲ့သူေတြကို ဝင္ခြင့္ေပးမယ္လို႔ ထင္လား?"
လု႐ႊမ္ မ်က္ခုံးပင့္လ်က္ ေမးလိုက္သည္။
"ဒါ...."
ထိုလူရဲ႕ မ်က္ႏွာက တမဟုတ္ခ်င္း ႐ုပ္ဆိုးသြားေတာ့သည္။
"ေကာင္းၿပီ.... ညီငယ္လု႐ႊမ္ ေျပာတာကို နားေထာင္ၾကရေအာင္.... အားလုံးက ေရွးေဟာင္းၿမိဳ႕ထဲကို ဝင္ဖို႔ အမ်ားႀကီး အနစ္နာခံထားရတယ္ မလား... ဒီေနရာ ပ်က္စီးသြားရင္ ရတဲ့အျမတ္က အရႈံးထက္ ပိုမ်ားမွာ မဟုတ္ဘူး!"
ေရွာင္းခ်င္ထ်န္း သူ႕လက္ကို ေဝွ႕ယမ္းၿပီး ေျပာလိုက္သည္။
ဒီဝိညာဥ္သားရဲေတြကို ဖမ္းဖို႔အတြက္ သူတို႔ေတြ အမ်ားႀကီး ဆုံးရႈံးခဲ့ရၿပီး ေရွးေဟာင္းၿမိဳ႕ကို မဝင္နိုင္ရင္ ဆုံးရႈံးမႈက ပိုႀကီးသြားလိမ့္မည္။
"ဟုတ္တယ္!"
ေရွာင္းခ်င္ထ်န္း ေျပာတာကို လူတိုင္းက မျငင္းဝံ့ၾကဘဲ သားရဲမ်ားစြာကို ခ်ဳပ္ႏွောင္ထားသမွ် အားလုံးကို ႐ုတ္သိမ္းလိုက္ပါေတာ့သည္။
ဝိညာဥ္သားရဲမ်ားစြာသည္ လူတိုင္းကို စူးစူးစိုက္စိုက္ ၾကည့္၍ ေတာထဲသို႔ ျပန္ေျပး ဝင္သြားၾကေလ၏။
"ေကာင္းၿပီ.... သြားရေအာင္!"
အားလုံး အဆင္သင့္ ျဖစ္ၿပီမို႔ လု႐ႊမ္ ရပ္တန့္မေနေတာ့ဘဲ ဖန့္ဝူေဆြ႕၊ မုယန္ဖုန္း ႏွင့္ အျခားသူမ်ားကို ၿမိဳ႕တံခါးဆီသို႔ ဦးစြာေခၚသြားခဲ့သည္။
သူတို႔တည္ရွိရာ ၿမိဳ႕တံခါးမွာ အေနာက္ဖက္တံခါး ပိုင္ဟူဟုေခၚသည့္ ဝိညာဥ္သားရဲ ရွိသည့္ ေနရာ ျဖစ္သည္။
သူတို႔ ေရွ႕မေရာက္ခင္က လူေတြကို သတ္ပစ္ခ်င္သည့္ အေငြ႕အသက္မ်ား အလုံးအရင္း ထြက္ေပၚလာေတာ့သည္။ လူေတြကို အခ်ိန္မေ႐ြး အရိုးထဲအထိ ထိုးေဖာက္ပစ္ခ်င္ ပုံရၿပီး ေထာင္နဲ႕ခ်ီတဲ့ စစ္သည္ေတြၾကား ေရာက္သြားသလိုပင္။
"လူတိုင္း.... တစ္စက္စီ ေသာက္လိုက္ပါ အရမ္း ေလာဘမႀကီးနဲ႕ မဟုတ္ရင္ ခႏၶာကိုယ္က မခံနိုင္ဘဲ ေရွးေဟာင္းၿမိဳ႕ထဲကို မဝင္ခင္ ဒီမွာပဲ ေသသြားလိမ့္မယ္!"
လု႐ႊမ္က ရပ္လိုက္ၿပီး ခုနက ထည့္ထားတဲ့ ေက်ာက္စိမ္းပုလင္းကို ထုတ္လိုက္ၿပီး ဖန့္ဝူေဆြ႕ နဲ႕ တျခားသူေတြကို ပစ္ေပးလိုက္သည္။
ေရွာင္းခ်င္ထ်န္း ႏွင့္ သူ႕ေနာက္မွ အျခားလူမ်ားက ထိုလူငယ္ေျပာသည့္ စကားသည္ မွန္သလား မွားသလား မသိေသာေၾကာင့္ ေရွ႕သို႔ မတိုးဝံ့ဘဲ ဆုံးျဖတ္ခ်က္ မခ်မီ ၎တို႔အားလုံး မွန္ကန္မႈရွိမရွိကို ေစာင့္ၾကည့္ခ်င္ၾကသည္။
ထိုလူေတြကို ဂ႐ုမစိုက္တဲ့ ေပ႐ႊီးအင္ပါယာ ယင္းယန္ေက်ာင္းေတာ္မွာရွိတဲ့ လူတိုင္းက ေဆးအရည္ တစ္စက္ကို အျမန္ ေမာ့ေသာက္လိုက္ၾက၏။
"အထဲဝင္ၾကမယ္!"
လု႐ႊမ္ ေရွ႕သို႔ ဦးစြာ ခ်ီတက္သြားသည္။
"ခဏေလး!"
သူတို႔ ခပ္ေဝးေဝးကို မေရာက္ခင္မွာ ေရွာင္းခ်င္ထ်န္းရဲ႕ က်ယ္ေလာင္တဲ့ ေအာ္သံကို ၾကားလိုက္ရသည္။
"ဘာျဖစ္လို႔လဲ ေခါင္းေဆာင္ေရွာင္း"
လု႐ႊမ္ တစ္ခ်က္ ျပန္ၾကည့္လိုက္သည္။
"မင္းတစ္ေယာက္တည္း အရင္သြားၾကည့္.... မင္း အဆင္ေျပရင္ ငါတို႔အားလုံး အတူတူ ဝင္လာခဲ့မယ္...ဒါေပမဲ့ သူတို႔ကေတာ့ ဒီမွာေနခဲ့ရမယ္"
ေရွာင္းခ်င္ထ်န္း ယင္းယန္ေက်ာင္းေတာ္မွ လူမ်ားကို လက္ညွိုးထိုးလ်က္ ဆိုလိုက္သည္။
"ဟုတ္တယ္ မင္း တစ္ေယာက္တည္း အရင္သြားၾကည့္.... မင္း အဆင္ေျပတယ္ ဆိုရင္ ေဆးအတူတူေသာက္ၿပီး တစ္ခ်ိန္တည္း ဝင္လာခဲ့မယ္"
"အေစာႀကီး ဝင္သြားတဲ့ လူေတြမ်ားရင္ ငါတို႔ၿမိဳ႕ထဲ မဝင္ခင္မွာ ေကာင္းတဲ့ပစၥည္းေတြ လုယက္ခံရမွာကို ေၾကာက္ရတယ္"
"ေခါင္းေဆာင္ေရွာင္းရဲ႕ အေတြးက မွန္တယ္... သူတို႔ေတြလည္း ငါတို႔နဲ႕အတူ ေစာင့္သင့္တယ္လို႔ ထင္တယ္!"
ေရွာင္းခ်င္ထ်န္းရဲ႕ စကားကို ၾကားေတာ့ လူတိုင္းက ဘာကိုဆိုလိုမွန္းကို သိၾကေလရာ တစ္ခ်ိန္တည္းမွာ ေအာ္ဟစ္လာၾကေတာ့သည္။
"ဟမ့္!"
ထိုသေဘာထားမ်ားကို ျမင္ေတာ့ လု႐ႊမ္သည္ ေအးစက္စက္သာ ၿပဳံးၿပီး ဂ႐ုမစိုက္ေပ။
ဤလူမ်ားသည္ ေဆးရည္၏ အာနိသင္ကို ေသခ်ာမသိၾကသလို ေသာက္ၿပီးေနာက္ ထိခိုက္မႈ တစ္စုံတစ္ရာ ရွိမရွိကိုလည္း ေသခ်ာမသိၾကသျဖင့္ ၎တို႔အားလုံးသည္ မည္သည့္ေနရာတြင္ ရွိေနသည္ကို ေစာင့္ေမွ်ာ္ၾကည့္ရႈၾကၿပီး လု႐ႊမ္ ဘာမွမျဖစ္သည္ကို ေတြ႕သည္ႏွင့္ စတင္ေသာက္ၾကမွာ ျဖစ္သည္။
သို႔ေသာ္ ဒီလိုလုပ္လိုက္တာနဲ႕ ေရွးေဟာင္းၿမိဳ႕ထဲကို ဝင္ဖို႔ အရမ္းေနာက္က် သြားမွာကို ေၾကာက္ၿပီး ေကာင္းတဲ့ ရတနာေတြ အားလုံးကို တျခားသူေတြ လုယူသြားေတာ့မွာမို႔လို႔ စိတ္လည္း ေလာေနၾကေသးသည္။
လု႐ႊမ္ကေတာ့ သူ႕ေဆးရည္မွာ အမွားအယြင္း မရွိသျဖင့္ လူတိုင္း၏ သံသယကို မေၾကာက္ဘဲ သဘာဝက်က် ေရွးေဟာင္းၿမိဳ႕ဆီသို႔ ဦးစြာေလွ်ာက္သြားကာ မၾကာမီ ေရွးေဟာင္းၿမိဳ႕၏ အေနာက္တံခါးဆီသို႔ ေရာက္လာခဲ့သည္။
အေနာက္တံခါးသည္ မီတာရာႏွင့္ခ်ီျမင့္ၿပီး မီတာရာႏွင့္ခ်ီ က်ယ္ဝန္းသည္။ ေရွ႕သို႔ေရာက္ေသာအခါ လူတို႔အား ျပင္းထန္ေသာ ဖိအားကို ေပးစြမ္းနိုင္ေသာ ဘီလူးႀကီးမ်ား၏ နိုင္ငံထဲသို႔ ဝင္ရသကဲ့သို႔ပင္ တုန္လႈပ္လာေစသည္။
တံခါးဝသို႔ ေလွ်ာက္သြားသည္ႏွင့္ ခ်က္ခ်င္းပင္ အျဖဴေရာင္ အလင္းတန္းမ်ားက ၿမိဳ႕တံခါးကို ဖုံးလႊမ္းသြား၏။
ဟူး!
အားလုံးက စိတ္ပူေနတဲ့ အေတြးေတြ ေပၚလာခ်ိန္မွေတာ့ ေကာင္ေလးရဲ႕ ပုံသဏၭာန္က တဖ်ပ္ဖ်ပ္လတ္ၿပီး မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္ကြယ္သြားေတာ့သည္။
"သူ ၿမိဳ႕ထဲကို ဝင္သြားၿပီ.... သူ ေရွးေဟာင္းၿမိဳ႕ထဲကို ဝင္သြားၿပီ!"
"ျမန္ျမန္လုပ္.... အားလုံး ျမန္ျမန္လုပ္ၾက!"
"ေရွးေဟာင္းၿမိဳ႕က ရတနာေတြနဲ႕ ျပည့္ေနတာ ျမန္ျမန္ သြားရေအာင္!"
လု႐ႊမ္ ရွန့္ခုန္း ေရွးေဟာင္းၿမိဳ႕ထဲကို တိုက္ရိုက္ ဝင္သြားနိုင္တာကို ေတြ႕လိုက္ရေတာ့ ေနာက္ကြယ္က လူေတြက သည္းမခံနိုင္ေတာ့ဘဲ ႐ူးသြပ္တဲ့ ေဟာက္သံေတြၾကားမွာ အသီးသီး ျပင္ဆင္ထားတဲ့ ေဆးရည္ေတြကို မ်ိဳခ်လိဳက္ၿပီး အလ်င္အျမန္ ေရွ႕ကို ေျပးသြားၾကေလ၏။
ဖန့္ဝူေဆြ႕လည္း ယင္းယန္ေက်ာင္းေတာ္မွ လူတိုင္းကို ဦးေဆာင္ခဲ့ၿပီး ေတာင္ေဖာက္နဂါးကလည္း ဂိတ္ေပါက္ဆီသို႔ အျမန္ ေျပးသြားေလသည္။
ဟူး ဟူး ဟူး!
တံခါးဝသို႔ လူတိုင္း ေရာက္ရွိလာ ေသာအခါတြင္ အျဖဴေရာင္ အလင္းတန္းမ်ား လင္းထိန္သြားကာ ေနာက္အခိုက္အတန႔္တြင္ ေပ်ာက္ကြယ္သြားခဲ့သည္။
အခ်ိန္ႏွောင္းသြားလွ်င္ ရတနာမ်ားကို အျခားသူမ်ား လုယူသြားေတာ့မည္ကို သိလ်က္ႏွင့္ က်န္လူမ်ားက တုံ႕ဆိုင္းမေနေတာ့ဘဲ တစ္ေယာက္ၿပီး တစ္ေယာက္ ေရွ႕သို႔ ေျပးသြားၾကသည္။ ႐ုတ္တရက္ မေရမတြက္နိုင္ေသာ လူမ်ားက မိုး႐ြာခ်လာသလို ေရွးေဟာင္းၿမိဳ႕ဆီသို႔ အေျပးအလႊား ဝင္သြားၾကေတာ့သည္။
ခ်ိဳင့္ဝွမ္းထဲသို႔ ယေန႕ေခတ္တြင္ သက္ရွိထင္ရွား ရွိေနသည့္ အင္အားစု အားလုံးနီးပါး ေရာက္ရွိလာၿပီး သန္းႏွင့္ခ်ီေသာ လူမ်ားရွိရာ ေနရာတိုင္းတြင္ မီးခိုးျမဴမႈန္မ်ား၊ တိမ္တိုက္မ်ားကဲ့သို႔ ျပင္းထန္စြာ တိုးေဝွ႕ေနၾက၏။