Perfect Love [onging]

Autorstwa Butterfly_614

10.4K 1.8K 216

"ဘာလို့ချစ်တာလဲဟင်" "မချစ်ရမနေနိုင်လို့ ချစ်တာ" "ဘာလို႔ခ်စ္တာလဲဟင္" "မခ်စ္ရမေနနိုင္လို႔ ခ်စ္တာ" Więcej

Perfect Love-1
Perfect Love-2
Perfect Love-3
Perfect Love-4
Perfect Love-5
Perfect Love-6
Perfect Love-7
Perfect Love-8
Perfect Love-9
Perfect Love-10
Perfect Love-11
Perfect Love-13
Perfect Love-14
Perfect Love-15
Perfect Love-16
Perfect Love-17
Perfect Love-18
Perfect Love-19
Perfect Love-20
Perfect Love-21
Perfect Love-22
Perfect Love-23
Perfect Love-24
Perfect Love-25
Perfect Love-26
Perfect Love-27
Perfect Love-28
Perfect Love-29
Perfect Love-30
Perfect Love-31
Perfect Love-32
Perfect Love-33
Perfect Love-34

Perfect Love-12

319 55 4
Autorstwa Butterfly_614

(Unicode)

"ဘယ်လိုပဲ စဉ်းစားကြည့် စဉ်းစားကြည့် အဲ့ဒီလူဆိုတာ သေချာတယ် Chanyeol"

"အင်း..."

"အရက်ရော အစားအသောက်ရောက အကုန်လုံးသောက်စားကြတာဆိုတော့ လုံးဝမဖြစ်နိုင်ဘူး၊ အဲ့ဒီ အအေးကျတော့ မင်းတို့နှစ်ယောက်ပဲ သောက်မိကြတာမလား"

"အင်း ဟုတ်တယ်၊ အမှန်တော့ သူက ငါ့တစ်ယောက်တည်းကိုပဲကြံစည်တာကွ၊ အအေးကို ငါတစ်ယောက်တည်းသောက်ဖို့ အခါခါပြောသွားတာ၊ ကောင်လေးကို တိုက်လိုက်မိတာငါ့အမှားပါ၊ နောက်အကြီးဆုံးအမှားကတော့ ငါ့အခန်းမှာ ကောင်လေးကိုအိပ်ခိုင်းလိုက်မိတာပဲ"

Hanwool ကခေါင်းတညိမ့်ညိမ့်လုပ်ပြီး Chanyeol ရဲ့ပုခုံးကို အသာဆုပ်ကိုင်လိုက်သည်။

"ဖြစ်ပြီးသွားပြီပဲဟာ မတတ်နိုင်တော့ဘူးပေါ့၊ မင်းကိုယ်မင်းအပြစ်တွေအရမ်းမတင်ပါနဲ့၊ ဒီလိုတွေဖြစ်လာမယ်မှန်း မင်းလည်းကြိုသိခဲ့တာမဟုတ်ဘူးလေ၊ အနာဂတ်မှာ အရေးကြီးဆုံးကတော့ မင်းရဲ့ကောင်လေးအပေါ် အများကြီးကောင်းပေးဖို့ပဲ Chanyeol"

"ဖြစ်ခဲ့သမျှကိစ္စတွေက ငါ့အမှားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကောင်လေးအပေါ်မြတ်မြတ်နိုးနိုးနဲ့ထာဝရချစ်ပေးပြီး အများကြီးပေးဆပ်သွားဖို့ ငါဆုံးဖြတ်ပြီးသားပါ"

"အင်းပါ၊ မင်းပုံစံအတိုင်းတည်တည်ငြိမ်ငြိမ်ကြီးလည်းလုပ်မနေနဲ့ဦး၊ မင်းချစ်ထားတာကအသက်ငယ်ငယ်လေးနော်၊ ကလေးဆိုတာက နှုတ်အပြောရော ကိုယ်ဖိရင်ဖိရော ချစ်ပေးမှ အချစ်ဆိုတာကိုခံစားနားလည်ကြတာကွ၊ Baekhyunလေးကိုချစ်ကြောင်းခဏခဏပြောပြပြီး ဂရုတစိုက်နဲ့ချစ်ပေး၊ ကြားလား Chanyeol"

Hanwool ကို Chanyeol မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ဆုံးမနေလိုက်ပုံများ၊ အဖေနှင့်သားလားတောင်အထင်မှားသွားစေပါသည်။

"အင်းပေါ့လေ၊ မင်းကငါ့ထက်အရင် ငယ်ငယ်ရွယ်ရွယ်လေးရထားတော့ စီနီယာလိုဖြစ်နေပြီပေါ့"

"ဟမ် ဘယ်သူကလဲ၊ ငါကလား"

မသိချင်ယောင်ဆောင်နေသူကို Chanyeol မှင်သေသေဖြင့်သာကြည့်ပေးလိုက်သည်။

"အဟဲ! Hoလေးနဲ့ ငါက မင်းထင်သလိုမဟုတ်ပါဘူးကွ"

"အခုအချိန်ထိဝင်မခံချင်သေးဘူးဆိုတော့ မင်း တိတ်တိတ်ပုန်းများတွဲချင်နေတာလား"

"ဟာ မဟုတ်ပါဘူးကွာ! ဒီတိုင်း ငါတို့က ဟိုလိုလိုဒီလိုလိုပါပဲ၊ ပြောရမယ်ဆိုရင်ကွာ နှစ်ယောက်လုံးစိတ်ထဲမှာတော့ရှိကြပေမယ့် right time မဟုတ်သေးလို့ငြိမ်နေကြတဲ့သဘောပါပဲ အဟင်း!"

"မနက်ဖြန်ဆိုတာမသေချာဘူးဆို၊ အသက်ရှင်နေကြောင်းသိဖို့က လက်ရှိပစ္စုပ္ပန်ပဲရှိတာဆို၊ ငါ့ကို အဲ့လိုတွေပြောခဲ့တာ မင်းမဟုတ်ဘူးလား"

"ဟော မှတ်ဥာဏ်ကောင်းတယ်နော်"

"အင်း မွေးကတည်းကပဲ၊ ဆိုတော့ ကောင်လေးကိုငါစောင့်မယ်ပြောတုန်းက အားမလိုအားမရဖြစ်ခဲ့တဲ့မင်းက မင်းအလှည့်ကျမှဘယ်လိုဖြစ်ရတာတုန်း"

"အဲ့...အဲ့ဒါက"

Hanwool တစ်ယောက်ခေါင်းကုပ်လိုက် လည်ပင်းကုပ်လိုက်ဖြင့် Chanyeol နဲ့အနည်းငယ်အကွာကိုနေရာရွှေ့သွားသည်။

"ငါလည်း....ငါလည်း တွေးစရာလေးတွေ နည်းနည်းများများရှိလို့ပါကွာ"

"နည်းတာလားများတာလား"

"အလယ်အလတ်လောက်ပါပဲ"

မအီမသာမျက်နှာဖြစ်နေတဲ့ Hanwool ကိုကြည့်ပြီး Chanyeol ခေါင်းခါရယ်မိသည်။ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုဆုံးမနိုင်လွန်းတဲ့လူကို ပြန်ဆုံးမလိုက်နိုင်လို့ကျေနပ်ပါသည်။

"နေဦး ငါ့ကိစ္စတွေထားပါဦးကွာ၊ မင်းရဲ့ အဲ့ဒီဆေးခတ်တဲ့လူကိစ္စကိုအရင်ရှင်းဦး"

"ရှင်းမယ်"

"အင်း ဘယ်လိုရှင်းမှာလဲ"

"ရှင်းမယ်ဆိုပေမယ့် အမှန်တရားအတိုင်းတော့မဟုတ်ဘူးပေါ့"

Hanwool က Chanyeol ဘာပြောချင်တာလဲဆိုတာကို သေချာနားထောင်နေသည်။

"သူ့ရဲ့ရည်ရွယ်ချက်က ငါ့ဂုဏ်သိက္ခာကျဆင်းစေချင်လို့ဆိုတာ ပြေးကြည့်စရာတောင်မလိုဘူး၊ သူက ရွာသူရွာသားတွေရဲ့အလယ်မှာ ငါ့ကိုအရှက်ကွဲစေချင်တာ၊ သေချာတယ် ပွဲပြီးတဲ့အထိ သူငါ့ကိုတစ်နေရာရာကနေ စောင့်ကြည့်နေလိမ့်မယ်၊ နောက်ပြီး ငါတင်မကဘဲ ကောင်လေးပါ အဲ့ဒီအအေးကိုသောက်လိုက်တယ်ဆိုတာကိုလည်းတွေ့သွားလိမ့်မယ်၊ ဒါပေမယ့် ငါရောကောင်လေးရောပွဲပြီးသွားတဲ့အထိ သူမျှော်လင့်ထားသလိုမဖြစ်လိုက်ဘူးလေ၊ အဲ့တော့ သူ့ဆေးအာနိသင်နဲ့ပတ်သတ်ပြီး မအောင်မြင်ဘူးလို့ထင်ကောင်းထင်သွားနိုင်တယ်"

"အင်း....အခုကိစ္စမအောင်မြင်ဘူးထင်ရင် သူက နောက်ထပ်အကြံအစည်တွေကြံစည်လာနိုင်တယ်နော်"

"အဲ့လိုမဖြစ်ရအောင် သူ့ဆေးအာနိသင်အောင်မြင်ကြောင်းပြောပြရမှာပေါ့၊ နောက်ပြီး အဲ့ဒီဆေးအာနိသင်ကို ငါတို့ကတစ်နည်းနည်းနဲ့ဖြေရှင်းလိုက်နိုင်ကြောင်းလည်းပြောပြရမယ်၊ ဥပမာ-ဖြေဆေးသောက်လိုက်တာမျိုးပေါ့"

"အင်း.....အဲ့ဒါပြီးတော့ရော"

"ဖြေရှင်းမယ့်အကြောင်းမပြောခင် သူဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာကို ငါခန့်မှန်းမိတာ မင်းကိုပြောပြမယ်"

"အော....သူက ဘာလို့ ဒီလိုလုပ်ရတာလဲ"

"သူနဲ့အတူနေတဲ့ သူ့ရဲ့ဆရာက အရှေ့ပိုင်းရွာက ဆေးဆရာကြီးတဲ့လေ"

"အင်း...အဲ့တော့ မင်းခန့်မှန်းမိတာက.."

Chanyeol က Hanwool ကိုသေသေချာချာကြည့်လိုက်သည်။

"ဒီရွာတွေကို ငါတို့ပရဟိတလုပ်ဖို့မရောက်ခင်က ရွာသူရွာသားတွေရဲ့ကျန်းမာရေးကိစ္စတွေအတွက် ဆေးဆရာကြီးရဲ့တိုင်းရင်းဆေးတွေကိုပဲ အသုံးပြုခဲ့ကြတာကွ၊ ငါတို့ရောက်လာမှ ငါတို့ကိုပြောင်းပြီးအားကိုးလာကြတာ"

"အာ....ငါသဘောပေါက်သလိုရှိလာသလိုပဲ"

"အင်း၊ ငါတို့လိုဆရာဝန်တွေရောက်လာတာက သူတို့ရဲ့တိုင်းရင်းဆေးဝါးလုပ်ငန်းကိုထိခိုက်သလိုဖြစ်ရင်ဖြစ်သွားနိုင်တာပဲ၊ အဲ့တော့ ငါတို့မရှိဖို့ သူတို့ကြံမိကြံရာကြံကြမှာပေါ့"

"အင်း....ဒီလိုဆေးတောင်ဖော်နိုင်တယ်ဆိုတော့ အစွမ်းကမသေးဘူးပဲ၊ အဲ့တော့ သူတို့ကိစ္စ မင်းဘယ်လိုဖြေရှင်းမယ်စဉ်းစားထားလဲ"

"သူ့ဘက်ကရန်စပြုလာရင်တောင် ငါရန်နဲ့မတုန့်ပြန်နိုင်ဘူး၊ ရန်ကိုရန်ချင်းမတုန့်ပြန်မှ ရေရှည်အတွက်ကောင်းမှာလေ၊ ငါစဉ်းစားထားတာရှိတယ်၊ သူတို့လက်ခံဖို့ပဲမျှော်လင့်ရမှာပေါ့"

အကြံကောင်းရှိပုံရတဲ့ Chanyeol ကိုကြည့်ပြီး Hanwool ခေါင်းတဆတ်ဆတ်ညိမ့်လိုက်တော့သည်။

.................................................................................

ဆေးခန်းထိုင်မည့် အထွေထွေရောဂါကု ဆရာဝန်တစ်ယောက်နှင့်nurse မလေးနှစ်ယောက်ဟာ မနက်အစောပိုင်းအချိန်မှာပဲရွာကိုရောက်လာကြပါသည်။ဆရာဝန်တွေနှင့်အတူပါလာတဲ့ ဆေးခန်းသုံးပစ္စည်းပစ္စယတွေနှင့်ဆေးတွေကိုလည်း အကုန်လုံးဝိုင်းဝန်းပြီး ဆေးခန်းအတွင်းနေရာတကျထားပေးလိုက်ကြသည်။

ဆရာဝန်ရောက်လာပြီဆိုတာနဲ့ ကြိုတင်ပြင်ဆင်ထားပြီးသားဆေးခန်းဖွင့်ပွဲကို အကုန်လုံးသိုက်သိုက်ဝန်းဝန်းဖြင့်ကျင်းပလိုက်ကြပါသည်။

ဆေးခန်းဖွင့်ပွဲအပြီး နေ့လည်ပိုင်းထမင်းစားပြီးသွားကြတော့ Chanyeol တို့အုပ်စုတွေ ကိုယ့်နေရပ်အိမ်ကိုပြန်ဖို့အချိန်ရောက်လာခဲ့ပါသည်။လအတော်ကြာနေလာခဲ့ရတဲ့နေရာမို့ ပြန်ကြတော့မယ်ဆိုတဲ့အခါ ရွာသူရွာသားတွေရော Chanyeol တို့တွေပါစိတ်ထဲမကောင်းဖြစ်နေကြရသည်။

ကားနားမှာ Chanyeol တို့ရပ်နေကြတဲ့အချိန် များပြားလှတဲ့ရွာသူရွာသားတွေဟာလည်း Chanyeol တို့ကိုအလှည့်ကြလာနှုတ်ဆက်ကြပါသည်။

"ဒေါက်တာတို့ နောက်လည်းအချိန်ရရင်ရသလို မကြာခဏလာလည်ကြပါဦးနော်"

ရွာလူကြီးတစ်ယောက်ကပြောလာတာမို့ Chanyeol တို့တွေခေါင်းညိမ့်ကာပြုံးပြလိုက်ကြပြီး

"ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်လည်း အလည်လာခဲ့ပါ့မယ်"

"ဦးလေးတို့ရွာသူရွာသားတွေက ဒေါက်တာတို့အပေါ်မှာ အတော်လေးမှဧည့်ဝတ်ကျေကြရဲ့လားကွယ်"

"အရမ်းအရမ်းကိုမှ ဧည့်ဝတ်ကျေကြပါတယ် ဦးလေးဂျင်၊ ကျွန်တော်တို့ ဒီရွာမှာနေတဲ့တစ်လျှောက်လုံး တကယ်ကိုစိတ်ချမ်းသာရပါတယ်ဗျာ"

Chanyeol ရဲ့အဖြေကို ဦးလေးဂျင်က ကျေနပ်သွားပုံဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်ပါသည်။

"ဒေါက်တာ၊ ပထမဦးဆုံးတွေ့ဆုံချိန်မှာ ကျွန်မတို့ဘက်က ဟို..ရိုင်းပြမိသလိုဖြစ်သွားခဲ့တာအတွက် ထပ်ပြီးတောင်းပန်ပါတယ်နော်၊ ဆေးခန်းအတွက်လည်း အရမ်းကိုပဲကျေးဇူးတင်ပါတယ်ရှင်"

"ဪ ဆံပင်ညှပ်ဆိုင်ကအစ်မတွေပဲ၊ ဟုတ်ကဲ့ ရပါတယ်"

အမျိုးသမီးတွေဟာ သဘောတကျပြုံးရယ်ပြီး Chanyeol တို့ရဲ့အနားမှပြန်ထွက်သွားကြသည်။

"ဒေါက်တာ"

"ဆေးဆရာကြီး"

ဆေးဆရာကြီးနှင့်သူ့တပည့်နှစ်ယောက် Chanyeol ရဲ့အနားရောက်လာသည်။

"ဆေးဘူးတွေကို လကုန်အမှီပို့ပေးလိုက်ပါ့မယ်၊ နောက်ပြီး ထပ်ပြီးတောင်းပန်သလို ထပ်ပြီးလည်းကျေးဇူးတင်ပါတယ်ကွယ်"

"ကျွန်တော်ရောပဲ"

မျက်နှာငယ်ဖြစ်နေကြတဲ့ ဆရာတပည့်နှစ်ယောက်ကို Chanyeol ခေါင်းတစ်ချက်သာညိမ့်ပြလိုက်သည်။ဆေးဘူးတွေဆိုတာက ဆေးဆရာကြီးဖော်ထားတဲ့ ဒဏ်ကြေလိမ်းဆေးဆီတွေဖြစ်သည်။Chanyeol ကထိုဆေးဘူးတွေကို မြို့ကတိုင်းရင်းဆေးဆိုင်မှာ တင်သွင်းပေးမှာဖြစ်ပါသည်။

ဖြစ်သွားခဲ့တဲ့ကိစ္စတွေမှာ Chanyeol တင်မကဘဲ ချစ်ရတဲ့ကောင်လေးကိုပါ ထိခိုက်သွားစေတဲ့အတွက် ခွင့်မလွှတ်နိုင်ပေမယ့်လည်း ဦးနှောက်ဖြင့်ချင့်ချိန်ကာတွေးပြီး ထိုအကြံအစည်ကိုစီစဉ်ခဲ့တာဖြစ်သည်။ရန်စမရှိတဲ့အခါ အနာဂတ်တွေဟာ ပိုပြီးစိတ်ချလုံခြုံစရာကောင်းနေမှာပါ။ဘာပဲဖြစ်ဖြစ် ကောင်လေးဟာ တစ်ချိန်မှာ Chanyeol ရဲ့လက်တွဲဖော်ဖြစ်ဖို့ရည်ရွယ်ထားသူမို့ စောတာနှင့်နောက်ကျတာပဲကွာသွားပါလိမ့်မည်။

"ဒေါက်တာလေးတို့ ဒီမုန့်တွေကားပေါ်တင်လိုက်မယ်နော်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျာ"

"ဆေးခန်းအတွက် အများကြီးကျေးဇူးတင်ပါတယ် ဒေါက်တာတို့ရယ်"

"ရပါတယ်ဗျာ၊ ရပါတယ်"

"ဒေါက်တာတို့ရော ဒီက nurseကလေးတွေကိုရော ကျေးဇူးအများကြီးတင်ပါတယ်နော်"

"ဟုတ်ကဲ့ပါဗျ"

"ဟုတ်ကဲ့ပါရှင့်"

"ဒေါက်တာတို့တွေ နောက်ဘဝတွေမှာလည်း ဒီထက်မကရုပ်ရည်တွေချောမောလှပကြပါစေနော်"

"အဟား ဒီဆုတောင်းတော့ကြိုက်တယ်ဗျို့"

"ဟုတ်တယ် ကြိုက်တယ်ရှင့်"

ပြန်ခါနီးမှ တစ်ဖက်ကလည်းမပြန်ချင် တစ်ဖက်ကလည်းပြန်မလွှတ်ချင်ဖြစ်နေကြသူတွေကိုကြည့်ပြီး Chanyeol ပီတိပြုံးပြုံးလိုက်မိပါသည်။ထိုထဲမှာ သူလည်းအပါအဝင်ဖြစ်သည်။မေတ္တာတရားဟာရောင်ပြန်ဟပ်တတ်တယ်ဆိုတာ သိပ်မှန်ပါသည်။

တစ်ဖက်က ကောင်လေးကိုကြည့်လိုက်တော့လည်း မိသားစုဝင်တွေ၊ ကစားဖော်ကစားဖက်ကလေးတွေနှင့် သူငယ်ချင်းတွေကိုမခွဲနိုင်မခွါရက်နှုတ်ဆက်နေသည်။

"မြေးလေး ဒေါက်တာတို့အိမ်မှာအစစအရာရာလိမ်လိမ်မာမာနေနော်၊ စာကိုလည်းကြိုးစား ဟုတ်ပြီလား၊ တစ်နေ့တစ်ခေါက်မဟုတ်ရင်တောင် မြေးလေးအားတိုင်းဖွားတို့ဆီကိုဖုန်းဆက်ဦး၊ ကြားလား"

"ဟုတ်ကဲ့ ဖွားဖွား"

"ကျန်းမာရေးကိုဂရုစိုက် Hyunလေး၊ အဲ့ဒါက အရေးကြီးဆုံးပဲ၊ ဒီအတောအတွင်း ဒေါ်ဒေါ်မြို့တက်ဖြစ်ခဲ့ရင်လည်း Hyunလေးဆီဝင်ခဲ့မယ်နော်၊ ဒေါက်တာတို့အိမ်မှာလိမ်လိမ်မာမာနေ"

"ဟုတ်ကဲ့၊ သားစောင့်နေမယ်"

ပြောရင်း အသံလေးတိမ်ဝင်သွားတဲ့ Baekhyun ကြောင့်အဖွားနှင့်အဒေါ်တို့မှာလည်း မျက်နှာမကောင်းဖြစ်နေကြရသည်။

"Baekhyun စာကြိုးစားနော်၊ ငါတို့ တက္ကသိုလ်ရောက်ရင်တော့ အတူတူတက်ကြတာပေါ့၊ အခုက ကျောင်းမတူပေမယ့်လည်း မြို့ကတော့အတူတူပဲမို့ တွေ့ဖို့ချိန်းကြမယ်နော်"

"ဒေါက်တာဦးအိမ်မှာဆိုတော့ စိတ်ချရပါတယ်၊ မင်းသာလိမ်လိမ်မာမာနေ၊ လီဝူးပြောသလိုပဲ ငါတို့တွေ့ဖို့ချိန်းကြမယ်"

"အင်းပါ၊ မင်းတို့လည်း စာကြိုးစားကြ၊ အဆောင်မှာ လူမျိုးစုံအများကြီးရှိတာဆိုတော့ တည့်အောင်ပေါင်းပြီးနေကြဦးနော်"

အမွှာနှစ်ယောက်နှင့် Baekhyun တို့အပြန်အလှန်အမှာစကားတွေပြောပြီးနောက် အချင်းချင်းပွေ့ဖက်လိုက်ကြသည်။

"ကိုကြီး Baek၊ ကိုကြီး Baekပြန်လာရင် ဒီအရုပ်တွေပြန်ပေးမယ်"

"ဟုတ်တယ်၊ သားတို့ ဒီအတောအတွင်းဖြည်းဖြည်းလေးကိုင်ပြီးပဲဆော့ထားမယ်နော်၊ အဲ့ဒါမှမပျက်စီးမှာ"

"ဟုတ်တယ် သားရောပဲ"

Baekhyun ကိုမွေးနေ့လက်ဆောင်ပေးထားကြတဲ့သူတို့အရုပ်လေးတွေအား Baekhyun ပြန်ပေးထားတော့ တစ်ယောက်တစ်ရုပ်စီကိုင်ပြီး မျက်နှာငယ်လေးတွေဖြင့် ကလေးတွေကရပ်နေကြပါသည်။Baekhyun သတိရနေမယ့်အထဲမှာ သူတို့လေးတွေလည်းသေချာပေါက်ပါတာပေါ့။

"အင်းပါ အင်းပါ၊ ကလေးတို့လည်းကျောင်းဖွင့်တော့မှာဆိုတော့ ကစားတာကိုလျော့ပြီး စာကြိုးစားကြနော်"

"ဟုတ်၊ ကိုကြီးBaek မရှိရင် သားတို့လည်းသိပ်မဆော့ချင်ပါဘူးဗျ"

"အင်းပါကွာ"

Baekhyun ပြုံးလိုက်မိသည်။အင်းပေါ့လေ၊ ကိုယ်ကသူတို့ရဲ့ခေါင်းဆောင်ဆိုတော့လည်း။

"မင်းတို့အကုန်လုံးကို သတိရနေမှာပါ"

ထိုစကားပြောပြီး ဝေ့ဝဲလာတဲ့မျက်ရည်တွေကိုဖိသုတ်ဖို့ပြင်လိုက်ချိန် ပုခုံးပေါ်ကလေးလံတဲ့ဖိအားကြောင့် ဘေးကိုမော့ကြည့်လိုက်တော့ ဦးကိုတွေ့လိုက်ရတာမို့ Baekhyun ခေါင်းအမြန်ငုံ့လိုက်မိသည်။

"ကျွန်တော်တို့သွားတော့မယ်ဗျ"

"ဒေါက်တာလေး ဖွားမြေးလေးကိုဂရုစိုက်ပေးပါဦးနော်၊ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်"

"မလိုပါဘူး အဖွားရယ်၊ ကျွန်တော် အများကြီးဂရုစိုက်ပေးမှာပါ"

"ရွာအတွက်ရော Hyunလေးအတွက်ရော ဒေါက်တာ့ကို ကျွန်မကျေးဇူးအများကြီးတင်ပါတယ်ရှင်"

"ရပါတယ် ဟာနာ"

အဖွားတို့နှုတ်ဆက်စကားပြောပြီးသွားတော့ ကောင်လေးရဲ့သူငယ်ချင်းနှစ်ယောက်နှင့် ကလေးတွေဟာလည်း ကောင်လေးကိုဂရုစိုက်ပေးဖို့နှင့် ရွာကလူတွေကိုဆေးကုပေးလို့ကျေးဇူးအများကြီးတင်ကြောင်း Chanyeol ကိုဝိုင်းပြောကြပါသည်။

:

ခရီးစဉ်အလာတုန်းကလိုမဟုတ်ဘဲကားပေါ်မှာ ကောင်လေးတစ်ယောက်ပိုသွားပေမယ့်လည်း ကားအတွင်းပိုင်းဟာ ချောင်ချောင်ချိချိဖြစ်နေသည်။

Chanyeol တို့ရဲ့အသုံးအဆောင်အထုတ်အပိုးတွေနှင့် ရွာသူရွာသားတွေလက်ဆောင်ပေးလိုက်ကြတဲ့အထုပ်အပိုးတွေအကုန်လုံးကို ဆရာဝန်လာပို့တဲ့ကားနှင့်ပြန်သယ်စေလိုက်ပြီး ဒီဖက်ကားထဲမှာတော့လူတွေချည်းပဲသီးသန့်စီးလိုက်ကြသည်။ပထမဦးဆုံးအလှည့်ကျကားမောင်းသူက Hanwool ဖြစ်ပြီး Chanyeol ကဘေးခုံမှာထိုင်သည်။အနောက်ခန်းထဲမှာတော့ nurse သုံးယောက်နှင့်ကောင်လေးထိုင်ပြီး လေးယောက်လုံးဟာပိန်ပိန်ပါးပါးလေးတွေဖြစ်တာမို့ သက်တောင့်သက်သာထိုင်လို့ရကြပါသည်။

ကားစထွက်ထွက်ချင်း ကားဘေးပတ်ပတ်လည်ကနေ ဝိုင်းဝန်းနှုတ်ဆက်မပြတ်သူတွေကြောင့် အသည်းနုတဲ့ ကောင်ငယ်လေးငိုပါတော့သည်။

"ဟင့်!"

"အယ် Baekhyunလေး မငိုပါနဲ့၊ ကျောင်းပိတ်ရက်တွေမှာပြန်လာလည်လို့ရတာပဲဟာ နော်"

"မြို့ကပျော်ဖို့ကောင်းပါတယ် Baekhyunလေးရဲ့၊ ကျောင်းတက်ရင်လည်း သူငယ်ချင်းတွေရပြီး ပျော်ဖို့ကောင်းသွားမှာ"

"အစ်ကိုတို့လည်းရှိတာပဲဟာ၊ ဘာမှစိတ်အားငယ်ပြီးဝမ်းမနည်းနဲ့နော်"

ဝမ်းနည်းပြီးကြိတ်ငိုနေတဲ့ ကောင်လေးကို nurse လေးသုံးယောက်က ပုခုံးလေးပုတ်ပေးလိုက် ခေါင်းလေးပုတ်ပေးလိုက်ဖြင့်ဝိုင်းချော့နေကြသည်။အစ်ကိုတွေအစ်မတွေရဲ့အလယ်မှာ ကျုံ့ကျုံ့လေးထိုင်ငိုနေတဲ့ ကောင်ငယ်လေးဟာ တကယ်ကိုဂရုဏာသက်ဖွယ်ရာလေးပါ။ချစ်ဖို့လည်းကောင်းနေပါသေးသည်။

"Chanyeol ကြည့်ပဲကြည့်မနေနဲ့၊ မင်းတစ်ခုခုပြောလိုက်လေ"

Hanwool မပြောတောင် Chanyeol ကောင်လေးကိုချော့မြူတော့မလို့ပါ။Chanyeol အနောက်ဘက်ကိုခေါင်းလှည့်ကာ ကောင်လေးကိုကြည့်လိုက်ပြီး

"ကောင်လေး"

".............."

"ကိုယ့်ကိုကြည့်ပါဦး"

Chanyeol ပြောလိုက်တော့ လက်သီးဆုပ်တွေလေးဖြင့် မျက်ရည်တွေဖိသုတ်နေတဲ့ကောင်လေးက ခေါင်းမမော့ပါဘဲ မျက်လုံးလေးသာဝင့်ပြီးကြည့်လာသည်။ဒီအချိန်မှာ Chanyeol အပြောသင့်ဆုံးစကားက

"ကောင်လေးရဲ့အနားမှာ ကိုယ်တစ်ယောက်လုံးရှိတယ်၊ အမြဲတမ်းလည်းရှိနေမှာမို့ ဘာအကြောင်းနဲ့မှဝမ်းမနည်းနဲ့နော်"

Chanyeol ရဲ့စကားအဆုံး နှာလေးတစ်ချက်ရှုံ့ကာ အငိုတိတ်သွားတဲ့ Baekhyun ကြောင့်ကျန်တဲ့လူတွေမှာ အချင်းချင်းဟိုကြည့်ဒီကြည့်ဖြစ်ကုန်ကြတော့သည်။

ထိုမျှတင်မကသေး လမ်းခရီးတဖြတ်မှာ Chanyeol ပြောလိုက်တဲ့စကားကြောင့်လည်း Baekhyun အပါအဝင်အကုန်လုံးဆွံ့အသွားကြရပါသေးသည်။

"ထိုင်ရတာသက်တောင့်သက်သာမရှိရင် ကိုယ့်ပေါင်ပေါ်လာထိုင်မလား ကောင်လေး"

"................."

"အာ.....ကိုယ်တို့စတွေ့တုန်းက ကောင်လေးကိုယ့်ပေါင်ပေါ်မှာထိုင်ပြီး ကားလိုက်စီးဖူးတယ်လေ အဟမ်း!"

Chanyeol ဟာသူ့အသည်းအသက်လေးကိုစိုးရိမ်စိတ်ပူနေတာနဲ့ပဲ အခြေအနေတွေနှင့်အချိန်အခါကို မေ့သွားခဲ့တယ်ထင်ပါသည်။

.................................................................................

(ဆက်ရန်)
(၄.၁၁.၂၀၂၃)

(Zawgyi)

"ဘယ္လိုပဲ စဥ္းစားၾကည့္ စဥ္းစားၾကည့္ အဲ့ဒီလူဆိုတာ ေသခ်ာတယ္ Chanyeol"

"အင္း..."

"အရက္ေရာ အစားအေသာက္ေရာက အကုန္လုံးေသာက္စားၾကတာဆိုေတာ့ လုံးဝမျဖစ္နိုင္ဘူး၊ အဲ့ဒီ အေအးက်ေတာ့ မင္းတို႔ႏွစ္ေယာက္ပဲ ေသာက္မိၾကတာမလား"

"အင္း ဟုတ္တယ္၊ အမွန္ေတာ့ သူက ငါ့တစ္ေယာက္တည္းကိုပဲႀကံစည္တာကြ၊ အေအးကို ငါတစ္ေယာက္တည္းေသာက္ဖို႔ အခါခါေျပာသြားတာ၊ ေကာင္ေလးကို တိုက္လိုက္မိတာငါ့အမွားပါ၊ ေနာက္အႀကီးဆုံးအမွားကေတာ့ ငါ့အခန္းမွာ ေကာင္ေလးကိုအိပ္ခိုင္းလိုက္မိတာပဲ"

Hanwool ကေခါင္းတညိမ့္ညိမ့္လုပ္ၿပီး Chanyeol ရဲ့ပုခုံးကို အသာဆုပ္ကိုင္လိုက္သည္။

"ျဖစ္ၿပီးသြားၿပီပဲဟာ မတတ္နိုင္ေတာ့ဘူးေပါ့၊ မင္းကိုယ္မင္းအျပစ္ေတြအရမ္းမတင္ပါနဲ႔၊ ဒီလိုေတြျဖစ္လာမယ္မွန္း မင္းလည္းႀကိဳသိခဲ့တာမဟုတ္ဘူးေလ၊ အနာဂတ္မွာ အေရးႀကီးဆုံးကေတာ့ မင္းရဲ့ေကာင္ေလးအေပၚ အမ်ားႀကီးေကာင္းေပးဖို႔ပဲ Chanyeol"

"ျဖစ္ခဲ့သမၽွကိစၥေတြက ငါ့အမွားဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ေကာင္ေလးအေပၚျမတ္ျမတ္နိုးနိုးနဲ႔ထာဝရခ်စ္ေပးၿပီး အမ်ားႀကီးေပးဆပ္သြားဖို႔ ငါဆုံးျဖတ္ၿပီးသားပါ"

"အင္းပါ၊ မင္းပုံစံအတိုင္းတည္တည္ၿငိမ္ၿငိမ္ႀကီးလည္းလုပ္မေနနဲ႔ဦး၊ မင္းခ်စ္ထားတာကအသက္ငယ္ငယ္ေလးေနာ္၊ ကေလးဆိုတာက ႏွုတ္အေျပာေရာ ကိုယ္ဖိရင္ဖိေရာ ခ်စ္ေပးမွ အခ်စ္ဆိုတာကိုခံစားနားလည္ၾကတာကြ၊ Baekhyunေလးကိုခ်စ္ေၾကာင္းခဏခဏေျပာျပၿပီး ဂ႐ုတစိုက္နဲ႔ခ်စ္ေပး၊ ၾကားလား Chanyeol"

Hanwool ကို Chanyeol မ်က္ေမွာင္က်ဳံ႕ၾကည့္လိုက္သည္။ဆုံးမေနလိုက္ပုံမ်ား၊ အေဖႏွင့္သားလားေတာင္အထင္မွားသြားေစပါသည္။

"အင္းေပါ့ေလ၊ မင္းကငါ့ထက္အရင္ ငယ္ငယ္ရြယ္ရြယ္ေလးရထားေတာ့ စီနီယာလိုျဖစ္ေနၿပီေပါ့"

"ဟမ္ ဘယ္သူကလဲ၊ ငါကလား"

မသိခ်င္ေယာင္ေဆာင္ေနသူကို Chanyeol မွင္ေသေသျဖင့္သာၾကည့္ေပးလိုက္သည္။

"အဟဲ! Hoေလးနဲ႔ ငါက မင္းထင္သလိုမဟုတ္ပါဘူးကြ"

"အခုအခ်ိန္ထိဝင္မခံခ်င္ေသးဘူးဆိုေတာ့ မင္း တိတ္တိတ္ပုန္းမ်ားတြဲခ်င္ေနတာလား"

"ဟာ မဟုတ္ပါဘူးကြာ! ဒီတိုင္း ငါတို႔က ဟိုလိုလိုဒီလိုလိုပါပဲ၊ ေျပာရမယ္ဆိုရင္ကြာ ႏွစ္ေယာက္လုံးစိတ္ထဲမွာေတာ့ရွိၾကေပမယ့္ right time မဟုတ္ေသးလို႔ၿငိမ္ေနၾကတဲ့သေဘာပါပဲ အဟင္း!"

"မနက္ျဖန္ဆိုတာမေသခ်ာဘူးဆို၊ အသက္ရွင္ေနေၾကာင္းသိဖို႔က လက္ရွိပစၥဳပၸန္ပဲရွိတာဆို၊ ငါ့ကို အဲ့လိုေတြေျပာခဲ့တာ မင္းမဟုတ္ဘူးလား"

"ေဟာ မွတ္ဥာဏ္ေကာင္းတယ္ေနာ္"

"အင္း ေမြးကတည္းကပဲ၊ ဆိုေတာ့ ေကာင္ေလးကိုငါေစာင့္မယ္ေျပာတုန္းက အားမလိုအားမရျဖစ္ခဲ့တဲ့မင္းက မင္းအလွည့္က်မွဘယ္လိုျဖစ္ရတာတုန္း"

"အဲ့...အဲ့ဒါက"

Hanwool တစ္ေယာက္ေခါင္းကုပ္လိုက္ လည္ပင္းကုပ္လိုက္ျဖင့္ Chanyeol နဲ႔အနည္းငယ္အကြာကိုေနရာေရႊ႕သြားသည္။

"ငါလည္း....ငါလည္း ေတြးစရာေလးေတြ နည္းနည္းမ်ားမ်ားရွိလို႔ပါကြာ"

"နည္းတာလားမ်ားတာလား"

"အလယ္အလတ္ေလာက္ပါပဲ"

မအီမသာမ်က္ႏွာျဖစ္ေနတဲ့ Hanwool ကိုၾကည့္ၿပီး Chanyeol ေခါင္းခါရယ္မိသည္။ဘာပဲျဖစ္ျဖစ္ ကိုယ့္ကိုဆုံးမနိုင္လြန္းတဲ့လူကို ျပန္ဆုံးမလိုက္နိုင္လို႔ေက်နပ္ပါသည္။

"ေနဦး ငါ့ကိစၥေတြထားပါဦးကြာ၊ မင္းရဲ့ အဲ့ဒီေဆးခတ္တဲ့လူကိစၥကိုအရင္ရွင္းဦး"

"ရွင္းမယ္"

"အင္း ဘယ္လိုရွင္းမွာလဲ"

"ရွင္းမယ္ဆိုေပမယ့္ အမွန္တရားအတိုင္းေတာ့မဟုတ္ဘူးေပါ့"

Hanwool က Chanyeol ဘာေျပာခ်င္တာလဲဆိုတာကို ေသခ်ာနားေထာင္ေနသည္။

"သူ႔ရဲ့ရည္ရြယ္ခ်က္က ငါ့ဂုဏ္သိကၡာက်ဆင္းေစခ်င္လို႔ဆိုတာ ေျပးၾကည့္စရာေတာင္မလိုဘူး၊ သူက ရြာသူရြာသားေတြရဲ့အလယ္မွာ ငါ့ကိုအရွက္ကြဲေစခ်င္တာ၊ ေသခ်ာတယ္ ပြဲၿပီးတဲ့အထိ သူငါ့ကိုတစ္ေနရာရာကေန ေစာင့္ၾကည့္ေနလိမ့္မယ္၊ ေနာက္ၿပီး ငါတင္မကဘဲ ေကာင္ေလးပါ အဲ့ဒီအေအးကိုေသာက္လိုက္တယ္ဆိုတာကိုလည္းေတြ႕သြားလိမ့္မယ္၊ ဒါေပမယ့္ ငါေရာေကာင္ေလးေရာပြဲၿပီးသြားတဲ့အထိ သူေမၽွာ္လင့္ထားသလိုမျဖစ္လိုက္ဘူးေလ၊ အဲ့ေတာ့ သူ႔ေဆးအာနိသင္နဲ႔ပတ္သတ္ၿပီး မေအာင္ျမင္ဘူးလို႔ထင္ေကာင္းထင္သြားနိုင္တယ္"

"အင္း....အခုကိစၥမေအာင္ျမင္ဘူးထင္ရင္ သူက ေနာက္ထပ္အႀကံအစည္ေတြႀကံစည္လာနိုင္တယ္ေနာ္"

"အဲ့လိုမျဖစ္ရေအာင္ သူ႔ေဆးအာနိသင္ေအာင္ျမင္ေၾကာင္းေျပာျပရမွာေပါ့၊ ေနာက္ၿပီး အဲ့ဒီေဆးအာနိသင္ကို ငါတို႔ကတစ္နည္းနည္းနဲ႔ေျဖရွင္းလိုက္နိုင္ေၾကာင္းလည္းေျပာျပရမယ္၊ ဥပမာ-ေျဖေဆးေသာက္လိုက္တာမ်ိဳးေပါ့"

"အင္း.....အဲ့ဒါၿပီးေတာ့ေရာ"

"ေျဖရွင္းမယ့္အေၾကာင္းမေျပာခင္ သူဘာလို႔ ဒီလိုလုပ္ရတာလဲဆိုတာကို ငါခန့္မွန္းမိတာ မင္းကိုေျပာျပမယ္"

"ေအာ....သူက ဘာလို႔ ဒီလိုလုပ္ရတာလဲ"

"သူနဲ႔အတူေနတဲ့ သူ႔ရဲ့ဆရာက အေရွ႕ပိုင္းရြာက ေဆးဆရာႀကီးတဲ့ေလ"

"အင္း...အဲ့ေတာ့ မင္းခန့္မွန္းမိတာက.."

Chanyeol က Hanwool ကိုေသေသခ်ာခ်ာၾကည့္လိုက္သည္။

"ဒီရြာေတြကို ငါတို႔ပရဟိတလုပ္ဖို႔မေရာက္ခင္က ရြာသူရြာသားေတြရဲ့က်န္းမာေရးကိစၥေတြအတြက္ ေဆးဆရာႀကီးရဲ့တိုင္းရင္းေဆးေတြကိုပဲ အသုံးျပဳခဲ့ၾကတာကြ၊ ငါတို႔ေရာက္လာမွ ငါတို႔ကိုေျပာင္းၿပီးအားကိုးလာၾကတာ"

"အာ....ငါသေဘာေပါက္သလိုရွိလာသလိုပဲ"

"အင္း၊ ငါတို႔လိုဆရာဝန္ေတြေရာက္လာတာက သူတို႔ရဲ့တိုင္းရင္းေဆးဝါးလုပ္ငန္းကိုထိခိုက္သလိုျဖစ္ရင္ျဖစ္သြားနိုင္တာပဲ၊ အဲ့ေတာ့ ငါတို႔မရွိဖို႔ သူတို႔ႀကံမိႀကံရာႀကံၾကမွာေပါ့"

"အင္း....ဒီလိုေဆးေတာင္ေဖာ္နိုင္တယ္ဆိုေတာ့ အစြမ္းကမေသးဘူးပဲ၊ အဲ့ေတာ့ သူတို႔ကိစၥ မင္းဘယ္လိုေျဖရွင္းမယ္စဥ္းစားထားလဲ"

"သူ႔ဘက္ကရန္စျပဳလာရင္ေတာင္ ငါရန္နဲ႔မတုန့္ျပန္နိုင္ဘူး၊ ရန္ကိုရန္ခ်င္းမတုန့္ျပန္မွ ေရရွည္အတြက္ေကာင္းမွာေလ၊ ငါစဥ္းစားထားတာရွိတယ္၊ သူတို႔လက္ခံဖို႔ပဲေမၽွာ္လင့္ရမွာေပါ့"

အႀကံေကာင္းရွိပုံရတဲ့ Chanyeol ကိုၾကည့္ၿပီး Hanwool ေခါင္းတဆတ္ဆတ္ညိမ့္လိုက္ေတာ့သည္။

.................................................................................

ေဆးခန္းထိုင္မည့္ အေထြေထြေရာဂါကု ဆရာဝန္တစ္ေယာက္ႏွင့္nurse မေလးႏွစ္ေယာက္ဟာ မနက္အေစာပိုင္းအခ်ိန္မွာပဲရြာကိုေရာက္လာၾကပါသည္။ဆရာဝန္ေတြႏွင့္အတူပါလာတဲ့ ေဆးခန္းသုံးပစၥည္းပစၥယေတြႏွင့္ေဆးေတြကိုလည္း အကုန္လုံးဝိုင္းဝန္းၿပီး ေဆးခန္းအတြင္းေနရာတက်ထားေပးလိုက္ၾကသည္။

ဆရာဝန္ေရာက္လာၿပီဆိုတာနဲ႔ ႀကိဳတင္ျပင္ဆင္ထားၿပီးသားေဆးခန္းဖြင့္ပြဲကို အကုန္လုံးသိုက္သိုက္ဝန္းဝန္းျဖင့္က်င္းပလိုက္ၾကပါသည္။

ေဆးခန္းဖြင့္ပြဲအၿပီး ေန႔လည္ပိုင္းထမင္းစားၿပီးသြားၾကေတာ့ Chanyeol တို႔အုပ္စုေတြ ကိုယ့္ေနရပ္အိမ္ကိုျပန္ဖို႔အခ်ိန္ေရာက္လာခဲ့ပါသည္။လအေတာ္ၾကာေနလာခဲ့ရတဲ့ေနရာမို႔ ျပန္ၾကေတာ့မယ္ဆိုတဲ့အခါ ရြာသူရြာသားေတြေရာ Chanyeol တို႔ေတြပါစိတ္ထဲမေကာင္းျဖစ္ေနၾကရသည္။

ကားနားမွာ Chanyeol တို႔ရပ္ေနၾကတဲ့အခ်ိန္ မ်ားျပားလွတဲ့ရြာသူရြာသားေတြဟာလည္း Chanyeol တို႔ကိုအလွည့္ၾကလာႏွုတ္ဆက္ၾကပါသည္။

"ေဒါက္တာတို႔ ေနာက္လည္းအခ်ိန္ရရင္ရသလို မၾကာခဏလာလည္ၾကပါဦးေနာ္"

ရြာလူႀကီးတစ္ေယာက္ကေျပာလာတာမို႔ Chanyeol တို႔ေတြေခါင္းညိမ့္ကာျပဳံးျပလိုက္ၾကၿပီး

"ဟုတ္ကဲ့၊ ကၽြန္ေတာ္တို႔ ေနာက္လည္း အလည္လာခဲ့ပါ့မယ္"

"ဦးေလးတို႔ရြာသူရြာသားေတြက ေဒါက္တာတို႔အေပၚမွာ အေတာ္ေလးမွဧည့္ဝတ္ေက်ၾကရဲ့လားကြယ္"

"အရမ္းအရမ္းကိုမွ ဧည့္ဝတ္ေက်ၾကပါတယ္ ဦးေလးဂ်င္၊ ကၽြန္ေတာ္တို႔ ဒီရြာမွာေနတဲ့တစ္ေလၽွာက္လုံး တကယ္ကိုစိတ္ခ်မ္းသာရပါတယ္ဗ်ာ"

Chanyeol ရဲ့အေျဖကို ဦးေလးဂ်င္က ေက်နပ္သြားပုံျဖင့္ ေခါင္းတဆတ္ဆတ္ညိမ့္ပါသည္။

"ေဒါက္တာ၊ ပထမဦးဆုံးေတြ႕ဆုံခ်ိန္မွာ ကၽြန္မတို႔ဘက္က ဟို..ရိုင္းျပမိသလိုျဖစ္သြားခဲ့တာအတြက္ ထပ္ၿပီးေတာင္းပန္ပါတယ္ေနာ္၊ ေဆးခန္းအတြက္လည္း အရမ္းကိုပဲေက်းဇူးတင္ပါတယ္ရွင္"

"ဪ ဆံပင္ညႇပ္ဆိုင္ကအစ္မေတြပဲ၊ ဟုတ္ကဲ့ ရပါတယ္"

အမ်ိဳးသမီးေတြဟာ သေဘာတက်ျပဳံးရယ္ၿပီး Chanyeol တို႔ရဲ့အနားမွျပန္ထြက္သြားၾကသည္။

"ေဒါက္တာ"

"ေဆးဆရာႀကီး"

ေဆးဆရာႀကီးႏွင့္သူ႔တပည့္ႏွစ္ေယာက္ Chanyeol ရဲ့အနားေရာက္လာသည္။

"ေဆးဘူးေတြကို လကုန္အမွီပို႔ေပးလိုက္ပါ့မယ္၊ ေနာက္ၿပီး ထပ္ၿပီးေတာင္းပန္သလို ထပ္ၿပီးလည္းေက်းဇူးတင္ပါတယ္ကြယ္"

"ကၽြန္ေတာ္ေရာပဲ"

မ်က္ႏွာငယ္ျဖစ္ေနၾကတဲ့ ဆရာတပည့္ႏွစ္ေယာက္ကို Chanyeol ေခါင္းတစ္ခ်က္သာညိမ့္ျပလိုက္သည္။ေဆးဘူးေတြဆိုတာက ေဆးဆရာႀကီးေဖာ္ထားတဲ့ ဒဏ္ေၾကလိမ္းေဆးဆီေတြျဖစ္သည္။Chanyeol ကထိုေဆးဘူးေတြကို ၿမိဳ႕ကတိုင္းရင္းေဆးဆိုင္မွာ တင္သြင္းေပးမွာျဖစ္ပါသည္။

ျဖစ္သြားခဲ့တဲ့ကိစၥေတြမွာ Chanyeol တင္မကဘဲ ခ်စ္ရတဲ့ေကာင္ေလးကိုပါ ထိခိုက္သြားေစတဲ့အတြက္ ခြင့္မလႊတ္နိုင္ေပမယ့္လည္း ဦးေႏွာက္ျဖင့္ခ်င့္ခ်ိန္ကာေတြးၿပီး ထိုအႀကံအစည္ကိုစီစဥ္ခဲ့တာျဖစ္သည္။ရန္စမရွိတဲ့အခါ အနာဂတ္ေတြဟာ ပိုၿပီးစိတ္ခ်လုံျခဳံစရာေကာင္းေနမွာပါ။ဘာပဲျဖစ္ျဖစ္ ေကာင္ေလးဟာ တစ္ခ်ိန္မွာ Chanyeol ရဲ့လက္တြဲေဖာ္ျဖစ္ဖို႔ရည္ရြယ္ထားသူမို႔ ေစာတာႏွင့္ေနာက္က်တာပဲကြာသြားပါလိမ့္မည္။

"ေဒါက္တာေလးတို႔ ဒီမုန့္ေတြကားေပၚတင္လိုက္မယ္ေနာ္"

"ဟုတ္ကဲ့ ေက်းဇူးပါဗ်ာ"

"ေဆးခန္းအတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္ ေဒါက္တာတို႔ရယ္"

"ရပါတယ္ဗ်ာ၊ ရပါတယ္"

"ေဒါက္တာတို႔ေရာ ဒီက nurseကေလးေတြကိုေရာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္"

"ဟုတ္ကဲ့ပါဗ်"

"ဟုတ္ကဲ့ပါရွင့္"

"ေဒါက္တာတို႔ေတြ ေနာက္ဘဝေတြမွာလည္း ဒီထက္မက႐ုပ္ရည္ေတြေခ်ာေမာလွပၾကပါေစေနာ္"

"အဟား ဒီဆုေတာင္းေတာ့ႀကိဳက္တယ္ဗ်ိဳ႕"

"ဟုတ္တယ္ ႀကိဳက္တယ္ရွင့္"

ျပန္ခါနီးမွ တစ္ဖက္ကလည္းမျပန္ခ်င္ တစ္ဖက္ကလည္းျပန္မလႊတ္ခ်င္ျဖစ္ေနၾကသူေတြကိုၾကည့္ၿပီး Chanyeol ပီတိျပဳံးျပဳံးလိုက္မိပါသည္။ထိုထဲမွာ သူလည္းအပါအဝင္ျဖစ္သည္။ေမတၱာတရားဟာေရာင္ျပန္ဟပ္တတ္တယ္ဆိုတာ သိပ္မွန္ပါသည္။

တစ္ဖက္က ေကာင္ေလးကိုၾကည့္လိုက္ေတာ့လည္း မိသားစုဝင္ေတြ၊ ကစားေဖာ္ကစားဖက္ကေလးေတြႏွင့္ သူငယ္ခ်င္းေတြကိုမခြဲနိုင္မခြါရက္ႏွုတ္ဆက္ေနသည္။

"ေျမးေလး ေဒါက္တာတို႔အိမ္မွာအစစအရာရာလိမ္လိမ္မာမာေနေနာ္၊ စာကိုလည္းႀကိဳးစား ဟုတ္ၿပီလား၊ တစ္ေန႔တစ္ေခါက္မဟုတ္ရင္ေတာင္ ေျမးေလးအားတိုင္းဖြားတို႔ဆီကိုဖုန္းဆက္ဦး၊ ၾကားလား"

"ဟုတ္ကဲ့ ဖြားဖြား"

"က်န္းမာေရးကိုဂ႐ုစိုက္ Hyunေလး၊ အဲ့ဒါက အေရးႀကီးဆုံးပဲ၊ ဒီအေတာအတြင္း ေဒၚေဒၚၿမိဳ႕တက္ျဖစ္ခဲ့ရင္လည္း Hyunေလးဆီဝင္ခဲ့မယ္ေနာ္၊ ေဒါက္တာတို႔အိမ္မွာလိမ္လိမ္မာမာေန"

"ဟုတ္ကဲ့၊ သားေစာင့္ေနမယ္"

ေျပာရင္း အသံေလးတိမ္ဝင္သြားတဲ့ Baekhyun ေၾကာင့္အဖြားႏွင့္အေဒၚတို႔မွာလည္း မ်က္ႏွာမေကာင္းျဖစ္ေနၾကရသည္။

"Baekhyun စာႀကိဳးစားေနာ္၊ ငါတို႔ တကၠသိုလ္ေရာက္ရင္ေတာ့ အတူတူတက္ၾကတာေပါ့၊ အခုက ေက်ာင္းမတူေပမယ့္လည္း ၿမိဳ႕ကေတာ့အတူတူပဲမို႔ ေတြ႕ဖို႔ခ်ိန္းၾကမယ္ေနာ္"

"ေဒါက္တာဦးအိမ္မွာဆိုေတာ့ စိတ္ခ်ရပါတယ္၊ မင္းသာလိမ္လိမ္မာမာေန၊ လီဝူးေျပာသလိုပဲ ငါတို႔ေတြ႕ဖို႔ခ်ိန္းၾကမယ္"

"အင္းပါ၊ မင္းတို႔လည္း စာႀကိဳးစားၾက၊ အေဆာင္မွာ လူမ်ိဳးစုံအမ်ားႀကီးရွိတာဆိုေတာ့ တည့္ေအာင္ေပါင္းၿပီးေနၾကဦးေနာ္"

အမႊာႏွစ္ေယာက္ႏွင့္ Baekhyun တို႔အျပန္အလွန္အမွာစကားေတြေျပာၿပီးေနာက္ အခ်င္းခ်င္းေပြ႕ဖက္လိုက္ၾကသည္။

"ကိုႀကီး Baek၊ ကိုႀကီး Baekျပန္လာရင္ ဒီအ႐ုပ္ေတြျပန္ေပးမယ္"

"ဟုတ္တယ္၊ သားတို႔ ဒီအေတာအတြင္းျဖည္းျဖည္းေလးကိုင္ၿပီးပဲေဆာ့ထားမယ္ေနာ္၊ အဲ့ဒါမွမပ်က္စီးမွာ"

"ဟုတ္တယ္ သားေရာပဲ"

Baekhyun ကိုေမြးေန႔လက္ေဆာင္ေပးထားၾကတဲ့သူတို႔အ႐ုပ္ေလးေတြအား Baekhyun ျပန္ေပးထားေတာ့ တစ္ေယာက္တစ္႐ုပ္စီကိုင္ၿပီး မ်က္ႏွာငယ္ေလးေတြျဖင့္ ကေလးေတြကရပ္ေနၾကပါသည္။Baekhyun သတိရေနမယ့္အထဲမွာ သူတို႔ေလးေတြလည္းေသခ်ာေပါက္ပါတာေပါ့။

"အင္းပါ အင္းပါ၊ ကေလးတို႔လည္းေက်ာင္းဖြင့္ေတာ့မွာဆိုေတာ့ ကစားတာကိုေလ်ာ့ၿပီး စာႀကိဳးစားၾကေနာ္"

"ဟုတ္၊ ကိုႀကီးBaek မရွိရင္ သားတို႔လည္းသိပ္မေဆာ့ခ်င္ပါဘူးဗ်"

"အင္းပါကြာ"

Baekhyun ျပဳံးလိုက္မိသည္။အင္းေပါ့ေလ၊ ကိုယ္ကသူတို႔ရဲ့ေခါင္းေဆာင္ဆိုေတာ့လည္း။

"မင္းတို႔အကုန္လုံးကို သတိရေနမွာပါ"

ထိုစကားေျပာၿပီး ေဝ့ဝဲလာတဲ့မ်က္ရည္ေတြကိုဖိသုတ္ဖို႔ျပင္လိုက္ခ်ိန္ ပုခုံးေပၚကေလးလံတဲ့ဖိအားေၾကာင့္ ေဘးကိုေမာ့ၾကည့္လိုက္ေတာ့ ဦးကိုေတြ႕လိုက္ရတာမို႔ Baekhyun ေခါင္းအျမန္ငုံ႔လိုက္မိသည္။

"ကၽြန္ေတာ္တို႔သြားေတာ့မယ္ဗ်"

"ေဒါက္တာေလး ဖြားေျမးေလးကိုဂ႐ုစိုက္ေပးပါဦးေနာ္၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ကြယ္"

"မလိုပါဘူး အဖြားရယ္၊ ကၽြန္ေတာ္ အမ်ားႀကီးဂ႐ုစိုက္ေပးမွာပါ"

"ရြာအတြက္ေရာ Hyunေလးအတြက္ေရာ ေဒါက္တာ့ကို ကၽြန္မေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္"

"ရပါတယ္ ဟာနာ"

အဖြားတို႔ႏွုတ္ဆက္စကားေျပာၿပီးသြားေတာ့ ေကာင္ေလးရဲ့သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္ ကေလးေတြဟာလည္း ေကာင္ေလးကိုဂ႐ုစိုက္ေပးဖို႔ႏွင့္ ရြာကလူေတြကိုေဆးကုေပးလို႔ေက်းဇူးအမ်ားႀကီးတင္ေၾကာင္း Chanyeol ကိုဝိုင္းေျပာၾကပါသည္။

:

ခရီးစဥ္အလာတုန္းကလိုမဟုတ္ဘဲကားေပၚမွာ ေကာင္ေလးတစ္ေယာက္ပိုသြားေပမယ့္လည္း ကားအတြင္းပိုင္းဟာ ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္ေနသည္။

Chanyeol တို႔ရဲ့အသုံးအေဆာင္အထုတ္အပိုးေတြႏွင့္ ရြာသူရြာသားေတြလက္ေဆာင္ေပးလိုက္ၾကတဲ့အထုပ္အပိုးေတြအကုန္လုံးကို ဆရာဝန္လာပို႔တဲ့ကားႏွင့္ျပန္သယ္ေစလိုက္ၿပီး ဒီဖက္ကားထဲမွာေတာ့လူေတြခ်ည္းပဲသီးသန့္စီးလိုက္ၾကသည္။ပထမဦးဆုံးအလွည့္က်ကားေမာင္းသူက Hanwool ျဖစ္ၿပီး Chanyeol ကေဘးခုံမွာထိုင္သည္။အေနာက္ခန္းထဲမွာေတာ့ nurse သုံးေယာက္ႏွင့္ေကာင္ေလးထိုင္ၿပီး ေလးေယာက္လုံးဟာပိန္ပိန္ပါးပါးေလးေတြျဖစ္တာမို႔ သက္ေတာင့္သက္သာထိုင္လို႔ရၾကပါသည္။

ကားစထြက္ထြက္ခ်င္း ကားေဘးပတ္ပတ္လည္ကေန ဝိုင္းဝန္းႏွုတ္ဆက္မျပတ္သူေတြေၾကာင့္ အသည္းႏုတဲ့ ေကာင္ငယ္ေလးငိုပါေတာ့သည္။

"ဟင့္!"

"အယ္ Baekhyunေလး မငိုပါနဲ႔၊ ေက်ာင္းပိတ္ရက္ေတြမွာျပန္လာလည္လို႔ရတာပဲဟာ ေနာ္"

"ၿမိဳ႕ကေပ်ာ္ဖို႔ေကာင္းပါတယ္ Baekhyunေလးရဲ့၊ ေက်ာင္းတက္ရင္လည္း သူငယ္ခ်င္းေတြရၿပီး ေပ်ာ္ဖို႔ေကာင္းသြားမွာ"

"အစ္ကိုတို႔လည္းရွိတာပဲဟာ၊ ဘာမွစိတ္အားငယ္ၿပီးဝမ္းမနည္းနဲ႔ေနာ္"

ဝမ္းနည္းၿပီးႀကိတ္ငိုေနတဲ့ ေကာင္ေလးကို nurse ေလးသုံးေယာက္က ပုခုံးေလးပုတ္ေပးလိုက္ ေခါင္းေလးပုတ္ေပးလိုက္ျဖင့္ဝိုင္းေခ်ာ့ေနၾကသည္။အစ္ကိုေတြအစ္မေတြရဲ့အလယ္မွာ က်ဳံ႕က်ဳံ႕ေလးထိုင္ငိုေနတဲ့ ေကာင္ငယ္ေလးဟာ တကယ္ကိုဂ႐ုဏာသက္ဖြယ္ရာေလးပါ။ခ်စ္ဖို႔လည္းေကာင္းေနပါေသးသည္။

"Chanyeol ၾကည့္ပဲၾကည့္မေနနဲ႔၊ မင္းတစ္ခုခုေျပာလိုက္ေလ"

Hanwool မေျပာေတာင္ Chanyeol ေကာင္ေလးကိုေခ်ာ့ျမဴေတာ့မလို႔ပါ။Chanyeol အေနာက္ဘက္ကိုေခါင္းလွည့္ကာ ေကာင္ေလးကိုၾကည့္လိုက္ၿပီး

"ေကာင္ေလး"

".............."

"ကိုယ့္ကိုၾကည့္ပါဦး"

Chanyeol ေျပာလိုက္ေတာ့ လက္သီးဆုပ္ေတြေလးျဖင့္ မ်က္ရည္ေတြဖိသုတ္ေနတဲ့ေကာင္ေလးက ေခါင္းမေမာ့ပါဘဲ မ်က္လုံးေလးသာဝင့္ၿပီးၾကည့္လာသည္။ဒီအခ်ိန္မွာ Chanyeol အေျပာသင့္ဆုံးစကားက

"ေကာင္ေလးရဲ့အနားမွာ ကိုယ္တစ္ေယာက္လုံးရွိတယ္၊ အျမဲတမ္းလည္းရွိေနမွာမို႔ ဘာအေၾကာင္းနဲ႔မွဝမ္းမနည္းနဲ႔ေနာ္"

Chanyeol ရဲ့စကားအဆုံး ႏွာေလးတစ္ခ်က္ရွုံ႔ကာ အငိုတိတ္သြားတဲ့ Baekhyun ေၾကာင့္က်န္တဲ့လူေတြမွာ အခ်င္းခ်င္းဟိုၾကည့္ဒီၾကည့္ျဖစ္ကုန္ၾကေတာ့သည္။

ထိုမၽွတင္မကေသး လမ္းခရီးတျဖတ္မွာ Chanyeol ေျပာလိုက္တဲ့စကားေၾကာင့္လည္း Baekhyun အပါအဝင္အကုန္လုံးဆြံ႕အသြားၾကရပါေသးသည္။

"ထိုင္ရတာသက္ေတာင့္သက္သာမရွိရင္ ကိုယ့္ေပါင္ေပၚလာထိုင္မလား ေကာင္ေလး"

"................."

"အာ.....ကိုယ္တို႔စေတြ႕တုန္းက ေကာင္ေလးကိုယ့္ေပါင္ေပၚမွာထိုင္ၿပီး ကားလိုက္စီးဖူးတယ္ေလ အဟမ္း!"

Chanyeol ဟာသူ႔အသည္းအသက္ေလးကိုစိုးရိမ္စိတ္ပူေနတာနဲ႔ပဲ အေျခအေနေတြႏွင့္အခ်ိန္အခါကို ေမ့သြားခဲ့တယ္ထင္ပါသည္။

.................................................................................

(ဆက္ရန္)
(၄.၁၁.၂၀၂၃)

Czytaj Dalej

To Też Polubisz

2K 76 5
ဒီပန်းချီကားကို ၁၉၂၆က ရေးသားခဲ့တာတဲ့။ ဒီပုံထဲမှာ ပါတဲ့ ကောင်မလေးက ဆံနွယ်နီနီနဲ့ အဖြူရောင်အဝတ်အစားနဲ့ သိပ်ကိုလှတဲ့ ကောင်မလေးမျိုးပဲ။ ပန်းချီပြခန်းမှာ...
277K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
97.2K 15.7K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
54.8K 4.4K 23
အရာအားလံုးကိုမင္းအတြက္အ႐ႈံးေပးခဲ့ေပမယ့္ ကိုယ္ရဲ႕အရာအားလံုးကမင္းျဖစ္ေနခဲ့တဲ့အခါ......... This is my first ever fic so its a yay a thar is very စုတ္ 😢...