ဆေးရုံကုတင်ထက်၌ အောက်ဆီဂျင်ပိုက်ဖြင့် လှဲလျောင်းနေသော အကို့ရဲ့ ပုံစံဟာ မင်းခရဲ့ နှလုံးသားကို ကြေမွစေသည်။ ဆေးသွင်းထားသော အကို့လက်ကလေးကို စုပ်ကိုင်ထားရင်း မင်းခငိုမိပြန်သည်။
"အကို...အမြန်ဆုံး နိုးထလာပါနော်"
"......"
"အကိုရယ် ကျနော့်ကို.မထားခဲ့ပါနဲ့။ အကိုမရှိရင်ကျနော် သေမှာဗျ"
"......."
အကိုဟာ ဘာမှပြန်မပြောဘဲ သူ့၏ပုံစံအတိုင်း တိတ်ဆိတ်နေသည်။
"ကျနော်ရဲ့ အကိုက သန်မာပါတယ်။ မြန်မြန်နိုးလာနော်...ပြွတ်စ်"
အကို့ရဲ့ လက်ဖဝါးလေးကို အနမ်းချွေကာ အကို့ဘေးက ထိုင်ခုံမှာ အကို့ကို ထပ်စောင့်နေလိုက်သည်။
.........................
"ရွှတ်!"
မာမီက သူ့အားဖက်ထားသည်ကို အခုချိန်ထိ မလွှတ်ပေးသည့်အပြင် တရှုံ့ရှုံ့နှင့် ငိုနေသေးသည်။
ဆောင်းဉီးပိုင်းဖြစ်လာသည့်အတွက် ညနေပိုင်းတွင် အအေးဓာတ်ပိုလာသည်။ လေအေးများက ဘေးနားတွင် ဝှေ့ကာတိုက်ခက်နေသည့်အတွက် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။
"မာမီ တိတ်တော့နော်...ခေါင်းကိုက်နေမယ်ဗျ"
မာမီအား ရင်ခွင်ထဲကထုတ်ကာ သူနဲ့မျက်နှာချင်း ဆိုင်စေလိုက်သည်။
ငိုထားသည်ကြောင့် မျက်ဝန်းများဟာ ရဲနေပြီး ဖြူဖွေးသော မျက်နှာလေးဟာလည်း ရဲနေသေးသည်။ မျက်တောင်လေးများဟာ မျက်ရည်များကြောင့် စိုစွတ်နေသည့်အတွက် ယခုပုံစံဟာ ကြောင်ဖြူလေးနှင့်ပိုတူနေသည်။
"ဟိဟိ"
"ဘာရယ်တာလဲ အင့်"
အနောင်က အသံထွက်ပြီးရယ်လိုက်တော့ ရှိုက်ကာ ပြန်ပြောလာသည့် မာမီကြောင့် အနောင်ချစ်စိတ်တွေ ပိုတိုးရပြန်သည်။
"ကျနော့်ရဲ့ Alphaက ချစ်စရာကောင်းနေလို့လေဗျာ"
"မစနဲ့"
"ခ်ခ် ဟုတ်ပါပြီနော်..."
"ကိုယ်မေနာက်ဘူး တကယ်ကြောက်တယ်....မင်းကိုယ့်ကို ထားခဲ့မှာ...ချစ်လားဆိုတဲ့အဖြေကို ကိုယ်မဖြေနိုင်သေးဘူး...အင့်...မင်းထားခဲ့မှာကြောက်တာဘဲသိတယ်...အီးဟီး....မင်းထွက်သွားတုန်းက ကိုယ်တအားနာကျင်ရတာ...."
အငိုတိတ်ကာရှိသေး ချက်ချင်းမျက်ရည် ပိုးပိုးပေါက်ပေါက်ကြလာကာ ငိုနေပြန်သော မာမီ့ကြောင့် အနောင်စိတ်မကောင်းဖြစ်ရသည်။
"မာမီရယ်...ကျနော့်ကိုကြည့် ကျနော် ဘယ်တော့မှ မာမီ့ကို မထားခဲ့ဘူး။ မာမီနှင်လွှတ်တောင် ကျနော်က တွယ်ကပ်နေမှာ"
"နှင်လွှတ်စရာလား...လုံးဝမရဘူး!"
အခုလိုကျတော့လည်း ချက်ချင်းဆိုသလိုပင် အငိုရပ်ကာ ရန်တွေ့တဲ့ မာမီဟာ လူအများပြောနေတဲ့ ခက်ထန်တဲ့ အံ့ကလျာနွယ်ဆိုတာ ယုံချင်စရာမရှိပေ။
"ဒါနဲ့မာမီ အကိုမင်းနွယ်ရော"
"အ့..ဟမ်ဘာတဲ့"
ရုတ်တရက် ဒဏ်ရာရထားတဲ့နေရာကို ကိုင်မိလိုက်တာကြောင့် ကလ်ာ နာသွားသည်။ အမှတ်တမဲ့အခြေအနေလဲ ဖြစ်သလို ဒဏ်ရာက တင်းနေတာကြောင့် အတော်နာလွန်းသည်။
မာမီရဲ့ အမူအရာကို ကြည့်ပြီး အနောင်မျက်မှောင်ကျုံ့ကာ မာမီ့ရဲ့လက်ကို ကြည့်မိတော့ အနောင် မျက်လုံးပြူးသွားရသည်။
လက်တစ်ပြင်လုံး ပွန်းပဲ့ရာများအပြည့်ဖြစ်နေပြီး တချို့နေရာတွေများ သွေးတွေထွက်ထားလို့ ခြောက်တောင်နေပြီ။ ဒါကိုမပြောဘဲ သည်းခံထားတဲ့ မာမီကြောင့် အနောင်ဒေါသလည်းဖြစ်သလို စိတ်လည်းပူသွားရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
"အာ....နေ့လည်ခင်းတုန်းက ဖြစ်သွားတာ။ ကိုယ်နည်းနည်း စိတ်လွတ်သွားလို့"
"မာမီကတော့လေ...ဒဏ်ရာထဲ ပိုးဝင်ရင်ဘယ်လိုလုပ်မလဲဗျ"
မိမိအရှေ့က ချစ်စရာ အကောင်ပေါက်လေးက အစိုးရိမ်တကြီး လက်ကိုသူ့အက်ျီဖြင့် စည်းပေးကာ ဆူနေတာကြောင့် ကလျာပြုံးလိုက်သည်။
"ပြုံးမနေနဲ့....လာ ဆေးရုံသွားမယ်!"
"ဟမ် ဆေးရုံ"
"ဟုတ်တယ်လေ အနာကို ပိုးဝင်မဝင်စစ်ရမယ်လေ။ လာပါ ဒီနားမြာ ဆေးရုံရှိတယ်"
လက်ကိုဆွဲခေါ်သွားပြန်တာကြောင့် ကလ်ာ လိုက်သွားရပြန်သည်။
.............................
ဝိုင် မိမိရှေ့က ဘွားတော်ကိုကြည့်ပြီး ဒေါသထွက်လာရသည်။ အခုချိန်ထိ အစားလည်းမစားသေးသည့်အပြင် ဒဏ်ရာတွေကိုလည်း ဆေးမထည့်ပေ။ ငူငူငိုင်ငိုင်ကြီး ထိုင်ကာ ဘာစကားမြ ပြန်မပြောချေ။
"ခမ်ား ဘာဖြစ်နေတာလဲ"
"......"
အရင်က သူနဲ့ဆိုစကားများပြီး ပြုံးဖြီးဖြီးနဲ့ နေတတ်တဲ့ ဘွားတော်က အခုလိုမျိုးတိတ်ဆိတ်သွားတာကြောင့် ဝိုင် လုံးဝသေဘာမက်။
"ဒေါ်မိုးပြည့်စုံ!"
သူကအော်လိုက်တော့ လှည့်ကြည့်သည်။ မျက်ဝန်းမှတစ်ဆင့် မြင်လိုက်ရသည်တွေကြောင့် ဝိုင်ပြန်ထိုင်လိုက်မိသည်။ စိုးရိမ်မှုတွေ၊ နောင်တတွေ၊ ဝမ်းနည်းမှုတွေပြည့်နှပ်နေသော မျက်ဝန်းအစုံ။
"ကိုယ်တောင်းပန်ပါတယ်။ ဒီကနေ့ ကိုယ်နေလို့သိပ်မကောင်းလို့ အရင်ပြန်နှင့်မယ်"
လှည့်ထွက်မည်ပြင်နေသော ပြည့်စုံရဲ့ လက္ကို ဝိုင်က လှမ်းဆွဲကာ တားလိုက်သည်။
"ဘယ်ကိုပြန်မှာလဲ ဆေးထည့်ရမယ်"
"မထည့်တော့ဘူး ရတယ်"
"ဘွားတော်! စိတ်မတိုချင်ဘူး! လာ"
"ကိုယ် မလိုအပ်ဘူး! ကိုမင်းနွယ်က ကိုယ့်ထက် ဆိုးတာကိုခံစားနေရတာလေ! ကိုယ္က အေးချမ်းနေရမှာလား!"
ပြည့်စုံရဲ့ စကားကြောင့် ဝိုင်အံ့သြသွားရသည်။
"သြော်...ခများက အဲ့လူကို စိတ်ပူနေတာပေါ့။ အဲ့လူကြောင့် ကျုပ်စကားတောင် အရာမသွင်းတော့ဘူးပေါ့လေဟမ်! ကြိုက်သလိုသာနေ!"
"ပေါက်စ..ကိုယ်"
ဝိုင်ဟာ ပြည့်စုံ ကိုယ်ပေါ်ခြုံပေးထားသော ဂျူတီကုတ်အား ဆွဲယူကာ ဒေါသတကြီး ထွက်ပြေးသွားတော့သည်။ ပြည့်စုံ လိုက်ရှင်းပြချင်သော်လည်း ခြေထောက်က အောင့်မြတ်နေသော ဒဏ်ကြောင့် မလိုက်နိုင်။ သူ့အား ကိုမင်းနွယ်နှင့် အထင်လွဲသွားမှန်း ပြည့်စုံသိသည်။ သို့သော် သူ့အားဖြေရှင်းချက်မပေးခိုင်းတာကြောင့် ဒေါသလည်းထွက်မိသည်။
ခုံပေါ်ကိုပြန်မှီထိုင်ကာ မျက်လုံးများကိုမှိတ်ချလိုက်သည်။
.....,.........................
ဝိုင် တင်းကြပ်နေသော ရင်ဘက်အစုံကြောင့် ဟိုလူရှိရာနေရာကနေ အလျင်အမြန်ပင် ပြေးထွက်လာမိသည်။ အရင်သူ့အား အော်ဖို့မပြောနှင့် လေသံမာမာနှင့်တောင် မပြောတဲ့သူက အခုလို ဒေါသတကြီး ပြန်အော်တာကြောင့် ဝိုင် ရင်ထဲမှာ တစ်မျိုးဖြစ်သွားရသည်။
"ဟင့်"
ချောင်ကျသောနေရာ၌ ထိုင်ချလိုက်သည်နှင့် မျက်ရည်ပူများက အလိုလိုစီးကျလာတော့သည်။
"ဟင့် မုန်းတယ်...ခများကို မုန်းတယ်ဗျာ"
မြေထုအားထုရိုက်ကာ မိမိခံစားချက်ကိုဖွင့်ထုတ်လိုက်သည်။ အရင်က Honeyကို ချစ်တာမှန်ပေမယ့် အခုလို မခံစားဖူးတာတော့ အသေချာပင်။
"ဒါပေမယ့် မုန်းမရဘူး Darlingရာ"
Darling....
ထိုနာမ်စားလေးကို ဝိုင် သူ့အားခေါ်ချင်မိသည်။ သို့သော် ချက်ချင်းအဖြေပြန်ပေးရင် သူ့အား အေပါစားဟု ထင်မည်စိုး၍ အနည်းငယ် စောင့်ခိုင်းထားချင်းသာ
Darlingက သူ့အား ပေါက်စလို့တခါခေါ်တိုင်း ရင်ဘက်ထဲ ပြိုင်မြင်းတစ်ကောင် ဝင်နေအတိုင်း ဖြစ်နေတတ်တာကို Darlingကတော့သိမည်မဟုတ်ပါ။
မထည်နဲ့ လမ်းခွဲလိုက်တော့ သူ့ဘက်က ပြတ်ပြတ်သားသားလုပ်နိုင်ခဲ့လို့ ပျော်မိသလို မိမိချစ်တဲ့လူကို စွန့်လွှရလို့ ဝမ်းလည်းနည်းမိသည်။
ထိုနေ့ည ထိုအချိန်မှာပင်။
သူအခုချစ်ရတဲ့ Darlingနဲ့ တွေ့ဆုံခဲ့ရသည်။ ထိုနေ့က သူမူးနေတာကို သူလက်ခံပါသည်။ သို့ပေမယ့် ထိုမျက်နှာ၊ ထိုမျက်ဝန်းတွေက သူ့ရဲ့နှလုံးသားအား ပြန်လည်ရှင်သန်စေခဲ့သည်။
ဒါပေမယ့် အခုတော့
ဟိုမင်းနွယ်ဆိုတဲ့လူကြောင့် သူ့အားအော်ကာပြောလာတာကြောင့် ဝိုင်နာကျင်သည်။
"Darlingမသိဘူး။ ကျနော် Darlingကိုချစ်တာ Darlingမသိဘူး"
သူ့အား ပျော့ညံ့တဲ့ Alphaလို့ ပြောလည်းဂရုမစိုက်ပါ။ ဘယ်သူမဆို အခ်စ်ဆိုတဲ့ အရာမြာ ပျော့ညံ့ကြတာဘဲမဟုတ်ပါလား။ ဝိုင်ထိုနေရာ၌ အချိန်အတော်ကြာ ငိုနေမိသည်။
.........................
"ဟင် မပြည့်"
ရင်းနှီးသောအသံကြောင့် ပြည့်စုံမျက်လုံးအစုံအား ဖွင့်ကြည့်လိုက်တော့ အနောင်နှင့်ကလျာဖြစ်နေသည်။
"အာ အနောင်တို့ကိုး အ့"
အလျင်အမြန်ပင် မက်တက်ရပ်ကာ နှုတ်ဆက်လိုက်သည်။ သို့သော် ခြေထောက်က အောင့်သွားကာ ပြန်လဲကျမလိုဖြစ်သွားသည်။
"မပြည့် ရရဲ့လား"
"အင်း....ကိုယ်အဆင်ပြေပါတယ်"
စကားပြောနေတုန်း မြင်လိုက်ရတဲ့ အဖြူရောင်ပုံရိပ်လေးကြောင့် ခဏတွေဝေသွားသည်။ ထိုပုံရိပ်လေးက သူ့အားလှည့်ကြည့်ပြီး တစ်ဖက်သို့ မျက်နှာလွဲသွားသည်။
"Bae ကိုယ်ခဏနော် ပြည့်စုံနဲ့စကားပြောအုံး"
"ဟုတ်"
ကလ်ာက ထိုနေရာက ထြက်သြားမွ နှစ်ယောက်လုံး ထိုင်လိုက်ပြီး ပြည့်စုံက စကားစလာသည်။
"အနောင်တို့ ဘာလာလုပ်တာလည်း။ ပြီးတော့ ကလျာရဲ့မျက်လုံးတွေအစ်နေသလိုဘဲ"
မပြည့်၏အမေးကြောင့် အနောင်ရယ်ချင်သွားသလို မေးစရာတချို့လည်း ခေါင်းထဲ ပေါ်လာသည်။
"သူငိုထားတာ မပြည့်ရ"
"ဟမ် ငိုတယ်"
"အွန်း မပြည့်မြင်ရင် ယုံမယ်တောင်မထက်ဘူး။ ပြောပြောပြီး ငိုတာ...."
"ဟူး သူကသူ့ခံစားချက်တွေ တအားဖုံးကွယ်တာဘဲ"
မပြည့်ရဲ့အပြောကို အနောင်လဲ ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တကယ်လည်း မာမီက ခံစားချက်တွေကို သိုဝှက်ထားတက်သည်။
"ဒါနဲ့ မာမီလက်ကဒဏ်ရာ ဘယ်လိုဖြစ်တာလဲ မပြည့်သိလား"
အနောင့်အမေးကြောင့် ပြည့်စုံ မျက်လုံးပြူးသွားရသည်။
"သူ မပြောဘူးလား"
"ဟင့်အင်း...ဘာလို့လဲ"
"ကိုမင်းနွယ် ဆေးရုံတင်ထားရတယ်"
"ဘယ်လို"
"ဟုတ်တယ်... ကိုယ်တို့လုပ်ငန်းလုပ်တုန်း အပစ်အခက်ဖြစ်သွားတာ။ အဲ့မြာ မင်းခကို ကာကွယ်ပေးရင်းသေနတ်မှန်သွားတာ။ မင်းခလဲတော်တော် စိတ်မကောင်းဖြစ်နေတာ။ ကိုယ်လဲတာဝန်မကျေသလို ခံစားရတယ်။ ကလျာကတော့ သူ့စိတ်ကြောင့် လက်ထိသွားတာ"
မပြည့်၏ စကားအဆုံးအနောင် စိတ်ပူမိသည်။ ဒါ့ကြောင့် ပန်းခြံကို မာမီတစ်ယောက်ထဲ လာထိုင်နေမှန်း နားလည်လိုက်သည်။
"အခုရော ကိုကြီးအခြေအနေ"
"အင်း သတိလစ်နေတုန်းဘဲ"
နှစ်ယောက်လုံး စကားစပြတ်သွားကာ အရှေ့က လူတွေသွားနေတဲ့နေရာကို ကြည့်နေကြသည်။
.............................
"ဟိတ်ခနအုံး"
ဝိုင် အရှေ့ကို ဆက်လှမ်းဖို့ပြင်နေချိန်မှာ အနောက်ခေါ်လိုက်တဲ့အသံကြောင့် ဝိုင့်ခြေလှမ်းများ ရပ်သွားသည်။ အနောက်ကိုလှည့်ကြည့်တော့ နေ့လယ်လောက်တုန်းက စိတ်လွတ်ပြီး နံရံကိုထိုးခဲ့တဲ့ တစ်ယောက်။
"ကိုယ့်ကိုခေါ်တာလား"
ထိုလူက ခေါင်းကိုသာငြိမ့်ပြပြီး သူနဲ့ တစ်နေရာကို လိုက်ခဲ့ဖို့ပြောသည်။ ဝိုင်လဲ ထူးထူးဆန်းဆန်း ဘာမွမေတြးဘဲ လိုက်ဖို့လို့ လက်ခံလိုက်သည်။ Darlingအကြောင်း ဘာတွေသိရအုံးမလဲ မသိနိုင်တာ။
ထိုလူခေါ်လာသည့်နေရာမှာ ဆေးရုံရဲ့ အနောက်ဘက်ဝန်းနားဖြစ်ပြီး အမှောင်ရိပ်ကျသည်။ လူလည်းနည်းနည်းပြတ်ပြီး တိတ်ဆိတ်သည်။ ဘာကြောင့် ဒီလိုနေရာကိုခေါ်လာမှန်း ဝိုင်စဉ်းစားမရဖြစ်မိသည်။
"ငါဒီနေရာကို ဘာလို့ခေါ်လာတာလဲလို့ မင်းထင်မှာပေါ့"
ထိုလူက စိတ်ကိုဖတ်နိုင်သည့်အလား ဝိုင်တွေးနေသည့်အတိုင်း ပြောလာတာကြောင့် ဝိုင်အံ့သြသွားရသည်။
"မအံ့ဩပါနဲ့။ ငါမင်းကို ဘာမှမလုပ်ပါဘူး ငါကတိတ်ဆိတ်တဲ့နေရာတွေကို သဘောကြလို့သာ ဒီကိုခေါ်လာတာ"
ထိုအခါမြ ဝိုင်လဲ စိတ်အေးသွားပြီး ဘေးနားက ခုံတန်းလျားပေါ်ကိုထိုင်လိုက်သည်။ ထိုလူကလဲထိုင်ပြီး ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ သောက်နေသည်။ ဆေးရုံအတွင်း ဆေးလိပ်သောက်ချင်း ခွင့်မပြုတာကြောင့် အခုလိုလူခြေတိတ်သည့်နေရာကို ခေါ်လာမှန်း ဝိုင်နားလည်လိုက်သည်။
"ကိုယ့်ကို ဘာကိစ္စခေါ်တာလဲမသိဘူး"
"မင်းသိသင့်တာရှိလို့ပေါ့"
"ဘာများလဲ"
"မင်းက ပြည့်စုံရဲ့ လူမလား"
ထိုလူရဲ့စကားကြောင့် ဝိုင် ကြောင်အသွားသည်။
"မင်းမှားမယ်နော် ကိုယ်ကသူ့လူမဟုတ်ဘူး"
"မဟုတ်လို့သာဘဲ ပြည့်စုံရဲ့ First Kissကိုယူပြီး ပြည့်စုံက မင်းမှမင်းဖြစ်နေတာတောင် မဟုတ်ဘူးဆိုတော့ စဉ်းစားစရာဘဲ။ ငါ့ရဲ့ assistantက ဘယ်တုန်းကများ လိမ်တတ်သွားတာပါလိမ့်"
"ဘယ်လို"
ဝိုင် ထိုလူပြောတဲ့စကားတွေကြောင့် ထပ္မံ အံ့သြရပြန်သည်။ သူ့နဲ့ ပြည့်စုံဘဲသိတဲ့အကြောင်းအရာတွေကို စလည်ဆုံးသိနေတာကြောင့် မယုံသက်ာဖြစ်လာတော့သည်။
"မင်း ဒီအကြောင်းတွေ ဘယ်လိုသိနေတာလဲ"
"အဟက် ငါပြောတယ်လေ။ ငါ့ assistantပါဆို။ ဒီတော့အကုန်သိတယ်။ ဒါ့အပြင် သူကငါ့သူငယ်ချင်း မင်းအထင်တွေကို ပြင်ထားလိုက်"
"ကိုယ်က ဘယ်လိုထင်နေလို့ မင်းက ဒီစကားတွေကို ပြောတာလဲ"
"မင်းက ငါနဲ့ပြည့်စုံကို တမျိုးထင်နေတယ်ဆိုတာ မင်းမျက်လုံးကိုကြည့်ပြီး သိနိုင်တယ်....ထားပါ ငါပြောချင်တာက မင်း ပြည့်စုံကိုအထင်မလွဲပါနဲ့ သူက မင်းနဲ့လွဲပြီး ဘယ်သူ့မှ အခုလို မပတ်သတ်ဘူး။ ငါတို့အလုပ်ခွင်မှာ အခုလိုမျိုး ဝန်ဆောင်မှုတွေမရှိပေမယ့် မိုးပြည့်စုံက ငါ့ကိုကူညီထားတာ အများကြီးရှိလို့ ပြန်ကူညီတာ"
"ဒါနဲ့ မင်းတို့က ဘာအလုပ်လုပ်တာလဲ"
"မြေအောက်လုပ်ငန်း။ ငါ မင်းကိုယုံကြည်လို့ပြောပြတာ ပြီးတော့ အခုဆေးရုံတင်ထားရတာက ငါ့အကိုလေ။ ငါတို့လုပ်ငန်းရဲ့ ခေါင်းဆောင်။ အခုလိုဖြစ်တာက ငါတို့ပေါ့ဆလို့ ဖြစ်သွားတာမလို့ ငါတို့လဲ နောင်တရတာတယ်။"
ထိုသို့ပြောပြီး ထိုလူက မက်တက်ရပ်လိုက်ပြီထွက်သွားဖို့ပြင်နေသည်။ ဆေးလိပ်ကို နင်းခြေပြီး ထွက်မသွားခင် စကားတစ်ခွန်း ဝိုင့်အားပြောခဲ့သည်။
"အခုချက်ချင်း သူ့စီသွားပြီး သူ့ဒဏ်ရာတွေကို ဆေးထည့်ပေးလိုက်။ ခြေထောက်က တော်တော်ထိထားတာ။ ပြီးတော့ ပြည့်စုံက လူကောင်းတစ်ယောက်မလို့ မဟုတ်တာတွေမတွေးနဲ့"
ထိုလူက နေရာကနေထွက်သွားတော့သည်။ တကယ်တမ်းကျဝိုင်ဟာ သူ့ကိုယ်သာ အာရုံစိုက်ခံစေချင်မိတာဖြစ်သည်။ သို့ပေမယ့် တချို့သော အတွေးများကြောင့် ဝိုင်ထိုသို့လုပ်မိလိုက်ချင်းဖြစ်သည်။
အားနာစိတ်နှင့်အတူ ဝမ်းနည်းစိတ်ကပါ လှိုက်တက်လာတာကြောင့် မျက်ရည်များက မဖိတ်ခေါ်ဘဲ ဆင်းသက်လာပြန်သည်။
သို့သော် စောနကလူပြောသွားသည့်အထဲ "ခြေထောက်က တော်တော်ထိထားတာ" ဆိုသည့်စကားကြောင့် ဝိုင်ထိုနေရာကနေ အမြန်ပြေးထကာ စောနက Darlingနေခဲ့သည့်နေရာကို ပြန်ပြေးသွားလိုက်သည်။
ဝိုင်တစ်ယောက် ဆေးရုံဟောခန်းထဲ အတော်အတန်ရှာပြီးမှ အစောနကလူနှင့် Darlingအား တွေ့လိုက်သည်ကြောင့် သူတို့ရှိရာကို ဝိုင်ပြေးသွားလိုက်သည်။
"Da Darling!"
ပြည့်စုံ ကလျာတို့နှင့်စကားပြောနေတုန်း အနောက်ကနေကြားလိုက်ရတဲ့ အသံလေးကြောင့် ပြည့်စုံရင်ထဲ ဒိန်းကနဲ ဖြစ်သွားရသည်။
ကလျာကတော့ အနည်းပြုံးကာ ဘာဆက်ဖြစ်မလဲသာ ကြည့်နေလိုက်သည်။
"ပေါက်စ..."
ပေါက်စက သူ့အနားကိုပြေးလာပြီး သူ့၏နှုတ်ခမ်းအား နမ်းရှိုက်လိုက်သည်။ ပြည့်စုံခဏတာကြောင်သွားမှ အသိစိတ်ပြန်ဝင်ကာ ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ လူတွေက သူတို့ကို ဝိုင်းကြည့်နေကြသည်။ တချို့က အံ့အားသင့်နေကြပြီး တချို့ကတော့ တီးတိုးရှုတ်ချနေကြသည်။
"ဟို ဟို Darlingကိုချစ်တယ်"
တိုးတိတ်စွာပေါ်ထွက်လာသည့် အသံနှင့်အတူ ခေါ်လိုက်သောနာမ်စားကြောင့် ပြည့်စုံကြည်နူးသွားရသည်။ ကြည့်နေတဲ့သူတွေကလည်း ဟင်တွေဟာတွေဖြစ်ကာ အံ့အားသင့်ကုန်ကြရတော့သည်။
"ဘ ဘယ်လို ပေါက်စ ဒါနောက်စရာမဟုတ်ဘူးနော်"
"နောက်ပါ့မလား လူပုံအလယ်မှာ အဲ့လိုနောက်စရာလား အလားသက်သက်အရှက်ကွဲတယ်"
ဝိုင့်မျက်နှာဟာ ဝိုင်နီတစ်ခွက်လို ရဲနေပြီး စကားများဟာလည်း တိုးတိတ်စွာပင် ပြောလာသည်။
"အဟား! ဒါဆိုတကယ်ပေါ့! ပျော်လိုက်တာ ကလျာနင်မြင်လား ငါ့ကို ပေါက်စက ချစ်တယ်တဲ့ နင် နင့်ကတိသာတည်တော့"
"ငါက ကတိတည်ပါတယ် ဒါပေမယ့် မင်းအောက်ကဆိုရက်တော့ အကုန်လုံး သဲထဲရေသွန်ဘဲ"
"မာမီ! ဘယ်လိုတွေပြောနေတာလဲ"
ဝိုင်တစ်ယောက် မိမိ၏ဆုံးဖြတ်ချက် မှန်တယ်ဟုသာ ဆုံဖြတ်လိုက်သည်။ ထပ်ပြီးဘာမှမစဉ်းစားချင်ဆော့ပေ။ Darlingဘေးက လူကိုလည်း ဝိုင်ကျေးဇူးတင်မိသည်။ ထိုလူ၂ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေတဲ့ Darlingကြောင့် ဝိုင်လည်းပျော်မိသည်။
"ပေါက်စ"
အတွေးအာရုံထဲလွင့်နေတုန်း ရုတ်တရက်ခေါ်လိုက်တဲ့ Darlingကြောင့် အသိစိတ်ပြန်ဝင်တော့ Darlingက သူ့လက်ကို ကိုင်ကာ ပြုံးပြီးကြည့်နေသည်။
"ကိုယ်နဲ့ လိုက်ဖို့အသင့်ဘဲလား"
Darlingရဲ့စကားကြောင့် ဝိုင်မျက်ဝန်းများပိတ်သည်အထိရယ်လိုက်ပြီး....
"Darlingနဲ့ဆို သေချင်းတရားစီကိုတောင် လိုက်ဖို့အသင့်ဘဲ"
"ဒါဆို သွားကြဆို့"
လူအုပ်ထဲကနေပြေးထွက်လာကြပြီး ရှည်လျားလှသည့် လမ်းပေါ်မှာ သူတို့၂ယောက် အချိန်အကြာကြီး ပြေးနေမိသည်။ တစ်ယောက်လက်ကိုတစ်ယောက်စုပ်ကိုင်ရင်း ရှေ့ဆက်ဖြစ်လာမည့်အရာများကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတော့သည်။
.....................................
"ခြေထောက်ထိထားလို့သာဘဲ မဟုတ်ရင်တော့ မတွေးရဲစရာဘဲ"
"မာမီ ဘယ်လိုတွေတောင် ပြောနေပြန်တာလဲ"
မဟုတ်တာတွေလျှောက်ပြောနေတဲ့ မာမီကို အနောင်က လှမ်းပြောတော့ ပြုံးပြသည်။ တကယ်လဲ တတ်လည်းတတ်နိုင်တဲ့ မိန်းမကြီးပင်။
"ပြန်ကြရအောင်"
"ခဏ....ကိုကြီး အခြေအနေကိုသွားကြည့်ရအောင်"
ကိုကြီးနာမည်ကိုကြားသည်နှင့် မာမီမျက်နှာက ပြောင်းသွားသည်ကြောင့် အနောင်လဲ စိတ်မကောင်းဖြစ်ရသည်။
"ခဏလေးပါဘဲ ပြီးရင်ကျနော့်အိမ်လိုက်ခဲ့"
ထိုသို့ဖျောင်းဖျတော့ မာမီက အပြုံးနုနုလေးနှင့် လက်ခံသည်။
"လာ "
မာမီလက်ကလေးကိုဆွဲကာ မပြည့်ပြောပြထားသည့် အခန်းနံပါတ်စီကို သွားလိုက်သည်။
၃လွှာလောက်ထိ ဓာတ်လှေကား စီးရပြီး VIPအခန်းနံပါတ် 104ရှေ့ရောက်တော့ မာမီခြေလှမ်းများက ခဏတာတုန့်ဆိုင်းသွားသည်ကို အနောင်သတိထားမိလိုက်သည်။
"စိတ်မပူပါနဲ့"
မာမီလက်ကလေးကို တင်းတင်းကြပ်ကြပ် စုတ်ကိုင်ပြီး အခန်းတံခါးကို ခေါက်လိုက်သည်။
*ဒေါက် ဒေါက်*
မကြာပါ အကိုမင်းခက တံခါးလာဖွင့်ပေးသည်။ အကိုမင်းခပုံစံကြောင့် အနောင် လန့်သွားရသည်။ ဖြူဖွေးနေသော အက်ျီပေါ်၌ ရဲရဲနီနေသော သွေးစများက စွန်းထင်းနေသည့်အပြင် မျက်နှာကလည်း ဖြုစုတ်နေသည်။ အချိန်အတော်ကြာထိ ငိုထားသည့်ပုံဖြစ်နေတာကြောင့် မျက်သားများဟာ ရဲနေသည်။
"အနောင်နဲ့ကလျာ"
အကိုမင်းခက ဖျော့ရော့နေသောအသံဖြင့် ပြောလာသည်။ သူနဲ့ မာမီလာတာကိုတွေ့တော့ အကိုမင်းခက အံ့သြသွားသည်ထင်သည်။
"ကိုကြီးကို လာတွေ့တာပါ အကို"
"အော် ဝင်လေ"
အကိုက ဝင်ခွင့်ပေးသည်နှင့် မာမီလက်ကိုဆွဲကာ ဝင်လာလိုက်သည်။ ကိုကြီး၏ပုံစံကြောင့် အနောင်ရင်ထဲ တစ်မျိုးဖြစ်သွားရသည်။ အရင်က သူ့ကို နွေးထွေးမှုပေးခဲ့သည့် ကိုကြီးက အခုလိုမျိုးဖြစ်သွားတော့ အနောင်ဝမ်းနည်းမိသည်။
"ဟင့် မမ"
ဖူးက ကလျာကိုမြင်သည်နှင့် ပြေးလာကာဖက်ပြီး ငိုရှာသည်။
"မမရှိတယ် ဖူးငယ်"
"ဟင့် ကိုကိုက အင့်"
"ကိုကိုဘာမှမဖြစ်ပါဘူး သက်သာသွားမှာပါ။ စိတ်မပူနဲ့"
ညီမငယ်ကိုသာ စိတ်မပူဖို့ပြောနေပေမယ့် သူကိုယ်တိုင်ကတော့ သေလောက်အောင် စိတ်ပူသည်။
"မမကရော ဟင့် ဘာဖြစ်သွားသေးလဲ"
"မမ ဘာမှမဖြစ်ဘူး Every Thing Ok"
ဒဏ်ရာရထားသော လက်ကိုနောက်ဖွတ်ကာ လိမ်လိုက်တာမှန်း ဖူးငယ်အပ ကျန်တဲ့သူတွေအကုန်သိသည်။ Alphaဖြစ်သော်လည်း နူးညံ့ကာ စိတ်အားငယ်တဲ့သူဖြစ်တာကြောင့် ကလျာနဲ့မင်းနွယ်လည်း ဂရုစိုက်ရသည်။
"ကိုကြီး အခြေအနေရော အကို"
"စောနက ဆရာဝန်ပြောတာတော့ ထပ်စောင့်ကြည့်ရအုံးမယ်တဲ့"
အကိုဟာ အားနည်းဖျော့ရော့နေသော အသံဖြင့်သာ ပြောလာသည်။ အကို့မျက်ဝန်းထဲ၌ ဝမ်းနည်းနေတဲ့ အရိပ်အရောင်တွေကို အနောင်တွေ့မြင်နေရသည်။
"ကိုကြီးက အမြန်ဆုံးသက်သာလာမှာပါ"
အနောင်အကို့အား ဖက်ပြီးအားပေးနိုင်သည်ကလွဲ ဘာမှမတက်နိုင်။ မာမီကလည်း ငိုနေသော သူ့ညီမချော့နေရတာကြောင့် အနောင်လဲ အကိုနဲ့ စကားအနည်းငယ်ပြောနေလိုက်သည်။
"မင်းခ မင်းလဲပြန်နားလိုက်အုံး ဒီမှာ ဖူးငယ်နဲ့ဝင့်ထည်လူနာစောင့်နေလိမ့်မယ်။ ဖူးငယ်ကတော့ လောလောဆယ်တော့ အိပ်ပျော်သွားပြီ။ ဝင့်ထည် အားကိုးပါတယ်"
"ရပါတယ် မနွယ်။ ထည် စောင့်နေပေးပါ့မယ်"
ကလျာခေါင်းငြိမ့်ပြလိုက်သည်။ မိမိကိုယ်တိုင်လည်း တစ်နေကုန် ဘာမှမစားရသေးသည်မို့ ခေါင်းတွေမူးနေသည်။ မင်းခလည်း ထိုသို့ဘဲဆိုတာ ကလျာသိသည်။ ဒါကြောင့်မလို့ ဝင့်ထည်အားအကူအညီတောင်းလိုက်ချင်းဖြစ်သည်။
"ကျေးဇူးဘဲ ဝင့်ထည်။ မင်းခ ငါတို့ခဏပြန်ရအောင်"
"ငါ"
"ဟုတ်တယ် အကိုသွားနားလိုက်ပါ။ ညီမဆက်စောင့်ပေးနေလိုက်ပါ့မယ်။"
ဝင့်ထည်ကပါ ဝင်ပြောလာသည်ကြာင့် မင်းခဘယ်လိုမှ မငြင်းသာတော့ဘဲ လက်လျော့လိုက်ရတော့သည်။
"ဒါဆိုပြန်လိုက်ပါအုံးမယ်"
"အင်း ကောင်းကောင်းသွား"
မင်းခက သူ့၏အပေါ်ထပ်coatလေးအား ယူကာ အခန်းထဲကထွက်သွားတော့သည်။
"မာမီ ကျနော်တို့လဲသွားရအောင်"
ကလျာလဲ အနောင့်ရဲ့လက်ကိုဆွဲကာ ဆေးရုံကနေ ထွက်လာကြသည်။ ဆေးရုံအပြင်ဘက်ကိုရောက်တော့ ပြန်ဖို့ Taxiစောင့်နေလိုက်သည်။
"အာ အတော်အေးလာတာဘဲ"
ကလျာက ကိုယ်ကိုကျုံ့ကာ အေးကြောင်းပြောနေတာကြောင့် အနောင်မိမိရဲ့ အပေါ်ထပ်အက်ျီကိုချွတ်ကာ မမှီမကမ်းနှင့် ကလျာကိုပေါ်ကို လွှမ်းချုံပေးလိုက်သည်။
"ဘာလုပ်တာလဲ"
"မာမီအေးတယ်ဆိုလို့လေ"
ကလျာ၏အမေးကို သွားတန်းဖြူဖြူလေးတွေပေါ်အောင် ပြုံးပြပြီး ဖြေတဲ့ကောင်လေးကြောင့် ကလျာရင်ထဲ လှိုက်မောသွားရသည်။
"ကိုယ်က ကိစ္စမရှိဘူး။ မင်းလေးဘဲ ဝတ်ထား အအေးပတ်လိမ့်မယ်"
"ဟွန့် အအေးပတ်ရင် မာမီရင်ခွင်ထဲဝင်နေမှာပေါ့"
"အတတ်ကလေး"
"မာမီရဲ့ Babyလေးမို့လို့လေ"
"ဟော ဒီကောင်လေးကတော့ကွာ"
"ဟီးဟီး...အ့ မာမီနာတယ်ဗျ"
စကားတတ်လွန်းတဲ့ အကောင်ပေါက်ရဲ့ နှာခေါင်းထိပ်ဆွဲလိုက်တော့ အကောင်ပေါက်လေးက ရန်ထောင်သည်။ တိုက်ခန်းပြန်ဖို့ Taxiစောင့်နေကြရင်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကျီစယ်ကာ ကြည်ကြည်နူးနူးစကားပြောနေကြသည်။
တစ်ယောက်သောသူကတော့ ထိုမြင်ကွင်းကို ကားထဲကနေ ဒေါသတကြီးကြည့်နေသည်ကို ထိုအတွဲလေးကတော့ သိမည်မဟုတ်ပေ။
.................................
TBC
A/N: Upလိုက်ပြီဗျို့။ ကိုယ့်ကို Vote & Cmလေးတွေပေးခဲ့နော် ကိုယ်က Cmပေးသူတိုင်း rpပြန်ပေးမယ်
ပြီးတော့ ပြည့်စုံနဲ့ ဝိုင်မှာ ဘယ်သူ့ကို Tထားရမလဲဟင် ရွေးပေးခဲ့😝
Love You My Readers✌❤
#Royal