(Unicode)
အချိန်သုံးလဟာ တရွေ့ရွေ့နဲ့ပဲကုန်ဆုံးသွားခဲ့ပါသည်။ထိုသုံးလအတွင်း Chanyeol ဟာ ရွာလေးရွာအတွက် ဆေးခန်းတစ်ခုဖွင့်လှစ်ပေးရန်အကောင်းဆုံးပြင်ဆင်ခဲ့သည်။ဆေးခန်းအတွက်လိုအပ်တာမှန်သမျှကို အချိန်ယူပြင်ဆင်ခဲ့ရင်း နောက်ဆုံးမှာတော့ ရွာလယ်စာသင်ကျောင်းနှင့်အနီးဆုံးနေရာမှာ ဆေးခန်းတစ်ခုတည်ဆောက်ရန်ဖြစ်လာခဲ့ပါသည်။
Chanyeol တို့ဆရာဝန်အဖွဲ့ဟာ ရွာကိုစရောက်လာကတည်းက ရွာသူရွာသားတွေ၏ ချစ်ခင်ယုံကြည်မှုနှင့်လေးစားအားထားမှုကိုအပြည့်အဝရရှိထားတာမို့ Chanyeol တို့ရဲ့အစီအစဉ်မှန်သမျှကို အကုန်လုံးဟာအားတတ်သရောဖြင့်ပါဝင်ကူညီပေးကြသည်။ရွာလေးရွာမှာ ပထမဦးဆုံး ကျန်းမာရေးအထောက်အကူပြုဆေးခန်းရှိလာတော့မှာမို့ လူတိုင်းနီးပါး ဝမ်းသာပျော်ရွှင်နေကြပါသည်။
ဆေးခန်းအတွက် အခြေခံကနေစတင်ပြီး လိုအပ်ချက်မှန်သမျှကို Chanyeol ကပဲအစအဆုံးတာဝန်ယူပေးထားသည်။ရွာလေးရွာအတွက်ကျန်းမာရေးအကျိုးပြုဆေးခန်းဆောက်လုပ်ဖို့ Chanyeol မြို့တက်ပြီး မိသားစုနှင့်လည်းတိုင်ပင်ခဲ့ပါသေးသည်။Park family ဝင်တွေကတော့ အများအကျိုးပြုလုပ်ငန်းသာဆိုလျှင် အပြည့်အဝထောက်ခံအားပေးကြပါသည်။ဆေးခန်းပြီးသွားလျှင်လည်း ဆေးခန်းအတွက်လိုအပ်တဲ့ဆေးဝါးနှင့်ပစ္စည်းတွေကိုရော ဆေးခန်းထိုင်မည့် ဆရာဝန်ကိုပါ LOEY hospital ကအားလုံးစီစဉ်ပေးသွားမှာဖြစ်သည်။
:
Baekhyun နိုးလာကတည်းက စိတ်ထဲညစ်ညူးသလိုခံစားနေရပြီး ကိုယ်တွေလက်တွေလည်းမသယ်ချင်သလိုဖြစ်နေသည်။အထူးသဖြင့် ဗိုက်ထဲမအီမသာဖြစ်နေတာကပိုဆိုးပါသည်။
"နေမကောင်းဖြစ်ချင်ပြန်ပြီလားမသိဘူး"
စိတ်ညစ်ညစ်ဖြင့်ရေရွတ်လိုက်ပြီးနောက် လက်ထဲကအဝတ်စုတ်ကိုပစ်ချပြီး Baekhyun ခုံမှာထိုင်ချလိုက်သည်။ထိုင်လိုက်တော့မှပဲ ခါးနာနေတာက အနည်းငယ်သက်သာသွားသလိုပင်။
"ကျောင်းကတစ်ခုခုဆက်သွယ်သေးလား မြေးလေး"
ဖွားဖွားကလှမ်းမေးလာသည်။နောက်လအစပိုင်းလောက်မှာ Baekhyun မြို့ကျောင်းသွားတက်ရတော့မှာဖြစ်သည်။ထိုကိစ္စအတွက် ဖွားဖွားနှင့်ဒေါ်ဒေါ်က Baekhyun ထက်ပင်ပိုတက်ကြွနေပါသည်။
"မဆက်သွယ်ပါဘူး ဖွားဖွားရဲ့၊ ကျောင်းရော အဆောင်ရောအပ်ပြီးသွားပြီပဲဟာ၊ ဘာကိစ္စမှမရှိတော့ဘူးလေ"
"အဲ့ဒါလည်းဟုတ်တာပဲ"
အဝေးမှာကျောင်းသွားတက်ရတော့မှာဆိုတော့ ဖွားဖွားက သူမဖုန်းအား Baekhyun ကိုအပိုင်ပေးထားသည်။Baekhyun ကအသက်ငယ်သေးတာမို့ ဖွားဖွားတို့က ဖုန်းအသစ်တော့ဝယ်မပေးသေးပါ။အခု ဖွားဖွားပေးထားတဲ့ဖုန်းကလည်း ခလုတ်ဖုန်းလေးဖြစ်သည်။Baekhyun တို့အိမ်မှာ ဒေါ်ဒေါ်သာလျှင် ဖုန်းအပြားကြီးကိုင်ပါသည်။
"ဖွားဖွား"
"ဟေ"
"သားစိတ်ရော ကိုယ်ရော တစ်မျိုးကြီးဖြစ်နေတယ်၊ နေမကောင်းချင်လို့လား မသိဘူး၊ အဲ့ဒါ ဆေးခန်းသွားပြကြည့်ရမလားဟင်"
"ဟယ် ဟုတ်လား၊ အေးအေး သွားပြကြည့်လေ၊ မြေးလေးအဒေါ်ကိုပါခေါ်သွား"
"အဲ့ဒါဆို ဖွားဖွားတစ်ယောက်တည်းဆိုင်မှာကျန်ခဲ့မှာပေါ့၊ သား အမွှာနှစ်ယောက်ကိုပဲခေါ်သွားလိုက်မယ် ဖွားဖွား"
ဖွားဖွားက ထိုင်နေရာမှထလာကာ Baekhyun ရဲ့အနားကိုရောက်လာသည်။ထို့နောက် Baekhyun ရဲ့နှဖူးနှင့်ပါးပြင်တွေကိုစမ်းကြည့်ပြီး
"ကိုယ်တော့မပူဘူး၊ ဒါပေမယ့် နှုတ်ခမ်းတွေဖြူနေသလိုပဲ၊ ဆေးခန်းကိုသေချာပြခဲ့နော် မြေးလေး၊ မြေးလေးဖြစ်နေတာကိုလည်း ဒေါက်တာလေးတို့ကိုသေချာပြောပြ"
"ဟုတ်ကဲ့ ဖွားဖွား"
Baekhyun စက်ဘီးသော့ကိုကိုင်ကာ ထိုင်နေရာမှထပြီး သွားဖို့ပြင်လိုက်သည်။
"စက်ဘီးမနင်းနိုင်ရင် အမွှာနှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့အနောက်ကနေလိုက်စီးနော် မြေးလေး"
"အဲ့လောက်ထိတော့မဟုတ်ပါဘူး ဖွားဖွားရဲ့၊ ဒါဆို သားသွားပြီနော်"
"အေးအေး မြေးလေး"
Baekhyun ဆိုင်ထဲကထွက်သွားပြီးတော့မှ အနောက်ထဲကနေ အဒေါ်ဖြစ်သူထွက်လာသည်။
"Hyunee ကဘယ်သွားတာလဲ အမေ"
"နေမကောင်းချင်သလိုဖြစ်နေလို့တဲ့လေ၊ အဲ့ဒါ ဆေးခန်းသွားပြတာ၊ ကြိုပြထားတော့ကောင်းတာပေါ့အေ"
"သမီးတော့မထင်၊ ဆေးခန်းဆောက်နေတဲ့ဆီကိုသွားတာပဲနေမှာပေါ့၊ တစ်နေ့တစ်ခေါက်လောက်မှမသွားရရင် မနေနိုင်ဖြစ်နေတာမလား"
"ညည်းကလည်းအေ၊ ငါ့မြေးလေးက တကယ်ကြီး ဖြူဖျော့ဖျော့ဖြစ်နေတာပါ၊ ဒီကလေး ဒီအတောအတွင်း ကျန်းမာရေးကိုချူချာနေတာ"
အမေဖြစ်သူရဲ့စကားကို သူမကတော့ ခေါင်းတခါခါဖြင့်သာ ရယ်နေပါတော့သည်။
:
"Baekhyun မင်းတကယ်နေမကောင်းဖြစ်နေတာလား"
လီဝူး ကမေးလာတာမို့ Baekhyun ခေါင်းသာညိမ့်ပြလိုက်သည်။
"အခု စက်ဘီးနင်းရတာရောအဆင်ပြေရဲ့လား"
အမွှာနှစ်ယောက်က စက်ဘီးတစ်စီးစီးပြီး Baekhyun ကတစ်စီးစီးနေတာမို့ ထယ်ဝူး ကမေးလာသည်။
"ပြေပါတယ်"
အမှန်တော့ Baekhyun ခါးနာနေတာဖြစ်သည်။နာနေပေမယ့်လည်း စက်ဘီးနင်းရတော့ ခါးနာတာ သက်သာသလိုလို မသက်သာသလိုလိုဖြင့် တစ်မျိုးတော့ဖြစ်နေပါသည်။
စက်ဘီးကိုပုံမှန်အတိုင်းနင်းလာကြရင်း ခဏအကြာမှာတော့ Baekhyun တို့တွေရွာလယ်ကျောင်းက ဆေးခန်းကိုရောက်ပြီဖြစ်သည်။ဆေးခန်းထဲမဝင်ခင် ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးလုပ်နေသူတွေဆီကိုလည်း Baekhyun အကြည့်ပို့လိုက်ပါသေးသည်။
ဆေးခန်းထဲကို Baekhyun ဝင်သွားတော့ ဒေါက်တာ Hanwool ကအပြုံးဖြင့်ကြည့်လာသည်။
"ဟော Baekhyun ရောက်လာပြီ၊ Chanyeol ကဟိုဘက်အခန်းမှာ လူနာကြည့်နေတယ်ကွ"
"အာ..ဟုတ်ကဲ့၊ ကျွန်တော် နေမကောင်းချင်သလိုဖြစ်နေလို့ ဆေးခန်းလာပြတာပါ ဒေါက်တာ"
"ဟေ"
ထိုတော့မှ ဒေါက်တာ Hanwool က Baekhyun ရဲ့အနားအလျင်အမြန်ရောက်လာသည်။ထို့နောက် နှဖူးကိုစမ်းကြည့်သည်။
"အဖျားတော့ရှိပုံမရဘူး၊ တစ်ယောက်တည်းလာတာလား"
"အမွှာနှစ်ယောက်နဲ့ပါဗျ၊ အပြင်မှာစောင့်နေကြတယ်"
"ဪ၊ လာ ခုတင်ပေါ်လာလှဲ"
Baekhyun ခုတင်ပေါ်မှာလှဲလိုက်ပြီးနောက် ဒေါက်တာက နားကြပ်ကိုနားမှာချိတ်ပြီး သွေးပေါင်ချိန်တိုင်းဖို့ပြင်သည်။လက်မောင်းမှာတင်းကြပ်နေတဲ့လက်ပတ်က အောင့်သက်သက်တော့ဖြစ်စေပါသည်။
"သွေးပေါင်ကျနေတာပဲ၊ ခေါင်းမူးနေလား"
"ခေါင်းထဲ ညီးစီစီတော့ဖြစ်နေတယ်ဗျ"
"အင်း နောက်ပြီးတော့ရော ဘယ်နားမှာ ဘာဖြစ်သေးလဲ"
"ခါး၊ ခါးကညောင်းသလိုလို နာသလိုလိုဖြစ်နေတယ်၊ ဗိုက်ထဲလည်းမအီမလည်ဖြစ်တယ်၊ ခန္ဓာကိုယ်ကလည်းပင်ပန်းသလိုဖြစ်နေတယ်ဗျ၊ နောက်ပြီး...နောက်ပြီး စိတ်ညစ်နေတယ်"
Baekhyun ကတစ်ခုချင်းစီကိုစဉ်းစားပြီး ရေရွတ်လာတာမို့ Hanwool ခေါင်းတညိမ့်ညိမ့်လုပ်လိုက်သည်။
"သွေးအားနည်းပြီး ခန္ဓာကိုယ်ပင်ပန်းနေတာပါ၊ ဒါနဲ့ စိတ်ညစ်တာက တစ်စုံတစ်ယောက်နဲ့များဆိုင်နေမလား"
"ဗျာ"
စိတ်ညစ်အောင် ဘယ်သူကများ Baekhyun ကိုလုပ်ပါလိမ့်။တွေးကြည့်ရသလောက် ဘယ်သူမှလည်းမလုပ်ပါ။အမှန်အတိုင်းပြောရရင် စိတ်ညစ်တယ်ဆိုပေမယ့်လည်း ဘာကြောင့် စိတ်ညစ်တယ်ဆိုတာကို Baekhyun ကိုယ်တိုင်တောင်မသိပါလေ။
"ဘယ်သူလဲ Chanyeol လား"
"ဟင်...ဗျာ၊ ဦးက ဘာလို့လဲ၊ အဲ့လိုမျိုးမဟုတ်ပါဘူး၊ ဦးက ကျွန်တော်စိတ်ညစ်အောင် ဘာမှမလုပ်ပါဘူးဗျ"
ထိုအခါ ဒေါက်တာ Hanwool ကဟုတ်လို့လားဆိုတဲ့ပုံစံဖြင့်ပြန်ကြည့်သည်။ဟင်! Baekhyun တကယ်ပြောနေတာပါ။ဦးနဲ့Baekhyun ရဲ့ကြားထဲမှာဘာစိတ်ညစ်စရာကိစ္စမှမရှိတာအမှန်ပါ။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အခုဆေးပေးလိုက်မယ်၊ နေ့လယ်စာစားပြီးသွားပြီမလား"
"ဟုတ်၊ ပြီးပြီဗျ"
"ဒါဆို ဒီမှာ အခု ဆေးတစ်ခါတည်းသောက်သွားလိုက်၊ ပြီးရင် ညအတွက်လည်းပေးလိုက်မယ်"
"................."
"ဆေးက တစ်လုံးတည်းပါ၊ နည်းနည်းတော့ကြီးတယ်"
"..............."
"ရော့ သောက်လိုက်၊ ဒီမှာ ဆေး၊ ဒီမှာ ရေ"
Baekhyun ရဲ့လက်တစ်ဖက်စီထဲကို ဆေးနှင့်ရေခွက်အား Hanwool ထည့်ပေးလိုက်သည်။သို့သော် Baekhyun ကတော့ကြောင်တောင်တောင်ဖြင့်သာ ဆေးနှင့်ရေခွက်ကိုကိုင်ထားပါသည်။
"သောက်လေ Baekhyun"
"ဟို....ဟို ကျွန်တော်..."
"ဟင် အင်း၊ ဘာပြောချင်လို့လဲ"
"ကျွန်တော်...ဆေး...ဆေးက..."
"အော...ဆေးက ဘာဖြစ်လို့လဲ၊ ကြီးလို့လား၊ အဲ့ဒါဆို ဝါးပြီးမှ မြိုချလိုက်လေ"
"ဟင်..ဝါး..ဝါးရမယ်"
Baekhyun က Hanwool ကိုမျက်လုံးအပြူးသားဖြင့်အထိတ်တလန့်ကြည့်နေသလို Hanwool ကလည်း Baekhyun ကိုနားမလည်သလိုပြန်ကြည့်နေပါသည်။နှစ်ယောက်ကြား တိတ်ဆိတ်နေလျှက်ရှိသည်။
ထိုအချိန် အခန်းထဲကို Chanyeol ဝင်လာခဲ့သည်။
"ကောင်လေး နေမကောင်းလို့ဆို"
"ဦး.."
"Chanyeol"
"အင်း၊ ဘာဖြစ်တာလဲ ကောင်လေး"
ဦးက Baekhyun ရဲ့အနားကိုရောက်လာပြီး ခန္ဓာကိုယ်အား ဟိုဟိုဒီဒီလျှောက်ကြည့်ကာ စစ်ဆေးမေးမြန်းလာပါသည်။ထိုအခါ Hanwool ကပဲ Chanyeol ကိုသေချာလေးရှင်းပြပေးလိုက်သည်။
"အခုရော သက်သာလား ကောင်လေး"
"ဘယ်သက်သာဦးမတုန်း၊ ဆေးမှမသောက်ရသေးတာ၊ ဆေးသောက်လိုက်ပါဦး Baekhyun"
ထိုအခိုက် ကောင်လေးရဲ့အကြည့်တွေဟာ Chanyeol ဆီကိုရောက်လာခဲ့သည်။အကြည့်လေးကိုက ကယ်ပေးပါဦး ဆိုတဲ့ပုံစံမျိုး။Chanyeol ပြုံးလိုက်ရင်း ကောင်လေးရဲ့ခေါင်းကိုအသာအုပ်ကိုင်လိုက်တော့ မျက်လုံးလေးဝင့်ပြီးကြည့်လာသည်။
"ကိုယ်ဆေးကြိတ်ပေးမယ်၊ သောက်လိုက်နော် ကောင်လေး"
".............."
"သောက်မယ်မလား ဟင်"
ကောင်လေးရဲ့နှာခေါင်းထိပ်လေးကို လက်ညှိုးဖြင့်အသာတို့ထိရင်း မေးလိုက်တော့ Chanyeol ကိုပြုံးတုံ့တုံ့ဖြင့်ခေါင်းလေးညိမ့်ပြပါသည်။ညှိနှိုင်းခြင်းပြီးပြီမို့ Chanyeol ဆေးကြိတ်ရန်ပြင်လိုက်သည်။
ထိုအချိန် Chanyeol နှင့် Baekhyun တို့ကိုမအီမသာမျက်နှာဖြင့်ကြည့်နေတာကတော့ Hanwool ပဲဖြစ်ပါသည်။
:
ဆေးသောက်ပြီးသွားတော့ Baekhyun ရဲ့စိတ်အခြေအနေလည်းအတော်လေးအဆင်ပြေသွားပြီမို့ ဦးတို့ဆီကနေ ညနေမှပြန်ဖို့ဆုံးဖြတ်လိုက်သည်။အမွှာနှစ်ယောက်ကတော့ ပြန်သွားပြီဖြစ်ပြီး Baekhyun ရဲ့အခြေအနေနှင့်ညနေမှပြန်လာမယ်ဆိုတဲ့အကြောင်း ဖွားဖွားတို့ကိုဝင်ပြောပေးထားပါလိမ့်မည်။
"ဆေးခန်းတောင်တော်တော်ပြီးနေပြီနော် ဦး"
"အင်း နောက်တစ်ပတ်လောက်ဆို အကုန်ပြီးပြီ"
ဆောက်လုပ်နေစဲဆေးခန်းကို ဦးနှင့်အတူလာကြည့်ရင်း Baekhyun ပီတိဖြာနေရသည်။နောက်ဆို Baekhyun တို့ရဲ့ရွာမှာ ဆေးခန်းရော ဆရာဝန်ရော အမြဲတမ်းရှိနေတော့မှာပေါ့။
"ဒါဆို ဒီဆေးခန်းပြီးတာနဲ့ ဦးတို့က မြို့ပြန်တော့မှာလားဟင်"
ဦးက Baekhyun ကိုငုံ့ကြည့်လာတာအား သတိထားမိပေမယ့်လည်း ပြန်မော့မကြည့်ဖြစ်ပါ။
"ဒီဆေးခန်းမှာထိုင်ဖို့ ဆရာဝန်မရောက်မချင်း ကိုယ်တို့မပြန်သေးပါဘူး"
"ဟို..ဘာလို့ ဦးက ဒီဆေးခန်းမှာဆရာဝန်မလုပ်တာလဲဟင်၊ ဒီနေရာမှာ အကြာကြီး မ..မနေချင်လို့လားဗျ"
ဒီတစ်ခါတော့ ဦးကို Baekhyun မော့ကြည့်လိုက်သည်။ဦးက Baekhyun ကိုကြည့်နေရင်းမှ ပြုံးရင်းခေါင်းခါပြပါသည်။
"ကိုယ့်ရဲ့ဆန္ဒက မဖွံ့ဖြိုးတဲ့နေရာဒေသတွေကိုလျှောက်သွားပြီး ပရဟိတဆေးကုသမှုတွေလုပ်ပေးချင်တာလေ၊ အဲ့ဒါကြောင့် ကိုယ်တစ်နေရာတည်းမှာ ပုံသေနေလို့မရဘူး ကောင်လေး၊ ကိုယ့်ကိုနားလည်တယ်မလား"
ဦးရဲ့စိတ်ထားက အရမ်းကိုကောင်းမွန်လွန်းတာမို့ Baekhyun သဘောတကျပြုံးလိုက်မိပါသည်။ဦးက လူတင်မကဘဲ စိတ်ထားမှာပါ အစစအရာရာပြီးပြည့်စုံနေပါရောလား။
"ဟုတ်၊ နားလည်တယ် ဦး၊ ကျွန်တော် နားလည်ပါပြီဗျ"
Baekhyun ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ခပ်မြူးမြူးလေးပြောလိုက်တော့ ဦးကလည်း ခပ်ဟဟရယ်ပြီး Baekhyun ရဲ့ပါးလေးကို ခပ်ဖွဖွဆွဲလာပါသည်။ဦးဟာ သူအရမ်းသဘောကျလာခဲ့ရင် Baekhyun ရဲ့ခန္ဓာကိုယ်တစ်နေရာရာအား ကလေးငယ်တွေကိုအသည်းယားလို့ထိသလိုမျိုးလာထိတတ်သည်။Baekhyun ကလည်း ဦးရဲ့ထိုအပြုအမူကို အရမ်းအရမ်းသဘောကျရပါသည်။
"ကောင်လေး နောက်လလောက်ဆို မြို့မှာကျောင်းသွားတက်ရမှာမလား"
"ဟုတ်တယ် ဦး"
"အင်း၊ အဲ့အချိန်လောက်ဆို ကိုယ်လည်းမြို့ပြန်ရောက်နေပါပြီ၊ ကိုယ်မကြာခဏဆိုသလို ကောင်လေးဆီကိုလာတွေ့မယ်နော်"
"ဗျာ၊ တ..တကယ်နော် ဦး! ဦး တကယ်ပြောတာနော်!"
ဦးကခေါင်းညိမ့်ပြလာတဲ့အခါ Baekhyun ထမခုန်မိရုံတမယ်ဖြစ်သွားရပါသည်။ဒါဆို မြို့ရောက်သွားခဲ့ရင်လည်း ဦးနဲ့တွေ့ရဦးမှာပေါ့။ပျော်လိုက်တာ! ပျော်လွန်းလို့ Baekhyun ရဲ့ရင်ထဲတစ်မျိုးကြီးတောင်ဖြစ်လာရသည်။ကြည်နူးမိသလိုမျိုး၊ စိတ်အေးသွားရသလိုမျိုး။
"ကိုယ်လာတွေ့မယ်ဆိုတော့ ပျော်သွားတာလား"
"ပျော်တာပေါ့ ဦးရ၊ တကယ်အများကြီးပျော်တယ်၊ အရမ်းပျော်တယ်၊ ကျွန်တော်...ပျော်တယ်"
ခပ်ပြုံးပြုံးဖြင့်စူးစိုက်ကြည့်နေတဲ့ဦးကြောင့် Baekhyun ရဲ့အသံလေးတိုးတိတ်ပြီး ခေါင်းငုံ့ချလိုက်မိသည်။ဦးရဲ့ အကြည့်တွေက Baekhyun ကိုအမြဲလိုလိုရင်တုန်စေပါရောလား။
"အင်း၊ ပျော်တယ်ဆိုလို့ ကိုယ်လည်းဝမ်းသာပါတယ်"
"ဟုတ်..ဟုတ်ကဲ့ဗျ"
"ညီလေး၊ ညီလေး"
Baekhyun တို့တွေ စကားတပြောပြောရှိနေတုန်း အနောက်ကနေခေါ်သံကြားလိုက်ရတာမို့လှည့်ကြည့်လိုက်တော့ အလုပ်သမားအစ်ကိုကြီးတစ်ယောက်ဖြစ်နေသည်။
"ကျွန်တော့်ကို ခေါ်တာလားဗျ"
Baekhyun သူ့ကိုယ့်သူလက်ညှိုးထိုးပြရင်းမေးလိုက်တော့ ထိုအစ်ကိုကြီးက ခေါင်းညိမ့်ပြပြီးပြောလာသည်က
"ညီလေးရဲ့ဘောင်းဘီမှာ ဘာတွေလဲမသိဘူး ပေနေတယ်"
"ဟင်"
မမြင်နိုင်မှန်းသိပေမယ့်လည်း Baekhyun အနောက်ကိုခေါင်းလှည့်ပြီးကြည့်လိုက်မိသလို ဦးကလည်း Baekhyun ရဲ့အနောက်ကိုငုံ့ကြည့်ပေးလာသည်။
"အင်း ဟုတ်တယ်၊ ဘာတွေပါလိမ့်"
"ဘယ်နားမှာလဲ ဦး"
"တင်ပါးမှာ"
Baekhyun တင်ပါးကိုအသာခါပြီးစမ်းကြည့်လိုက်ပေမယ့်လည်း လက်မှာဘာမှပေမလာပါ။
"ဟုတ်၊ ပြောပြပေးလို့ ကျေးဇူးနော် အစ်ကို"
"ရပါတယ် ရပါတယ်"
လက်ကာပြပြီး ထိုအစ်ကိုကြီးက သူ့အလုပ်သူသွားပြန်လုပ်နေသည်။
"ဘယ်နားတွေထိုင်လာလဲ ကောင်လေး"
"အာ၊ ကျွန်တော် ဘယ်နားတွေထိုင်လာမိပါလိမ့်"
"ဆေးရောင်တွေများလား၊ ပေနေတာကြာပြီနဲ့တူတယ်၊ ခြောက်တောင်ခြောက်နေပြီ"
Baekhyun ကိုယ့်တင်ပါးကိုယ် လက်ဖဝါးဖြင့်ကွယ်ထားမိတဲ့အခါ ဦးကရယ်သည်။
"ဘောင်းဘီကအညိုရောင်မို့ သိပ်တော့မထင်းပါဘူး ကောင်လေးရဲ့"
"မထင်းဘူးသာဆိုတယ်၊ ဟို အစ်ကိုက မြင်တယ်လေ"
"အဲ့ဒါ သူက......"
ဦးက တစ်ခုခုပြောဟန်ပြင်ပြီးကာမှ အသံတိတ်သွားတာမို့ Baekhyun မော့ကြည့်လိုက်တော့ ဦးရဲ့အကြည့်တွေက တစ်နေရာတည်းမှာရှိနေပြီး မျက်ခုံးတွေလည်းအနည်းငယ်တွန့်ချိုးထားပါသေးသည်။Baekhyun လိုက်ကြည့်လိုက်တဲ့အခါ ဦးကြည့်နေတာက ခုနကအစ်ကိုကိုဖြစ်ပြီး ထိုအစ်ကိုကလည်း ဦးကြည့်နေတာကိုသိတဲ့အခါ တခြားနေရာကိုရွှေ့သွားပြီးအလုပ်လုပ်ပါသည်။
"ဦး.."
"အင်း ဆေးခန်းကိုပြန်ကြမယ်၊ ညနေလည်းရောက်နေပြီ၊ ကောင်လေး အိမ်ပြန်ဖို့နောက်ကျနေမယ်"
"အာ..ဟုတ်ကဲ့"
ဦးက Baekhyun ရဲ့ပုခုံးကိုဖက်ကာ ခေါ်သွားတာမို့ Baekhyun လည်းလက်တစ်ဖက်ဖြင့် ကိုယ့်တင်ပါးကိုယ်ကာပြီး ဦးရဲ့ဘေးနားကနေ ပြုံးတုံ့တုံ့ဖြင့်ပါသွားပါတော့သည်။
ထိုနေ့ညနေက Baekhyun အိမ်မပြန်ခင် ဦးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလျော့ချရင်ကောင်းမလား ဒါမှမဟုတ် အိမ်မှာရှိသမျှဘောင်းဘီတိုတွေကိုပဲချောင်ထိုးလိုက်ရင်ကောင်းမလား၊ ဘာလုပ်ရင်ကောင်းမလဲဟု စဉ်းစားရကြပ်သွားခဲ့ရပါသည်။
"နောက်ဆိုရင် ခန္ဓာကိုယ်မှာအရမ်းကပ်နေတဲ့ ဘောင်းဘီတိုတွေ မဝတ်နဲ့ ကောင်လေး၊ ကိုယ်ပြောတာကြားလား"
ကဲ Baekhyun ဘာလုပ်သင့်သလဲ?။
.................................................................................
(ဆက်ရန်)
(၂၇.၁၀.၂၀၂၃)
(Zawgyi)
အခ်ိန္သုံးလဟာ တေရြ႕ေရြ႕နဲ႔ပဲကုန္ဆုံးသြားခဲ့ပါသည္။ထိုသုံးလအတြင္း Chanyeol ဟာ ရြာေလးရြာအတြက္ ေဆးခန္းတစ္ခုဖြင့္လွစ္ေပးရန္အေကာင္းဆုံးျပင္ဆင္ခဲ့သည္။ေဆးခန္းအတြက္လိုအပ္တာမွန္သမၽွကို အခ်ိန္ယူျပင္ဆင္ခဲ့ရင္း ေနာက္ဆုံးမွာေတာ့ ရြာလယ္စာသင္ေက်ာင္းႏွင့္အနီးဆုံးေနရာမွာ ေဆးခန္းတစ္ခုတည္ေဆာက္ရန္ျဖစ္လာခဲ့ပါသည္။
Chanyeol တို႔ဆရာဝန္အဖြဲ႕ဟာ ရြာကိုစေရာက္လာကတည္းက ရြာသူရြာသားေတြ၏ ခ်စ္ခင္ယုံၾကည္မွုႏွင့္ေလးစားအားထားမွုကိုအျပည့္အဝရရွိထားတာမို႔ Chanyeol တို႔ရဲ့အစီအစဥ္မွန္သမၽွကို အကုန္လုံးဟာအားတတ္သေရာျဖင့္ပါဝင္ကူညီေပးၾကသည္။ရြာေလးရြာမွာ ပထမဦးဆုံး က်န္းမာေရးအေထာက္အကူျပဳေဆးခန္းရွိလာေတာ့မွာမို႔ လူတိုင္းနီးပါး ဝမ္းသာေပ်ာ္ရႊင္ေနၾကပါသည္။
ေဆးခန္းအတြက္ အေျခခံကေနစတင္ၿပီး လိုအပ္ခ်က္မွန္သမၽွကို Chanyeol ကပဲအစအဆုံးတာဝန္ယူေပးထားသည္။ရြာေလးရြာအတြက္က်န္းမာေရးအက်ိဳးျပဳေဆးခန္းေဆာက္လုပ္ဖို႔ Chanyeol ၿမိဳ႕တက္ၿပီး မိသားစုႏွင့္လည္းတိုင္ပင္ခဲ့ပါေသးသည္။Park family ဝင္ေတြကေတာ့ အမ်ားအက်ိဳးျပဳလုပ္ငန္းသာဆိုလၽွင္ အျပည့္အဝေထာက္ခံအားေပးၾကပါသည္။ေဆးခန္းၿပီးသြားလၽွင္လည္း ေဆးခန္းအတြက္လိုအပ္တဲ့ေဆးဝါးႏွင့္ပစၥည္းေတြကိုေရာ ေဆးခန္းထိုင္မည့္ ဆရာဝန္ကိုပါ LOEY hospital ကအားလုံးစီစဥ္ေပးသြားမွာျဖစ္သည္။
:
Baekhyun နိုးလာကတည္းက စိတ္ထဲညစ္ညဴးသလိုခံစားေနရၿပီး ကိုယ္ေတြလက္ေတြလည္းမသယ္ခ်င္သလိုျဖစ္ေနသည္။အထူးသျဖင့္ ဗိုက္ထဲမအီမသာျဖစ္ေနတာကပိုဆိုးပါသည္။
"ေနမေကာင္းျဖစ္ခ်င္ျပန္ၿပီလားမသိဘူး"
စိတ္ညစ္ညစ္ျဖင့္ေရရြတ္လိုက္ၿပီးေနာက္ လက္ထဲကအဝတ္စုတ္ကိုပစ္ခ်ၿပီး Baekhyun ခုံမွာထိုင္ခ်လိုက္သည္။ထိုင္လိုက္ေတာ့မွပဲ ခါးနာေနတာက အနည္းငယ္သက္သာသြားသလိုပင္။
"ေက်ာင္းကတစ္ခုခုဆက္သြယ္ေသးလား ေျမးေလး"
ဖြားဖြားကလွမ္းေမးလာသည္။ေနာက္လအစပိုင္းေလာက္မွာ Baekhyun ၿမိဳ႕ေက်ာင္းသြားတက္ရေတာ့မွာျဖစ္သည္။ထိုကိစၥအတြက္ ဖြားဖြားႏွင့္ေဒၚေဒၚက Baekhyun ထက္ပင္ပိုတက္ႂကြေနပါသည္။
"မဆက္သြယ္ပါဘူး ဖြားဖြားရဲ့၊ ေက်ာင္းေရာ အေဆာင္ေရာအပ္ၿပီးသြားၿပီပဲဟာ၊ ဘာကိစၥမွမရွိေတာ့ဘူးေလ"
"အဲ့ဒါလည္းဟုတ္တာပဲ"
အေဝးမွာေက်ာင္းသြားတက္ရေတာ့မွာဆိုေတာ့ ဖြားဖြားက သူမဖုန္းအား Baekhyun ကိုအပိုင္ေပးထားသည္။Baekhyun ကအသက္ငယ္ေသးတာမို႔ ဖြားဖြားတို႔က ဖုန္းအသစ္ေတာ့ဝယ္မေပးေသးပါ။အခု ဖြားဖြားေပးထားတဲ့ဖုန္းကလည္း ခလုတ္ဖုန္းေလးျဖစ္သည္။Baekhyun တို႔အိမ္မွာ ေဒၚေဒၚသာလၽွင္ ဖုန္းအျပားႀကီးကိုင္ပါသည္။
"ဖြားဖြား"
"ေဟ"
"သားစိတ္ေရာ ကိုယ္ေရာ တစ္မ်ိဳးႀကီးျဖစ္ေနတယ္၊ ေနမေကာင္းခ်င္လို႔လား မသိဘူး၊ အဲ့ဒါ ေဆးခန္းသြားျပၾကည့္ရမလားဟင္"
"ဟယ္ ဟုတ္လား၊ ေအးေအး သြားျပၾကည့္ေလ၊ ေျမးေလးအေဒၚကိုပါေခၚသြား"
"အဲ့ဒါဆို ဖြားဖြားတစ္ေယာက္တည္းဆိုင္မွာက်န္ခဲ့မွာေပါ့၊ သား အမႊာႏွစ္ေယာက္ကိုပဲေခၚသြားလိုက္မယ္ ဖြားဖြား"
ဖြားဖြားက ထိုင္ေနရာမွထလာကာ Baekhyun ရဲ့အနားကိုေရာက္လာသည္။ထို႔ေနာက္ Baekhyun ရဲ့ႏွဖူးႏွင့္ပါးျပင္ေတြကိုစမ္းၾကည့္ၿပီး
"ကိုယ္ေတာ့မပူဘူး၊ ဒါေပမယ့္ ႏွုတ္ခမ္းေတြျဖဴေနသလိုပဲ၊ ေဆးခန္းကိုေသခ်ာျပခဲ့ေနာ္ ေျမးေလး၊ ေျမးေလးျဖစ္ေနတာကိုလည္း ေဒါက္တာေလးတို႔ကိုေသခ်ာေျပာျပ"
"ဟုတ္ကဲ့ ဖြားဖြား"
Baekhyun စက္ဘီးေသာ့ကိုကိုင္ကာ ထိုင္ေနရာမွထၿပီး သြားဖို႔ျပင္လိုက္သည္။
"စက္ဘီးမနင္းနိုင္ရင္ အမႊာႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ရဲ့အေနာက္ကေနလိုက္စီးေနာ္ ေျမးေလး"
"အဲ့ေလာက္ထိေတာ့မဟုတ္ပါဘူး ဖြားဖြားရဲ့၊ ဒါဆို သားသြားၿပီေနာ္"
"ေအးေအး ေျမးေလး"
Baekhyun ဆိုင္ထဲကထြက္သြားၿပီးေတာ့မွ အေနာက္ထဲကေန အေဒၚျဖစ္သူထြက္လာသည္။
"Hyunee ကဘယ္သြားတာလဲ အေမ"
"ေနမေကာင္းခ်င္သလိုျဖစ္ေနလို႔တဲ့ေလ၊ အဲ့ဒါ ေဆးခန္းသြားျပတာ၊ ႀကိဳျပထားေတာ့ေကာင္းတာေပါ့ေအ"
"သမီးေတာ့မထင္၊ ေဆးခန္းေဆာက္ေနတဲ့ဆီကိုသြားတာပဲေနမွာေပါ့၊ တစ္ေန႔တစ္ေခါက္ေလာက္မွမသြားရရင္ မေနနိုင္ျဖစ္ေနတာမလား"
"ညည္းကလည္းေအ၊ ငါ့ေျမးေလးက တကယ္ႀကီး ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနတာပါ၊ ဒီကေလး ဒီအေတာအတြင္း က်န္းမာေရးကိုခ်ဴခ်ာေနတာ"
အေမျဖစ္သူရဲ့စကားကို သူမကေတာ့ ေခါင္းတခါခါျဖင့္သာ ရယ္ေနပါေတာ့သည္။
:
"Baekhyun မင္းတကယ္ေနမေကာင္းျဖစ္ေနတာလား"
လီဝူး ကေမးလာတာမို႔ Baekhyun ေခါင္းသာညိမ့္ျပလိုက္သည္။
"အခု စက္ဘီးနင္းရတာေရာအဆင္ေျပရဲ့လား"
အမႊာႏွစ္ေယာက္က စက္ဘီးတစ္စီးစီးၿပီး Baekhyun ကတစ္စီးစီးေနတာမို႔ ထယ္ဝူး ကေမးလာသည္။
"ေျပပါတယ္"
အမွန္ေတာ့ Baekhyun ခါးနာေနတာျဖစ္သည္။နာေနေပမယ့္လည္း စက္ဘီးနင္းရေတာ့ ခါးနာတာ သက္သာသလိုလို မသက္သာသလိုလိုျဖင့္ တစ္မ်ိဳးေတာ့ျဖစ္ေနပါသည္။
စက္ဘီးကိုပုံမွန္အတိုင္းနင္းလာၾကရင္း ခဏအၾကာမွာေတာ့ Baekhyun တို႔ေတြရြာလယ္ေက်ာင္းက ေဆးခန္းကိုေရာက္ၿပီျဖစ္သည္။ေဆးခန္းထဲမဝင္ခင္ ခပ္လွမ္းလွမ္းက ေဆာက္လုပ္ေရးလုပ္ေနသူေတြဆီကိုလည္း Baekhyun အၾကည့္ပို႔လိုက္ပါေသးသည္။
ေဆးခန္းထဲကို Baekhyun ဝင္သြားေတာ့ ေဒါက္တာ Hanwool ကအျပဳံးျဖင့္ၾကည့္လာသည္။
"ေဟာ Baekhyun ေရာက္လာၿပီ၊ Chanyeol ကဟိုဘက္အခန္းမွာ လူနာၾကည့္ေနတယ္ကြ"
"အာ..ဟုတ္ကဲ့၊ ကၽြန္ေတာ္ ေနမေကာင္းခ်င္သလိုျဖစ္ေနလို႔ ေဆးခန္းလာျပတာပါ ေဒါက္တာ"
"ေဟ"
ထိုေတာ့မွ ေဒါက္တာ Hanwool က Baekhyun ရဲ့အနားအလ်င္အျမန္ေရာက္လာသည္။ထို႔ေနာက္ ႏွဖူးကိုစမ္းၾကည့္သည္။
"အဖ်ားေတာ့ရွိပုံမရဘူး၊ တစ္ေယာက္တည္းလာတာလား"
"အမႊာႏွစ္ေယာက္နဲ႔ပါဗ်၊ အျပင္မွာေစာင့္ေနၾကတယ္"
"ဪ၊ လာ ခုတင္ေပၚလာလွဲ"
Baekhyun ခုတင္ေပၚမွာလွဲလိုက္ၿပီးေနာက္ ေဒါက္တာက နားၾကပ္ကိုနားမွာခ်ိတ္ၿပီး ေသြးေပါင္ခ်ိန္တိုင္းဖို႔ျပင္သည္။လက္ေမာင္းမွာတင္းၾကပ္ေနတဲ့လက္ပတ္က ေအာင့္သက္သက္ေတာ့ျဖစ္ေစပါသည္။
"ေသြးေပါင္က်ေနတာပဲ၊ ေခါင္းမူးေနလား"
"ေခါင္းထဲ ညီးစီစီေတာ့ျဖစ္ေနတယ္ဗ်"
"အင္း ေနာက္ၿပီးေတာ့ေရာ ဘယ္နားမွာ ဘာျဖစ္ေသးလဲ"
"ခါး၊ ခါးကေညာင္းသလိုလို နာသလိုလိုျဖစ္ေနတယ္၊ ဗိုက္ထဲလည္းမအီမလည္ျဖစ္တယ္၊ ခႏၶာကိုယ္ကလည္းပင္ပန္းသလိုျဖစ္ေနတယ္ဗ်၊ ေနာက္ၿပီး...ေနာက္ၿပီး စိတ္ညစ္ေနတယ္"
Baekhyun ကတစ္ခုခ်င္းစီကိုစဥ္းစားၿပီး ေရရြတ္လာတာမို႔ Hanwool ေခါင္းတညိမ့္ညိမ့္လုပ္လိုက္သည္။
"ေသြးအားနည္းၿပီး ခႏၶာကိုယ္ပင္ပန္းေနတာပါ၊ ဒါနဲ႔ စိတ္ညစ္တာက တစ္စုံတစ္ေယာက္နဲ႔မ်ားဆိုင္ေနမလား"
"ဗ်ာ"
စိတ္ညစ္ေအာင္ ဘယ္သူကမ်ား Baekhyun ကိုလုပ္ပါလိမ့္။ေတြးၾကည့္ရသေလာက္ ဘယ္သူမွလည္းမလုပ္ပါ။အမွန္အတိုင္းေျပာရရင္ စိတ္ညစ္တယ္ဆိုေပမယ့္လည္း ဘာေၾကာင့္ စိတ္ညစ္တယ္ဆိုတာကို Baekhyun ကိုယ္တိုင္ေတာင္မသိပါေလ။
"ဘယ္သူလဲ Chanyeol လား"
"ဟင္...ဗ်ာ၊ ဦးက ဘာလို႔လဲ၊ အဲ့လိုမ်ိဳးမဟုတ္ပါဘူး၊ ဦးက ကၽြန္ေတာ္စိတ္ညစ္ေအာင္ ဘာမွမလုပ္ပါဘူးဗ်"
ထိုအခါ ေဒါက္တာ Hanwool ကဟုတ္လို႔လားဆိုတဲ့ပုံစံျဖင့္ျပန္ၾကည့္သည္။ဟင္! Baekhyun တကယ္ေျပာေနတာပါ။ဦးနဲ႔Baekhyun ရဲ့ၾကားထဲမွာဘာစိတ္ညစ္စရာကိစၥမွမရွိတာအမွန္ပါ။
"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ၊ အခုေဆးေပးလိုက္မယ္၊ ေန႔လယ္စာစားၿပီးသြားၿပီမလား"
"ဟုတ္၊ ၿပီးၿပီဗ်"
"ဒါဆို ဒီမွာ အခု ေဆးတစ္ခါတည္းေသာက္သြားလိုက္၊ ၿပီးရင္ ညအတြက္လည္းေပးလိုက္မယ္"
"................."
"ေဆးက တစ္လုံးတည္းပါ၊ နည္းနည္းေတာ့ႀကီးတယ္"
"..............."
"ေရာ့ ေသာက္လိုက္၊ ဒီမွာ ေဆး၊ ဒီမွာ ေရ"
Baekhyun ရဲ့လက္တစ္ဖက္စီထဲကို ေဆးႏွင့္ေရခြက္အား Hanwool ထည့္ေပးလိုက္သည္။သို႔ေသာ္ Baekhyun ကေတာ့ေၾကာင္ေတာင္ေတာင္ျဖင့္သာ ေဆးႏွင့္ေရခြက္ကိုကိုင္ထားပါသည္။
"ေသာက္ေလ Baekhyun"
"ဟို....ဟို ကၽြန္ေတာ္..."
"ဟင္ အင္း၊ ဘာေျပာခ်င္လို႔လဲ"
"ကၽြန္ေတာ္...ေဆး...ေဆးက..."
"ေအာ...ေဆးက ဘာျဖစ္လို႔လဲ၊ ႀကီးလို႔လား၊ အဲ့ဒါဆို ဝါးၿပီးမွ ၿမိဳခ်လိုက္ေလ"
"ဟင္..ဝါး..ဝါးရမယ္"
Baekhyun က Hanwool ကိုမ်က္လုံးအျပဴးသားျဖင့္အထိတ္တလန့္ၾကည့္ေနသလို Hanwool ကလည္း Baekhyun ကိုနားမလည္သလိုျပန္ၾကည့္ေနပါသည္။ႏွစ္ေယာက္ၾကား တိတ္ဆိတ္ေနလၽွက္ရွိသည္။
ထိုအခ်ိန္ အခန္းထဲကို Chanyeol ဝင္လာခဲ့သည္။
"ေကာင္ေလး ေနမေကာင္းလို႔ဆို"
"ဦး.."
"Chanyeol"
"အင္း၊ ဘာျဖစ္တာလဲ ေကာင္ေလး"
ဦးက Baekhyun ရဲ့အနားကိုေရာက္လာၿပီး ခႏၶာကိုယ္အား ဟိုဟိုဒီဒီေလၽွာက္ၾကည့္ကာ စစ္ေဆးေမးျမန္းလာပါသည္။ထိုအခါ Hanwool ကပဲ Chanyeol ကိုေသခ်ာေလးရွင္းျပေပးလိုက္သည္။
"အခုေရာ သက္သာလား ေကာင္ေလး"
"ဘယ္သက္သာဦးမတုန္း၊ ေဆးမွမေသာက္ရေသးတာ၊ ေဆးေသာက္လိုက္ပါဦး Baekhyun"
ထိုအခိုက္ ေကာင္ေလးရဲ့အၾကည့္ေတြဟာ Chanyeol ဆီကိုေရာက္လာခဲ့သည္။အၾကည့္ေလးကိုက ကယ္ေပးပါဦး ဆိုတဲ့ပုံစံမ်ိဳး။Chanyeol ျပဳံးလိုက္ရင္း ေကာင္ေလးရဲ့ေခါင္းကိုအသာအုပ္ကိုင္လိုက္ေတာ့ မ်က္လုံးေလးဝင့္ၿပီးၾကည့္လာသည္။
"ကိုယ္ေဆးႀကိတ္ေပးမယ္၊ ေသာက္လိုက္ေနာ္ ေကာင္ေလး"
".............."
"ေသာက္မယ္မလား ဟင္"
ေကာင္ေလးရဲ့ႏွာေခါင္းထိပ္ေလးကို လက္ညႇိုးျဖင့္အသာတို႔ထိရင္း ေမးလိုက္ေတာ့ Chanyeol ကိုျပဳံးတုံ႔တုံ႔ျဖင့္ေခါင္းေလးညိမ့္ျပပါသည္။ညႇိႏွိုင္းျခင္းၿပီးၿပီမို႔ Chanyeol ေဆးႀကိတ္ရန္ျပင္လိုက္သည္။
ထိုအခ်ိန္ Chanyeol ႏွင့္ Baekhyun တို႔ကိုမအီမသာမ်က္ႏွာျဖင့္ၾကည့္ေနတာကေတာ့ Hanwool ပဲျဖစ္ပါသည္။
:
ေဆးေသာက္ၿပီးသြားေတာ့ Baekhyun ရဲ့စိတ္အေျခအေနလည္းအေတာ္ေလးအဆင္ေျပသြားၿပီမို႔ ဦးတို႔ဆီကေန ညေနမွျပန္ဖို႔ဆုံးျဖတ္လိုက္သည္။အမႊာႏွစ္ေယာက္ကေတာ့ ျပန္သြားၿပီျဖစ္ၿပီး Baekhyun ရဲ့အေျခအေနႏွင့္ညေနမွျပန္လာမယ္ဆိုတဲ့အေၾကာင္း ဖြားဖြားတို႔ကိုဝင္ေျပာေပးထားပါလိမ့္မည္။
"ေဆးခန္းေတာင္ေတာ္ေတာ္ၿပီးေနၿပီေနာ္ ဦး"
"အင္း ေနာက္တစ္ပတ္ေလာက္ဆို အကုန္ၿပီးၿပီ"
ေဆာက္လုပ္ေနစဲေဆးခန္းကို ဦးႏွင့္အတူလာၾကည့္ရင္း Baekhyun ပီတိျဖာေနရသည္။ေနာက္ဆို Baekhyun တို႔ရဲ့ရြာမွာ ေဆးခန္းေရာ ဆရာဝန္ေရာ အျမဲတမ္းရွိေနေတာ့မွာေပါ့။
"ဒါဆို ဒီေဆးခန္းၿပီးတာနဲ႔ ဦးတို႔က ၿမိဳ႕ျပန္ေတာ့မွာလားဟင္"
ဦးက Baekhyun ကိုငုံ႔ၾကည့္လာတာအား သတိထားမိေပမယ့္လည္း ျပန္ေမာ့မၾကည့္ျဖစ္ပါ။
"ဒီေဆးခန္းမွာထိုင္ဖို႔ ဆရာဝန္မေရာက္မခ်င္း ကိုယ္တို႔မျပန္ေသးပါဘူး"
"ဟို..ဘာလို႔ ဦးက ဒီေဆးခန္းမွာဆရာဝန္မလုပ္တာလဲဟင္၊ ဒီေနရာမွာ အၾကာႀကီး မ..မေနခ်င္လို႔လားဗ်"
ဒီတစ္ခါေတာ့ ဦးကို Baekhyun ေမာ့ၾကည့္လိုက္သည္။ဦးက Baekhyun ကိုၾကည့္ေနရင္းမွ ျပဳံးရင္းေခါင္းခါျပပါသည္။
"ကိုယ့္ရဲ့ဆႏၵက မဖြံ႕ၿဖိဳးတဲ့ေနရာေဒသေတြကိုေလၽွာက္သြားၿပီး ပရဟိတေဆးကုသမွုေတြလုပ္ေပးခ်င္တာေလ၊ အဲ့ဒါေၾကာင့္ ကိုယ္တစ္ေနရာတည္းမွာ ပုံေသေနလို႔မရဘူး ေကာင္ေလး၊ ကိုယ့္ကိုနားလည္တယ္မလား"
ဦးရဲ့စိတ္ထားက အရမ္းကိုေကာင္းမြန္လြန္းတာမို႔ Baekhyun သေဘာတက်ျပဳံးလိုက္မိပါသည္။ဦးက လူတင္မကဘဲ စိတ္ထားမွာပါ အစစအရာရာၿပီးျပည့္စုံေနပါေရာလား။
"ဟုတ္၊ နားလည္တယ္ ဦး၊ ကၽြန္ေတာ္ နားလည္ပါၿပီဗ်"
Baekhyun ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး ခပ္ျမဴးျမဴးေလးေျပာလိုက္ေတာ့ ဦးကလည္း ခပ္ဟဟရယ္ၿပီး Baekhyun ရဲ့ပါးေလးကို ခပ္ဖြဖြဆြဲလာပါသည္။ဦးဟာ သူအရမ္းသေဘာက်လာခဲ့ရင္ Baekhyun ရဲ့ခႏၶာကိုယ္တစ္ေနရာရာအား ကေလးငယ္ေတြကိုအသည္းယားလို႔ထိသလိုမ်ိဳးလာထိတတ္သည္။Baekhyun ကလည္း ဦးရဲ့ထိုအျပဳအမူကို အရမ္းအရမ္းသေဘာက်ရပါသည္။
"ေကာင္ေလး ေနာက္လေလာက္ဆို ၿမိဳ႕မွာေက်ာင္းသြားတက္ရမွာမလား"
"ဟုတ္တယ္ ဦး"
"အင္း၊ အဲ့အခ်ိန္ေလာက္ဆို ကိုယ္လည္းၿမိဳ႕ျပန္ေရာက္ေနပါၿပီ၊ ကိုယ္မၾကာခဏဆိုသလို ေကာင္ေလးဆီကိုလာေတြ႕မယ္ေနာ္"
"ဗ်ာ၊ တ..တကယ္ေနာ္ ဦး! ဦး တကယ္ေျပာတာေနာ္!"
ဦးကေခါင္းညိမ့္ျပလာတဲ့အခါ Baekhyun ထမခုန္မိ႐ုံတမယ္ျဖစ္သြားရပါသည္။ဒါဆို ၿမိဳ႕ေရာက္သြားခဲ့ရင္လည္း ဦးနဲ႔ေတြ႕ရဦးမွာေပါ့။ေပ်ာ္လိုက္တာ! ေပ်ာ္လြန္းလို႔ Baekhyun ရဲ့ရင္ထဲတစ္မ်ိဳးႀကီးေတာင္ျဖစ္လာရသည္။ၾကည္ႏူးမိသလိုမ်ိဳး၊ စိတ္ေအးသြားရသလိုမ်ိဳး။
"ကိုယ္လာေတြ႕မယ္ဆိုေတာ့ ေပ်ာ္သြားတာလား"
"ေပ်ာ္တာေပါ့ ဦးရ၊ တကယ္အမ်ားႀကီးေပ်ာ္တယ္၊ အရမ္းေပ်ာ္တယ္၊ ကၽြန္ေတာ္...ေပ်ာ္တယ္"
ခပ္ျပဳံးျပဳံးျဖင့္စူးစိုက္ၾကည့္ေနတဲ့ဦးေၾကာင့္ Baekhyun ရဲ့အသံေလးတိုးတိတ္ၿပီး ေခါင္းငုံ႔ခ်လိုက္မိသည္။ဦးရဲ့ အၾကည့္ေတြက Baekhyun ကိုအျမဲလိုလိုရင္တုန္ေစပါေရာလား။
"အင္း၊ ေပ်ာ္တယ္ဆိုလို႔ ကိုယ္လည္းဝမ္းသာပါတယ္"
"ဟုတ္..ဟုတ္ကဲ့ဗ်"
"ညီေလး၊ ညီေလး"
Baekhyun တို႔ေတြ စကားတေျပာေျပာရွိေနတုန္း အေနာက္ကေနေခၚသံၾကားလိုက္ရတာမို႔လွည့္ၾကည့္လိုက္ေတာ့ အလုပ္သမားအစ္ကိုႀကီးတစ္ေယာက္ျဖစ္ေနသည္။
"ကၽြန္ေတာ့္ကို ေခၚတာလားဗ်"
Baekhyun သူ႔ကိုယ့္သူလက္ညႇိုးထိုးျပရင္းေမးလိုက္ေတာ့ ထိုအစ္ကိုႀကီးက ေခါင္းညိမ့္ျပၿပီးေျပာလာသည္က
"ညီေလးရဲ့ေဘာင္းဘီမွာ ဘာေတြလဲမသိဘူး ေပေနတယ္"
"ဟင္"
မျမင္နိုင္မွန္းသိေပမယ့္လည္း Baekhyun အေနာက္ကိုေခါင္းလွည့္ၿပီးၾကည့္လိုက္မိသလို ဦးကလည္း Baekhyun ရဲ့အေနာက္ကိုငုံ႔ၾကည့္ေပးလာသည္။
"အင္း ဟုတ္တယ္၊ ဘာေတြပါလိမ့္"
"ဘယ္နားမွာလဲ ဦး"
"တင္ပါးမွာ"
Baekhyun တင္ပါးကိုအသာခါၿပီးစမ္းၾကည့္လိုက္ေပမယ့္လည္း လက္မွာဘာမွေပမလာပါ။
"ဟုတ္၊ ေျပာျပေပးလို႔ ေက်းဇူးေနာ္ အစ္ကို"
"ရပါတယ္ ရပါတယ္"
လက္ကာျပၿပီး ထိုအစ္ကိုႀကီးက သူ႔အလုပ္သူသြားျပန္လုပ္ေနသည္။
"ဘယ္နားေတြထိုင္လာလဲ ေကာင္ေလး"
"အာ၊ ကၽြန္ေတာ္ ဘယ္နားေတြထိုင္လာမိပါလိမ့္"
"ေဆးေရာင္ေတြမ်ားလား၊ ေပေနတာၾကာၿပီနဲ႔တူတယ္၊ ေျခာက္ေတာင္ေျခာက္ေနၿပီ"
Baekhyun ကိုယ့္တင္ပါးကိုယ္ လက္ဖဝါးျဖင့္ကြယ္ထားမိတဲ့အခါ ဦးကရယ္သည္။
"ေဘာင္းဘီကအညိဳေရာင္မို႔ သိပ္ေတာ့မထင္းပါဘူး ေကာင္ေလးရဲ့"
"မထင္းဘူးသာဆိုတယ္၊ ဟို အစ္ကိုက ျမင္တယ္ေလ"
"အဲ့ဒါ သူက......"
ဦးက တစ္ခုခုေျပာဟန္ျပင္ၿပီးကာမွ အသံတိတ္သြားတာမို႔ Baekhyun ေမာ့ၾကည့္လိုက္ေတာ့ ဦးရဲ့အၾကည့္ေတြက တစ္ေနရာတည္းမွာရွိေနၿပီး မ်က္ခုံးေတြလည္းအနည္းငယ္တြန့္ခ်ိဳးထားပါေသးသည္။Baekhyun လိုက္ၾကည့္လိုက္တဲ့အခါ ဦးၾကည့္ေနတာက ခုနကအစ္ကိုကိုျဖစ္ၿပီး ထိုအစ္ကိုကလည္း ဦးၾကည့္ေနတာကိုသိတဲ့အခါ တျခားေနရာကိုေရႊ႕သြားၿပီးအလုပ္လုပ္ပါသည္။
"ဦး.."
"အင္း ေဆးခန္းကိုျပန္ၾကမယ္၊ ညေနလည္းေရာက္ေနၿပီ၊ ေကာင္ေလး အိမ္ျပန္ဖို႔ေနာက္က်ေနမယ္"
"အာ..ဟုတ္ကဲ့"
ဦးက Baekhyun ရဲ့ပုခုံးကိုဖက္ကာ ေခၚသြားတာမို႔ Baekhyun လည္းလက္တစ္ဖက္ျဖင့္ ကိုယ့္တင္ပါးကိုယ္ကာၿပီး ဦးရဲ့ေဘးနားကေန ျပဳံးတုံ႔တုံ႔ျဖင့္ပါသြားပါေတာ့သည္။
ထိုေန႔ညေနက Baekhyun အိမ္မျပန္ခင္ ဦးေျပာလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ရင္ေကာင္းမလား ဒါမွမဟုတ္ အိမ္မွာရွိသမၽွေဘာင္းဘီတိုေတြကိုပဲေခ်ာင္ထိုးလိုက္ရင္ေကာင္းမလား၊ ဘာလုပ္ရင္ေကာင္းမလဲဟု စဥ္းစားရၾကပ္သြားခဲ့ရပါသည္။
"ေနာက္ဆိုရင္ ခႏၶာကိုယ္မွာအရမ္းကပ္ေနတဲ့ ေဘာင္းဘီတိုေတြ မဝတ္နဲ႔ ေကာင္ေလး၊ ကိုယ္ေျပာတာၾကားလား"
ကဲ Baekhyun ဘာလုပ္သင့္သလဲ?။
.................................................................................
(ဆက္ရန္)
(၂၇.၁၀.၂၀၂၃)