(Unicode)
"Hyunee"
"မြေးလေး"
"ဟင် အင်းး"
ခေါ်သံတွေကိုနားထဲမှာကြားနေရပေမယ့် လေးလံပြီးချာချာလည်နေတဲ့ခေါင်းကြောင့် Baekhyun မျက်လုံးမဖွင့်နိုင်ပါ။အခုအချိန် ခန္ဓာကိုယ်တစ်ခုလုံးမှာ ခေါင်းတစ်ခုလုံးလေးလံထုံကျင်နေတဲ့ ဝေသနာကိုသာ Baekhyun ခံစားနေရသည်။
"Hyunee ထနိုင်ရဲ့လား"
နောက်ဆုံးမှာတော့ Baekhyun အားတင်းပြီး မျက်လုံးကိုဖြတ်ခနဲဖွင့်လိုက်သည်။သို့သော် အမြင်အာရုံထဲဝင်လာတဲ့မြင်ကွင်းတွေက ဝေဝေဝါးဝါး။
"Hyunee ကထနိုင်မယ်မထင်ဘူး အမေ"
"အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ဒေါက်တာတို့ကို အိမ်ကိုခေါ်လိုက်မှပဲရတော့မယ်၊ သမီးသွားလိုက်မယ်"
"အေးအေး သမီး"
Baekhyun ရဲ့မျက်လုံးထဲ ဒေါ်ဒေါ်ထထွက်သွားတာကို ဝေဝေဝါးဝါးတွေ့လိုက်ရပြီးနောက် စိတ်အာရုံတစ်ခုလုံးအမှောင်အတိလွှမ်းသွားပါတော့သည်။
:
"အင်းးး"
ပထမတစ်ခေါက်လိုမဟုတ်ဘဲ အခုနိုးလာတဲ့တစ်ခေါက်မှာတော့ Baekhyun ရဲ့ဦးခေါင်းထဲကဝေသနာဟာ အတော်လေးသက်သာနေပါသည်။သို့သော် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းနေသလိုမျိုးခံစားနေရသည်။
"ကောင်လေး ကောင်လေး"
နားထဲအတော်လေးယဉ်ပါးနေတဲ့ ခေါ်သံဩရှရှကြောင့် Baekhyun မျက်လုံးဖွင့်လိုက်မိတာအလျင်အမြန်ပင်။ဒီတစ်ခါမှာတော့ မြင်ကွင်းတွေကထင်ရှားနေပါသည်။
"ဦး.."
ခြောက်သွေ့နေတဲ့လည်ချောင်းထဲကနေထွက်သွားတဲ့ Baekhyun ရဲ့အသံက တိုးလျပြီးအက်ရှရှဖြစ်နေသည်။
"ကောင်လေး သတိရလာပြီ၊ သက်သာရဲ့လား၊ ခေါင်းထဲမခံမရပ်နိုင်အောင်ဖြစ်တာမျိုးရှိသေးလား"
Baekhyun လှဲနေတဲ့အိပ်ရာဘေးနားမှာ ဦးက တင်ပလ္လင်ခွေထိုင်နေပြီး ငုံ့ကြည့်ကာ ညင်ညင်သာသာမေးလာသည်။ဦးဝတ်ထားတဲ့အဖြူရောင် ဆရာဝန်ကုတ်လေးဟာ Baekhyun ရဲ့အမြင်အာရုံတွေကိုရှင်းသန့်သွားစေပါသည်။
"ဟင့်အင်း၊ သက်သာပါတယ်ဗျ"
Baekhyun မြင်နေရတဲ့ ဦးရဲ့မျက်နှာဟာ အရင်နေ့တွေကလောက် ကြည်ကြည်လင်လင်ရှိမနေပါ။တစ်ခုခုကို စိုးရိမ်ပူပန်နေသလိုမျိုးဖြစ်နေသည်။
"အဖျားကြီးပြီး သတိတောင်မေ့တဲ့အထိ ဘယ်လိုဖြစ်ရတာလဲ ကောင်လေးရယ်၊ မနေ့ညကတည်းကဖျားနေတာမလား"
".................."
မှန်သည်။Baekhyun မနေ့ညက အိပ်ခါနီးကတည်းက ဖျားချင်ချင်ဖြစ်နေတာပင်။သို့သော် အရေးမထားမိဘဲအိပ်လိုက်ရာက ညတရေးနိုးလာတော့ Baekhyun အတော်လေးဖျားနေပြီဖြစ်သည်။သို့သော်လည်း ထပ်ပြီး စောင်ခြုံကွေးကာ ပေတေအိပ်လိုက်ရာက မနက်မိုးလင်းမှာတော့ အခုလိုမျိုးသတိမေ့သွားရတဲ့အခြေအနေပါဖြစ်သွားခဲ့တာပင်။
"မနေ့က နေပူကြီးထဲ ကိုယ်တို့ဆီစွတ်ပြုတ်လာပို့လို့များလား"
"အဲ့..အဲ့လိုမဟုတ်ပါဘူး"
Baekhyun ကပြာကယာငြင်းလိုက်မိသည်။Baekhyun ဖျားရတာက ဦးတို့ကြောင့်လုံးဝမဟုတ်ပါ။မနေ့ကညနေပိုင်း ဦးတို့ဆီကပြန်လာပြီးနောက် Baekhyun ရေကိုအချိန်အတော်ကြာစိတ်ကြိုက်ချိုးလိုက်မိပါသည်။ခန္ဓာကိုယ်တစ်ခုလုံးအေးစိမ့်စိမ့်ဖြစ်လာမှသာ ရေချိုးတာကိုရပ်လိုက်တာဖြစ်သည်။
"မနေ့က ရေအကြာကြီးချိုးလိုက်မိလို့ဖြစ်လိမ့်မယ်ဗျ"
"အင်း၊ အအေးပက်ပြီးဖျားတာလို့တော့ Hanwool ပြောတယ်၊ ဆေးနှစ်လုံးလည်းထိုးပေးသွားတယ်၊ သောက်ဆေးတွေလည်းပေးထားတယ်"
"ကျွန်တော့်ကို ဒေါက်တာကုပေးတာမဟုတ်ဘူးလားဟင်"
Baekhyun မေးလိုက်တော့ ဦးကအသာပြုံးလိုက်ပြီး
"အဖျားရောဂါနဲ့ပတ်သတ်ရင် ကိုယ်လုံးဝမသိတာမျိုးတော့မဟုတ်ပေမယ့် အထွေထွေရောဂါကုဆရာဝန်ကတော့ ကိုယ့်ထက်ပိုသိတာပေါ့"
ဦးရဲ့စကားကို Baekhyun စိတ်ထဲမှာ တွက်ချက်ပြီးအဖြေထုတ်လိုက်တာက ဦးဟာ ဖျားနာရောဂါကိုကုသပေးတဲ့ဆရာဝန်တစ်ယောက်မဟုတ်ပါ။နောက်ပြီး Baekhyun သိရသလောက် ဦးက အမျိုးသမီးလူနာတွေကိုသာ ကုသပေးတာများသည်။ကလေးလည်းမွေးပေးပါသေးသည်။
"ဒါဆို ဦးက ဘာကုတာလဲဟင်၊ ကျွန်တော် သေချာမသိလို့"
"အင်း ကောင်လေးကိုနားလည်လွယ်အောင်ရှင်းပြရရင် ကိုယ်က ကလေးမွေးပေးတဲ့ဆရာဝန်ပါ၊ နောက်ပြီး အမျိုးသမီးတွေဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေကိုလည်းကုပေးတယ်၊ အမျိုးသမီးရောဂါကုဆရာဝန်ဆိုလည်းမမှားပါဘူး"
"အာ...အဲ့လိုကိုး"
အမျိုးသမီးရောဂါကုဆရာဝန်တဲ့လား။ဒါဆို အမျိုးသားဖြစ်တဲ့ Baekhyun က ဦးဆီမှာ ဘယ်တော့မှဆေးကုလို့ရတော့မှာမဟုတ်ဘူးပေါ့။
"ဟွန်"
Baekhyun ရဲ့နှုတ်ခမ်းဟာမသိမသာဆူပြီး အသံသဲ့သဲ့ထွက်သွားပါသည်။
"အခု ဆေးသောက်ဖို့အတွက် တစ်ခုခုစားရမယ် ကောင်လေး၊ ကောင်လေးရဲ့အဒေါ်က ဆန်ပြုတ်ပြုတ်ထားပေးခဲ့တယ်၊ ကိုယ်သွားထည့်လိုက်ဦးမယ်"
ဦးက ပြောပြောဆိုဆိုဖြင့်မတ်တပ်ထရပ်ပြီးနောက် ဆရာဝန်ကုတ်ကို အသာအယာချွတ်လိုက်သည်။ရှပ်အင်္ကျီလက်ရှည်ခဲရောင်နှင့် အနက်ရောင်ဘောင်းဘီရှည်ကလည်း ဦးနှင့်လိုက်ဖက်နေတာပါပဲ။ဦးကိုမြင်လာခဲ့တဲ့တစ်လျှောက်လုံး ဘယ်လိုအဝတ်အစားနှင့်မဆို ဦးကလိုက်ဖက်တာကို Baekhyun သေချာပေါက်သိပါသည်။
"ဒီကုတ်ကို..."
"ကျွန်တော် ကိုင်ထားပေးမယ်"
Baekhyun လှဲနေရာကနေ ဘယ်လိုတောင်ထထိုင်လိုက်မိလဲမသိပါ။
"ဟို..ဟို အဖြူလေး တစ်ခုခုပေသွားမှာစိုးလို့ပါ"
ဦးက Baekhyun ကိုခဏတာငြိမ်သက်ကြည့်ပြီးတော့မှ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး
"ဒါဆို ကိုယ့်ကုတ်လေးကို စောင့်ရှောက်ပေးပါဦးနော်"
"ဟု..ဟုတ်"
ကမ်းပေးလာတဲ့ကုတ်အဖြူလေးကို Baekhyun တရိုတသေယူလိုက်ပြီးတဲ့နောက် ဦးကအခန်းထဲကနေထွက်သွားလေပြီ။
ရုတ်တရက် Baekhyun ရဲ့နှာခေါင်းထဲ ရင်းနှီးနေတဲ့အမွှေးရနံ့သင်းသင်းလေးတစ်ခုတိုးဝင်လာသည်။အာ...ဆရာဝန်ကုတ်အဖြူရောင်လေးထဲ ခေါင်းနှစ်လိုက်မိတာကြောင့်ပဲ။
:
"ဖွားဖွားတို့က ကျွန်တော်နေမကောင်းဖြစ်နေတာကို ဘယ်လိုစသိသွားတာလဲဟင်"
"ဆိုင်ထွက်ဖို့ကို ကောင်လေးကထမကူတော့ အိပ်ရေးမဝလို့ဖြစ်လိမ့်မယ်ဆိုပြီး အဖွားတို့ကဝင်မနှိုးဖြစ်ဘူးတဲ့၊ နောက် ဆိုင်ထွက်ဖို့အကုန်ပြင်ပြီးသွားတဲ့အထိ ကောင်လေးကအိပ်ရာမထသေးတော့ ဘာများဖြစ်လို့လဲဆိုပြီး အခန်းထဲဝင်ကြည့်တော့မှ ဖျားနေမှန်းသိကြတာတဲ့လေ"
"အာ အဲ့လိုကိုး"
"ကောင်လေးက တော်တော်အဖျားကြီးနေတာ၊ သတိလစ်တဲ့အထိတောင်ဖြစ်သွားတာလေ၊ ဘာလို့ ရေကိုအအေးပက်တဲ့အထိချိုးရတာလဲ၊ ကောင်လေးက ရေကြိုက်တာလား"
"ဟို...ဦးတို့ဆီက ညနေပိုင်းပြန်ပြီးအိမ်ရောက်တော့ ပူအိုက်သလိုခံစားရလို့ပါ"
"နောက်ဆို သတိထားနော် ကောင်လေး၊ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ရမယ်၊ နေပူကြီးထဲလျှောက်လျှောက်မထွက်ရဘူး၊ အခုက နွေရာသီကုန်ခါနီးပြီဆိုတော့ တော်တော်ပူနေတာ၊ ရေများများသောက်ရမယ်၊ ချွေးထွက်များတဲ့အရာတွေလည်းလျော့လုပ်ရမယ်၊ ကြားလားကောင်လေး"
"ဟုတ်ကဲ့..ပါ"
နှစ်ယောက်ကြား စကားသံတွေတိတ်သွားပြီးတဲ့နောက် Baekhyun ကဆက်လက်၍
"ဦး၊ ဦးက ကျွန်တော့်ကို ဘယ်လိုလုပ် လာစောင့်ပေးဖို့ဖြစ်သွားတာလဲဟင်"
"ကောင်လေးနေမကောင်းလို့ဆိုပြီး ကောင်လေးရဲ့အဒေါ်ကဆရာဝန်လာခေါ်တော့ ကိုယ်လည်းစိတ်ပူပြီးလိုက်လာခဲ့တာ၊ ဒီရောက်တော့ ကောင်လေးက လုံးဝကိုသတိမေ့နေတာလေ၊ ကောင်လေးရဲ့အဖွားတို့က ဆိုင်ဖွင့်ဖို့အကုန်ပြင်ပြီးတာတောင် ကောင်လေးကိုစိတ်မချဖြစ်နေကြတော့ ကိုယ်က လူနာစောင့်ဖြစ်သွားခဲ့တာပါ၊ ကိုယ်စောင့်နေပေးမယ်ပြောတော့မှ အဖွားတို့လည်းစိတ်ချလက်ချဆိုင်ဖွင့်ကြတာ၊ နောက်ပြီး ကိုယ်လည်း ကောင်လေးတစ်ယောက်တည်းဖြစ်နေမှာကိုစိတ်မချလို့လေ"
"...ကျေးဇူးတင်ပါတယ်နော် ဦး"
"ရပါတယ်ဗျာ၊ ကိုယ်ကစောင့်ပေးချင်လို့ပါ"
"ဟို....ဒါဆို ဆေးခန်းကရောဟင်"
"ဆေးခန်းမှာက ကိုယ့်အစား nurse မလေးနှစ်ယောက်ရှိတော့ အဆင်ပြေပါတယ်"
"အာ...ဟုတ်ကဲ့"
ကောင်လေးမေးသမျှကိုဖြေပေးနေရာမှ Chanyeol ရဲ့မျက်ခုံးတွေတစ်ချက်တွန့်ချိုးသွားသည်။အိပ်ရာပေါ်မှာ ညအိပ်ဝတ်စုံဝမ်းစက်လေးဖြင့် တင်ပလ္လင်ခွေထိုင်နေတဲ့ကောင်လေးက လက်တစ်ဖက်မှာရေခွက်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ရဲ့လက်ဖဝါးပြင်ပေါ်မှာတော့ ဆေးလုံးသုံးလုံးကိုငြိမ်သက်စွာတင်ထားသည်။
ရုတ်တရက် Chanyeol ရဲ့အတွေးထဲ ကောင်လေးကဆေးသောက်ဖို့အရမ်းကြောက်တတ်တာမို့သေချာလေးဆေးတိုက်ပေးဖို့မှာသွားသည့် အဖွားရဲ့စကားတွေကဝင်ရောက်လာခဲ့သည်။
Chanyeol ခေါင်းခါ၍ ခပ်ဟဟရယ်လိုက်မိပါသည်။ဒီကောင်လေး ဆေးသောက်ဖို့ကြောက်နေတာနဲ့ပဲ စကားတွေအများကြီးထိုင်ပြောနေတာပါလား။
"ဒါနဲ့ ဦး ထမင်းစားပြီးသွားပြီလားဟင်"
"မစားရသေးဘူး၊ ခဏနေမှစားမလို့"
"ဘာစားမှာလဲဟင်၊ ဖွားဖွားဘာချက်သွားပါလိမ့်"
"စိတ်မပူပါနဲ့၊ ကိုယ်စားဖို့ ကောင်လေးရဲ့အဒေါ်က အကုန်စီစဉ်ပေးသွားတယ်"
"အာ..ဟုတ်ကဲ့"
"ကဲ အစာလည်းစားပြီးပြီဆိုတော့ ဆေး...."
"ဦး ဦး!"
"ဟင် ဗျာ"
ကောင်လေးက Chanyeol ရဲ့စကားကိုဖြတ်ပြီးအလောတကြီးခေါ်လာတာမို့ ကပြာကယာပြန်ထူးလိုက်ရသည်။
"ဟို..ဟို ကျွန်တော့်ရဲ့အခန်းက ဘယ်လိုနေလဲဟင်၊ ကြည့်ကောင်းရဲ့လား"
Chanyeol ကိုလည်းမကြည့်ပါဘဲ အခန်းပတ်ပတ်လည်ကိုလက်ညှိုးလေးလိုက်ထိုးပြပြီး ကောင်လေးကမေးလာသည်။ခုတင်မရှိတဲ့အခန်းကျဉ်းလေးက ဘီရိုလေးတစ်လုံးရယ် စာကြည့်စားပွဲလေးတစ်လုံးရယ် အိပ်ရာခင်းတစ်ခုရယ်ဖြင့် သပ်သပ်ရပ်ရပ်ရှိပါသည်။Chanyeol ရဲ့ဂျူတီကုတ်ကို ကောင်လေးက စာကြည့်စားပွဲပေါ်မှာ သေသေသပ်သပ်လေးခေါက်တင်ပေးထားသည်။
"အင်း ကြည့်ကောင်းပါတယ် ကောင်လေးကသပ်ရပ်သားပဲ၊ ကဲ ဆေးကလက်ထဲအကြာကြီးထည့်ထားတာဆိုတော့ အာနိသင်ပျက်ဦးမယ်၊ သောက်လိုက်ဦး"
".............."
ထိုအခါ ကောင်လေးက ဆေးသုံးလုံးကိုတစ်လှည့် Chanyeol ကိုတစ်လှည့် မျက်နှာငယ်ဖြင့်ကြည့်လာသည်။
"ဆေးကြောက်လို့လား ကောင်လေး"
"ဆေးထိုးပြီးပြီဆိုတော့ ဆေးမသောက်လို့မရဘူးလားဟင် ဦး"
"ဆေးသောက်မှ ပိုပြီးမြန်မြန်နေကောင်းမှာပေါ့ ကောင်လေးရဲ့"
"အခုလည်း တော်တော်နေကောင်းနေပါပြီ၊ မယုံရင် ကျွန်တော့်နှဖူးကိုစမ်းကြည့်လေ နော်"
နှဖူးလေးထိုးပေးပြီးပြောလာတဲ့ကောင်လေးကြောင့် Chanyeol ခပ်ဟဟရယ်လိုက်ရင်း ထိုနှဖူးလေးကို လက်ညှိုးဖြင့်အသာပြန်တွန်းလိုက်သည်။
"ဆေးကအရမ်းမခါးပါဘူး ကောင်လေးရဲ့၊ ငါဆေးသောက်နေတာပဲဆိုတဲ့စိတ်ကိုဖျောက်ပြီး သောက်ကြည့်လိုက်"
Chanyeol ရဲ့အပြောကြောင့် ကောင်လေးက သက်ပြင်းလေးချကာ ဆေးတစ်လုံးကို နှုတ်ခမ်းနားကပ်ပြီးတော့မှ မျက်နှာလေးရှုံ့မဲ့သွားပြီး ခေါင်းကိုအမြန်ခါလိုက်သည်။
"အဲ့ဒီစိတ်က ဘယ်လိုဖျောက်ရတာလဲဟင်၊ ကျွန်တော်ဖျောက်လို့မရဘူး"
ကောင်လေးက ဆေးအတော်လေးကြောက်ပုံရသည်။မျက်ရည်စလေးတွေပါဝဲလာတာမို့ Chanyeol သက်ပြင်းအသာချလိုက်မိပါသည်။
"ကဲ အဲ့ဆေးတွေပေး၊ ကိုယ်ကြိတ်ပြီး အမှုန့်ဖြစ်အောင်လုပ်ပေးမယ်"
Chanyeol တစ်ယောက် ဆေးတွေကိုအမှုန့်ဖြစ်အောင် ပုလင်းဖြင့်ကြိတ်ပြီး ဇွန်းထဲထည့်လိုက်ကာ ကောင်လေးကိုပြန်ကမ်းပေးလိုက်တော့လည်း မသောက်ဘဲငြိမ်နေပြန်သည်။
"ကောင်လေး"
"ကျွန်တော် အရင်က ဆေးသီးဖူးတယ်၊ အရမ်းခါးပြီးတော့ အန်ထွက်မိတာအကြာကြီးပဲ"
ကောင်လေးရဲ့ကြောက်စိတ်ကိုနားလည်ပေမယ့်လည်း အစာနှင့်ဆေးအတော်လေးဝေးသွားမှာစိုးတာကြောင့် ကောင်လေးရဲ့အနားကို Chanyeol သွားပြီး ဘေးမှာကပ်ထိုင်လိုက်တော့ မျက်လုံးလေးဝင့်ကာစောင်းငဲ့ကြည့်လာသည်။
"ပေး ကိုယ့်ကို"
ဆေးထည့်ထားတဲ့ဇွန်းကို Chanyeol တောင်းလိုက်တော့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပေးသည်။
"ကိုယ်ခွံ့ပြီးတော့တိုက်မယ်နော် ရေခွက်ကိုအဆင်သင့်လုပ်ထား၊ ဆေးပါးစပ်ထဲရောက်ပြီဆိုတာနဲ့ရေကိုမော့သောက်လိုက်၊ ဟုတ်ပြီလား"
"ဦး...."
"ဘာမှမဖြစ်ဘူး၊ ခဏလေးနဲ့ပြီးသွားမှာ၊ ကိုယ့်ကိုယုံ"
လက်တစ်ဖက်က ကောင်လေးရဲ့ပုခုံးကိုအသာထိန်းဖက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က ဆေးဇွန်းကိုကိုင်ကာ ပါးစပ်လေးအနားတိုးသွားတော့ ကောင်လေးရဲ့ခေါင်းကလည်း အနောက်ကိုဆုတ်ဆုတ်ပြီးရှောင်သွားသည်။မျက်နှာလေးကရှုံ့မဲ့ပြီး နှုတ်ခမ်းပါးကိုလည်းတင်းတင်းစေ့လျှက်။
"ကောင်လေး"
"ဗျ..ဗျာ"
"ကောင်လေးကို ကိုယ်သဘောကျတယ်"
"အွန်..ဂလု!"
ပါးစပ်လေးဟသွားတဲ့ကောင်လေးကြောင့် ဆေးကိုအမြန်ထည့်လိုက်ပြီး ရေခွက်ကိုပါအမြန်ယူကာ သောက်စေလိုက်တော့ Chanyeol လုပ်သမျှကို ကောင်လေးက မျက်လုံးလေးဝိုင်းပြီးငြိမ်ခံနေပါသည်။ကောင်လေးက ဆေးကြောက်ပေမယ့် ထင်သလောက်လည်း ဆေးတိုက်ရတာခက်မနေပါ။
"လိမ္မာတယ်၊ အဲ့ဒါကြောင့် သဘောကျတာ၊ ကောင်လေးဆီမှာ ကိုယ်သဘောကျရတဲ့အချက်တွေ တော်တော်များများရှိပါတယ်၊ ကလေးပေမယ့် ရင့်ကျက်ပြီးလူကြီးဆန်တာလေးရော သွက်သွက်လက်လက်ရှိတာလေးရော အင်း.....နောက်ထပ်ပြီးလည်းရှိပါသေးတယ်၊ ဘယ်လိုပြောရမလဲ ကလေးတော်တော်များများမှာမတွေ့ရတဲ့အချက်ကလေးတွေပေါ့၊ တစ်ခါတလေ ကောင်လေးကို ကိုယ်က အတုပြန်ယူရမလိုတောင်ဖြစ်နေတယ်ကွာ"
Chanyeol ရဲ့စကားဆုံးတော့ ကောင်လေးရဲ့ မျက်လုံးဝိုင်းလေးတွေဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ပြုံးတုံ့တုံ့ဖြင့် ခေါင်းလေးငုံ့သွားပါသည်။ဒီကောင်လေး သူ့ကိုအတုယူမယ်ပြောလို့ ရှက်သွားပြန်ပြီထင်သည်။
ကောင်လေးကိုဖက်ထားတာအားလွှတ်ပြီး Chanyeol မတ်တပ်ထရပ်လိုက်သည်။
"ကောင်လေး အခုဝတ်ထားတဲ့ညအိပ်ဝတ်စုံကို လဲလိုက်ရအောင်၊ ချွေးတွေထွက်နေမှာဆိုတော့လေ၊ ချွေးနဲ့ပြန်ပြီး အအေးပက်သွားမှာစိုးလို့"
"ကျွန်တော် ကိုယ့်ဘာသာ လဲလိုက်ပါ့မယ်"
"ဟုတ်ပါပြီဗျာ၊ ဒါဆို ကိုယ်ဗိုက်ဆာပြီမို့ ထမင်းပြင်လိုက်ဦးမယ်၊ အိပ်ရာထဲပဲအမြဲလှဲနေရင် ညီးစီစီဖြစ်နေမှာစိုးလို့၊ အဝတ်လဲပြီးရင် အပြင်ထွက်ခဲ့နော် ကောင်လေး"
"ဟုတ်ကဲ့ ဦး"
ကောင်လေးကိုပြုံးပြကာ အခန်းအပြင်ထွက်လာပြီးနောက် တစ်ကိုယ်စာထမင်းပွဲကို Chanyeol ကိုယ့်ဘာသာပြင်လိုက်တော့သည်။
:
"စားလို့ကောင်းလား ဦး"
"အင်း၊ ကောင်လေးတို့ တစ်မိသားစုလုံးကတော့ အချက်အပြုတ်မှာ ဆရာတွေချည်းပဲ"
ကောင်လေးက Chanyeol ထမင်းစားနေတဲ့ဘေးနားမှာ လာထိုင်ပြီးအဖော်ပြုပေးနေသည်။နေမကောင်းဖြစ်နေတာသိသာစွာ နဂိုသေးသွယ်တဲ့ခန္ဓာကိုယ်လေးက အနွေးထည်အင်္ကျီအောက်ထဲမှာ ပိုမြုပ်နေပါသည်။Hanwool နှင့်တိုင်ပင်ပြီး ဒီကောင်လေးအတွက် အားဆေးလုပ်ပေးသင့်သလား။ဒီအရွယ်ဆိုတာ ဖွံ့ဖြိုးရမယ့်အရွယ်လေ။
"ထိုင်နေတာကြာလို့ခေါင်းမအီမသာဖြစ်ရင် အခန်းထဲသွားလှဲနေလို့ရတယ်နော် ကောင်လေး၊ ကိုယ်ထမင်းစားပြီးရင် လာခဲ့မယ်"
"ကျွန်တော်သက်သာပါတယ်ဦးရဲ့၊ အေးအေးဆေးဆေးစားပါဗျ"
"အင်းပါဗျာ"
ကောင်လေးက အရံဟင်းမျိုးစုံကို Chanyeol လက်လှမ်းစရာမလိုအောင် ထမင်းပန်းကန်ထဲယူယူပြီးထည့်ပေးသည်။ကြည့်ရတာ ဟင်းတွေထည့်ပေးနေရတာကို သဘောကျနေပုံရပါသည်။
ထမင်းစားတာများနေပြီမို့ Chanyeol ရေနှင့်မျောချဖို့ပြင်လိုက်တယ်ဆိုရင်ပဲ
"ကျွန်တော်လည်း ဦးကို အများကြီးသဘောကျတယ်"
"အဟွတ်! အဟွတ်! အဟွတ်!"
"အယ် သီးသွားတာလား ဦး"
ကောင်လေးက Chanyeol ရဲ့ကျောပြင်ကိုတဖွဖွပုတ်ပေးပြီးမေးလာပေမယ့်လည်း စကားမပြန်နိုင်သေးပါ။ရုတ်တရက်မို့ သီးသွားတဲ့အရှိန်က အတော်လေးများသည်။
"အဆင်ပြေရဲ့လား ဦး! ဟင်"
"အဟွတ်! အင်း..ပြေ..ပြေပါတယ် အဟမ်း!"
စားနေတဲ့ထဲမှာ အစပ်မပါလို့သာ တော်ပါသေးသည်။
ခဏအကြာမှသာ Chanyeol အသက်ပြင်းပြင်းရှူပြီး သီးသွားတဲ့အရှိန်ကိုလည်း ထိန်းလိုက်နိုင်ပါသည်။
"အဆင်ပြေသွားပြီလားဟင် ဦး"
"အင်း ပြေပြီ၊ လန့်သွားလား ကောင်လေး"
"ဟုတ်၊ ဦးက မျက်နှာတစ်ခုလုံးလည်း ရဲတက်လာတော့လေ"
Chanyeol ခေါင်းတဆတ်ဆတ်ညိမ့်ပြီး မျက်နှာအနှံ့ကို တစ်သျှူးဖြင့်လိုက်သုတ်လိုက်သည်။မျက်နှာသုတ်နေရင်း ကောင်လေးကိုတစ်ချက်ကြည့်လိုက်တော့ Chanyeol ရဲ့အခြေအနေကိုသာ သေချာလေးအကဲခတ်နေတာမို့ ပြုံးလိုက်မိပြီး
"ကဲ ပြောကြည့်ပါဦး၊ ကောင်လေး ကိုယ့်ကိုသဘောကျရတဲ့ အချက်တွေကို"
"ဗျာ၊ အာ...အဲ့ဒါလား၊ အဲ့ဒါက ဦးကို စစတွေ့ကတည်းက သဘောကျတာ၊ ဦးက အရမ်းချောတယ်လေ"
"ဪ...ရုပ်ချောလို့ သဘောကျတာပေါ့လေ"
မျက်နှာသုတ်နေတာကိုရပ်လိုက်ပြီး ကောင်လေးကိုစိုက်ကြည့်ကာ Chanyeol မေးလိုက်တော့ ခေါင်းလေးခါပြသည်။
"အဲ့ဒါကြောင့်ပဲတော့ မဟုတ်ပါဘူး၊ အကုန်လုံးပဲ ဦးရဲ့နေပုံထိုင်ပုံ ပြောပုံဆိုပုံ အကုန်လုံးကိုသဘောကျတယ်၊ ဦးရဲ့ အရပ်ကိုလည်းအရမ်းသဘောကျတယ်၊ ကျွန်တော်လည်းအဲ့လိုအရပ်ရှည်ချင်တယ်၊ ဦးက ဆရာဝန်တစ်ယောက်ဖြစ်နေတာကလည်း သဘောကျဖို့ကောင်းပါတယ်၊ ဦးကိုအားလည်းအားကျတယ်ဗျ၊ ကျွန်တော် ကြီးလာရင် ဦးလိုမျိုးလူကြီးတစ်ယောက်ဖြစ်ချင်တယ်"
သူ့ကို သဘောကျကြောင်း အကျယ်တဝင့်ပြောနေတဲ့ ကောင်လေးအား Chanyeol ငေးစိုက်ကြည့်နေမိသည်။ထို့နောက် ငေးစိုက်ကြည့်နေရင်းနဲ့ပဲ Chanyeol ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားခဲ့ပါသည်။
ကောင်လေးကို Chanyeol သဘောကျသလို ကောင်လေးကလည်း Chanyeol ကိုသဘောကျသည်။အဲ့ဒီအထိအကုန်အဆင်ပြေနေရဲ့သားနဲ့ ကောင်လေးကိုသဘောကျတယ်လို့ Chanyeol ပြောတုန်းကပေါ့ပါးနေတဲ့စိတ်တွေဟာ ကောင်လေးဆီကနေ သဘောကျတယ်လို့ပြန်ပြောခံရတဲ့အချိန်မှာ ဘာကြောင့်များ မတည်မငြိမ်ဖြစ်နေရတာလဲ။တစ်ခါမှမခုန်ဖူးသလို အရှိန်ပြင်းပြင်းဖြင့်ခုန်နေတဲ့ရင်ခုန်နှုန်းတွေဟာ ဒေါက်တာ Park Chanyeol ရဲ့ဆရာဝန်ဆိုတဲ့ဂုဏ်ကိုတော့ငဲ့သင့်ပါသည်လေ။
.................................................................................
(ဆက်ရန်)
(၂၃.၁၀.၂၀၂၃)
ကြိုက်ကြမယ်ကွာ၊ လက်ထပ်ကြမယ်ကွာ၊ ကလေးတွေမွေးကြမယ်ကွာ😾
(Zawgyi)
"Hyunee"
"ေျမးေလး"
"ဟင္ အင္းး"
ေခၚသံေတြကိုနားထဲမွာၾကားေနရေပမယ့္ ေလးလံၿပီးခ်ာခ်ာလည္ေနတဲ့ေခါင္းေၾကာင့္ Baekhyun မ်က္လုံးမဖြင့္နိုင္ပါ။အခုအခ်ိန္ ခႏၶာကိုယ္တစ္ခုလုံးမွာ ေခါင္းတစ္ခုလုံးေလးလံထုံက်င္ေနတဲ့ ေဝသနာကိုသာ Baekhyun ခံစားေနရသည္။
"Hyunee ထနိုင္ရဲ့လား"
ေနာက္ဆုံးမွာေတာ့ Baekhyun အားတင္းၿပီး မ်က္လုံးကိုျဖတ္ခနဲဖြင့္လိုက္သည္။သို႔ေသာ္ အျမင္အာ႐ုံထဲဝင္လာတဲ့ျမင္ကြင္းေတြက ေဝေဝဝါးဝါး။
"Hyunee ကထနိုင္မယ္မထင္ဘူး အေမ"
"အဲ့ဒါဆို ဘယ္လိုလုပ္ၾကမလဲ"
"ေဒါက္တာတို႔ကို အိမ္ကိုေခၚလိုက္မွပဲရေတာ့မယ္၊ သမီးသြားလိုက္မယ္"
"ေအးေအး သမီး"
Baekhyun ရဲ့မ်က္လုံးထဲ ေဒၚေဒၚထထြက္သြားတာကို ေဝေဝဝါးဝါးေတြ႕လိုက္ရၿပီးေနာက္ စိတ္အာ႐ုံတစ္ခုလုံးအေမွာင္အတိလႊမ္းသြားပါေတာ့သည္။
:
"အင္းးး"
ပထမတစ္ေခါက္လိုမဟုတ္ဘဲ အခုနိုးလာတဲ့တစ္ေခါက္မွာေတာ့ Baekhyun ရဲ့ဦးေခါင္းထဲကေဝသနာဟာ အေတာ္ေလးသက္သာေနပါသည္။သို႔ေသာ္ ခႏၶာကိုယ္တစ္ခုလုံး အားအင္ကုန္ခမ္းေနသလိုမ်ိဳးခံစားေနရသည္။
"ေကာင္ေလး ေကာင္ေလး"
နားထဲအေတာ္ေလးယဥ္ပါးေနတဲ့ ေခၚသံဩရွရွေၾကာင့္ Baekhyun မ်က္လုံးဖြင့္လိုက္မိတာအလ်င္အျမန္ပင္။ဒီတစ္ခါမွာေတာ့ ျမင္ကြင္းေတြကထင္ရွားေနပါသည္။
"ဦး.."
ေျခာက္ေသြ႕ေနတဲ့လည္ေခ်ာင္းထဲကေနထြက္သြားတဲ့ Baekhyun ရဲ့အသံက တိုးလ်ၿပီးအက္ရွရွျဖစ္ေနသည္။
"ေကာင္ေလး သတိရလာၿပီ၊ သက္သာရဲ့လား၊ ေခါင္းထဲမခံမရပ္နိုင္ေအာင္ျဖစ္တာမ်ိဳးရွိေသးလား"
Baekhyun လွဲေနတဲ့အိပ္ရာေဘးနားမွာ ဦးက တင္ပလႅင္ေခြထိုင္ေနၿပီး ငုံ႔ၾကည့္ကာ ညင္ညင္သာသာေမးလာသည္။ဦးဝတ္ထားတဲ့အျဖဴေရာင္ ဆရာဝန္ကုတ္ေလးဟာ Baekhyun ရဲ့အျမင္အာ႐ုံေတြကိုရွင္းသန့္သြားေစပါသည္။
"ဟင့္အင္း၊ သက္သာပါတယ္ဗ်"
Baekhyun ျမင္ေနရတဲ့ ဦးရဲ့မ်က္ႏွာဟာ အရင္ေန႔ေတြကေလာက္ ၾကည္ၾကည္လင္လင္ရွိမေနပါ။တစ္ခုခုကို စိုးရိမ္ပူပန္ေနသလိုမ်ိဳးျဖစ္ေနသည္။
"အဖ်ားႀကီးၿပီး သတိေတာင္ေမ့တဲ့အထိ ဘယ္လိုျဖစ္ရတာလဲ ေကာင္ေလးရယ္၊ မေန႔ညကတည္းကဖ်ားေနတာမလား"
".................."
မွန္သည္။Baekhyun မေန႔ညက အိပ္ခါနီးကတည္းက ဖ်ားခ်င္ခ်င္ျဖစ္ေနတာပင္။သို႔ေသာ္ အေရးမထားမိဘဲအိပ္လိုက္ရာက ညတေရးနိုးလာေတာ့ Baekhyun အေတာ္ေလးဖ်ားေနၿပီျဖစ္သည္။သို႔ေသာ္လည္း ထပ္ၿပီး ေစာင္ျခဳံေကြးကာ ေပေတအိပ္လိုက္ရာက မနက္မိုးလင္းမွာေတာ့ အခုလိုမ်ိဳးသတိေမ့သြားရတဲ့အေျခအေနပါျဖစ္သြားခဲ့တာပင္။
"မေန႔က ေနပူႀကီးထဲ ကိုယ္တို႔ဆီစြတ္ျပဳတ္လာပို႔လို႔မ်ားလား"
"အဲ့..အဲ့လိုမဟုတ္ပါဘူး"
Baekhyun ကျပာကယာျငင္းလိုက္မိသည္။Baekhyun ဖ်ားရတာက ဦးတို႔ေၾကာင့္လုံးဝမဟုတ္ပါ။မေန႔ကညေနပိုင္း ဦးတို႔ဆီကျပန္လာၿပီးေနာက္ Baekhyun ေရကိုအခ်ိန္အေတာ္ၾကာစိတ္ႀကိဳက္ခ်ိဳးလိုက္မိပါသည္။ခႏၶာကိုယ္တစ္ခုလုံးေအးစိမ့္စိမ့္ျဖစ္လာမွသာ ေရခ်ိဳးတာကိုရပ္လိုက္တာျဖစ္သည္။
"မေန႔က ေရအၾကာႀကီးခ်ိဳးလိုက္မိလို႔ျဖစ္လိမ့္မယ္ဗ်"
"အင္း၊ အေအးပက္ၿပီးဖ်ားတာလို႔ေတာ့ Hanwool ေျပာတယ္၊ ေဆးႏွစ္လုံးလည္းထိုးေပးသြားတယ္၊ ေသာက္ေဆးေတြလည္းေပးထားတယ္"
"ကၽြန္ေတာ့္ကို ေဒါက္တာကုေပးတာမဟုတ္ဘူးလားဟင္"
Baekhyun ေမးလိုက္ေတာ့ ဦးကအသာျပဳံးလိုက္ၿပီး
"အဖ်ားေရာဂါနဲ႔ပတ္သတ္ရင္ ကိုယ္လုံးဝမသိတာမ်ိဳးေတာ့မဟုတ္ေပမယ့္ အေထြေထြေရာဂါကုဆရာဝန္ကေတာ့ ကိုယ့္ထက္ပိုသိတာေပါ့"
ဦးရဲ့စကားကို Baekhyun စိတ္ထဲမွာ တြက္ခ်က္ၿပီးအေျဖထုတ္လိုက္တာက ဦးဟာ ဖ်ားနာေရာဂါကိုကုသေပးတဲ့ဆရာဝန္တစ္ေယာက္မဟုတ္ပါ။ေနာက္ၿပီး Baekhyun သိရသေလာက္ ဦးက အမ်ိဳးသမီးလူနာေတြကိုသာ ကုသေပးတာမ်ားသည္။ကေလးလည္းေမြးေပးပါေသးသည္။
"ဒါဆို ဦးက ဘာကုတာလဲဟင္၊ ကၽြန္ေတာ္ ေသခ်ာမသိလို႔"
"အင္း ေကာင္ေလးကိုနားလည္လြယ္ေအာင္ရွင္းျပရရင္ ကိုယ္က ကေလးေမြးေပးတဲ့ဆရာဝန္ပါ၊ ေနာက္ၿပီး အမ်ိဳးသမီးေတြျဖစ္ေလ့ျဖစ္ထရွိတဲ့ေရာဂါေတြကိုလည္းကုေပးတယ္၊ အမ်ိဳးသမီးေရာဂါကုဆရာဝန္ဆိုလည္းမမွားပါဘူး"
"အာ...အဲ့လိုကိုး"
အမ်ိဳးသမီးေရာဂါကုဆရာဝန္တဲ့လား။ဒါဆို အမ်ိဳးသားျဖစ္တဲ့ Baekhyun က ဦးဆီမွာ ဘယ္ေတာ့မွေဆးကုလို႔ရေတာ့မွာမဟုတ္ဘူးေပါ့။
"ဟြန္"
Baekhyun ရဲ့ႏွုတ္ခမ္းဟာမသိမသာဆူၿပီး အသံသဲ့သဲ့ထြက္သြားပါသည္။
"အခု ေဆးေသာက္ဖို႔အတြက္ တစ္ခုခုစားရမယ္ ေကာင္ေလး၊ ေကာင္ေလးရဲ့အေဒၚက ဆန္ျပဳတ္ျပဳတ္ထားေပးခဲ့တယ္၊ ကိုယ္သြားထည့္လိုက္ဦးမယ္"
ဦးက ေျပာေျပာဆိုဆိုျဖင့္မတ္တပ္ထရပ္ၿပီးေနာက္ ဆရာဝန္ကုတ္ကို အသာအယာခၽြတ္လိုက္သည္။ရွပ္အကၤ်ီလက္ရွည္ခဲေရာင္ႏွင့္ အနက္ေရာင္ေဘာင္းဘီရွည္ကလည္း ဦးႏွင့္လိုက္ဖက္ေနတာပါပဲ။ဦးကိုျမင္လာခဲ့တဲ့တစ္ေလၽွာက္လုံး ဘယ္လိုအဝတ္အစားႏွင့္မဆို ဦးကလိုက္ဖက္တာကို Baekhyun ေသခ်ာေပါက္သိပါသည္။
"ဒီကုတ္ကို..."
"ကၽြန္ေတာ္ ကိုင္ထားေပးမယ္"
Baekhyun လွဲေနရာကေန ဘယ္လိုေတာင္ထထိုင္လိုက္မိလဲမသိပါ။
"ဟို..ဟို အျဖဴေလး တစ္ခုခုေပသြားမွာစိုးလို႔ပါ"
ဦးက Baekhyun ကိုခဏတာၿငိမ္သက္ၾကည့္ၿပီးေတာ့မွ ႏွုတ္ခမ္းတြန့္႐ုံျပဳံးလိုက္ၿပီး
"ဒါဆို ကိုယ့္ကုတ္ေလးကို ေစာင့္ေရွာက္ေပးပါဦးေနာ္"
"ဟု..ဟုတ္"
ကမ္းေပးလာတဲ့ကုတ္အျဖဴေလးကို Baekhyun တရိုတေသယူလိုက္ၿပီးတဲ့ေနာက္ ဦးကအခန္းထဲကေနထြက္သြားေလၿပီ။
႐ုတ္တရက္ Baekhyun ရဲ့ႏွာေခါင္းထဲ ရင္းႏွီးေနတဲ့အေမႊးရနံ႔သင္းသင္းေလးတစ္ခုတိုးဝင္လာသည္။အာ...ဆရာဝန္ကုတ္အျဖဴေရာင္ေလးထဲ ေခါင္းႏွစ္လိုက္မိတာေၾကာင့္ပဲ။
:
"ဖြားဖြားတို႔က ကၽြန္ေတာ္ေနမေကာင္းျဖစ္ေနတာကို ဘယ္လိုစသိသြားတာလဲဟင္"
"ဆိုင္ထြက္ဖို႔ကို ေကာင္ေလးကထမကူေတာ့ အိပ္ေရးမဝလို႔ျဖစ္လိမ့္မယ္ဆိုၿပီး အဖြားတို႔ကဝင္မႏွိုးျဖစ္ဘူးတဲ့၊ ေနာက္ ဆိုင္ထြက္ဖို႔အကုန္ျပင္ၿပီးသြားတဲ့အထိ ေကာင္ေလးကအိပ္ရာမထေသးေတာ့ ဘာမ်ားျဖစ္လို႔လဲဆိုၿပီး အခန္းထဲဝင္ၾကည့္ေတာ့မွ ဖ်ားေနမွန္းသိၾကတာတဲ့ေလ"
"အာ အဲ့လိုကိုး"
"ေကာင္ေလးက ေတာ္ေတာ္အဖ်ားႀကီးေနတာ၊ သတိလစ္တဲ့အထိေတာင္ျဖစ္သြားတာေလ၊ ဘာလို႔ ေရကိုအေအးပက္တဲ့အထိခ်ိဳးရတာလဲ၊ ေကာင္ေလးက ေရႀကိဳက္တာလား"
"ဟို...ဦးတို႔ဆီက ညေနပိုင္းျပန္ၿပီးအိမ္ေရာက္ေတာ့ ပူအိုက္သလိုခံစားရလို႔ပါ"
"ေနာက္ဆို သတိထားေနာ္ ေကာင္ေလး၊ ကိုယ့္က်န္းမာေရးကိုယ္ဂ႐ုစိုက္ရမယ္၊ ေနပူႀကီးထဲေလၽွာက္ေလၽွာက္မထြက္ရဘူး၊ အခုက ေႏြရာသီကုန္ခါနီးၿပီဆိုေတာ့ ေတာ္ေတာ္ပူေနတာ၊ ေရမ်ားမ်ားေသာက္ရမယ္၊ ေခၽြးထြက္မ်ားတဲ့အရာေတြလည္းေလ်ာ့လုပ္ရမယ္၊ ၾကားလားေကာင္ေလး"
"ဟုတ္ကဲ့..ပါ"
ႏွစ္ေယာက္ၾကား စကားသံေတြတိတ္သြားၿပီးတဲ့ေနာက္ Baekhyun ကဆက္လက္၍
"ဦး၊ ဦးက ကၽြန္ေတာ့္ကို ဘယ္လိုလုပ္ လာေစာင့္ေပးဖို႔ျဖစ္သြားတာလဲဟင္"
"ေကာင္ေလးေနမေကာင္းလို႔ဆိုၿပီး ေကာင္ေလးရဲ့အေဒၚကဆရာဝန္လာေခၚေတာ့ ကိုယ္လည္းစိတ္ပူၿပီးလိုက္လာခဲ့တာ၊ ဒီေရာက္ေတာ့ ေကာင္ေလးက လုံးဝကိုသတိေမ့ေနတာေလ၊ ေကာင္ေလးရဲ့အဖြားတို႔က ဆိုင္ဖြင့္ဖို႔အကုန္ျပင္ၿပီးတာေတာင္ ေကာင္ေလးကိုစိတ္မခ်ျဖစ္ေနၾကေတာ့ ကိုယ္က လူနာေစာင့္ျဖစ္သြားခဲ့တာပါ၊ ကိုယ္ေစာင့္ေနေပးမယ္ေျပာေတာ့မွ အဖြားတို႔လည္းစိတ္ခ်လက္ခ်ဆိုင္ဖြင့္ၾကတာ၊ ေနာက္ၿပီး ကိုယ္လည္း ေကာင္ေလးတစ္ေယာက္တည္းျဖစ္ေနမွာကိုစိတ္မခ်လို႔ေလ"
"...ေက်းဇူးတင္ပါတယ္ေနာ္ ဦး"
"ရပါတယ္ဗ်ာ၊ ကိုယ္ကေစာင့္ေပးခ်င္လို႔ပါ"
"ဟို....ဒါဆို ေဆးခန္းကေရာဟင္"
"ေဆးခန္းမွာက ကိုယ့္အစား nurse မေလးႏွစ္ေယာက္ရွိေတာ့ အဆင္ေျပပါတယ္"
"အာ...ဟုတ္ကဲ့"
ေကာင္ေလးေမးသမၽွကိုေျဖေပးေနရာမွ Chanyeol ရဲ့မ်က္ခုံးေတြတစ္ခ်က္တြန့္ခ်ိဳးသြားသည္။အိပ္ရာေပၚမွာ ညအိပ္ဝတ္စုံဝမ္းစက္ေလးျဖင့္ တင္ပလႅင္ေခြထိုင္ေနတဲ့ေကာင္ေလးက လက္တစ္ဖက္မွာေရခြက္ကိုင္ထားၿပီး က်န္လက္တစ္ဖက္ရဲ့လက္ဖဝါးျပင္ေပၚမွာေတာ့ ေဆးလုံးသုံးလုံးကိုၿငိမ္သက္စြာတင္ထားသည္။
႐ုတ္တရက္ Chanyeol ရဲ့အေတြးထဲ ေကာင္ေလးကေဆးေသာက္ဖို႔အရမ္းေၾကာက္တတ္တာမို႔ေသခ်ာေလးေဆးတိုက္ေပးဖို႔မွာသြားသည့္ အဖြားရဲ့စကားေတြကဝင္ေရာက္လာခဲ့သည္။
Chanyeol ေခါင္းခါ၍ ခပ္ဟဟရယ္လိုက္မိပါသည္။ဒီေကာင္ေလး ေဆးေသာက္ဖို႔ေၾကာက္ေနတာနဲ႔ပဲ စကားေတြအမ်ားႀကီးထိုင္ေျပာေနတာပါလား။
"ဒါနဲ႔ ဦး ထမင္းစားၿပီးသြားၿပီလားဟင္"
"မစားရေသးဘူး၊ ခဏေနမွစားမလို႔"
"ဘာစားမွာလဲဟင္၊ ဖြားဖြားဘာခ်က္သြားပါလိမ့္"
"စိတ္မပူပါနဲ႔၊ ကိုယ္စားဖို႔ ေကာင္ေလးရဲ့အေဒၚက အကုန္စီစဥ္ေပးသြားတယ္"
"အာ..ဟုတ္ကဲ့"
"ကဲ အစာလည္းစားၿပီးၿပီဆိုေတာ့ ေဆး...."
"ဦး ဦး!"
"ဟင္ ဗ်ာ"
ေကာင္ေလးက Chanyeol ရဲ့စကားကိုျဖတ္ၿပီးအေလာတႀကီးေခၚလာတာမို႔ ကျပာကယာျပန္ထူးလိုက္ရသည္။
"ဟို..ဟို ကၽြန္ေတာ့္ရဲ့အခန္းက ဘယ္လိုေနလဲဟင္၊ ၾကည့္ေကာင္းရဲ့လား"
Chanyeol ကိုလည္းမၾကည့္ပါဘဲ အခန္းပတ္ပတ္လည္ကိုလက္ညႇိုးေလးလိုက္ထိုးျပၿပီး ေကာင္ေလးကေမးလာသည္။ခုတင္မရွိတဲ့အခန္းက်ဥ္းေလးက ဘီရိုေလးတစ္လုံးရယ္ စာၾကည့္စားပြဲေလးတစ္လုံးရယ္ အိပ္ရာခင္းတစ္ခုရယ္ျဖင့္ သပ္သပ္ရပ္ရပ္ရွိပါသည္။Chanyeol ရဲ့ဂ်ဴတီကုတ္ကို ေကာင္ေလးက စာၾကည့္စားပြဲေပၚမွာ ေသေသသပ္သပ္ေလးေခါက္တင္ေပးထားသည္။
"အင္း ၾကည့္ေကာင္းပါတယ္ ေကာင္ေလးကသပ္ရပ္သားပဲ၊ ကဲ ေဆးကလက္ထဲအၾကာႀကီးထည့္ထားတာဆိုေတာ့ အာနိသင္ပ်က္ဦးမယ္၊ ေသာက္လိုက္ဦး"
".............."
ထိုအခါ ေကာင္ေလးက ေဆးသုံးလုံးကိုတစ္လွည့္ Chanyeol ကိုတစ္လွည့္ မ်က္ႏွာငယ္ျဖင့္ၾကည့္လာသည္။
"ေဆးေၾကာက္လို႔လား ေကာင္ေလး"
"ေဆးထိုးၿပီးၿပီဆိုေတာ့ ေဆးမေသာက္လို႔မရဘူးလားဟင္ ဦး"
"ေဆးေသာက္မွ ပိုၿပီးျမန္ျမန္ေနေကာင္းမွာေပါ့ ေကာင္ေလးရဲ့"
"အခုလည္း ေတာ္ေတာ္ေနေကာင္းေနပါၿပီ၊ မယုံရင္ ကၽြန္ေတာ့္ႏွဖူးကိုစမ္းၾကည့္ေလ ေနာ္"
ႏွဖူးေလးထိုးေပးၿပီးေျပာလာတဲ့ေကာင္ေလးေၾကာင့္ Chanyeol ခပ္ဟဟရယ္လိုက္ရင္း ထိုႏွဖူးေလးကို လက္ညႇိုးျဖင့္အသာျပန္တြန္းလိုက္သည္။
"ေဆးကအရမ္းမခါးပါဘူး ေကာင္ေလးရဲ့၊ ငါေဆးေသာက္ေနတာပဲဆိုတဲ့စိတ္ကိုေဖ်ာက္ၿပီး ေသာက္ၾကည့္လိုက္"
Chanyeol ရဲ့အေျပာေၾကာင့္ ေကာင္ေလးက သက္ျပင္းေလးခ်ကာ ေဆးတစ္လုံးကို ႏွုတ္ခမ္းနားကပ္ၿပီးေတာ့မွ မ်က္ႏွာေလးရွုံ႔မဲ့သြားၿပီး ေခါင္းကိုအျမန္ခါလိုက္သည္။
"အဲ့ဒီစိတ္က ဘယ္လိုေဖ်ာက္ရတာလဲဟင္၊ ကၽြန္ေတာ္ေဖ်ာက္လို႔မရဘူး"
ေကာင္ေလးက ေဆးအေတာ္ေလးေၾကာက္ပုံရသည္။မ်က္ရည္စေလးေတြပါဝဲလာတာမို႔ Chanyeol သက္ျပင္းအသာခ်လိုက္မိပါသည္။
"ကဲ အဲ့ေဆးေတြေပး၊ ကိုယ္ႀကိတ္ၿပီး အမွုန့္ျဖစ္ေအာင္လုပ္ေပးမယ္"
Chanyeol တစ္ေယာက္ ေဆးေတြကိုအမွုန့္ျဖစ္ေအာင္ ပုလင္းျဖင့္ႀကိတ္ၿပီး ဇြန္းထဲထည့္လိုက္ကာ ေကာင္ေလးကိုျပန္ကမ္းေပးလိုက္ေတာ့လည္း မေသာက္ဘဲၿငိမ္ေနျပန္သည္။
"ေကာင္ေလး"
"ကၽြန္ေတာ္ အရင္က ေဆးသီးဖူးတယ္၊ အရမ္းခါးၿပီးေတာ့ အန္ထြက္မိတာအၾကာႀကီးပဲ"
ေကာင္ေလးရဲ့ေၾကာက္စိတ္ကိုနားလည္ေပမယ့္လည္း အစာႏွင့္ေဆးအေတာ္ေလးေဝးသြားမွာစိုးတာေၾကာင့္ ေကာင္ေလးရဲ့အနားကို Chanyeol သြားၿပီး ေဘးမွာကပ္ထိုင္လိုက္ေတာ့ မ်က္လုံးေလးဝင့္ကာေစာင္းငဲ့ၾကည့္လာသည္။
"ေပး ကိုယ့္ကို"
ေဆးထည့္ထားတဲ့ဇြန္းကို Chanyeol ေတာင္းလိုက္ေတာ့ တြန့္ဆုတ္တြန့္ဆုတ္ျဖင့္ေပးသည္။
"ကိုယ္ခြံ႕ၿပီးေတာ့တိုက္မယ္ေနာ္ ေရခြက္ကိုအဆင္သင့္လုပ္ထား၊ ေဆးပါးစပ္ထဲေရာက္ၿပီဆိုတာနဲ႔ေရကိုေမာ့ေသာက္လိုက္၊ ဟုတ္ၿပီလား"
"ဦး...."
"ဘာမွမျဖစ္ဘူး၊ ခဏေလးနဲ႔ၿပီးသြားမွာ၊ ကိုယ့္ကိုယုံ"
လက္တစ္ဖက္က ေကာင္ေလးရဲ့ပုခုံးကိုအသာထိန္းဖက္ထားလိုက္ၿပီး က်န္လက္တစ္ဖက္က ေဆးဇြန္းကိုကိုင္ကာ ပါးစပ္ေလးအနားတိုးသြားေတာ့ ေကာင္ေလးရဲ့ေခါင္းကလည္း အေနာက္ကိုဆုတ္ဆုတ္ၿပီးေရွာင္သြားသည္။မ်က္ႏွာေလးကရွုံ႔မဲ့ၿပီး ႏွုတ္ခမ္းပါးကိုလည္းတင္းတင္းေစ့လၽွက္။
"ေကာင္ေလး"
"ဗ်..ဗ်ာ"
"ေကာင္ေလးကို ကိုယ္သေဘာက်တယ္"
"အြန္..ဂလု!"
ပါးစပ္ေလးဟသြားတဲ့ေကာင္ေလးေၾကာင့္ ေဆးကိုအျမန္ထည့္လိုက္ၿပီး ေရခြက္ကိုပါအျမန္ယူကာ ေသာက္ေစလိုက္ေတာ့ Chanyeol လုပ္သမၽွကို ေကာင္ေလးက မ်က္လုံးေလးဝိုင္းၿပီးၿငိမ္ခံေနပါသည္။ေကာင္ေလးက ေဆးေၾကာက္ေပမယ့္ ထင္သေလာက္လည္း ေဆးတိုက္ရတာခက္မေနပါ။
"လိမၼာတယ္၊ အဲ့ဒါေၾကာင့္ သေဘာက်တာ၊ ေကာင္ေလးဆီမွာ ကိုယ္သေဘာက်ရတဲ့အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္၊ ကေလးေပမယ့္ ရင့္က်က္ၿပီးလူႀကီးဆန္တာေလးေရာ သြက္သြက္လက္လက္ရွိတာေလးေရာ အင္း.....ေနာက္ထပ္ၿပီးလည္းရွိပါေသးတယ္၊ ဘယ္လိုေျပာရမလဲ ကေလးေတာ္ေတာ္မ်ားမ်ားမွာမေတြ႕ရတဲ့အခ်က္ကေလးေတြေပါ့၊ တစ္ခါတေလ ေကာင္ေလးကို ကိုယ္က အတုျပန္ယူရမလိုေတာင္ျဖစ္ေနတယ္ကြာ"
Chanyeol ရဲ့စကားဆုံးေတာ့ ေကာင္ေလးရဲ့ မ်က္လုံးဝိုင္းေလးေတြဟာ ပုံမွန္အတိုင္းျပန္ျဖစ္သြားၿပီး ျပဳံးတုံ႔တုံ႔ျဖင့္ ေခါင္းေလးငုံ႔သြားပါသည္။ဒီေကာင္ေလး သူ႔ကိုအတုယူမယ္ေျပာလို႔ ရွက္သြားျပန္ၿပီထင္သည္။
ေကာင္ေလးကိုဖက္ထားတာအားလႊတ္ၿပီး Chanyeol မတ္တပ္ထရပ္လိုက္သည္။
"ေကာင္ေလး အခုဝတ္ထားတဲ့ညအိပ္ဝတ္စုံကို လဲလိုက္ရေအာင္၊ ေခၽြးေတြထြက္ေနမွာဆိုေတာ့ေလ၊ ေခၽြးနဲ႔ျပန္ၿပီး အေအးပက္သြားမွာစိုးလို႔"
"ကၽြန္ေတာ္ ကိုယ့္ဘာသာ လဲလိုက္ပါ့မယ္"
"ဟုတ္ပါၿပီဗ်ာ၊ ဒါဆို ကိုယ္ဗိုက္ဆာၿပီမို႔ ထမင္းျပင္လိုက္ဦးမယ္၊ အိပ္ရာထဲပဲအျမဲလွဲေနရင္ ညီးစီစီျဖစ္ေနမွာစိုးလို႔၊ အဝတ္လဲၿပီးရင္ အျပင္ထြက္ခဲ့ေနာ္ ေကာင္ေလး"
"ဟုတ္ကဲ့ ဦး"
ေကာင္ေလးကိုျပဳံးျပကာ အခန္းအျပင္ထြက္လာၿပီးေနာက္ တစ္ကိုယ္စာထမင္းပြဲကို Chanyeol ကိုယ့္ဘာသာျပင္လိုက္ေတာ့သည္။
:
"စားလို႔ေကာင္းလား ဦး"
"အင္း၊ ေကာင္ေလးတို႔ တစ္မိသားစုလုံးကေတာ့ အခ်က္အျပဳတ္မွာ ဆရာေတြခ်ည္းပဲ"
ေကာင္ေလးက Chanyeol ထမင္းစားေနတဲ့ေဘးနားမွာ လာထိုင္ၿပီးအေဖာ္ျပဳေပးေနသည္။ေနမေကာင္းျဖစ္ေနတာသိသာစြာ နဂိုေသးသြယ္တဲ့ခႏၶာကိုယ္ေလးက အေႏြးထည္အကၤ်ီေအာက္ထဲမွာ ပိုျမဳပ္ေနပါသည္။Hanwool ႏွင့္တိုင္ပင္ၿပီး ဒီေကာင္ေလးအတြက္ အားေဆးလုပ္ေပးသင့္သလား။ဒီအရြယ္ဆိုတာ ဖြံ႕ၿဖိဳးရမယ့္အရြယ္ေလ။
"ထိုင္ေနတာၾကာလို႔ေခါင္းမအီမသာျဖစ္ရင္ အခန္းထဲသြားလွဲေနလို႔ရတယ္ေနာ္ ေကာင္ေလး၊ ကိုယ္ထမင္းစားၿပီးရင္ လာခဲ့မယ္"
"ကၽြန္ေတာ္သက္သာပါတယ္ဦးရဲ့၊ ေအးေအးေဆးေဆးစားပါဗ်"
"အင္းပါဗ်ာ"
ေကာင္ေလးက အရံဟင္းမ်ိဳးစုံကို Chanyeol လက္လွမ္းစရာမလိုေအာင္ ထမင္းပန္းကန္ထဲယူယူၿပီးထည့္ေပးသည္။ၾကည့္ရတာ ဟင္းေတြထည့္ေပးေနရတာကို သေဘာက်ေနပုံရပါသည္။
ထမင္းစားတာမ်ားေနၿပီမို႔ Chanyeol ေရႏွင့္ေမ်ာခ်ဖို႔ျပင္လိုက္တယ္ဆိုရင္ပဲ
"ကၽြန္ေတာ္လည္း ဦးကို အမ်ားႀကီးသေဘာက်တယ္"
"အဟြတ္! အဟြတ္! အဟြတ္!"
"အယ္ သီးသြားတာလား ဦး"
ေကာင္ေလးက Chanyeol ရဲ့ေက်ာျပင္ကိုတဖြဖြပုတ္ေပးၿပီးေမးလာေပမယ့္လည္း စကားမျပန္နိုင္ေသးပါ။႐ုတ္တရက္မို႔ သီးသြားတဲ့အရွိန္က အေတာ္ေလးမ်ားသည္။
"အဆင္ေျပရဲ့လား ဦး! ဟင္"
"အဟြတ္! အင္း..ေျပ..ေျပပါတယ္ အဟမ္း!"
စားေနတဲ့ထဲမွာ အစပ္မပါလို႔သာ ေတာ္ပါေသးသည္။
ခဏအၾကာမွသာ Chanyeol အသက္ျပင္းျပင္းရွူၿပီး သီးသြားတဲ့အရွိန္ကိုလည္း ထိန္းလိုက္နိုင္ပါသည္။
"အဆင္ေျပသြားၿပီလားဟင္ ဦး"
"အင္း ေျပၿပီ၊ လန့္သြားလား ေကာင္ေလး"
"ဟုတ္၊ ဦးက မ်က္ႏွာတစ္ခုလုံးလည္း ရဲတက္လာေတာ့ေလ"
Chanyeol ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး မ်က္ႏွာအႏွံ့ကို တစ္သၽွဴးျဖင့္လိုက္သုတ္လိုက္သည္။မ်က္ႏွာသုတ္ေနရင္း ေကာင္ေလးကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ Chanyeol ရဲ့အေျခအေနကိုသာ ေသခ်ာေလးအကဲခတ္ေနတာမို႔ ျပဳံးလိုက္မိၿပီး
"ကဲ ေျပာၾကည့္ပါဦး၊ ေကာင္ေလး ကိုယ့္ကိုသေဘာက်ရတဲ့ အခ်က္ေတြကို"
"ဗ်ာ၊ အာ...အဲ့ဒါလား၊ အဲ့ဒါက ဦးကို စစေတြ႕ကတည္းက သေဘာက်တာ၊ ဦးက အရမ္းေခ်ာတယ္ေလ"
"ဪ...႐ုပ္ေခ်ာလို႔ သေဘာက်တာေပါ့ေလ"
မ်က္ႏွာသုတ္ေနတာကိုရပ္လိုက္ၿပီး ေကာင္ေလးကိုစိုက္ၾကည့္ကာ Chanyeol ေမးလိုက္ေတာ့ ေခါင္းေလးခါျပသည္။
"အဲ့ဒါေၾကာင့္ပဲေတာ့ မဟုတ္ပါဘူး၊ အကုန္လုံးပဲ ဦးရဲ့ေနပုံထိုင္ပုံ ေျပာပုံဆိုပုံ အကုန္လုံးကိုသေဘာက်တယ္၊ ဦးရဲ့ အရပ္ကိုလည္းအရမ္းသေဘာက်တယ္၊ ကၽြန္ေတာ္လည္းအဲ့လိုအရပ္ရွည္ခ်င္တယ္၊ ဦးက ဆရာဝန္တစ္ေယာက္ျဖစ္ေနတာကလည္း သေဘာက်ဖို႔ေကာင္းပါတယ္၊ ဦးကိုအားလည္းအားက်တယ္ဗ်၊ ကၽြန္ေတာ္ ႀကီးလာရင္ ဦးလိုမ်ိဳးလူႀကီးတစ္ေယာက္ျဖစ္ခ်င္တယ္"
သူ႔ကို သေဘာက်ေၾကာင္း အက်ယ္တဝင့္ေျပာေနတဲ့ ေကာင္ေလးအား Chanyeol ေငးစိုက္ၾကည့္ေနမိသည္။ထို႔ေနာက္ ေငးစိုက္ၾကည့္ေနရင္းနဲ႔ပဲ Chanyeol ရဲ့မ်က္ခုံးေတြ တြန့္ခ်ိဳးသြားခဲ့ပါသည္။
ေကာင္ေလးကို Chanyeol သေဘာက်သလို ေကာင္ေလးကလည္း Chanyeol ကိုသေဘာက်သည္။အဲ့ဒီအထိအကုန္အဆင္ေျပေနရဲ့သားနဲ႔ ေကာင္ေလးကိုသေဘာက်တယ္လို႔ Chanyeol ေျပာတုန္းကေပါ့ပါးေနတဲ့စိတ္ေတြဟာ ေကာင္ေလးဆီကေန သေဘာက်တယ္လို႔ျပန္ေျပာခံရတဲ့အခ်ိန္မွာ ဘာေၾကာင့္မ်ား မတည္မၿငိမ္ျဖစ္ေနရတာလဲ။တစ္ခါမွမခုန္ဖူးသလို အရွိန္ျပင္းျပင္းျဖင့္ခုန္ေနတဲ့ရင္ခုန္ႏွုန္းေတြဟာ ေဒါက္တာ Park Chanyeol ရဲ့ဆရာဝန္ဆိုတဲ့ဂုဏ္ကိုေတာ့ငဲ့သင့္ပါသည္ေလ။
.................................................................................
(ဆက္ရန္)
(၂၃.၁၀.၂၀၂၃)
ႀကိဳက္ၾကမယ္ကြာ၊ လက္ထပ္ၾကမယ္ကြာ၊ ကေလးေတြေမြးၾကမယ္ကြာ😾