Perfect Love [onging]

By Butterfly_614

10.4K 1.8K 216

"ဘာလို့ချစ်တာလဲဟင်" "မချစ်ရမနေနိုင်လို့ ချစ်တာ" "ဘာလို႔ခ်စ္တာလဲဟင္" "မခ်စ္ရမေနနိုင္လို႔ ခ်စ္တာ" More

Perfect Love-1
Perfect Love-2
Perfect Love-4
Perfect Love-5
Perfect Love-6
Perfect Love-7
Perfect Love-8
Perfect Love-9
Perfect Love-10
Perfect Love-11
Perfect Love-12
Perfect Love-13
Perfect Love-14
Perfect Love-15
Perfect Love-16
Perfect Love-17
Perfect Love-18
Perfect Love-19
Perfect Love-20
Perfect Love-21
Perfect Love-22
Perfect Love-23
Perfect Love-24
Perfect Love-25
Perfect Love-26
Perfect Love-27
Perfect Love-28
Perfect Love-29
Perfect Love-30
Perfect Love-31
Perfect Love-32
Perfect Love-33
Perfect Love-34

Perfect Love-3

302 60 8
By Butterfly_614

(Unicode)

မနက်စာစားပြီးသွားကြတော့ အကုန်လုံးနေအပူဒဏ်သက်သာစေရန် အင်္ကျီရှည်ဘောင်းဘီရှည်နှင့် ဦးထုပ်အဝိုင်းတွေဆောင်းပြီး ရွာထဲဆင်းလိုက်ကြသည်။

ကောင်လေးက Chanyeol တို့ကို ရွာထဲက သူနှင့်ရွယ်တူသူငယ်ချင်း အမွှာကောင်လေးနှစ်ယောက်နှင့်မိတ်ဆက်ပေးပြီး လမ်းပြလုပ်ပေးစေပါသည်။ကိစ္စမြန်မြန်ပြီးပြီး ခရီးပိုတွင်အောင် အုပ်စုသုံးစုခွဲပြီးသွားကြမှာဖြစ်သည်။

Chanyeol ရယ် ကောင်လေးရယ်က အရှေ့ပိုင်းရွာ၊ Hanwool ရယ် Yunho ရယ် ကောင်လေးတစ်ယောက်ရယ်က အနောက်ပိုင်းရွာ၊ မိန်းကလေးနှစ်ယောက်ရယ် ကောင်လေးတစ်ယောက်ရယ်က မြောက်ပိုင်းရွာ၊ စသဖြင့် ရွာသုံးရွာကိုလူခွဲသွားကြမှာဖြစ်သည်။ကျန်နေသေးတဲ့တောင်ပိုင်းရွာကတော့ ကောင်လေးတို့ရွာဖြစ်တာမို့ နောက်ဆုံးမှသွားလည်းအဆင်ပြေပါသည်။

"ရွာတွေက အိမ်ခြေနည်းလို့ မြန်မြန်တော့ပြီးမှာပါ၊ သေချာလေးရှင်းပြပြီး မိတ်ဆက်ခဲ့ကြနော်၊ ယူနာ နဲ့ ယွန်းချယ် ကနှစ်ယောက်တွဲသွားလို့ တကယ်ပဲအဆင်ပြေရဲ့လား"

"ကျားကျားယားယားမိန်းမသားတွေပါ ဒေါက်တာရဲ့"

"ကျွန်မက ခါးပတ်နက်လေ ဟဲဟဲ"

မိန်းမသားနှစ်ယောက်ရဲ့ စိတ်ချလောက်စရာစကားတွေကြောင့် ယောက်ျားသားတွေခေါင်းတညိမ့်ညိမ့်လုပ်လိုက်ကြသည်။

"ကျွန်တော်တို့ရွာကလူတွေက စိတ်ချရပါတယ် ဦးရဲ့"

ကောင်လေးကမျက်လုံးလေးဝင့်ကြည့်ပြီး ပြောလာတာမို့ Chanyeol ပြုံးလိုက်ရင်း

"ကိုယ်ကနေရာစိမ်းမှာ မိန်းကလေးနှစ်ယောက်တည်းဖြစ်နေလို့ စိတ်ချရအောင်ပါဗျာ"

ထိုအခါမှ ကောင်လေးက Chanyeol ကိုပြုံးပြပြီး အကြည့်လွှဲသွားသည်။

"ကဲကဲ သွားကြတာပေါ့ နေအရမ်းမမြင့်ခင်လေး"

Hanwool ကအရင်နှိုးဆော်လိုက်ပြီး သွားဖို့ပြင်သည်။

"ထယ်ဝူးနဲ့လီဝူး မင်းတို့တွေ ဒေါက်တာတို့ကိုသေချာလေးခေါ်သွားပေးနော်"

ကောင်လေးက ထိုသို့ပြောလိုက်လျှင်

"အေးပါကွ"

"အေးပါ အေးပါ"

ကောင်လေးရဲ့ သူငယ်ချင်းနှစ်ယောက်က တက်တက်ကြွကြွပြန်ဖြေကြသည်။

"နေ့လည်စာစားချိန်ကျရင် ကောင်လေးရဲ့အဖွားဆိုင်ကိုပဲပြန်လာခဲ့ကြနော်"

"အေးအေး သွားပြီ"

"ကျွန်မတို့သွားလိုက်ပါဦးမယ် ဒေါက်တာ"

"အားလုံးပဲ ဖိုက်တင်း! ကျွန်တော်တို့လုပ်နိုင်တယ်၊ သွားကြမယ်"

အကုန်လုံးအသီးသီးလှည့်ထွက်သွားပြီးတဲ့နောက် Chanyeol တို့လည်း ကိုယ့်တာဝန်ကိုယ်ကျေရန်ပြင်လိုက်ကြပါတော့သည်။

:

"ဒီအိမ်က အစဦးဆုံးအိမ်ပဲ၊ ဒီအိမ်ကနေ စလိုက်ကြမလားဟင်"

ကောင်လေးပြတဲ့အိမ်က ခြံစည်းရိုးအပုလေးခတ်ထားသည့် တစ်ထပ်အိမ်အပုလေးဖြစ်သည်။

"အင်း၊ စကြတာပေါ့"

"ဒါဆိုခေါ်လိုက်တော့မယ်နော်"

"အင်း"

"အိမ်ရှင်တို့! အိမ်ရှင်တို့! ဘယ်သူရှိလဲဗျို့!"

ကောင်လေးရဲ့အော်ခေါ်သံအဆုံးမှာပင် အိမ်ထဲကနေ အဒေါ်ကြီးတစ်ယောက်ထွက်လာသည်။

"ဘယ်သူတွေတုန်း"

Chanyeol တို့ကိုတွေ့တဲ့အခါ ခြံတံခါးမဖွင့်ပေးသေးဘဲ စတင်မေးလာတဲ့စကားဖြစ်သည်။Chanyeol အဒေါ်ကြီးကိုဖော်ဖော်ရွေရွေပြုံးပြလိုက်ပြီး

"မင်္ဂလာပါ အဒေါ်၊ ကျွန်တော်က ပရဟိတလာလုပ်တဲ့ ဆရာဝန်ပါဗျ"

"ဪ! ရွာလူကြီးပြောတဲ့ ဆရာဝန်တွေ၊ မင်္ဂလာပါကွယ်"

ထိုတော့မှ အဒေါ်ကြီးက ခြံတံခါးကိုအလျင်အမြန်ဖွင့်လိုက်သည်။

"အိမ်ထဲဝင်ပါဦး ဆရာတို့၊ အယ် ဒီကောင်လေးက ငါတို့ရွာက ကလေးတွေနဲ့လာလာဆော့တဲ့ကောင်လေးမလား"

ကောင်လေးကို လက်ညှိုးတထိုးထိုးဖြင့်မေးလေရာ ကောင်လေးက သူ့လည်ဂုတ်လေးသူပွတ်ပြီး အဒေါ်ကြီးကို ခေါင်းလေးညိမ့်ပြပါသည်။

"ကျွန်တော့်ကို ကူညီပြီး အဖော်လိုက်ပေးတာပါ"

"အေးအေး ကောင်းတယ်၊ လိမ္မာတာပေါ့၊ ဒါနဲ့ တခြား ဆရာဝန်တွေကရောကွဲ့"

"တခြား ရွာတွေဘက်ကိုသွားကြပါတယ်"

"ဪ အဲ့လိုလား"

အဒေါ်ကြီးက Chanyeol တို့ကို အိမ်ရှေ့မျက်နှာစာရှိ ခုတင်အပုလေးပေါ်မှာ နေရာပေးသည်။

"ထိုင်ကြဦး၊ အဒေါ် မုန့်သွားယူလိုက်ဦးမယ်"

"ရတယ် ရတယ် အဒေါ်၊ ကျွန်တော်တို့အသိပေးစရာလေးရှိလို့လာခဲ့တာပါ"

ထိုအခါ အဒေါ်ကြီးက Chanyeol တို့ရဲ့မျက်နှာချင်းဆိုင်မှာပြန်ထိုင်သည်။

"ဘာများတုန်းကွဲ့၊ ပြောပါဦး"

"မနက်ဖြန်ကျရင် ရွာလယ်ကကျောင်းမှာ ကျန်းမာရေးပညာပေးဟောပြောပွဲလေးလုပ်မှာပါ၊ အဲ့ဒါ အဒေါ်ရော အဒေါ့်အိမ်သားတွေရော လာခဲ့ကြဖို့တိုက်တွန်းချင်ပါတယ်"

Chanyeol ရဲ့စကားကို အဒေါ်ကြီးကခေါင်းတညိမ့်ညိမ့်ဖြင့်

"လာခဲ့မှာပေါ့၊ လာခဲ့မယ် ဆရာလေး၊ အဒေါ်တို့လာခဲ့ပါ့မယ်၊ အိမ်သားက အဒေါ်အပါအဝင်ဆို လေးယောက်ရှိတာ၊ အကုန်လာခဲ့မယ်စိတ်ချ"

အဒေါ်ကြီးက အားတက်သရောဖြစ်နေတဲ့အခါ Chanyeol လည်းစိတ်ချမ်းသာရသည်။ဘေးကကောင်လေးကိုကြည့်လိုက်တော့ ကောင်လေးကလည်း Chanyeol ကိုပြုံးကြည့်ရင်း ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြပါသည်။

:

"မနက်ဖြန် ရွာလယ်ကကျောင်းကို သေချာပေါက်လာခဲ့ကြပါနော်"

"လာခဲ့မယ် ဆရာ၊ လာခဲ့မယ်၊ ရွာကိုအခုလို ပရဟိတလာလုပ်တာပဲ ကျုပ်တို့ကကျေးဇူးအထူးတင်နေတာပါ"

:

"အိမ်သားတွေကိုပါခေါ်ပြီးတော့ မနက်ဖြန်ကျရင် ဆက်ဆက်လာခဲ့ကြပါနော်"

"လာခဲ့မှာပေါ့ ဒေါက်တာလေးရဲ့၊ မနက်ဖြန် အလုပ်တွေအကုန်ဖျက်ပြီးလာခဲ့မယ်၊ စိတ်ချ စိတ်ချ"

:

"အဖွား မနက်ဖြန်အိမ်သားတွေနဲ့လာခဲ့မယ်မလား၊ ခါးနာတာပျောက်အောင် ကုပေးမယ်နော်"

"ကျေး ဇူး ပါ ဆရာဝန်လေးရယ်"

:

ဝင်လိုက်သမျှအိမ်တိုင်းက ပျူပျူငှါငှါကြိုဆိုကြပြီး အားတတ်သရောရှိကြတော့ Chanyeol စိတ်ချမ်းသာစွာဖြင့် ပြုံးနေမိတာအကြိမ်ကြိမ်ပင်။ဒီရွာကလူတွေက ကျန်းမာရေးအသိ တော်တော်လေးချမ်းသာကြပြီး လူတိုင်းလိုလို ဖော်ရွေသဘောကောင်းကြပါသည်။နောက်တစ်ခုသဘောကျပြီး ရယ်ချင်မိတာကတော့ ဝင်သမျှအိမ်တိုင်းကလူတွေဟာ ကောင်လေးကို သူတို့ရွာက ကလေးတွေနှင့်လာဆော့တတ်တဲ့ ကောင်လေးအဖြစ် ကောင်းကောင်းကြီးသိနေကြတာဖြစ်သည်။သွားရင်းလာရင်းတွေ့သမျှကလေးတိုင်းကလည်း ကောင်လေးကိုသိကာ နှုတ်ဆက်ကြသည်။သူတို့က အချိန်းအချက်တောင်လုပ်ကြပါသေးသည်။

Chanyeol ကို ကောင်လေးပြောတဲ့ ရွာလေးရွာမှာ သူမရောက်ဖူးတဲ့နေရာမရှိဘူးဆိုတာထက် မဆော့ဘူးတဲ့နေရာမရှိဘူးဆိုတာက ပိုမှန်လိမ့်လေမလား။

"ပင်ပန်းနေပြီလား ကောင်လေး"

"မပင်ပန်းပါဘူးဗျ"

မပင်ပန်းဘူးဆိုပေမယ့် ဦးထုပ်အဝိုင်းကြီးအောက်က မျက်နှာနုနုဟာ နီရဲနေပြီး ချွေးစတွေလည်းသီးနေပါသည်။

"ကိုယ့်ကိုအထုတ်တွေပေး၊ ကိုယ်ပဲသယ်လိုက်မယ်"

"မပေးပါဘူး၊ ဦးရဲ့လက်ထဲမှာအထုတ်တွေနဲ့ကို၊ ကျွန်တော်ဝိုင်းသယ်ပေးမှာပေါ့"

မယူပါဘူးဆိုတာတောင် ရိုးရာမုန့်တွေအတင်းလက်ဆောင်ပေးလိုက်ကြတဲ့အိမ်တွေလည်းရှိတာမို့ စေတနာကို အသိအမှတ်ပြုတဲ့အနေဖြင့် Chanyeol တို့ယူလာရတာဖြစ်သည်။

"ကောင်လေး"

"ဗျာ"

"ဟိုက အမိုးနဲ့ဟာက ဘာလဲ"

Chanyeol လက်ညွှန်ပြတဲ့နေရာကို ကောင်လေးကကြည့်လိုက်ပြီး

"ဪ အဲ့ဒါက ခဏတဖြုတ်နားနေတဲ့နေရာလေ၊ ဟုတ်သားပဲ ကျွန်တော်တို့အဲ့မှာခဏနားကြမလား ဦး"

"အင်း ကောင်းသားပဲ၊ နားတာပေါ့"

အဖြေရတာနဲ့ ကောင်လေးက ထိုနေရာဆီ သွက်သွက်လေးလျှောက်သွားသည်။

"ဦး နေပူတယ်၊ မြန်မြန်လာ"

လက်ထဲကအထုတ်တွေချပြီး အမိုးအောက်မှာကျကျနနထိုင်ကာ သူ့ကိုလက်ယက်ခေါ်နေတဲ့ကောင်လေးရဲ့ပုံစံက တစ်မျိုးလေးမို့ Chanyeol ပြုံးလိုက်ရင်း ကောင်လေးဆီသွက်သွက်လေးလျှောက်သွားလိုက်သည်။

"အင်း အေးအေးချမ်းချမ်းရှိသားပဲ"

"ဟုတ်တယ်ဗျ၊ ရွာတိုင်းမှာ ဒီလိုနေရာမျိုးလေးတွေရှိတယ်"

ကားမှတ်တိုင်လိုပုံစံပေမယ့် ကားမှတ်တိုင်းထက်ပိုကျယ်ဝန်းတဲ့နေရာလေးက နေအပူဒဏ်ကိုအတော်လေး ကာကွယ်ပေးနိုင်ပါသည်။

"ဦး ဒီမှာထိုင်"

ကောင်လေးလက်ပုတ်ပြတဲ့နေရာမှာ Chanyeol ထိုင်လိုက်တော့ နှစ်ယောက်က ဘေးချင်းကပ်ပုံစံဖြင့် တစ်ခါတစ်ရံ လက်မောင်းသားအချင်းချင်းထိမိကြသည်။

"ဒီဘက်လှည့် ကောင်လေး"

ဆတ်ခနဲဆိုလှည့်ကြည့်လာတဲ့ကောင်လေးရဲ့ ခေါင်းပေါ်က ဦးထုပ်အဝိုင်းကြီးကို Chanyeol ချွတ်ပေးလိုက်ပြီး ထင်းခနဲပေါ်လာတဲ့ မျက်နှာနုနုပေါ်ကချွေးစတွေကို လက်ကိုင်ပုဝါဖြင့်အသာသုတ်ပေးလိုက်သည်။အသားဖြူဖြူကနီရဲနေတော့ အတော်လေးပူနေသည့်ပုံပင်။

"လေတိုက်လို့တော်သေးတယ်၊ အပူသက်သာတယ်မလား"

"................"

ပြန်ဖြေသံထွက်မလာတာမို့ ကောင်လေးရဲ့မျက်လုံးတွေနှင့် အကြည့်ချင်းဆုံလိုက်တော့ ခပ်မော့မော့မျက်နှာလေးဖြင့် Chanyeol ကိုတမေ့တမောကြည့်နေတာအားတွေ့လိုက်ရပါသည်။Chanyeol အသာပြုံးလိုက်ရင်း

"ကိုယ့်ကိုဘာကြည့်နေတာလဲ ကောင်လေး"

"................"

"ဟိတ်!"

"ဟင် ဗျာ!"

အသိပြန်ဝင်လာတဲ့ကောင်လေးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ ခေါင်းလေးငုံ့သွားသည်။

"ကဲ ချွေးတွေမရှိတော့ဘူး၊ ခဏလောက်နေပြီးတော့မှ ခရီးဆက်ကြတာပေါ့"

"ဟုတ်ကဲ့ ဦး"

ထို့နောက်မှာတော့ နှစ်ယောက်သားအသံတိတ်သွားကြပြီး အပြည့်အဝအနားယူလိုက်ကြပါသည်။

:

"ဒါက ဆံပင်ညှပ်ဆိုင်၊ ဝင်မလား ဦး"

"အင်း ဝင်တာပေါ့"

ဆံပင်ညှပ်ဆိုင်ထဲရောက်သွားတော့ လူသိပ်မများဘဲ ဆံပင်အညှပ်ခံနေသူ အမျိုးသားတစ်ယောက်သာရှိပါသည်။

"အယ် ဘယ်သူလေးတွေတုန်း"

ဆံပင်ညှပ်နေတဲ့ အမျိုးသမီးက Chanyeol တို့ဝင်လာတာကိုမြင်တဲ့အခါ အလုပ်ကိုရပ်လိုက်ပြီး ခြေဆုံးခေါင်းဆုံးကြည့်ကာ စူးစမ်းသည်။

"မင်္ဂလာပါ၊ ကျွန်တော်က..."

"နေဦး ဒီအုန်းမုန့်ခွက်ကေနဲ့ကောင်လေးက ရွာတောင်ပိုင်းက ဟုတ်စ"

ကောင်လေးကိုလက်ညှိုးထိုးပြီး မေးလာတာဖြစ်သည်။Chanyeol ကောင်လေးကိုကြည့်လိုက်မိသလို ကောင်လေးကလည်း Chanyeol ကိုမော့ကြည့်လာသည်။ထို့နောက်မှ ကောင်လေးက အမျိုးသမီးကိုပြန်ကြည့်ပြီး ခေါင်းလေးအသာညိမ့်ပြလိုက်သည်။

"ထင်တာ မမှားဘူး၊ ရွာတောင်ပိုင်းကဆို အဲ့ကေတွေပဲထွက်တာ၊ ဘာလဲ အခုက ဆံပင်ကေပြန်လာပြောင်းတာလား၊ ဟုတ်ပြီ လာ ဂျွန်ဆောကေ အလန်းလေးညှပ်ပေးလိုက်မယ်၊ အထဲက မိန်းမတွေထွက်ခဲ့ ဆံပင်ညှပ်မယ်ဟေ့"

"မဟုတ်.."

အမျိုးသမီးက ကောင်လေးရဲ့လက်ကိုဆွဲခေါ်တဲ့အခါ ကောင်လေးက Chanyeol ရဲ့လက်မောင်းတစ်ဖက်ကိုဆွဲဖက်လာသလို Chanyeol လည်းအမျိုးသမီးဆွဲသွားတဲ့ ကောင်လေးရဲ့လက်ကိုပြန်ဆွဲလိုက်ရသည်။

"မဟုတ်ပါဘူး ကျွန်တော်တို့ဆံပင်ညှပ်ဖို့လာတာမဟုတ်ဘူး၊ ကျွန်တော်က...."

"ဒီကလေးရဲ့အုပ်ထိန်းသူလား ချောတယ်နော်၊ တစ်ခါမှမမြင်ဖူးဘူး၊ သန့်ပြန့်နေတာပဲ"

အမျိုးသမီးရဲ့ ချီးကျူးစကားအဆုံးမှာပင်

"ဘယ်သူက သန့်ပြန့်တာလဲ"

"ဘယ်သူက ချောတာလဲ"

"အချောလေးက ဘယ်သူလဲ"

လိုက်ကာကွယ်ထားသည့်အခန်းထဲကနေ အလျင်စလိုထွက်လာကြတဲ့ အမျိုးသမီးသုံးယောက်။အမျိုးသမီးတွေအကုန်လုံးဟာ သက်လတ်ပိုင်းအရွယ်တွေဖြစ်ကြပြီး ဆံပင်မိတ်ကပ်ကအစ အလွန်အကျွံပြင်ဆင်ထားကြပါသည်။

"အယ် အယ် အယ် ဒါဘယ်သူလေးတုန်း"

"တစ်ခါမှမမြင်ဖူးဘူးတော့"

"ဘယ်ကလာသလဲ ဘယ်နယ်ကလဲ နတ်ပြည်ကလား အဟိ!"

"ဟဲ့ ညည်းတို့ခဏနေကြပါဦး"

ပထမဦးဆုံးအမျိုးသမီးကတားလိုက်ပေမယ့်လည်း ကျန်အမျိုးသမီးတွေကတော့ ရယ်သံမျိုးစုံထွက်နေကြတုန်းပင်။

ထိုသို့ ကို့ယို့ကားယားအခြေအနေတွေမှာ Chanyeol သတိထားမိလိုက်တာကတော့ ကောင်လေးရဲ့ခန္ဓာကိုယ်ဟာ သူ့ရင်ဘက်ကျယ်ကြီးထဲတိုးဝင်လုနီးပါးထိ ကယ်တွယ်လာတာဖြစ်သည်။အရှေ့ကအမျိုးသမီးတွေ ဆံပင်ညှပ်လိုက်မှာကိုများ ကြောက်နေလေသလား။

"ကလေးက တော်တော်လူကပ်တယ်နော်၊ ကွယ်ထားလိုက်တာများ"

"ဟုတ်ပအေ"

"အကြည့်ကိုလည်းမေးဦး"

အမျိုးသမီးတွေအချင်းချင်းလက်တို့ပြီး ရှုံ့ကာမဲ့ကာဖြင့်ပြောလေတော့ ကောင်လေးရဲ့ပုခုံးကို Chanyeol အသာထိန်းဖက်ထားလိုက်သည်။

"ကျွန်တော့်စကားကို ဆုံးအောင်နားထောင်ပေးကြပါလား"

"ပြောပါရှင်"

"နားထောင်နေပါတယ်နော်"

"နှစ်ကိုယ်ကြားပြောချင်လည်းရတယ်သိလား အဟိ!"

"ဪ! ငါ့ထက်ပိုဆိုးနေတဲ့ဟာတွေပဲ"

Chanyeol ရဲ့စကားအဆုံး အမျိုးသမီးတွေဟာ တစ်ယောက်တစ်ပေါက်ဖြစ်သွားကြပြန်သည်။ထိုအချိန်

"ဟဲ့! သူပြောတာသေချာနားထောင်လိုက်ကြပါဦး! ငါလည်း ဒီနေ့ဆံပင်အပြီးညှပ်ချင်တယ်လေ"

တို့လို့တန်းလန်းဆံပင်ညှပ်ခံထားရတဲ့အမျိုးသားဆီက အော်သံထွက်လာတဲ့အခါ အမျိုးသမီးတွေအသံတိတ်သွားကြတော့သည်။Chanyeol အကုန်လုံးကိုအသာပြုံးပြလိုက်ပြီး

"မင်္ဂလာပါ၊ ကျွန်တော်က ပရဟိတလာလုပ်တဲ့ ဆရာဝန်ပါ"

"ဟယ်"

"ဟေ"

"ဟင်"

"အဲ့ဒါကြောင့် အသွေးအမွေးက လင်းလက်တောက်ပနေတာကိုး၊ မသိလို့ပါ ဒေါက်တာဆရာဝန်လူချောလေးရယ်၊ ခွင့်လွှတ်ပါနော်"

အခုမှသာ အမျိုးသမီးတွေအကုန်လုံးရဲ့အမူအရာတွေက ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားကြတော့သည်။

Chanyeol လည်းသက်ပြင်းအသာချလိုက်ရင်း လာရင်းကိစ္စကိုအသေးစိတ်ပြောပြလိုက်သည်။ထိုအခါ အမျိုးသမီးတွေဟာ တက်တက်ကြွကြွဖြင့် မနက်ဖြန်လာခဲ့မည်ဟု ကတိအထပ်အထပ်ပေးလိုက်ကြပါသည်။ကတိပေးတဲ့ထဲမှာ ဆံပင်ညှပ်နေတဲ့အမျိုးသားပါ ပါပါသေးသည်။

.................................................................................

ကောင်လေးရဲ့အဖွားဆိုင်ကို Chanyeol တို့ပြန်ရောက်တော့ နေ့လယ်ကျော်နေပြီဖြစ်သည်။Chanyeol တို့ထက်အရင် ကျန်နှစ်ဖွဲ့ကပြန်ရောက်နေကြပါသည်။

ဆိုင်ရဲ့အဓိကဟင်းလျာဖြစ်တဲ့ အမဲစွတ်ပြုတ်ကိုပဲ Chanyeol တို့လူစေ့မှာစားလိုက်ကြသည်။ကောင်လေးရော ကောင်လေးရဲ့သူငယ်ချင်းနှစ်ယောက်ရော Chanyeol တို့အဖွဲ့ပါ ဗိုက်ဆာဆာဖြင့်အသံတိတ်စားလိုက်ကြတာဟာ သွက်သွက်လက်လက်ပင်။ကောင်လေးရဲ့ အဖွားနှင့်အဒေါ်ကတော့ Chanyeol တို့နားကနေမခွါဘဲ ဧည့်ဝတ်အတော်လေးကျေပေးကြပါသည်။

"စွတ်ပြုတ်ရော အရန်ဟင်းတွေရော လုံးဝပြီးပြည့်စုံတယ်၊ အဖွားတို့ဆိုင်သာ မြို့မှာဖွင့်ရင် သေချာပေါက်လူပြတ်မှာမဟုတ်ဘူး"

Hanwool ရဲ့အားရပါးရစကားကို အဖွားဖြစ်သူက သဘောတကျရယ်သည်။

"ဒေါက်တာလေးတို့ကြိုက်တယ်ဆိုလို့ တော်သေးတာပေါ့ကွယ်၊ များများစားကြနော်၊ ကလေးတို့လည်းများများစားကြ၊ သမီးရေ ပွဲအပိုလေးပြင်ပေးထားပါဦး"

"နေနေ ဒေါ်ဒေါ်၊ သားသွားပြင်လိုက်မယ်"

Chanyeol ရဲ့ဘေးနားမှာထိုင်တဲ့ကောင်လေးက စားလက်စကိုရပ်ပြီး ဆိုင်အနောက်ဘက်ထဲဝင်သွားသည်။

"ကောင်လေး..Baekhyunee ကလည်းလုပ်တတ်တာလား အဖွား"

"လုပ်တတ်တာပေါ့ ဒေါက်တာလေးရဲ့၊ သင်ချင်တယ်ဆိုလို့ သင်ပေးထားရတာလေ၊ ဒါပေမယ့်လည်း ဆိုင်မှာဝိုင်းမကူခိုင်းပါဘူး၊ ဒီအရွယ်တွေဆိုတာ ပျော်ပျော်ပါးပါးကစားနေရမယ့်အရွယ်မလား၊ အခု မြေးလေးက ဒေါက်တာလေးတို့နဲ့လိုက်နေလို့၊ မဟုတ်ရင် ကလေးတစ်စုနဲ့အဖွဲ့ကျနေပြီ"

"အဲ့ဒါသာကြည့်တော့ ဒေါက်တာရေ၊ သူ့မြေးကိုဆို အမေကအရမ်းအလိုလိုက်ပြီး အချစ်ပိုတာ"

ကောင်လေးရဲ့ အဖွားနှင့်အဒေါ်ဖြစ်သူရဲ့စကားကြောင့် Chanyeol ခေါင်းတညိမ့်ညိမ့်ဖြင့်ပြုံးလိုက်မိသည်။မိဘတွေမရှိကြတော့တဲ့ ချစ်စရာတစ်ဦးတည်းသောမြေးလေးကို အဖွားကအလိုလိုက်တာမဆန်းပါ။Chanyeol တောင်ဘာမဆိုင်ညာမဆိုင် စိတ်ထဲကနေဂရုဏာပိုနေမိတာပဲမလား။

"ဒေါက်တာလေး Park Chanyeol က မြေးလေးပြောတဲ့အတိုင်း တကယ်ကိုချောတာပဲ"

"ဗျာ"

"မြေးလေးကလေ မနေ့ကအိမ်ပြန်လာကတည်းက ဒေါက်တာလေးအရမ်းချောကြောင်းပြောနေတာကွဲ့"

ကောင်လေးက ထိုသို့ ပြောတယ်တဲ့လား။Chanyeol ဘာစကားမှပြန်မပြောနိုင်ဘဲ သဘောတကျသာရယ်လိုက်မိသည်။

"ဒေါက်တာလေးကျွေးလိုက်တဲ့ စတော်ဘယ်ရီသီးကြီးတောင် ဖွားအေနဲ့အတူမျှစားသေးတယ်၊ သူ့အဒေါ်ကိုတော့ တစ်ကိုက်ပဲကျွေးတယ် မြန်မြန်ကုန်မှာစိုးလို့တဲ့လေ"

အဟား တကယ်ကိုချစ်ဖို့ကောင်းတဲ့ ကောင်လေးပါပဲ။

"ကျွန်တော်ချောကြောင်းရောမပြောဘူးလား အဖွား"

Hanwool ကစားသောက်နေရာမှ ထိုသို့ ဝင်မေးလိုက်လျှင်

"အယ် ဒေါက်တာလေးကလည်းချောပေမယ့် မြေးလေးက Park Chanyeol ဆိုတာပဲပြောတာကွဲ့၊ ဒေါက်တာလေးက Hanwool မလား၊ အဲ့နာမည်တော့ မကြားမိဘူးနော့်"

Hanwool စားနေရာမှတုန့်ခနဲရပ်သွားသည့်အခါ nurse ကလေးသုံးယောက်က ကြိတ်ရယ်လိုက်ကြသလို Chanyeol လည်းခေါင်းခါရင်းရယ်မိပါသည်။ကောင်လေးရဲ့အဒေါ်ကတော့ Hanwool ကိုအားတုံ့အားနာကြည့်ပြီး အဖွားအားဆက်မပြောတော့ဖို့မသိမသာဟန့်တားနေသည်။

"ဒေါက်တာလေးရဲ့အသက်က ဘယ်လောက်တုန်းကွဲ့"

အဖွားကတော့ Chanyeol ရဲ့အကြောင်းကိုသိချင်နေတုန်းပင်။

"ကျွန်တော် ၃၁ပါအဖွား"

"အယ် အဒေါ့်သမီးနဲ့ရွယ်တူပေါ့၊ မြေးလေးရဲ့အမေနဲ့တော်တော်လေးအသက်ကွာမှ ဒီသမီးကိုရတာလေ"

ကောင်လေးရဲ့အဒေါ်ဖြစ်သူကို Chanyeol အသာပြုံးပြလိုက်တော့ သူမကလည်း Chanyeol ကိုခေါင်းညိမ့်ကာပြန်ပြုံးပြပါသည်။

"အဖွား ကျွန်တော်တို့သွားပြီ၊ ဒေါက်တာဦးတို့ရောပဲဗျ"

"ကျွန်တော်ရောပဲ အမေ့ကိုဝိုင်းကူပေးစရာရှိသေးလို့"

"အေးအေး မြေးတို့၊ ကောင်းကောင်းသွားကြ"

"ဦးတို့ကိုလမ်းလိုက်ပြပေးလို့ ကျေးဇူးပါနော် ကောင်လေးတို့"

"ရပါတယ်ဗျ"

"ရပါတယ် ဒေါက်တာဦး"

ကောင်လေးရဲ့သူငယ်ချင်းနှစ်ယောက်ဟာ စားသောက်ပြီးသွားတော့ အိမ်ကိုကိုယ်စီပြန်သွားကြပါသည်။

ခဏအကြာမှာတော့ ဗန်းတစ်ခုပေါ်မှာ စွတ်ပြုတ်နှစ်ပန်းကန်တင်ပြီး ကောင်လေးပြန်ရောက်လာသည်။

"ထပ်ယူဦးမလား ဦး"

ဗန်းကိုစားပွဲပေါ်ချပြီးပြီးချင်းမေးလာတာက Chanyeol စားမစား။

"အင်း နည်းနည်းထည့်လိုက် ကောင်လေး"

ကောင်လေးရဲ့လက်ရာမို့ Chanyeol သေချာပေါက် စားကြည့်ရမှာပေါ့။

"အစ်ကို့ကိုရော ဟိတ် မင်းတို့ရောယူဦးမလား"

Hanwool က nurse တွေကိုပါ အဖော်ဆွယ်ပြီးမေးလိုက်တော့ အကုန်လုံးကခေါင်းညိမ့်ပြကြတဲ့အခါ ကောင်လေးက စွတ်ပြုတ်အားခွဲဝေထည့်ပေးလိုက်သည်။

ထို့နောက် ကောင်လေးက သူ့သူငယ်ချင်းနှစ်ယောက်ကိုမေးလာတာမို့ ပြန်သွားပြီလို့ဖြေပေးလိုက်တော့ ခေါင်းတညိမ့်ညိမ့်ဖြင့် သူ့နေရာလေးမှာ သူပြန်ထိုင်ပြီး စွတ်ပြုတ်ဆက်စားပါသည်။

"ဒါနဲ့စားကောင်းတယ်၊ ကြိုက်တယ်မလား"

ကောင်လေးရဲ့စွတ်ပြုတ်ပန်းကန်ထဲ အရန်ဟင်းအချို့ထည့်ပေးလိုက်တော့ Chanyeol ကို မျက်လုံးဝိုင်းလေးဖြင့်မော့ကြည့်လာပြီးမှ ခေါင်းလေးအသာညိမ့်ပြသည်။

ကောင်လေးချက်ပေးတဲ့စွတ်ပြုတ်အရသာက ကောင်းတာမို့ Chanyeol တို့တွေဝိုင်းချီးကျူးကြတော့ ပြုံးတုံ့တုံ့လေးဖြင့် ကျေးဇူးတင်စကားပြောပါသည်။

ထို့နောက် စားသောက်ပြီးသွားကြတော့ ခဏတဖြုတ်နားပြီးတာနဲ့ ရွာတောင်ပိုင်းကအိမ်တွေကို လိုက်အသိပေးရန်ပြင်လိုက်ကြသည်။ဒီတစ်ခါမှာတော့အုပ်စုလိုက်သွားမှာဖြစ်ပြီး လမ်းပြက ကောင်လေးတစ်ယောက်တည်းသာ။

Chanyeol တို့တွေစားထားသမျှစွတ်ပြုတ်ဖိုးကိုရှင်းမယ်လုပ်တော့ ကောင်လေးတို့တစ်မိသားစုလုံးကလက်မခံပါ။အတင်းရှင်းမယ်ဆိုတဲ့အခါ အဖွားကစိတ်ဆိုးချင်သလိုတွေပါဖြစ်လာတာမို့ နောက်ဆုံးတော့ Chanyeol တို့ပဲအလျော့ပေးလိုက်ရသည်။

ညနေတစ်ပိုင်းမှာ ရွာတောင်ပိုင်းကအိမ်တိုင်းကို လိုက်အသိပေးပြီးသွားတော့မှ ကောင်လေးကို အိမ်ပြန်ပို့ပေးခဲ့ကာ Chanyeol တို့လည်းကိုယ့်နေရာကိုယ်ပြန်လာခဲ့လိုက်ကြပါသည်။

အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ ရွာတွေရှိအိမ်တော်တော်များများကပေးလိုက်ကြသည့် ရိုးရာမုန့်ထုတ်တွေရယ်၊ ကောင်လေးရဲ့အဖွားက ညစာမစားသွားလို့ဆိုပြီး ဘူးတွေဖြင့်ထည့်ပေးလိုက်တဲ့ ထမင်းဟင်းတွေရယ်ဟာ Chanyeol တို့ငါးယောက်ရဲ့လက်နှစ်ဖက်တွေမှာအပြည့်ပင်။ကိုယ့်နေရာကိုယ်ပြန်ရောက်တော့လည်း ရွာလူကြီးဦးလေးဂျင်ရဲ့သမီးကြီးလင်မယားက ညစာအစားအသောက်တွေဖြင့်ကြိုစောင့်နေကြပါသေးသည်။ရွာလေးရွာရှိလူတွေရဲ့ စေတနာရေစီးကမ်းပြိုမှုကြောင့် Chanyeol တို့တွေ သဘောတကျဖြင့် ရယ်ပဲရယ်နိုင်ကြပါတော့သည်။

.................................................................................

(ဆက်ရန်)
(၁၃.၁၀.၂၀၂၃)


(Zawgyi)

မနက္စာစားၿပီးသြားၾကေတာ့ အကုန္လုံးေနအပူဒဏ္သက္သာေစရန္ အကၤ်ီရွည္ေဘာင္းဘီရွည္ႏွင့္ ဦးထုပ္အဝိုင္းေတြေဆာင္းၿပီး ရြာထဲဆင္းလိုက္ၾကသည္။

ေကာင္ေလးက Chanyeol တို႔ကို ရြာထဲက သူႏွင့္ရြယ္တူသူငယ္ခ်င္း အမႊာေကာင္ေလးႏွစ္ေယာက္ႏွင့္မိတ္ဆက္ေပးၿပီး လမ္းျပလုပ္ေပးေစပါသည္။ကိစၥျမန္ျမန္ၿပီးၿပီး ခရီးပိုတြင္ေအာင္ အုပ္စုသုံးစုခြဲၿပီးသြားၾကမွာျဖစ္သည္။

Chanyeol ရယ္ ေကာင္ေလးရယ္က အေရွ႕ပိုင္းရြာ၊ Hanwool ရယ္ Yunho ရယ္ ေကာင္ေလးတစ္ေယာက္ရယ္က အေနာက္ပိုင္းရြာ၊ မိန္းကေလးႏွစ္ေယာက္ရယ္ ေကာင္ေလးတစ္ေယာက္ရယ္က ေျမာက္ပိုင္းရြာ၊ စသျဖင့္ ရြာသုံးရြာကိုလူခြဲသြားၾကမွာျဖစ္သည္။က်န္ေနေသးတဲ့ေတာင္ပိုင္းရြာကေတာ့ ေကာင္ေလးတို႔ရြာျဖစ္တာမို႔ ေနာက္ဆုံးမွသြားလည္းအဆင္ေျပပါသည္။

"ရြာေတြက အိမ္ေျခနည္းလို႔ ျမန္ျမန္ေတာ့ၿပီးမွာပါ၊ ေသခ်ာေလးရွင္းျပၿပီး မိတ္ဆက္ခဲ့ၾကေနာ္၊ ယူနာ နဲ႔ ယြန္းခ်ယ္ ကႏွစ္ေယာက္တြဲသြားလို႔ တကယ္ပဲအဆင္ေျပရဲ့လား"

"က်ားက်ားယားယားမိန္းမသားေတြပါ ေဒါက္တာရဲ့"

"ကၽြန္မက ခါးပတ္နက္ေလ ဟဲဟဲ"

မိန္းမသားႏွစ္ေယာက္ရဲ့ စိတ္ခ်ေလာက္စရာစကားေတြေၾကာင့္ ေယာက္်ားသားေတြေခါင္းတညိမ့္ညိမ့္လုပ္လိုက္ၾကသည္။

"ကၽြန္ေတာ္တို႔ရြာကလူေတြက စိတ္ခ်ရပါတယ္ ဦးရဲ့"

ေကာင္ေလးကမ်က္လုံးေလးဝင့္ၾကည့္ၿပီး ေျပာလာတာမို႔ Chanyeol ျပဳံးလိုက္ရင္း

"ကိုယ္ကေနရာစိမ္းမွာ မိန္းကေလးႏွစ္ေယာက္တည္းျဖစ္ေနလို႔ စိတ္ခ်ရေအာင္ပါဗ်ာ"

ထိုအခါမွ ေကာင္ေလးက Chanyeol ကိုျပဳံးျပၿပီး အၾကည့္လႊဲသြားသည္။

"ကဲကဲ သြားၾကတာေပါ့ ေနအရမ္းမျမင့္ခင္ေလး"

Hanwool ကအရင္ႏွိုးေဆာ္လိုက္ၿပီး သြားဖို႔ျပင္သည္။

"ထယ္ဝူးနဲ႔လီဝူး မင္းတို႔ေတြ ေဒါက္တာတို႔ကိုေသခ်ာေလးေခၚသြားေပးေနာ္"

ေကာင္ေလးက ထိုသို႔ေျပာလိုက္လၽွင္

"ေအးပါကြ"

"ေအးပါ ေအးပါ"

ေကာင္ေလးရဲ့ သူငယ္ခ်င္းႏွစ္ေယာက္က တက္တက္ႂကြႂကြျပန္ေျဖၾကသည္။

"ေန႔လည္စာစားခ်ိန္က်ရင္ ေကာင္ေလးရဲ့အဖြားဆိုင္ကိုပဲျပန္လာခဲ့ၾကေနာ္"

"ေအးေအး သြားၿပီ"

"ကၽြန္မတို႔သြားလိုက္ပါဦးမယ္ ေဒါက္တာ"

"အားလုံးပဲ ဖိုက္တင္း! ကၽြန္ေတာ္တို႔လုပ္နိုင္တယ္၊ သြားၾကမယ္"

အကုန္လုံးအသီးသီးလွည့္ထြက္သြားၿပီးတဲ့ေနာက္ Chanyeol တို႔လည္း ကိုယ့္တာဝန္ကိုယ္ေက်ရန္ျပင္လိုက္ၾကပါေတာ့သည္။

:

"ဒီအိမ္က အစဦးဆုံးအိမ္ပဲ၊ ဒီအိမ္ကေန စလိုက္ၾကမလားဟင္"

ေကာင္ေလးျပတဲ့အိမ္က ၿခံစည္းရိုးအပုေလးခတ္ထားသည့္ တစ္ထပ္အိမ္အပုေလးျဖစ္သည္။

"အင္း၊ စၾကတာေပါ့"

"ဒါဆိုေခၚလိုက္ေတာ့မယ္ေနာ္"

"အင္း"

"အိမ္ရွင္တို႔! အိမ္ရွင္တို႔! ဘယ္သူရွိလဲဗ်ိဳ႕!"

ေကာင္ေလးရဲ့ေအာ္ေခၚသံအဆုံးမွာပင္ အိမ္ထဲကေန အေဒၚႀကီးတစ္ေယာက္ထြက္လာသည္။

"ဘယ္သူေတြတုန္း"

Chanyeol တို႔ကိုေတြ႕တဲ့အခါ ၿခံတံခါးမဖြင့္ေပးေသးဘဲ စတင္ေမးလာတဲ့စကားျဖစ္သည္။Chanyeol အေဒၚႀကီးကိုေဖာ္ေဖာ္ေရြေရြျပဳံးျပလိုက္ၿပီး

"မဂၤလာပါ အေဒၚ၊ ကၽြန္ေတာ္က ပရဟိတလာလုပ္တဲ့ ဆရာဝန္ပါဗ်"

"ဪ! ရြာလူႀကီးေျပာတဲ့ ဆရာဝန္ေတြ၊ မဂၤလာပါကြယ္"

ထိုေတာ့မွ အေဒၚႀကီးက ၿခံတံခါးကိုအလ်င္အျမန္ဖြင့္လိုက္သည္။

"အိမ္ထဲဝင္ပါဦး ဆရာတို႔၊ အယ္ ဒီေကာင္ေလးက ငါတို႔ရြာက ကေလးေတြနဲ႔လာလာေဆာ့တဲ့ေကာင္ေလးမလား"

ေကာင္ေလးကို လက္ညႇိုးတထိုးထိုးျဖင့္ေမးေလရာ ေကာင္ေလးက သူ႔လည္ဂုတ္ေလးသူပြတ္ၿပီး အေဒၚႀကီးကို ေခါင္းေလးညိမ့္ျပပါသည္။

"ကၽြန္ေတာ့္ကို ကူညီၿပီး အေဖာ္လိုက္ေပးတာပါ"

"ေအးေအး ေကာင္းတယ္၊ လိမၼာတာေပါ့၊ ဒါနဲ႔ တျခား ဆရာဝန္ေတြကေရာကြဲ႕"

"တျခား ရြာေတြဘက္ကိုသြားၾကပါတယ္"

"ဪ အဲ့လိုလား"

အေဒၚႀကီးက Chanyeol တို႔ကို အိမ္ေရွ႕မ်က္ႏွာစာရွိ ခုတင္အပုေလးေပၚမွာ ေနရာေပးသည္။

"ထိုင္ၾကဦး၊ အေဒၚ မုန့္သြားယူလိုက္ဦးမယ္"

"ရတယ္ ရတယ္ အေဒၚ၊ ကၽြန္ေတာ္တို႔အသိေပးစရာေလးရွိလို႔လာခဲ့တာပါ"

ထိုအခါ အေဒၚႀကီးက Chanyeol တို႔ရဲ့မ်က္ႏွာခ်င္းဆိုင္မွာျပန္ထိုင္သည္။

"ဘာမ်ားတုန္းကြဲ႕၊ ေျပာပါဦး"

"မနက္ျဖန္က်ရင္ ရြာလယ္ကေက်ာင္းမွာ က်န္းမာေရးပညာေပးေဟာေျပာပြဲေလးလုပ္မွာပါ၊ အဲ့ဒါ အေဒၚေရာ အေဒၚ့အိမ္သားေတြေရာ လာခဲ့ၾကဖို႔တိုက္တြန္းခ်င္ပါတယ္"

Chanyeol ရဲ့စကားကို အေဒၚႀကီးကေခါင္းတညိမ့္ညိမ့္ျဖင့္

"လာခဲ့မွာေပါ့၊ လာခဲ့မယ္ ဆရာေလး၊ အေဒၚတို႔လာခဲ့ပါ့မယ္၊ အိမ္သားက အေဒၚအပါအဝင္ဆို ေလးေယာက္ရွိတာ၊ အကုန္လာခဲ့မယ္စိတ္ခ်"

အေဒၚႀကီးက အားတက္သေရာျဖစ္ေနတဲ့အခါ Chanyeol လည္းစိတ္ခ်မ္းသာရသည္။ေဘးကေကာင္ေလးကိုၾကည့္လိုက္ေတာ့ ေကာင္ေလးကလည္း Chanyeol ကိုျပဳံးၾကည့္ရင္း ေခါင္းေလးတဆတ္ဆတ္ညိမ့္ျပပါသည္။

:

"မနက္ျဖန္ ရြာလယ္ကေက်ာင္းကို ေသခ်ာေပါက္လာခဲ့ၾကပါေနာ္"

"လာခဲ့မယ္ ဆရာ၊ လာခဲ့မယ္၊ ရြာကိုအခုလို ပရဟိတလာလုပ္တာပဲ က်ဳပ္တို႔ကေက်းဇူးအထူးတင္ေနတာပါ"

:

"အိမ္သားေတြကိုပါေခၚၿပီးေတာ့ မနက္ျဖန္က်ရင္ ဆက္ဆက္လာခဲ့ၾကပါေနာ္"

"လာခဲ့မွာေပါ့ ေဒါက္တာေလးရဲ့၊ မနက္ျဖန္ အလုပ္ေတြအကုန္ဖ်က္ၿပီးလာခဲ့မယ္၊ စိတ္ခ် စိတ္ခ်"

:

"အဖြား မနက္ျဖန္အိမ္သားေတြနဲ႔လာခဲ့မယ္မလား၊ ခါးနာတာေပ်ာက္ေအာင္ ကုေပးမယ္ေနာ္"

"ေက်း ဇူး ပါ ဆရာဝန္ေလးရယ္"

:

ဝင္လိုက္သမၽွအိမ္တိုင္းက ပ်ဴပ်ဴငွါငွါႀကိဳဆိုၾကၿပီး အားတတ္သေရာရွိၾကေတာ့ Chanyeol စိတ္ခ်မ္းသာစြာျဖင့္ ျပဳံးေနမိတာအႀကိမ္ႀကိမ္ပင္။ဒီရြာကလူေတြက က်န္းမာေရးအသိ ေတာ္ေတာ္ေလးခ်မ္းသာၾကၿပီး လူတိုင္းလိုလို ေဖာ္ေရြသေဘာေကာင္းၾကပါသည္။ေနာက္တစ္ခုသေဘာက်ၿပီး ရယ္ခ်င္မိတာကေတာ့ ဝင္သမၽွအိမ္တိုင္းကလူေတြဟာ ေကာင္ေလးကို သူတို႔ရြာက ကေလးေတြႏွင့္လာေဆာ့တတ္တဲ့ ေကာင္ေလးအျဖစ္ ေကာင္းေကာင္းႀကီးသိေနၾကတာျဖစ္သည္။သြားရင္းလာရင္းေတြ႕သမၽွကေလးတိုင္းကလည္း ေကာင္ေလးကိုသိကာ ႏွုတ္ဆက္ၾကသည္။သူတို႔က အခ်ိန္းအခ်က္ေတာင္လုပ္ၾကပါေသးသည္။

Chanyeol ကို ေကာင္ေလးေျပာတဲ့ ရြာေလးရြာမွာ သူမေရာက္ဖူးတဲ့ေနရာမရွိဘူးဆိုတာထက္ မေဆာ့ဘူးတဲ့ေနရာမရွိဘူးဆိုတာက ပိုမွန္လိမ့္ေလမလား။

"ပင္ပန္းေနၿပီလား ေကာင္ေလး"

"မပင္ပန္းပါဘူးဗ်"

မပင္ပန္းဘူးဆိုေပမယ့္ ဦးထုပ္အဝိုင္းႀကီးေအာက္က မ်က္ႏွာႏုႏုဟာ နီရဲေနၿပီး ေခၽြးစေတြလည္းသီးေနပါသည္။

"ကိုယ့္ကိုအထုတ္ေတြေပး၊ ကိုယ္ပဲသယ္လိုက္မယ္"

"မေပးပါဘူး၊ ဦးရဲ့လက္ထဲမွာအထုတ္ေတြနဲ႔ကို၊ ကၽြန္ေတာ္ဝိုင္းသယ္ေပးမွာေပါ့"

မယူပါဘူးဆိုတာေတာင္ ရိုးရာမုန့္ေတြအတင္းလက္ေဆာင္ေပးလိုက္ၾကတဲ့အိမ္ေတြလည္းရွိတာမို႔ ေစတနာကို အသိအမွတ္ျပဳတဲ့အေနျဖင့္ Chanyeol တို႔ယူလာရတာျဖစ္သည္။

"ေကာင္ေလး"

"ဗ်ာ"

"ဟိုက အမိုးနဲ႔ဟာက ဘာလဲ"

Chanyeol လက္ညႊန္ျပတဲ့ေနရာကို ေကာင္ေလးကၾကည့္လိုက္ၿပီး

"ဪ အဲ့ဒါက ခဏတျဖဳတ္နားေနတဲ့ေနရာေလ၊ ဟုတ္သားပဲ ကၽြန္ေတာ္တို႔အဲ့မွာခဏနားၾကမလား ဦး"

"အင္း ေကာင္းသားပဲ၊ နားတာေပါ့"

အေျဖရတာနဲ႔ ေကာင္ေလးက ထိုေနရာဆီ သြက္သြက္ေလးေလၽွာက္သြားသည္။

"ဦး ေနပူတယ္၊ ျမန္ျမန္လာ"

လက္ထဲကအထုတ္ေတြခ်ၿပီး အမိုးေအာက္မွာက်က်နနထိုင္ကာ သူ႔ကိုလက္ယက္ေခၚေနတဲ့ေကာင္ေလးရဲ့ပုံစံက တစ္မ်ိဳးေလးမို႔ Chanyeol ျပဳံးလိုက္ရင္း ေကာင္ေလးဆီသြက္သြက္ေလးေလၽွာက္သြားလိုက္သည္။

"အင္း ေအးေအးခ်မ္းခ်မ္းရွိသားပဲ"

"ဟုတ္တယ္ဗ်၊ ရြာတိုင္းမွာ ဒီလိုေနရာမ်ိဳးေလးေတြရွိတယ္"

ကားမွတ္တိုင္လိုပုံစံေပမယ့္ ကားမွတ္တိုင္းထက္ပိုက်ယ္ဝန္းတဲ့ေနရာေလးက ေနအပူဒဏ္ကိုအေတာ္ေလး ကာကြယ္ေပးနိုင္ပါသည္။

"ဦး ဒီမွာထိုင္"

ေကာင္ေလးလက္ပုတ္ျပတဲ့ေနရာမွာ Chanyeol ထိုင္လိုက္ေတာ့ ႏွစ္ေယာက္က ေဘးခ်င္းကပ္ပုံစံျဖင့္ တစ္ခါတစ္ရံ လက္ေမာင္းသားအခ်င္းခ်င္းထိမိၾကသည္။

"ဒီဘက္လွည့္ ေကာင္ေလး"

ဆတ္ခနဲဆိုလွည့္ၾကည့္လာတဲ့ေကာင္ေလးရဲ့ ေခါင္းေပၚက ဦးထုပ္အဝိုင္းႀကီးကို Chanyeol ခၽြတ္ေပးလိုက္ၿပီး ထင္းခနဲေပၚလာတဲ့ မ်က္ႏွာႏုႏုေပၚကေခၽြးစေတြကို လက္ကိုင္ပုဝါျဖင့္အသာသုတ္ေပးလိုက္သည္။အသားျဖဴျဖဴကနီရဲေနေတာ့ အေတာ္ေလးပူေနသည့္ပုံပင္။

"ေလတိုက္လို႔ေတာ္ေသးတယ္၊ အပူသက္သာတယ္မလား"

"................"

ျပန္ေျဖသံထြက္မလာတာမို႔ ေကာင္ေလးရဲ့မ်က္လုံးေတြႏွင့္ အၾကည့္ခ်င္းဆုံလိုက္ေတာ့ ခပ္ေမာ့ေမာ့မ်က္ႏွာေလးျဖင့္ Chanyeol ကိုတေမ့တေမာၾကည့္ေနတာအားေတြ႕လိုက္ရပါသည္။Chanyeol အသာျပဳံးလိုက္ရင္း

"ကိုယ့္ကိုဘာၾကည့္ေနတာလဲ ေကာင္ေလး"

"................"

"ဟိတ္!"

"ဟင္ ဗ်ာ!"

အသိျပန္ဝင္လာတဲ့ေကာင္ေလးက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးမွ ေခါင္းေလးငုံ႔သြားသည္။

"ကဲ ေခၽြးေတြမရွိေတာ့ဘူး၊ ခဏေလာက္ေနၿပီးေတာ့မွ ခရီးဆက္ၾကတာေပါ့"

"ဟုတ္ကဲ့ ဦး"

ထို႔ေနာက္မွာေတာ့ ႏွစ္ေယာက္သားအသံတိတ္သြားၾကၿပီး အျပည့္အဝအနားယူလိုက္ၾကပါသည္။

:

"ဒါက ဆံပင္ညႇပ္ဆိုင္၊ ဝင္မလား ဦး"

"အင္း ဝင္တာေပါ့"

ဆံပင္ညႇပ္ဆိုင္ထဲေရာက္သြားေတာ့ လူသိပ္မမ်ားဘဲ ဆံပင္အညႇပ္ခံေနသူ အမ်ိဳးသားတစ္ေယာက္သာရွိပါသည္။

"အယ္ ဘယ္သူေလးေတြတုန္း"

ဆံပင္ညႇပ္ေနတဲ့ အမ်ိဳးသမီးက Chanyeol တို႔ဝင္လာတာကိုျမင္တဲ့အခါ အလုပ္ကိုရပ္လိုက္ၿပီး ေျခဆုံးေခါင္းဆုံးၾကည့္ကာ စူးစမ္းသည္။

"မဂၤလာပါ၊ ကၽြန္ေတာ္က..."

"ေနဦး ဒီအုန္းမုန့္ခြက္ေကနဲ႔ေကာင္ေလးက ရြာေတာင္ပိုင္းက ဟုတ္စ"

ေကာင္ေလးကိုလက္ညႇိုးထိုးၿပီး ေမးလာတာျဖစ္သည္။Chanyeol ေကာင္ေလးကိုၾကည့္လိုက္မိသလို ေကာင္ေလးကလည္း Chanyeol ကိုေမာ့ၾကည့္လာသည္။ထို႔ေနာက္မွ ေကာင္ေလးက အမ်ိဳးသမီးကိုျပန္ၾကည့္ၿပီး ေခါင္းေလးအသာညိမ့္ျပလိုက္သည္။

"ထင္တာ မမွားဘူး၊ ရြာေတာင္ပိုင္းကဆို အဲ့ေကေတြပဲထြက္တာ၊ ဘာလဲ အခုက ဆံပင္ေကျပန္လာေျပာင္းတာလား၊ ဟုတ္ၿပီ လာ ဂၽြန္ေဆာေက အလန္းေလးညႇပ္ေပးလိုက္မယ္၊ အထဲက မိန္းမေတြထြက္ခဲ့ ဆံပင္ညႇပ္မယ္ေဟ့"

"မဟုတ္.."

အမ်ိဳးသမီးက ေကာင္ေလးရဲ့လက္ကိုဆြဲေခၚတဲ့အခါ ေကာင္ေလးက Chanyeol ရဲ့လက္ေမာင္းတစ္ဖက္ကိုဆြဲဖက္လာသလို Chanyeol လည္းအမ်ိဳးသမီးဆြဲသြားတဲ့ ေကာင္ေလးရဲ့လက္ကိုျပန္ဆြဲလိုက္ရသည္။

"မဟုတ္ပါဘူး ကၽြန္ေတာ္တို႔ဆံပင္ညႇပ္ဖို႔လာတာမဟုတ္ဘူး၊ ကၽြန္ေတာ္က...."

"ဒီကေလးရဲ့အုပ္ထိန္းသူလား ေခ်ာတယ္ေနာ္၊ တစ္ခါမွမျမင္ဖူးဘူး၊ သန့္ျပန့္ေနတာပဲ"

အမ်ိဳးသမီးရဲ့ ခ်ီးက်ဴးစကားအဆုံးမွာပင္

"ဘယ္သူက သန့္ျပန့္တာလဲ"

"ဘယ္သူက ေခ်ာတာလဲ"

"အေခ်ာေလးက ဘယ္သူလဲ"

လိုက္ကာကြယ္ထားသည့္အခန္းထဲကေန အလ်င္စလိုထြက္လာၾကတဲ့ အမ်ိဳးသမီးသုံးေယာက္။အမ်ိဳးသမီးေတြအကုန္လုံးဟာ သက္လတ္ပိုင္းအရြယ္ေတြျဖစ္ၾကၿပီး ဆံပင္မိတ္ကပ္ကအစ အလြန္အကၽြံျပင္ဆင္ထားၾကပါသည္။

"အယ္ အယ္ အယ္ ဒါဘယ္သူေလးတုန္း"

"တစ္ခါမွမျမင္ဖူးဘူးေတာ့"

"ဘယ္ကလာသလဲ ဘယ္နယ္ကလဲ နတ္ျပည္ကလား အဟိ!"

"ဟဲ့ ညည္းတို႔ခဏေနၾကပါဦး"

ပထမဦးဆုံးအမ်ိဳးသမီးကတားလိုက္ေပမယ့္လည္း က်န္အမ်ိဳးသမီးေတြကေတာ့ ရယ္သံမ်ိဳးစုံထြက္ေနၾကတုန္းပင္။

ထိုသို႔ ကို႔ယို႔ကားယားအေျခအေနေတြမွာ Chanyeol သတိထားမိလိုက္တာကေတာ့ ေကာင္ေလးရဲ့ခႏၶာကိုယ္ဟာ သူ႔ရင္ဘက္က်ယ္ႀကီးထဲတိုးဝင္လုနီးပါးထိ ကယ္တြယ္လာတာျဖစ္သည္။အေရွ႕ကအမ်ိဳးသမီးေတြ ဆံပင္ညႇပ္လိုက္မွာကိုမ်ား ေၾကာက္ေနေလသလား။

"ကေလးက ေတာ္ေတာ္လူကပ္တယ္ေနာ္၊ ကြယ္ထားလိုက္တာမ်ား"

"ဟုတ္ပေအ"

"အၾကည့္ကိုလည္းေမးဦး"

အမ်ိဳးသမီးေတြအခ်င္းခ်င္းလက္တို႔ၿပီး ရွုံ႔ကာမဲ့ကာျဖင့္ေျပာေလေတာ့ ေကာင္ေလးရဲ့ပုခုံးကို Chanyeol အသာထိန္းဖက္ထားလိုက္သည္။

"ကၽြန္ေတာ့္စကားကို ဆုံးေအာင္နားေထာင္ေပးၾကပါလား"

"ေျပာပါရွင္"

"နားေထာင္ေနပါတယ္ေနာ္"

"ႏွစ္ကိုယ္ၾကားေျပာခ်င္လည္းရတယ္သိလား အဟိ!"

"ဪ! ငါ့ထက္ပိုဆိုးေနတဲ့ဟာေတြပဲ"

Chanyeol ရဲ့စကားအဆုံး အမ်ိဳးသမီးေတြဟာ တစ္ေယာက္တစ္ေပါက္ျဖစ္သြားၾကျပန္သည္။ထိုအခ်ိန္

"ဟဲ့! သူေျပာတာေသခ်ာနားေထာင္လိုက္ၾကပါဦး! ငါလည္း ဒီေန႔ဆံပင္အၿပီးညႇပ္ခ်င္တယ္ေလ"

တို႔လို႔တန္းလန္းဆံပင္ညႇပ္ခံထားရတဲ့အမ်ိဳးသားဆီက ေအာ္သံထြက္လာတဲ့အခါ အမ်ိဳးသမီးေတြအသံတိတ္သြားၾကေတာ့သည္။Chanyeol အကုန္လုံးကိုအသာျပဳံးျပလိုက္ၿပီး

"မဂၤလာပါ၊ ကၽြန္ေတာ္က ပရဟိတလာလုပ္တဲ့ ဆရာဝန္ပါ"

"ဟယ္"

"ေဟ"

"ဟင္"

"အဲ့ဒါေၾကာင့္ အေသြးအေမြးက လင္းလက္ေတာက္ပေနတာကိုး၊ မသိလို႔ပါ ေဒါက္တာဆရာဝန္လူေခ်ာေလးရယ္၊ ခြင့္လႊတ္ပါေနာ္"

အခုမွသာ အမ်ိဳးသမီးေတြအကုန္လုံးရဲ့အမူအရာေတြက ထိန္းထိန္းသိမ္းသိမ္းျဖစ္သြားၾကေတာ့သည္။

Chanyeol လည္းသက္ျပင္းအသာခ်လိုက္ရင္း လာရင္းကိစၥကိုအေသးစိတ္ေျပာျပလိုက္သည္။ထိုအခါ အမ်ိဳးသမီးေတြဟာ တက္တက္ႂကြႂကြျဖင့္ မနက္ျဖန္လာခဲ့မည္ဟု ကတိအထပ္အထပ္ေပးလိုက္ၾကပါသည္။ကတိေပးတဲ့ထဲမွာ ဆံပင္ညႇပ္ေနတဲ့အမ်ိဳးသားပါ ပါပါေသးသည္။

.................................................................................

ေကာင္ေလးရဲ့အဖြားဆိုင္ကို Chanyeol တို႔ျပန္ေရာက္ေတာ့ ေန႔လယ္ေက်ာ္ေနၿပီျဖစ္သည္။Chanyeol တို႔ထက္အရင္ က်န္ႏွစ္ဖြဲ႕ကျပန္ေရာက္ေနၾကပါသည္။

ဆိုင္ရဲ့အဓိကဟင္းလ်ာျဖစ္တဲ့ အမဲစြတ္ျပဳတ္ကိုပဲ Chanyeol တို႔လူေစ့မွာစားလိုက္ၾကသည္။ေကာင္ေလးေရာ ေကာင္ေလးရဲ့သူငယ္ခ်င္းႏွစ္ေယာက္ေရာ Chanyeol တို႔အဖြဲ႕ပါ ဗိုက္ဆာဆာျဖင့္အသံတိတ္စားလိုက္ၾကတာဟာ သြက္သြက္လက္လက္ပင္။ေကာင္ေလးရဲ့ အဖြားႏွင့္အေဒၚကေတာ့ Chanyeol တို႔နားကေနမခြါဘဲ ဧည့္ဝတ္အေတာ္ေလးေက်ေပးၾကပါသည္။

"စြတ္ျပဳတ္ေရာ အရန္ဟင္းေတြေရာ လုံးဝၿပီးျပည့္စုံတယ္၊ အဖြားတို႔ဆိုင္သာ ၿမိဳ႕မွာဖြင့္ရင္ ေသခ်ာေပါက္လူျပတ္မွာမဟုတ္ဘူး"

Hanwool ရဲ့အားရပါးရစကားကို အဖြားျဖစ္သူက သေဘာတက်ရယ္သည္။

"ေဒါက္တာေလးတို႔ႀကိဳက္တယ္ဆိုလို႔ ေတာ္ေသးတာေပါ့ကြယ္၊ မ်ားမ်ားစားၾကေနာ္၊ ကေလးတို႔လည္းမ်ားမ်ားစားၾက၊ သမီးေရ ပြဲအပိုေလးျပင္ေပးထားပါဦး"

"ေနေန ေဒၚေဒၚ၊ သားသြားျပင္လိုက္မယ္"

Chanyeol ရဲ့ေဘးနားမွာထိုင္တဲ့ေကာင္ေလးက စားလက္စကိုရပ္ၿပီး ဆိုင္အေနာက္ဘက္ထဲဝင္သြားသည္။

"ေကာင္ေလး..Baekhyunee ကလည္းလုပ္တတ္တာလား အဖြား"

"လုပ္တတ္တာေပါ့ ေဒါက္တာေလးရဲ့၊ သင္ခ်င္တယ္ဆိုလို႔ သင္ေပးထားရတာေလ၊ ဒါေပမယ့္လည္း ဆိုင္မွာဝိုင္းမကူခိုင္းပါဘူး၊ ဒီအရြယ္ေတြဆိုတာ ေပ်ာ္ေပ်ာ္ပါးပါးကစားေနရမယ့္အရြယ္မလား၊ အခု ေျမးေလးက ေဒါက္တာေလးတို႔နဲ႔လိုက္ေနလို႔၊ မဟုတ္ရင္ ကေလးတစ္စုနဲ႔အဖြဲ႕က်ေနၿပီ"

"အဲ့ဒါသာၾကည့္ေတာ့ ေဒါက္တာေရ၊ သူ႔ေျမးကိုဆို အေမကအရမ္းအလိုလိုက္ၿပီး အခ်စ္ပိုတာ"

ေကာင္ေလးရဲ့ အဖြားႏွင့္အေဒၚျဖစ္သူရဲ့စကားေၾကာင့္ Chanyeol ေခါင္းတညိမ့္ညိမ့္ျဖင့္ျပဳံးလိုက္မိသည္။မိဘေတြမရွိၾကေတာ့တဲ့ ခ်စ္စရာတစ္ဦးတည္းေသာေျမးေလးကို အဖြားကအလိုလိုက္တာမဆန္းပါ။Chanyeol ေတာင္ဘာမဆိုင္ညာမဆိုင္ စိတ္ထဲကေနဂ႐ုဏာပိုေနမိတာပဲမလား။

"ေဒါက္တာေလး Park Chanyeol က ေျမးေလးေျပာတဲ့အတိုင္း တကယ္ကိုေခ်ာတာပဲ"

"ဗ်ာ"

"ေျမးေလးကေလ မေန႔ကအိမ္ျပန္လာကတည္းက ေဒါက္တာေလးအရမ္းေခ်ာေၾကာင္းေျပာေနတာကြဲ႕"

ေကာင္ေလးက ထိုသို႔ ေျပာတယ္တဲ့လား။Chanyeol ဘာစကားမွျပန္မေျပာနိုင္ဘဲ သေဘာတက်သာရယ္လိုက္မိသည္။

"ေဒါက္တာေလးေကၽြးလိုက္တဲ့ စေတာ္ဘယ္ရီသီးႀကီးေတာင္ ဖြားေအနဲ႔အတူမၽွစားေသးတယ္၊ သူ႔အေဒၚကိုေတာ့ တစ္ကိုက္ပဲေကၽြးတယ္ ျမန္ျမန္ကုန္မွာစိုးလို႔တဲ့ေလ"

အဟား တကယ္ကိုခ်စ္ဖို႔ေကာင္းတဲ့ ေကာင္ေလးပါပဲ။

"ကၽြန္ေတာ္ေခ်ာေၾကာင္းေရာမေျပာဘူးလား အဖြား"

Hanwool ကစားေသာက္ေနရာမွ ထိုသို႔ ဝင္ေမးလိုက္လၽွင္

"အယ္ ေဒါက္တာေလးကလည္းေခ်ာေပမယ့္ ေျမးေလးက Park Chanyeol ဆိုတာပဲေျပာတာကြဲ႕၊ ေဒါက္တာေလးက Hanwool မလား၊ အဲ့နာမည္ေတာ့ မၾကားမိဘူးေနာ့္"

Hanwool စားေနရာမွတုန့္ခနဲရပ္သြားသည့္အခါ nurse ကေလးသုံးေယာက္က ႀကိတ္ရယ္လိုက္ၾကသလို Chanyeol လည္းေခါင္းခါရင္းရယ္မိပါသည္။ေကာင္ေလးရဲ့အေဒၚကေတာ့ Hanwool ကိုအားတုံ႔အားနာၾကည့္ၿပီး အဖြားအားဆက္မေျပာေတာ့ဖို႔မသိမသာဟန့္တားေနသည္။

"ေဒါက္တာေလးရဲ့အသက္က ဘယ္ေလာက္တုန္းကြဲ႕"

အဖြားကေတာ့ Chanyeol ရဲ့အေၾကာင္းကိုသိခ်င္ေနတုန္းပင္။

"ကၽြန္ေတာ္ ၃၁ပါအဖြား"

"အယ္ အေဒၚ့သမီးနဲ႔ရြယ္တူေပါ့၊ ေျမးေလးရဲ့အေမနဲ႔ေတာ္ေတာ္ေလးအသက္ကြာမွ ဒီသမီးကိုရတာေလ"

ေကာင္ေလးရဲ့အေဒၚျဖစ္သူကို Chanyeol အသာျပဳံးျပလိုက္ေတာ့ သူမကလည္း Chanyeol ကိုေခါင္းညိမ့္ကာျပန္ျပဳံးျပပါသည္။

"အဖြား ကၽြန္ေတာ္တို႔သြားၿပီ၊ ေဒါက္တာဦးတို႔ေရာပဲဗ်"

"ကၽြန္ေတာ္ေရာပဲ အေမ့ကိုဝိုင္းကူေပးစရာရွိေသးလို႔"

"ေအးေအး ေျမးတို႔၊ ေကာင္းေကာင္းသြားၾက"

"ဦးတို႔ကိုလမ္းလိုက္ျပေပးလို႔ ေက်းဇူးပါေနာ္ ေကာင္ေလးတို႔"

"ရပါတယ္ဗ်"

"ရပါတယ္ ေဒါက္တာဦး"

ေကာင္ေလးရဲ့သူငယ္ခ်င္းႏွစ္ေယာက္ဟာ စားေသာက္ၿပီးသြားေတာ့ အိမ္ကိုကိုယ္စီျပန္သြားၾကပါသည္။

ခဏအၾကာမွာေတာ့ ဗန္းတစ္ခုေပၚမွာ စြတ္ျပဳတ္ႏွစ္ပန္းကန္တင္ၿပီး ေကာင္ေလးျပန္ေရာက္လာသည္။

"ထပ္ယူဦးမလား ဦး"

ဗန္းကိုစားပြဲေပၚခ်ၿပီးၿပီးခ်င္းေမးလာတာက Chanyeol စားမစား။

"အင္း နည္းနည္းထည့္လိုက္ ေကာင္ေလး"

ေကာင္ေလးရဲ့လက္ရာမို႔ Chanyeol ေသခ်ာေပါက္ စားၾကည့္ရမွာေပါ့။

"အစ္ကို႔ကိုေရာ ဟိတ္ မင္းတို႔ေရာယူဦးမလား"

Hanwool က nurse ေတြကိုပါ အေဖာ္ဆြယ္ၿပီးေမးလိုက္ေတာ့ အကုန္လုံးကေခါင္းညိမ့္ျပၾကတဲ့အခါ ေကာင္ေလးက စြတ္ျပဳတ္အားခြဲေဝထည့္ေပးလိုက္သည္။

ထို႔ေနာက္ ေကာင္ေလးက သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကိုေမးလာတာမို႔ ျပန္သြားၿပီလို႔ေျဖေပးလိုက္ေတာ့ ေခါင္းတညိမ့္ညိမ့္ျဖင့္ သူ႔ေနရာေလးမွာ သူျပန္ထိုင္ၿပီး စြတ္ျပဳတ္ဆက္စားပါသည္။

"ဒါနဲ႔စားေကာင္းတယ္၊ ႀကိဳက္တယ္မလား"

ေကာင္ေလးရဲ့စြတ္ျပဳတ္ပန္းကန္ထဲ အရန္ဟင္းအခ်ိဳ႕ထည့္ေပးလိုက္ေတာ့ Chanyeol ကို မ်က္လုံးဝိုင္းေလးျဖင့္ေမာ့ၾကည့္လာၿပီးမွ ေခါင္းေလးအသာညိမ့္ျပသည္။

ေကာင္ေလးခ်က္ေပးတဲ့စြတ္ျပဳတ္အရသာက ေကာင္းတာမို႔ Chanyeol တို႔ေတြဝိုင္းခ်ီးက်ဴးၾကေတာ့ ျပဳံးတုံ႔တုံ႔ေလးျဖင့္ ေက်းဇူးတင္စကားေျပာပါသည္။

ထို႔ေနာက္ စားေသာက္ၿပီးသြားၾကေတာ့ ခဏတျဖဳတ္နားၿပီးတာနဲ႔ ရြာေတာင္ပိုင္းကအိမ္ေတြကို လိုက္အသိေပးရန္ျပင္လိုက္ၾကသည္။ဒီတစ္ခါမွာေတာ့အုပ္စုလိုက္သြားမွာျဖစ္ၿပီး လမ္းျပက ေကာင္ေလးတစ္ေယာက္တည္းသာ။

Chanyeol တို႔ေတြစားထားသမၽွစြတ္ျပဳတ္ဖိုးကိုရွင္းမယ္လုပ္ေတာ့ ေကာင္ေလးတို႔တစ္မိသားစုလုံးကလက္မခံပါ။အတင္းရွင္းမယ္ဆိုတဲ့အခါ အဖြားကစိတ္ဆိုးခ်င္သလိုေတြပါျဖစ္လာတာမို႔ ေနာက္ဆုံးေတာ့ Chanyeol တို႔ပဲအေလ်ာ့ေပးလိုက္ရသည္။

ညေနတစ္ပိုင္းမွာ ရြာေတာင္ပိုင္းကအိမ္တိုင္းကို လိုက္အသိေပးၿပီးသြားေတာ့မွ ေကာင္ေလးကို အိမ္ျပန္ပို႔ေပးခဲ့ကာ Chanyeol တို႔လည္းကိုယ့္ေနရာကိုယ္ျပန္လာခဲ့လိုက္ၾကပါသည္။

အိမ္ျပန္လမ္းတစ္ေလၽွာက္မွာေတာ့ ရြာေတြရွိအိမ္ေတာ္ေတာ္မ်ားမ်ားကေပးလိုက္ၾကသည့္ ရိုးရာမုန့္ထုတ္ေတြရယ္၊ ေကာင္ေလးရဲ့အဖြားက ညစာမစားသြားလို႔ဆိုၿပီး ဘူးေတြျဖင့္ထည့္ေပးလိုက္တဲ့ ထမင္းဟင္းေတြရယ္ဟာ Chanyeol တို႔ငါးေယာက္ရဲ့လက္ႏွစ္ဖက္ေတြမွာအျပည့္ပင္။ကိုယ့္ေနရာကိုယ္ျပန္ေရာက္ေတာ့လည္း ရြာလူႀကီးဦးေလးဂ်င္ရဲ့သမီးႀကီးလင္မယားက ညစာအစားအေသာက္ေတြျဖင့္ႀကိဳေစာင့္ေနၾကပါေသးသည္။ရြာေလးရြာရွိလူေတြရဲ့ ေစတနာေရစီးကမ္းၿပိဳမွုေၾကာင့္ Chanyeol တို႔ေတြ သေဘာတက်ျဖင့္ ရယ္ပဲရယ္နိုင္ၾကပါေတာ့သည္။

.................................................................................

(ဆက္ရန္)
(၁၃.၁၀.၂၀၂၃)

Continue Reading

You'll Also Like

183K 26.4K 51
အခ်စ္​ဟာသ​ေလးပါ အဆြိခ်ည္​းတစ္​လိုင္​း​ေပါ့❤
77.7K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
30.4K 4.8K 34
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
38.9K 2.7K 72
ဖတ်ကြည့်နော်😉😉