3months Lader......
မြို့အပြင်က စွန့်ပစ်ဂိုဒေါင်တစ်ခု၌ ဖြစ်သည်။
ထိုအထဲ၌ လူတစ်ယောက် ကြိုးတုပ်ကာ ဖမ်းစီးခံထားရပြီး လွတ်မြှောက်ဖို့သာ ကြိုးစားနေလေသည်။
"အွန်း....ဝူး..."
ပါးစပ်အပိတ်ခံထားရတာကြောင့် အသံဟာ ပီပီသသ မထွက်နိုင်ဘဲ ဝူးဝူးဝါးဝါးသာ ထွက်လာသည်။
"အဟားဟား.... ဟ"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ မိန်းမတစ်ယောက်ရဲ့ ရယ်သံစူးစူးဟာ ဟိန်းထွက်လာခဲ့သည်။ ထို့အပြင် ခရမ်းရောင် သစ်ခွရနံ့ဟာ ထိုပတ်ဝန်းကျင်အတွင်း ဖုံးအုပ်သွားသည်။
"အိုဟိုး.... ငိုနေတာဘဲ။ ဘာလို့လဲ ဟမ်။ အာ....မေ့လို့ မေ့လို့ .... ပါးစပ်ကြီးပိတ်ထားတော့ ဘယ်အသံထွက်ပါ့မလဲ...."
ပြောပြောဆိုဆို ပါးစပ်က တိပ်ကို ဆွဲခွာလိုက်တာကြောင့် နာကျင်မှုဟာ စူးခနဲ။
"လွှတ် လွှတ်ပေးပါ.... "
တိပ်ခွာသွားသည်နှင့် ချက်ချင်းထွက်လာသည်မှာ တောင်းပန်စကားတွေပင်။ ထိုပုံကိုကြည့်၍ ကလျာ မဲ့ပြုံးတစ်ချက်ပြုံးကာ မင်းနွယ်ကို လှည့်ကြည့်လိုက်သည်။
"ကိုကို....ငါ ဒီအကောင့်ကို စိတ်ကြိုက်ကစားမယ်။ မင်းခွင့်ပြုမလား။"
"ကိုကိုပြောထားပြီးသား နွယ်ငယ်သဘောလို့"
အမွှာတွေစကားပြောပြီးသည်နှင့် အရှေ့ကလူကို ပြန်ကြည့်လိုက်သည်။ မျက်ရည်အရွဲသားနှင့် အခုချိန်ထိ လွှတ်ဖို့ကြိုးစားနေတုန်းပင်။
"Leader Dark.... တောင်း တောင်းပန်ပါတယ်... လွှတ်ပေးပါ... နောက် နောက်လုံးဝမလုပ်တော့ပါဘူး..."
"အဟက်! မလုပ်ခင်က မစဉ်းစားခဲ့ဘူးလား....မေးတာကို အမှန်တိုင်းဖြေ။ မဖြေရင် ဒီဓားသွားတစ်ချောင်းက မင်းအသားထဲ ဖောက်ဝင်ဖို့ ငါအာမခံတယ်။"
ကလျာ၏ အေးဆက်ဆက် အသံကြောင့် အရှေ့ကလူဟာ အသားတွေတဆက်ဆက်တုန်ကာ ကြောက်ရွံ့နေသည်။
"ငါတို့တင်သွင်းတဲ့ လက်နက်တွေ ဘယ်ရောက်သွားတာလဲ။"
"..........."
"ဖြေလေ!!"
"အား!!!!"
ဓားမြှောင်အသေးစားလေးဟာ ခြေဖျားကို အစိမ်းလိုက်ဖောက်ဝင်သွားတာကြောင့် နာကျင်စွာ အော်ဟစ်သံက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
"ကဲ ထပ်မေးမယ်..."
ဓားမြှောင်အသေးလေးကို လက်ထဲ ဝှေ့ရမ်းကာ ထပ်မံမေးမြန်းသည်။
"လက်နက်တွေ ဘယ်ရောက်သွားတာလဲ..."
သို့သော် ထိုလူဟာ တိတ်ဆိတ်၍သာ နေနေပြီး ကလျာမေးသည်ကို လျစ်လျူရှုကာ ခေါင်းကိုငုံ့ထားသည်။
"မဖြေဘူးပေါ့...."
"အား!!!"
လက်မောင်းကို ထပ်မံထိုးသွင်းလိုက်တာကြောင့် ထိုလူရဲ့ အသံဟာ တစ်ဖန်ပေါ်ထွက်လာပြန်သည်။
"အေး နောက်ဆုံးမေးမယ်....ဒီတစ်ခါမှမဖြေရင်။ မင်းကောင်မလေးအသက်ကို နှုတ်မယ်။"
ကလျာစကားကြောင့် အရှေ့ကလူဟာ ချက်ချင်း ခေါင်းထောင်လာပြီး အကြောက်အကန်ငြင်းသည်။
"မ...မလုပ်ပါနဲ့... ပြော ပြောပါ့မယ်"
သူ့ရည်းစားကို ဓားစာခံ လုပ်ခါရှိသေး ချက်ချင်း မျက်ရည်တွေကျလာကာ ငိုပြီး တောင်းပန်တာကြောင့် ကလျာသိပ်မကြိုက်။ လူတွေက အချစ်ဆိုတဲ့ ဟာကြောင့် မျက်ရည်ကျတယ်တဲ့။ အရူးဆန်လိုက်တာ။
"ပြော....မလိမ်တန်းဝန်ခံ"
"ကျနော်လည်း ချိန်း ချိန်းခြောက်လို့ လုပ် လုပ်ရတာပါ....လက် လက်နက်တွေကို Sun Gundက ဖြတ်ယူ သွားတာပါ..."
အဖြေကြောင့် အမွှာ၂ယောက်လုံး တိုင်မင်စရာမလိုဘဲ အလိုအလျောက် မျက်မှောင်ကျုံ့သွားကြသည်။ Sun Gundဆိုသည်မှာ သူတို့ Black Dragon Gundကို ဝင်နှောင့်နေသည်မှာ အတော်ပင်ကြာပြီ။
"ကောင်းပြီ ငါမင်းကို လွှတ်ပေးမယ်။ နောက်ထပ် ထပ်ဖြစ်ရင် မင်းရော မင်းကောင်မလေးရဲ့ အသက်ရော ငါကိုယ်တိုင် နှုတ်မှာ"
တချိန်လုံး ဘာမှမပြောတဲ့ မင်းနွယ်ဟာ ထိုအချိန်ကျမှ စကားဝင်ပြောလာကာ အရှေ့ကလူကို လွှတ်ပေးလိုက်သည်။ သို့သော် နွယ်ငယ်ကတော့ ကြိုက်သည့်ပုံမပေါ်။ မျက်မှောင်ကို ကျုံ့ထားသည်မှာ လုံးဝမလျော့။
"ကိုကို.... ဘာလို့ အဲ့ကောင်ကို လွှတ်ပေးတာလဲ!"
ဒေါသထွက်နေသော နွယ်ငယ်အနားသွားကာ ဆံပင်မတိုမရှည်လေးတွေကို ဖွလိုက်သည်။ အရင်က ရှည်လျားနက်မှောင်တဲ့ ဆံကေသာကို ပိုင်ဆိုင်ထားသော်လည်း လွန်ခဲ့သည့် ၂လကတည်းက ဖြတ်ချလိုက်ပြီး အတိုသာ ညှပ်ထားတော့သည်။
အရင်ကတည်းက ဆွဲဆောင်မှုပြည့်စုံတဲ့ နွယ်ငယ်ဟာ ယခုတော့ ပိုလို့ပင် ဆွဲဆောင်မှု ရှိလာသည်။ ဒါ့အပြင် Omegaတိုင်းရဲ့ ပါးစပ်၌ နွယ်ငယ့်နာမည်က ကျော်ကြားသည်။
"ကိုကို နွယ်ငယ်က ငတုံးလားဟမ်"
"ဘာ!"
စနောက်ချင်စိတ်နဲ့ မင်းနွယ်က စလိုက်ပေမယ့် နွယ်ငယ်ကတော့ သူ့အား ဒေါသတကြီး အော်လာသည်။
"ကိုကိုက စတာပါ"
ထိုသို့ပြောမှသာ သူ့အား မျက်စောင်းချီကာ အရှေ့ကို ကြည့်ရင်း တိုးတိတ်စွာ မေးလာသည်။
"ဘာကိစ္စ လွှတ်ပေးတာလဲ။ နင့်အဖေက တခြားကိုသွားဖြန့်ရင် ဘယ်လိုလုပ်မလဲ။"
သူမ၏ အမေးကို မင်းနွယ်က ခပ်ဟဟရယ်ကာ ဖြေလာသည်။
"ကိုကိုတို့ကို သူအားလုံးပြောပြလိုက်ပြီလေ။ အဲ့တာကို Sun Gundကဟာတွေ မသိဘဲ နေမလား။"
"ဒီတော့"
"ဒီတော့ အဲ့ကောင်က ကိုကိုတို့မသတ်လဲ။ သေမှာဘဲ။ အကယ်လို့ မပြောရင်လည်း နွယ်ငယ်ကိုယ်တိုင် သတ်မှာမလို့ သေမှာဘဲ။ ဘယ်လမ်းသွားသွား သေလမ်းကြည့်ဆိုတာကို သူမသိဘူးလေ။"
မင်းနွယ်၏ အဖြေကိုသဘောကြသည့် ကလျာက အပြုံးတစ်ခုပေါ်လာသည်။
"ဉာဏ်ကြီးရှင်ဘဲ"
"ကဲထားတော့....Company သွားဖို့ နောက်ကျမယ်။"
"ဟ...ဒီမှာ အံ့ကလျာနွယ်တို့က အချိန်တိကျတဲ့နေရာမှာ နိုဘယ်ဆုရထားတာ။ အဲ့အတွက်က စိတ်ချ"
"သြော် ဟုတ်ပါပီ မယ်တိကျကြီးရယ်"
မင်းနွယ်ကပြောတော့ ကလျာဟာ ခေါင်းသာရမ်းသည်။ သူတို့ဆက်ဆံရေးဟာ အရင်ကလို မဟုတ်တော့ချေ။ ကလျာက မင်းနွယ်အား "ကိုကို"ဟူသည့်အသုံးအနှုန်းကိုသာ သုံးတော့သည်။
အရင်ကထက် ပိုပြီး ရက်စက်တတ်လာသည်။ ဒါ့အပြင် အိမ်ကသူတွေနဲ့သာ ခပ်အေးအေးလုပ်တာ အပြင်ရောက်သွားရင် နဂိုကထက် ခပ်တည်တည်နေသည်မှာ မင်းနွယ်ကိုယ်တိုင်တောင် ရှိန်ရသည်အထိပင်။
အမွှာတွေဆိုသည်မှာ ယခုမှ ပိုတူသွားသလိုပင်။ အကြောင်းမှာ ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်ပုံ၊ အပြောအဆိုကအစ တစ်ပုံစံထဲ။ အရင်က ကလျာဟာ ဆံပင်ရှည်သော်လည်း ယခုတော့ မင်းနွယ်နှင့် နည်းတူညှပ်ထားကြသည်။ မသိကြသူတွေဟာ တခါတလေ မင်းနွယ်နဲ့ ကလျာအား မခွဲနိုင်တော့ပေ။ လူမှားသည်အထိပင်။
သို့သော်
ကောင်လေး၂ယောက်ကတော့ အမွှာတွေကို ကောင်းကောင်းခွဲခြားနိုင်သည်။
ဟုတ်ပါသည်။ စစ်မင်းခနဲ့ ရှိုင်းရင့်နောင်ပင်။
စစ်မင်းခနဲ့ မင်းနွယ်ဆက်ဆံရေးဟာ အရင်ကထက် အနည်းငယ်တော့ တိုးတက်လာသည်။ မင်းနွယ်ကလည်း မင်းခအပေါ် အရင်လို မဟုတ်တော့ချေ။ မင်းခရဲ့ သဘောထားကို အနည်းငယ် နားလည်လာသည်။
အရင်က အေးဆက်တဲ့ ဆက်ဆံရေးလေးကတော့ အနည်းငယ် နွေးထွေးစပြုလာသည်။
ဒါပေမယ့်
ရှိုင်းရင့်နောင်အတွက်တော့ ထိုသို့မဟုတ်။ အမြဲတမ်း နာကျင်ရစမြဲပင်။ ချစ်ရသူရဲ့ အနားမှာတောင် မနေနိုင်သည့်အပြင် အနားတောင် ကပ်ခွင့်မရတော့ချေ။ သို့ပေမယ့် ချစ်ရတဲ့ မာမီကို အဝေးကနေ အမြဲလှမ်းကြည့်ကာ ချစ်နေတုန်းပင်။
မာမီဟာ အရင်ကနှင့် လုံးဝမတူ။ ဆံနွယ်ရှည်ရှည်တွေအစား တိုလျသော ဆံနွယ်တွေကိုသာ မြင်တွေ့ရတော့သည်။ ဒါ့အပြင် ထင်မထားသည်မှာ Star Light Company's ဉက္ကဌဆိုသည်ကိုပင်။
မာမီက တကယ့်ကို သူမမှီနိုင်တဲ့ အမြင့်မှာရှိတဲ့ စိန်ပွင့်တစ်ပွင့်ဖြစ်နေသည်။ ထိုစကားတွေကို ပြန်ကြားမိတိုင်း အမြဲ နာကျင်နေသေးသည်။
ကိုတေဇကတော့ နိုင်ငံခြားကို ပြောင်းသွားချေပြီ။ သူကတော့ ကျောင်းလည်းထွက်လိုက်သည့်အပြင် အဒေါ့်အိမ်ကနေပါထွက်လာပြီး ကိုယ်ပိုင် ကော်ဖီဆိုင်လေးဖွင့်ကာ ဘဝကို ရုန်းကုန်နေသည်။ ဆိုင်က မာမီ့companyရှေ့ဖွင့်ထားတာကြောင့် Companyက ဝန်ထမ်းတွေသာမက တခြား Customerတွေပါ ဝယ်ကြတာကြောင့် နောင်နောင့်ဆိုင်လေးဟာ အတော်အသင့်ရောင်းရသည်။
ထိုဆိုင်လေးကနေတစ်ဆင့် မာမီကို ငေးကြည့်ရသည့်ရက်ပေါင်းမှာ မနည်းတော့ချေ။ ထိုအရာကို မာမီကတော့ သိမည်မဟုတ်ပေ။
Marking အရာကတော့ rejectလုပ်မထားသည်ကြောင့် Heatကာလရောက်တိုင်း ငရဲရောက်သလိုကို ခံစားရသည်။ ချစ်ရသူ၏ အမှတ်အသားမလို့ rejectလုပ်ဖို့လို့လည်း ဆန္ဒမရှိချေ။
ဒီနေ့လည်း အရင်ရက်တွေအတိုင်းပင်။ ကော်ဖီဆိုင်ကို စောင့်နေရင်း မာမီ့ကို လှမ်းမျှော်နေမိသည်။ သို့သော် အရင်ကထက် နောက်ကျနေသော မာမီကြောင့် အနည်းငယ်စိတ်ပူမိသည်။ Customerတွေကို ဧည့်ခံနေရင်း လှမ်းလှမ်းကြည့်နေမိသည်။
"ကိုနောင်"
အနောက် ဝေဝေ၏အသံကြောင့် နောင် အနောက်ကို လှည့်ကြည့်မိတော့ တခြားသူမဟုတ်။ အရင်က Barမှာ အလုပ်အတူလုပ်ခဲ့တဲ့ ဝေယံ။ ဝေယံဟာလည်း Omegaဖြစ်သည်ကြောင့် သိပ်တော့ အခက်အခဲ မရှိ။ အရင်ထဲက ခင်မင်လာကြတာဆိုတော့ လွယ်ကူသည်။ Condoတစ်ခန်းကို ဝေယံနှင့် အတူငှားကာနေထိုင်သည့်အပြင် ဆိုင်ကိုလည်း ဝေယံက ကူပေးသည်။
"အွန်း ဝေ...."
"ကိုနောင် ဒီနေ့ customerတွေနည်းတယ်နော်။ ကျနော်လည်း ဘာမှကို မလုပ်ရသေးဘူး ဟီး"
အမှန်တကယ်ဆို ဝေယံဟာ နောင်နောင်၏ စိတ်အခြေအနေကို သိတာကြောင့် အလကားသက်သက် အရွှန်းဖောက်လိုက်သော်လည်း ကိုနောင်ဟာ သူ့ပုံစံအတိုင်း ဘာမှမတုန့်ပြန်။
ကိုနောင်ဟာ စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်သည်။ တစ်စွန်းတစ်ဆကြားမိထားတာကြောင့် ကိုနောင်၏ အကြောင်းကို ဝေယံကောင်းကောင်းသိပါသည်။ အရင်ကထဲက အစ်ကိုလို ခင်ရတဲ့သူမလို့ အခုလိုပုံစံမျိုးဖြစ်နေသည်ကို ဝေယံမကြည့်နိုင်။ ကိုနောင်က အရင်ကထက် စကားနည်းသည်။ ဘယ်သူနဲ့မှ အရောတဝင် သိပ်မလုပ်ပေ။ အထူးသဖြင့် Alphaတွေနဲ့ဆို ဝေးဝေးကသာရှောင်သည်။ ဆိုင်ကိုလာတဲ့ Alphaတွေလည်း ယုယကိုသာ ဧည့်ခံခိုင်းသည်။
မည်သူမျှ မသိသည်က ကိုနောင်ဟာ ကိုယ့်ကိုကိုယ် suicideလုပ်ခဲ့ဖူးသည်။ အချိန်မှီ ဝေယံရောက်သွားလို့သာ အသက်မသေခဲ့တာဖြစ်သည်။ အဲ့ဒါဖြစ်ပြီးကတည်းက ကိုနောင် အရင်လို အပြုံးအရယ်သိပ်မလုပ်ပေ။ ပြုံးတောင် တခဏတာပင်ပြုံးသည်။ ပြီးရင်လည်း သူ့နဂိုပုံအတိုင်း ပြန်ဖြစ်သွားတတ်သည်။ ယခုလည်း ဆိုင်နဲ့ မျက်စောင်းထိုးက Star Light Companyကို ခဏခဏလှမ်းကြည့်ပြီး မျက်နှာဟာလည်း စိုးရိမ်နေသည့်ပုံပေါ်နေသည်။
"ယုယရော"
"ယုယက အနောက်ဘေးမှာရှိတယ် ကိုနောင်...ဘာခိုင်းချင်လို့လဲ"
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး"
ထိုသို့ပြောပြီး ကိုနောင်ဟာ ထွက်သွားသည်။ ထုံးစံအတိုင်း တစ်နေရာရာသွားပြီး ရင်သွားဖွင့်ဉီးမည် ထင်ပါရဲ့။
နောင်နောင်တစ်ယောက် ဆိုင်ရဲ့ အနောက်ဘက်ကို ဘယ်သူ့မှ အသိမပေးဘဲ ထွက်လာလိုက်သည်။ တင်းကြပ်နေသော ရင်ဘက်ကြောင့် အသက်ရှုတောင် မဝတော့ချေ။
"နောင် ပင်ပန်းလိုက်တာ မေမေရာ"
မရှိတော့သည့် တမလွန်က မိခင်ကို တမ်းတကာ တိုးတိတ်စွာ ငိုနေမိသည်။ မျက်ရည်မကျရသည့် နေ့ရက်တွေဟာ မရှိ။ အမြဲလိုလို ငိုနေမိသည်။ သူကိုယ်တိုင်ကိုက မာမီနဲ့ ပတ်သက်ရင် အထိအရှမခံနိုင်တာ။
"မာမီက တကယ့်ကို တန်ဖိုးရှိတဲ့ စိန်ပွင့်ရိုင်းလေးဘဲနော်"
ကောင်းကင်ပြာပြာအား မော့ကြည့်ရင်း ရေရွတ်လိုက်မိသည်။ ကျဆင်းနေသော မျက်ရည်များကို သုတ်ဖို့လဲ ဆန္ဒမရှိ။ ကုန်ခမ်းသွားတဲ့အထိ ငိုနေမိသည်။
..........................
"ဖူး ဘယ်လဲ"
"အပြင်"
"ဘယ်အပြင်လဲ ဖူး။ ဖူးအကျင့်တွေပျက်နေတယ်နော်"
"အဲ့တာ မထည်နဲ့ ဘာဆိုင်လဲ။ ဖူးဘာသာ နေပါရစေ"
ထိုသို့ပြော၍ ဖူးကထိုနေရာမှထွက်သွားသည်။ ဝင့်ထည် ထိုကလေးမလေးကို နားမလည်တော့ပေ။ အရင်ကနှင့် လုံးဝမတူ။ တခါတလေ စကားပြောရင် ကျုပ်နဲ့ခများသာ ပြောတတ်လာသည်။ အိမ်ပြန်လာချိန်လည်း နောက်ကျသည်။ ဘာတွေကများ ထိုကလေးကို ပြောင်းလဲသွားစေတာလဲမသိ။
"Honey"
မျက်နှာမကောင်းသော Honeyအနားသွားကာ ဝိုင် ပါးပြင်လေးကို နမ်းလိုက်သည်။ သို့သော် Honeyက အိမ်အပြင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေသည်။
"Honey!"
"ဟမ်...အာ မောင်"
"ဘာတွေ တွေးနေတာလဲ Honey"
"ဘာမှမဟုတ်ပါဘူး"
Honeyဟာ အံ့ရွှေရည်ဖူးဆိုတဲ့ ကောင်မလေးနဲ့ပတ်သက်ပြီး ခံစားရလွယ်သည်။ ဒါကို ဝိုင်ကိုယ်တိုင် ကောင်းကောင်းကြီးသိသည်။ တနည်းပြောရရင် Honeyဟာ ထိုကောင်မလေးစီမှာ ပန်းနုရောင် စိတ်ခံစားချက်တွေရှိနေသည် ဆိုတာကို ဝိုင်သိသည်။ အဲ့တာကို Honeyက မသိသည့်ပုံပါဘဲ။ အကယ်လို့ Honeyဘက်က စပြီး ဖွင့်ပြောလာပြီဆိုရင်တော့ သူ့ဘက်က လက်လွှတ်ပေးဖို့ တွေးထားပြီးသာပင်။ Honeyပျော်နေတာမြင်ရရင်ကို ဝိုင်ကိုယ်တိုင်လဲ ပျော်မိသည်။
"မောင်တို့တွေ စကားပြောရအောင်"
ဝိုင်Honeyရဲ့ ပခုံးလေးကို ဖက်ပြီး ဧည့်ခန်းထဲသို့ ခေါ်လာလိုက်သည်။ ထို့နောက် ဆိုဖာမှာ ထိုင်စေပြီး စကားစလိုက်သည်။
"Honeyအမှန်တိုင်းဖြေနော်"
သူကထိုသို့ပြောတော့ Honeyက ခေါင်းလေးငြိမ့်ပြသည်။
"Honey ဖူးအပေါ် ဘယ်လိုသဘောရှိလဲ"
မောင့်ရဲ့ စကားကြောင့် ဝင့်ထည် ခဏတာ တွေဝေသွားရသည်။
"ဘာကိုလဲ မောင်"
သူမကမေးတော့ မောင်ဟာ အပြုံးလေးတစ်ပွင့်ကို ပန်ဆင်ပြီး ပြောသည်။
"Honeyက ဖူးအပေါ် ဘယ်လိုစိတ်မျိုးရှိတာလဲ"
"......."
Honeyက တိတ်ဆိတ်သွားပြီး ဘာမှမပြောချေ။
"မောင်တို့လက်ထက်ရအောင်။ မောင်တို့တွဲလာကြာလှပြီ Honey။ အဖွားတို့ကို အသိပေးပြီး လက်ထက်ကြရအောင်"
ဝိုင်၏ ရုတ်တရက် စကားကြောင့် ဝင့်ထည် လန့်သွားရသည်။
"ဟို ဟိုမောင်...ငါတို့ လက်ထက်ဖို့ကစော စောသေးတယ်။ ပြီး ပြီးတော့"
"Honeyနှလုံးသားကို ပြန်ပြီး စစ်ဆေးကြည့်ပါဉီး။ သေချာတာ တစ်ခုကတော့ Honeyနှလုံးသားက မောင့်ကို ဆိုတာမဟုတ်လောက်တော့ဘူး။"
မောင်၏ စကားကြောင့် ဝင့်ထည်ငိုချင်မိသည်။ အခုတလော မိမိ၏ စိတ်အခြေအနေက ဖူးဘက်ကို အစွန်းရောက်နေပြီး မောင့်ကို သိပ်သတိမထားမိ။ မောင်ပြောမှသာ အားလုံးကို ပြန်တွေးမိတော့ အမှန်တကယ်ကိုပင် သူမဟာ မောင့်အပေါ် စိတ်မရှိတော့ကတော့အမှန်။ သို့သော် မောင့်ကို အားနာလို့သာ ဘာမှမဟုတ်သလို နေနေချင်းဖြစ်သည်။
"မောင်.... မောင်ငါ တောင်းပန်ပါတယ်"
သူ့အရှေ့ ဒူးထောက်ချကာ မျက်နှာကို လက်နှင့်အုပ်ပြီး ငိုကျွေးနေသော Honeyကြောင့် ဝိုင်လည်း မနေတတ်တော့ပေ။
"မငိုပါနဲ့ Honey အဲ....မထည်။ "
မထည်ဆိုသည့် နာမ်စားကို ဝိုင် မခေါ်တတ်ပေ။ ဒါပေမယ့် မသက်ဆိုင်တော့တဲ့သူကို Honeyလို့ ဆက်ပြီး ခေါ်နေလို့က မဖြစ်။
"ဖူး..."
"မထည် ဘာဖြစ်နေတာလဲ"
ဖူးတစ်ယောက် မမစီသွားတဲ့လမ်းမှာ ဖုန်းမေ့နေခဲ့တာကိုသိပြီး လာပြန်အယူ အိမ်ထဲဝင်ကာရှိသေး မဝိုင်ရှေ့ဒူးထောက်ကာ ငိုကျွေးနေသော မထည်ကြောင့် ဖူးခေါင်းတွေ ပူထူသွားရသည်။ မဝိုင်က မထည်ကို ဘာလုပ်လို့လဲ မသိပေ။
"မဝိုင် မထည်က ဘာဖြစ်တာလဲ!"
မျက်မှောင်တွေစုကျုံ့ကာ ဝိုင်ကို ပြောနေတဲ့ ကောင်မလေးကြောင့် ဝင့်ထည်လန့်သွားရသည်။
"ဖူး...မ ဘာမှမဖြစ်ပါဘူး...မက ဒီအတိုင်း"
"ဘာဒီအတိုင်းလဲ... ခများဗျာ ကျုပ်ကို ဘာတွေဖုံးကွယ်ချင်နေသေးတာလဲ ဟမ်!"
ဝင့်ထည် ရှင်းပြဖို့ကြိုးစားသော်လည်း အရှေ့ကကောင်မလေးက ဒေါသတွေကြီးကာ ဘာမှနားမထောင်တော့ချေ။
"မ ပြောတာလေး နားထောင်ပါဦး ဖူးရယ်..."
"ဖူး စိတ်လေးခဏလျော့ပါ။ ကိုယ်တို့ ရှင်းပြပါ့မယ်"
"နှစ်ယောက်သား ပေါင်းပြီး လိမ်အုံးမလို့လား။ အဲ့တာဆိုရင်တော့ တော်ပါတော့! ကျုပ်ရှင်ကြီးခိုးပါတယ်။ ဟင့် ခများတို့ ကျုပ်အကြောင်း ဘာမှနားမလည်ဘူး! အင့် "
"ဖူး"
"မခေါ်ပါနဲ့ ဟင့် ခများအဲ့လိုခေါ်ရင် ကျုပ်အတွက် *တောက်စ်!* ကျုပ်ဆက်မပြောချင်တော့ဘူး။"
မျက်ရည်တွေဖြင့် အိမ်အပေါ်ထပ်ကို တက်သွားသော ဖူးကိုကြည့်ပြီး ဝိုင်ရော ဝင့်ထည်ပါ စိတ်မကောင်းဖြစ်ရသည်။ အမှန်တကယ်ဆို သူတို့က ရှင်းပြဖို့ ကြိုးစားသော်လည်း ဒေါသကြီးရင် ဘာမှမမြင်တော့တဲ့ ကောင်မလေးက သူပြောချင်တာတွေပြောပြီး ငိုကာ အိမ်အပေါ်ထပ်ကို တက်သွားတော့သည်။
မကြာပါ အောက်ထပ်ပြန်ဆင်းလာပြီး....
"ကျုပ်ကို စောင့်နေမနဲ့ နောက်ကျမှာမလို့"
ခပ်အက်အက်အသံနှင့်ပြောပြီး ဖူးဟာ ထွက်သွားပြန်သည်။
"ဟူး...တကယ်ကို ငါက အသုံးမကြတာဘဲ"
သက်ပြင်းသာချရင်း အိမ်ဝင်းထဲကထွက်သွားလေး ကားလေးကို ကြည့်နေလိုက်သည်။
..........................
"အု....ဘာလား.....အု"
စာရင်းတွေလုပ်နေတုန်း ရုတ်တရက်ကြီး ကျွတ်တွေ တအုအုထိုးလာတာကြောင့် ကလျာလဲ ကြောင်သွားသည်။
"ဟာချီးဘဲ....အု....စာရင်းတွေ.....အု....မှားကုန်တော့မယ်....အု....ဘာမှန်းမသိဘူး"
*ဒုန်း!*
စိတ်တိုလာတာကြောင့် ခုံကို ထိုးလိုက်တာကြောင့် အသံဟာ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
"Boss အဆင်ပြေရဲ့လား"
"မင်းမေလင်ကိုအဆင်ပြေ....အု....ဒီမှာ.... အု...ထိုင်ရင်းနေရင်း ကျွတ်တွေထိုးလာလို့....အု...အကုန် စာရင်းတွေ အု.... မှားကုန်တော့မယ်....အု"
Bossဖြစ်သူရဲ့ အခြေအနေကို ကြည့်ပြီး ပြည့်စုံ ပြုံးလိုက်မိသည်။
"ငါသိတာတစ်ခုရှိတယ်..."
"ဘာလဲ အု..."
"အဲ့လို အကြောင်းအရင်းမရှိ ကျွတ်ထိုးနေရင် ကိုယ့်ကို သတိရနေတဲ့သူရှိနေလို့တဲ့...ကြည့်ရတာ အနောင်က သတိရနေပုံဘဲ"
သူက စနောက်ကာ ပြောတော့ Bossဟာ ငြိမ်သက်သွားသည်။
"မဖြစ်နိုင်တာတွေ"
ထိုသို့ပြောပြီး Bossဟာ သူ့အလုပ်ကိုသာ သူဆက်လုပ်နေသည်။ မျက်ဝန်းထဲ၌ ဝမ်းနည်းမှုတွေကိုလည်း ပြည့်စုံ မြင်သည်။ ကလျာဟာ အနောင်နဲ့ ပတ်သက်ရင် အခုချိန်ထိ အားနည်းနေတုန်းပင်။
"ကော်ဖီ သောက်မလား"
"နင်ဖျော်မှာမလို့လား"
"ဟင့်အင်း ဟိုနားက coffeeဆိုင်မှာ သွားဝယ်မလို့။ ဝန်ထမ်းတွေက အဲ့ဆိုင်ကောင်းကောင်းလွန်းလို့ ချီးမွမ်းနေကြတာ။ အဲ့တာကြောင့် ငါလဲ စမ်းကြည့်မလို့။"
ပြည့်စုံရဲ့အပြောကို ကလျာခေါင်းငြိမ့်ပြီးသာ ထောက်ခံလိုက်သည်။
"ထုံးစံအတိုင်း Black Coffeeဘဲလား"
"အင်း"
ကလျာ၏စီက အဖြေကို ရပြီးသည်နှင့် ပြည့်စုံ Coffeeဆိုင်ကို ထွက်လာလိုက်တော့သည်။
...........................
TBC
A/N: အခုလို အရှည်ကြီးရေးဖို့ အချိန်ယူနေရတာကြောင့် updateတွေ ကြာနေတာပါဗျ။ အားတက်အောင်လို့တော့ Cm & Voteလေးတွေ ပေးခဲ့ကြပါဗျာ
ဒါနဲ့ မျှော်နေတဲ့သူရော ရှိရဲ့လား? ဖြေပေးကြအုံးနော် ကိုယ် replyပြန်ပါမယ်
#Royal