True love 💭❤ အပိုင် - ၃၂
(Unciode)
"ကောင်မလေးသက်သာလားဟင် ဘယ်လိုနေသေးလဲ"
"မင်းဟာကလဲ ဖျားနေတာကအဖျားကြီးတယ်လေကွာ ခုဆေးထိုးခုပျောက်တော့ဟုတ်မလားကွ တစ်ရေးလောက်အိပ်ပြီးမှသက်သာမှာပေါ့ဟ"
"သိပါတယ်ဗျာ ကျွန်တော်ကစိုးရိမ်လို့မေးမိတာကို အဲ့ဆေးတွေကဘာလို့အာနိသင်ချက်ချင်းမပြတာလဲဗျ ချက်ချင်းဖျားတာပျောက်မယ့်ဆေးလေးဘာလေးမရှိဘူးလား"
ရွှေကူ့လက်ကိုကိုင်ထားကာ ရုပ်တည်ကြီးနှင့် အကိုခေါင်လွင်မိုးကိုမေးနေသည့် အကိုလေးကြောင့် ရွှေကူမျက်လုံးလေးမှိတ်ထားမိတော့သည်။
"ဟ ..ငါ့ဆရာဝန်သက်တစ်လျှောက်လုံး အဲ့ဆေးမတွေ့ဘူးသေးဘူး တအားပျောက်ခိုင်းချင်တဲ့ကောင်နဲ့တော့တွေ့ပြီ ငါသိုင်းတတ်ရင်လဲကောင်းသား အတွင်းအားတွေနဲ့ကုပေးလို့ရရင်ကုပေးခဲ့ပြီ အခုလိုနားညီးတာထိမခံဘူး"
ကွန့်မြူးရယ်ချင်နေပေမယ့်လဲ အောင့်ထားမိတော့သည်။ ကိုခေါင်လွင်က ဒီလောက်ထိဆက်ဆက်ထိမခံမှန်း အခုမှပဲသိတော့သည်။
"ကျေးဇူးပါပဲဗျာအိမ်ထိလာပေးလို့"
"မလိုပါဘူးကွာ နေ့လည်လောက်ဆိုအဖျားကျသွားလိမ့်မယ် မင်းလဲစိုးရိမ်လွန်မနေနဲ့အုံး "
ကွန့်မြူးခေါင်းညိမ့်ပြလိုက်တော့သည်။
"ရွှေကူကကိုယ်ခံအားကျနေလို့ပါ အဓိကကတအားမပိုနဲ့ပေါ့ကွာ ငါအခုတလောတွေ့နေရတာတွေကမဟုတ်သေးဘူးကွ ဟိုအတွဲကြည့်လဲကဲကဲသဲသဲ ဒီအတွက်ကြည့်လဲပိုပိုတွေနဲ့ ငါ့ကိုသတ်သေချင်အောင်များတမင်လုပ်နေကြသလားထင်ရတယ် "
"ဟား ဟား.. ကျွန်တော်တို့ကအတွဲတော့မဖြစ်သေးပါဘူးဗျ ဒါပေမယ့်ကိုခေါင်လွင်မနာလိုနေတာတော့သေချာတယ် "
"ငါကဘာမနာလိုစရာရှိလဲ မြင်ရတာတွေအဆင်မပြေတော့စိတ်ညစ်လို့ကွ"
"ထားပေါ့ဗျာ ဒီအရွယ်ပဲရောက်နေပြီချစ်ရမယ့်ကောင်မလေးမရှိတာတော့ normal မဟုတ်သေးဘူးလေဗျာ"
"တော် တော်.. ငါ့အသက်လာမထိခိုက်နဲ့ဟေ့ကောင် "
"ကျွန်တော့်အကူညီလိုရင်လဲပြောနော် ကိုယ်တိုင်မစွံတော့ရင်လဲ ကူညီသင့်ကူညီမှာပေါ့ဗျ"
"ငါ့မှာချစ်ရမယ့်လူမရှိဘူးလို့ဘယ်သူပြောလဲကွ မင်းတို့ကောင်တွေကိုထုတ်မပြချင်ရုံပဲ "
"တဂယ်လားဗျ "
"မင်းပဲညာနေရအုံးမလား ပြန်ပြီဟေ့ကောင်ရေ ငါဆေးရုံသွားရအုံးမှာကွ"
"ok ပါဗျာ "
ကွန့်မြူးကားတံခါးပေါ်လက်တင်၍ပြောနေရင်းမှ နောက်သို့ဆုတ်ပေးလိုက်တော့ ကိုခေါင်လွင်မိုးက ရယ်ပြ၍ခြံထဲမှထွက်သွားလေတော့သည်။
ကုတင်ထက်လှဲနေသည့်ကောင်မလေးအနားသွားလိုက်ကာ ပူပူနွေးနွေးလက်ခလေးကို ဆုတ်ကိုင်လိုက်တော့သည်။
"ကိုယ့်အချစ်တွေက ကောင်မလေးကိုဖျားစေတဲ့အထိ လွန်ကြူးမိသွာတာတဲ့လားကွာ "
"အကိုလေး .."
"ဟေ.. ကောင်မလေးမအိပ်သေးဘူးလား"
ရွှေကူ့လက်ကိုကိုင်ကာ ဘေးမှလာပြောနေမှတော့ရွှေကူဘယ်လိုလုပ်အိပ်၍ ရပါ့မလဲနော်။
"အကိုလေးကြောင့်မဟုတ်ပါဘူး "
"ဘာကိုလဲကောင်မလေး"
"ရွှေကူဖျားတာအကိုလေးကြောင့်မဟုတ်ပါဘူးဆို "
"အဲ့တာဆိုဘာလို့လဲကောင်မလေး"
"ရွှေကူဟိုမှာအိပ်ရေးပျက်တာများသွားလို့လေ ပြီးတော့အစားလဲပျက်သွားလို့ဖျားသွားတာ အကိုလေးကိုကြောက်လို့မဟုတ်ပါဘူး အဟွတ်.. အဟွတ်.."
"အိပ်လိုက်လေနော် ကောင်မလေးမသက်သာဘူးမလား"
ကွန့်မြူးလက်သေးသေးလေးကိုဖိကိုင်ရင်း သူဖျားတာကွန့်မြူးကြောင့်မဟုတ်ပါဘူးဟုပြောနေသည့်ကောင်မလေးကို အိပ်ခိုင်းလိုက်ပေမယ့် ခေါင်းရမ်းပြလေတော့သည်။
"ရွှေကူကစဉ်းစားရခက်နေလို့ပါ "
"ကိုယ်ကိုပြောကြည့်လေကိုယ်စဉ်းစားကူမှာပေါ့"
"ဟင်.. အဲ့လိုမရဘူးလေ"
ရွှေကူအိပ်ချင်နေပေမယ့်လဲ အကိုလေးကိုစကားတွေဆက်ပြောချင်နေသေးသည်ဖြစ်သည်။
"အကိုလေးကရွှေကူ့ကိုတဂယ်ချစ်တာရောဟုတ်ရဲ့လား"
"ဟား.. တဂယ်ချစ်တာပေါ့ကွ ချစ်တာမှအများကြီးကိုချစ်တာ ပြောပြရင်ကောင်မလေးယုံမှာတောင်မဟုတ်ဘူး"
ရွှေကူ့နှာဖျားလေးဆီ အကိုလေးရဲ့လက်ချောင်းတို့နှင့် တို့ထိပွတ်ဆွဲသွားသည့်အခါ ရွှေကူဓာတ်လိုက်သည့်အလားခံစားလိုက်ရသည်။
"ရွှေကူ့ကိုလေးလေးနက်နက်ချစ်တာရော ဟုတ်ရဲ့လား.."
"ကောင်မလေးကိုတစ်ဘဝလုံးစာထိရည်ရွယ်ပြီးချစ်တာ လေးနက်တယ်ဆိုတာထက် မြတ်နိုးပြီးအဆုံးရှုံးကိုမခံနိုင်တာပါကောင်မလေးရယ်.."
ကောင်မလေးကအဖျားတွေတတ်နေ၍လား မေးချင်တာလေးတွေကိုတဂယ်ပဲမေးနေ၍လားမသိ ကွန့်မြူးကိုဖျော့တော့စွာကြည့်၍ သေချာလေးကိုမေးနေလေတော့သည်။
ရွှေကူ့ဆီကပ်လာသည့်အကိုလေးကိုရွှေကူမရှောင်ဖယ်ဖြစ်လိုက်သည့်အခါ နဖူးထက်အေးမြသည့်နှုတ်ခမ်းလေးတစ်စုံဟာကျရောက်လာတော့သည်။ ဖျားနေ၍လားမသိ အကိုလေးအနမ်းလေးကအေးမြလိုက်တာနော်။
ဖျားနေသည့်ကောင်မလေးကို အခွင့်ရေးယူမိတာလားဆို ဟုတ်ပါသည်ကိုယ်အခွင့်ရေးယူမိသွားပါသည်။
ကောင်မလေးကိုသိပ်ချစ်လို့ပါကွာ။ ကိုယ့်အနမ်းလေးနဲ့အဖျားလေးများကျမလားလို့ပါကွာ။
"ကောင်မလေးမှမဟုတ်ရင်ဘယ်သူ့မှကိုယ်မနမ်းတော့ဘူး ဟော့ဒီ့ကနှုတ်ခမ်းတစ်စုံကကောင်မလေးအတွက်ပဲ..."
"ရွှေကူကဘာလုပ်ရမှာလဲလို့ အကိုလေးအရင်ကကောင်မလေးတွေအများကြီးကိုနမ်းခဲ့ပြီးတော့များ"
ရွှေကူရန်တော့တွေ့နိုင်သားပဲ။
"ဟာ ကိုယ်မနမ်းပါဘူးကွ "
"ရွှေကူသိတယ်အကိုလေးကရည်းစားတအားများတာတဲ့ အဲ့တော့မိန်းခလေးအများကြီးကိုလဲနမ်းဖူးမှာပေါ့"
ဖျားနေသည့်ကောင်မလေးက အသံလေးမပွင့်တစ်ပွင့်နှင့် ပြောလာလေတော့သည်။
"ကိုယ်ရည်းစားများတာဝန်ခံတယ် ဒါပေမယ့်လဲအဲ့တာအတိတ်မှာလေကွာ ကိုယ်အခုလက်ရှိမှာကောင်မလေးတစ်ယောက်ထဲပဲရင်ဘက်ကြီးတစ်ခုလုံးနဲ့ချစ်တာ"
"ဟိုတစ်နေ့က အကိုလေးယူသွားတာရွှေကူ့ရဲ့ပထမဆုံးအနမ်းနော် အကိုလေးကတော့ လူအများကြီးနဲ့နမ်းဖူးတော့ဘယ်အလေးထားပါ့မလဲ ရွှေကူတော့အလေးထားတယ် အကိုလေးအတင်းနမ်းသွားတာကိုမကျေနပ်သေးဘူးအခုထိ..."
ကောင်မလေးစိတ်ဆိုးနိုင်သေးတာပဲ။ ဟား ဟား ချစ်စရာလေးဗျာ ဖျားနေတဲ့မျက်နှာလေးကအခုကျတော့လဲ ပန်းရောင်လေးကိုသန်းလို့ပါလားကွာ။
"ကိုယ်အဲ့နေ့ကကောင်မလေးကိုဆုံးရှုံးမှာကြောက်လို့အတင်းနမ်းမိသွားတာပါကွာ ကိုယ့်ကိုခွင့်လွှတ်ပါနော် ကောင်မလေးနဲ့မတွေ့ခင်ကိုယ်အရမ်းဆိုးခဲ့တယ် ကိုယ်ပျက်စီးခဲ့တာတွေလဲအရမ်းများခဲ့တယ် ဒါပေမယ့်အခုကိုယ်နောင်တတွေရနေပြီ ကောင်မလေးမကျေနပ်ရင်ကိုယ့်ကိုအပြစ်ပေးပါကွာ ဘယ်လိုအပြစ်ဖြစ်ဖြစ်ကိုယ်ခံယူပါ့မယ်"
အကိုလေးကိုဘယ်လိုအပြစ်ပေးရက်ပါ့မလဲအကိုလေးရယ်။ ရွှေကူကလဲချစ်ရသူမို့ အကိုလေးရဲ့အတိတ်ကိုဘယ်လိုမျိုးများစီရင်ရပါ့မလဲ။
"အကိုလေးကိုရွှေကူယုံလို့ဖြစ်ပါ့မလား ရွှေကူသေချာမသိတော့ဘူး"
"ယုံလို့ရပါတယ်ကွာ "
ကွန့်မြူးကိုမကြည့်တော့ပဲ တစ်ဖက်သို့မျက်နှာလေးလွှဲသွားသည့် ကောင်မလေးက အသံလေးတွေတုန်နေလေတော့သည်။
"ရွှေကူ့ကိုမှဘာလို့ရွေးခဲ့တာလဲ ရွှေကူကလွယ်တဲ့ပုံပေါက်လို့လားဟင်အကိုလေး"
" အဲ့လိုမဟုတ်ဘူးလေကွာ ကိုယ်ကကောင်မလေးကိုလွယ်မယ်ထင်လို့ရွေးခဲ့တာမဟုတ်ပါဘူးကွာ နှလုံးသားကသူ့အလိုလိုကိုရွေးချယ်ထားတာ ကိုယ်ကလဲနစ်နစ်သည်းသည်းကိုချစ်နေမိတာမလို့ ကောင်မလေးကိုချစ်ခွင့်ပန်မိတာပါကွာ လွယ်မယ်ထင်လို့ဖွင့်ပြောတာမဟုတ်ရပါဘူး "
ရွှေကူကသိချင်တာလေးကို မေးမိရုံပါအကိုလေးရယ်။ အခုနေဘာဖြစ်လို့ဖြစ်နေမှန်းမသိ ရွှေကူ့အပေါ်အကိုလေးဘယ်လိုမြင်လဲဆိုတာ ရွှေကူသိချင်နေမိတော့သည်။
"ကိုယ့်ကိုယုံပေးနော် "
"ရွှေကူကမိဘမဲ့ပါအကိုလေး ရွှေကူ့မိဘတွေကကောင်းသလားဆိုးသလားလဲရွှေကူမသိဘူး ရွှေကူအကျင့်တွေကဆိုးသွမ်းနေခဲ့ရင်အကိုလေးအတွက်အဆင်မပြေမှာဆိုးတယ်"
"ဘာမှမလိုဘူး ကောင်မလေးဖြစ်နေဖို့ပဲလိုတာ ကိုယ်ချစ်တာကောင်မလေးကိုလေ "
"ရွှေကူအရမ်းကြီးမတောင်းဆိုပါဘူး ရွှေကူ့အပေါ်အရမ်းကြီးမကောင်းပေးလဲဖြစ်ပါတယ် ရွှေကူနားခိုဖို့အကိုလေးဘက်ကနေရာအများကြီးမပေးလဲဖြစ်သေးတယ် ရွှေကူကြောက်မိတာကရွှေကူ့ကိုအပျော်ကြံသွားမှာပဲ"
"ကိုယ်ပြောတာရော ကိုယ်ကအရမ်းချစ်ရသူမို့အဲ့လိုပေါ့ပျက်ပျက်မလုပ်ဖူးလို့"
"ခေါင်းကိုက်လို့လားဟင်ကောင်မလေး."
ရုပ်လေးကငိုမဲ့မဲ့လေးဖြစ်လာကာ မျက်ရည်လေးတွေဝိုင်းလာလေတော့သည်။
"အင်း ကိုက်လို့ ရင်ဘက်ကြီးထဲကအရမ်းကိုက်နေလို့အကိုလေးဖက်ပေး .."
"ဟာ .."
ကွန့်မြူးအလျှင်အမြန်ပင် ကောင်မလေးကိုအသာအယာထူလိုက်ကာ ရင်ဘက်ထဲဆွဲသွင်းလိုက်တော့ မျက်ရည်ပူလေးတွေကရင်ဘက်စီစိုစွတ်လာလေတော့သည်။
"ရွှေကူလဲပင်ပန်းရတယ်သိရဲ့လား.. အကိုလေးချစ်နေတာတစ်ခြားကောင်မလေးဆိုပြီးတစ်ယောက်ထဲသိမ်ငယ်နေမိတာအကိုလေးရဲ့ ဟင့်.."
"ကိုယ်စောစောလေးဖွင့်ပြောသင့်တာပါကွာ"
"ရွှေကူရင်ဘက်ထဲကနာကျင်တာတွေများပြီး အကိုလေးကိုလက်လျော့လိုက်မှဘာလို့လာဖွင့်ပြောရတာလဲလို့ ရွှေကူ့ကိုတမင်နှိပ်စက်နေတာမလား ဟင့်.."
"မဟုတ်ရပါဘူးကွာ"
"မေမေကြီးတို့မျက်နှာတွေမြင်ယောင်မိတိုင်း ရွှေကူကိုယ့်ကိုအပြစ်တင်နေမိတာ ရွှေကူကကျေးဇူးမသိတတ်တဲ့လူဖြစ်သွားပြီထင်တယ်အကိုလေးရယ် "
"မဖြစ်ပါဘူးကွာ ဘာလို့အဲ့လိုဖြစ်ရမှာလဲ"
"ရွှေကူကအကိုလေးကိုချစ်နေမိတာလေ ရွှေကူထိန်းချုပ်လို့မရအောင်ထိချစ်မိနေတာလေ အဲ့တာဘယ်လိုလုပ်ရမလဲရွှေကူအမှားတွေလုပ်မိပြီထင်တယ် "
"ကောင်မလေးရယ် ..."
ကောင်မလေးလဲပင်ပန်းနေမှာပေါ့လေ။ အခုပြောတဲ့အတိုင်းဆို ကောင်မလေးလဲကိုယ့်ကိုချစ်နေခဲ့တာကြာပြီပေါ့ ကိုယ်ကြောင့်နဲ့သိမ်ငယ်မှုတွေခံစားသွားရပြီကွာ။ မာမီတို့ကိုထည့်မတွေးပေးလဲဖြစ်ပါတယ်ကွာ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ရေးကို မာမီတို့တွေမပါပဲကိုယ်တို့ပုံဖော်လို့ရတာပဲလေ။ ကိုယ်ကအစစအရာရာကောင်မလေးကို ဂရုစိုက်ပေးမှာပေါ့ကွ။
"အီး ..ရွှေကူမချစ်သင့်တဲ့လူကိုချစ်နေမိတယ်ထင်တယ် "
အဖျားကြောင့်ထင်ပါသည်။ ကောင်မလေးဂယောင်ခြောက်ခြားဖြစ်နေပုံရသည်ကြောင့် ဘာမှမပြောတော့ပဲဖက်ပဲဖက်တွယ်ထားလိုက်တော့ ရင်ခွင်ထဲတွင်ငိုယိုနေလေတော့သည်။ မကြာပါအိပ်ဆေးအရှိန်ကြောင့် ငိုနေရင်းမှအိပ်ပျော်သွားလေသည့်ကောင်မလေးကို ဆက်၍ဖက်ထားလိုက်တော့သည်။
"ဆုံးရှုံးရမှာကြောက်လို့ ဖွင့်မပြောပဲထားမိလိုက်တာက ကောင်မလေးကိုဒဏ်ရာတွေရစေခဲ့တဲ့အကြောင်းရင်းဖြစ်နေခဲ့တာပေါ့လေ "
ပုလဲရောင်မျက်ရည်လေးတွေက ပါးထက်စီးကျ၍အိပ်နေသည့်ကောင်မလေးကို ခေါင်းအုံးလေးပေါ်ချပေးကာ မျက်ရည်လေးတွေကိုကွန့်မြူးသုတ်ပေးနေမိတော့သည်။
"မျက်နှာထက်အပျော်လေးတွေပဲမြင်ချင်ပါသည်ဆိုမှ ဖျားနေရက်နဲ့ငိုစေခဲ့လို့ခွင့်လွှတ်ပါကောင်မလေးရယ်"
ပြူတင်းပေါက်ဖွင့်ရက်လေးကိုကြည့်ကာ တွေးနေမိတော့သည်။ အရင်ကစိတ်ဒဏ်ရာတွေတောင်မပျောက်သေးဘူး ကိုယ်ကထက်ပြီးစိတ်ဒဏ်ရာတွေပေးမိပြန်ပြီလားကွာ။
"နောက်ဆိုကိုယ်တို့အတူတူဖြတ်ကျော်ကြမယ်နော်ကောင်မလေး "
အိပ်ပျော်နေသည့်ကောင်မလေးကိုကြည့်၍ အားမာန်ပြည့်စွာကွန့်မြူးဆိုလိုက်တော့သည်။
ရွှေကူနိုးလာတော့ ညနေတောင်စောင်းနေပြီဖြစ်တော့သည်။ ရွှေကူအကြာကြီးအိပ်ပျော်သွားပြီး အိမ်မက်တွေလဲအများကြီးမက်ခဲ့တာပဲလေ။ ပေါ့ပါးသွားကာနေလို့ကောင်းလာသည်ကြောင့် ကိုယ်လက်ရေသန့်စင်ကာရွှေကူအင်းကျီလေးပြောင်းလဲလိုက်တော့သည်။ ထို့နောက်ရွှေကူအောက်သို့ဆင်းလာလိုက်တော့ အကိုလေးကဆိုဖာပေါ်ထိုင်နေရက်မှ ရွှေကူ့ကိုမြင်တော့ရွှေကူ့ဆီလှမ်းလာလေတော့သည်။
"သက်သာလားကောင်မလေး"
"ဟုတ်သက်သာပြီအကိုလေး"
"အင်းမျက်နှာလေးတော့ကြည်လာသားပဲ"
"အကိုလေးအလုပ်မသွားဘူးလားဟင်"
"အင်းနောက်ရက်မှဆင်းတော့မလို့"
"အကိုလေးဘာနဲ့စားလဲ ရွှေကူမနက်ကဟင်းချက်တာ မကျက်လိုက်ဘူးထင်တယ်"
"ကိုယ်အပြင်ကမှာလိုက်တာ "
ပြောရင်းရွှေကူ့နဖူးလေးကိုလာစမ်းသည်ကြောင့် ရွှေကူထိုင်နေရင်းမှနောက်လေးဆုတ်သွားမိတော့သည်။
ကွန့်မြူးရယ်လိုက်မိတော့သည်။ ပြောတော့ချစ်ခဲ့ရတာကြာပါပြီဆို အခုတော့အဖျားလေးစမ်းတာတောင်အထိမခံ လန််နေသည်တဲ့လားကောင်မလေးရယ်။
"အကိုလေးဘာလို့ရယ်တာလဲ"
"သဘောကျလို့"
"ဟွန်.."
"ကိုယ့်ကိုမနက်က ချစ်ပါတယ်ဆိုပြီးငိုပြီးဝန်ခံသွားတာဘယ်ကောင်မလေးပါလိမ့်နော်.."
ရွှေကူနားမလည်၍စဉ်းစားမိလိုက်သည်။ ထို့နောက်မျက်လုံးထဲပြန်မြင်ယောင်လာသည့်အဖြစ်ပျက်က အိမ်မက်လိုလိုရှိနေသည်နှင့်အတူ အကိုလေးရဲ့ပြုံးတုံ့တုံ့အပြုံးတို့ပေါင်းစပ်သွားသည့်အခါ ရွှေကူသိလိုက်ပြီဖြစ်တော့သည်။
"အား.. ရွှေကူပြောလိုက်မိပြီလား"
ကွန့်မြူးအရယ်မရပ်တော့ပေ။ ဘာလို့ဆိုမျက်နှာလေးကို လက်လေးနှင့်အုပ်ပြီး ဟိုဘက်လှည့်သွားသည်ကြောင့်ပေ။ မငြင်းလဲမငြင်းပဲ ပြောလိုက်မိပြီလားတဲ့ကွာ ဘယ်လိုတွေတောင်ချစ်စရာကောင်းနေရတာလဲကောင်မလေးရယ်။
"ကဲပြောပါအုံးအဲ့တော့ ကိုယ့်ကိုချစ်လားမချစ်ဘူးလားဆိုတာလေး "
"ဟင့်အင်း.. မချစ်ဘူး"
ကွန့်မြူးအုပ်ထားသည့်မျက်နှာပေါ်ကလက်ခလေးကိုဆွဲယူလိုက်တော့ အတင်းရုန်းနေလေတော့သည်။ နောက်ဆုံးရုန်းမရတော့ မျက်နှာလေးငုံ့ထားကာတစ်ချက်လေးတောင်မော့မကြည့်ပဲ အရှက်တွေပိုနေလေသည့်ကောင်မလေးကို ဖက်ပြီးသာနမ်းပစ်ချင်လှပြီဖြစ်တော့သည်။
"ကိုယ့်ကိုပြောပါအုံး အကိုလေးကိုချစ်ပါတယ်လို့လေ"
ရွှေကူမျက်နှာတွေပူတာရော ရင်ခုန်တာတွေရောပေါင်းကာ ချွေးလေးတောင်စို့လာရပြီဖြစ်တော့သည်။
"ကောင်မလေးအဲ့လိုကြီးရင်ထဲမှာသိမ်းမထားနဲ့လေကွာ "
"ရွှေကူကဖျားနေတော့ပြောမိပြောရာပြောမိတာကို "
"ဘာလို့ကိုယ့်ကိုမကြည့်တာလဲအဲ့တာဆို "
"အကိုလေးကရွှေကူ့လက်ကိုကိုင်ထားတာလေ ရှက်တာပေါ့မကြည့်ရဲဘူး"
"ကိုယ့်ကိုထပ်ပြီးနှိပ်စက်အုံးမလို့လားကောင်မလေးက "
ရွှေကူကမနှိပ်စက်ရပါဘူးအကိုလေးရယ်။
"မာမီတို့ကိုထည့်တွေးနေလို့လား"
ကောင်မလေးက ခေါင်းလေးတစ်ချက်ငြိမ့်ပြလေတော့သည်။
"ကိုယ်ပြောပြမယ် မာမီတို့ကကောင်မလေးကိုမွေးစားချင်နေကြတာလေ ကိုယ့်ကိုအဖြေပေးလိုက်ရင် ကြည့် Auto ကို သမီးချွေးမလေးဖြစ်သွားမှာ မာမီတို့ကပျော်တောင်ပျော်နေကြအုံးမယ်"
မျက်လုံးဝိုင်းလေးနှင့်ကောင်မလေးက ယခုအခါမှမော့ကြည့်လာလေတော့သည်။ ဒီလိုမှပေါ့ မျက်စိရှေ့ရှိနေတာတောင် ဒီမျက်ဝန်းလေးကိုလွမ်းနေရတာလေကွာ။
"ဟုတ်ပါ့မလားအကိုလေးရယ် ရွှေကူကြောက်တယ်"
"ကိုယ်ရှိတာပဲ ကိုယ်အားလုံးစီစဉ်ပေးမယ် "
ရွှေကူစဉ်းစားနေမိသေးသည်။ မျက်မှန်လေးမတပ်ထားသော်လည်း အကိုလေးကရွှေကူနှင့်အရမ်းနီးနေသည်မို့ သေချာကိုမြင်ရပါသည်။ ချောမောသည့်မျက်နှာလေးကိုခဏလောက်ကြည့်ကာ အကြည့်လွှဲ၍ ရွှေကူမေးခွန်းတွေမေးဖို့ပြင်လိုက်တော့သည်။
"ရွှေကူ့ကိုအများကြီးချစ်ပေးမှာလားဟင်"
"ချစ်ပေးမှာပေါ့ကွ "
"ရွှေကူ့အမှားလုပ်ရင်ရော ဆူပြီးရိုက်မှာလားဟင်"
"ဆူလဲမဆူရက်ဘူး ရိုက်ဖို့ဆိုဝေး.."
မဝေးတော့သည်ချစ်တယ်ဆိုသည့်အဖြေလေးကိုမြင်ယောင်နေရပြီမို့ ကွန့်မြူးကြို၍ပျော်နေရတော့သည်။ ရင်တွေခုန်လိုက်တာကွာ။
"အကိုလေးက ရွှေကူ့တစ်ယောက်ထဲအတွက်ဆိုတာသေချာလားဟင်"
"ကောင်မလေးမယုံရင်ကိုယ်တို့အခုရုံးတတ် လက်ထပ်လက်မှတ်ထိုးထာကြမလား"
"အင်း ..ရွှေကူယုံပါပြီ "
"အဲ့တော့"
"ခေါင်းပဲငြိမ့်ပြလို့မရဘူးလေကွာ.."
"အင်း"
"အဲ့နောက်က.."
"ဟုတ်... ချစ်တယ်"
ရွှေကူကမဖြေရဲသည့်ကြားက အားယူပြီးဖြေလိုက်ပါသည်ဆိုမှ အကိုလေးဘက်ကဘာအသံမှထွက်မလာတော့ရွှေကူအကိုလေးကိုမော့ကြည့်လိုက်တော့သည်။
မဝဲ့မရဲပုံစံလေးနှင့် မျက်နှာလေးငယ်ကာကြည့်လာသည့်ကောင်မလေးကို ကွန့်မြူးသဘောတွေကျရလွန်းလို့ဘာမှမပြောနိုင်တော့တဲ့အထိ ရင်တွေခုန်နေရတော့သည်။
"အကိုလေး "
ရွှေကူ့ကိုပြောစရာလေးများမရှိဘူးလားဆိုသည့်ပုံစံနှင့် ခေါ်လိုက်တော့ပြန်ရလိုက်သည်က...
"အွန့် .."
ရွှေကူ့ကြက်သီးလေးများထလာရသလို ရုန်းဖို့လဲမေ့လျော့နေမိကာမျက်လုံးလေးပြူးနေမိတော့သည်။ အကိုလေးဘက်ကဖိကပ်နမ်းနေရင်းမှ နှုတ်ခမ်းလေးကိုစုပ်ယူငုံခဲလိုက်သည့်အခါရွှေကူ အကိုလေးအင်းကျီလေးကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိတော့သည်။ ထို့နောက်ရွှေကူ့မျက်လုံးလေးများကို လက်တစ်ဖက်နှင့်လာအုပ်ကာမှိတ်စေလိုက်သည့်အကိုလေးကြောင့် ရွှေကူ့အသိစိတ်တွေဟာ အနမ်းခံနေရသည့်နှုတ်ခမ်းလေးတစ်စုံတွင် စုဝေးသွားရတော့သည်။ အတိုင်းမသိရင်ခုန်နှုန်းတွေနှင့်အတူ ရွှေကူရှက်နေမိသလို တစ်ဖက်တွင်လဲပျော်နေမိပြန်တော့သည်။
ကွန့်မြူးဖြေးဖြေးးလေးဖြင့် နှုတ်ခမ်းလေးများကိုစုပ်ယူစားသုံးလိုက်တော့ အသိစိတ်တောင်လွတ်ချင်သည်အထိဖြစ်သွားရတော့သည်။ ချစ်ရသူလေးက ချစ်ရပါသည်ဆိုသည့်စကားလေးနှင့်အတူ ဖွင့်ဟလာသည့်နှုတ်ခမ်းလေးတစ်စုံဟာ ယခုတော့ကွန့်မြူးအပိုင်သိမ်း၍ရသွားပြီဖြစ်တော့သည်။ ရုန်းကန်ခြင်းမပြု အင်းကျီစကိုသာအတင်းဆွဲထားကာ ကွန့်မြူးရဲ့အနမ်းတို့ကိုခံယူနေသည့်ကောင်မလေးကိုချစ်ရပါသည်။
ဘယ်လောက်ထိ ချစ်သလဲဆို အသက်ထက်ဆုံးထိပေါ့ဗျာ။
Words 3321
1.10.2023 6:05pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True love အပိုင္ - ၃၂
"ေကာင္မေလးသက္သာလားဟင္ ဘယ္လိုေနေသးလဲ"
"မင္းဟာကလဲ ဖ်ားေနတာကအဖ်ားႀကီးတယ္ေလကြာ ခုေဆးထိုးခုေပ်ာက္ေတာ့ဟုတ္မလားကြ တစ္ေရးေလာက္အိပ္ၿပီးမွသက္သာမွာေပါ့ဟ"
"သိပါတယ္ဗ်ာ ကြၽန္ေတာ္ကစိုးရိမ္လို႔ေမးမိတာကို အဲ့ေဆးေတြကဘာလို႔အာနိသင္ခ်က္ခ်င္းမျပတာလဲဗ် ခ်က္ခ်င္းဖ်ားတာေပ်ာက္မယ့္ေဆးေလးဘာေလးမရွိဘူးလား"
ေ႐ႊကူ႕လက္ကိုကိုင္ထားကာ ႐ုပ္တည္ႀကီးႏွင့္ အကိုေခါင္လြင္မိုးကိုေမးေနသည့္ အကိုေလးေၾကာင့္ ေ႐ႊကူမ်က္လုံးေလးမွိတ္ထားမိေတာ့သည္။
"ဟ ..ငါ့ဆရာဝန္သက္တစ္ေလွ်ာက္လုံး အဲ့ေဆးမေတြ႕ဘူးေသးဘူး တအားေပ်ာက္ခိုင္းခ်င္တဲ့ေကာင္နဲ႕ေတာ့ေတြ႕ၿပီ ငါသိုင္းတတ္ရင္လဲေကာင္းသား အတြင္းအားေတြနဲ႕ကုေပးလို႔ရရင္ကုေပးခဲ့ၿပီ အခုလိုနားညီးတာထိမခံဘူး"
ကြန့္ျမဴးရယ္ခ်င္ေနေပမယ့္လဲ ေအာင့္ထားမိေတာ့သည္။ ကိုေခါင္လြင္က ဒီေလာက္ထိဆက္ဆက္ထိမခံမွန္း အခုမွပဲသိေတာ့သည္။
"ေက်းဇူးပါပဲဗ်ာအိမ္ထိလာေပးလို႔"
"မလိုပါဘူးကြာ ေန႕လည္ေလာက္ဆိုအဖ်ားက်သြားလိမ့္မယ္ မင္းလဲစိုးရိမ္လြန္မေနနဲ႕အုံး "
ကြန့္ျမဴးေခါင္းညိမ့္ျပလိုက္ေတာ့သည္။
"ေ႐ႊကူကကိုယ္ခံအားက်ေနလို႔ပါ အဓိကကတအားမပိုနဲ႕ေပါ့ကြာ ငါအခုတေလာေတြ႕ေနရတာေတြကမဟုတ္ေသးဘူးကြ ဟိုအတြဲၾကည့္လဲကဲကဲသဲသဲ ဒီအတြက္ၾကည့္လဲပိုပိုေတြနဲ႕ ငါ့ကိုသတ္ေသခ်င္ေအာင္မ်ားတမင္လုပ္ေနၾကသလားထင္ရတယ္ "
"ဟား ဟား.. ကြၽန္ေတာ္တို႔ကအတြဲေတာ့မျဖစ္ေသးပါဘူးဗ် ဒါေပမယ့္ကိုေခါင္လြင္မနာလိုေနတာေတာ့ေသခ်ာတယ္ "
"ငါကဘာမနာလိုစရာရွိလဲ ျမင္ရတာေတြအဆင္မေျပေတာ့စိတ္ညစ္လို႔ကြ"
"ထားေပါ့ဗ်ာ ဒီအ႐ြယ္ပဲေရာက္ေနၿပီခ်စ္ရမယ့္ေကာင္မေလးမရွိတာေတာ့ normal မဟုတ္ေသးဘူးေလဗ်ာ"
"ေတာ္ ေတာ္.. ငါ့အသက္လာမထိခိုက္နဲ႕ေဟ့ေကာင္ "
"ကြၽန္ေတာ့္အကူညီလိုရင္လဲေျပာေနာ္ ကိုယ္တိုင္မစြံေတာ့ရင္လဲ ကူညီသင့္ကူညီမွာေပါ့ဗ်"
"ငါ့မွာခ်စ္ရမယ့္လူမရွိဘူးလို႔ဘယ္သူေျပာလဲကြ မင္းတို႔ေကာင္ေတြကိုထုတ္မျပခ်င္႐ုံပဲ "
"တဂယ္လားဗ် "
"မင္းပဲညာေနရအုံးမလား ျပန္ၿပီေဟ့ေကာင္ေရ ငါေဆး႐ုံသြားရအုံးမွာကြ"
"ok ပါဗ်ာ "
ကြန့္ျမဴးကားတံခါးေပၚလက္တင္၍ေျပာေနရင္းမွ ေနာက္သို႔ဆုတ္ေပးလိုက္ေတာ့ ကိုေခါင္လြင္မိုးက ရယ္ျပ၍ၿခံထဲမွထြက္သြားေလေတာ့သည္။
ကုတင္ထက္လွဲေနသည့္ေကာင္မေလးအနားသြားလိုက္ကာ ပူပူႏြေးႏြေးလက္ခေလးကို ဆုတ္ကိုင္လိုက္ေတာ့သည္။
"ကိုယ့္အခ်စ္ေတြက ေကာင္မေလးကိုဖ်ားေစတဲ့အထိ လြန္ၾကဴးမိသြာတာတဲ့လားကြာ "
"အကိုေလး .."
"ေဟ.. ေကာင္မေလးမအိပ္ေသးဘူးလား"
ေ႐ႊကူ႕လက္ကိုကိုင္ကာ ေဘးမွလာေျပာေနမွေတာ့ေ႐ႊကူဘယ္လိုလုပ္အိပ္၍ ရပါ့မလဲေနာ္။
"အကိုေလးေၾကာင့္မဟုတ္ပါဘူး "
"ဘာကိုလဲေကာင္မေလး"
"ေ႐ႊကူဖ်ားတာအကိုေလးေၾကာင့္မဟုတ္ပါဘူးဆို "
"အဲ့တာဆိုဘာလို႔လဲေကာင္မေလး"
"ေ႐ႊကူဟိုမွာအိပ္ေရးပ်က္တာမ်ားသြားလို႔ေလ ၿပီးေတာ့အစားလဲပ်က္သြားလို႔ဖ်ားသြားတာ အကိုေလးကိုေၾကာက္လို႔မဟုတ္ပါဘူး အဟြတ္.. အဟြတ္.."
"အိပ္လိုက္ေလေနာ္ ေကာင္မေလးမသက္သာဘူးမလား"
ကြန့္ျမဴးလက္ေသးေသးေလးကိုဖိကိုင္ရင္း သူဖ်ားတာကြန့္ျမဴးေၾကာင့္မဟုတ္ပါဘူးဟုေျပာေနသည့္ေကာင္မေလးကို အိပ္ခိုင္းလိုက္ေပမယ့္ ေခါင္းရမ္းျပေလေတာ့သည္။
"ေ႐ႊကူကစဥ္းစားရခက္ေနလို႔ပါ "
"ကိုယ္ကိုေျပာၾကည့္ေလကိုယ္စဥ္းစားကူမွာေပါ့"
"ဟင္.. အဲ့လိုမရဘူးေလ"
ေ႐ႊကူအိပ္ခ်င္ေနေပမယ့္လဲ အကိုေလးကိုစကားေတြဆက္ေျပာခ်င္ေနေသးသည္ျဖစ္သည္။
"အကိုေလးကေ႐ႊကူ႕ကိုတဂယ္ခ်စ္တာေရာဟုတ္ရဲ႕လား"
"ဟား.. တဂယ္ခ်စ္တာေပါ့ကြ ခ်စ္တာမွအမ်ားႀကီးကိုခ်စ္တာ ေျပာျပရင္ေကာင္မေလးယုံမွာေတာင္မဟုတ္ဘူး"
ေ႐ႊကူ႕ႏွာဖ်ားေလးဆီ အကိုေလးရဲ႕လက္ေခ်ာင္းတို႔ႏွင့္ တို႔ထိပြတ္ဆြဲသြားသည့္အခါ ေ႐ႊကူဓာတ္လိုက္သည့္အလားခံစားလိုက္ရသည္။
"ေ႐ႊကူ႕ကိုေလးေလးနက္နက္ခ်စ္တာေရာ ဟုတ္ရဲ႕လား.."
"ေကာင္မေလးကိုတစ္ဘဝလုံးစာထိရည္႐ြယ္ၿပီးခ်စ္တာ ေလးနက္တယ္ဆိုတာထက္ ျမတ္နိုးၿပီးအဆုံးရႈံးကိုမခံနိုင္တာပါေကာင္မေလးရယ္.."
ေကာင္မေလးကအဖ်ားေတြတတ္ေန၍လား ေမးခ်င္တာေလးေတြကိုတဂယ္ပဲေမးေန၍လားမသိ ကြန့္ျမဴးကိုေဖ်ာ့ေတာ့စြာၾကည့္၍ ေသခ်ာေလးကိုေမးေနေလေတာ့သည္။
ေ႐ႊကူ႕ဆီကပ္လာသည့္အကိုေလးကိုေ႐ႊကူမေရွာင္ဖယ္ျဖစ္လိုက္သည့္အခါ နဖူးထက္ေအးျမသည့္ႏႈတ္ခမ္းေလးတစ္စုံဟာက်ေရာက္လာေတာ့သည္။ ဖ်ားေန၍လားမသိ အကိုေလးအနမ္းေလးကေအးျမလိုက္တာေနာ္။
ဖ်ားေနသည့္ေကာင္မေလးကို အခြင့္ေရးယူမိတာလားဆို ဟုတ္ပါသည္ကိုယ္အခြင့္ေရးယူမိသြားပါသည္။
ေကာင္မေလးကိုသိပ္ခ်စ္လို႔ပါကြာ။ ကိုယ့္အနမ္းေလးနဲ႕အဖ်ားေလးမ်ားက်မလားလို႔ပါကြာ။
"ေကာင္မေလးမွမဟုတ္ရင္ဘယ္သူ႕မွကိုယ္မနမ္းေတာ့ဘူး ေဟာ့ဒီ့ကႏႈတ္ခမ္းတစ္စုံကေကာင္မေလးအတြက္ပဲ..."
"ေ႐ႊကူကဘာလုပ္ရမွာလဲလို႔ အကိုေလးအရင္ကေကာင္မေလးေတြအမ်ားႀကီးကိုနမ္းခဲ့ၿပီးေတာ့မ်ား"
ေ႐ႊကူရန္ေတာ့ေတြ႕နိုင္သားပဲ။
"ဟာ ကိုယ္မနမ္းပါဘူးကြ "
"ေ႐ႊကူသိတယ္အကိုေလးကရည္းစားတအားမ်ားတာတဲ့ အဲ့ေတာ့မိန္းခေလးအမ်ားႀကီးကိုလဲနမ္းဖူးမွာေပါ့"
ဖ်ားေနသည့္ေကာင္မေလးက အသံေလးမပြင့္တစ္ပြင့္ႏွင့္ ေျပာလာေလေတာ့သည္။
"ကိုယ္ရည္းစားမ်ားတာဝန္ခံတယ္ ဒါေပမယ့္လဲအဲ့တာအတိတ္မွာေလကြာ ကိုယ္အခုလက္ရွိမွာေကာင္မေလးတစ္ေယာက္ထဲပဲရင္ဘက္ႀကီးတစ္ခုလုံးနဲ႕ခ်စ္တာ"
"ဟိုတစ္ေန႕က အကိုေလးယူသြားတာေ႐ႊကူ႕ရဲ႕ပထမဆုံးအနမ္းေနာ္ အကိုေလးကေတာ့ လူအမ်ားႀကီးနဲ႕နမ္းဖူးေတာ့ဘယ္အေလးထားပါ့မလဲ ေ႐ႊကူေတာ့အေလးထားတယ္ အကိုေလးအတင္းနမ္းသြားတာကိုမေက်နပ္ေသးဘူးအခုထိ..."
ေကာင္မေလးစိတ္ဆိုးနိုင္ေသးတာပဲ။ ဟား ဟား ခ်စ္စရာေလးဗ်ာ ဖ်ားေနတဲ့မ်က္ႏွာေလးကအခုက်ေတာ့လဲ ပန္းေရာင္ေလးကိုသန္းလို႔ပါလားကြာ။
"ကိုယ္အဲ့ေန႕ကေကာင္မေလးကိုဆုံးရႈံးမွာေၾကာက္လို႔အတင္းနမ္းမိသြားတာပါကြာ ကိုယ့္ကိုခြင့္လႊတ္ပါေနာ္ ေကာင္မေလးနဲ႕မေတြ႕ခင္ကိုယ္အရမ္းဆိုးခဲ့တယ္ ကိုယ္ပ်က္စီးခဲ့တာေတြလဲအရမ္းမ်ားခဲ့တယ္ ဒါေပမယ့္အခုကိုယ္ေနာင္တေတြရေနၿပီ ေကာင္မေလးမေက်နပ္ရင္ကိုယ့္ကိုအျပစ္ေပးပါကြာ ဘယ္လိုအျပစ္ျဖစ္ျဖစ္ကိုယ္ခံယူပါ့မယ္"
အကိုေလးကိုဘယ္လိုအျပစ္ေပးရက္ပါ့မလဲအကိုေလးရယ္။ ေ႐ႊကူကလဲခ်စ္ရသူမို႔ အကိုေလးရဲ႕အတိတ္ကိုဘယ္လိုမ်ိဳးမ်ားစီရင္ရပါ့မလဲ။
"အကိုေလးကိုေ႐ႊကူယုံလို႔ျဖစ္ပါ့မလား ေ႐ႊကူေသခ်ာမသိေတာ့ဘူး"
"ယုံလို႔ရပါတယ္ကြာ "
ကြန့္ျမဴးကိုမၾကည့္ေတာ့ပဲ တစ္ဖက္သို႔မ်က္ႏွာေလးလႊဲသြားသည့္ ေကာင္မေလးက အသံေလးေတြတုန္ေနေလေတာ့သည္။
"ေ႐ႊကူ႕ကိုမွဘာလို႔ေ႐ြးခဲ့တာလဲ ေ႐ႊကူကလြယ္တဲ့ပုံေပါက္လို႔လားဟင္အကိုေလး"
" အဲ့လိုမဟုတ္ဘူးေလကြာ ကိုယ္ကေကာင္မေလးကိုလြယ္မယ္ထင္လို႔ေ႐ြးခဲ့တာမဟုတ္ပါဘူးကြာ ႏွလုံးသားကသူ႕အလိုလိုကိုေ႐ြးခ်ယ္ထားတာ ကိုယ္ကလဲနစ္နစ္သည္းသည္းကိုခ်စ္ေနမိတာမလို႔ ေကာင္မေလးကိုခ်စ္ခြင့္ပန္မိတာပါကြာ လြယ္မယ္ထင္လို႔ဖြင့္ေျပာတာမဟုတ္ရပါဘူး "
ေ႐ႊကူကသိခ်င္တာေလးကို ေမးမိ႐ုံပါအကိုေလးရယ္။ အခုေနဘာျဖစ္လို႔ျဖစ္ေနမွန္းမသိ ေ႐ႊကူ႕အေပၚအကိုေလးဘယ္လိုျမင္လဲဆိုတာ ေ႐ႊကူသိခ်င္ေနမိေတာ့သည္။
"ကိုယ့္ကိုယုံေပးေနာ္ "
"ေ႐ႊကူကမိဘမဲ့ပါအကိုေလး ေ႐ႊကူ႕မိဘေတြကေကာင္းသလားဆိုးသလားလဲေ႐ႊကူမသိဘူး ေ႐ႊကူအက်င့္ေတြကဆိုးသြမ္းေနခဲ့ရင္အကိုေလးအတြက္အဆင္မေျပမွာဆိုးတယ္"
"ဘာမွမလိုဘူး ေကာင္မေလးျဖစ္ေနဖို႔ပဲလိုတာ ကိုယ္ခ်စ္တာေကာင္မေလးကိုေလ "
"ေ႐ႊကူအရမ္းႀကီးမေတာင္းဆိုပါဘူး ေ႐ႊကူ႕အေပၚအရမ္းႀကီးမေကာင္းေပးလဲျဖစ္ပါတယ္ ေ႐ႊကူနားခိုဖို႔အကိုေလးဘက္ကေနရာအမ်ားႀကီးမေပးလဲျဖစ္ေသးတယ္ ေ႐ႊကူေၾကာက္မိတာကေ႐ႊကူ႕ကိုအေပ်ာ္ႀကံသြားမွာပဲ"
"ကိုယ္ေျပာတာေရာ ကိုယ္ကအရမ္းခ်စ္ရသူမို႔အဲ့လိုေပါ့ပ်က္ပ်က္မလုပ္ဖူးလို႔"
"ေခါင္းကိုက္လို႔လားဟင္ေကာင္မေလး."
႐ုပ္ေလးကငိုမဲ့မဲ့ေလးျဖစ္လာကာ မ်က္ရည္ေလးေတြဝိုင္းလာေလေတာ့သည္။
"အင္း ကိုက္လို႔ ရင္ဘက္ႀကီးထဲကအရမ္းကိုက္ေနလို႔အကိုေလးဖက္ေပး .."
"ဟာ .."
ကြန့္ျမဴးအလွ်င္အျမန္ပင္ ေကာင္မေလးကိုအသာအယာထူလိုက္ကာ ရင္ဘက္ထဲဆြဲသြင္းလိုက္ေတာ့ မ်က္ရည္ပူေလးေတြကရင္ဘက္စီစိုစြတ္လာေလေတာ့သည္။
"ေ႐ႊကူလဲပင္ပန္းရတယ္သိရဲ႕လား.. အကိုေလးခ်စ္ေနတာတစ္ျခားေကာင္မေလးဆိုၿပီးတစ္ေယာက္ထဲသိမ္ငယ္ေနမိတာအကိုေလးရဲ႕ ဟင့္.."
"ကိုယ္ေစာေစာေလးဖြင့္ေျပာသင့္တာပါကြာ"
"ေ႐ႊကူရင္ဘက္ထဲကနာက်င္တာေတြမ်ားၿပီး အကိုေလးကိုလက္ေလ်ာ့လိုက္မွဘာလို႔လာဖြင့္ေျပာရတာလဲလို႔ ေ႐ႊကူ႕ကိုတမင္ႏွိပ္စက္ေနတာမလား ဟင့္.."
"မဟုတ္ရပါဘူးကြာ"
"ေမေမႀကီးတို႔မ်က္ႏွာေတြျမင္ေယာင္မိတိုင္း ေ႐ႊကူကိုယ့္ကိုအျပစ္တင္ေနမိတာ ေ႐ႊကူကေက်းဇူးမသိတတ္တဲ့လူျဖစ္သြားၿပီထင္တယ္အကိုေလးရယ္ "
"မျဖစ္ပါဘူးကြာ ဘာလို႔အဲ့လိုျဖစ္ရမွာလဲ"
"ေ႐ႊကူကအကိုေလးကိုခ်စ္ေနမိတာေလ ေ႐ႊကူထိန္းခ်ဳပ္လို႔မရေအာင္ထိခ်စ္မိေနတာေလ အဲ့တာဘယ္လိုလုပ္ရမလဲေ႐ႊကူအမွားေတြလုပ္မိၿပီထင္တယ္ "
"ေကာင္မေလးရယ္ ..."
ေကာင္မေလးလဲပင္ပန္းေနမွာေပါ့ေလ။ အခုေျပာတဲ့အတိုင္းဆို ေကာင္မေလးလဲကိုယ့္ကိုခ်စ္ေနခဲ့တာၾကာၿပီေပါ့ ကိုယ္ေၾကာင့္နဲ႕သိမ္ငယ္မႈေတြခံစားသြားရၿပီကြာ။ မာမီတို႔ကိုထည့္မေတြးေပးလဲျဖစ္ပါတယ္ကြာ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးကို မာမီတို႔ေတြမပါပဲကိုယ္တို႔ပုံေဖာ္လို႔ရတာပဲေလ။ ကိုယ္ကအစစအရာရာေကာင္မေလးကို ဂ႐ုစိုက္ေပးမွာေပါ့ကြ။
"အီး ..ေ႐ႊကူမခ်စ္သင့္တဲ့လူကိုခ်စ္ေနမိတယ္ထင္တယ္ "
အဖ်ားေၾကာင့္ထင္ပါသည္။ ေကာင္မေလးဂေယာင္ေျခာက္ျခားျဖစ္ေနပုံရသည္ေၾကာင့္ ဘာမွမေျပာေတာ့ပဲဖက္ပဲဖက္တြယ္ထားလိုက္ေတာ့ ရင္ခြင္ထဲတြင္ငိုယိုေနေလေတာ့သည္။ မၾကာပါအိပ္ေဆးအရွိန္ေၾကာင့္ ငိုေနရင္းမွအိပ္ေပ်ာ္သြားေလသည့္ေကာင္မေလးကို ဆက္၍ဖက္ထားလိုက္ေတာ့သည္။
"ဆုံးရႈံးရမွာေၾကာက္လို႔ ဖြင့္မေျပာပဲထားမိလိုက္တာက ေကာင္မေလးကိုဒဏ္ရာေတြရေစခဲ့တဲ့အေၾကာင္းရင္းျဖစ္ေနခဲ့တာေပါ့ေလ "
ပုလဲေရာင္မ်က္ရည္ေလးေတြက ပါးထက္စီးက်၍အိပ္ေနသည့္ေကာင္မေလးကို ေခါင္းအုံးေလးေပၚခ်ေပးကာ မ်က္ရည္ေလးေတြကိုကြန့္ျမဴးသုတ္ေပးေနမိေတာ့သည္။
"မ်က္ႏွာထက္အေပ်ာ္ေလးေတြပဲျမင္ခ်င္ပါသည္ဆိုမွ ဖ်ားေနရက္နဲ႕ငိုေစခဲ့လို႔ခြင့္လႊတ္ပါေကာင္မေလးရယ္"
ျပဴတင္းေပါက္ဖြင့္ရက္ေလးကိုၾကည့္ကာ ေတြးေနမိေတာ့သည္။ အရင္ကစိတ္ဒဏ္ရာေတြေတာင္မေပ်ာက္ေသးဘူး ကိုယ္ကထက္ၿပီးစိတ္ဒဏ္ရာေတြေပးမိျပန္ၿပီလားကြာ။
"ေနာက္ဆိုကိုယ္တို႔အတူတူျဖတ္ေက်ာ္ၾကမယ္ေနာ္ေကာင္မေလး "
အိပ္ေပ်ာ္ေနသည့္ေကာင္မေလးကိုၾကည့္၍ အားမာန္ျပည့္စြာကြန့္ျမဴးဆိုလိုက္ေတာ့သည္။
ေ႐ႊကူနိုးလာေတာ့ ညေနေတာင္ေစာင္းေနၿပီျဖစ္ေတာ့သည္။ ေ႐ႊကူအၾကာႀကီးအိပ္ေပ်ာ္သြားၿပီး အိမ္မက္ေတြလဲအမ်ားႀကီးမက္ခဲ့တာပဲေလ။ ေပါ့ပါးသြားကာေနလို႔ေကာင္းလာသည္ေၾကာင့္ ကိုယ္လက္ေရသန့္စင္ကာေ႐ႊကူအင္းက်ီေလးေျပာင္းလဲလိုက္ေတာ့သည္။ ထို႔ေနာက္ေ႐ႊကူေအာက္သို႔ဆင္းလာလိုက္ေတာ့ အကိုေလးကဆိုဖာေပၚထိုင္ေနရက္မွ ေ႐ႊကူ႕ကိုျမင္ေတာ့ေ႐ႊကူ႕ဆီလွမ္းလာေလေတာ့သည္။
"သက္သာလားေကာင္မေလး"
"ဟုတ္သက္သာၿပီအကိုေလး"
"အင္းမ်က္ႏွာေလးေတာ့ၾကည္လာသားပဲ"
"အကိုေလးအလုပ္မသြားဘူးလားဟင္"
"အင္းေနာက္ရက္မွဆင္းေတာ့မလို႔"
"အကိုေလးဘာနဲ႕စားလဲ ေ႐ႊကူမနက္ကဟင္းခ်က္တာ မက်က္လိုက္ဘူးထင္တယ္"
"ကိုယ္အျပင္ကမွာလိုက္တာ "
ေျပာရင္းေ႐ႊကူ႕နဖူးေလးကိုလာစမ္းသည္ေၾကာင့္ ေ႐ႊကူထိုင္ေနရင္းမွေနာက္ေလးဆုတ္သြားမိေတာ့သည္။
ကြန့္ျမဴးရယ္လိုက္မိေတာ့သည္။ ေျပာေတာ့ခ်စ္ခဲ့ရတာၾကာပါၿပီဆို အခုေတာ့အဖ်ားေလးစမ္းတာေတာင္အထိမခံ လန္္ေနသည္တဲ့လားေကာင္မေလးရယ္။
"အကိုေလးဘာလို႔ရယ္တာလဲ"
"သေဘာက်လိဳ႕"
"ဟြန္.."
"ကိုယ့္ကိုမနက္က ခ်စ္ပါတယ္ဆိုၿပီးငိုၿပီးဝန္ခံသြားတာဘယ္ေကာင္မေလးပါလိမ့္ေနာ္.."
ေ႐ႊကူနားမလည္၍စဥ္းစားမိလိုက္သည္။ ထို႔ေနာက္မ်က္လုံးထဲျပန္ျမင္ေယာင္လာသည့္အျဖစ္ပ်က္က အိမ္မက္လိုလိုရွိေနသည္ႏွင့္အတူ အကိုေလးရဲ႕ၿပဳံးတုံ႕တုံ႕အၿပဳံးတို႔ေပါင္းစပ္သြားသည့္အခါ ေ႐ႊကူသိလိုက္ၿပီျဖစ္ေတာ့သည္။
"အား.. ေ႐ႊကူေျပာလိုက္မိၿပီလား"
ကြန့္ျမဴးအရယ္မရပ္ေတာ့ေပ။ ဘာလို႔ဆိုမ်က္ႏွာေလးကို လက္ေလးႏွင့္အုပ္ၿပီး ဟိုဘက္လွည့္သြားသည္ေၾကာင့္ေပ။ မျငင္းလဲမျငင္းပဲ ေျပာလိုက္မိၿပီလားတဲ့ကြာ ဘယ္လိုေတြေတာင္ခ်စ္စရာေကာင္းေနရတာလဲေကာင္မေလးရယ္။
"ကဲေျပာပါအုံးအဲ့ေတာ့ ကိုယ့္ကိုခ်စ္လားမခ်စ္ဘူးလားဆိုတာေလး "
"ဟင့္အင္း.. မခ်စ္ဘူး"
ကြန့္ျမဴးအုပ္ထားသည့္မ်က္ႏွာေပၚကလက္ခေလးကိုဆြဲယူလိုက္ေတာ့ အတင္း႐ုန္းေနေလေတာ့သည္။ ေနာက္ဆုံး႐ုန္းမရေတာ့ မ်က္ႏွာေလးငုံ႕ထားကာတစ္ခ်က္ေလးေတာင္ေမာ့မၾကည့္ပဲ အရွက္ေတြပိုေနေလသည့္ေကာင္မေလးကို ဖက္ၿပီးသာနမ္းပစ္ခ်င္လွၿပီျဖစ္ေတာ့သည္။
"ကိုယ့္ကိုေျပာပါအုံး အကိုေလးကိုခ်စ္ပါတယ္လို႔ေလ"
ေ႐ႊကူမ်က္ႏွာေတြပူတာေရာ ရင္ခုန္တာေတြေရာေပါင္းကာ ေခြၽးေလးေတာင္စို႔လာရၿပီျဖစ္ေတာ့သည္။
"ေကာင္မေလးအဲ့လိုႀကီးရင္ထဲမွာသိမ္းမထားနဲ႕ေလကြာ "
"ေ႐ႊကူကဖ်ားေနေတာ့ေျပာမိေျပာရာေျပာမိတာကို "
"ဘာလို႔ကိုယ့္ကိုမၾကည့္တာလဲအဲ့တာဆို "
"အကိုေလးကေ႐ႊကူ႕လက္ကိုကိုင္ထားတာေလ ရွက္တာေပါ့မၾကည့္ရဲဘူး"
"ကိုယ့္ကိုထပ္ၿပီးႏွိပ္စက္အုံးမလို႔လားေကာင္မေလးက "
ေ႐ႊကူကမႏွိပ္စက္ရပါဘူးအကိုေလးရယ္။
"မာမီတို႔ကိုထည့္ေတြးေနလို႔လား"
ေကာင္မေလးက ေခါင္းေလးတစ္ခ်က္ၿငိမ့္ျပေလေတာ့သည္။
"ကိုယ္ေျပာျပမယ္ မာမီတို႔ကေကာင္မေလးကိုေမြးစားခ်င္ေနၾကတာေလ ကိုယ့္ကိုအေျဖေပးလိုက္ရင္ ၾကည့္ Auto ကို သမီးေခြၽးမေလးျဖစ္သြားမွာ မာမီတို႔ကေပ်ာ္ေတာင္ေပ်ာ္ေနၾကအုံးမယ္"
မ်က္လုံးဝိုင္းေလးႏွင့္ေကာင္မေလးက ယခုအခါမွေမာ့ၾကည့္လာေလေတာ့သည္။ ဒီလိုမွေပါ့ မ်က္စိေရွ႕ရွိေနတာေတာင္ ဒီမ်က္ဝန္းေလးကိုလြမ္းေနရတာေလကြာ။
"ဟုတ္ပါ့မလားအကိုေလးရယ္ ေ႐ႊကူေၾကာက္တယ္"
"ကိုယ္ရွိတာပဲ ကိုယ္အားလုံးစီစဥ္ေပးမယ္ "
ေ႐ႊကူစဥ္းစားေနမိေသးသည္။ မ်က္မွန္ေလးမတပ္ထားေသာ္လည္း အကိုေလးကေ႐ႊကူႏွင့္အရမ္းနီးေနသည္မို႔ ေသခ်ာကိုျမင္ရပါသည္။ ေခ်ာေမာသည့္မ်က္ႏွာေလးကိုခဏေလာက္ၾကည့္ကာ အၾကည့္လႊဲ၍ ေ႐ႊကူေမးခြန္းေတြေမးဖို႔ျပင္လိုက္ေတာ့သည္။
"ေ႐ႊကူ႕ကိုအမ်ားႀကီးခ်စ္ေပးမွာလားဟင္"
"ခ်စ္ေပးမွာေပါ့ကြ "
"ေ႐ႊကူ႕အမွားလုပ္ရင္ေရာ ဆူၿပီးရိုက္မွာလားဟင္"
"ဆူလဲမဆူရက္ဘူး ရိုက္ဖို႔ဆိုေဝး.."
မေဝးေတာ့သည္ခ်စ္တယ္ဆိုသည့္အေျဖေလးကိုျမင္ေယာင္ေနရၿပီမို႔ ကြန့္ျမဴးႀကိဳ၍ေပ်ာ္ေနရေတာ့သည္။ ရင္ေတြခုန္လိုက္တာကြာ။
"အကိုေလးက ေ႐ႊကူ႕တစ္ေယာက္ထဲအတြက္ဆိုတာေသခ်ာလားဟင္"
"ေကာင္မေလးမယုံရင္ကိုယ္တို႔အခု႐ုံးတတ္ လက္ထပ္လက္မွတ္ထိုးထာၾကမလား"
"အင္း ..ေ႐ႊကူယုံပါၿပီ "
"အဲ့ေတာ့"
"ေခါင္းပဲၿငိမ့္ျပလို႔မရဘူးေလကြာ.."
"အင္း"
"အဲ့ေနာက္က.."
"ဟုတ္... ခ်စ္တယ္"
ေ႐ႊကူကမေျဖရဲသည့္ၾကားက အားယူၿပီးေျဖလိုက္ပါသည္ဆိုမွ အကိုေလးဘက္ကဘာအသံမွထြက္မလာေတာ့ေ႐ႊကူအကိုေလးကိုေမာ့ၾကည့္လိုက္ေတာ့သည္။
မဝဲ့မရဲပုံစံေလးႏွင့္ မ်က္ႏွာေလးငယ္ကာၾကည့္လာသည့္ေကာင္မေလးကို ကြန့္ျမဴးသေဘာေတြက်ရလြန္းလို႔ဘာမွမေျပာနိုင္ေတာ့တဲ့အထိ ရင္ေတြခုန္ေနရေတာ့သည္။
"အကိုေလး "
ေ႐ႊကူ႕ကိုေျပာစရာေလးမ်ားမရွိဘူးလားဆိုသည့္ပုံစံႏွင့္ ေခၚလိုက္ေတာ့ျပန္ရလိုက္သည္က...
"အြန့္ .."
ေ႐ႊကူ႕ၾကက္သီးေလးမ်ားထလာရသလို ႐ုန္းဖို႔လဲေမ့ေလ်ာ့ေနမိကာမ်က္လုံးေလးျပဴးေနမိေတာ့သည္။ အကိုေလးဘက္ကဖိကပ္နမ္းေနရင္းမွ ႏႈတ္ခမ္းေလးကိုစုပ္ယူငုံခဲလိုက္သည့္အခါေ႐ႊကူ အကိုေလးအင္းက်ီေလးကိုက်စ္က်စ္ပါေအာင္ဆုတ္ကိုင္ထားမိေတာ့သည္။ ထို႔ေနာက္ေ႐ႊကူ႕မ်က္လုံးေလးမ်ားကို လက္တစ္ဖက္ႏွင့္လာအုပ္ကာမွိတ္ေစလိုက္သည့္အကိုေလးေၾကာင့္ ေ႐ႊကူ႕အသိစိတ္ေတြဟာ အနမ္းခံေနရသည့္ႏႈတ္ခမ္းေလးတစ္စုံတြင္ စုေဝးသြားရေတာ့သည္။ အတိုင္းမသိရင္ခုန္ႏႈန္းေတြႏွင့္အတူ ေ႐ႊကူရွက္ေနမိသလို တစ္ဖက္တြင္လဲေပ်ာ္ေနမိျပန္ေတာ့သည္။
ကြန့္ျမဴးေျဖးေျဖးးေလးျဖင့္ ႏႈတ္ခမ္းေလးမ်ားကိုစုပ္ယူစားသုံးလိုက္ေတာ့ အသိစိတ္ေတာင္လြတ္ခ်င္သည္အထိျဖစ္သြားရေတာ့သည္။ ခ်စ္ရသူေလးက ခ်စ္ရပါသည္ဆိုသည့္စကားေလးႏွင့္အတူ ဖြင့္ဟလာသည့္ႏႈတ္ခမ္းေလးတစ္စုံဟာ ယခုေတာ့ကြန့္ျမဴးအပိုင္သိမ္း၍ရသြားၿပီျဖစ္ေတာ့သည္။ ႐ုန္းကန္ျခင္းမျပဳ အင္းက်ီစကိုသာအတင္းဆြဲထားကာ ကြန့္ျမဴးရဲ႕အနမ္းတို႔ကိုခံယူေနသည့္ေကာင္မေလးကိုခ်စ္ရပါသည္။
ဘယ္ေလာက္ထိ ခ်စ္သလဲဆို အသက္ထက္ဆုံးထိေပါ့ဗ်ာ။
Words 3321
1.10.2023 6:05pm
ဆက္လက္ႀကိဳးစားသြားပါမည္။