အပိုင်း (၈၀) မိသားစုစကားဝိုင်း
ပိုင်မိသားစုအံသြနေကျချိန်မှာပင် ပိုင်လီက....
"အဖေတို့လည်း လယ်ကွက်တစ်ထောင်နဲ့ မြေကွက်တစ်ထောင်လောက် ဝယ်ရင်ရောဘယ်လိုလဲ အကုန်လုံးမှရွှေချောင်းငါးဆယ်ပဲကျမှာလေ"
ပိုင်မိသားစုက ဒါကိုကြားတော့ လှုပ်လှုပ်ရှားရှားဖြစ်သလိုပင်။ သူတို့က မြေကွက်တွေဝယ်ဖို့ စိတ်ကူးရှိပေမယ့် ပိုင်လီပြောသလောက် ထောင်ချီပြီးဝယ်မယ်ဆိုပြီး ခန့်မှန်းထားတာတော့မဟုတ်လို့ ပမာဏကိုကြားပြီး အလွန်ထိတ်လန့်သွားရတော့သည်။
ပိုင်အဖေက...
"အဲ အဲလောက်ကျ များမနေဘူးလား အဖေတို့မိသားစု မလုပ်နိုင်လောက်ဘူးလေ"
ပိုင်အမေကလည်း စိတ်လှုပ်ရှားမှုကြောင့်သူမရင်ဘက်ကိုဖိထားလိုက်ရပြီး....
"ဟုတ်တယ် အဲလောက်က အရမ်းကိုများလွန်းတယ် လူငှားခေါ်ရရင်လည်း အများကြီးခေါ်ရမှာလေ အမလေး မဖြစ်ပါဘူးကွယ် ငါတို့တွေ အိမ်မှာရှိတဲ့လယ်ကွက်တွေရောပေါင်း တစ်ရာလောက်ဖြစ်အောင်ပဲ ထပ်ဝယ်လိုက်ကျမယ် အဲတာဆိုရင်ကို တော်တော်များနေပြီ"
ပိုင်အမေရဲ့အကြံကို ပိုင်အဖေကလည်း သဘောတူတဲ့ပုံပါပဲ။ သူတို့အတွက် လယ်ကွက်တစ်ရာဆိုတာကလုံလောက်နေပြီး အဲဒီအတွက်တောင် လူငှားတွေငှားကျရဦးမှာဆိုတော့ ဒီလောက်ကပဲ သင့်တော်တယ်လို့ တွေးနေတာဖြစ်၏။
ဒါကိုမြင်တော့ ပိုင်လီက ပိုင်ကျန်းကိုကြည့်လိုက်ပြီး....
"အကြီးဆုံးအကိုကရော ဘယ်လိုမြင်လဲ"
ပိုင်ကျန်းကလည်း ဒါကို သေချာစဥ်စားကြည့်နေတာပင်။
"အမ်း အကိုလည်း လယ်ကွက်တစ်ရာလောက်ကအဆင်ပြေမယ်ထင်တယ် ဒါပေမယ် အသီးရွက်စိုက်တဲ့မြေကွက်ကတော့မသေချာဘူး အိမ်အတွက်အများကြီးမှမလိုတာ "
ဟင်းသီးဟင်းရွက်များသည် အိမ်စားဖို့သာစိုက်ပျိုးကျတာဖြစ်ပြီး ပိုင်မိသား၏မြေကွက်များက သူတို့အတွက်လုံလောက်နေပြီဖြစ်သည်။ ဒါကြောင့် သူတို့တွေ မြေကွက်ကိုတော့ ထပ်မဝယ်ဖြစ်လောက်တော့ပါဘူး။
ဒါကိုကြားတော့ ပိုင်လီကလည်း...
"မြေကွက်တွေလည်း ထပ်မဝယ်ဘူးဆိုရင်လယ်ကွက်ကိုပိုဝယ်လိုက်တာက ကောင်းမယ်ထင်တယ် တစ်ရာကနည်းလွန်းသေးသလိုပဲ ဒီလိုလုပ်လေ အမေတို့ကအကုန်လုံးငါးရာဖြစ်အောင်ဝယ်လိုက် ကျွန်တော်လည်းငါးရာဝယ်လိုက်မယ် "
ပိုင်မိသားစုသည် လယ်ကွက်ရာဂဏန်းချီဝယ်ယူမှုအား စျေးပေါသည့် အသီးရွက်များဝယ်နေသလို ပေါ့ပေါ့ပါးပါးပြောနေသည့် ပိုင်လီကို မကြည့်ဘဲမနေနိုင်ခဲ့ကျပေ။ ရွာထဲကတခြားလူတွေသာ သူတို့ရဲ့စကားဝိုင်းကိုကြားရင် မနာလိုဖြစ်ပြီးရူးသွားကျမှာကိုတောင် ကြောက်ရပါတယ်။
ပိုင်မိသားစုက ပိုင်လီပြောလွန်းမကပြော၍သာ လယ်ကွက်ငါးရာနီးပါး ဝယ်ယူမယ့်ကိစ္စကို အင်တင်တင်နှင့် သဘောတူခဲ့ရသော်လည်း သူတို့ကဒီလောက်အများကြီးအား မနိုင်မှာနှင့် ရောင်းမထွက်နိုင်မှာကို စိုးရိမ်နေခဲ့ကျပါသေးသည်။
လယ်ကွက်နှင့် မြေကွက်ဝယ်ဖို့ ဆွေးနွေးပြီးနောက်တွင် ပိုင်လီက ပိုင်မိသားစုအား လှည်းနှင့်ကျွဲအသစ်ဝယ်ဖို့ တိုက်တွန်းခဲ့ကာ...
"ကျွန်တော်တို့က လယ်ကွက်နဲ့မြေကွက်တွေ အများကြီးဖြစ်လာတော့မှာဆိုတော့ ကျွဲတွေအများကြီးလိုလာမှာလေ ဒီလောက်များတဲ့ လယ်လုပ်ငန်းတွေကို တစ်ကောင်နှစ်ကောင်နဲ့ အလှည့်ကျလုပ်နေလို့မှ မရတာ ဒါကြောင့် လှည်းအနည်းငယ်နဲ့ ကျွဲတွေထပ်ဝယ်ဖို့လိုလိမ့်မယ်”
ဒါကိုကြားတော့ ပိုင်အဖေက အစောပိုင်းမှာ ပိုင်လီပြောခဲ့သည့် ကျန်းအိမ်ကို လှည်းရောင်းလိုက်ရင်ရောဆိုသည့် စကားကို ပြန်အမှတ်ရသွားခဲ့လေသည်။
"မင်း လောင်ကျန်းကို လှည်းရောင်းတာဒါကြောင့်လား"
ပိုင်လီက ခေါင်းငြိမ့်လိုက်ပြီး...
"အမှန်ပဲ ဒီရက်ပိုင်းမှာ ဦးလေးကျန်းတို့မိသားစုက အများကြီးကူညီပေးခဲ့တာလေ ဒါပေမယ့် သူတို့က ငွေကူညီရင်လက်ခံမှာမဟုတ်ဘူး အဲတာကြောင့် ကျွန်တော်တို့က လှည်းအသစ်တွေဝယ်မှာကြောင့် လှည်းအဟောင်းကို စျေးချိုချိုပြန်ရောင်းပေးလိုက်ရင် နှစ်ဖက်အဆင်ပြေမယ့်နည်းပဲမဟုတ်လား"
မူလတွင် ပိုင်အိမ်ကလှည်းပိုင်ပြီး၊ ကျန်းအိမ်က ကျွဲပိုင်ကာ အိမ်နှစ်အိမ် ပူးပေါင်းပြီး သုံးနေကျတာသာဖြစ်သည်။ ပိုင်အိမ်ရဲ့လှည်းက အသစ်မဟုတ်ပေမယ့် ခိုင်ခံ့နေတုန်းပါပဲ။ ပိုင်လီပေးတဲ့ အကြံတိုင်းသာဆို ကျန်းအိမ်ကလည်း ငြင်းမှာမဟုတ်တာ သေချာပါတယ်။
ဒါဆို ကျန်းအိမ်က ကိုယ်ပိုင်လှည်းနဲ့ကျွဲ ရှိသွားလိမ့်မယ်။
မဟုတ်ရင် ရှေ့လျောက်မှာ ပိုင်မိသားစုက လယ်ကွက်အများကြီးနဲ့ အလုပ်ရှုပ်နေမှာဖြစ်လို့ အကြီးကဲကို လှည်းမငှားနိုင်တော့ပါက အကြီးကဲမိသားစုနဲ့ ရွာသားတွေ အခက်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ရွာအကြီးကဲမှာ လှည်းနဲ့ကျွဲ အပိုင်ရှိသွားတာက နည်းလမ်းကောင်းပါပဲ။
ဒါကြောင့် ပိုင်မိသားစုက ပိုင်လီရဲ့အကြံကို ငြင်းစရာမရှိတော့ဘဲ နောက်ထပ် သူတို့က စိုက်ပျိုးရေးပတ်သက်တဲ့ အကြောင်းရာအများကြီးကိုလည်းဆွေးနွေးခဲ့ပါသေးတယ်။
အဓိကကတော့ ပိုင်လီတောထဲကယူလာတဲ့ဟင်းသီးဟင်းရွက်တွေက အရသာရှိပြီး သူတို့က ဒါတွေထဲက တချို့ကို စိုက်ပျိုးနိုင်မလားဆိုတာကိုလည်း တိုင်ပင်ခဲ့ကျပြီး ပိုင်လီကတော့ သူတို့မှာမြေကွက်တွေ အများကြီးရှိမှာကြောင့် အသစ်ဆန်းတွေကို စိုက်ပျိုးကြည့်သင့်တယ်ဟု အကြံပြုခဲ့သေးသည်။
ဆိပ်ကမ်းမြို့မှာ တစ်ခြားတိုင်းပြည်တွေက ဝင်တဲ့ကုန်တွေရှိပြီး သူတို့ဆီမှာမရှိသေးတဲ့ သီးနှံပင်ရဲ့မျိုးစိတ်တွေလည်း ရှိနိုင်ပါတယ်။ သိတဲ့အတိုင်း လူတွေက ဘာမှန်းမသိရင် မစိုက်ချင်တာကြောင့်သာ ဒီမှာ အသီးရွက်တွေအများကြီးမရှိတာ ဖြစ်နိုင်ပြီး ဒါကြောင့် ပိုင်လီက ဆိပ်ကမ်းမြို့ကိုရောက်ရင် မျိုးစေ့တွေအကြောင်း စုံစမ်းဖို့ တိတ်တိတ်လေး တွေးနေခဲ့ပါတော့တယ်။
နောက်တော့ စုရှီက ညစာစားဖို့အဆင်သင့်ဖြစ်ပြီဆိုပြီး လာပြောချိန်မှ သူတို့တွေ စကားစဖြတ်လိုက်ကျပြီး အချိန်ကိုကြည့်တဲ့အခါ မှောင်ရိပ်ပင် သမ်းနေပြီးဖြစ်ကြောင်း တွေ့လိုက်ရကျသည်။
သူတို့တွေ စကားပြောတာ နည်းနည်းတော့ ကြာသွားတဲ့ပုံပဲ။
ဒီနေ့စုရှီက အလိုက်တသိနဲ့ ညစာချက်ပြုတ်ခဲ့ပြီး သူ့ကိုကြည့်ရတာ အလွန်အလိုက်သိနေပုံလည်းရကာ ပိုင်လီကိုတောင် ပိုင်အိမ်မှာ ညစာစားသွားဖို့ ဇွတ်ခေါ်နေပေမယ့် ပိုင်လီကတော့ ရှောင်ဟန်ကလည်း အိမ်မှာချက်ထားလိမ့်မည်ဟုပြောကာ ပိုင်မိသားစုကိုနှုတ်ဆက်၍ သူ့အိမ်လေးဆီသို့ လမ်းလျောက်ပြန်လာခဲ့တော့၏။
သူဘာလို့ လမ်းလျောက်ပြန်လာခဲ့တာလဲဆိုတော့ ရှောင်ဟန်တို့ပြန်တုန်းက သူက ရှောင်ဟန်အား လှည်းကိုယူသွားခိုင်းလိုက်လို့ပါပဲ။
ပိုင်အိမ်နဲ့ ပိုင်လီရဲ့အိမ် သိပ်မနီးပေမယ့် တစ်ရွာထဲဖြစ်လို့ ဝေးလှတယ်လည်းမဟုတ်ပါဘူး။ ထပ်ပြီး ပိုင်လီလို ခြေလှမ်းသွက်တဲ့လူအဖို့တော့ ခဏလေးနဲ့ပဲ သူ့အိမ်ရောက်နိုင်ပါတယ်။
ပိုင်လီ အိမ်ပြန်ရောက်တော့ ခြံဝမှာပင် သူ့တို့ခြံထဲကထွက်လာတဲ့ ရုံရှီနဲ့ဆုံခဲ့ပြီး ရုံရှီက ကျိုးရှီရဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှောင်ဟန်ကိုလာမေးမြန်ပုံရသည်။
လူတွေမှာ သိချင်စိတ်ရှိတာက သဘာဝပါပဲ။ ပိုင်လီက ဒီအတွက်ငြိုငြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူက ဖော်ရွှေစွာပဲ ရုံရှီကိုနှုတ်ဆက်လိုက်ကာ....
"ဒေါ်လေးရုံ ပြန်တော့မလို့လားဗျ"
ရုံရှီသည် ပိုင်လီက အခုနောက်ပိုင်း တော်တော်လေးပြောင်းလဲလာတာကြောင့် ဤလူငယ်အပေါ် အမြင်ကောင်းများရှိနေခဲ့ပြီးဖြစ်သည်။ ဒါကြောင့် သူမကလည်း ပြုံးရွှင်စွာနဲ့ပြန်ပြောလိုက်ပါတယ်။
"ဟုတ်တယ်ကွဲ့ အခုမှပြန်မှရတော့မယ် မဟုတ်ရင် ငါ့ကို နေကုန်တဲ့ထိ အိမ်အပြင်လည်နေတယ်ဆိုပြီး မင်းတို့ဦးလေးကအော်လိမ့်တော့မယ်"
အဲဒီနောက် သူမက တစ်ဖက်ခြံထဲဝင်သွားခဲ့ပြီး ပိုင်လီကလည်း သူ့ခြံထဲသို့ဝင်ခဲ့တော့၏။ သူက တံခါးကိုဖြတ်အပြီးမှာ မိုးချုပ်နေပြီဖြစ်လို့ သူ့ရဲ့အိမ်တံခါးကို သေချာပြန်ပိတ်ခဲ့ပြီး တဲအိမ်လေးထဲဝင်ခဲ့ချိန်မှာတော့ ရှောင်ဟန်က ရေချိုးပြီးခါစ အသေးလေးတွေကို အဝတ်စားဝတ်ပေးနေသည့် မြင်ကွင်းကိုတွေ့ခဲ့ရသည်။
အသေးလေးတွေက နှင်းလိုဖြူတဲ့ ညအိပ်ဝတ်စုံလေးတွေကိုဝတ်ထားပြီး အဲဒါက သူတို့ရဲ့သေးသေးလုံးလုံးညကိုယ်လုံးများကြောင့် အလွန်ချစ်စရာကောင်းနေမှုကြီးကိုဖြစ်ပေါ်စေခဲ့၏။
ရှောင်ဟန်က ပိုင်လီဝင်လာချိန်တွင် သတိလက်လွှတ်ဖြင့် ပြန်လာပြီလားဟု နှုတ်ဆက်မိတော့မလိုဖြစ်သွားပြီး သူ့ကိုယ်သူ အချိန်မှီ ပြန်ထိန်းလိုက်၍သာ တော်တော့သည်။ သူက ဘယ်ချိန်ထဲက ပိုင်လီကိုမကြောက်မရွံ့ စနှုတ်ဆက်ချင်မိသွားတာပါလိမ့်။
အသေးလေးတွေကတော့ ရှောင်ဟန်နှင့်မတူဘဲ ပိုင်လီမြင်လိုက်တာနှင့် "အဖေ,."ဟု အသံသေးလေးများဖြင့် တန်းခေါ်လာကျပြီး ခုန်ပေါက်လာကျသဖြင့် ရှောင်ဝူ၏ အင်္ကျီကြိုးကိုချည်ပေးနေသော ရှောင်ဟန်၏ လုပ်ငန်းစဥ်က ပျက်စီးသွားခဲ့တော့သည်။
အဲဒီနောက်မှာ ရှောင်ဝူက အနွေးကုတင်ပေါ်က ဆင်းသွားပြီး ပိုင်လီထံကိုပြေးသွားသဖြင့် သူ၏အင်္ကျီခါးစည်းကြိုးလေးက တန်းလန်းတန်းလန်းလေး ဖြစ်နေတော့၏။
ပိုင်လီက သူဆီပြေးလာတဲ့ ပေါက်ဆီလုံးလေးကို စီးပွေ့လိုက်ပြီး နှစ်ပတ်လောက်ပတ်ပေးတော့ ထိုကောင်လေးက တခစ်ခစ်ရယ်မောလာလေသည်။
ဒါပေမယ့် ပိုင်လီက ဒီအမွေးပွရုပ်လေးလို နုနယ်တဲ့လူသားအသေးလေးကို အအေးမမိစေချင်တာကြောင့် အနွေးကုတင်ပေါ်ပြန်သွားတင်ပေးလိုက်ကာ အင်္ကျီကြိုးလေးကိုလည်း ချည်ပေးလိုက်၏။ သူ့ဘေးမှာတော့ ရှောင်ဟန်က ရှောင်ဖူရဲ့အင်္ကျီကြိုးလေးကိုချည်ပေးနေတာပင်။
ချည်လို့ပြီးတာနဲ့ ရှောင်ဖူကလည်း ပိုင်လီထံပြေးဝင်လာတာကြောင့် ပိုင်လီက သူ့သားလေးတွေက သူတို့ကိုယ်လေးတွေနဲ့ ပြေးတိုက်ရတဲ့ အားကစားမျိုးကိုများ ဖန်တီးနေတာလားလို့ သံသမဝင်ပဲမနေနိုင်ဖြစ်ခဲ့ရသည်။
နောက်တော့ ပိုင်လီက မျက်လုံးထောင့်ကနေ ရှောင်ဟန်ရဲ့ဆံပင်စပ်နားတွေမှာ ရေစက်လေးတွေရှိနေတာကိုရှာတွေ့ခဲ့ပြီး သူက အသေးလေးတွေနဲ့ ရေအတူချိုးခဲ့ပုံရကာ ထိုကောင်လေးတွေကို အရင်ဂရုစိုက်နေရလို့ ရေမသုတ်နိုင်ခဲ့ပုံပေါ်သည်။ အချိန်က ညဘက်ဆို အေးတဲ့ဘက်ကိုရောက်လာပြီဖြစ်လို့ ပိုင်လီက သူတို့တွေ ရေနွေးနဲ့ချိုးခဲ့တာဆိုရင်တောင် ဂရုစိုက်နေတုန်းပါပဲ။ ဒါကြောင့် သူက ရှောင်ဟန်ကိုပြောခဲ့သည်။
"မင်း ရေသုတ်လိုက်ဦး ညဘက်တွေမှာအေးလာပြီ အေးမမိစေနဲ့"
ရှောင်ဟန်ကတော့ ပိုင်လီစကားကြောင့် အံသြသွားပြီး သူကရေသုတ်ခဲ့ပေမယ့် အလျှင်မြန်လုပ်ခဲ့တာဖြစ်လို့ တချို့နေရာတွေမှာသာ ကျန်နေခဲ့တာဖြစ်နိုင်သည်။ ဒါပေမယ့် ပိုင်လီက ဒါကိုမြင်သွားအောင် ဘယ်လိုကြည့်ခဲ့တာများလဲ။ ဒီအတွေးကြောင့် ရှောင်ဟန်ရဲ့မျက်နှာက အနီရောင်ပြောင်းသွားပြီး သူအဝေးကိုရှောင်သွားကာ တိတ်တိတ်လေးရေသုတ်နေတော့၏။
ပိုင်လီကတော့ ရှောင်ဟန်က ဘာလို့ရေသုတ်တာတောင် အဝေးကိုသွားရလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒါက ရေသုတ်တာလေးပဲ မဟုတ်ဘူးလား။ အဝတ်စားလဲတာလည်း မဟုတ်ဘဲနဲ့။
သို့သော် ပိုင်လီက အများကြီးထပ်မတွေးခဲ့ပေ။ သူက အသေးလေးတွေကို အနွေးကုတင်ပေါ်ကမဆင်းဖို့မှာခဲ့ကာ ရှောင်ဟန်အားလည်းလှမ်းပြောခဲ့သည်။
"ကိုယ်ရေချိုးလိုက်ဦးမယ် မင်းနဲ့ကလေးတွေ စားနှင့်လိုက်နော်"
...................................................................
(AN/ အရင်ပိုင်းထဲကပြောမလို့ကိုမေ့သွားတာရယ်။
လယ်သူဌေးဆိုတာက တကယ်တော့ လယ်ပိုင်ရှင်၊မြေပိုင်ရှင်လို့ သုံးရင်ပိုဆီလျော်မှာပါ။ ဒါပေမယ့်ကိုယ်က လယ်သူဌေးကို ပိုသဘောကျတာကြောင့် လယ်သူဌေးလို့သုံးခဲ့တာပါ။ တကယ်တော့ မြေပိုင်ရှင်ပါ။ မြန်မာလိုဆို မြေရှင်၊ကြေးရှင်ကြီးတွေပေါ့ရှင်။
ရက်အနည်းငယ်လောက် နေမကောင်းဖြစ်သွားခဲ့တဲ့အတွက် စာတွေမပြန်နိုင်သေးတာပါ။ တကယ်အာနာပါတယ်။)
###
အပိုင္း (၈၀) မိသားစုစကားဝိုင္း
ပိုင္မိသားစုအံၾသေနက်ခ်ိန္မွာပင္ ပိုင္လီက....
"အေဖတို႔လည္း လယ္ကြက္တစ္ေထာင္နဲ႕ ေျမကြက္တစ္ေထာင္ေလာက္ ဝယ္ရင္ေရာဘယ္လိုလဲ အကုန္လုံးမွေ႐ႊေခ်ာင္းငါးဆယ္ပဲက်မွာေလ"
ပိုင္မိသားစုက ဒါကိုၾကားေတာ့ လႈပ္လႈပ္ရွားရွားျဖစ္သလိုပင္။ သူတို႔က ေျမကြက္ေတြဝယ္ဖို႔ စိတ္ကူးရွိေပမယ့္ ပိုင္လီေျပာသေလာက္ ေထာင္ခ်ီၿပီးဝယ္မယ္ဆိုၿပီး ခန့္မွန္းထားတာေတာ့မဟုတ္လို႔ ပမာဏကိုၾကားၿပီး အလြန္ထိတ္လန့္သြားရေတာ့သည္။
ပိုင္အေဖက...
"အဲ အဲေလာက္က် မ်ားမေနဘူးလား အေဖတို႔မိသားစု မလုပ္နိုင္ေလာက္ဘူးေလ"
ပိုင္အေမကလည္း စိတ္လႈပ္ရွားမႈေၾကာင့္သူမရင္ဘက္ကိုဖိထားလိုက္ရၿပီး....
"ဟုတ္တယ္ အဲေလာက္က အရမ္းကိုမ်ားလြန္းတယ္ လူငွားေခၚရရင္လည္း အမ်ားႀကီးေခၚရမွာေလ အမေလး မျဖစ္ပါဘူးကြယ္ ငါတို႔ေတြ အိမ္မွာရွိတဲ့လယ္ကြက္ေတြေရာေပါင္း တစ္ရာေလာက္ျဖစ္ေအာင္ပဲ ထပ္ဝယ္လိုက္က်မယ္ အဲတာဆိုရင္ကို ေတာ္ေတာ္မ်ားေနၿပီ"
ပိုင္အေမရဲ႕အႀကံကို ပိုင္အေဖကလည္း သေဘာတူတဲ့ပုံပါပဲ။ သူတို႔အတြက္ လယ္ကြက္တစ္ရာဆိုတာကလုံေလာက္ေနၿပီး အဲဒီအတြက္ေတာင္ လူငွားေတြငွားက်ရဦးမွာဆိုေတာ့ ဒီေလာက္ကပဲ သင့္ေတာ္တယ္လို႔ ေတြးေနတာျဖစ္၏။
ဒါကိုျမင္ေတာ့ ပိုင္လီက ပိုင္က်န္းကိုၾကည့္လိုက္ၿပီး....
"အႀကီးဆုံးအကိုကေရာ ဘယ္လိုျမင္လဲ"
ပိုင္က်န္းကလည္း ဒါကို ေသခ်ာစဥ္စားၾကည့္ေနတာပင္။
"အမ္း အကိုလည္း လယ္ကြက္တစ္ရာေလာက္ကအဆင္ေျပမယ္ထင္တယ္ ဒါေပမယ္ အသီး႐ြက္စိုက္တဲ့ေျမကြက္ကေတာ့မေသခ်ာဘူး အိမ္အတြက္အမ်ားႀကီးမွမလိုတာ "
ဟင္းသီးဟင္း႐ြက္မ်ားသည္ အိမ္စားဖို႔သာစိုက္ပ်ိဳးက်တာျဖစ္ၿပီး ပိုင္မိသား၏ေျမကြက္မ်ားက သူတို႔အတြက္လုံေလာက္ေနၿပီျဖစ္သည္။ ဒါေၾကာင့္ သူတို႔ေတြ ေျမကြက္ကိုေတာ့ ထပ္မဝယ္ျဖစ္ေလာက္ေတာ့ပါဘူး။
ဒါကိုၾကားေတာ့ ပိုင္လီကလည္း...
"ေျမကြက္ေတြလည္း ထပ္မဝယ္ဘူးဆိုရင္လယ္ကြက္ကိုပိုဝယ္လိုက္တာက ေကာင္းမယ္ထင္တယ္ တစ္ရာကနည္းလြန္းေသးသလိုပဲ ဒီလိုလုပ္ေလ အေမတို႔ကအကုန္လုံးငါးရာျဖစ္ေအာင္ဝယ္လိုက္ ကြၽန္ေတာ္လည္းငါးရာဝယ္လိုက္မယ္ "
ပိုင္မိသားစုသည္ လယ္ကြက္ရာဂဏန္းခ်ီဝယ္ယူမႈအား ေစ်းေပါသည့္ အသီး႐ြက္မ်ားဝယ္ေနသလို ေပါ့ေပါ့ပါးပါးေျပာေနသည့္ ပိုင္လီကို မၾကည့္ဘဲမေနနိုင္ခဲ့က်ေပ။ ႐ြာထဲကတျခားလူေတြသာ သူတို႔ရဲ႕စကားဝိုင္းကိုၾကားရင္ မနာလိုျဖစ္ၿပီး႐ူးသြားက်မွာကိုေတာင္ ေၾကာက္ရပါတယ္။
ပိုင္မိသားစုက ပိုင္လီေျပာလြန္းမကေျပာ၍သာ လယ္ကြက္ငါးရာနီးပါး ဝယ္ယူမယ့္ကိစၥကို အင္တင္တင္ႏွင့္ သေဘာတူခဲ့ရေသာ္လည္း သူတို႔ကဒီေလာက္အမ်ားႀကီးအား မနိုင္မွာႏွင့္ ေရာင္းမထြက္နိုင္မွာကို စိုးရိမ္ေနခဲ့က်ပါေသးသည္။
လယ္ကြက္ႏွင့္ ေျမကြက္ဝယ္ဖို႔ ေဆြးႏြေးၿပီးေနာက္တြင္ ပိုင္လီက ပိုင္မိသားစုအား လွည္းႏွင့္ကြၽဲအသစ္ဝယ္ဖို႔ တိုက္တြန္းခဲ့ကာ...
"ကြၽန္ေတာ္တို႔က လယ္ကြက္နဲ႕ေျမကြက္ေတြ အမ်ားႀကီးျဖစ္လာေတာ့မွာဆိုေတာ့ ကြၽဲေတြအမ်ားႀကီးလိုလာမွာေလ ဒီေလာက္မ်ားတဲ့ လယ္လုပ္ငန္းေတြကို တစ္ေကာင္ႏွစ္ေကာင္နဲ႕ အလွည့္က်လဳပ္ေနလို႔မွ မရတာ ဒါေၾကာင့္ လွည္းအနည္းငယ္နဲ႕ ကြၽဲေတြထပ္ဝယ္ဖို႔လိုလိမ့္မယ္
ဒါကိုၾကားေတာ့ ပိုင္အေဖက အေစာပိုင္းမွာ ပိုင္လီေျပာခဲ့သည့္ က်န္းအိမ္ကို လွည္းေရာင္းလိုက္ရင္ေရာဆိုသည့္ စကားကို ျပန္အမွတ္ရသြားခဲ့ေလသည္။
"မင္း ေလာင္က်န္းကို လွည္းေရာင္းတာဒါေၾကာင့္လား"
ပိုင္လီက ေခါင္းၿငိမ့္လိုက္ၿပီး...
"အမွန္ပဲ ဒီရက္ပိုင္းမွာ ဦးေလးက်န္းတို႔မိသားစုက အမ်ားႀကီးကူညီေပးခဲ့တာေလ ဒါေပမယ့္ သူတို႔က ေငြကူညီရင္လက္ခံမွာမဟုတ္ဘူး အဲတာေၾကာင့္ ကြၽန္ေတာ္တို႔က လွည္းအသစ္ေတြဝယ္မွာေၾကာင့္ လွည္းအေဟာင္းကို ေစ်းခ်ိဳခ်ိဳျပန္ေရာင္းေပးလိုက္ရင္ ႏွစ္ဖက္အဆင္ေျပမယ့္နည္းပဲမဟုတ္လား"
မူလတြင္ ပိုင္အိမ္ကလွည္းပိုင္ၿပီး၊ က်န္းအိမ္က ကြၽဲပိုင္ကာ အိမ္ႏွစ္အိမ္ ပူးေပါင္းၿပီး သုံးေနက်တာသာျဖစ္သည္။ ပိုင္အိမ္ရဲ႕လွည္းက အသစ္မဟုတ္ေပမယ့္ ခိုင္ခံ့ေနတုန္းပါပဲ။ ပိုင္လီေပးတဲ့ အႀကံတိုင္းသာဆို က်န္းအိမ္ကလည္း ျငင္းမွာမဟုတ္တာ ေသခ်ာပါတယ္။
ဒါဆို က်န္းအိမ္က ကိုယ္ပိုင္လွည္းနဲ႕ကြၽဲ ရွိသြားလိမ့္မယ္။
မဟုတ္ရင္ ေရွ႕ေလ်ာက္မွာ ပိုင္မိသားစုက လယ္ကြက္အမ်ားႀကီးနဲ႕ အလုပ္ရႈပ္ေနမွာျဖစ္လို႔ အႀကီးကဲကို လွည္းမငွားနိုင္ေတာ့ပါက အႀကီးကဲမိသားစုနဲ႕ ႐ြာသားေတြ အခက္ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္ ႐ြာအႀကီးကဲမွာ လွည္းနဲ႕ကြၽဲ အပိုင္ရွိသြားတာက နည္းလမ္းေကာင္းပါပဲ။
ဒါေၾကာင့္ ပိုင္မိသားစုက ပိုင္လီရဲ႕အႀကံကို ျငင္းစရာမရွိေတာ့ဘဲ ေနာက္ထပ္ သူတို႔က စိုက္ပ်ိဳးေရးပတ္သက္တဲ့ အေၾကာင္းရာအမ်ားႀကီးကိုလည္းေဆြးႏြေးခဲ့ပါေသးတယ္။
အဓိကကေတာ့ ပိုင္လီေတာထဲကယူလာတဲ့ဟင္းသီးဟင္း႐ြက္ေတြက အရသာရွိၿပီး သူတို႔က ဒါေတြထဲက တခ်ိဳ႕ကို စိုက္ပ်ိဳးနိုင္မလားဆိုတာကိုလည္း တိုင္ပင္ခဲ့က်ၿပီး ပိုင္လီကေတာ့ သူတို႔မွာေျမကြက္ေတြ အမ်ားႀကီးရွိမွာေၾကာင့္ အသစ္ဆန္းေတြကို စိုက္ပ်ိဳးၾကည့္သင့္တယ္ဟု အႀကံျပဳခဲ့ေသးသည္။
ဆိပ္ကမ္းၿမိဳ႕မွာ တစ္ျခားတိုင္းျပည္ေတြက ဝင္တဲ့ကုန္ေတြရွိၿပီး သူတို႔ဆီမွာမရွိေသးတဲ့ သီးႏွံပင္ရဲ႕မ်ိဳးစိတ္ေတြလည္း ရွိနိုင္ပါတယ္။ သိတဲ့အတိုင္း လူေတြက ဘာမွန္းမသိရင္ မစိုက္ခ်င္တာေၾကာင့္သာ ဒီမွာ အသီး႐ြက္ေတြအမ်ားႀကီးမရွိတာ ျဖစ္နိုင္ၿပီး ဒါေၾကာင့္ ပိုင္လီက ဆိပ္ကမ္းၿမိဳ႕ကိုေရာက္ရင္ မ်ိဳးေစ့ေတြအေၾကာင္း စုံစမ္းဖို႔ တိတ္တိတ္ေလး ေတြးေနခဲ့ပါေတာ့တယ္။
ေနာက္ေတာ့ စုရွီက ညစာစားဖို႔အဆင္သင့္ျဖစ္ၿပီဆိုၿပီး လာေျပာခ်ိန္မွ သူတို႔ေတြ စကားစျဖတ္လိုက္က်ၿပီး အခ်ိန္ကိုၾကည့္တဲ့အခါ ေမွာင္ရိပ္ပင္ သမ္းေနၿပီးျဖစ္ေၾကာင္း ေတြ႕လိုက္ရက်သည္။
သူတို႔ေတြ စကားေျပာတာ နည္းနည္းေတာ့ ၾကာသြားတဲ့ပုံပဲ။
ဒီေန႕စုရွီက အလိုက္တသိနဲ႕ ညစာခ်က္ျပဳတ္ခဲ့ၿပီး သူ႕ကိုၾကည့္ရတာ အလြန္အလိုက္သိေနပုံလည္းရကာ ပိုင္လီကိုေတာင္ ပိုင္အိမ္မွာ ညစာစားသြားဖို႔ ဇြတ္ေခၚေနေပမယ့္ ပိုင္လီကေတာ့ ေရွာင္ဟန္ကလည္း အိမ္မွာခ်က္ထားလိမ့္မည္ဟုေျပာကာ ပိုင္မိသားစုကိုႏႈတ္ဆက္၍ သူ႕အိမ္ေလးဆီသို႔ လမ္းေလ်ာက္ျပန္လာခဲ့ေတာ့၏။
သူဘာလို႔ လမ္းေလ်ာက္ျပန္လာခဲ့တာလဲဆိုေတာ့ ေရွာင္ဟန္တို႔ျပန္တုန္းက သူက ေရွာင္ဟန္အား လွည္းကိုယူသြားခိုင္းလိုက္လို႔ပါပဲ။
ပိုင္အိမ္နဲ႕ ပိုင္လီရဲ႕အိမ္ သိပ္မနီးေပမယ့္ တစ္႐ြာထဲျဖစ္လို႔ ေဝးလွတယ္လည္းမဟုတ္ပါဘူး။ ထပ္ၿပီး ပိုင္လီလို ေျခလွမ္းသြက္တဲ့လူအဖို႔ေတာ့ ခဏေလးနဲ႕ပဲ သူ႕အိမ္ေရာက္နိုင္ပါတယ္။
ပိုင္လီ အိမ္ျပန္ေရာက္ေတာ့ ၿခံဝမွာပင္ သူ႕တို႔ၿခံထဲကထြက္လာတဲ့ ႐ုံရွီနဲ႕ဆုံခဲ့ၿပီး ႐ုံရွီက က်ိဳးရွီရဲ႕ကိစၥနဲ႕ပတ္သက္ၿပီး ေရွာင္ဟန္ကိုလာေမးျမန္ပုံရသည္။
လူေတြမွာ သိခ်င္စိတ္ရွိတာက သဘာဝပါပဲ။ ပိုင္လီက ဒီအတြက္ၿငိဳျငင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူက ေဖာ္ေ႐ႊစြာပဲ ႐ုံရွီကိုႏႈတ္ဆက္လိုက္ကာ....
"ေဒၚေလး႐ုံ ျပန္ေတာ့မလို႔လားဗ်"
႐ုံရွီသည္ ပိုင္လီက အခုေနာက္ပိုင္း ေတာ္ေတာ္ေလးေျပာင္းလဲလာတာေၾကာင့္ ဤလူငယ္အေပၚ အျမင္ေကာင္းမ်ားရွိေနခဲ့ၿပီးျဖစ္သည္။ ဒါေၾကာင့္ သူမကလည္း ၿပဳံး႐ႊင္စြာနဲ႕ျပန္ေျပာလိုက္ပါတယ္။
"ဟုတ္တယ္ကြဲ႕ အခုမွျပန္မွရေတာ့မယ္ မဟုတ္ရင္ ငါ့ကို ေနကုန္တဲ့ထိ အိမ္အျပင္လည္ေနတယ္ဆိုၿပီး မင္းတို႔ဦးေလးကေအာ္လိမ့္ေတာ့မယ္"
အဲဒီေနာက္ သူမက တစ္ဖက္ၿခံထဲဝင္သြားခဲ့ၿပီး ပိုင္လီကလည္း သူ႕ၿခံထဲသို႔ဝင္ခဲ့ေတာ့၏။ သူက တံခါးကိုျဖတ္အၿပီးမွာ မိုးခ်ဳပ္ေနၿပီျဖစ္လို႔ သူ႕ရဲ႕အိမ္တံခါးကို ေသခ်ာျပန္ပိတ္ခဲ့ၿပီး တဲအိမ္ေလးထဲဝင္ခဲ့ခ်ိန္မွာေတာ့ ေရွာင္ဟန္က ေရခ်ိဳးၿပီးခါစ အေသးေလးေတြကို အဝတ္စားဝတ္ေပးေနသည့္ ျမင္ကြင္းကိုေတြ႕ခဲ့ရသည္။
အေသးေလးေတြက ႏွင္းလိုျဖဴတဲ့ ညအိပ္ဝတ္စုံေလးေတြကိုဝတ္ထားၿပီး အဲဒါက သူတို႔ရဲ႕ေသးေသးလုံးလုံးညကိုယ္လုံးမ်ားေၾကာင့္ အလြန္ခ်စ္စရာေကာင္းေနမႈႀကီးကိုျဖစ္ေပၚေစခဲ့၏။
ေရွာင္ဟန္က ပိုင္လီဝင္လာခ်ိန္တြင္ သတိလက္လႊတ္ျဖင့္ ျပန္လာၿပီလားဟု ႏႈတ္ဆက္မိေတာ့မလိုျဖစ္သြားၿပီး သူ႕ကိုယ္သူ အခ်ိန္မွီ ျပန္ထိန္းလိုက္၍သာ ေတာ္ေတာ့သည္။ သူက ဘယ္ခ်ိန္ထဲက ပိုင္လီကိုမေၾကာက္မ႐ြံ႕ စႏႈတ္ဆက္ခ်င္မိသြားတာပါလိမ့္။
အေသးေလးေတြကေတာ့ ေရွာင္ဟန္ႏွင့္မတူဘဲ ပိုင္လီျမင္လိုက္တာႏွင့္ "အေဖ,."ဟု အသံေသးေလးမ်ားျဖင့္ တန္းေခၚလာက်ၿပီး ခုန္ေပါက္လာက်သျဖင့္ ေရွာင္ဝူ၏ အကၤ်ီႀကိဳးကိုခ်ည္ေပးေနေသာ ေရွာင္ဟန္၏ လုပ္ငန္းစဥ္က ပ်က္စီးသြားခဲ့ေတာ့သည္။
အဲဒီေနာက္မွာ ေရွာင္ဝူက အႏြေးကုတင္ေပၚက ဆင္းသြားၿပီး ပိုင္လီထံကိုေျပးသြားသျဖင့္ သူ၏အကၤ်ီခါးစည္းႀကိဳးေလးက တန္းလန္းတန္းလန္းေလး ျဖစ္ေနေတာ့၏။
ပိုင္လီက သူဆီေျပးလာတဲ့ ေပါက္ဆီလုံးေလးကို စီးေပြ႕လိုက္ၿပီး ႏွစ္ပတ္ေလာက္ပတ္ေပးေတာ့ ထိုေကာင္ေလးက တခစ္ခစ္ရယ္ေမာလာေလသည္။
ဒါေပမယ့္ ပိုင္လီက ဒီအေမြးပြ႐ုပ္ေလးလို ႏုနယ္တဲ့လူသားအေသးေလးကို အေအးမမိေစခ်င္တာေၾကာင့္ အႏြေးကုတင္ေပၚျပန္သြားတင္ေပးလိုက္ကာ အကၤ်ီႀကိဳးေလးကိုလည္း ခ်ည္ေပးလိုက္၏။ သူ႕ေဘးမွာေတာ့ ေရွာင္ဟန္က ေရွာင္ဖူရဲ႕အကၤ်ီႀကိဳးေလးကိုခ်ည္ေပးေနတာပင္။
ခ်ည္လို႔ၿပီးတာနဲ႕ ေရွာင္ဖူကလည္း ပိုင္လီထံေျပးဝင္လာတာေၾကာင့္ ပိုင္လီက သူ႕သားေလးေတြက သူတို႔ကိုယ္ေလးေတြနဲ႕ ေျပးတိုက္ရတဲ့ အားကစားမ်ိဳးကိုမ်ား ဖန္တီးေနတာလားလို႔ သံသမဝင္ပဲမေနနိုင္ျဖစ္ခဲ့ရသည္။
ေနာက္ေတာ့ ပိုင္လီက မ်က္လုံးေထာင့္ကေန ေရွာင္ဟန္ရဲ႕ဆံပင္စပ္နားေတြမွာ ေရစက္ေလးေတြရွိေနတာကိုရွာေတြ႕ခဲ့ၿပီး သူက အေသးေလးေတြနဲ႕ ေရအတူခ်ိဳးခဲ့ပုံရကာ ထိုေကာင္ေလးေတြကို အရင္ဂ႐ုစိုက္ေနရလို႔ ေရမသုတ္နိုင္ခဲ့ပုံေပၚသည္။ အခ်ိန္က ညဘက္ဆို ေအးတဲ့ဘက္ကိုေရာက္လာၿပီျဖစ္လို႔ ပိုင္လီက သူတို႔ေတြ ေရႏြေးနဲ႕ခ်ိဳးခဲ့တာဆိုရင္ေတာင္ ဂ႐ုစိုက္ေနတုန္းပါပဲ။ ဒါေၾကာင့္ သူက ေရွာင္ဟန္ကိုေျပာခဲ့သည္။
"မင္း ေရသုတ္လိုက္ဦး ညဘက္ေတြမွာေအးလာၿပီ ေအးမမိေစနဲ႕"
ေရွာင္ဟန္ကေတာ့ ပိုင္လီစကားေၾကာင့္ အံၾသသြားၿပီး သူကေရသုတ္ခဲ့ေပမယ့္ အလွ်င္ျမန္လုပ္ခဲ့တာျဖစ္လို႔ တခ်ိဳ႕ေနရာေတြမွာသာ က်န္ေနခဲ့တာျဖစ္နိုင္သည္။ ဒါေပမယ့္ ပိုင္လီက ဒါကိုျမင္သြားေအာင္ ဘယ္လိုၾကည့္ခဲ့တာမ်ားလဲ။ ဒီအေတြးေၾကာင့္ ေရွာင္ဟန္ရဲ႕မ်က္ႏွာက အနီေရာင္ေျပာင္းသြားၿပီး သူအေဝးကိုေရွာင္သြားကာ တိတ္တိတ္ေလးေရသုတ္ေနေတာ့၏။
ပိုင္လီကေတာ့ ေရွာင္ဟန္က ဘာလို႔ေရသုတ္တာေတာင္ အေဝးကိုသြားရလဲဆိုတာကို နားမလည္ခဲ့ဘူး။ ဒါက ေရသုတ္တာေလးပဲ မဟုတ္ဘူးလား။ အဝတ္စားလဲတာလည္း မဟုတ္ဘဲနဲ႕။
သို႔ေသာ္ ပိုင္လီက အမ်ားႀကီးထပ္မေတြးခဲ့ေပ။ သူက အေသးေလးေတြကို အႏြေးကုတင္ေပၚကမဆင္းဖို႔မွာခဲ့ကာ ေရွာင္ဟန္အားလည္းလွမ္းေျပာခဲ့သည္။
"ကိုယ္ေရခ်ိဳးလိုက္ဦးမယ္ မင္းနဲ႕ကေလးေတြ စားႏွင့္လိုက္ေနာ္"
...................................................................
(AN/ အရင္ပိုင္းထဲကေျပာမလို႔ကိုေမ့သြားတာရယ္။
လယ္သူေဌးဆိုတာက တကယ္ေတာ့ လယ္ပိုင္ရွင္၊ေျမပိုင္ရွင္လို႔ သုံးရင္ပိုဆီေလ်ာ္မွာပါ။ ဒါေပမယ့္ကိုယ္က လယ္သူေဌးကို ပိုသေဘာက်တာေၾကာင့္ လယ္သူေဌးလို႔သုံးခဲ့တာပါ။ တကယ္ေတာ့ ေျမပိုင္ရွင္ပါ။ ျမန္မာလိုဆို ေျမရွင္၊ေၾကးရွင္ႀကီးေတြေပါ့ရွင္။
ရက္အနည္းငယ္ေလာက္ ေနမေကာင္းျဖစ္သြားခဲ့တဲ့အတြက္ စာေတြမျပန္နိုင္ေသးတာပါ။ တကယ္အာနာပါတယ္။)