မောင်နှမနှစ်ယောက် အလုပ်အကြောင်းပြောလိုက် မိသားစုအကြောင်း ပြောလိုက်နှင့် အချိန်ဖြုန်းနေကြသည်။ ဖူးဟာ သူအိမ်တော်မှာ မရှိတုန်းက အရာတွေအားလုံးကို ပြန်မေးကာ မင်းနွယ်ကလည်း စိတ်ရှည်လက်ရှည် ဖြေပေးနေလေသည်။
"ဆိုတော့ ဖူးငယ်က အဲ့ဒီမိန်းကလေးစီမှာ နေနေတာပေါ့"
"အင်း ဟုတ်တယ် ကိုကို...."
ထိုသို့ပြောပြီးသည်နှင့် အခန်းလေးဟာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ မင်းနွယ်က တစ်ခုခုကို သတိရသည့်ပုံဖြင့် နာရီကို ကြည့်လိုက်တော့ ကိုကိုမျက်နှာဟာ အံ့သြသွားသည့်ပုံဖြစ်သွားသည်။
"အာ....ကိုကိုသွားရတော့မယ်။ ကလျာ မျှော်နေတော့မှာရယ်။"
ကိုကိုက ထိုသို့ပြောပြီး ဆိုဖာကနေ ထလိုက်ကာ ပြန်ဖို့ပြင်လိုက်သည်။
"ကိုကို....ဖူး နောက်ရက်တွေမှ လာခဲ့မယ်နော်။ မမကို ဒီအကြောင်းတွေ မပြောနဲ့။"
မင်းနွယ် ပြုံးပြီသာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ရုံးခန်းထဲကနေ ထွက်လာလိုက်တော့သည်။ အပြင်၌ မင်းခနဲ့ ရွှန်းလဲ့မာန်က စကားပြောနေကြပြီး မင်းနွယ်ထွက်လာသည်ကိုတောင် မသိကြပေ။
"စစ်မင်းခ!"
"အာ...boss အမေ့!"
ဒေါသသံစွတ်ကာ ခေါ်လိုက်တော့ မင်းခတစ်
ကပြာကယာထလိုက်တာ ခြေချော်ပြီး လဲသွားသည်။ သို့သော်လည်း မင်းနွယ်က ထိန်းပေးလိုက်တာကြောင့် ရင်ခွင်ထဲ အံဝင်ဂွင်ကျ ရောက်သွားသည်။
"Sor...Sorry Boss...."
"အင်း မင်းသာ ဂရုစိုက်..."
မင်းခရဲ့ မျက်နှာဖွေးဖွေးဟာ ရဲနေပြီး အရှက်လွန်နေလေသည်။ ရွှန်းလဲ့မာန်ကတော့ အရှေ့ကလူ၂ယောက်ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတော့ မင်းခ ပိုလို့တောင် ရှက်မိသေးသည်။
"ဟို ဟို....ကားထုတ်သွားနှင့်မယ်...."
မင်းခတစ်ယောက် ထိုနေရာက အသည်းအသန် ပြေးထွက်သွားတော့သည်။
"ဟေး ငါလဲ လိုက်မှာလေ.."
မင်းနွယ်ကပါ ပြေးလိုက်တော့ companyထဲ၌ ပြေးလွှားသံတချို့ ပေါ်ထွက်သွားတော့သည်။
"ဟူး....ငါလေးလဲ ဘယ်ချိန်မှ သူတို့လိုပျော်နိုင်မလဲမသိဘူး"
ရွှန်းတစ်ယောက် ကို့ဘာသာ တစ်ကိုယ်တည်း ညည်းညူလိုက်မိသည်။
..........................
*တီ တီ တီ*
ရုတ်တရက် ဖုန်းဝင်လာသည်ကြောင့် ဖုန်းcontactကိုကြည့်လိုက်တော့ *မပိုင်ဆိုင်နိုင်တော့တဲ့ အမျိုးသမီး🦋* ဆိုတဲ့ nameလေးကိုမြင်တော့ နာနာကျင်ကျင်နဲ့ ပြုံးမိသေးသည်။
"ဟလို မထည်"
"ဖူး ပြန်ခဲ့တော့....အိမ်မှာ သူလဲရောက်နေပြီ။ ပြီးတော့ ဖူးလဲ နေမကောင်းဘဲနဲ့ကို။"📞
တစ်ဖက်က မထည်က သူမအား စိတ်ပူနေသည့်အသံဖြင့် ပြောလာသည်။
"အင်းပါ... လာခဲ့မယ်နော်။"
ထိုမျှသာပြောပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်မိသည်။ သူလဲ ရောက်နေပြီတဲ့....
ဒါဆို မထည်ပျော်နေလောက်ရောပေါ့
ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်လာတာကြောင့် နားထင်ကို ဖိထားလိုက်သည်။ ညဉ့်နက်သန်းခေါင်အထိ မအိပ်ဘဲ နေနေချင်းက သူမ၏ ကျန်းမာရေးကို အခုလို ချို့ယွင်းလာချင်းဖြစ်သည်။
ဘယ်တက်နိုင်ပါ့မလဲ။ ကိုယ်ကိုတိုင်က သူ့အကြောင်းကို တွေးမိရင် မအိပ်နိုင်တော့တဲ့ဟာကို။ အဲ့လိုနဲ့ဘဲ မိုးလင်းပေါက်ထိ မထည်ရဲ့ ပုံတွေကိုကြည့်ရင်း မအိပ်ဘဲ ထိုင်နေမိချင်းပင်။
မထည်က ချက်ချင်း အိမ်ပြန်လာဖို့ ဖုန်းဆက်ထားတာကြောင့် ကိုက်နေတဲ့ ခေါင်းကို လျစ်လျူရှုပြီး ကားသော့ကို ဆွဲယူကာ မထည်ရဲ့ အိမ်ကို သွားလိုက်သည်။
........................
ဝင့်ထည် ဘာမှမရှိသော phome screenကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"Honey....ဘာတွေတွေးနေလို့ သက်ပြင်းတွေချနေတာတုန်း"
အနောက်ကနေ သိုင်းဖက်လာသော လက်တစ်စုံကြောင့် ဝင့်ထည် အနောက်ကိုလှည့်ကြည့်မိတော့ သူ့အား ပြုံးပြီးကြည့်နေသော သူမရဲ့မောင်
မောင်ရဲ့နာမည်က နှင်းဆီဝိုင်။ Alphaတစ်ယောက်ဖြစ်ပြီး အသက်အားဖြင့် သူမထက် နှစ်ငယ်သည်။ မောင်ဟာ သူမထက် အရပ်ပိုရှည်သည့်အပြင် ဆွဲဆောင်မှု အပြည့်ရှိသည်။
မောင်ဟာ ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ကာ ယခုလိုမျိုး ချစ်သူရည်းစားတွေ ဖြစ်သွားသည်။ မောင့်မှာ မိဘတွေမရှိတော့ပေ။ သို့သော် အမွှာညီမငယ်လေးတစ်ယောက်နှင့် အဖွားရှိသေးသည်။ မောင့်ရဲ့ ညီမဟာ မောင်နဲ့တစ်ထေရာတည်းတူသည်ကြောင့် သူကိုယ်တိုင်ပင် လူခဏခဏမှားတတ်သည်။
"ဘာမှမဟုတ်ပါဘူး မောင်ရယ်....Honeyအိမ်မှာနေတဲ့ ကောင်မလေးကို ပြန်လာဖို့ ဖုန်းဆက်တာ။ နေမကောင်းဘူးထင်တယ်။ မနက်ကတည်းက မျက်နှာက ဖြူဖျော့နေတာဘဲ။ အဲ့တာ အလုပ်မသွားနဲ့ဆိုတာ သွားဖြစ်အောင်သွားသေးတာ။ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ် သိလားမောင်ရဲ့"
Honeyရဲ့ စကားအရှည်ကြီးကို ဝိုင် အံ့သြမှင်သက်စွာ နားထောင်နေမိသည်။ သူ့၏ Honeyကို စိတ်ပူအောင် လုပ်နိုင်တဲ့သူကို ဝိုင်တွေ့ချင်သေးသည်။
"ဟားဟား ဟုတ်ပါပီ။ သူပြန်လာရင် မောင်စမ်းသပ်ပေးမယ် ဟုတ်ပီလား။ လောလောဆယ် စိတ်ကိုလျော့ထား ဒီမှာထိုင်။ Honeyက စိတ်ဖိစီးမှု မခံနိုင်ဘူးလေ။ ဒီတော့ ဂရုစိုက်ရမယ်။"
အမှန်တကယ်လည်း ဝင့်ထည်ဟာ စိတ်ဖိစီးမှု မခံနိုင်ပေ။ စိတ်ဖိစီးမှု များလာရင် လူဟာသိသိသာသာကို ပြောင်းလဲတတ်သည်ဟာ ဝင့်ထည်ရဲ့ မွေးရာပါ စရိုက်ပင်။
"အင်းပါ...."
ဝင့်ထည် မောင့်ရဲ့ ရင်ခွင်ထဲကို တိုးဝင်ကာ နေလိုက်မိသည်။
"မောင်"
"ပြောလေ Honey"
"အကယ်၍ အဲ့ကောင်မလေးကို အမြင်မကြည်ဘူးဆိုရင် မောင်ဘာမှမပြောပါနဲ့နော်။ အဲ့ကလေးမလေးက သူ့အိမ်ကနေ ထွက်လာတာရယ်။ အဲ့တာကြောင့် သူ့မှာ လောလောဆယ် မိသားစုဝင်မရှိဘူး။....ပြီးတော့ Honeyလည်း သူ့ကို ညီမလေးလို ချစ်လို့"
ဝိုင် Honeyရဲ့စကားကို ခေါင်းငြိမ့်၍သာ နာခံလိုက်သည်။ အဓိကက သူ့ရဲ့ Honeyပျော်ရွှင်ဖို့ပင်။
ဖူးတစ်ယောက် ထိုစကားတွေကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။ မထည်က သူမရောက်သေးဘူးအထင်နှင့် သူ့အကြောင်းတွေကို ပြောနေချင်းဖြစ်သည်။ ထိုထဲကမှ အနာကျင်ဆုံး စကားက 'သူ့ကို ညီမလေးလို ချစ်လို့'
မထည်ဟာ ဘယ်သောအခါမှ သူ့အပေါ် မရိုးသားတာမရှိခဲ့ပေ။ သူကသာ မထည်ရဲ့ ဖြူစင်တဲ့ စိတ်ကို အရောင်စိုးချင်နေတာဖြစ်ချေသည်။ ကျလုလုစဲစဲမျက်ရည်တွေကို မျက်တောင်တွေဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မကျစေရန် ထိန်းထားလိုက်သည်။ ဘာမှမဖြစ်သည့်ပုံဖြင့် ပြုံးကာ အိမ်ထဲသို့ဝင်လိုက်သည်။
"မထည်"
သူခေါ်တော့ မထည်က လှည့်ကြည့်ကာ သူ့အနားကို ရောက်လာသည်။
"ဖူး မြန်လှချည်လား...ကားကို ဘယ်လိုမောင်းလာတာလဲ ဟမ်။ ကြည့်ဉီး ကိုယ့်ကိုကိုယ် မျက်လုံးတွေက ရဲစုတ်နေတာဘဲ။"
မထည်က သူ့အား ဂရုဏာစိတ်ဖြင့် ဆူပူနေသည်။ သို့သော်လည်း မည်သို့မျှမတွေးချေ။ ပြုံးပြီသာ နားထောင်နေလိုက်သည်။
"Honey"
ဝင့်ထည်တစ်ယောက် သူ့အရှေ့က ကလေးမကို ပြောနေသည်မှာ နောက်က မောင့်အသံကြားမှသာ အသိစိတ်ပြန်ဝင်ကာ ကလေးမကို ကြည့်မိသည်။ ဖူးကတော့ သူမရဲ့ မူပိုင်အပြုံးလေးဖြင့်သာ ပြုံးပြီး သူပြောသမျှတွေကို နားထောင်နေသည်။
"sorry ဖူး...မစိတ်ပူသွားလို့"
"အွန်း ရပါတယ်"
"အော်ဒါနဲ့.... သူက မရဲ့မောင်...နှင်းဆီဝိုင်။ ဖူးထက် ၁နှစ်ဘဲကြီးတယ်။"
"တွေ့ရတာ ဝမ်းသာပါတယ်"
မထည်ရဲ့ ချစ်သူက လက်လှမ်းတာကြောင့် ဖူး အလိုက်သင့်လေး ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
အဟား နည်းနည်းတော့ ရယ်စရာကောင်းသားဘဲ။ ကိုယ်ချစ်ရတဲ့ သူရဲ့ ရည်းစားကို အပြုံးမပျက်နှုတ်ဆက်နေတာဆိုတော့ တခြားသူတွေက ဘယ်လိုတောင် ပြောကြမလဲ။
"မောင်...သူက Honeyပြောပြောနေတဲ့တစ်ယောက်လေ။"
"ဟုတ်ပီ Honey။ ကိုယ်လဲ မင်းအကြောင်းကို Honeyစီကနေ ကြားရပါတယ်။ Honeyပြောထားတာထက် ဒီကညီမက ချစ်ဖို့ကောင်းနေတယ်။"
နှင်းဆီဝိုင် ဆိုတဲ့ မထည်ရဲ့ ရည်စားက သူမကို ရယ်ကျဲကျဲဖြင့် သူမအား ပြောလာသည်။
"ဟုတ်ကဲ့ပါ ဖူးလဲ... အမအကြောင်း မထည်စီကနေ ကြားဖူးပါတယ်။ ခင်ပေးပါဉီး။"
ချာချာလည်နေသော ခေါင်းနှင့်အတူ မိမိ၏ စိတ်တွေကို အားတင်းကာ ပြောနေမိသည်။ သို့သော် အရှေ့ကမြင်ကွင်းတွေဟာ ဝေဝေဝါးဝါးသာ မြင်နေရတော့သည်။
"ဖူး"
မထည်ရဲ့ အသံကြောင့် စိတ်တွေပြန်လည်စုစည်းမိတော့ မထည်က သူရဲ့ နဖူးပေါ်လက်တင်ကာ အဖျားစမ်းနေလေသည်။
"ကိုယ်ပူနေပြီဖူး...အဆင်ပြေရဲ့လား။"
"အင်း...မထည် ဖူးအပေါ်တက်တော့မယ်"
မထည်ရဲ့ ပြန်ဖြေသံကို နားမထောင်ဘဲ အပေါ်ထပ်က မိမိရဲ့အခန်းကိုသာ တက်လာလိုက်သည်။ ရိုင်ထိုးရိုင်ထိုးနှင့် မိမိရဲ့ အခန်းထဲကို ရောက်အောင် ဝင်လာခဲ့သည်။
အခန်းထဲရောက်သည်နှင့် ထိန်းထားသည့် မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်တော့သည်။ နားထဲ၌ မထည်ရဲ့ 'ညီမလေးလို ချစ်လို့' ဆိုတာကသာ ထပ်တလဲလဲ ကြားနေရသည်။
မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်နိုင်တော့တဲ့ အရာကိုမှ သူမဟာ တမ်းတနေမိချင်းပင်။
........................
"ကလျာရေ....ငါလာတယ်"
ပြည့်စုံတစ်ယောက် ကလျာရဲ့နာမည်ကို ခေါ်လိုက်သော်လည်း ပြန်ဖြေသံမကြားရ။
"ကလျာ!"
"နင့်လင်မလို့ အဲ့သလောက် အသံဆူးဆူးနဲ့အော်နေတာလား....ငါ ဆိုဖာပေါ်မှာ"
အသံတိုးတိုးကြောင့် ပြည့်စုံ ဆိုဖာပေါ်လှည့်ကြည့်မိတော့ ပက်လက်နေနေသော ကလျာအား တွေ့လိုက်ရသည်။
"နင့်နယ်...ငါပြောဉီးမယ် နင်အနောင့်ကို ဘာသဘောထားနေတာလဲ။"
ပြည့်စုံရဲ့ အမေးကို ကလျာ ပြန်ဖြေဖို့စိတ်ကူးမရှိသည့်အလား တိတ်ဆိတ်စွာ နေနေလေသည်။
"ကလျာ ဖြေလေ"
"ငါမသိဘူး.... လောလောဆယ် သူ့ကို ငါမမြင်ချင်တာဘဲသိတယ်"
မာမီရဲ့ ထိုစကားက နောင်နောင့်ရဲ့ အားတွေကို သံလိုက်တစ်ခုနဲ့ ဆွဲနှုတ်လိုက်သလို ထိုနေရာမှာ ထိုင်ရက်သား လဲကျသွားသည်။
မာမီက သူ့အား မတွေ့ချင်ဘူးတဲ့လား။ သို့သော် သူဟာ နောက်ဆုတ်ဖို့ အစီအစဉ် မရှိ။ ထို့ကြောင့် မျက်ရည်တွေကိုသုတ်ရင်း ထလိုက်ကာ မာမီထိုင်နေသော နေရာကို သွားလိုက်သည်။
"မာမီ"
ထိုအသံကြောင့် ကလျာရဲ့ ရင်ဘက်ထဲ မောင်းတီးသလို တုန်ခါသွားရပြန်သည်။ ထိုအသံဟာ မည်သူ့အသံမှန်း ကလျာကောင်းကောင်းသိပါသည်။
"မင်း! ဒီကိုဘာလာလုပ်တာလဲ"
မာမီက ချက်ချင်း ထိုင်ရာကထကာ သူ့အား လက်ညှိုးထိုး၍ ပြောသည်။
"နောင် မာမီကိုလွမ်းလို့...အဲ့တာ"
"အခုချက်ချင်း ထွက်သွား!"
မာမီက သူ့အား ဒေါသတကြီးနှင့် ထွက်သွားရန်ပြောသည်။ မာမီသိလား။ သူရဲ့ ရင်ဘက်ထဲက နာနေတာကို မာမီသိရဲ့လားလို့ နောင်နောင် မေးချင်မိသည်။
"ငါမင်း မျက်နှာကိုမမြင်ချင်ဘူး! အခုထွက်သွား!"
နာကျင်ရပါသည်။ အင်မတန်မှ နာကျင်ရသည်။ နောင်နောင့်ရဲ့ နှလုံးသားလေးဟာ အတိုင်းအဆမရှိ နာကျင်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
Companyက ပြန်လာသော မင်းနွယ်က အိမ်ရဲ့အခြေအနေကို နားမလည်နိုင်စွာဖြင့် မေးမိသည်။
"နွယ်ငယ် စိတ်လျော့စမ်း...အဖျားတွေ ပိုတက်လာပြီ"
မင်းနွယ်က မိမိ၏ အမွှာညီမငယ်အား တားရပြန်သည်။
"သူ့ကို ထွက်သွားခိုင်းစမ်းပါ...ငါ ငါသူ့မျက်နှာကို မြင်ဖို့အင်အားမရှိသေးဘူး"
အကိုမင်းနွယ်ရင်ခွင်ထဲ မျက်နှာမဖော်တမ်းနေကာ အသံတုန်တုန်ရင်ရင်နဲ့ ပြောနေသော မာမီအား နောင်နောင် ရင်နာနာနဲ့သာ ကြည့်နေမိသည်။ မာမီက သူ့ကိုမတွေ့ချင်ဘူးတဲ့လား
"ဘာတွေဖြစ်နေတာလဲ မသိပေမယ့်...အနောင် အနေနဲ့ အလျော့ပေးပြီး ထွက်သွားပေးပါ။ အကိုနောက်မှ အေးဆေးပြောမယ်။"
"မ မလိုပါဘူး...နောင် ထွက်သွားပေးပါ့မယ်။"
စီးကျနေသော မျက်ရည်များကို လက်ခုံဖြင့် ဖိသုတ်လိုက်ပြီး အိမ်ထဲကနေ ထွက်လာလိုက်တော့သည်။ အဲ့လောက်တောင် နောင့်ကို မုန်းသွားပြီလား။
..........................
"နွယ်ငယ်....ငါ့ကိုကြည့် ဒီကိုကြည့်"
"မင်းနွယ်.....အင့်....ငါ ငါမခံနိုင်ဘူး....ဟင့်....သူ သူ့ကိုမြင်တိုင်း ဟိုကောင်ကိုပါ တွဲမြင်လာရတယ်ဟာ....အင့် ငါမုန်းတယ်ဟာ မုန်းတယ်"
အသည်းအသန် ငိုနေသော နွယ်ငယ့်အား မင်းနွယ် စိတ်ငြိမ်အောင် မည်သို့လုပ်ရမလဲမသိတော့ချေ။ ရှိုက်ကြီးတငင် ပထမဉီးဆုံး အကြိမ် ငိုချင်းဖြစ်တာကြောင့် အားလုံး အံ့သြလို့မဆုံး။
"နွယ်ငယ်....ကိုကို့ကို ကြည့်"
သူ့ကိုယ်သူ ကိုကိုဟုသုံးကာ စကားပြောတော့ နွယ်ငယ်က သူအား မျက်ရည်အဝိုင်းသားဖြင့် မော့ကြည့်လာသည်။ အဖျားရှိန်ကြောင့် မျက်နှာဖွေးဖွေးဟာ ရဲနေပြီး မျက်သားတွေဟာလည်း ထိုနည်းတူပင်။
"ဒီမှာ နွယ်ငယ်သူ့ကို လောကကြီးထဲက ထွက်သွားစေချင်လားပြော.... ကိုကိုက မင်းတို့အတွက် သမ္မတသတ်ခိုင်းတောင် သတ်ပေးမှာမလို့ အဲ့လိုပုံစံမျိုး လုံးဝမလုပ်နဲ့။ မင်းတို့မျက်ရည်တစ်ဆက်ကျရင် ကိုကို့ဘဝကြီးတစ်ခုလုံး လောင်ကျွမ်းနေသလိုဖြစ်နေတယ်ဆိုတာ မင်းတို့မသိဘူး။ အရင်က ကိုကိုသိခဲ့တဲ့ အံ့ကလျာနွယ်ဆိုတာ ရက်စက်တယ် ကြမ်းတမ်းတယ် အရာရာမှာထူးချွန်တယ် သန်မာတဲ့သူလို့ ကိုကိုသိခဲ့တာ။ ဒါပေမယ့် အခု အံ့ကလျာနွယ်ကတော့ အရင်ကလူနဲ့ လုံးဝတခြားစီဘဲ။
အခုမျက်ရည်တွေနဲ့အတူ အခုပုံစံကိုပါ တစ်ခါတည်း စွန့်လွှတ်ပြစ်လိုက်။ မင်းရဲ့ Companyကို ပြန်ဉီးစီးပါ။ Gundကိုလည်း နွယ်ငယ် စိတ်ကြိုက်အုပ်ချုပ်။ လူဘယ်လောက်သတ်သတ် ကိုကိုမတားဘူး။ ရည်းစား ဘယ်နှယောက် လိုချင်လဲ။ one night standလား ရတယ်။ ကိုကို ငွေနဲ့ရှင်းမယ်။ ငွေရှိရင် ဘာမဆို အကုန်ရတယ်။ အခု အဲ့မျက်ရည်တွေသုတ် ကိုကိုနဲ့ အစကနေပြန်စမယ်။ ဟုတ်ပြီလား။"
"ကိုကို"
"ကဲ မငိုနဲ့တော့... နှပ်တွေနဲ့ ကြောင်ချီးအိုးလေးဖြစ်နေပြီ"
"ဟာ ကိုကိုလည်း။ ဖက်ထားပေး ငါ့ဘေးမှာ ရှိနေပေး"
"အင်း ကိုကိုရှိတယ်။"
ခန္ဓာကိုယ်အရွယ်အစား အတူတူဘဲ ဆိုသော်လည်း သူ၏ နွယ်ငယ်စိတ်တိုင်းကျ ဖြစ်စေဖို့ ပြန်လည် ပွေ့ဖက်ထားလိုက်သည်။ အငိုတိတ်သွားေသာ်လည်း တစ်ချက်တစ်ချက် ရှိုက်သံလေးတွေတော့ ထွက်နေသေးသည်။
မတက်နိုင် နွယ်ငယ်ရဲ့စိတ်ထဲ မည်သို့ဖြစ်သွားမလဲ သူမတွေးနိုင်ပေမယ့် အဓိကက နွယ်ငယ်အရင်ကအတိုင်း ပြန်ဖြစ်ဖို့ အတ္တကြီးစွာ ဆုံးဖြတ်လိုက်သည်။
*တောင်းပန်ပါတယ် အနောင်....
ဘယ်အကိုကမှ ကိုယ့်ရဲ့ မွေးချင်းအငယ်တွေငိုနေတာကို ဒီအတိုင်း ကြည့်မနေနိုင်တာမို့ အခုလို ဆုံးဖြတ်လိုက်တာမလို့ မင်းတို့ကြားမှာ ဘာမှထပ်မဖြစ်ဖို့ အခုလို ဆုံးဖြတ်မိတာ မင်းခွင့်လွှတ်ပေးပါ*
*မင်းလဲ ဒီလိုဆိုမှတော့ ကိုယ့်နှလုံးသားလေးကို သော့ခတ်ပြီး သိမ်းထားရုံပေါ့။ ကျေးဇူးဘဲ ငါ့ကိုပြောင်းလဲစေလို့*
.............................
TBC
A/N: နောက်အပိုင်းတွေကစ ABO world နဲ့ Dark Sideဘက်ကိုဘဲ ဉီးစားပေးတော့မှာမလို့ sweet partတွေ အသုံးနည်းပါတော့မယ်ဗျ
ကလျာက သူ့စိတ်ကို ပြောင်းလဲပြီး အရင်ကထက် ရက်စက်ကြမ်းကြုတ်သူအဖြစ် နေသွားမှာဖြစ်သလို မင်းနွယ်နဲ့ အခေါ်အဝေါ်လေးတွေ ပြောင်းသွားမှာပါ
ဒီတော့ ဆက်လောင်....အဲ ဆက်အားပေးကြပါဉီးဗျ
#Royal