"ကလျာအစား ကိုယ်တောင်းပန်တယ်နော်...."
မပြည့်က ကားမောင်းနေရင်း သူ့အားပြောသည်....
"ရပါတယ်.... "
*ဒါလိုအရာတွေဟာ နောင့်အတွက် မရိုးတော့ပါဘူး*
ကားမှန်ကနေတစ်ဆင့် အပြင်ဘက်ကိုသာ ငေးကြည့်ရင်း လိုက်ပါသွားရသည်....
အမှန်တော့ သူဟာ မာမီနေခိုင်းတဲ့ Condoကို သွားနေချင်းဖြစ်သည်....
နေ့တိုင်းမြင်နေရတဲ့ အပြုံးနုနုလေးတွေကို လွမ်းရတော့မယ် ထင်သည်....
ရုတ်တရက် ခေါင်းထဲ ဝင်လာသည့် အရာကြောင့် မပြည့်ကို မေးလိုက်သည်....
"မပြည့်....မာမီ့လက်က ဘာဖြစ်တာလဲ.... "
သူကမေးတော့ မပြည့်က သက်ပြင်းချကာ ဖြေသည်....
"လက်ထိထားတာ....ကြည့်ရတာ နရံကို ထိုးထားတဲ့ပုံဘဲ....ပွန်းပဲ့ပြီး သွေးတွေတောင် ထွက်တယ်....ကြည့်ရတာ သူ့စိတ်ကို ချုပ်တည်းဖို့ လုပ်လိုက်တာထင်တယ်...."
မပြည့်ရဲ့ အပြောကြောင့် ထပ်မံပြီး နောင်တတွေရရပြန်သည်....
ပါးပြင်ပေါ် စီးဆင်းလာသော မျက်ရည်များကို မပြည့်မမြင်စေရန် တစ်ဖက်ကို လှည့်ထားပြီး အသံတိတ် ငိုနေမိသည်.....
........................
နောင်နောင် အခန်းအတွင်းကို တစ်ချက်လိုက်ကြည့်မိသည်....
အခန်းဟာ ကျယ်ပြီး အိပ်ခန်း၃ခန်းပါသည်....
အခန်းတိုင်းတွင် ရေချိုးခန် အိမ်သာပါသည်....
မီးဖိုချောင်နဲ့ထမင်းစားခန်းဟာလည်း အတော်အသင့်ကျယ်ပြီး သပ်ရပ်သည်....
ဧည့်ခန်းထဲက ဆိုဖာပေါ်ကို မှီချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ခနတာ အနားယူလိုက်မိသည်....
တစ်နေကုန် မနားသေးသည့် မျက်လုံးတွေဟာ ကိုက်လာတာကြောင့်လဲ ပါသည်....
မျက်မှန်ကို ချွတ်ပြီး မျက်ရိုးများကို ဖြေလျော့နေလိုက်သည်.....
အင်း....
ပင်းပန်းတာပေါ့....
ဒါပေမယ့် သည်းခံမှာဘဲ.....
မာမီကို မမုန်းနိုင်တဲ့ဟာကို......
ဒီတော့ မာမီပေးသမျှ နာကျင်မှု၊ နူးညံ့မှု၊ မြတ်နိုးမှုတွေ အကုန် နောင်ယူမှာပါ.....
...........................
"ပြန်လာပြီ..... "
မင်းနွယ်တစ်ယောက် ပျင်းရိပျင်းတွဲနဲ့သာ အိမ်ထဲဝင်လာလိုက်သည်....
အိမ်တော်ဟာ အရင်ကထက် ပိုပြီးတိတ်ဆိတ်နေသည်မှာ သံသယဖြစ်စရာတောင် ကောင်းလှသည်.....
"အာ....သခင်....ပြန်လာပြီလားရှင့်...."
ထမင်းစားခန်းထဲကနေ ရွန်းရွန်းက အပြေးလေးလာကာ မင်းနွယ်ကို ကြိုဆိုရှာသည်.....
"ရွန်းရွန်း.... အိမ်ကလူတွေရော...."
"ဟုတ်....ဖိုးနွယ်နဲ့ ဖိုးဖိုးက အလုပ်အရေးကြီးလို့ နေ့လယ်က ချက်ချင်း ပြန်သွားပြီ....သခင်မကတော့ အခန်းထဲမှာ...."
"ကလျာက... အဲ့အခန်းထဲမှာ ဘာလုပ်နေတာလဲ....."
"ဟို...ရွန်းရွန်း မြင်သလောက်တော့ သခင်မက အရက်တွေယူပြီး အခန်းထဲ ဝင်သွားတာရယ်....."
ဖိုးနွယ်တို့အကြောင်း တစ်စွန်းတစ်စကြားမိပေမယ့် အဲ့လောက်မြန်မယ်မှန်းမသိခဲ့သည်မှာ အမှန်.....
အထူးဆန်းဆုံးကတော့ ကလျာ....
အိမ်မှာဆို အရက်လုံးဝမသောက်သော သူမက အခန်းထဲမှာ သောက်နေတယ်တဲ့လား.....
တစ်ကယ်ကို အထူးအဆန်းတွေကြည့်ပင်....
"အင်းအင်း....နင်လဲ လုပ်စရာရှိတာလုပ်... ငါအပေါ်တက်တော့မယ်...."
"ဟုတ်...."
ထိုမျှသာ ပြောပြီး မင်းနွယ် ကလျာ့အခန်းစီကို သွားလိုက်သည်.....
*ဒေါက် ဒေါက်*
သို့သော် တံခါးဟာ ပွင့်မလာခဲ့.....
လော့လည်းချထားသည်မလို့ ကြီးကြီးတင်စီမှာ သွားကာ သော့တောင်းရပြန်သည်....
"ကြီးကြီးတင်.... "
"ရှင် သခင်..."
"ကလျာ့ရဲ့ အခန်းသော့ပေးပါဉီး...."
"အော်... ဟုတ်ကဲ့ရှင့်....ခဏစောင့်ပါဉီးနော်...."
ထိုသို့ပြောပြီးသည်နှင့် ကြီးကြီးတင်က အလျင်အမြန်ထွက်သွားသည်....
အတော်အတန်ကြာတော့ ကြီးကြီးတင်က သော့ကိုယူလာကာ မင်းနွယ်ကို ပေးလိုက်သည်.....
မင်းနွယ်လည်း သော့ကိုယူပြီး ကလျာ့ရဲ့ အခန်းစီကို သွားလိုက်သည်.....
သော့ခလောက်ထဲ သော့တံထိုးလိုက်သည်နှင့် အခန်းတံခါးဟာ ပွင့်သွားချေသည်.....
အခန်းထဲမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်.....
ကလျာဟာ အရက်တွေက တစ်ရပ်ဆက် သောက်နေပြီး မျက်လုံးများဟာ ရဲတောက်နေသည်....
တစ်နည်းအားဖြင့် တစ်ခုခုကို ချုပ်တည်းထားသရောင်.....
"အံ့ကလျာနွယ်!! အဲ့ပုလင်းတွေကို ချထားစမ်း!"
မင်းနွယ်တစ်ယောက် ကလျာ့ရဲ လက်တွေကိုဖမ်းချုပ်ကာ တားလိုက်သည်.....
သောက်နေသည်မှာ နဂိုထက်ပိုပြင်းသည့် အရက်တွေဖြစ်သည့်အပြင် ကလျာ့၏ စိတ်အခြေအနေမကောင်းသည့် အခြေအနေဖြစ်တာကြောင့် အခုလို တားရခြင်းဖြစ်သည်.......
"ဖယ်စမ်းပါ! ငါ့ဘာသာ ဆက်သောက်ပါရစေ...."
အသံတွေတုန်ရင်လာပြီး မင်းနွယ်ကို တွန်းသန်လာတာကြောင့် မင်းနွယ်ကို ဖမ်းချုပ်ထားလိုက်ရသည်.....
"နင်ဘာဖြစ်နေတာလဲ!...ငါ့ကိုကြည့်! တည့်တည့်ကြည့် ကလျာ"
မျက်လုံးချင်းစုံစေပြီး ကလျာအား မင်းနွယ်က ဖျောင်းဖျရှာသည်.....
"နင်ဘာဖြစ်နေတယ်ဆိုတာ....ငါ့ကိုပြော....နင့်ဘေးမှာ ငါရှိနေတယ်လေ...."
လေသံကို အတတ်နိုင်ဆုံး နူးညံ့ကာ ကလျာရဲ့ စိတ်အခြေအနေ တည်ငြိမ်ရန် ပြောလိုက်သည်.....
"ငါ....ငါပင်ပန်းတယ် မင်းနွယ်..... ငါ့ရင်တွေ တင်းကျပ်နေတယ်ဟာ...."
အသံတုန်တုန်ရင်ရင်နဲ့ဘဲ ကလျာက ပြောလာသည်.....
ကလျာရဲ့ အပြောကြောင့် မင်းနွယ်စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်....
ထို့ကြောင့် ကလျာအား ဖက်လိုက်ပြီး ရင်ခွင်ထဲထည့်ကာ .....
"ငိုချလိုက်....နင်ငိုချလိုက်ပါကွာ....ငါ့က နင့်ဘေးမှာ ရှိနေတာမလို့.....ငိုချလိုက်.....နင်ရင်ထဲက စကားတွေကို ငါ့ပြော....ငါနားထောင်မှာပေါ့...."
ထိုသို့ပြောပြီးသည်နှင့် ကလျာဟာ မင်းနွယ်ရဲ့ ရင်ထဲ တိုးဝင်ကာ အသံတိတ်သွားသည်.....
အစက မင်းနွယ်ကြောင်သွားသော်လည်း အက်ျီစလေးတွေ အနည်းငယ် စိုစွတ်လာတာကြောင့် မင်းနွယ်သိလိုက်သည်.....
သူ့ရဲ့ အမွှာညီမလေးဟာ ငိုနေရှာလေပြီ.....
တခါမှ မငိုသော ကောင်မလေးဟာ အခုချိန်မှာ သူ့အကိုရဲ့ရင်ထဲတိုးဝင်ကာ တိတ်ဆိတ်စွာ ငိုနေတယ်ဆိုလို့ရင် ဘယ်သူက ယုံမလဲ.....
မင်းနွယ်လဲ ကလျာ့ရဲ ကျောလေးကိုပုတ်ကာ ဘာစကားမှ မပြောသေးဘဲ နှစ်သိမ့်ပေးနေလိုက်သည်.....
"ငါ....ငါက သူ့ကိုချစ်တယ်ဟ....ဒါပေမယ့်.... ငါထုတ်မပြောနိုင်ဘူး ဖြစ်နေတယ်ဟာ...."
တစ်သိမ့်သိမ့်ရှိုက်ငိုကာ မင်းနွယ်ကို တင်းတင်းကြပ်ကြပ်ဖက်ရင်း ပြောနေသော ကလျာ့ရဲ့ စကားတွေဟာ ဘာတွေမှန်း မင်းနွယ်နားမလည်.....
"ငါက....သူ့ကိုစောက်ရမ်းချစ်တာဟ....ဒါမယ့်....သူက...သူကငါ့ကို မုန်းနေပြီဟ...."
"အဲ့လူက ဘယ်သူလဲ.... "
"......"
မင်းနွယ်က မေးလိုက်သော်လည်း ကလျာဟာ ပြန်ဖြေမလာခဲ့ပေ.....
မင်းနွယ်နားမလည်မှု များစွာနဲ့သာ ထိုင်နေမိသည်.....
"ငါ..... ငါသူ့ကို အသက်ထက်မက ချစ်တာ...."
မျက်ရည်များဖြင့် သူ့အားမော့ကြည့်လာသည့် ညီမငယ်ကြောင့် မင်းနွယ်ရင်ထဲ အတိုင်းအဆမရှိ နာကျင်ရသည်.....
"အေး အေးပါဟာ....ဘာဖြစ်ဖြစ် နင် နားလိုက်တော့....မဟုတ်ရင် ကျန်းမာရေး ထိခိုက်မယ်...."
ထိုသို့ပြောတော့ ကလျာက မင်းနွယ်ကို ဖက်ထားတာမလွှတ်သေးဘဲ.....
"ဒီအတိုင်း..... နေပေးပါ့လား...."
ဖျော့ရော့နေသောအသံဖြင့် ကလျာက မင်းနွယ်ကို တောင်းဆိုရှာသည်.....
ထို့ကြောင့် ဝမ်းနည်းနေရသည့်ကြားထဲ မင်းနွယ် ပြုံးလိုက်သေးသည်.....
"အင်း.... ငါဒီအတိုင်းဘဲ နေနေပေးမယ်....."
အနေအထားက အနည်းငယ် နေရခက်သော်လည်း မမှုနိုင်သေးပါ....
ကလျာ့အကြောင်း မင်းနွယ်အသိဆုံးပင်....
ငယ်စဉ်ကတည်းက ဝမ်းနည်းလွယ်သူဖြစ်သော်လည်း ခံစားချက်တွေကို ထုတ်ဖော်မပြဘဲ သူ့ဘာသာ သီးသန့်နေတက်သည်.....
ထို့ကြောင့် ကလျာ၏ စိတ်ဟာ ခန့်မှန်းရခက်သည်....
မျက်နှာတည်တည်နဲ့နေပြီး သူ့ခံစားချက်တွေကို မည်သူမျှ မသိအောင် ဖုံးကွယ်ထားတက်သည်....
ညီမဖြစ်သူ၏ အကြောင်းကိုတွေးပြီး မင်းနွယ် သက်ပြင်း ချမိသည်....
ကလျာ့ကို ငုံ့ကြည့်မိတော့ အသက်ရှု မှန်မှန်နဲ့ အိပ်ပျော်သွားချေသည်....
ငိုထားသည်ကြောင့် မျက်တောင်များဟာ အနည်းငယ် စိုစွတ်ကာ ပူးကပ်နေပြီး မျက်နှာဖွေးဖွေးဟာလည်း ရဲနေသည်....
သို့သော်လည်း သူ့ဟာနှင့်သူ ချစ်စရာကောင်းနေပြန်သည်....
"ဒီလိုကျတော့လည်း နင်က ကလေးလေးကြနေတာဘဲ...."
မင်းနွယ်က ပြုံးပြီး ကလျာရဲ့ ခေါင်းလေးကို အသာလေးပုတ်ပေးလိုက်သည်.....
ထို့နောက် ကုတင်ပေါ် အသာတင်ပေးကာ အခန်းထဲက ထွက်လာလိုက်သည်.....
.........................
ချစ်ရဲ့သားနှင့် အချစ်ကို ထုတ်ဖော်မပြတတ်တဲ့ သူမအတွက်တော့ နာကျင်မှုတွေဆိုတာ အမြဲလိုလို ပြန်လည်ရောက်ရှိ လာဉီးမှာပါဘဲ.......
...............................
TBC
A/N: အရေးအသား ပေါ့သွားရင် ဆောရီးပါဗျ🤧 လိုတဲ့နေရာ ထောက်ပြပေးကြပါဉီးနော်🤒 တစ်ရက်ထဲ ၂ပိုင်းအပ်😁
#Jeon