မာမီက သူတို့အား မြင်သည်နှင့် ချက်ချင်းပင် မျက်နှာလွဲသွားသည်....
ထိုအမူအရာဟာ ထပ်မံပြီး နာကျင်ရပြန်သည်....
"အနောင်က....သူ့ကို သိတာလား...."
ကိုတေဇက သူကြည့်နေသောဘက်ကိုလိုက်ကြည့်ပြီး ခပ်တိုးတိုးဖြင့် မေးလိုက်သည်....
"အင်း...ဒီအတိုင်း အဝေးကနေဘဲ သိတဲ့သူပါ..."
ကိုတေဇက ခေါင်းသာငြိမ့်ပြရင်း ဘာမျှထပ်မပြောချေ....
ထို့နောက် မာမီက ထိုနေရာကနေ ထသွားသည်....
ခဏ....
မာမီရဲ့လက်ကို သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးက တွဲသွားတာလား....
ဒါ့အပြင် မပြည့်ကပါ ပြုံးပြီး ကြည့်နေတယ်တဲ့လေ....
သူက တကယ်ဘဲ ခဏတာသုံး ဖြစ်သွားပြီလား....
ဘယ်လိုမှ မခံစားနိုင်တော့တာကြောင့် ထိုနေရာမှ ပြေးထွက်သွားလိုက်မိသည်....
အကိုတေဇရဲ့ တားမြစ်သံတွေလည်း မကြားရတော့ချေ.....
............................
ကလျာတစ်ယောက် ထိုမြင်ကွင်းကို အတိုင်းသား ကြည့်နေလိုက်သည်....
ဟေသာကလည်းမြင်တော့ အားနာစွာဖြင့် သူမက တောင်းပန်ရှာသည်....
သို့သော် သူမအမှားမဟုတ်တာကြောင့် ကလျာခွင့်လွှတ်ပေးထားပြီးပင်....
............................
"တစ်ခါထဲ မွေးမလာရင်အကောင်းသား...."
နောင်နောင်ကိုယ့်ဘဝကိုတွေးရင် သံဘောင်တိုင်တွေကို မှီကာ ရေရွတ်လိုက်သည်....
သူအခု ကျောင်းခေါင်မိုးအထပ်မှာ....
ဘယ်သူမှ မရှိတဲ့နေရာမှာ တစ်ယောက်ထဲ လွတ်လပ်စွာ ငိုကြွေးနေမိသည်...
မာမီနဲ့ တွေ့ပြီး မဟုတ်ကြောင်းလေးတွေတော့ ရှင်းပြချင်သေးသည်....
မာမီ Markထားတဲ့ နေရာလေးကို လက်ဖြင့်အသာအုပ်ကိုင်ရင်း ဒီအတိုင်း ငိုင်နေမိသည်.....
"အနောင်... "
အသံကိုကြားသည်နှင့် ဘယ်သူမှန်း တန်းသိလိုက်သည်.....
"အကိုတေဇ.... "
တေဇက နောင်နောင်ထိုင်နေတဲ့အနားကို ကပ်ထိုင်ကာ....
"အခုတလော အနောင် ပုံပြောင်းနေတယ်...."
အကိုတေဇစကားကြောင့် နောင်နောင် အကိုတေဇအား စိုက်ကြည့်လိုက်သည်....
"ဘာကိုလဲ"
တေဇဟာ သက်ပြင်းတစ်ချက်ချကာ...
"အရင်က မြူးမြူးတူးတူးနေတဲ့ကောင်လေးက အခုရက်ပိုင်း အတော်ကို မှိုင်တွေလာတယ်....ကျောင်းမှန်တဲ့ကောင်လေးက ကျောင်းပျက်ရက်တွေ များလာတယ်...ဒါ့အပြင် အကိုနဲ့လဲ သိပ်မတွေ့တော့ဘူး...."
ဒါကို သူကိုယ်တိုင် သတိမထားမိ....
မာမီဘေးနားရှိနေတာကြောင့် အရာအားလုံးက ပြောင်းလဲသွားသည်....
"အကိုမင်းကို ပြောစရာရှိတယ်.... "
ရုတ်တရက် တည်ငြိမ်စွာ ထွက်ပေါ်လာတဲ့ အသံကြောင့် နောင်နောင် ခဏနားထောင်နေလိုက်သည်....
"အကို မင်းကို ချစ်တယ်အနောင်....ညီတစ်ယောက်လို သူငယ်ချင်းလို ချစ်တာမဟုတ်ဘဲ ဘဝလက်တွဲဖော်မဖြစ် ချစ်တာ....အစကတော့ မင်းကျောင်းပြီးမှ ပြောမလို့ဘဲ... ဒါပေမယ့် အကို ဒီထက်ပိုမစောင့်နိုင်တော့လို့....
လက်ခံပေးမယ်မလားဟင်"
အကိုတေဇက သူ၏ လက်သေးသေးလေးကို စုပ်ကိုင်ကာ အပြုံးနုနုဖြင့် မေးသည်....
ထိုအချိန်.....
"ခွေးမသား!!"
*ခွပ်!*
ဆဲဆိုသံနဲ့ အကိုတေဇရဲ့ ခန္ဓာကိုယ်ဟာ တစ်ဖက်သို့ လိမ့်သွားသည်....
မော့ကြည့်မိတော့ တခြားသူမဟုတ် မာမီ....
ကလျာ သူ့နောင်လေးကို စိတ်မချတာကြောင့် တစ်ကျောင်းလုံးကို ပတ်ရှာပေမယ့်မတွေ့....
ထို့ကြောင့် ကျောင်းခေါင်မိုးထပ်ကို သွားရှာဖို့ တက်လာတုန်း ကြားလိုက်တဲ့ စကားအသံအချို့ကြောင့် ခဏတာ ငြိမ်ကာနားထောင်လိုက်သည်....
ထို့နောက် တေဇဆိုသည့်အကောင်မှာ သူ့ကလေးအား ချစ်ရေးစကားတွေပြောလာသည်ကြောင့် ဒေါသတွေဟာ ထောင်းခနဲ.........
"မာမီ....ဘယ်လိုလုပ်...."
မာမီက သူ့အမေးကို မဖြေဘဲ အကိုတေဇအား ဆက်တိုက်ထိုးနပ်နေတော့သည်....
"မာမီ! ရပ်လိုက်တော့...."
နောင်နောင်က ကြားထဲကနေဝင်ခွဲလိုက်သည်ကြောင့် ကလျာ တေဇကို လွတ်သွားသည်....
"ဘာလဲ! နင့်လင်ကို ထိလို့နာတာလား!...."
ပြောလာတဲ့ စကားအစုံကြောင့် နောင်နောင် ဒေါသထွက်သလို အကိုတေဇကိုပါ အားနာမိသွားသည်....
"ဒီမှာ အံ့ကလျာနွယ်...မင်းနဲ့ငါ ဘာရန်ညှိုးရှိခဲ့လို့လဲ...."
တေဇက အားပြုရင်း ကလျာကို စကားဆိုလိုက်သည်.....
"အရင်က မရှိဘူး....အေး ဒါပေမယ့်.... မင်း ငါ့အပိုင်ကို ထိလိုက်တဲ့အတွက် ရန်စရှိသွားပြီ..."
"မာမီ!!...အကိုတေဇက ဘာအပြစ်တွေများ ရှိနေလို့ အခုလိုတွေပြောနေရတာလဲ!!"
နောင်နောင်က ကလျာ့အား အော်လိုက်တော့ သူမက နောင်နောင့်ကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်.....
"အခုမင်းက....သူ့ဘက်က လိုက်နေတာလား..."
မာမီရဲ့ အသံဟာအနည်းငယ် တုန်ရင်နေသည်ကို နောင်နောင်သတိထားမိသည်...
ဒါပေမယ့် အခုတစ်ခါတော့ လျော့ပေးလို့လုံးဝမဖြစ်....
ဘာမှမဆိုင်တဲ့ အကိုတေဇကိုပါ ရန်တွေ့နေတာကြောင့် ပိုလို့ပင် ဒေါသထွက်သေးသည်....
"အေးပေါ့....ချစ်လှစွာသော သူကိုပေးခိုင်းမယ့် Markကို ငါက ဖြတ်ယူလိုက်လို့ ဒေါသထွက်မှာပေါ့လေ....အဟက်! တွေ့ကတည်းက တခါတည်း အသေFuckပြစ်ပြီး အလောင်းပါဖြစ်ပြစ်လိုက်ရမှာ...."
မာမီ့ရဲ့ စကားကြောင့် တစ်ကိုယ်လုံး အေးဆက်သွားသည့်အပြင် ခေါင်းပါချောက်သွားရသည်.....
"ဒါမယ့် ငါဘာလို့ အဲ့လိုမလုပ်ခဲ့လဲ.... မင်းဘာသာ ဉီးနှောက်နဲ့ စဉ်းစား....
ဒါအပြင့် မင်းအဲ့ကောင်ကို လက်ခံလိုက်လဲ ငါ့Markရာရှိတဲ့အတွက် ဘာမှလုပ်ရမှာမဟုတ်ဘူး....
ငါ rejectလုပ်မှသာ အဲ့ကောင်အနား နေရလိမ့်မယ် ရှိုင်းရင့်နောင် ....
ငါမင်းအတွက်စဉ်းစားပေးမယ့်အရာတွေကို မင်းက ဖျက်စီးပြစ်လိုက်တာဘဲ....
အဲ့တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဘဲ ရှိုင်းရင့်နောင်..... "
မာမီက အက်ကွဲနေသည့်အသံဖြင့် ဆိုသည်....
"ပြီးတော့ ဟန်ဖြိုးတေဇ....ငါ့အပိုင်ကို ဘယ်တော့မှ ထိရမယ်မထင်နဲ့...."
မာမီက အကိုတေဇကို စူးရဲစွာ စိုက်ကြည့်ပြီး ပြောကာ ထိုနေရာကနေ ထွက်သွားသည်......
မာမီရဲ့ အညိုရောင် မျက်ဝန်းအိမ်ထဲက မျက်ရည်ဉအချို့ကို နောင်နောင် ရှင်းလင်းစွာ မြင်လိုက်ရသည်....
သို့ပေမယ့် စကားကို ထစ်ငေါ့ချင်းမရှိဘဲ အဆင်ပြေနေသလို ဟန်ဆောင်ပြီး ပြောသွားတဲ့ မာမီဟာ တစ်ကယ်ကို တော်ပါပေတယ်......
မာမီပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားမည် ဆိုလျှင် မာမီဟာ သူ့ကို ခံစားချက်တွေပေးနေတယ်ဆိုတာ အတိအလင်း သိရသည်....
ကိုမင်းခပြောဖူးသည့် မာမီက ဘယ်Omegaမှ အနားအကပ်မခံဘူးဆိုတာကိုလည်း သတိရမိသွားသည်....
"ဒါ ဒါဆို မာမီက.... "
ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်း ထိုနေရာမှာတင် ငိုကြွေးလိုက်မိသည်....
"အနောင်...."
"တော်ပါတော့ အကိုရာ....နောင် ပင်ပန်းလို့ပါ....အကိုလဲ နောင့်ဘေးက ထွက်သွားပေးစမ်းပါဗျာ...."
တေဇရင်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလို ဖြစ်သွားသည်....
သို့ပေမယ့်လည်း ချစ်ရသူ၏စကားကြောင့် ထိုနေရာကနေ တေဇထွက်လာခဲ့သည်....
"အာ....မုန်းတယ်ဗျာ....မုန်းတယ်.... ဟင့်....ငါ့ကို နှိပ်စက်လို့ ဝပြီလား လောကကြီးရာ....ငါ ငါချစ်ရတဲ့သူကို....ဟင့်.... ငါက စိတ်ပျက်အောင် လုပ်လိုက်မိပြီ....."
တသွင်သွင်စီးကျနေသော မျက်ရည်နှင့်အတူ သူ့၏ အော်ငိုသံတွေဟာ လွင့်ပါသွားသည်......
"နောင်....မာမီကို ချစ်ကြောင်းတွေ.... ပြောချင်သေးတာ....ဒါမယ့်....ပုံပြင်လေးက မစတင်ခင်မှာဘဲ...အဆုံးသတ်သွားပြီ ထင်ပါရဲ့ဗျာ....တကယ်လို့.... မာမီသာ... နောင့် အနား ထွက်သွားရင်.... နောင် ရူးမှာဗျ...."
ဘာမှမရှိသော လေဟာနယ်ကိုကြည့်နေရင်း နောင်နောင် ခပ်တိုးတိုး ဆိုမိသည်.....
ထိုကဲ့သို့ ရှိုင်းရင့်နောင်ဟာ ငိုကျွေးနေသလို....
တစ်ဖက်က မည်သူမျှ မရှိတဲ့ ဂိုဒေါင်ထဲ၌ ကလျာတစ်ယောက် ကိုယ့်ကိုကိုယ် အနာတရပြုရင်း စိတ်တွေကိုချုပ်တည်းကာ အသံတိတ်ငိုနေလေသည်.....
............................
မင်းနွယ်ရဲ့စိတ်ထဲ လုံးဝကြည်လင်မနေပါ.....
အလုပ်ကြောင့် ဆိုသော်လည်း မဟုတ်....
ရင်ထဲမှာ ငိုချင်နေသလိုလို ဖြစ်သည်....
ဒါပေမယ့် ကလျာငိုနေမှာသာ ထိုသို့ခံစားရမည်မဟုတ်လား....
မတင်မကျဖြစ်နေတဲ့ စိတ်ကြောင့် ကလျာကို ဖုန်းခေါ်ဖို့ပြင်နေချိန် စစ်မင်းခက ဝင်လာသည်မလို့ ခဏချထားလိုက်သည်....
"ဘာကိစ္စလဲ.... "
"Fileတွေမှာ Bossရဲ့ လက်မှတ်ကို လိုလို့ပါ..."
မင်းခ မိမိလက်ထဲက fileတွေကို bossအား လွဲပေးလိုက်သည်....
"မင်း ဆေးသောက်ထားတယ်မလား...."
ဘာကိုဆိုလိုမှန်း တန်းသိလိုက်တာကြောင့် စစ်မင်းခရဲ့ ရင်ထဲ ပူလောင်လာရသည်....
"ဘာလို့လဲ...."
"ငါ Omegaတစ်ယောက်ရဲ့ အသွေးအသားကို လိုချင်တပ်မက်မှု မရှိလို့....မင်းကိုယ်တိုင်လဲ ဒုက္ခရောက်မှာဆိုးလို့...."
အေးဆက်နေတဲ့ Bossရဲ့ စကားလုံးတွေက မင်းခရဲ့ နှလုံးသားကို နာကျင်စေဖို့ အင်မတန်မှ အစွမ်းထက်လွန်းလှသည်.....
မိမိ၏ မျက်ရည်များကို မမြင်ရန် ခေါင်းငုံ့နေပြီးတော့သာ ရပ်နေမိသည်....
"သွားတော့.... "
Fileတွေကို ဆွဲယူကာ အခန်းထဲကနေ အလျှင်အမြန် ထွက်လာလိုက်သည်....
ထို့နောက် Toliteထဲဝင်ကာ အသံမထွက်စေရန် ကိုယ့်ပါးစပ်ကို ပိတ်ထားပြီး ငိုနေမိသည်....
*ကျနော့်ရဲ့ ဖြစ်တည်မှုကို အဲ့လောက်တောင် မုန်းတာလား အကိုရယ်*
ထိုနေ့ဟာ လူငယ်5ယောက်အဖို့မှာတော့ ပြဿဒါးနေ့ပင်....
AKN: *ငါသာ မင်းနဲ့မဆုံခဲ့လို့ရင်...မင်းဘာသာ အေးဆေးနေနိုင်မယ် ထင်တယ်...*
SYN: *ကျနော်သာ Markကို ကြည်"ဖြူ"လက်ခံခဲ့မယ်ဆို အခုမဖြစ်လောက်ဘူး....*
AHMN: *ငါ့ကို အတ္တကြီးတယ်လို့ပြောလို့ရပါတယ် ဒါပေမယ့် Omegaဆိုတာကိုတော့ လက်မခံနိုင်သေးဘူး.... *
SMK: *အကို့ကိုချစ်တာကြောင့် ဘယ်လောက်နာကျင်နေပါစေ ဆက်ပြီး ကပ်တွယ်နေဉီးမှာပါ....*
HPTZ: *အကိုဟာ အစခင်ကတည်းက အဆုံးသတ်နေမှန်း သိပြီးသားအနောင်*
...........................
TBC
A/N: တမာရွက်တွေရမယ် တမာရွက်....
အဟဲဟဲ အခွက်ပြောင်မိလို့ ဂိုမဲ😝 နောက်အပိုင်းကြ ဖူးငယ်တို့ပါ...သူတို့လဲ ခါးမှာဘဲနော်😁 စိတ်မဆိုးကြနဲ့....
လိုဒါလေးတွေ ထောက်ပြကြပါဉီးဗျ....
#Jeon