"ting daung...ting daung"
"ဘယ်သူ....
"ကျမပါ"
"ဘာလာလုပ်တာလဲ ကျမဆီကို...
ဒါမှမဟုတ် ခင် တစ်ခုခုဖြစ်လို့လား"
"ခင် အဆင်ပြေပါတယ်...ကျမ သိချင် တာလေးရှိလို့ လာခဲ့တာ"...အပြင်မှာပဲ ရပ်ပြောရမှာလား...
"အော်...အိမ်ထဲဝင်လေ"
"ဘာကို သိချင်တာလဲမေးကြည့်လေ"
"ခင့်...အတိတ်"
"ဟား..ဟားဟား... ဟား.."
"ကျမ ပြောတဲ့ထဲ ရယ်စရာပါနေလို့လား"
"အဟားဟား..ခင့် အတိတ် ဟုတ်လား" ပူပူနွေးနွေးမနေ့တစ်နေ့ကပဲ လက်ထပ်ထားပြီးတော့"
"အခုမှ ခင့် အတိတ်ကို ဘာလို့လာမေးနေတာလဲ"...သိချင်ရင်ဖြင့်လည်း သူ့ကိုပဲ တိုက်ရိုက်သွားမေးပါလား"
"ကျမကတော့ ပြောမပြနိုင်ဘူး....သတ်ချင်သတ်လိုက်"...
"အကူအညီတောင်းပါတယ်"ပြောပြပါနော်"
"ပြောမပြနိုင်ဘူးလို့ ပြောနေတယ်မလား....ပြန်လိုက်တော့ ကျမလည်း အလုပ်ရှိသေးတယ်"...ကျမက ရှင့်ကို ခင့်အတိတ်ကအကြောင်း ပြောပြရလောက်တဲ့ထိ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘူးလို့ ကျမထင်တယ် "
ပြေပြောရင်းဆိုရင်း မတ်တပ်ရပ်ကာ ထသွားမည်လုပ်တော့...
"Jo Joကို ရှာနေတယ်မလား"
ဂျိုဂျို ဆိုသည့် အသံကြားလိုက်တော့မြ တုန်လှုပ်သွားပြီး ပြန်လှည့်လာသည်။
"ရှင် ဂျိုးကို ဘယ်လိုသိတာလဲ"
""ဒီလိုဆိုရင် ရှင် ကျမနဲ့ စကားပြောဖို့ အချိန်ပေးနိုင်လောက်ပြီလို့ ကျမ ထင်တယ်"
"ပြန်ထိုင်ပါအုံး"...လိုရင်းကို ဆက်ကြတာပေါ့"
"ရှင် ခင့်ကို ဘာလုပ်မလို့လဲ"...ကျမကတော့ ခင့်ကို ထပ်ပြီးထိခိုက်စေတဲ့ အရာမှန်သမျှ ဘာမှထပ်မလုပ်နိုင်ဘူး"
"ကျမ သားကို ကျမရအောင်ရှာနိုင်တယ်""
"ကျမ ရှင်နဲ့ စကားများရန်ဖြစ်ချင်လို့ လာတာမဟုတ်ဘူး....ကျမအမျိုးသမီးရဲ့ အတိတ်ကို သိချင်ရုံပဲ"....ပြီးတော့ ရှင့်သားကို လွယ်လွယ်နဲ့ ရှာနိုင်မယ်လို့ ကျမတော့မထင်ဘူး"
"ဒီလိုဆိုတော့လည်း သိချင်တဲ့ ရည်ရွယ်ချက်က ဘာလဲ
ဆိုတာ ဖြေမှ ရှင်သိချင်တဲ့ အကြောင်းကို ပြောပြမယ်""
"ခင် လူသတ်လိုက်တယ်"
"ဘာ!!!!!!
"ဘယ်သူ့ကို သတ်တာလဲ" ဘယ်တုန်းကလဲ"
""ခင့်ကို ထောင်ထဲထည့်မလို့လားဟင်" အဲဒီလိုတော့ မလုပ်ပါနဲ့" ကျမတောင်းပန်ပါတယ်"
"မစိုးရိမ်ပါနဲ့"
"ဒီလောက်ဆိုရင်... ကျမသိချင်တဲ့အကြောင်းကို ပြောပြဖို့ လုံလောက်တယ် မလား"
"ရှင်...ခင့်ကို ဘာမှ မလုပ်ဘူးလို့ကတိပေးနိုင်လား"
"စိတ်ချ"....တို့ မိန်းမကိုများ ထိခိုက်အောင်လုပ်ဖို့မပြောနဲ့ ချစ်လွန်းလို့...
"ကျမလည်း သိပ်တော့မသိဘူး"
ထောင်ထဲကနေ သိကြတဲ့ လူတွေဆိုတော့ ခင် ပြောပြသလောက်ပဲ ကျမ သိတယ်"ဒါတောင် သူ့ကို မနည်းမေးခဲ့ရတာ..."
"လွန်ခဲ့တဲ့ ၆နှစ်ကျော်ကျော်လောက်က ............................."
နာရီဝက်ခန့်လောက်ကြာသွားတော့နှင်းမျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်သွားပြီး အံ့သြစွံ့အနေသည့် မျက်နှာဖြင့်....
"ခင် အထဲကို စရောက်လာတုန်းကစိတ်နဲ့ လူနဲ့တောင် ကပ်ပုံမရဘူး"
"ဘယ်သူနဲ့မှ စကားမပြောပဲနေခဲ့တာတစ်နှစ်ကျော်တယ်ဆိုပဲ....နောက်ပိုင်းကျမတို့ အဆောင်ကို ရောက်တော့မှကျမနဲ့ စကားစပြောတာ"...
"ခင့် ဘဝက တစ်ကြိမ်ပျက်ခဲ့ပြီးပြီ...ပျက်ခဲ့တာတောင်အစိတ်စိတ် အမွှာမွှာနဲ့ကို ပျက်ခဲ့တာ...
ထပ်ပြီးတော့ ခင့်ကို ဘဝပျက်အောင်မလုပ်ပါနဲ့နော်...ကျမတောင်းဆိုတာပါ"...ပထမအကြိမ်မှာတောင် ခင် အကြိမ်ကြိမ် သတ်သေဖို့ကြိုးစားခဲ့တာ။ အခုတစ်ကြိမ်ဆိုရင် သူတစ်ကယ်သေလိမ့်မယ်"
"ရှင်ဘာရည်ရွယ်ချက်နဲ့ မေးလဲတော့ မသိပေမယ့် ခင့်ကို စိတ်ချမ်းသာအောင်ထားပါ...ပျော်စရာတွေမပေးနိုင်ရင်တော့ တစ်ခါတည်း အသေသာ သတ်လိုက်"
"ကျ....ကျမ...ပြန်တော့မယ်"
"ခွင့်ပြုပါအုံး"
နှင်း မက်တပ်ထရပ်လိုက်ပြီး တစ်ခုကိုသတိရကာ....
"အော်...မေ့တော့မလို့... ရော့..ဒီမှာ
လိပ်စာ"
"ကျမ သွားပြီ"
စားပွဲပေါ်ချပေးလိုက်သော လိပ်စာကိုမြ ဖတ်လိုက်တော့....
"ခွေးကောင်""နင်ငါ့ကို ကတိပေးထားပြီးတော့"....ငါ့ကိုများ လှည့်စားတယ်ပေါ့လေ""
______________
နှင်း မြအိမ်ကထွက်လာပြီး ကားပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်နေမိသည်။
ဦးနှောက်ထဲတွင်လည်း အတွေးပေါင်းများစွာနှင့် အသားများပင် တစ်ဆက်ဆက်တုန်ယင်လာလေသည်။
စီးကရက်တစ်လိပ်ကို ထုတ်ဖွာလိုက်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။
လွန်ခဲ့သော မင်္ဂလာပွဲမတိုင်မှီရက်အနည်းငယ်ခန့်က ကြီးတင်ဖုန်းဆက်သည့်အချိန် ကြားလိုက်ရသည့် စကားကြောင့် နှင်းတုန်လှုပ်ခဲ့ရသည်။
ခင်....ခင်သည် လူသတ်လိုက်သည်တဲ့။ ထိုသူသည်လည်း တစ်ခြားလူမဟုတ်... နှင်း ယုံကြည်စိတ်ချရသောနိုင်လူ ဖြစ်သည်။ အစပိုင်းတွင်တော့ သတ်ရသည့် အကြောင်းပြချက်ကို မေးဖို့ တွေးထားပေမယ့် ခင် ထိုးသွင်း
ထားသော ဓားအချက်ရေမှာ မနည်းပေ။ နှင်း သိသည်။ နှင်းလည်း လူသတ်ဖူးသောသူမဟုတ်လား။ နာကျည်းချက်တွေကြောင့် မဟုတ်လျင် မည်သည့်အကြောင်းပြချက် ထပ်ပြီး
ရှိနိုင်မည်နည်း။ ထို့ကြောင့် မင်္ဂလာပွဲပြီးမှ စုံစမ်းခဲ့ပေမယ့် ခင်နှင့်ပတ်သတ်သည့်အကြောင်း အရာဘာမှ မသိခဲ့ရ။စုံစမ်းလို့လည်း မရခဲ့၍ မြ ထံလာရခြင်းပင်။
အခုမှ နှင်း သတိပြန်ရမိသည်။ လွန်ခဲ့သော ၆နှစ် ၇နှစ်လောက်က ဖြစ်မည်။
ထိုင်းနယ်စပ်သို့ နိုင်လူတို့ အုပ်စုနှင့်အလုပ်ကိစ္စသွားပြီး ပြန်အလာတွင်ရန်ကုန်မြို့အကျော် ညှောင်တုန်းဟူသောရွာအနီးတစ်ဝှိုက်တွင် မြေကွက်ဝယ်ရန်အတွက် မြေကြည့်ဖို့ အနီးနားကတည်းခိုခန်းတွင် တည်းခဲ့ကြသည်။ အလုပ်ကိစ္စထွေထွေ ထူးထူးမရှိသဖြင့် နိုင်လူတို့အုပ်စုအား အေးဆေးနားကြရန်ပြောပေမယ့် ယောင်္ကျားတွေရဲ့ သဘာဝအတိုင်း အပျော်ရှာရန်ထွက်သွားကြသည်။
နေ့လည်ပိုင်းကတည်းက ထွက်သွားသော သူတို့ အုပ်စုသည် ည၇နာရီလောက်မှ ပျာတိပျာယာရေးကြီးသုပ်ပြာနှင့် ပြေးလာကြသည်။
""မမကြီး...ကျွန်တော်တို့ကို ကယ်ပါအုံးဗျာ""
"နေ့လည်ကတည်း ထွက်သွားလိုက်ကြတာ အခုမှလာပြီး ဘာတွေဂွင်ဆင်ကြအုံးမလို့လဲ"
""မ..မဟုတ်ပါဘူး မမကြီး"
"ကျွန်တော်တို့ကို ကူညီပါအုံးဗျာ"
"ဆိုစမ်းပါအုံး ဘာဖြစ်လာကြတာလဲ နင်တို့ မျက်ခွက်တွေကကော ဘာဖြစ်နေကြတာလဲ"
ကြောက်စရာတစ်စုံတစ်ခုနှင့် တွေ့လာခဲ့သလိုနှင့် ကြောက်ရွံ့ နေကြသောသူတို့အုပ်စုကို နှင်းကြည့်ကာ မေးလိုက်သည်။
"ကျွန်တော်တို့ ဖဲသွားဆော့ရင်းနဲ့
ဖဲဝိုင်းမှာဗျာ မောင်ဇော်ဆိုတဲ့ ကောင်နဲ့တွေ့တာ....အဲဒီကောင်က ကျွန်တော်တို့ကို ဖဲရှုံးတော့ ပိုက်ဆံမပေးနိုင်တာနဲ့... ကျွန်တော်တို့လည်း အုပ်စုတောင့်
တာကိုဗန်းပြပြီး နည်းနည်းဖြဲလိုက်မိတာ အရက်တိုက်မယ်ဆိုပြီး သူ့အိမ်ကို ခေါ်သွားတာ ကျွန်တော်တို့ အရက်သောက်နေတဲ့ချိန် သူ့ယောက္ခမ ရောက်လာတော့ ဆူပါလေရောဗျာ..."
"အဲဒါနဲ့ မောင်ဇော်ဆိုတဲ့ကောင်က နားငြီးတယ်ဆိုပြီး သူ့ယောက္ခမကို ဓါးနဲ့ထိုးသတ်လိုက်တာ"" သူ့မိန်းမကလည်း သူ့အမေကို သတ်လို့ဆိုပြီးသူ့ကို ပြန်သတ်တာဗျာ"
"မမကြီး ကျွန်တော်တို့ကို ကယ်ပါအုံးဗျာ"
"နင်တို့တွေ စောက်ရမ်းဇယားရှုပ်ကြတာပဲ"....နင်တို့ တစ်ခြားဘာလုပ်ခဲ့သေးလဲ"...
"ဘာမှမလုပ်ပါဘူး...ကျွန်...ကျွန် တော်တို့ ရိုးရိုးသားသား အရက်လေးပဲသောက်တာပါ"...ကျန်တာဘာမှမလုပ်ပါ ဘူး"
"ဟုတ်..ဟုတ်ပါတယ်...အခုမမကြီးကို အကူအညီ တောင်းတယ်ဆိုတာကလည်း ကျွန်တော်တို့ ရပ်ကွက်ထဲဝင်တာ တစ်ယောက်စ နှစ်ယောက်စ သိလို့ပါ"
"ပြသနာကောင်တွေ လုပ်လိုက်ရင်တစ်လွဲတွေပဲ....ဘာလုပ်နေကြတာလဲပြန်ဖို့ အပြင်ကြဘူးလား""