episode 7

5.4K 293 0
                                    

night club ဆိုသည့်အတိုင်း
rainbow light များ တစ်ဖျက်ဖျက်နှင့်
သီချင်းသံများက ဆူဆူညံညံ ဒွန့်နေသူများကဒွန့်၊ ဘားတန်းတွင် အရက်ထိုင်သောက်နေသူများကသောက်၊ တွတ်တီးတွတ်နေသော
လူငယ်များကလည်း ပုံမှန်မျက်နှာထားမဟုတ်သည်ကို ခင်
ရိပ်မိသည်။ထိုစဥ် ထွက်ပေါ်လာသော သီချင်းမှာလည်း ဤနေရာနှင့် လိုက်ဖက်နေပြန်သည်။

🎼🎶တိမ်တွေပေါ်မှာ လွှင့်နေတယ်လေ... ငါလေး🎵

🎶ဝပေါ်မှာ လုံးကြီးတင်လည်း ဝိ🎵
🎶ဝအောက်မှာ ဝဆွဲထားလည်း ဝိ🎶

🎵🎵အို...အေး...အေး...အိုး🎶🎶

DJနှင့် ပေါင်းစပ်ထားသော ထိုသီချင်းသံနှင့် အတူ လူငယ်များသည် ကြွကြွရွရွ အော်ဟစ်
သီဆို ကခုန်နေကြသည်မှာ
နားစည်ပင် ပေါက်ထွက်လုနီးနီး။

မမမြကို မြင်တော့ အတွင်းရှိလူများ ဦးညွတ်ကြသည်။ မြကို မသိတဲ့ လူရှိလိမ့်မယ် မထင်။
မမမြပြောင်းလဲသွားသည့်ပုံစံက ခင်မြင်ဖူးသည့် ထောင်ထဲကအေးရာအေးကြောင်း နေတတ်သည့် အမျိုးသမီးနှင့်မတူတော့ပေ။ များစွာ ကွဲပြားခြားနားသွားခဲ့သည်ကြောင့် ခင် အံ့​သြ မိသည်။
ကြွကြွယယ လမ်းလျှောက်ပုံနှင့်
စကားပြောနေပုံတို့မှာလည်း
ဆွဲဆောင်မှုကောင်းနေပြန်သည်။
အပြုံးချိုချို ကော့စင်းနေသည့် မျက်တောင်များလည်း မြင်သူတကာ ဦးညွတ်ချင်စရာ။ကြွေဆင်းချင်စရာ။

ယခု ခင်တို့ရောက်နေသည်မှာ ခင် လုပ်ရမည့် အလုပ်နေရာဖြစ်သည်။
ကျယ်ဝန်းလှသော ခြံထဲတွင် ရေကူးကန်များ ထိုင်စရာ စားပွဲဝိုင်းများကို ဆွဲဆောင်မှုရှိစွာ ပြင်ဆင်ထားကြသည်။ ဆေးမိန်းသည့် ဆေးသမားများ အတွက် အခန်းကျဥ်းများစွာလည်း ဖွဲ့စည်းထားသေးသည်။

ခင့်မှာတော့ အရာအားလုံး အသစ်အဆန်းဖြစ်ပြီး အံ့သြစရာဖြစ်နေပေမယ့် မမမြအတွက်တော့ ဤနေရာသည် သူ့အိမ်သူ့ယာ သူ့ရပ်ကွက်လိုပင်။ မသိသူမရှိ၊ မြင်သမျှ လူတိုင်းနှ​င့်စကားပြော လူတိုင်းကလည်း မြကို စကားလာပြောကြသည်။ နှုတ်ဆက်ကြသည်။ ခင့်ကိုတော့
ကွက်ကြည့် ကွက်ကြည့်နှင့်
စပ်စပ်စုစု ဝိုင်းကြည့်ကြသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now