episode 10

5.5K 274 8
                                    


"ဖြန်း"
"ကျမ အသားကို မထိနဲ့လို့ပြောတာ နားမလည်ဘူးလား"

"ဖာလုပ်နေပြီးတော့ ကြီးကျယ်မနေနဲ့" ကောင်မ "နင်ကများ ငါ့ပါးကိုရိုက်တယ် ဟုတ်လား""... ငါ့ပါးကို ရိုက်တဲ့အတွက် ငါ့အကြောင်း သိစေရမယ်"
"တောက်"

"ပါးကွဲအောင်မရိုက်တာ ကံကောင်းတယ်မှတ်"လည်မြိုပါတတ်နင်းချင်တာ"" မြေကြီးထဲကလောက်ကောင် အဆင့်နဲ့များ "

"ခင် "!!!!!!
"ဘာဖြစ်လို့လဲ" !!!

"ဒီမှာလေ မိမဆုံးမဖမဆုံးမအကောင်က ထိကပါးရိကပါး လာလုပ်နေလို့"

"ပြန်တောင်းပန်လိုက် ခင်"

"ဘာလို့တောင်းပန်ရမှာလဲ" ဒီထဲမှာ
အလုပ်လုပ်တိုင်း လိင်စော်ကားတာခံနေရမှာလား"ခင် မတောင်းပန်နိုင်ဘူး"

"""ဟာ...စောက်ကောင်မ"
ငါလုပ်လိုက်ရင် သေတော့မယ်"
"မြ " မြလူကို သေချာမသင်ထားဘူးလား"

"မြ တောင်းပန်ပါတယ် ကိုကျော်"
"ခင်က အခုမှ အလုပ်စဝင်တော့
အသစ်အဆန်းဖြစ်နေလို့ပါ"
""ခင်!!!! ကိုကျော့်ကို တောင်းပန်လိုက်"

"ခင် အမှားမလုပ်ထားတဲ့အတွက်
မတောင်းပန်နိုင်ဘူး" တောင်းပန်ရမယ့်လူက သူ".....

"ခင်" !!!!!
မြ လေသံ အနည်းငယ်မာသွားသည်။
ပြီးနောက် ခင့်ကိုကြည့်တော့လုံးဝတောင်းပန်မည့်ပုံမပေါ်တာကြောင့် ကောင်လေးထံသို့လှည့်ကာ

"ကိုကျော်" ကျမပဲတောင်းပန်ပါတယ်နော်" သူက အခုမှစရောက်တဲ့အသစ်မို့လို့ပါ" စိတ်ထဲဘာမှမထားနဲ့နော်"

"မမမြ ဘာလို့တောင်းပန်နေတာလဲ"

"ခင်"!!! ပါးစပ်ပိတ်ထား"

"မြတောင်းပန်လို့ ဒီတစ်ကြိမ်တော့ ခွင့်လွတ်ပေးလိုက်မယ်" နောက်တစ်ခါ ဆိုရင်တော့..... မြ သိပါတယ်"....ကျွန်တော်က ရိုင်းတဲ့လူတွေကို မကြိုက်ဘူးနော်"

ဟု ပြောပြီး ထွက်သွားသော ထိုကောင်လေးသည် လက်သီးဆုပ်
အံကြိတ်လျက် ထွက်သွားသည်ကိုတော့ ခင်နှင့်မြ မသိလိုက်ပါ။

တစ်ဖက်မှာလည်း ရန်ဖြစ်နေသည်ကိုစိတ်ဝင်တစ်စား ကြည့်နေသော အမျိုးသမီးတစ်ယောက်က...

"အဲဒီ အရိုင်းမလေးက ဘယ်သူလဲ"

"ခင်" တဲ့"

"ပွဲထုတ်ပြီးပြီလား"

"ဟင့်အင်း""မမကြီးက စိတ်ဝင်စားလို့လား"

"ဘယ်လိုလူကများ အရိုင်းမလေးကိုယဥ်အောင် ပြုပြင်ပေးမလဲဆိုတာ စိတ်တော့ဝင်စားမိပါရဲ့" ဟင်း"ဟင်း"
_______
"ခင်" ဒီလိုပြုမူတာ အဆင်ပြေမနေဘူးနော်"မြက ခင့်ကို စိတ်ပူလို့ပြောတာ"

"ဘာအဆင်မပြေစရာရှိလို့လဲ မြရယ်" ခင်က ကိုယ့်ကိုကိုယ် ကာကွယ်ယုံလေးပဲကို"
"ဘာလဲ ခင်က ကြိုက်ကုန်းလုပ်ရမှာလား"မလုပ်နိုင်ဘူးနော်""
အလုပ်တိုင်းမှာ သူ့စည်းနဲ့သူ ရှိတယ်"
"မြလိုတော့ တွေ့သမျှ ဘဲတိုင်းနဲ့ ဖက်နမ်း မနေနိုင်ဘူး"

"ခင်"!!!!

"ခင်ပြန်နှင့်မယ်"

ခင် ဒေါသထွက်စွာနှင့် ကလပ်ထဲမှ ထွက်ခဲ့လိုက်သည်။
အိမ်ပြန်ဖို့ရန် ကားငှားလိုက်သည်ပြီး ခင့်စိတ်တွေ မွှန်းကြပ်လာသည်နှင့်....

"ကားဆရာ " ကျမကို ကန်ဘောင်နားပဲ ချပေး"

ခင် ကန်ဘောင်ပေါ်တွင် ထိုင်နေသည်မှာ ဆေးလိပ်တစ်ဗူးပင် ကုန်လုပြီ။

အတွေးများစွာနှင့် တစ်ယောက်တည်း ထိုင်နေသောသူကို အဝေးမှ လူတစ်ယောက် ငေးကြည့် နေသည်ကိုတော့ ခင်မသိလိုက်လေ။

"မင်းလို အရိုင်းစိုင်းမလေးက ဒီလိုနေရာမှာ တစ်ယောက်တည်းလည်း ထိုင်တတ်တာပဲလား"

"ဆေးလိပ်ကလည်း သောက်တတ်သေး""ဟက်"

"အိုးကွယ်" ငါကလည်း ဘယ်တော့ပြန်မလဲမသိတဲ့ မိန်းမကို ဘာလို့များ
ငေးကြည့်နေမိပါလိမ့်"

"လေအေးတွေ တိုက်တယ်ကွယ်"ဝတ်ထားတာလည်း လက်ပြတ် ဂါဝန်တိုနဲ့... ပြန်ကြစို့လားကွယ်"

"ဒီနေရာက ဒီချိန်ဆို ညဥ့်ငှက်တွေ ကျက်စားနေကြတာကို"

ဘေးမလှမ်းမကမ်းတွင် ဆေးလိပ်ဖွာနေသော အမျိုးသမီး မပြန်မချင်း သူသည်လည်း နေရာမှ မရွေ့ပေ။

ည၁နာရီအချိန်ရောက်တော့မှ ခင်
ထပြန်လာလေသည်။
ခင် ကန်ဘောင်အောက်သို့ ဆင်းသွားတော့မှ ထိုသူသည်လည်း ကားမောင်းပြီး ထွက်သွား လေ​တော့
သည်။

_______________

"ထပ်ပြီး သဘောကျမိလေခြင်းလား"

(နည်းနည်းတိုသွားပါတယ်)
(ဖတ်ပေးတဲ့ လူအယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်)😘😘

မူပိုင် ပြည့်တန်ဆာ...။(Completed)Donde viven las historias. Descúbrelo ahora