episode 26

5.7K 277 6
                                    


"ဒီဖက်ကို ကြည့်ပါအုံး"

"တစ်ချက်လောက်ပြုံးပြပါအုံး"

"အမျိုးသမီးတစ်ယောက်ကို ဝယ်တယ်ဆိုတာ အမှန်လားရှင့်"

"တစ်ချက်လောက်ဖြေပေးပါအုံး"

"Lesbianလား"

"ဝိုး...ချောလိုက်တာ"

"ဒီနေ့ဝတ်ထားတဲ့ဖက်ရှင်နဲ့ သိပ်လှနေပါတယ်"

"ဒီဘက်ကို လှည့်ပြီး ပြုံးပြပါအုံး"

ကော်ဇော်နီထက်တွင် ကြွကြွရွရွလမ်းလျှောက်နေသောအသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်ကို
စိတ်ပါဝင်စား စပ်စုနေသည့် ပါပါရာဇီများ၏ မေးခွန်းများကို ထိုအမျိုးသမီးက ဂရုပင်မစိုက်။

"ရှင်တို့တွေ သိပ်စပ်စုတာပဲ"
"ဒါပဲရမယ် 🖕🖕"

"ဟာ"

"ဟင်"

The rose ခပ်တည်တည်နှင့် လက်ခလယ်သာ ထောင်ပြလိုက်ပြီးပါတီအခန်းအနားထဲ ဝင်သွားတော့သည်။ ကျန်ခဲ့သော စပ်စုစိန်များကတော့ ကင်မရာ ကိုင်လျက်ကြောင်တောင်တောင်နှင့် ကျန်ခဲ့ကြသည်။ Roseသည်လူတစ်ဖက်သားကိုရည်ရွယ်ချက်ရှိရှိ စိတ်ဒုက္ခပေး တတ်သည့် အမျိုးသမီးမဟုတ်ပါလား။လူတစ်ဖက်သားကို စိတ်ဒုက္ခပေးပြီးလျှင် ကျေကျေနပ်နပ် ပြုံးနေတတ်သော အမျိုးသမီးဟာ သူမပင်။

"your so beautiful.!! Lady rose"

"ကျွန်မလှတာ ကျွန်မသိတယ်"
"ဖေဖေကော"

"ဟိုမှာ"

"ဟင့်" မိန်းမတောထဲကကို မထွက်နိုင်သေးပါလား"

"ဒါနဲ့ rose က ဂေးသွားတာလား"

"ဘာ...ရှင်လည်း ဘောတန်းလန်းနဲ့ သိပ်စပ်စုတာပဲနော်"

"အဲလို သဘောမဟုတ်...."

"ကျမကို ခွင့်ပြုပါအုံး"

Rose မကြိုက်သောအရာတွေထဲတွင် သူများအကြောင်းစပ်စုသည်လည်း ပါသည်။ သူမကိုယ်တိုင်လည်း ဘယ်သူ့အကြောင်းမှ စိတ်မဝင်စား။ မစပ်စုပေ။ စပ်စုခံရလျှင်လည်း စကားကို ပြေပြေပျစ်ပျစ် နင့်ခနဲ့
နေအောင် ပြန်ပြောတတ်သည်။

Rose သူမ အဖေကို လှမ်းကြည့်လိုက်ချိန် မြင်ရသည့် မြင်ကွင်းကြောင့် စိတ်ပျက်သွားသည်။ မြင်နေကျ ဖြစ်ပေမယ့်လည်း အဖေဖြစ်သူ အိုကြီးအိုမနှင့်လူရှေ့သူရှေ့ မိန်းမငမ်းနေတာကို ဘဝင်မကျ။
အခုလည်း ဝိုင်ခွက်ကိုင်ပြီး ကောင်မလေး လေးငါးယောက်နှင့်ရယ်မောပျော်ရွှင်နေသည်။ Roseဖေဖေက အသက်ကြီးပေမယ့်ပျက်စီးမသွားသေးပဲ ခန့်ချောကြီးဖြစ်နေသေးသည်။ ဥစ္စာပေါ ရုပ်ချောလူအိုကြီးနား အားကိုးချင်သည့် ကောင်မလေးများရှိနေသည်မှာ အဆန်းတော့မဟုတ်ပေမယ့် Roseကြည့်မရပေ။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now