🖤Until the End of Time 🖤

By suekhatpann

340K 12.7K 563

ငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ... More

Part- 1 🔞
Part-2
Part-3
Part-4
Part-5 🔞
Part-6 🔞
Part-7
Part-8
Part-9
Part-10
Part-11 🔞
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 🔞
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part- 34
Part-35
Part-36
Part-37
Part-38
Part-39
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64 🔞
Part-65 🔞
Part-66
Part-67
Part-68
Part-69 🔞
Part-70 🔞
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88

Part-40

3.8K 245 16
By suekhatpann

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၄၀)

တာရာ..

ဒီရက်တွေမှာ နေထိုင်မကောင်းအောင်ပင် လူကဝမ်းနည်းသိမ်ငယ်နေရ၏။ တာရာ တစ်ခါမှဒီလိုမခံစားခဲ့ဖူးပါ။ အရာရာတိုင်းကိုပေါ့ပေါ့တွေးပြီး ဘဝကိုလည်းပေါ့ပေါ့ပါးပါး ဖြတ်သန်းလာခဲ့သူမို့ ဝမ်းနည်းစရာရှိပါက ဝမ်းနည်းပစ်လိုက်သလို ပျော်စရာရှိတာကိုလည်း စိတ်ရှိတိုင်း ပျော်ပစ်လိုက်သည်။

ဟိုးငယ်ငယ်ကတည်းက စိတ်ထဲဘာကိုမှစွဲစွဲမြဲမြဲမထားတတ်တော့ ဘယ်လောက်ဝမ်းနည်းစရာကိစ္စဖြစ်နေပါစေ၊ နာရီပိုင်းလောက်နှင့် မေ့မေ့ပျောက်ပျောက် ဖြစ်သွားမြဲ။

မှိုင်းနှင့်ပတ်သက်လာလျှင်လည်း ထိုနည်းတူစွာပင်။ မှိုင်းထံမှ ဘယ်လောက်အော်ခံရပါစေ၊ ဝမ်းနည်းစရာတွေ ဘယ်လိုကြုံရပါစေဦး။ တာရာက ကိုယ့်ဘာသာကိုဖြေတွေးပြီး ခဏလေးနှင့် ဟီးဟီးဟားဟား ပြန်ဖြစ်သွားရသည်။ တာရာဟာ ထိုသို့ပျော်ပျော်ရွှင်ရွင်လေး နေတတ်သည့်သူရယ်ပါ။

သို့သော်ဒီတစ်ခါတော့ရင်ထဲဆို့ဆို့နင့်နင့်ကြီးကျန်ခဲ့ရပါသည်။ တစ်ကြိမ်တစ်ခါမှမခံစားခဲ့ဖူးသည့်သိမ်ငယ်ခြင်းတွေကလည်း ရင်နှင့်အပြည့်ပင်။ မတွေးဘဲထားတာတောင် တစိမ့်စိမ့် ဖြစ်တည်လာသည့် ဝမ်းနည်းစိတ်တွေက တာရာ့အတွက် ခံရခက်လွန်းလှပါရဲ့။

"မင်းကို အိမ်ပေါ်ခေါ်တင်ပြီး ဒီအရွယ်ထိကျွေးထားခဲ့တာက မင်းဘဝအတွက် ငါ့မှာတာဝန်မကင်းဘူးလို့ ငါခံစားရလို့ပဲတာရာ မင်းအရွယ်ရောက်လို့ အချိန်တန်လာတဲ့အခါ မင်းကငါ့အိမ်ကနေထွက်ပြီး မင်းဘဝမင်းဆက်​ကြောင်းရမှာနားလည်လား ငါမင်းကိုတစ်သက်လုံးခေါ်ထားမှာမဟုတ်ဘူး"

မှိုင်းသူမအားပြောခဲ့သည့်စကားတို့ကိုပြန်ကြားယောင်လာတိုင်း မျက်ရည်တွေရစ်ဝဲရသည်အထိ ဝမ်းနည်းရပါသည်။ ရှက်ရွံ့သိမ်ငယ်ခြင်းတွေကလည်း တလှိုက်လှိုက်ဖြစ်လာရ၏။

ဘယ်လောက်ပဲ ဘဝကိုပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ပေါ့ပေါ့လေးတွေးကာ ဖြတ်သန်းခဲ့ပါစေဦး။ မှိုင်းအပေါ်ထားသည့် သူမခံစားချက်တွေက အမြဲလေးနက်ခဲ့ပါသည်။ အချစ်ဆိုတာ ဘာမှန်းရေရာစွာမသိခင်ကတည်းက မှိုင်းအပေါ်ငြိတွယ်ခဲ့သည့်နှောင်ကြိုးတို့ကခိုင်မြဲလွန်းခဲ့ပါသည်။  ဘာကိုမှစွဲစွဲမြဲမြဲမရှိခဲ့သည့်တာရာက ခြွင်းချက်အနေနှင့် မှိုင်းတစ်ယောက်ကိုတော့စွဲစွဲလမ်းလမ်းရှိခဲ့ပါသည်။

အချိန်တစ်ခုရောက်လျှင် မှိုင်းအချစ်ကိုရမည်။ မှိုင်းနှင့်လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားရမည်ဟူသော တာရာ့အတွေးတွေက သိပ်ကိုစိတ်ကူးယဉ်ဆန်လွန်းသွားခဲ့သည် ထင်ပါသည်။

ဟုတ်ပါသည်...တာရာတကယ်ကိုကလေးဆန်ခဲ့ပါသည်။ လက်တွေ့ကျကျမစဉ်းစားဘဲ ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးလေးတွေနှင့် ပျော်မွေ့နေရာမှ ရုတ်တရက်အိပ်မက်မှ လှုပ်နိုးခံရသလိုပင် ခံစားလိုက်ရ၏။ ရင်ထဲဟာခနဲ့ဖြစ်ပြီး လူကကြောင်တောင်တောင်ဖြစ်နေမိပါရဲ့။

တစ်ဖက်ကလည်း မှိုင်းကသူမကိုဘယ်သောမှမချစ်ခဲ့ဘူးဆိုသည့်အသိကလည်း ရင်ကိုဆို့နင့်နာကျင်စေခဲ့၏။ အထူးသဖြင့် အသက်ပြည့်ပါက မှိုင်းနှင့်ခွဲနေရတော့မည့်အဖြစ်အတွက် ကြိုတင်ကာကြောက်ရွံ့ထိတ်လန့်နေရသည်။ အရင်ကအသက်မြန်မြန်ပြည့်ဖို့ဆုတောင်းနေခဲ့သည့်တာရာဟာ အခုတော့အသက်ပြည့်သွားမှာကိုကြောက်လန့်ပြီး အချိန်တွေနောက်ပြန်ဆုတ်သွားရင်ကောင်းမှာပဲဟု အရူးတစ်ယောက်လိုတွေးနေမိ၏။

ထို့ကြောင့် ဘယ်သူနှင့်မှစကားပြောချင်စိတ်မရှိဘဲ အခန်းထဲသာအောင်းပြီး ဆိတ်ငြိမ်နေမိသည်။ တအားစကားများလွန်းသည့်ကောင်မလေးတွေ တကယ်ဝမ်းနည်းနာကျင်လာခဲ့လျှင် အခုလိုပဲ စကားတစ်ခွန်းတောင်မပြောနိုင်တော့ဘဲ တိတ်ဆိတ်နေကြမည်ထင်သည်။

ခိုင်ဇင်ကလှမ်းခေါ်လို့ စိတ်ပြေလို့ပြေဌား ထွက်လာပေမဲ့ ဘယ်လိုမှနေမပျော်ပြန်ပါ။ စိတ်နှင့်လူက ဘယ်လောက်တောင်မကပ်လဲဆိုလျှင် အိမ်ကထွက်လာသည့်အကြောင်း အန်တီမွန်ကိုပင် မပြောမိခဲ့ပါ။ သတိရလို့ ဖုန်းဆက်ပြောမည်လုပ်သေးသည်။ ဝမ်းနည်းစရာတွေက အတွေးထဲဝင်လာပြန်တော့ မေ့လျော့သွားရပြန်၏။ ခိုင်ဇင်ကဘာဖြစ်နေသလဲဟု မေးစဉ်ကလည်း ငိုချင်လျက်နှင့်လက်တို့ဖြစ်သွားရကာ တောင်စဉ်ရေမရတွေလျှောက်ပြောပြီး ငိုခဲ့ရသေးသည်။

မတွယ်တာ မွေးနေ့ပါတီသွားသည်ကလည်း လူများတော့အာရုံပြောင်းပြီး စိတ်ပျော်လာနိုင်မည်ဟု တွေးထား၍ပင်။ သို့သော်ပါတီပွဲမှာလည်း တာရာ့မှာဟန်ဆောင်ပြီးတောင်မပျော်နိုင်ဘဲ ငေးငိုင်နေရသည်။ ဒါကိုသတိထားမိသူက နေရိုး။

နေရိုးကအကင်းပါးသူမို့ ပါတီပွဲကအပြန်၌  တာရာ့ကိုချည်းကပ်ပြီး ဒီညclub partyတက်ဖို့ လာဖျားယောင်းတော့သည်။ အခါတိုင်းဆို ဒီကောင့်မျက်နှာမြင်လျှင် ဆဲလွတ်နေကြဖြစ်သော်လည်း အခုတော့ တာရာလည်းစိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည်မို့ အလွယ်တကူ လိုက်သွားမိသည်။ ဘယ်လောက်စိတ်လွတ်နေလဲဆိုရင် မတွယ်တာက taxiဌားပေးလိုက်တာတောင် ဘယ်ချိန်ကတည်းကပြန်ဆင်းခဲ့သည်မသိ။ ဒါကြောင့်နောက်ကလိုက်လာသည့်နေရိုးက တာရာ့ကို လာချည်းကပ်နိုင်ခြင်းပင်။

Clubရောက်တော့နေရိုးကတာရာ့ကို ဂရုစိုက်သလိုနှင့် အကြံအစည်ဖြင့် မူးသွားတဲ့အထိ အရက်တွေတိုက်တော့သည်။ နဂိုကမှစိတ်မပျော်ဖြစ်နေသည့်တာရာကလည်း ဘာအသိတရားမှမဝင်နိုင်တော့ဘဲ မူးအောင်သောက်ပစ်သည်။ တာရာမှောက်သွားတော့ နေရိုးက သူငှါးထားသည့်အောက်ကဟိုတယ်အခန်းရှိရာသို့ ခေါ်လာလိုက်သည်။ ဒီအခန်းက သူလပြတ်နှင့်ဌားထားပြီး ကောင်မလေးတွေကိုခေါ်စားနေကြဖြစ်သည်။ 

တာရာ့ကိုအခန်းထဲထားပြီးနောက် ဖြစ်ချင်တော့  ကိစ္စတစ်ခုပေါ်လာသဖြင့် အပြင်ခဏထွက်သွားခဲ့သည်။ ကံကောင်းချင်တော့ တာရာက သတိရလာသည်။ သို့သော် အမူးမပြယ်သေးတော့ အသိတရားကသိပ်မကပ်။ တာရာခမျာ ဘယ်လောက်တောင် စိတ်လွတ်နေသလဲဆိုရင် ဟိုတယ်အခန်းထဲရောက်နေသည့်တိုင် နေရိုး၏အကြံအစည်တို့ကိုပင် မရိပ်မိသေးဘဲ မူးတူးတူးနှင့် အခန်းအပြင်ထွက်ကာ ဟိုဟိုဒီဒီလျှောက်သွားရာမှ အပေါ့သွားချင်လာတော့ အိမ်သာဘက်သွားလိုက်သည်။ ပြီးနောက် အိမ်သာထဲအန်ရင်းမှ အိပ်ပျော်သွားသေးသည်။ ထို့ကြောင့် နေရိုးက သူမကိုဘယ်လောက်ရှာရှာမတွေ့တာပဲဖြစ်သည်။ တကယ်တော့ တာရာလေးမှာ အန်ဖတ်စို့၊ အမူးလွန်ပြီး အိမ်သာထဲ ခေါင်းမှောက်အိပ်ပျော်နေခြင်းပင်။

နာရီဝက်လောက်အိပ်နေပြီး ပြန်သတိရလာတော့ အမူးပြေစပြုနေပြီ။ သို့သော်လူကမတရားကို ထိုးအန်ထားလေတော့ အတော့်ကိုနုံးနေသည်။ အိမ်သာထဲမှ ယိုင်တိုင်တိုင်ထွက်လာပြီး အပြင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့သည်။

လေကောင်းလေသန့်လေးရလာသည့်အခါတော့ လူကစိတ်ကြည်စပြုလာပါသည်။ သို့သော် ဘယ်သွားပြီး ဘာလုပ်ရမှန်း တာရာမသိပါ။ တာရာ့တွင် ဖုန်းမရှိသလို ပိုက်ဆံလည်းမပါပါ။ ဘယ်အချိန်ရှိပြီမှန်းမသိပါသော်လည်း ညမီးရောင်အောက်၌ ကျိုးတို့ကျဲတဲသွားလာနေသောကားတွေကိုကြည့်ပြီး ညည့်နက်နေပြီဆိုတာကိုတော့ တာရာနားလည်လိုက်သည်။ ဖြတ်သွားဖြတ်လာ Taxiတွေရှိသေး၍ ကားဌားပြီးအိမ်ပြန်လို့ရသည့်တိုင် တာရာမငှါးမိပြန်ပါ။ ဘာကြောင့်မှန်းမသိ တာရာအိမ်မပြန်ချင်ပါ။

ထိုအိမ်ဟာ တာရာ့အိမ်မဟုတ်တော့သလို ခံစားနေရသည်။ တာရာကရူးလောက်အောင်ချစ်သော်လည်း တာရာ့ကိုမချစ်သည့်မှိုင်းနှင့် ရင်ဆိုင်ရမှာ ကြောက်ရွံ့နေမိ၏။

မြင်တွေ့ရလေ ပိုပိုင်ဆိုင်ချင်ဖြစ်နေပြီး ဘယ်တောမှပိုင်ဆိုင်ရမှာ မဟုတ်ဘူးဆိုသည့်အသိတရား၏နှိပ်စက်မှုဒဏ်ကိုလည်း ဒီနှလုံးသားကမခံနိုင်ဘူးထင်ပါသည်။ ထို့ကြောင့် တာရာအိမ်မပြန်ဖြစ်ဘဲ ခြေဦးတည့်ရာကိုသာ လျှောက်သွားနေမိ၏။

အခုတောင် မှိုင်းအကြောင်းတွေးရုံနှင့် အလိုလိုဝမ်းနည်းလာမိသည်။ ဒီနာကျင်မှုတွေထဲ လွင့်မျောသွားရပြန်တော့ အသိနှင့်ကိုယ်ဟာ မကပ်မိပြန်။ ခြေဦးတည့်ရာလျှောက်လာသည့် လမ်းတစ်လျှောက် မျက်ရည်တွေဟာ တပေါက်ပေါက်နှင့်..။

ညည့်နက်နေမှန်း သိပါသည်။ လူသူကင်းမဲ့နေသည့်လမ်းတွင် တစ်ယောက်တည်းလျှောက်သွားနေခြင်းက မကောင်းမှန်းလည်း တာရာသိနေသည်။ သို့သော် ဝမ်းနည်းဆို့နင့်နေသည့်ခံစားချက်တွေကို တာရာချုပ်ထိန်းလို့မရပါ။ ထို့ကြောင့် လျှောက်သွားနေရင်းမှ ဂုံးကျော်တံတားကိုတွေ့တော့ တံတားအပေါ်လေးတွဲ့သော ခြေလှမ်းတွေနှင့် တက်လာခဲ့မိသည်။

ပြီးနောက် ပလက်ဖောင်းပေါ်တက်၊ လက်ရန်းလေးကိုကိုင်ရင်း ညမြင်ကွင်းကို အဓိပ္ပာယ်ငေးကြည့်နေမိ၏။

မှိုင်းရယ် ဘာလို့တာရာ့ကိုမချစ်ရသလဲ..
ဘာဖြစ်လို့တာရာက မှိုင်းနဲ့ဆက်နေလို့မရသလဲ
မှိုင်းမရှိဘဲ တာရာအသက်မရှင်နိုင်ဘူးလေ
တာရာသေမှာ မှိုင်းရဲ့...

မူးနေသည့်အရှိန်လေးကလည်းရှိနေတော့ လူကပိုဝမ်းနည်းလာသည်ထင်ပါသည်။ ဘာကိုမှ မထိန်းချုပ်နိုင်တော့ဘဲ အရူးတစ်ယောက်လို တတွတ်တွတ်ဆိုနေရင်း မျက်ရည်တွေက ဖြေမဆည်နိုင်အောင်ပင် ကျလာခဲ့သည်။

ဒီကြားထဲ မိုးကတဖြောက်ဖြောက်ကျချင်လာသည်။ အသိစိတ်လွတ်နေသည့်တာရာကတော့ မလှုပ်မယှက်ရပ်ကာ ငိုနေမိဆဲ...။

အိမ်လည်းမပြန်ချင်၊ ဘယ်မှလည်းသွားစရာမရှိသည့်တာရာသည် တံတားလက်ရန်းကိုကိုင်ပြီး ကျောက်ရုပ်လိုရပ်နေရင်းမှ ကလေးတစ်ယောက်လို တသိမ့်သိမ့်ငိုကြွေးနေမိ၏။

ဒီတံတားအောက် ခုန်ဆင်းလိုက်ရင် ဒီဝမ်းနည်းနာကျင်မှုတွေ ပြေလျော့သွားမည်လား။ 

တပေါက်ပေါက်ကျနေသည့်မိုးရေစက်တွေကြား ရိူက်ကြီးတငင်ငိုကြွေးရင်းနှင့် တာရာအရူးတစ်ယောက်လိုတွေးမိတွေးရာတွေးနေမိပါသည်။

၁၈နှစ်အရွယ်အသည်းကွဲခြင်းက
ခံရခက်လိုက်တာ................
............... ............................... .......................

"ဝေါ...."

"ဟာ ... တောက်"

ရုတ်တရက်လေပြင်းဝှေ့ယမ်းပြီးနောက် ကျလာသည့်မိုးစက်တွေကိုကြည့်ပြီး မှိုင်းဒေါသတကြီး တက်ခေါက်လိုက်မိသည်။

တာရာ့ကိုရှာမတွေ့ရသည့်အထဲ မိုးကပါရွာမလိုဖြစ်နေတော့ ဒေါသထွက်သွားမိသည်။ လူကစိုးရိမ်စိတ်တွေနှင့်ထူပူနေတော့ ကားမောင်းနေရင်း သူ့လက်တွေပင် တုန်ချင်လာသည်။

တာရာမင်းဘယ်တွေလျှောက်သွားနေသလဲ။ ဘယ်ရောက်နေသလဲကွာ။ မင်းသာတစ်ခုခုဖြစ်သွားရင် ငါ့ကိုငါခွင့်လွတ်နိုင်မှာ မဟုတ်ဘူး...။

နောင်တတရားတွေနှင့် ကိုယ့်ကိုယ်ကိုယ်သာ အကြိမ်ကြိမ်ကျိန်ဆဲနေမိရင်း မျက်လုံးကလည်း အဖန်တလဲလဲမြင်ယောင်နေမိသည်က ချစ်စရာကောင်းသလောက် အပြစ်ကင်းစင်လှသည့် မျက်နှာလေး။

တီတီတာတာစကားလေးတွေကိုလည်း တတွတ်တွတ်ပြောတတ်ပြီး ဘယ်လောက်အော်အော် အချွဲမပျက်တတ်သည့်ကောင်မလေး။

ကျွတ်စ်....

မချင့်မရဲစိတ်တွေနှင့် စုပ်သပ်မိရင်း ဘယ်လိုမာနတွေကြောင့် ဒီကောင်မလေးသေးသေးလေးကို ဥပေက္ခာပြုရက်နိုင်သည့်ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မဆုံးဖြစ်ရပါသည်။

လက်မှနာရီကိုကြည့်တော့ ၁၁ခွဲနေပြီ။ တာရာ့ကိုအနားတစ်ဝိုက်ပတ်ရှာသော်လည်း မတွေ့သေးတော့ မှိုင်းအတော်လေးစိတ်ပူနေမိ၏။ ဒီကြားထဲမှ သောက်မိုးကလည်း ထရွာလာသေးသည်။

တောက်.. မိုးကလည်းအရေးအကြောင်းဆို ကျက်သရေတုံးပြီ။ တာရာရာ.. ကျေးဇူးပြုပြီးတော့ မင်းဘာမှမဖြစ်ပါစေနဲ့... ငါတောင်းပန်ပါတယ်.. အမြန်ပြန်တွေ့စမ်းပါ။

အားမရစိတ်တွေနှင့် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲဒေါသထွက်ကာ ထူပူနေသည့်မှိုင်းသည် ကားမောင်းနေရင်း နှုတ်ကလည်းမချိတင်ကဲစွာ ဆိုနေမိ၏။ ဒီနားတစ်ဝိုက်ရှာမတွေ့သည့်အဆုံး ကားကိုမောင်းထွက်သွားဖို့ပြင်ပြီးမှ ဂုံးကျော်တံတားကိုတွေ့​လိုက်တော့ ထိုဘက်ခြမ်းမရှာရသေးသည်ကိုသတိရကာ မောင်းထွက်လာလိုက်သည်။

သူ့အတွေးမှန်သွားသည်ဟုဆိုရမည်လား။ ဂုံးကျော်တံတားပေါ်သို့ဖြတ်အမောင်းတွင် မှုန်ဝါးဝါးညမီးရောင်နှင့် မိုးစက်တွေအောက်၌ အဝေးကိုငေးလျက် လမ်းကိုကျောပေးရပ်နေသည့်ကောင်မလေးတစ်ယောက်။

"ဟင်..."

မှိုင်းရင်တွေထိတ်ခနဲ့ဖြစ်သွားသည်။ တာရာများလားဆိုပြီး အနီးဆုံးပလက်ဖောင်နားတွင် ကားထိုးရပ်ပြီးဆင်းကြည့်တော့....

ဟုတ်ပါရဲ့... သူ့ပေါက်စနလေး။ လှိုက်ခနဲ့ ဝမ်းသာသွားမိသည်မှာ ဆိုဖွယ်ရာမရှိတော့ပါ။

"တာရာ..."

သူ့ခေါ်သံကြောင့် ကျောလေးတွေက တွန့်ခနဲ့ ဖြစ်သွားပြီး လှည့်ကြည့်လာရှာပါသည်။ မမျှော်လင့်ဘဲ သူ့ကိုတွေ့မြင်လိုက်ရတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အံ့ဩသင့်သလို ပြူးကျယ်သွားရင်း နှုတ်ခမ်းလေးတွေကလည်း လှုပ်ရုံလေးမျှ လှုပ်ခတ်သွားသည်။

"မှိုင်း..."

သို့သော်.. ထိုမျှသာဖြစ်သည်။ အခါတိုင်းသူ့ကိုမြင်သည်နှင့် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားသည့်ထိအောင် ဝမ်းသာအားရအော်ဟစ်တတ်သည့် နှုတ်ခမ်းလေးတွေက အခုတော့ငြိမ်သက်လွန်းနေပါလား။ ယုန်ပေါက်လေးလို ခုန်ပေါက်ပြေးလွှားလာတတ်သည့် ခြေထောက်ကလေးတွေကလည်း မလှုပ်မယှက်ရှိနေလို့။

ဘာလို့ဒီလောက်တောင်ငြိမ်သက်တိတ်ဆိတ်နေရသည်လဲ။ သူ မတွေးအားသေးပါ။ သူမကိုတွေ့သည်နှင့် ဝမ်းသာအားရပင် ဆွဲဖက်ထားမိရင်း..

"တာရာရာ.. မင်းဘယ်တွေလျှောက်သွားနေသလဲ ငါ့မှာမင်းကိုစိတ်ပူလိုက်ရတာ"

"............."

"မင်းကိုတစ်ညလုံးလိုက်ရှာနေတာသိလား.. တော်ပါသေးရဲ့ မင်းကိုအကောင်းအတိုင်း ပြန်တွေ့လို့ မဟုတ်ရင် ငါ့ကိုငါခွင့်လွတ်နိုင်မှာ မဟုတ်ဘူး"

"........"

"မင်းဘာမှမဖြစ်ဘူးမဟုတ်လား"

ဆံပင်လေးကိုတယုတယသပ်ရင်း သူစကားတွေတောက်လျှောက်ပြောနေသည့်တိုင် အင်မတန်စကားများလွန်းသည့်ကလေးမက အခုချိန်ထိ မလှုပ်မယှက်ငြိမ်သက်မြဲ။

မိုးရေစက်ကြောင့် ရေစိုထားသည့်ဆံနွယ်လေးတွေက ပါးကပ်ကပ်လေးမျှသာကျန်တော့ပြီး ခန္ဓာကိုယ်ကလည်း အေးစက်နေသည်။ သို့သော် ပါးနှစ်ဖက်ပေါ်၌ စိုရွဲနေသည်က မိုးရေစက်မဟုတ်ဘဲ မျက်ရည်စီးကြောင်းဆိုတာ သတိထားမိတော့ မှိုင်းတော်တော်စိတ်မကောင်းဖြစ်သွားရကာ..

"Sorryပါ.. တောင်းပန်ပါတယ် အဲ့ဒီနေ့က ငါစကားပြောမှားသွားခဲ့တယ်"

"..............."

"ဒါပေမဲ့ မင်းဒီလိုမျိုးတော့လျှောက်မသွားသင့်ဘူးလေတာရာ မင်းလိုမိန်းကလေးငယ်လေးအတွက်ဘယ်လောက်အန္တရာယ်များလဲသိလား.. မင်းတကယ်ငါ့ကိုစိတ်ပူအောင်လုပ်တယ်"

မှိုင်းကရုဏာဒေါသနှင့်ဆူပူနေတော့ တာရာ့နှုတ်ခမ်းတွေက မချိပြုံးလေးပြုံးကျသွားရင်း

"မှိုင်းက ဘာလို့တာရာ့အတွက် စိတ်ပူနေရသလဲ"

"တာရာ..."

"တာရာ့ကိုနည်းနည်းမှတောင် မချစ်ဘဲနဲ့ ဘာလို့စိတ်ပူရသလဲ"

ကလေးတစ်ယောက်လို နှုတ်ခမ်းလေးဆူလျက် ငိုမဲ့ငိုမဲ့နှင့် ဆိုနေသည့်တာရာ့ကိုကြည့်ရင်း ရယ်လည်းရယ်ချင်မိသလို ကရုဏာလည်း သက်မိပါသည်။ သို့သော်မိုးရေထဲတွင်မို့ အိမ်ရောက်မှရှင်းပြတော့မည်ဟုတွေးပြီး

"ကဲပါ.. အရင်ဆုံးပြန်ကြရအောင်နော် မိုးရွာနေတယ် လာကားပေါ်အရင်တက်"

လက်ကိုဆွဲလျက်ခေါ်လာဖို့ပြင်သော်လည်း တာရာက သူ့လက်ကိုချက်ချင်းရုန်းလိုက်ရင်း

"ဟင့်အင်း.. တာရာမပြန်ဘူး"

"တာရာ..."

"တာရာ့မှာ အိမ်မရှိဘူး ပြန်စရာမလိုဘူး"

ဂျစ်ကန်ကန်ဆိုနေသည့်တာရာအမူအရာလေးကြောင့် စိတ်မရှည်တတ်သည့်သူက ဒီတစ်ခါတော့ပြုံးမိကာ

"မင်းငါ့ကိုစိတ်ဆိုးနေတယ်ဆိုတာ ငါသိပါတယ် အိမ်ရောက်ရင် သေချာတောင်းပန်မှာမို့ အခုတော့ငါနဲ့ပြန်လိုက်ခဲ့ပါကွာ.. ကြည့်စမ်း မင်းအသားတွေအေးစက်နေတာပဲ မိုးရေထဲမနေသင့်တော့ဘူး"

မှိုင်းကပြောလည်းပြောပြီး သူ့အပေါ်အင်္ကျီကိုလည်းချွတ်ကာ သူမကိုခြုံပေးလိုက်သည်။ မှိုင်းအပြုအမူကြောင့် တာရာ့ရင်ထဲလှပ်ခနဲ့ဖြစ်သွားသည့်တိုင် စိတ်ကိုတင်းထားလိုက်ပြီး

"ဟင့်အင်း.. တာရာပြန်မလိုက်ဘူး တာရာ့ကို စိတ်ပူချင်ဟန်ဆောင်မနေဘဲနဲ့ မှိုင်းဘာသာ အိမ်ပြန်ပါ"

"တာရာ.. ငါကဘယ်လိုလုပ်ပြီး မင်းကိုဒီအချိန် ဒီနေရာမှာကြီး တစ်ယောက်တည်းထားခဲ့ရမှာလဲ အဓိပ္ပာယ်မရှိလိုက်တာကွာ"

"ဘယ်လိုပဲဖြစ်ဖြစ်တာရာက အပြင်လူပဲလေ မိသားစုမှမဟုတ်တာ အချိန်တန်မှိုင်းအိမ်ကနေ ထွက်သွားရမဲ့ သူစိမ်းပဲကို.."

ပြောရင်း ဝမ်းနည်းလာပုံရ၏။ မျက်ရည်တွေစီးကျလာသလို အသံတွေလည်း အဖျားခတ် တုန်ယင်သွားသည်။ သူ့ပြောလိုက်သည့်စကားတစ်ခွန်းဟာ သူမအတွက်ဘယ်လောက်တောင် စိတ်အနာတရဖြစ်သွားစေခဲ့သည်လဲ။

မှိုင်း တကယ်ကိုစိတ်မကောင်းဖြစ်သွားရကာ

"မဟုတ်ပါဘူးကွာ.. ငါပြောပြီးပြီလေ ငါမှားပြောမိတာပါ တောင်းပန်တယ်ဟုတ်ပြီလား"

"ဟင့်အင်း.. တစ်ချိန်ကျရင် စွန့်ပစ်မှာချင်းအတူ တာရာ့ကို အခုကတည်းက ဖြစ်ချင်ရာဖြစ် ထားခဲ့လိုက်ပါ.. မချစ်လို့ ပစ်ထားဖို့ဆုံးဖြတ်ထားတာပဲလေ တာရာဘာဖြစ်ဖြစ် မှိုင်းဂရုစိုက်စရာမလိုဘူး"

"ကျွတ်စ်.. တာရာမင်းအတော်ပြောရခက်ပါလား"

"ဟုတ်တယ်.. တာရာကအစကတည်းကဒီလိုပဲလေ ဒါကြောင့်မှိုင်းတာရာ့ကိုမုန်းခဲ့တာ မဟုတ်လား တာရာ့ကိုမုန်းလွန်းလို့ တစ်ချိန်လုံး စွန့်ပစ်ဖို့တွေးနေခဲ့တာလေ တာရာသိတာပေါ့"

မျက်ရည်စက်လက်နှင့်တာရာက ဂျစ်ကန်ကန် ပြန်အော်ရင်းပင် တစ်ဖက်သို့မျက်နှာလွဲချလိုက်ပြီး

"တာရာ သေသွားရင်တောင် မှိုင်းအပူမပါလို့ ဒီမှာပဲ တစ်ခါတည်းထားခဲ့လိုက်ပါ မှိုင်းစွန့်ပစ်သွားမဲ့ အချိန်ထိ တာရာမစောင့်ချင်ဘူး"

ပါးစပ်ကလည်း တတွတ်တွတ်ပြော၊ မျက်ရည်တွေပါ ပိုးပိုးပေါက်ပေါက်ကျနေသည့်တာရာ့ကိုကြည့်ပြီး မှိုင်းလည်း ဘာပြောရမှန်းမသိအောင်ဖြစ်သွားရသည်။

သူကမိန်းမကျမ်းကျေသော်လည်း မချော့တတ်။ ဘယ်သူ့ကိုမှလည်းမချော့ခဲ့ဖူးသဖြင့် ဘယ်ကနေ ဘယ်လိုချော့ရမှန်းလည်းမသိပါ။ စိတ်တွေညစ်လာသလို လက်တဆစ်သာရှိသည့်စိတ်ကလည်းမရှည်တော့ရာ

"တာရာ့ကိုမှိုင်းမှ .."

"တော်တော့.. တာရာ"

ဘာလုပ်ရမှန်းမသိဖြစ်နေသည့်မှိုင်းသည် စိတ်မရှည်တော့ဘဲ လုပ်လိုက်မိသည်က သူမကို ဆတ်ခနဲ့ထွေးပွေ့လိုက်ပြီးနောက် တပေါက်ပေါက်ဆိုနေသည့် နှုတ်ခမ်းအိအိလေးကို ဆွဲယူနမ်းပစ်လိုက်သည်။ ထိုအခါမှ တရစပ်ဆိုနေသည့် နှုတ်ခမ်းလေးတွေ တိတ်ကျသွား၏။

ရုတ်တရက်လူကိုဆွဲယူပြီး နမ်းလိုက်သည့်မှိုင်းကြောင့် တာရာ့မှာလည်းထင်မှတ်မထားသည်မို့ မျက်လုံးပြူးပြူးနှင့် ငြိမ်ကျသွားရသည်။ စိတ်တွေကလည်း ဗရမ်းဗတာဖြစ်သွားကုန်၏။ ခြေဖျားလက်ဖျားတွေပင် အေးစက်သွားသည်။ တဖွဲဖွဲကျနေသော မိုးရေစက်တွေကြောင့်မဟုတ်ဘဲ မွတ်သိပ်နေသော မှိုင်းအနမ်းတွေက သူမကိုအေးခဲသွားစေခဲ့ပါသည်။

သို့တိုင် ခန္ဓာကိုယ်သာ အေးစက်နေသည်။ ရင်တွေကတော့လှိုက်ဖိုရင်း ခံစားချက်တွေက ပေါက်ကွဲတော့မည့်မီးတောင်လို ဗလောင်ဆူနေတော့၏။

သို့သော်လည်း ဒီအနမ်းတွေ သူမကိုတစ်ခါနာကျင်စေခဲ့ပြီးပြီပဲ။ မျှော်လင့်ချက်တွေ ပျက်ဆီးသွားခဲ့ပြီးပြီမို့ တာရာမပျော်မွေ့နိုင်တော့ပါ။ လောလောလတ်လတ်ရထားသည့်ဒဏ်ရာက ဆစ်ခနဲ့နာကျင်လာမှုနှင့်အတူ မျက်ရည်စက်အချို့က ကြွေခလာရ၏။

မှိုင်းကတော့သူမဘာဖြစ်နေမှန်းမသိပါ။ နှုတ်ခမ်းဖူးဖူးလေးကို စိတ်လိုလက်ရနမ်းချေပစ်ပြီးမှ သူ့ရင်ခွင်ထဲကပိစိလေးကို ငုံ့ကြည့်လိုက်ပြီး

"တော်ပြီ အရင်အိမ်ပြန်ကြမယ်နော်"

"အခုရော မတော်တဆပဲလား"

တဆက်ဆက်တုန်ယင်နေသည့်နှုတ်ခမ်းလေးတွေနှင့် တာရာအံကြိတ်ပြီးမေးမိသည်။ မျက်ရည်စတွေက အခုထိမျက်ဝန်းတွင် ရစ်ဝဲနေဆဲ။

မှိုင်းတစ်ချက်ပြုံးလိုက်ပြီး

"မဟုတ်ဘူး တမင်နမ်းလိုက်တာ"

"ဘာလို့လဲ တာရာ့ကိုမချစ်ဘဲနဲ့"

"ဘယ်သူပြောလဲ မချစ်ဘူးလို့..."

"ဟင်..."

ထင်မှတ်မထားသည့်စကားကြောင့် တာရာက မျက်ရည်တွေရစ်ဝဲနေသည့် မျက်ဝန်းလေးတွေနှင့် မော့ကြည့်လာရှာသည်။

မှိုင်း ရင်ခွင်ထဲက ကောင်မလေးမျက်နှာကို ဆွဲမော့လိုက်သည်။ မိုးကတဖွဲဖွဲကျနေသည်ဆိုသော်လည်း ကျရုံလေးမျှသာကျနေသဖြင့် မိုးရေစက်တွေစင်နေသည့်မျက်နှာလေးက အတော်လေးချစ်စရာကောင်းနေသည်ကို အထင်းသားမြင်နေရသည်။

ငိုထားသဖြင့် မို့အစ်နေသည့်မျက်လုံးလေးတွေကအစ ချစ်စရာကောင်းနေသည်။ နှာတံလုံးလုံးလေးအောက်က နှုတ်ခမ်းဖူးအိအိလေးဆိုတာကလည်း အသည်းတယားယားနှင့် နမ်းချင်စရာလေး.။

ကြည့်စမ်း..ဘယ်လောက်ချစ်စရာကောင်းသည့်ကောင်မလေးလဲ။ ဒါနဲ့များသူကဘာကိုတွေဝေပြီး ရှောင်ပြေးနေဦးမည်လဲ။ အနားမှာထားပြီး ထွေးပိုက်ဖို့ ဘာလို့တွန့်ဆုတ်နေတော့မည်လဲ။

အတွေးဖြင့် ပကတိဆုံးဖြတ်ချက်ချလိုက်ကာ

"မင်းကိုချစ်တယ် တာရာ"

"ဟင်.."

အံ့ဩသွားသဖြင့် နှင်းဆီပန်းလေးလို့ ပွင့်အသွားသည့်နှုတ်ခမ်ဖူးဖူးလေးကို လက်ဖြင့် အသာအယာပွတ်သပ်ပေးမိရင်းနှင့်

"မင်းသိလား.. တာရာ မင်းက ငါပတ်သက်ဖူးတဲ့မိန်းမတွေထဲက အလှဆုံးမဟုတ်ဘူး ဒါပေမဲ့ ငါ့ရဲ့ပထမဆုံးရင်ခုန်သံနဲ့ ငါ့ကိုစိတ်ပူအောင် လုပ်နိုင်ခဲ့တဲ့ ပထမဆုံးမိန်းကလေးဖြစ်ခဲ့တယ်"

"............"

"မင်းကိုအလှဆုံးမဟုတ်ဘူးပြောလို့ စိတ်မဆိုးနဲ့ ငါ့နှလုံးသားက မင်းရဲ့အလှတရားကို ရွေးချယ်ခဲ့တာမဟုတ်ဘဲ မင်းဖြစ်နေလို့ အင်း.. တာရာနှင်းမြူဖြစ်နေလို့ကို ပထမဆုံးနဲ့နောက်ဆုံးလို့ပြောရဲတဲ့အထိချစ်မိသွားခဲ့တယ်"

"............."

တာရာဘာစကားမှမဆိုနိုင်ခဲ့ပါ။ မယုံချင်စရာကောင်းသော စကားတွေကြားနေရတော့ အိပ်မက်မက်နေခြင်းလားဟု မှင်သက်စွာတွေးနေမိ၏။ ထို့အတူရင်ခုန်သံတွေအောက်လည်းစီးမျောရင်း မှိုင်းမျက်နှာချောချောကိုသာအငေးသားကြည့်နေမိခဲ့သည်။

မှိုင်းမျက်ဝန်းတွေက ရီဝေနေ၏။ သူမတစ်ခါမှမမြင်ခဲ့ဖူးသော နူးညံ့ခြင်းနှင့်အကြင်နာတရားတွေပြည့်နေခဲ့သည်။ သူမနှုတ်ခမ်းဖူးဖူးလေးကို ထိတွေ့ကစားနေရင်းမှ မှိုင်းက

"ဒါကြောင့် ဒီနေ့ကစပြီး မင်းဘဝတစ်ခုလုံးသိသွားဖို့က ကိုယ်ကမင်းကိုအသက်ထက်ဆုံးထိချစ်တယ်ဆိုတာပဲ baby"

"အို...."

လှိုက်လဲနွေးထွေးစွာဆိုရင်းနှင့် နှုတ်ခမ်းဖူးဖူးလေးကို မြတ်နိုးစွာနမ်းမိလိုက်ပြန်သည်။ ခန္ဓာကိုယ်သေးသေးလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း သူ့ရင်ထဲအကြိမ်ကြိမ်အခါခါ သေချာသွားခဲ့ရသည်က..

ဒါသူ့ကောင်မလေး.. သူချစ်သည့်ကလေး
သူမြတ်နိုးတန်ဖိုးထားရသည့် ပေါက်စနလေး

ထို့ကြောင့် ဒီကောင်မလေးကိုဘယ်တောမှ လက်မလွတ်တော့ဘူးဆိုတာပါပဲ။ ဘာကိုမှ ရှောင်ပုန်းမနေတော့ဘဲ ဘယ်လိုအရာတွေကြုံတွေ့ပါစေ ဒီကလေးမလေးကို ရင်ခွင်ထဲကမထုတ်ဘဲ သိမ်းပိုက်ထားတော့မည်...။

နောက်တစ်ကြိမ်စွန့်ပစ်ဖို့ မတွေးရဲတော့သည်အထိ သူဟာဒီကောင်မလေးအပေါ် ဘယ်လောက်တောင် ချစ်မြတ်နိုးသွားခဲ့ရခြင်းလဲ။ တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ယှဉ်ရလည်း
ဒီကောင်မလေးရှိသည့်အခြမ်းတွင်သာနေပြီး အမြဲထွေးပွေ့သွားဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

မိုးဟာ တဖွဲဖွဲကျနေမြဲ.... ။ မိုးဖွဲအောက်က ညမီးရောင်ဟာလည်း ဝေဝါးနေဆဲ။ ဂုံးကျော်တံတားပေါ်တွင်တော့ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်တင်းတင်းဖက်ထားရင်း မြတ်နိုးမဝစွာ နမ်းရိူက်နေကြ၏။

မိုးရေစက်တွေဟာ အချစ်မိုးနှင့်မပြိုင်နိုင်တော့၍ အရူံးပေးရပ်စဲသွားသည့်တိုင် အနမ်းမိုးကတော့ ဆက်လက်ရွာသွန်းနေပါရဲ့......။

အချစ်၏စတင်ခြင်းဟာ မျက်ရည်စက်တွေ စွန်းပြီး အက်ရာလေးရှိခဲ့သည့်တိုင် မှောင်မိုက်သည့်ညအလယ်မှာတောင် သိပ်လှပနေခဲ့တော့၏။

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

🖤Until the End of Time🖤
(အသက္ထက္ဆုံးတိုင္.....)

အပိုင္း(၄၀)

တာရာ..

ဒီရက္ေတြမွာ ေနထိုင္မေကာင္းေအာင္ပင္ လူကဝမ္းနည္းသိမ္ငယ္ေနရ၏။ တာရာ တစ္ခါမွဒီလိုမခံစားခဲ့ဖူးပါ။ အရာရာတိုင္းကိုေပါ့ေပါ့ေတြးၿပီး ဘဝကိုလည္းေပါ့ေပါ့ပါးပါး ျဖတ္သန္းလာခဲ့သူမို႔ ဝမ္းနည္းစရာရွိပါက ဝမ္းနည္းပစ္လိုက္သလို ေပ်ာ္စရာရွိတာကိုလည္း စိတ္ရွိတိုင္း ေပ်ာ္ပစ္လိုက္သည္။

ဟိုးငယ္ငယ္ကတည္းက စိတ္ထဲဘာကိုမွစြဲစြဲၿမဲၿမဲမထားတတ္ေတာ့ ဘယ္ေလာက္ဝမ္းနည္းစရာကိစၥျဖစ္ေနပါေစ၊ နာရီပိုင္းေလာက္ႏွင့္ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၿမဲ။

မႈိင္းႏွင့္ပတ္သက္လာလွ်င္လည္း ထိုနည္းတူစြာပင္။ မႈိင္းထံမွ ဘယ္ေလာက္ေအာ္ခံရပါေစ၊ ဝမ္းနည္းစရာေတြ ဘယ္လိုႀကဳံရပါေစဦး။ တာရာက ကိုယ့္ဘာသာကိုေျဖေတြးၿပီး ခဏေလးႏွင့္ ဟီးဟီးဟားဟား ျပန္ျဖစ္သြားရသည္။ တာရာဟာ ထိုသို႔ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ေလး ေနတတ္သည့္သူရယ္ပါ။

သို႔ေသာ္ဒီတစ္ခါေတာ့ရင္ထဲဆို႔ဆို႔နင့္နင့္ႀကီးက်န္ခဲ့ရပါသည္။ တစ္ႀကိမ္တစ္ခါမွမခံစားခဲ့ဖူးသည့္သိမ္ငယ္ျခင္းေတြကလည္း ရင္ႏွင့္အျပည့္ပင္။ မေတြးဘဲထားတာေတာင္ တစိမ့္စိမ့္ ျဖစ္တည္လာသည့္ ဝမ္းနည္းစိတ္ေတြက တာရာ့အတြက္ ခံရခက္လြန္းလွပါရဲ႕။

"မင္းကို အိမ္ေပၚေခၚတင္ၿပီး ဒီအ႐ြယ္ထိေကြၽးထားခဲ့တာက မင္းဘဝအတြက္ ငါ့မွာတာဝန္မကင္းဘူးလို႔ ငါခံစားရလို႔ပဲတာရာ မင္းအ႐ြယ္ေရာက္လို႔ အခ်ိန္တန္လာတဲ့အခါ မင္းကငါ့အိမ္ကေနထြက္ၿပီး မင္းဘဝမင္းဆက္​ေၾကာင္းရမွာနားလည္လား ငါမင္းကိုတစ္သက္လုံးေခၚထားမွာမဟုတ္ဘူး"

မႈိင္းသူမအားေျပာခဲ့သည့္စကားတို႔ကိုျပန္ၾကားေယာင္လာတိုင္း မ်က္ရည္ေတြရစ္ဝဲရသည္အထိ ဝမ္းနည္းရပါသည္။ ရွက္႐ြံ႕သိမ္ငယ္ျခင္းေတြကလည္း တလႈိက္လႈိက္ျဖစ္လာရ၏။

ဘယ္ေလာက္ပဲ ဘဝကိုေပါ့ေပါ့ေန ေပါ့ေပါ့စားၿပီး ေပါ့ေပါ့ေလးေတြးကာ ျဖတ္သန္းခဲ့ပါေစဦး။ မႈိင္းအေပၚထားသည့္ သူမခံစားခ်က္ေတြက အၿမဲေလးနက္ခဲ့ပါသည္။ အခ်စ္ဆိုတာ ဘာမွန္းေရရာစြာမသိခင္ကတည္းက မႈိင္းအေပၚၿငိတြယ္ခဲ့သည့္ေႏွာင္ႀကိဳးတို႔ကခိုင္ၿမဲလြန္းခဲ့ပါသည္။  ဘာကိုမွစြဲစြဲၿမဲၿမဲမရွိခဲ့သည့္တာရာက ႁခြင္းခ်က္အေနႏွင့္ မႈိင္းတစ္ေယာက္ကိုေတာ့စြဲစြဲလမ္းလမ္းရွိခဲ့ပါသည္။

အခ်ိန္တစ္ခုေရာက္လွ်င္ မႈိင္းအခ်စ္ကိုရမည္။ မႈိင္းႏွင့္လက္ထပ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားရမည္ဟူေသာ တာရာ့အေတြးေတြက သိပ္ကိုစိတ္ကူးယဥ္ဆန္လြန္းသြားခဲ့သည္ ထင္ပါသည္။

ဟုတ္ပါသည္...တာရာတကယ္ကိုကေလးဆန္ခဲ့ပါသည္။ လက္ေတြ႕က်က်မစဥ္းစားဘဲ ကိုယ့္အေတြး၊ ကိုယ့္စိတ္ကူးေလးေတြႏွင့္ ေပ်ာ္ေမြ႕ေနရာမွ ႐ုတ္တရက္အိပ္မက္မွ လႈပ္ႏိုးခံရသလိုပင္ ခံစားလိုက္ရ၏။ ရင္ထဲဟာခနဲ႔ျဖစ္ၿပီး လူကေၾကာင္ေတာင္ေတာင္ျဖစ္ေနမိပါရဲ႕။

တစ္ဖက္ကလည္း မႈိင္းကသူမကိုဘယ္ေသာမွမခ်စ္ခဲ့ဘူးဆိုသည့္အသိကလည္း ရင္ကိုဆို႔နင့္နာက်င္ေစခဲ့၏။ အထူးသျဖင့္ အသက္ျပည့္ပါက မႈိင္းႏွင့္ခြဲေနရေတာ့မည့္အျဖစ္အတြက္ ႀကိဳတင္ကာေၾကာက္႐ြံ႕ထိတ္လန္႔ေနရသည္။ အရင္ကအသက္ျမန္ျမန္ျပည့္ဖို႔ဆုေတာင္းေနခဲ့သည့္တာရာဟာ အခုေတာ့အသက္ျပည့္သြားမွာကိုေၾကာက္လန္႔ၿပီး အခ်ိန္ေတြေနာက္ျပန္ဆုတ္သြားရင္ေကာင္းမွာပဲဟု အ႐ူးတစ္ေယာက္လိုေတြးေနမိ၏။

ထို႔ေၾကာင့္ ဘယ္သူႏွင့္မွစကားေျပာခ်င္စိတ္မရွိဘဲ အခန္းထဲသာေအာင္းၿပီး ဆိတ္ၿငိမ္ေနမိသည္။ တအားစကားမ်ားလြန္းသည့္ေကာင္မေလးေတြ တကယ္ဝမ္းနည္းနာက်င္လာခဲ့လွ်င္ အခုလိုပဲ စကားတစ္ခြန္းေတာင္မေျပာႏိုင္ေတာ့ဘဲ တိတ္ဆိတ္ေနၾကမည္ထင္သည္။

ခိုင္ဇင္ကလွမ္းေခၚလို႔ စိတ္ေျပလို႔ေျပဌား ထြက္လာေပမဲ့ ဘယ္လိုမွေနမေပ်ာ္ျပန္ပါ။ စိတ္ႏွင့္လူက ဘယ္ေလာက္ေတာင္မကပ္လဲဆိုလွ်င္ အိမ္ကထြက္လာသည့္အေၾကာင္း အန္တီမြန္ကိုပင္ မေျပာမိခဲ့ပါ။ သတိရလို႔ ဖုန္းဆက္ေျပာမည္လုပ္ေသးသည္။ ဝမ္းနည္းစရာေတြက အေတြးထဲဝင္လာျပန္ေတာ့ ေမ့ေလ်ာ့သြားရျပန္၏။ ခိုင္ဇင္ကဘာျဖစ္ေနသလဲဟု ေမးစဥ္ကလည္း ငိုခ်င္လ်က္ႏွင့္လက္တို႔ျဖစ္သြားရကာ ေတာင္စဥ္ေရမရေတြေလွ်ာက္ေျပာၿပီး ငိုခဲ့ရေသးသည္။

မတြယ္တာ ေမြးေန႔ပါတီသြားသည္ကလည္း လူမ်ားေတာ့အာ႐ုံေျပာင္းၿပီး စိတ္ေပ်ာ္လာႏိုင္မည္ဟု ေတြးထား၍ပင္။ သို႔ေသာ္ပါတီပြဲမွာလည္း တာရာ့မွာဟန္ေဆာင္ၿပီးေတာင္မေပ်ာ္ႏိုင္ဘဲ ေငးငိုင္ေနရသည္။ ဒါကိုသတိထားမိသူက ေန႐ိုး။

ေန႐ိုးကအကင္းပါးသူမို႔ ပါတီပြဲကအျပန္၌  တာရာ့ကိုခ်ည္းကပ္ၿပီး ဒီညclub partyတက္ဖို႔ လာဖ်ားေယာင္းေတာ့သည္။ အခါတိုင္းဆို ဒီေကာင့္မ်က္ႏွာျမင္လွ်င္ ဆဲလြတ္ေနၾကျဖစ္ေသာ္လည္း အခုေတာ့ တာရာလည္းစိတ္ႏွင့္ကိုယ္မကပ္ျဖစ္ေနသည္မို႔ အလြယ္တကူ လိုက္သြားမိသည္။ ဘယ္ေလာက္စိတ္လြတ္ေနလဲဆိုရင္ မတြယ္တာက taxiဌားေပးလိုက္တာေတာင္ ဘယ္ခ်ိန္ကတည္းကျပန္ဆင္းခဲ့သည္မသိ။ ဒါေၾကာင့္ေနာက္ကလိုက္လာသည့္ေန႐ိုးက တာရာ့ကို လာခ်ည္းကပ္ႏိုင္ျခင္းပင္။

Clubေရာက္ေတာ့ေန႐ိုးကတာရာ့ကို ဂ႐ုစိုက္သလိုႏွင့္ အႀကံအစည္ျဖင့္ မူးသြားတဲ့အထိ အရက္ေတြတိုက္ေတာ့သည္။ နဂိုကမွစိတ္မေပ်ာ္ျဖစ္ေနသည့္တာရာကလည္း ဘာအသိတရားမွမဝင္ႏိုင္ေတာ့ဘဲ မူးေအာင္ေသာက္ပစ္သည္။ တာရာေမွာက္သြားေတာ့ ေန႐ိုးက သူငွါးထားသည့္ေအာက္ကဟိုတယ္အခန္းရွိရာသို႔ ေခၚလာလိုက္သည္။ ဒီအခန္းက သူလျပတ္ႏွင့္ဌားထားၿပီး ေကာင္မေလးေတြကိုေခၚစားေနၾကျဖစ္သည္။ 

တာရာ့ကိုအခန္းထဲထားၿပီးေနာက္ ျဖစ္ခ်င္ေတာ့  ကိစၥတစ္ခုေပၚလာသျဖင့္ အျပင္ခဏထြက္သြားခဲ့သည္။ ကံေကာင္းခ်င္ေတာ့ တာရာက သတိရလာသည္။ သို႔ေသာ္ အမူးမျပယ္ေသးေတာ့ အသိတရားကသိပ္မကပ္။ တာရာခမ်ာ ဘယ္ေလာက္ေတာင္ စိတ္လြတ္ေနသလဲဆိုရင္ ဟိုတယ္အခန္းထဲေရာက္ေနသည့္တိုင္ ေန႐ိုး၏အႀကံအစည္တို႔ကိုပင္ မရိပ္မိေသးဘဲ မူးတူးတူးႏွင့္ အခန္းအျပင္ထြက္ကာ ဟိုဟိုဒီဒီေလွ်ာက္သြားရာမွ အေပါ့သြားခ်င္လာေတာ့ အိမ္သာဘက္သြားလိုက္သည္။ ၿပီးေနာက္ အိမ္သာထဲအန္ရင္းမွ အိပ္ေပ်ာ္သြားေသးသည္။ ထို႔ေၾကာင့္ ေန႐ိုးက သူမကိုဘယ္ေလာက္ရွာရွာမေတြ႕တာပဲျဖစ္သည္။ တကယ္ေတာ့ တာရာေလးမွာ အန္ဖတ္စို႔၊ အမူးလြန္ၿပီး အိမ္သာထဲ ေခါင္းေမွာက္အိပ္ေပ်ာ္ေနျခင္းပင္။

နာရီဝက္ေလာက္အိပ္ေနၿပီး ျပန္သတိရလာေတာ့ အမူးေျပစျပဳေနၿပီ။ သို႔ေသာ္လူကမတရားကို ထိုးအန္ထားေလေတာ့ အေတာ့္ကိုႏုံးေနသည္။ အိမ္သာထဲမွ ယိုင္တိုင္တိုင္ထြက္လာၿပီး အျပင္ဘက္ကို လမ္းေလွ်ာက္ထြက္လာခဲ့သည္။

ေလေကာင္းေလသန္႔ေလးရလာသည့္အခါေတာ့ လူကစိတ္ၾကည္စျပဳလာပါသည္။ သို႔ေသာ္ ဘယ္သြားၿပီး ဘာလုပ္ရမွန္း တာရာမသိပါ။ တာရာ့တြင္ ဖုန္းမရွိသလို ပိုက္ဆံလည္းမပါပါ။ ဘယ္အခ်ိန္ရွိၿပီမွန္းမသိပါေသာ္လည္း ညမီးေရာင္ေအာက္၌ က်ိဳးတို႔က်ဲတဲသြားလာေနေသာကားေတြကိုၾကည့္ၿပီး ညည့္နက္ေနၿပီဆိုတာကိုေတာ့ တာရာနားလည္လိုက္သည္။ ျဖတ္သြားျဖတ္လာ Taxiေတြရွိေသး၍ ကားဌားၿပီးအိမ္ျပန္လို႔ရသည့္တိုင္ တာရာမငွါးမိျပန္ပါ။ ဘာေၾကာင့္မွန္းမသိ တာရာအိမ္မျပန္ခ်င္ပါ။

ထိုအိမ္ဟာ တာရာ့အိမ္မဟုတ္ေတာ့သလို ခံစားေနရသည္။ တာရာက႐ူးေလာက္ေအာင္ခ်စ္ေသာ္လည္း တာရာ့ကိုမခ်စ္သည့္မႈိင္းႏွင့္ ရင္ဆိုင္ရမွာ ေၾကာက္႐ြံ႕ေနမိ၏။

ျမင္ေတြ႕ရေလ ပိုပိုင္ဆိုင္ခ်င္ျဖစ္ေနၿပီး ဘယ္ေတာမွပိုင္ဆိုင္ရမွာ မဟုတ္ဘူးဆိုသည့္အသိတရား၏ႏွိပ္စက္မႈဒဏ္ကိုလည္း ဒီႏွလုံးသားကမခံႏိုင္ဘူးထင္ပါသည္။ ထို႔ေၾကာင့္ တာရာအိမ္မျပန္ျဖစ္ဘဲ ေျခဦးတည့္ရာကိုသာ ေလွ်ာက္သြားေနမိ၏။

အခုေတာင္ မႈိင္းအေၾကာင္းေတြး႐ုံႏွင့္ အလိုလိုဝမ္းနည္းလာမိသည္။ ဒီနာက်င္မႈေတြထဲ လြင့္ေမ်ာသြားရျပန္ေတာ့ အသိႏွင့္ကိုယ္ဟာ မကပ္မိျပန္။ ေျခဦးတည့္ရာေလွ်ာက္လာသည့္ လမ္းတစ္ေလွ်ာက္ မ်က္ရည္ေတြဟာ တေပါက္ေပါက္ႏွင့္..။

ညည့္နက္ေနမွန္း သိပါသည္။ လူသူကင္းမဲ့ေနသည့္လမ္းတြင္ တစ္ေယာက္တည္းေလွ်ာက္သြားေနျခင္းက မေကာင္းမွန္းလည္း တာရာသိေနသည္။ သို႔ေသာ္ ဝမ္းနည္းဆို႔နင့္ေနသည့္ခံစားခ်က္ေတြကို တာရာခ်ဳပ္ထိန္းလို႔မရပါ။ ထို႔ေၾကာင့္ ေလွ်ာက္သြားေနရင္းမွ ဂုံးေက်ာ္တံတားကိုေတြ႕ေတာ့ တံတားအေပၚေလးတြဲ႕ေသာ ေျခလွမ္းေတြႏွင့္ တက္လာခဲ့မိသည္။

ၿပီးေနာက္ ပလက္ေဖာင္းေပၚတက္၊ လက္ရန္းေလးကိုကိုင္ရင္း ညျမင္ကြင္းကို အဓိပၸာယ္ေငးၾကည့္ေနမိ၏။

မႈိင္းရယ္ ဘာလို႔တာရာ့ကိုမခ်စ္ရသလဲ..
ဘာျဖစ္လို႔တာရာက မႈိင္းနဲ႔ဆက္ေနလို႔မရသလဲ
မႈိင္းမရွိဘဲ တာရာအသက္မရွင္ႏိုင္ဘူးေလ
တာရာေသမွာ မႈိင္းရဲ႕...

မူးေနသည့္အရွိန္ေလးကလည္းရွိေနေတာ့ လူကပိုဝမ္းနည္းလာသည္ထင္ပါသည္။ ဘာကိုမွ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ အ႐ူးတစ္ေယာက္လို တတြတ္တြတ္ဆိုေနရင္း မ်က္ရည္ေတြက ေျဖမဆည္ႏိုင္ေအာင္ပင္ က်လာခဲ့သည္။

ဒီၾကားထဲ မိုးကတေျဖာက္ေျဖာက္က်ခ်င္လာသည္။ အသိစိတ္လြတ္ေနသည့္တာရာကေတာ့ မလႈပ္မယွက္ရပ္ကာ ငိုေနမိဆဲ...။

အိမ္လည္းမျပန္ခ်င္၊ ဘယ္မွလည္းသြားစရာမရွိသည့္တာရာသည္ တံတားလက္ရန္းကိုကိုင္ၿပီး ေက်ာက္႐ုပ္လိုရပ္ေနရင္းမွ ကေလးတစ္ေယာက္လို တသိမ့္သိမ့္ငိုေႂကြးေနမိ၏။

ဒီတံတားေအာက္ ခုန္ဆင္းလိုက္ရင္ ဒီဝမ္းနည္းနာက်င္မႈေတြ ေျပေလ်ာ့သြားမည္လား။ 

တေပါက္ေပါက္က်ေနသည့္မိုးေရစက္ေတြၾကား ႐ိူက္ႀကီးတငင္ငိုေႂကြးရင္းႏွင့္ တာရာအ႐ူးတစ္ေယာက္လိုေတြးမိေတြးရာေတြးေနမိပါသည္။

၁၈ႏွစ္အ႐ြယ္အသည္းကြဲျခင္းက
ခံရခက္လိုက္တာ................
............... ............................... .......................

"ေဝါ...."

"ဟာ ... ေတာက္"

႐ုတ္တရက္ေလျပင္းေဝွ႔ယမ္းၿပီးေနာက္ က်လာသည့္မိုးစက္ေတြကိုၾကည့္ၿပီး မႈိင္းေဒါသတႀကီး တက္ေခါက္လိုက္မိသည္။

တာရာ့ကိုရွာမေတြ႕ရသည့္အထဲ မိုးကပါ႐ြာမလိုျဖစ္ေနေတာ့ ေဒါသထြက္သြားမိသည္။ လူကစိုးရိမ္စိတ္ေတြႏွင့္ထူပူေနေတာ့ ကားေမာင္းေနရင္း သူ႔လက္ေတြပင္ တုန္ခ်င္လာသည္။

တာရာမင္းဘယ္ေတြေလွ်ာက္သြားေနသလဲ။ ဘယ္ေရာက္ေနသလဲကြာ။ မင္းသာတစ္ခုခုျဖစ္သြားရင္ ငါ့ကိုငါခြင့္လြတ္ႏိုင္မွာ မဟုတ္ဘူး...။

ေနာင္တတရားေတြႏွင့္ ကိုယ့္ကိုယ္ကိုယ္သာ အႀကိမ္ႀကိမ္က်ိန္ဆဲေနမိရင္း မ်က္လုံးကလည္း အဖန္တလဲလဲျမင္ေယာင္ေနမိသည္က ခ်စ္စရာေကာင္းသေလာက္ အျပစ္ကင္းစင္လွသည့္ မ်က္ႏွာေလး။

တီတီတာတာစကားေလးေတြကိုလည္း တတြတ္တြတ္ေျပာတတ္ၿပီး ဘယ္ေလာက္ေအာ္ေအာ္ အခြၽဲမပ်က္တတ္သည့္ေကာင္မေလး။

ကြၽတ္စ္....

မခ်င့္မရဲစိတ္ေတြႏွင့္ စုပ္သပ္မိရင္း ဘယ္လိုမာနေတြေၾကာင့္ ဒီေကာင္မေလးေသးေသးေလးကို ဥေပကၡာျပဳရက္ႏိုင္သည့္ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္မဆုံးျဖစ္ရပါသည္။

လက္မွနာရီကိုၾကည့္ေတာ့ ၁၁ခြဲေနၿပီ။ တာရာ့ကိုအနားတစ္ဝိုက္ပတ္ရွာေသာ္လည္း မေတြ႕ေသးေတာ့ မႈိင္းအေတာ္ေလးစိတ္ပူေနမိ၏။ ဒီၾကားထဲမွ ေသာက္မိုးကလည္း ထ႐ြာလာေသးသည္။

ေတာက္.. မိုးကလည္းအေရးအေၾကာင္းဆို က်က္သေရတုံးၿပီ။ တာရာရာ.. ေက်းဇူးျပဳၿပီးေတာ့ မင္းဘာမွမျဖစ္ပါေစနဲ႔... ငါေတာင္းပန္ပါတယ္.. အျမန္ျပန္ေတြ႕စမ္းပါ။

အားမရစိတ္ေတြႏွင့္ ကိုယ့္ကိုယ္ကိုယ္က်ိန္ဆဲေဒါသထြက္ကာ ထူပူေနသည့္မႈိင္းသည္ ကားေမာင္းေနရင္း ႏႈတ္ကလည္းမခ်ိတင္ကဲစြာ ဆိုေနမိ၏။ ဒီနားတစ္ဝိုက္ရွာမေတြ႕သည့္အဆုံး ကားကိုေမာင္းထြက္သြားဖို႔ျပင္ၿပီးမွ ဂုံးေက်ာ္တံတားကိုေတြ႕​လိုက္ေတာ့ ထိုဘက္ျခမ္းမရွာရေသးသည္ကိုသတိရကာ ေမာင္းထြက္လာလိုက္သည္။

သူ႔အေတြးမွန္သြားသည္ဟုဆိုရမည္လား။ ဂုံးေက်ာ္တံတားေပၚသို႔ျဖတ္အေမာင္းတြင္ မႈန္ဝါးဝါးညမီးေရာင္ႏွင့္ မိုးစက္ေတြေအာက္၌ အေဝးကိုေငးလ်က္ လမ္းကိုေက်ာေပးရပ္ေနသည့္ေကာင္မေလးတစ္ေယာက္။

"ဟင္..."

မႈိင္းရင္ေတြထိတ္ခနဲ႔ျဖစ္သြားသည္။ တာရာမ်ားလားဆိုၿပီး အနီးဆုံးပလက္ေဖာင္နားတြင္ ကားထိုးရပ္ၿပီးဆင္းၾကည့္ေတာ့....

ဟုတ္ပါရဲ႕... သူ႔ေပါက္စနေလး။ လႈိက္ခနဲ႔ ဝမ္းသာသြားမိသည္မွာ ဆိုဖြယ္ရာမရွိေတာ့ပါ။

"တာရာ..."

သူ႔ေခၚသံေၾကာင့္ ေက်ာေလးေတြက တြန္႔ခနဲ႔ ျဖစ္သြားၿပီး လွည့္ၾကည့္လာရွာပါသည္။ မေမွ်ာ္လင့္ဘဲ သူ႔ကိုေတြ႕ျမင္လိုက္ရေတာ့ မ်က္လုံးဝိုင္းဝိုင္းေလးေတြက အံ့ဩသင့္သလို ျပဴးက်ယ္သြားရင္း ႏႈတ္ခမ္းေလးေတြကလည္း လႈပ္႐ုံေလးမွ် လႈပ္ခတ္သြားသည္။

"မႈိင္း..."

သို႔ေသာ္.. ထိုမွ်သာျဖစ္သည္။ အခါတိုင္းသူ႔ကိုျမင္သည္ႏွင့္ ခုႏွစ္အိမ္ၾကားရွစ္အိမ္ၾကားသည့္ထိေအာင္ ဝမ္းသာအားရေအာ္ဟစ္တတ္သည့္ ႏႈတ္ခမ္းေလးေတြက အခုေတာ့ၿငိမ္သက္လြန္းေနပါလား။ ယုန္ေပါက္ေလးလို ခုန္ေပါက္ေျပးလႊားလာတတ္သည့္ ေျခေထာက္ကေလးေတြကလည္း မလႈပ္မယွက္ရွိေနလို႔။

ဘာလို႔ဒီေလာက္ေတာင္ၿငိမ္သက္တိတ္ဆိတ္ေနရသည္လဲ။ သူ မေတြးအားေသးပါ။ သူမကိုေတြ႕သည္ႏွင့္ ဝမ္းသာအားရပင္ ဆြဲဖက္ထားမိရင္း..

"တာရာရာ.. မင္းဘယ္ေတြေလွ်ာက္သြားေနသလဲ ငါ့မွာမင္းကိုစိတ္ပူလိုက္ရတာ"

"............."

"မင္းကိုတစ္ညလုံးလိုက္ရွာေနတာသိလား.. ေတာ္ပါေသးရဲ႕ မင္းကိုအေကာင္းအတိုင္း ျပန္ေတြ႕လို႔ မဟုတ္ရင္ ငါ့ကိုငါခြင့္လြတ္ႏိုင္မွာ မဟုတ္ဘူး"

"........"

"မင္းဘာမွမျဖစ္ဘူးမဟုတ္လား"

ဆံပင္ေလးကိုတယုတယသပ္ရင္း သူစကားေတြေတာက္ေလွ်ာက္ေျပာေနသည့္တိုင္ အင္မတန္စကားမ်ားလြန္းသည့္ကေလးမက အခုခ်ိန္ထိ မလႈပ္မယွက္ၿငိမ္သက္ၿမဲ။

မိုးေရစက္ေၾကာင့္ ေရစိုထားသည့္ဆံႏြယ္ေလးေတြက ပါးကပ္ကပ္ေလးမွ်သာက်န္ေတာ့ၿပီး ခႏၶာကိုယ္ကလည္း ေအးစက္ေနသည္။ သို႔ေသာ္ ပါးႏွစ္ဖက္ေပၚ၌ စို႐ြဲေနသည္က မိုးေရစက္မဟုတ္ဘဲ မ်က္ရည္စီးေၾကာင္းဆိုတာ သတိထားမိေတာ့ မႈိင္းေတာ္ေတာ္စိတ္မေကာင္းျဖစ္သြားရကာ..

"Sorryပါ.. ေတာင္းပန္ပါတယ္ အဲ့ဒီေန႔က ငါစကားေျပာမွားသြားခဲ့တယ္"

"..............."

"ဒါေပမဲ့ မင္းဒီလိုမ်ိဳးေတာ့ေလွ်ာက္မသြားသင့္ဘူးေလတာရာ မင္းလိုမိန္းကေလးငယ္ေလးအတြက္ဘယ္ေလာက္အႏၲရာယ္မ်ားလဲသိလား.. မင္းတကယ္ငါ့ကိုစိတ္ပူေအာင္လုပ္တယ္"

မႈိင္းက႐ုဏာေဒါသႏွင့္ဆူပူေနေတာ့ တာရာ့ႏႈတ္ခမ္းေတြက မခ်ိၿပဳံးေလးၿပဳံးက်သြားရင္း

"မႈိင္းက ဘာလို႔တာရာ့အတြက္ စိတ္ပူေနရသလဲ"

"တာရာ..."

"တာရာ့ကိုနည္းနည္းမွေတာင္ မခ်စ္ဘဲနဲ႔ ဘာလို႔စိတ္ပူရသလဲ"

ကေလးတစ္ေယာက္လို ႏႈတ္ခမ္းေလးဆူလ်က္ ငိုမဲ့ငိုမဲ့ႏွင့္ ဆိုေနသည့္တာရာ့ကိုၾကည့္ရင္း ရယ္လည္းရယ္ခ်င္မိသလို က႐ုဏာလည္း သက္မိပါသည္။ သို႔ေသာ္မိုးေရထဲတြင္မို႔ အိမ္ေရာက္မွရွင္းျပေတာ့မည္ဟုေတြးၿပီး

"ကဲပါ.. အရင္ဆုံးျပန္ၾကရေအာင္ေနာ္ မိုး႐ြာေနတယ္ လာကားေပၚအရင္တက္"

လက္ကိုဆြဲလ်က္ေခၚလာဖို႔ျပင္ေသာ္လည္း တာရာက သူ႔လက္ကိုခ်က္ခ်င္း႐ုန္းလိုက္ရင္း

"ဟင့္အင္း.. တာရာမျပန္ဘူး"

"တာရာ..."

"တာရာ့မွာ အိမ္မရွိဘူး ျပန္စရာမလိုဘူး"

ဂ်စ္ကန္ကန္ဆိုေနသည့္တာရာအမူအရာေလးေၾကာင့္ စိတ္မရွည္တတ္သည့္သူက ဒီတစ္ခါေတာ့ၿပဳံးမိကာ

"မင္းငါ့ကိုစိတ္ဆိုးေနတယ္ဆိုတာ ငါသိပါတယ္ အိမ္ေရာက္ရင္ ေသခ်ာေတာင္းပန္မွာမို႔ အခုေတာ့ငါနဲ႔ျပန္လိုက္ခဲ့ပါကြာ.. ၾကည့္စမ္း မင္းအသားေတြေအးစက္ေနတာပဲ မိုးေရထဲမေနသင့္ေတာ့ဘူး"

မႈိင္းကေျပာလည္းေျပာၿပီး သူ႔အေပၚအက်ႌကိုလည္းခြၽတ္ကာ သူမကိုၿခဳံေပးလိုက္သည္။ မႈိင္းအျပဳအမူေၾကာင့္ တာရာ့ရင္ထဲလွပ္ခနဲ႔ျဖစ္သြားသည့္တိုင္ စိတ္ကိုတင္းထားလိုက္ၿပီး

"ဟင့္အင္း.. တာရာျပန္မလိုက္ဘူး တာရာ့ကို စိတ္ပူခ်င္ဟန္ေဆာင္မေနဘဲနဲ႔ မႈိင္းဘာသာ အိမ္ျပန္ပါ"

"တာရာ.. ငါကဘယ္လိုလုပ္ၿပီး မင္းကိုဒီအခ်ိန္ ဒီေနရာမွာႀကီး တစ္ေယာက္တည္းထားခဲ့ရမွာလဲ အဓိပၸာယ္မရွိလိုက္တာကြာ"

"ဘယ္လိုပဲျဖစ္ျဖစ္တာရာက အျပင္လူပဲေလ မိသားစုမွမဟုတ္တာ အခ်ိန္တန္မႈိင္းအိမ္ကေန ထြက္သြားရမဲ့ သူစိမ္းပဲကို.."

ေျပာရင္း ဝမ္းနည္းလာပုံရ၏။ မ်က္ရည္ေတြစီးက်လာသလို အသံေတြလည္း အဖ်ားခတ္ တုန္ယင္သြားသည္။ သူ႔ေျပာလိုက္သည့္စကားတစ္ခြန္းဟာ သူမအတြက္ဘယ္ေလာက္ေတာင္ စိတ္အနာတရျဖစ္သြားေစခဲ့သည္လဲ။

မႈိင္း တကယ္ကိုစိတ္မေကာင္းျဖစ္သြားရကာ

"မဟုတ္ပါဘူးကြာ.. ငါေျပာၿပီးၿပီေလ ငါမွားေျပာမိတာပါ ေတာင္းပန္တယ္ဟုတ္ၿပီလား"

"ဟင့္အင္း.. တစ္ခ်ိန္က်ရင္ စြန္႔ပစ္မွာခ်င္းအတူ တာရာ့ကို အခုကတည္းက ျဖစ္ခ်င္ရာျဖစ္ ထားခဲ့လိုက္ပါ.. မခ်စ္လို႔ ပစ္ထားဖို႔ဆုံးျဖတ္ထားတာပဲေလ တာရာဘာျဖစ္ျဖစ္ မႈိင္းဂ႐ုစိုက္စရာမလိုဘူး"

"ကြၽတ္စ္.. တာရာမင္းအေတာ္ေျပာရခက္ပါလား"

"ဟုတ္တယ္.. တာရာကအစကတည္းကဒီလိုပဲေလ ဒါေၾကာင့္မႈိင္းတာရာ့ကိုမုန္းခဲ့တာ မဟုတ္လား တာရာ့ကိုမုန္းလြန္းလို႔ တစ္ခ်ိန္လုံး စြန္႔ပစ္ဖို႔ေတြးေနခဲ့တာေလ တာရာသိတာေပါ့"

မ်က္ရည္စက္လက္ႏွင့္တာရာက ဂ်စ္ကန္ကန္ ျပန္ေအာ္ရင္းပင္ တစ္ဖက္သို႔မ်က္ႏွာလြဲခ်လိုက္ၿပီး

"တာရာ ေသသြားရင္ေတာင္ မႈိင္းအပူမပါလို႔ ဒီမွာပဲ တစ္ခါတည္းထားခဲ့လိုက္ပါ မႈိင္းစြန္႔ပစ္သြားမဲ့ အခ်ိန္ထိ တာရာမေစာင့္ခ်င္ဘူး"

ပါးစပ္ကလည္း တတြတ္တြတ္ေျပာ၊ မ်က္ရည္ေတြပါ ပိုးပိုးေပါက္ေပါက္က်ေနသည့္တာရာ့ကိုၾကည့္ၿပီး မႈိင္းလည္း ဘာေျပာရမွန္းမသိေအာင္ျဖစ္သြားရသည္။

သူကမိန္းမက်မ္းေက်ေသာ္လည္း မေခ်ာ့တတ္။ ဘယ္သူ႔ကိုမွလည္းမေခ်ာ့ခဲ့ဖူးသျဖင့္ ဘယ္ကေန ဘယ္လိုေခ်ာ့ရမွန္းလည္းမသိပါ။ စိတ္ေတြညစ္လာသလို လက္တဆစ္သာရွိသည့္စိတ္ကလည္းမရွည္ေတာ့ရာ

"တာရာ့ကိုမႈိင္းမွ .."

"ေတာ္ေတာ့.. တာရာ"

ဘာလုပ္ရမွန္းမသိျဖစ္ေနသည့္မႈိင္းသည္ စိတ္မရွည္ေတာ့ဘဲ လုပ္လိုက္မိသည္က သူမကို ဆတ္ခနဲ႔ေထြးေပြ႕လိုက္ၿပီးေနာက္ တေပါက္ေပါက္ဆိုေနသည့္ ႏႈတ္ခမ္းအိအိေလးကို ဆြဲယူနမ္းပစ္လိုက္သည္။ ထိုအခါမွ တရစပ္ဆိုေနသည့္ ႏႈတ္ခမ္းေလးေတြ တိတ္က်သြား၏။

႐ုတ္တရက္လူကိုဆြဲယူၿပီး နမ္းလိုက္သည့္မႈိင္းေၾကာင့္ တာရာ့မွာလည္းထင္မွတ္မထားသည္မို႔ မ်က္လုံးျပဴးျပဴးႏွင့္ ၿငိမ္က်သြားရသည္။ စိတ္ေတြကလည္း ဗရမ္းဗတာျဖစ္သြားကုန္၏။ ေျခဖ်ားလက္ဖ်ားေတြပင္ ေအးစက္သြားသည္။ တဖြဲဖြဲက်ေနေသာ မိုးေရစက္ေတြေၾကာင့္မဟုတ္ဘဲ မြတ္သိပ္ေနေသာ မႈိင္းအနမ္းေတြက သူမကိုေအးခဲသြားေစခဲ့ပါသည္။

သို႔တိုင္ ခႏၶာကိုယ္သာ ေအးစက္ေနသည္။ ရင္ေတြကေတာ့လႈိက္ဖိုရင္း ခံစားခ်က္ေတြက ေပါက္ကြဲေတာ့မည့္မီးေတာင္လို ဗေလာင္ဆူေနေတာ့၏။

သို႔ေသာ္လည္း ဒီအနမ္းေတြ သူမကိုတစ္ခါနာက်င္ေစခဲ့ၿပီးၿပီပဲ။ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္ဆီးသြားခဲ့ၿပီးၿပီမို႔ တာရာမေပ်ာ္ေမြ႕ႏိုင္ေတာ့ပါ။ ေလာေလာလတ္လတ္ရထားသည့္ဒဏ္ရာက ဆစ္ခနဲ႔နာက်င္လာမႈႏွင့္အတူ မ်က္ရည္စက္အခ်ိဳ႕က ေႂကြခလာရ၏။

မႈိင္းကေတာ့သူမဘာျဖစ္ေနမွန္းမသိပါ။ ႏႈတ္ခမ္းဖူးဖူးေလးကို စိတ္လိုလက္ရနမ္းေခ်ပစ္ၿပီးမွ သူ႔ရင္ခြင္ထဲကပိစိေလးကို ငုံ႔ၾကည့္လိုက္ၿပီး

"ေတာ္ၿပီ အရင္အိမ္ျပန္ၾကမယ္ေနာ္"

"အခုေရာ မေတာ္တဆပဲလား"

တဆက္ဆက္တုန္ယင္ေနသည့္ႏႈတ္ခမ္းေလးေတြႏွင့္ တာရာအံႀကိတ္ၿပီးေမးမိသည္။ မ်က္ရည္စေတြက အခုထိမ်က္ဝန္းတြင္ ရစ္ဝဲေနဆဲ။

မႈိင္းတစ္ခ်က္ၿပဳံးလိုက္ၿပီး

"မဟုတ္ဘူး တမင္နမ္းလိုက္တာ"

"ဘာလို႔လဲ တာရာ့ကိုမခ်စ္ဘဲနဲ႔"

"ဘယ္သူေျပာလဲ မခ်စ္ဘူးလို႔..."

"ဟင္..."

ထင္မွတ္မထားသည့္စကားေၾကာင့္ တာရာက မ်က္ရည္ေတြရစ္ဝဲေနသည့္ မ်က္ဝန္းေလးေတြႏွင့္ ေမာ့ၾကည့္လာရွာသည္။

မႈိင္း ရင္ခြင္ထဲက ေကာင္မေလးမ်က္ႏွာကို ဆြဲေမာ့လိုက္သည္။ မိုးကတဖြဲဖြဲက်ေနသည္ဆိုေသာ္လည္း က်႐ုံေလးမွ်သာက်ေနသျဖင့္ မိုးေရစက္ေတြစင္ေနသည့္မ်က္ႏွာေလးက အေတာ္ေလးခ်စ္စရာေကာင္းေနသည္ကို အထင္းသားျမင္ေနရသည္။

ငိုထားသျဖင့္ မို႔အစ္ေနသည့္မ်က္လုံးေလးေတြကအစ ခ်စ္စရာေကာင္းေနသည္။ ႏွာတံလုံးလုံးေလးေအာက္က ႏႈတ္ခမ္းဖူးအိအိေလးဆိုတာကလည္း အသည္းတယားယားႏွင့္ နမ္းခ်င္စရာေလး.။

ၾကည့္စမ္း..ဘယ္ေလာက္ခ်စ္စရာေကာင္းသည့္ေကာင္မေလးလဲ။ ဒါနဲ႔မ်ားသူကဘာကိုေတြေဝၿပီး ေရွာင္ေျပးေနဦးမည္လဲ။ အနားမွာထားၿပီး ေထြးပိုက္ဖို႔ ဘာလို႔တြန္႔ဆုတ္ေနေတာ့မည္လဲ။

အေတြးျဖင့္ ပကတိဆုံးျဖတ္ခ်က္ခ်လိုက္ကာ

"မင္းကိုခ်စ္တယ္ တာရာ"

"ဟင္.."

အံ့ဩသြားသျဖင့္ ႏွင္းဆီပန္းေလးလို႔ ပြင့္အသြားသည့္ႏႈတ္ခမ္ဖူးဖူးေလးကို လက္ျဖင့္ အသာအယာပြတ္သပ္ေပးမိရင္းႏွင့္

"မင္းသိလား.. တာရာ မင္းက ငါပတ္သက္ဖူးတဲ့မိန္းမေတြထဲက အလွဆုံးမဟုတ္ဘူး ဒါေပမဲ့ ငါ့ရဲ႕ပထမဆုံးရင္ခုန္သံနဲ႔ ငါ့ကိုစိတ္ပူေအာင္ လုပ္ႏိုင္ခဲ့တဲ့ ပထမဆုံးမိန္းကေလးျဖစ္ခဲ့တယ္"

"............"

"မင္းကိုအလွဆုံးမဟုတ္ဘူးေျပာလို႔ စိတ္မဆိုးနဲ႔ ငါ့ႏွလုံးသားက မင္းရဲ႕အလွတရားကို ေ႐ြးခ်ယ္ခဲ့တာမဟုတ္ဘဲ မင္းျဖစ္ေနလို႔ အင္း.. တာရာႏွင္းျမဴျဖစ္ေနလို႔ကို ပထမဆုံးနဲ႔ေနာက္ဆုံးလို႔ေျပာရဲတဲ့အထိခ်စ္မိသြားခဲ့တယ္"

"............."

တာရာဘာစကားမွမဆိုႏိုင္ခဲ့ပါ။ မယုံခ်င္စရာေကာင္းေသာ စကားေတြၾကားေနရေတာ့ အိပ္မက္မက္ေနျခင္းလားဟု မွင္သက္စြာေတြးေနမိ၏။ ထို႔အတူရင္ခုန္သံေတြေအာက္လည္းစီးေမ်ာရင္း မႈိင္းမ်က္ႏွာေခ်ာေခ်ာကိုသာအေငးသားၾကည့္ေနမိခဲ့သည္။

မႈိင္းမ်က္ဝန္းေတြက ရီေဝေန၏။ သူမတစ္ခါမွမျမင္ခဲ့ဖူးေသာ ႏူးညံ့ျခင္းႏွင့္အၾကင္နာတရားေတြျပည့္ေနခဲ့သည္။ သူမႏႈတ္ခမ္းဖူးဖူးေလးကို ထိေတြ႕ကစားေနရင္းမွ မႈိင္းက

"ဒါေၾကာင့္ ဒီေန႔ကစၿပီး မင္းဘဝတစ္ခုလုံးသိသြားဖို႔က ကိုယ္ကမင္းကိုအသက္ထက္ဆုံးထိခ်စ္တယ္ဆိုတာပဲ baby"

"အို...."

လႈိက္လဲေႏြးေထြးစြာဆိုရင္းႏွင့္ ႏႈတ္ခမ္းဖူးဖူးေလးကို ျမတ္ႏိုးစြာနမ္းမိလိုက္ျပန္သည္။ ခႏၶာကိုယ္ေသးေသးေလးကို တင္းက်ပ္စြာဆုပ္ကိုင္ထားရင္း သူ႔ရင္ထဲအႀကိမ္ႀကိမ္အခါခါ ေသခ်ာသြားခဲ့ရသည္က..

ဒါသူ႔ေကာင္မေလး.. သူခ်စ္သည့္ကေလး
သူျမတ္ႏိုးတန္ဖိုးထားရသည့္ ေပါက္စနေလး

ထို႔ေၾကာင့္ ဒီေကာင္မေလးကိုဘယ္ေတာမွ လက္မလြတ္ေတာ့ဘူးဆိုတာပါပဲ။ ဘာကိုမွ ေရွာင္ပုန္းမေနေတာ့ဘဲ ဘယ္လိုအရာေတြႀကဳံေတြ႕ပါေစ ဒီကေလးမေလးကို ရင္ခြင္ထဲကမထုတ္ဘဲ သိမ္းပိုက္ထားေတာ့မည္...။

ေနာက္တစ္ႀကိမ္စြန္႔ပစ္ဖို႔ မေတြးရဲေတာ့သည္အထိ သူဟာဒီေကာင္မေလးအေပၚ ဘယ္ေလာက္ေတာင္ ခ်စ္ျမတ္ႏိုးသြားခဲ့ရျခင္းလဲ။ တစ္ကမာၻလုံးႏွင့္ တစ္ေယာက္ယွဥ္ရလည္း
ဒီေကာင္မေလးရွိသည့္အျခမ္းတြင္သာေနၿပီး အၿမဲေထြးေပြ႕သြားဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္၏။

မိုးဟာ တဖြဲဖြဲက်ေနၿမဲ.... ။ မိုးဖြဲေအာက္က ညမီးေရာင္ဟာလည္း ေဝဝါးေနဆဲ။ ဂုံးေက်ာ္တံတားေပၚတြင္ေတာ့ လူႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္တင္းတင္းဖက္ထားရင္း ျမတ္ႏိုးမဝစြာ နမ္း႐ိူက္ေနၾက၏။

မိုးေရစက္ေတြဟာ အခ်စ္မိုးႏွင့္မၿပိဳင္ႏိုင္ေတာ့၍ အ႐ူံးေပးရပ္စဲသြားသည့္တိုင္ အနမ္းမိုးကေတာ့ ဆက္လက္႐ြာသြန္းေနပါရဲ႕......။

အခ်စ္၏စတင္ျခင္းဟာ မ်က္ရည္စက္ေတြ စြန္းၿပီး အက္ရာေလးရွိခဲ့သည့္တိုင္ ေမွာင္မိုက္သည့္ညအလယ္မွာေတာင္ သိပ္လွပေနခဲ့ေတာ့၏။

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

125K 4.1K 39
လူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်...
54K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
102K 4.2K 27
"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွ...
198K 4.3K 28
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီး‌တော့မှ ကျေနပ်မှာလားဟ...