စောချိုခမျာ ကလေးမလေးအတွက်တွေးပြီး ဝမ်းနည်းမိသည်....
ဖခင်ရှိသော်ငြား လျစ်လျူရှုမှုတွေကိုသာ ခံရပြီး နောက်အိမ်ထောင် ထူထောင်သည်တဲ့လေ...
ကလေးတွေအတွက် သနားမိသည်.....
"နေခြည်လေးကရော...အသက်ဘယ်လောက်တုန်း"
"ကလျာလေးတို့နဲ့ရွယ်တူဘဲ....ဒါပေမယ့်.... အခုထိ ဂျစ်ကန်ကန်လေး.... "
စကားကြောင့် သူတို့အချင်းချင်း ရယ်မောလိုက်ကြသည်....
တစ်ဖက်.....
"မမ ဖူးငယ်ကို ရေခဲမုန့်ဝယ်ကျွေး...."
ကလျာလက်ကလေးကိုဆွဲကာ အရှေ့နားက ရေခဲမုန့်သည်အား လက်ညှိုးထိုး၍ ပူဆာသည်....
အသက်အားဖြင့် 6နှစ်သာ ရှိသေးသော်လည်း အလွန်သိတတ်တဲ့ ကောင်မလေးပင်....
"ဖျားလိမ့်မယ်....မနက်ဖြန်မှ စား"
ကလျာ၏ ခပ်အေးအေး အမိန့်သံကို ကြားတော့ ဖူးငယ်၏ မျက်နှာလေးဟာ ညှိုးနွမ်းသွားသည်....
ဒါကိုသိတဲ့ နေခြည်က....
"ကလျာရယ် တစ်ခုလောက်က အဆင်ပြေပါတယ်ဟ....ဝယ်ကျွေးလိုက်ပါ...ငါတို့ရော အတူတူစားမယ်လေ....နော့ မင်းနွယ်.... "
နေခြည်က ပြေပြေလည်လည်ဖြင့် ပြောတော့ မင်းနွယ်ကလည်း သဘောတူသည်....
အခုတော့ ၃မဲ၁မဲမို့ ရေခဲမုန့်သည်စီသာ ရောက်သွားသည်....
"ကိုကို ချီ...."
မင်းနွယ်အား လက်လေးဆန့်တန်းကာ ချီခိုင်းတာကြောင့် မင်းနွယ်လည်း ခန္ဓာကိုယ်အား အချီလိုက်သည်....
"အန်ကယ် ရေခဲမုန့်"
"လာပြန်ပြီ... ကလေးတွေ မင်းတို့မိဘတွေခေါ်ပြီး ပိုက်ဆံပါမှ ဝယ်စားကြပါကွာ...."
ရေခဲမုန့်သည်က ကလေးတွေကို စိတ်ပျက်သလိုကြည့်ပြီး ခနဲ့စွာပြောသည်....
ထိုသို့ကြားသည်နှင့် အမွှာနှစ်ယောက်ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည်....
"ခများစကားတွေက ဘာအထာလဲ"
မင်းနွယ်က စိတ်တိုစွာဖြင့်အသံကို ခပ်ကြိတ်ကြိတ်မေးသည်....
"တစ်ခုဘယ်လောက်လဲ"
"၃၀၀"
ကလျာ အိတ်ကပ်ထဲက ခေါက်ပိုက်ဆံအိတ်အား ထုတ်ကာ....
"အခု၆၀၀နှုန်းနဲ့ ၂၄၀၀ယူလိုက်.... ပြန်အမ်းငွေမလိုဘူး"
ထိုအခါမှ စျေးသည်ကရဲ့မျက်နှာဟာ မျောက်အုန်းသီးရသလို ဖြီးလာတော့သည်.......
ဉီးထွဋ်က သူတို့အား တစ်လတစ်ခါ အမြဲမုန့်ဖိုးပေးလေ့ရှိသည်....
ဒါ့အပြင် အမေမဆုံးခင်က ထားခဲ့တဲ့အမွေတွေကြောင့်ရော သူတို့အတွက် ငွေဆိုတာ အပေါအရာပေါ့...
.........................
"ကိုကို ဖူးငယ်နဲ့လိုက်ခဲ့...."
မင်းနွယ်ကို လက်ဆွဲခေါ်သွားတာကြောင့် နေခြည်နဲ့ ကလျာသာ ကျန်ခဲ့သည်....
ပန်းခြံထဲ ရောက်နေသည်မလို့ ကလျာနဲ့ နေခြည်က ခုံတန်းမှာထိုင်လိုက်ပြီး ဖူးငယ်နဲ့ မင်းနွယ်အား ကြည့်နေလိုက်သည်.....
"ငါ့မှာ သူငယ်ချင်းရှားတယ်...."
စကားစပြောလာတဲ့ နေခြည်ကြောင့် ကလျာအာရုံစိုက်ထားလိုက်သည်....
"ဘာလို့လဲ...နင်ကပေါင်းသင်းဆက်ဆံ ကောင်းတဲ့ဟာကို...."
ကလျာကတော့ သူ့ရဲ့အကျင့်အတိုင်း ခပ်အေးအေးဆိုသည်....
သူကထိုသို့ပြောသည်နှင့် နေခြည်က နာကျင်သည့်အပြုံးလေးပေါ်လာသည်....
"ငါ့က စီးပွားရေးချို့တည့်တဲ့သူလေ....ဒါ့အပြင် Omega...."
တိခနဲ တိတ်ဆိတ်သွားတာကြောင့် ကလျာအနည်းငယ် ကြောင်သွားသည်.....
ထို့နောက် တုန်ရင်စွာဖြင့် နေခြည်က ဆက်ပြောလေသည်....
"ငါ...ငါက....ဒွိလိင်တစ်ယောက်..."
ကလျာ၏ မျက်ဝန်းအစုံဟာ ပြူးကျယ်သွားသည်....
အတော်အတန်ကြာသည်အထိ ဘာစကားမှ မပြောမိ....
"ငါ....ငါသိပါတယ်.... ဒါပေမယ့်... ငါ...ငါတို့ သူငယ်ချင်း ဆက်လုပ်ရအောင်ပါ...နော်"
မျက်ရည်များရစ်သီကာ ပြောလာတာကြောင့် ကလျာ သနားမိသည်....
ကလျာက နေခြည့်လို ဒွိလိင်တစ်ယောက် မဟုတ်ပေမယ့် ကိုယ်ချင်းစာမိတာတော့ စိတ်ရင်းပင်.....
"ငါက အဲ့လိုလူမျိုးထဲမပါဘူး....ငါတင်မဟုတ်ဘူး...ငါတို့မောင်နှ၃ယောက်က အဲ့လိုစိတ်မရှိဘူး.... "
သူအား အေးဆေးစွာပြောလာသည့် ကလျာစကားများဟာ အလွန်ကို နူးညံ့နေသည်....
"ကျေးဇူးပါဟာ....ဟင့်...တကယ်ပါ..."
"မငိုနဲ့.... အန်တီ စိတ်မကောင်းဖြစ်မယ်...."
ထိုသို့ကြတော့လည်း ခေါင်းငြိမ့်ပြကာ မျက်ရည်များကို သုတ်နေလိုက်ပြန်သည်။ မကြာလိုက်ပါ မျက်နှာထက်၌ အပြုံးနုနုလေးတွေ ရောက်ရှိလာပြန်ပြီ....
.......................
အချိန်တွေ တရွေ့ရွေ့ကုန်လာသည်နှင့် နေခြည်နဲ့ သူတို့က အခင်ဆုံး သူငယ်ချင်းတွေဖြစ်လာသည်.....
ထို့အပြင် စစ်မင်းခဆိုတဲ့ ကောင်လေးကိုပါ သူငယ်ချင်းအဖြစ် ထပ်မံရောက်ရှိလာသည်....
အသက်အရွယ်တွေဟာ လပိုင်းစီသာ ကွာခြားကြသည်မလို့ နင်နဲ့ငါသာ ပြောဆိုလေ့ရှိကြသည်....
စစ်မင်းခကလည်း သူ့ဉီးလေးနှင့် မန္တလေးကနေ အပန်းဖြေခရီးလာမှန်း သိလိုက်ကြသည်.....
အထူးသဖြင့် နေခြည်နဲ့ ကလျာ....
နေခြည်သည် ကလျာ့ကို အလွန်ဂရုစိုက်သည်....
လပိုင်းကြီးသော နေခြည်က တခါတလေ ကလျာအား ဆူငေါက်လေ့ရှိသည်....
လူကြီးတွေအချင်းချင်းကလဲ အဆင်ပြေနေတာကြောင့် ကလေးတွေဟာ နေ့တိုင်းအလိုလို တွေ့ရသည်....
မနက်မိုးလင်းတာနဲ့ ခြံပြင်ထွက်ကာ သူငယ်ချင်းအိမ်တွေစီကို လျှောက်သွားလေ့ရှိကြသည်....
ထိုသို့ဖြင့် သူတို့၏ ဘဝလေးမှာ ဆိုပြေကာ ကြည်နူးပျော်ရွှင်စရာတွေနဲ့ ပြည့်နေသည်.....
အင်း......
ထိုနေ့ကသာ ထိုသို့မဖြစ်ခဲ့ရင် ပျော်ရွှင်စရာ ကောင်းနေဉီးမည်....
ထိုနေ့ဟာ တနလ်ာနေ့ မနက်ပိုင်း.....
ထုံးစံအတိုင်း သူငယ်ချင်းတစ်တွေ ပန်းခြံထဲ စကားပြောနေကြသည်.....
ကလျာက ဖူးငယ်အား သွားခေါ်ရန် ဝိုင်းမှထကာ လမ်းမှပေါ် လမ်းကူးသည့်အချိန်....
ကလျာ့စီ အရှိန်ပြင်းပြင်းနှင့် မောင်းလာသော ကုန်တင်ကားကို နေခြည်တွေ့လိုက်သည်....
ကလျာကတော့ မြင်မည်မထင် အေးဆေးစွာဖြင့် လမ်းပေါ်၌ သွားနေသည်.....
"ကလျာ သတိထား!!!"
"ဟမ်"
*ကျွီ!!!!ဒိန်း!!!!*
ကလျာ၏ ခန္ဓာကိုယ်ဟာ တစ်ဖက်ကို အတွန်းခံလိုက်ရပြီး စကြ်ံလမ်းပေါ်သို့ ကြသွားသည်.....
ကြီးမားသော ကားတိုက်သံကြီးကြောင့် အားလုံးငြိမ်သက်စွာ ရပ်နေကြသည်....
ရုတ်တရက် ဖြစ်သွားသည်ကြောင့် ကလျာ နေရာကနေ မထနိုင်သေး....
"နေခြည်!!!"×2
မင်းခနဲ့ မင်းနွယ်၏ အသံစူးစူးကို ကြားရမှသာ အသိဝင်လာပြီး လှည့်ကြည့်မိတော့ ကလျာ၏ ခေါင်းတွေပူထူသွားသည်....
သွေးအိုင်ထဲတွင် လဲကျသော စောနေခြည်.....
မြင်ရသောအရာကြောင့် ဒဏ်ရာတွေတောင် မမှုနိုင်ဘဲ နေခြည်စီကို ပြေးသွားလိုက်သည်....
"နေခြည်....နေခြည်....သတိထားစမ်း..."
ရင်ခွင်ထဲ ထည့်ကာ ခေါ်သော်လည်း ပြန်မထူးတော့ချေ....
"က ကလျာ....နေ နေခြည်က.... "
"တိတ်စမ်း!!!"
ကလျာ၏ ဒေါသတကြီးအော်သံကြောင့် မင်းခတစ်ယောက် ပြောစရာ စကားပျောက်ဆုံးချေပြီ....
"မင်းခ....ဉီးထွဋ်ကို ခေါ်..."
မင်းနွယ်လည်း စိုးရိမ်မှုကြောင့် အသံတွေဟာ ထစ်အနေသည်....
"နေခြည်!!!နင်ငါ့ကို အဲ့လိုထားမရဘူးနော်!!!! စောနေခြည်!!အား!!!!"
အသံတွေပြာသည်အထိ အော်လာသည့်ကလျာကြောင့် မင်းနွယ် သူမအား ဆွဲထားရချေပြီ....
သူ၏ညီမရဲ့ ရောဂါဟာ တစ်ဖန် ပေါ်ထွက်လာပြန်ပြီ.....
"သ သမီးငယ်..."
စောချိုတစ်ယောက် ထိုမြင်ကွင်းကို ရင်နာစွာ မြင်လိုက်ရတာကြောင့် မျက်ရည်များဟာ တာကျိုးသလို စီးဆင်းလာတော့သည်.....
"နေခြည်....သမီးလေး...မေမေခေါ်နေတယ်လေကွယ်..."
စောချိုတစ်ယောက် ရင်ကွဲရပါပြီ....
သမီးဖြစ်သူ၏ ခန္ဓာကိုယ်လေးကို ပွေ့ထားပြီး ယူကြုံးမရ ငိုနေမိသည်....
"လွှတ်စမ်းပါ....နေခြည်က ငါတို့ကို စနေတာ....သူက အိပ်နေတာ...နော့ မင်းနွယ်... "
မျက်ရည်များဖြင့် လူတိုင်းကို လိုက်ပြောနေသောကလျာဟာ အရူးလိုပင်...
"အား!!!!!စောနေခြည်!!!! ထလို့ပြောနေတယ်မလား!!!!ထစမ်း!!!"
မျက်ရည်များဖြင့် အော်ပြောလာသောကြောင့် မင်းနွယ်နဲ့ထွဋ်ရဲရင့် စိတ်ပူရချေပြီ....
"နွယ်လေး....သတိထားပါ.... "
ထွဋ်ရဲရင့်က ကလျာအား ဖမ်းချုပ်ထားသော်လည်း မရပါ....
သူမကိုသူမ နာကျင်အောင် ပြုလုပ်နေတာကြောင့် အားလုံး ဝိုင်းကူညီကြရပြန်သည်........
စောချိုလည်း မျက်ရည်များဖြင့်သာ ကြည့်နေနိုင်သည်.....
ဘယ်လိုမှ မထိန်းနိုင်သည့်အဆုံး မေ့ဆေးထိုးလိုက်ရသည်....
.......................
ထိုနေ့ကစ ကလျာဟာ တစ်ပတ်လောက် စကားလုံးဝမပြော...
အစားလည်း မစားချေ....
ထို့ကြောင့် ထွဋ်ရဲရင့်လည်း စောချိုနဲ့တွေ့ကာ ပြန်မည်ဖြစ်ကြောင်းပြောတော့သည်...
စောချိုကလည်း နားလည်စွာဖြင့် လက်ခံခဲ့သည်....
မင်းခတို့လည်း ပြန်သွားသည်ကြောင့် ထွဋ်ရဲရင့်လည်း ကလေးတွေကိုခေါ်ကာ နေ့ချင်းပြန်လာတော့ရသည်.....
........................
စိတ်ကူးယဉ် ဆန်သည်ဘဲပြောပြော ကိုယ်ကိုတိုင် မြင်တွေ့ခံစားရမှသာ နားလည်မည် မဟုတ်လား.....
ကလျာအား စောင်သေချာခြုံပေးပြီး အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်....
အင်း.....
ကလျာ၏ ဘဝဟာ
သူများတွေလို
မသာယာလှပေ
အတိတ်တွေဟာ အမည်းစက်များစွာ
စွန်းထင်းနေသည်ကို
မည်သူမျှ သိမည်မဟုတ်ပေ.......
..................................
TBC
A/N: အရှည်ကြီးဘဲနော်🤧 Voteနဲ့ Cmရေးပေးနော်
#Jeon