"အားးးးးးထွက်သွား!!!!"
*နင့်ကိုနင်ဟုတ်လှပြီ ထင်နေတာလား!*
ရုပ်ခန္ဓာကိုယ်အား မမြင်ရဘဲ အသံသာ ကြားနေရပြီး ထိုမိန်းမဟာ လူအား နှိမ်ချနေသရောင်ပင်...
ကလျာ၏ စိတ်တွေဟာ ဂနာမငြိမ်ဖြစ်လာပြီး တွေ့ရာအားလုံးကို ရိုက်ခွဲနေသည်....
"ကလျာ...."
အသံကို အနူးညံ့ဆုံးပြောရင်း မင်းနွယ်က သူမ၏နာမည်အား ခေါ်လိုက်သည်...
မျက်နှာဟာ ကြောက်ရွံ့မှုများစွာနှင့် သူ့အားလှည့်ကြည့်လာသည်....
"မင်းနွယ်.... ငါ့...ငါ့ကို ကယ်ပါ"
သူ့အား အသနားခံ မျက်ဝန်းများဖြင့် အားကိုးတကြီး ပြောလာသော ညီမငယ်အား မင်းနွယ် သနားမိသည်....
ထိုအရာသာ မဖြစ်ခဲ့ရင် သူ့ညီမ အခုလိုဖြစ်မည်မဟုတ်....
"စိတ်လျော့.... ငါ့ကိုကြည့်....အဲ့အရာတွေက သာမာန်ပုံရိပ်တွေ.....လက်တွေ့လောကမှာ သူတို့မရှိဘူး...."
မျက်လုံးချင်း စုံစေကာ ထိုကဲ့သို့ ပြောလိုက်သည်နှင့် မျက်လုံးများဟာ ငြိမ်သက်သွားပြန်သည်.....
"နားလိုက်တော့....ဘေးနားမယ်ရှိနေမယ်...."
အိပ်ရာပေါ် ကူတွဲကာ airconကိုဖွင့်လိုက်ပြီး စောင်အား ချုံပေးထားလိုက်သည်....
မကြာပါ မျက်လုံးများဟာ မှေးစင်းလာပြီး နှစ်ချိုက်စွာ အိပ်ပျော်သွားလေပြီ....
ထိုအသံတွေကို မင်းနွယ်ကိုယ်တိုင်လည်း ကြားရသည်....
အစက ကြောက်သော်ငြားလည်း ယခုအချိန်၌ နေသားကြသွားချေပြီ....
*နင်က တကယ်ဘဲ သူမကိုစိတ်ပူပေးနေတာဘဲ စောနေခြည်*
အိပ်ပျော်နေသော ညီမဖြစ်သူ၏ နဖူးပြင်အား ပွတ်ပေးကာ လွန်ခဲ့သော အတိတ်စီသို့.......
....................🕊🕊
မင်းနွယ်နှင့်ကလျာ အသက် 12အရွယ်
.....................
မိခင်ဆုံးသွားသည်မှာ 2နှစ်ပင်ကျော်ချေပြီ သို့သော် မနေ့တနေ့က အတိုင်း ရင်ထဲမှာ ခံစားနေရတုန်းပင်......
မိခင်၏ အုပ်ဂူအား သွားချင်သည်ဟု တောင်းဆိုသောကြောင့် ဖူးငယ်လေးပါခေါ်ပြီး အတူတူသွားကြသည်.....
ပန်းစည်းအား ဖြူဖွေးနေသော အုပ်ဂူအထက်တွင် ထားပြီး ဉီး၃ချိန်ဖြင့် ကန်တော့သည်....
ဖူးငယ်လေးကပါ သူမ၏ အကိုနှင့်အမပြုမူသည့်အတိုင်း လိုက်လုပ်သည်....
ထို့ကြောင့် ဝမ်းနည်းနေသည့်ကြားမှ ထွဋ်ရဲရင့် ပြုံးမိသေးသည်.....
အပြန်၌ ကလေးများနှင့် အတူ စားသောက်ဆိုင်ဝင်ပြီး သူတို့စားချင်သည့်အရာများကို ကျွေးရသေးသည်....
"ဖူးငယ်က Orange Juiceဉီးဉီး"
"ကောင်မလေးက ချစ်စရာလေးဘဲ"
နှုတ်ခမ်းလေးဆူကာ သူ့အား ပူဆာနေသော ဖူးငယ်အား ကြည့်၍ ဝန်ထမ်းကောင်လေးက သဘောရိုး ချစ်စရာကောင်းကြောင်းပြောသည်.....
ပြောတော့လည်း ပြောချင်စရာ...
ဂုတ်ဝဲဆံပင်နှင့် စကုတ်လေးအား တွယ်ထားပြီး ဂါဝန်ဝဲဝဲလေးနှင့် အလွန်ချစ်စရာကောင်းနေသည်....
ဝန်ထမ်းက ထိုသို့ပြောတာနှင့် အမွှာနှစ်ယောက်၏ သိမ်းငှက်မျက်လုံးတွေဟာ သူ့စီကို ဒိုင်းကနဲ ရောက်လာသည်....
"ဘာပြောတယ်"×2
အေးစက်စက်အသံနဲ့ မျက်မှောင်ကြီး ကျုံ့ကာ ပြောလာတာကြောင့် ဝန်ထမ်းကောင်လေးမှာ လန့်သွားသည်....
ထွဋ်ရဲရင့်က မထူးဆန်းသည့်နှယ် ခပ်ဟဟရယ်ကာ မှာစရာရှိတာမှာပေးပြီး စားပွဲသို့သွားလိုက်ကြသည်.....
"ကိုကိုနဲ့ မမကလဲ အဲ့လိုကြီးမနေပါနဲ့နော်"
တစ်ခုခုကို အလိုမကျသည့်ဟန်ဖြင့် မျက်ဝန်းများဟာ အနီရောင်သန်းနေသည်....
"ကလေးတို့ ဉီးဉီးပြောမယ်"
"ဟုတ်ကဲ့"×3
"ဒီတစ်လလုံး ပြင်ဉီးလွင်ဘက် သွားရအောင်.... စိတ်ပြေလက်ပျောက်ပေါ့..."
သူက ပြောတော့ အမွှာနှစ်ယောက်က စဉ်းစားဟန်ဖြင့် ခဏတာ ငြိမ်သွားသည်....
"အင်း ကောင်းပါတယ်...."
"ဉီးထွဋ်လဲ နားလို့ရတာပေါ့...."
အမွှာနှစ်ယောက်ရဲ့ ထောက်ခံချက်ကိုရသည်နှင့် ညနေကို ချက်ချင်းသွားရန် ပြင်ဆင်လိုက်ကြသည်....
........................
"တော်တော့လေ....နင့်အိတ်က ဆံ့ပါ့မလားဟ"
Luggage တစ်ယောက်တစ်လုံးစီနှင့် ထည့်ထားကြသော်လည်း ကလျာက ကျောပိုးအိတ်နဲ့ပါထပ်ပြီး စာအုပ်တွေကို ထည့်နေသေးသည်.....
"ရပြီ... သွားရအောင်.... "
Luggageကိုဆွဲပြီး အောက်ထပ်က ကားရပ်ထားသော နေရာသို့သွားလိုက်ကြသည်.....
ထို့နောက် ခြံစောင့်ကောင်လေးကို သေချာမှာပြီး မန္တလေးမြို့မှထွက်ခွာကာ ပြင်ဉီးလွင်သို့.....
......................
ပြင်ဉီးလွင်သို့ဝင်သည်နှင့် အအေးဓာတ်လေးက ပိုလာကာ အနွေးဓာတ်သိပ်မရှိတော့ပေ......
ခဏငှားထားသော လုံးချင်း၂ထပ်တိုက်လေးဟာ မြို့အတွင်းနှင့် အနည်းငယ်ကွာဝေးပြီး ခပ်လှမ်းလှမ်းတွင် တောင်တန်းကြီးတွေလည်းရှိသည်....
သူတို့အိမ်၏ အနားတွင် အိမ်သေးသေးလေးတွေ အနည်းငယ်ရှိသည်....
သူ့ဟာနှင့်သူတော့ အေးချမ်းဖွယ် နေရာလေးပင်.....
ခြံဝင်းလေးမှာ အနည်းငယ် ကျယ်ဝန်းပြီး ဘေးမျက်နှာသာနားတွင် နှင်းဆီပန်းခင်းရှိသည်....
ကားရပ်သည်နှင့် အိမ်ထဲကိုဝင်ကာ အခန်းကိုယ်စီ ယူကြသည်....
ထို့နောက် အဝတ်ထုတ်များကို အခန်းထဲသယ်သွားကြပြီး လုပ်စရာရှိတာလုပ်ကြသည်.....
Luggageကို နေရာချကာ ဗီဒိုထဲ အဝတ်တွေအစီအရီထည့်ပြီး အခန်းကို အနည်းငယ်ပြင်စင်နေလိုက်သည်....
ထို့နောက် ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်လိုက်ပြီး အောက်ထက်သို့ ဆင်းလိုက်သည်.....
"မမ လာ ခြံထဲသွားမယ်..."
ဖူးငယ်လေးက သူမ၏လက်အား ဆွဲခေါ်သွားပြီး နှင်းဆီပန်းခင်းနားက စားပွဲအဝိုင်းတွင် ထိုင်စေသည်....
"သဘောကြလား"
နှစ်ယောက်လုံး ခေါင်းငြိမ့်လိုက်သည်....
အမှန်တကယ်လည်း သဘောကြပါသည်။ သဘာဝအရိပ်အမြုံတွေ များစွာရှိနေတဲ့ ထိုနေရာကို ဘယ်လိုလူမျိုးက သဘောမကြမှာလဲ.....
"မဂ်လာပါရှင့်...."
အသံလာရာကိုကြည့်မိတော့ ခြံအပြင်ဘက်က မိန်းမတစ်ယောက်က ပြောနေချင်းဖြစ်သည်....
ထိုနေရာသို့ ဉီးထွဋ်က ထသွားပြီး စောနက မိန်းမနှင့် စကားအနည်းငယ်ပြောနေသည်.......
ကလေးတွေဘာသာ စကားပြောနေပြီး သိပ်ပြီး အာရုံမစိုက်.....
"တကယ်လား အိမ်နီးချင်း ဖြစ်ရတာ ဝမ်းသာပါတယ်...ဟိုင်း မီးမီးလေး..."
"မဂ်လာပါရှင့် စောနေခြည်လို့ ခေါ်ပါတယ်ရှင့်..."
စကားပြောချိုသာသော စောနေခြည် ဟူသည့် ကောင်မလေးအား ထွဋ်ရဲရင့်က ခေါင်းကို ပုတ်ရင်း....
"လိမ်မာလိုက်တာဗျာ..."
ထိုသို့နှင့် စောနေခြည်တို့ သားအမိကို ခြံထဲခေါ်ပြီး သူတို့ထိုင်နေသော နေရာသို့ ခေါ်လာသည်....
"ကဲ ကလေးတို့ ဒါက....ဉီးထွဋ်တို့ရဲ့ အိမ်နီးချင်း....ဒေါ်စောချိုတဲ့....ဒါက သူ့သမီး စောနေခြည်.... "
"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"×2
"အို့....သူတို့ကအမွှာလေးတွေလား...."
သူတို့အားကြည့်၍ အမျိုးသမီးက ချိုသာစွာပြုံးပြရင်း ပြောသည်....
"ဟုတ်တယ်ဗျ....ဒါလေးက အငယ်မလေး.... "
"နာမည်ဘယ်လိုခေါ်ကြလဲကွဲ့...."
"အံ့ထွဋ်မင်းနွယ်ပါ..."
"အံ့ကလျာနွယ်"
ကလျာ၏ တုံးတိစကားကြောင့် အားလုံးက ငြိမ်သက်သွားကြသည်....
"ဟို အမရယ် ကျနော် တောင်းပန်ပါတယ်.... "
ဉီးထွဋ်က အမျိုးသမီးအား တောင်းပန်သည်...
"ထားပါ... နေခြည် သူငယ်ချင်းတွေနဲ့ သွားဆော့ချေ..."
ဒေါ်စောချိုက ထိုသို့ပြောတော့ စောနေခြည်က ခေါင်းငြိမ့်သည်....
"ဟုတ်....ရပ်ကွက်ထဲ လိုက်ပြမယ်..."ဟုဆိုကာ အရှေ့ကနေ ဉီးဆောင်ကာထွက်သွားသည်....
အမွှာနှစ်ယောက်နှင့် ဖူးငယ်လည်း သူမခေါ်ရာကိုလိုက်သွားကြပြီး အိမ်တွင် လူကြီးနှစ်ယောက်သာ ကျန်ခဲ့သည်....
"စောနက ကလျာအပြုအမူအတွက် တောင်းပန်ပါတယ်.... "
"ရပါတယ်ကွယ်... ကလေးမလေးကြည့်ရတာ တမျိုးဘဲနော်...."
သူမအပြောကြောင့် ထွဋ်ရဲရင့် သက်ပြင်းချလိုက်မိသည်...
"သူမက အရွယ်နဲ့တောင်မလိုက်အောင် ရင့်ကျက်နေတယ်....အပြုံးအရောင်လုံးဝမရှိဘူး...."
စောချိုက တွေးဆဆဖြင့် ထွဋ်ရဲရင့်အား ပြောသည်....
"သူမက ရောဂါသည်...10အရွယ်မှာဘဲ မိခင်ကို ဆုံးရှုံးထားရတာ....အဲ့ကတည်းက သူမရဲ့ အခြေအနေက ပိုဆိုးသွားတာ...."
ထွဋ်ရဲရင့်၏ စကားကြောင့် စောချို စိတ်မကောင်းဖြစ်မိသည်....
သူမကိုယ်တိုင်ဟာ မိခင်တစ်ယောက်ဖြစ်သည့်အတွက် ကလေးတွေ၏ စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်ရုံနှင့် သိသည်.....
.....................
TBC
A/N: Vote & Feedback pls🤧
#Jeon