အနက်ရောင် ကားလေးဟာ အမြင့်ဆုံးအရှိန်နဲ့ မြို့အပြင်ကို မောင်းလာသည်....
မာမီသည် မီးပွိုင့်တွေကို အလျှင်ဆုံးအရှိန်နှင့် ဖြတ်ကျော်လာသည်မှာ မနည်းတော့ပေ....
*ကျီ!*
ကားကို ဘရိတ်စောင့်အုပ်လိုက်တာကြောင့် နောင်နောင် အရှေ့ကို ရိုင်သွားသည်....
"အဟင့်....မာမီ.... "
မာမီ၏ မျက်နှာကို မဝံ့မရဲနှင့် ကြည့်မိတော့ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်မှာ သွေးပင်စို့နေသည်...
"ဟာကွာ!!"
*ဒုန်း!*
ကားစတီရာတိုင်ကို အားဖြင့်ရိုက်ချပြီး ဒေါသကြီးစွာ အော်လိုက်မိသည်....
"မာမီ.... ဘယ်သွား... "
ရုတ်တရက် ကားပေါ်က ဆင်းသွားသည်ကြောင့် နောင်နောင် တစ်ယောက် လျှင်မြန်စွာဖြင့် လိုက်ဆင်းရသည်....
ကားအနောက်ဖုံးကိုဖွင့်ပြီး ဘစ်ဘောရိုက်တံကိုယူကာ ထပ်မံသူ့ရှေ့က ထွက်သွားပြန်သည်....
*ခွမ်း*
"မာမီ!"
ကား၏အရှေ့မှန်အား အားဖြင့်လွဲရိုက်လိုက်သည်ကြောင့် မှန်တွေဟာ စင်ထွက်လာခဲ့သည်....
*ခွမ်း*
*ခွမ်း*
"မာမီရယ်....ဟင့် တော်ပါတော့...ဟင့်"
"ငါ့ကိုလွှတ် ရှိုင်းရင့်နောင်.... မဟုတ်ရင် ငါမင်းကို လုပ်မိမယ်!!"
"အာ့"
*ခွမ်း*
အံ့ကလျာနွယ်တစ်ယောက် ဒေါသတွေမပြေမချင်း ထိုကားအား ရိုက်ခွဲနေသည်....
နောင်နောင်ကတော့ မာမီ၏ လုပ်ရက်များကို ငိုရင်းနဲ့သာ ကြည့်နေမိသည်...
သူဘာများ အမှားလုပ်မိပြန်ပြီလည်း မသိ....
.....................
"အဟား!"
ခက်ထန်စွာရယ်လိုက်ရင်း စုပ်ပြက်သတ်နေသော ကားကိုသာစိုက်ကြည့်နေမိသည်....
ဒေါသထွက်နေချိန် ထိုကောင်လေးကို နားလည်ခွင့်ပေးလို့မရ...
မဟုတ်ရင် သူဘဲ ဒဏ်ရာရနေအုံးမယ် မဟုတ်ပါလား....
ပြောကာမှ သတိရလို့ အနောက်ကိုလှည့်ကြည့်မိတော့....
"ရှိုင်းရင့်နောင်!"
လမ်းပေါ်၌ သတိလစ်ကာ မေ့မျောနေသော ကောင်လေးအား တွေ့လိုက်ရသည်....
"ရှိုင်းရင့်နောင်.... ဟေး....နောင်လေး...သတိထားစမ်းပါ!"
ဘယ်လောက်ဘဲ ခေါ်နေပါစေ ကောင်လေးက ပြန်ထမလာခဲ့...
ကလျာရင်တွေ ပူလောင်လာကာ ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်....
"နောင်လေး! ဟာကွာ!"
ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်း ခန္ဓာကိုယ် ငယ်လေးအား ပွေ့ချီကာ အိမ်တော်သို့ ပြန်လာခဲ့သည်....
ဘယ်လောက်ဘဲ သန်မာတဲ့သူဖြစ်နေပါစေ အလွန်ဝေးသည့်နေရာကနေ ကိုယ့်အိမ်ကို ခြေလျင်မလျှောက်နိုင်....
လမ်းတစ်ဝက်အရောက်၌ ဖိနပ်ဟာ ပေါက်ပြဲလာပြီး ခြေထောက်တွေဟာ ထုံကျင်လာခဲ့သည်....
ထို့အပြင် အရင်နေ့က ဒဏ်ကပါ ပြန်ပေါ်လာတာကြောင့် ခြေလှမ်းတစ်လှမ်းကို မနည်းလှမ်းလျှောက်နေရသည်....
"ရောက်တော့မှာပါ ကလေးငယ်...ခဏပါဘဲ"
သတိလစ်နေသော ကောင်လေးအား ပြောဆိုရင်း ပို၍မြန်မြန်လျှောက်လာခဲ့သည်...
အချိန်ကြာလာသည်နှင့် ဒူးတွေဟာ မခိုင်တော့ပေ...
ဖိနပ်ကပေါက်သွားသည်မလို့ လမ်း၌ ပစ်ထားခဲ့ပြီး ခြေဗလာဖြင့် လျှောက်ရသည်ကြောင့် ခြေဖဝါး နုနုတွေဟာ သွေးများဖြင့် ရဲနေသည်....
ဖုန်းကလဲ ကုမ္ပဏီ၌ မေ့ကျန်ခဲ့သည်ကြောင့် ဖုန်းဆက်လို့ကမရ....
အံ့ကလျာနွယ်၏ ဇွဲမလျော့မှုဟာ အရာထင်ခဲ့သည်...
သိပ်မကြာမီအချိန်တွင် အိမ်တော်သို့ ရောက်ရှိသွားလေသည်....
"ဟင် သခင်မ!.."
ခြံစောင့်ကောင်လေးက သူမအားမြင်သည်နှင့် ပြေးလာကာ အကြိုးအကြောင်းမေးသည်....
"သခင်မ ရရဲ့လား.... တစ်ယောက်လောက်လာကြပါအုံး!"
ကောင်လေး၂ယောက် ထွက်လာပြီး ကလျာအား ကူတွဲကာ အိမ်တွင်းသို့ ဝင်သွားကြသည်...
"သခင်! ဖိုးနွယ်!"
"ဟေ...ဘာဖြစ်....နွယ်လေး!"
ဖိုးနွယ်တစ်ယောက် ခေါင်းနပန်းကြီးသွားသည်...
မြင်ရသည့်မြင်ကွင်းအစုံကြောင့် အံ့သြမိသည်...
"ကလျာ ဘယ်လိုဖြစ်တာလဲ..."
"နောင် နောင်လေးကို...အ အရင်..."
အမောစို့နေသည်ကြောင့် စကားကောင်းကောင်းမပြောနိုင်ပေ....
ခေါင်းဟာလဲ ထုံကျင်နေသလို ခြေထောက်တွေဟာ လုံးဝလှုပ်လို့မရတော့ပေ....
"အမလေး....ကလျာ...သတိထားပါအုံး...."
ဘာမျှလည်း မကြားသိနိုင်တော့ပေ...
ပင်ပန်းတယ် မေမေရယ်....
.......................
ကလျာမျက်လုံးဖွင့်လိုက်သည်နှင့် ရောက်နေသောနေရာ သူ့အိမ်မဟုတ်ဘဲ မြူတွေဆိုင်းနေသောနေရာတစ်ခုဖြစ်နေသည်....
"ငါဘယ်ရောက်နေတာလဲ"
*မေမေစီကိုလေ~*
အေးမြသော အသံ။ နူးညံ့မှု အပြည့်ရှိတဲ့ အသံ...
ထိုအသံပိုင်ရှင်ကို ကလျာသိပါသည်...
အသံလာရာ အနောက်ဘက်ကျောကို လှည့်ကြည့်မိတော့ သူ့အား ပြုံးပြနေသော သူမ၏ မိခင် ဟန်နီနွယ်.....
"မေမေ"
ကလျာ ဝမ်းသာစွာဖြင့် မေမေ့ကို သွားဖက်လိုက်သည်....
ဟန်နီကလည်း ကလျာ၏ ခန္ဓာကိုယ်အား ပြန်လည်ပွေ့ဖက်ထားခဲ့သည်....
*အရွယ်ကရောက်နေပြီ အခုထိကို ကလေးဆန်တုန်း*
"မေမေ့ကို နွယ်သတိရနေတာ...."
ခါးအားရစ်သိုင်းထားသော လက်တွေကို မလွှတ်ဘဲ မိခင်အား စကားဆိုမိသည်...
*မေမေကလည်း နွယ်လေးကို သတိရတာပေါ့ကွယ်*
ဟန်နီက ကလျာ၏ ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း ပြောလာသည်...
မေမေ့၏ အသံဟာ အေးချမ်းသည်...
မျက်နှာဟာလည်း အေးချမ်းမှုအပြည့်....
*ဘာလို့ စိုးသွမ်းနေတာလဲ နွယ်လေး...*
မေမေက အလိုမကျဟန်ဖြင့် ကလျာအား မေးသည်....
"နွယ် သူတို့ကို ဆုံးရှုံးရမှာကြောက်တယ်~"
*ဘယ်သူတွေလဲ*
"မင်းနွယ်၊ ဖူးငယ်၊ ဉီးထွဋ် ပြီးတော့... "
*ဆက်ပြောလေ....*
"ရှိုင်းရင့်နောင်.... "
တိုးလျစွာ ထွက်လာသော အမည်နာမအား ဟန်နီနားထောင်ပြီး ပြုံးလိုက်သည်.....
*နွယ်လေး စိုးရိမ်စိတ်တွေကိုဖျောက်လိုက်ပါကွယ်.....အဲ့ဒီကောင်လေးက နွယ်လေးကိုဘဲ သဘောကြနှစ်ချိုက်တာကွဲ့.... သူ့မှာ ချစ်ရသူဆိုလို့ နွယ်လေးကလွဲ ဘယ်သူမှမရှိဘူး..."
"ဟာ မေမေကလဲ မဖြစ်နိုင်တာတွေ..... "
ဟန်နီ သိပါသည်....
သူမ၏ ကလေးများမှာ အချစ်ဆိုသည့်အရာကို မယုံကြည်မှန်း သိပါသည်....
ဒါပေမယ့် သူတို့ရဲ့ နှလုံးသားတွေက ပိုင်ရှင်ကိုယ်စီ စီမှာ အပ်နှံထားတာကို သိမည့်ပုံမပေါ်....
*ကဲ မေမေပြောမယ်....အရာရာကို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.... တချို့အရာတွေကို နှလုံးသားနဲ့ ရွေးချယ်ပါ.... ဒါဆိုရင် နွယ်လေးရဲ့ စိုးရိမ်ပူပန်မှုတွေ ပျောက်သွားလိမ့်မယ်....သွားတော့....*
"ခဏ....မေမေ....!!"
"ဟား....အာ့!"
ကလျာတစ်ယောက် အခန်းထဲက ကုတင်ပေါ်၌ ဆေးပိုက်တန်းလန်းနှင့် နိုးလာခဲ့သည်.....
ဘေးဘီဝဲရာ၌ မည်သူမျှမရှိ....
စောနဟာက အိမ်မက်လား တကယ်လား မသဲကွဲတော့ပေ....
လဲလျောင်းရာမှထမည်လုပ်တော့ ခြေထောက်တွေရဲ့ နာကျင်မှုကြောင့် ထမရဘဲ ပြန်လည် လဲလျောင်းနေရပြန်သည်....
အခုချိန်ဆို ကောင်လေး ဘယ်လိုနေမလဲ....
.....................
TBC
A/N: Hight Bossတို့က အပ်ဒိတ်ကြာအုံးမယ် personal caseတွေကြောင့်မလို့
#Jeon