💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--3}
***************💘*************
" သားရစ်...ထည့်စားနော် !
ငါးခူကို အစပ်လေးကြွပ်ကြွပ်ရွရွ ကြော်ပေးထား
တာ ...သားကိုကြီးကလည်း ကြိုက်တယ်လေ "
" ဟုတ်...မာမီ ! ရစ်လေးစားရင် ကိုကြီး အတွက်
မကျန်ပဲ နေပါဦးမယ် "
" ကိုယ် ... အဲ့လောက် အစားမများပါဘူး ကွ "
" ငါ့ အစ်ကိုက မင်းစားမယ်ဆို သူ အငတ်ခံမယ်တဲ့
အဲ့ဒါကြောင့် ပူမနေနဲ့ ငရစ်ရေ "
" ငစိုင်းနော်..."
" ရန်ဖြစ်မနေနဲ့ ... ထမင်းစားနေရင်း "
" ဟုတ် "
" ကြောက်ချက်ကြီးက ကွာ "
" စိုင်းမြတ်ဂုဏ် "
" ခင်ဗျာ...ကိုကြီး "
" အသားမနာတာ ကြာလို့လား ဟုတ်လား "
" မဟုတ်...မဟုတ်ပါဘူး "
" ပါးစပ်ကိုပိတ်ပြီး...အေးဆေးစား "
" ဟုတ် "
တိခနဲ တိတ်ကျသွားသည့် ထမင်းဝိုင်းသည် ဇွန်းသံ
တောင် မကြားရအောင် သစ္စာရှိလွန်းတယ်။
" ချလွမ်...အမေ့ "
" ဟာ...ကလေး "
စိုင်း နှင့် အသံတိတ် စစ်ပွဲဆင်နွှဲနေရင်း အသားကို
မဖဲ့မိဘဲ ချော်မိသွားသည့် ခက်ရင်းသည် ရစ်လေး ခြေဖမိုးပေါ် ကွက်တိ စိုက်ကျသွားခဲ့သည့်အခါ
" တောက် ...!! "
" သား...ကလေးကို လန့်အောင်ကွယ် "
" ငရစ်...ငါ လုပ်ပေးမယ် "
ဒေါသကြောင့် စူးရဲသွားသည့် မျက်ဝန်းတစ်စုံနှင့် တက်ခေါက်သံခပ်ပြင်းပြင်းကြောင့် ရစ်လေးပါးပြင်ထက် မျက်ရည်တွေက အဆီးအတားမဲ့စွာ
" မင်းယောက်ျားမဟုတ်ဘူးလား...ငိုမနေနဲ့ ခုမှ "
" ကို ကြီး "
" ဖယ်...မင်းလက် "
ရစ်လေး ခြေဖမိုးဆီ လှမ်းနေသည့် စိုင်း၏ လက်ကို ရိုက်ဖယ်ကာ ခက်ရင်းကို ဆွဲယူလိုက်သည့် ကိုကြီးက ညင်သာနေခဲ့တာတော့ ချွင်းချက်တစ်ခု
" ထမင်းစားရင်း...စကားက များနေတာကို
ကလေးတွေလား မင်းတို့ "
" တော်ပါတော့ ဗျာ ...ရပြီ မဟုတ်လား "
" ဟာ...ငရစ် ဟေ့ရောင် "
" သား ရစ်လေး "
" နေပါစေ...ထားလိုက် "
" ဟယ်...သားကြီးရယ် ထားလို့ရမလားကွယ် !
ကလေးက ဒဏ်ရာ ရသွားတာလေ "
" အေးလေ...ကိုကြီးကလည်း မညှာမတာ "
" ဘာ...! ပါးစပ်ကို ပိတ်ထား မင်း
ပါးစပ်က ပြောမရတော့ မင်းတို့ ခြေထောက်တွေ
ကမြင်းထနေတာ ငါ မသိဘူး ထင်လို့လား "
" ကိုကြီးကလည်း...စနေတာပဲကို !
အဲ့လို ဖြစ်မယ် ဘယ်သူကထင်မှာလဲ "
" ဖောင်းးး "
" အ "
" သောက်ပါးစပ်ပိတ်ထား "
စိုင်းမှာ နာရင်းရိုက်ခံရပြီး ပူထူပြီးကျန်ခဲ့တာတောင်
ကိုကြီး ခြေလှမ်းတွေကြောင့် ပြုံးဖြဲဖြဲ ဖြစ်သွားတာ
ထိန်းမရ သိမ်းမရ
" ဒေါက် "
" အားးး မေမေ "
" အရိုက်ခံရတာတောင် မျက်နှာပိုးက မသေဘူး "
" မေမေ့သားကြီးက...ဆရာဝန်ဖြစ်ရမှာမဟုတ်ဘူး
မာဖီးယားခေါင်းဆောင်ဖြစ်ရမှာ သိလား !
ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တခြားစီ "
" တယ်...ဒီကလေးကတော့ !
ထမင်းဆက်စား...ဒီည သားဖေဖေနဲ့ သားအကိုက
နောက်ကျမှာ "
" မစားတော့ဘူး...မေမေ !
ငရစ်ဆီ လိုက်သွားပြီး သွားချောင်းလိုက်ဦးမယ်"
" ဟဲ့ ဟဲ့ ...ဒီကောင်လေး "
စိုင်းတစ်ယောက် နှစ်ခြံကူးသည့် တံခါးမှနေ အဖြူရောင်စံအိမ်ဆီ ခပ်သွက်သွက် ခြေလှမ်းဖြင့် သွားလိုက်တော့သည်။
" ဟော...သားစိုင်း သားသူငယ်ချင်းကိုစိတ်မချလို့
လိုက်လာကြည့်တာလား "
ဧည့်ခန်းတွင် TV ထိုင်ကြည့်နေသော အန်ကယ်လ်က ဆီးကြိုမေးလိုက်တော့ ဟဲခနဲ မျက်နှာချိုသွေးပြရင်း
" ဟုတ်တယ်...အန်ကယ်လ် !
ငရစ် သူ့အခန်းထဲမှာ မဟုတ်လား "
" ဟုတ်တယ်...သားစိုင်း !
သားဂုဏ်လည်း ရှိတယ် တက်သွားလိုက် "
" ဟုတ် ဗျ "
ငရစ်အခန်းရှိရာ တက်လာခဲ့ပြီး အခန်းရှေ့ရောက်တော့ တံခါးခေါက်ဟန်ပြင်လိုက်စဉ်
" တိတ်စမ်း "
ဗုဒ္ဓေါ
ဟနေသည့် အခန်းတံခါးမှတစ်ဆင့် လွင့်ပျံလာသည့် ကိုကြီးအသံက အခန်းထဲမှ ငရစ်တော့မသိ
စိုင်းတောင် ဒူးတုန်သွားတာ အမှန်ပဲ
" မလုပ်ဘူးလို့...ကိုကြီးရဲ့ ! ဟ စပ်ပါတယ်ဆို
မလုပ်ပါနဲ့ ဆို "
" ရစ်ဖွဲ့ကောင်းကင်...ကိုယ်ပြောနေတယ် နော်
လက်ကို ဖယ် အခု "
" မဖယ်ဘူး "
" သေချာပြီလား "
" အဟင့်...မဖယ်ချင်ပါဘူးဆို "
" လိမ္မာတယ်...ခဏလေးပဲ စပ်မှာ တိတ် မငိုနဲ့ "
ဟော
ခုကျ လေသံက နူးညံ့သွားပြန်ပြီ
စိုင်း တကယ်ပဲ မျက်စိလည်သွားပြီ
တံခါးကို အသာဟလို့ အထဲကို ကြည့်လိုက်တော့
အားးယားးး
ကိုယ့်အစ်ကို ရင်ခွင်ထဲ ငရစ်က လုံးလုံးလျားလျား
ခိုတွယ်လို့ ကိုယ့်အစ်ကိုကလည်း ကျောပြင်လေးကို ပွတ်သပ်လို့
အင်းးးး ငါ မသွားတော့တာ ပိုကောင်းမယ်
အတွေးနှင့်အတူ စိုင်း ခြေလှမ်းတွေက အောက်ထပ်ပြန်ဆင်းခဲ့ပြီး ဧည့်ခန်းတွင် TV ထဲအာရုံရောက်နေသည့် အန်ကယ်လ်မမြင်အောင် ထမင်းစားခန်းကို ဖြတ်လို့ အနောက်ဘက်မှ ပြန်ထွက်သွားလိုက်မိ၏။
" တိတ်တော့...မငိုနဲ့တော့ "
" ဟုတ်...ကိုကြီး ! အနာကစပ်နေတုန်းပဲ "
" ပြောစကားမှ နားမထောင်ဘဲ မင်းက "
" ရစ်လေး...ဘာလုပ်မိလို့လဲ ကိုကြီးကလည်း "
" ထမင်းစားနေရင်း...ဘာလို့ စနောက်နေလဲ
ကိုယ် ပြောနေတာတောင် အရေးမလုပ်တာလေ "
" စိုင်းက လိုက်စနေတာကို "
" အတူတူပဲ...နှစ်ယောက်လုံး "
" ဟွင့် "
" အိပ်ခါနီး...တစ်ခုခု ထပ်စားဦးနော် ကလေး !
ဗိုက်ဆာနေမယ် ထမင်းလည်း သိပ်စားဖြစ်တာ
မဟုတ်ဘူး "
" ဟုတ်...ကိုကြီးရော အတူတူပဲလေ "
" ကိုယ်က ဘာမှမဖြစ်ဘူး "
" ဟုတ်ပါတယ်...သံမဏိလူသားကြီးရယ် "
" အင်းးး ကိုယ်ပြန်တော့မယ် နော် "
" ဟုတ်...ဦးရှ "
" ဟမ်...ဘာ !! "
" အဟားး စတာ ဗျ "
" အင်းးးးး သွားပြီ "
မပြုံးမရယ် မျက်နှာဖြင့် ထွက်သွားသည့် ကျောပြင်ကို ငေးရင်း ရစ်တစ်ယောက် ခံစားချက်တို့ အမည်မဖော်နိုင်။
တစ်ခါတလေ ကိုကြီးက နူးညံ့တတ်သလို တစ်ခါတလေကျ အေးစက်လွန်းပြန်တယ်။
အနိမ့်အမြင့် မတူညီတဲ့ စိတ်အနေအထားဖြင့် ကိုကြီးဆီမှ ဆက်ဆံခံရတိုင်း ရစ် ကိုယ်တိုင်လည်း ထိုအတိုင်းဖြစ်ပျက်ခံစားရတာ ကိုကြီးသိပါလေစ။
" ဟင်းးးးးး "
စံအိမ်တစ်ခုလုံး ပြိုလောက်မတတ် သက်ပြင်းတစ်ချက်ဖြင့် လသာဆောင်ဆီ တက်ခဲ့မိတော့
" ဟင် "
တစ်ဖက်က မျိုးရိုးဂုဏ်စံအိမ်၏ လသာဆောင်တွင် တလူလူလွင့်နေသော စီးကရက်မီးခိုးငွေ့တွေကြား ရစ်လေး ချစ်ရပါသော ကိုကြီးရယ်လေ
နီယွန် မီးရောင်အောက် ခပ်ထူထူစာအုပ်တစ်အုပ်ကို ဖတ်နေပြီး စီးကရက်သောက်မပျက်
ဒါတင်ကရိုးလား ရှေ့စားပွဲထက်မှာ ဝိုင်ပုလင်းနှင့်
ဝိုင်ခွက်က လှလှပပကို နေရာယူထားသေးတာ
ရစ်လေးသာ လက်မှန်းတည့်ရင် လေးခွနဲ့ အဲ့ဝိုင်ပုလင်းကို လှမ်းပစ်မိမှာ အမှန်ပဲ
" ဘာလုပ်နေတာလဲ သား "
" ယာ့...လန့်လိုက်တာ ဒက်ဒီရာ !
အသံမပေး ဘာမပေးနဲ့ ရုတ်တရက်ကြီး "
လက်ကို လေးခွသဏ္ဌာန်လုပ်ပြီး စိတ်ကူးနှင့်ချိန်ရွယ်နေသည့် ရစ်ခမျာ ဖခင်ဖြစ်သူ၏ အသံကြောင့် မလုံမလဲဖြစ်သွားရပြီး နှုတ်ခမ်းစူလို့ ငြူစူပြမိတော့၏။
" ဟား ဟား လေးခွနဲ့ ပစ်ချင်လို့လား "
" ဟမ်...မ မပစ်ပါဘူး ဒက်ဒီကလည်း "
" သားဂုဏ်ကို လှမ်းအော်တိုင်လိုက်ရမလား "
" ဒက်ဒီနော်...ရစ်လေး ဘာလုပ်မိလို့လဲ "
" ဟား ဟား ...ဒီကောင်လေးကတော့ ကလေးဆန်
လိုက်ပုံများကွာ "
မိမိကို စိတ်ကောက်ပြီး လသာဆောင်ထပ်မှ ဆင်းသွားသည့် သားကြောင့် ကမ္ဘာဦး သဘောတကျရယ်မိပါ၏။
တစ်ဦးတည်းသော သားမို့ တစ်ဖက်စံအိမ်မှ မိသားစုကို အရမ်းခင်တွယ်ရှာသည့် သား။
သို့သော် တစ်ဖက်က ဂုဏ်ရှိန်ပြင်းရှ ဆိုသည့် လူသားဟာ အင်မတန်သွေးအေးလွန်းပြီး စည်းစနစ်ကြီးတာမို့ မိမိသားက ဖင်တုန်အောင်ကြောက်တာ မဆန်းပါလေ ။
သားလတ် မင်းဂုဏ်ထည်နှင့် စိုင်းမြတ်ဂုဏ်တို့ကတော့ မိမိသားအပေါ် အလိုလိုက် အကြိုက်ဆောင် တတ်ကြပါရဲ။
မိမိသားကတော့ တစ်ဦးတည်းသော သားပီပီ ဆိုးလို့ ကောင်းနေတာပင်။
ဦးကမ္ဘာဦးကတော့ သူ့သား ရစ်လေး ဆန်းပြားတဲ့စိတ်ဖြစ်နေတာ မသိရှာပါလားနော်
∆∆∆∆∆∆∆
" ရစ်ရေ...ငရစ်
ညနေစောင်းကြီး အိပ်နေတာလား ဟ "
" ရေချိုးနေတာကွ...ငှက်ဆိုးထိုးသံနဲ့ အော်မနေနဲ့ "
ရေချိုးခန်းထံမှ ထွက်လာပြီး စူပုတ်ပုတ်မျက်နှာဖြင့် စိုင်းကို ပြောနေသည့် ရစ်ကြောင့် သဘောတကျရယ်မိရင်း
" မြန်မြန်လုပ်လေကွာ...
အဆိုတော် လင်းညဏ်အတွက် မင်း ဒီဇိုင်းဆွဲပြီး
ချုပ်ပေးထားတဲ့ အင်္ကျီကို ဒီပွဲမှာ ဝတ်မှာလေ
မင်းလည်း ရှိနေသင့်တာပေါ့ "
အားတက်သရော ပြောနေပေမယ့် ရစ်ကတော့
ခပ်တွေတွေအကြည့်ဖြင့် စိုင်းထံ ကြည့်ကာ
" ဒီဇိုင်းနာ ဘယ်သူပါလို့ နာမည်ဖော်ဖို့ ငါ ခွင့်မပြု
ထားဘူးလေ စိုင်း !
ပြီးတော့ အဲ့လို နာမည်ဖော်ပြီး ဂုဏ်ဆာရအောင်
လည်း ငါ့အနေအထားက မဖြစ်တာ မင်းသိသား
နဲ့ စိုင်းရာ "
အဖျားခတ်မှာ တိမ်ဝင်သွားသည့် အသံလေးက ရင်ထဲအရမ်းကို ထိခိုက်ခံစားနေမှန်း သိသာလွန်းနေတဲ့
အခါ စိုင်း အသာလေးထွေးဖက် နှစ်သိမ့်ပေးမိတယ်။
ရစ်က ဒီဇိုင်းနာဖြစ်ချင်တာ သူ့အိပ်မက်
သို့သော် အန်ကယ်လ်ဦးက ခွင့်မပြုသည့်အခါ ရစ်ခမျာ ဘာမှလုပ်ခွင့်မရဘဲ ဝါသနာမပါသည့် ကုမ္ပဏီအလုပ်ကိုသာ ကူပေးနေရတာဖြစ်သည်။
သင်တန်းတွေခိုးတက် ဒီဇိုင်းနာတွေနှင့် မရမက
ကျွမ်းဝင်အောင်ဖန်တီးရင်း သူလိုချင်သည့် ပညာကို ရအောင်ယူခဲ့သည့် ရစ်ကို နောက်ကွယ်က လိုက်ပါကူညီပေးသူက စိုင်း
အခုဆို အရမ်းတော်တဲ့ ဒီဇိုင်းနာတစ်ယောက် ဖြစ်သော်ငြား နာမည်သုံးခွင့်မပြုဘဲ နေနေရသည့် ရစ်ကို စိုင်း သနားမိတာတော့အမှန်ပင်။
ရစ် လက်ရာကိုကြိုက်ပြီး ဒီဇိုင်းဆွဲသူနှင့် တိုက်ရိုက်တွေ့ခွင့်တောင်းကြပေမယ့် ရစ်က ဘယ်သူ့ကိုမှ အတွေ့မခံခဲ့ပေ။
ယခုလည်း အဆိုတော်လင်းညဏ်၏ ပွဲတက်ဝတ်စုံတွေအားလုံးက ရစ်လက်ရာဖြစ်ပေမယ့် ရစ်နာမည်ကတော့ ထွက်လာမည်မဟုတ်ပါ။
သို့သော် သူ့လက်ရာအတွက် လူတကာ၏ ကမ်းလှမ်းမှုကိုတော့ ရစ်ကို မြင်စေချင်တာမို့ အထူးဖိတ်ကြားခြင်း ခံရသည့် တစ်ကိုယ်တော်ရှိုးပွဲကို တက်စေချင်တာပဲဖြစ်သည်။
" အဝတ်အစားလဲတော့ ရစ် ! နောက်ကျနေမယ် "
" အင်းပါ ...ခဏပဲ "
ရစ် အဝတ်အစားလဲပြီးတာနှင့် စိုင်းကားဖြင့်ပဲ ရှိုးပွဲဆီ သွားလိုက်ကြ၏။
" ကိုရစ်ဖွဲ့....ခင်ဗျားကို မလာတော့ဘူး ထင်နေတာ "
" လာမှာပေါ့...
ကျွန်တော် ကားပိတ်တာနဲ့ နဲနဲ နောက်ကျသွားတာ
စိတ်မရှိပါနဲ့ ကိုလင်းညဏ် "
" ရပါတယ်ဗျာ...!
ကျွန်တော် စင်ပေါ်တက်ရတော့မယ် ကိုရစ်ဖွဲ့
သီးသန့်နေရာကို ကြွပေးပါဗျ "
" အာ...ဟုတ်ကဲ့ပါဗျာ "
အဆိုတော်လင်းညဏ်က စတိတ်စင်အနောက်ဖက်
ဆီ သွားလိုက်ပြီး ရစ်တို့ကတော့ လင်းညဏ်၏ ဝန်ထမ်းတွေ ခေါ်ဆောင်ရာ သီးသန့်နေရာဆီကို ခြေလှမ်းပြင်လိုက်ကြသည်။
" Live လွှင့်မှာ ထင်တယ် ရစ် "
" ဟုတ်လား...ဒါလည်း မဆိုးပါဘူး !
ရှိုးပွဲမလာဖြစ်ပေမယ့် ဘယ်တည်နေရာကဖြစ်ဖြစ်
အားပေးလို့ ရသွားတာပေါ့ "
" အေးကွ...ဒါပေမယ့် အခုလို အနီးကပ်ထိတွေ့မှု
တော့ မဟုတ်ဘူးပေါ့ ကွာ "
" မင်းက...ထိတွေ့ချင်လို့လား "
" ဘာ...!! ငလူးကောင် "
" ဟား ဟား "
ဖျော်ဖြေမှုတွေ အစီအစဉ်အလိုက် သွားနေပေမယ့် စိုင်းကသာ မျက်တောင်မခတ်တမ်း ကြည့်နေတာလား ငေးနေတာလား မသေချာတဲ့ ငမ်းနေမှုကြီးနဲ့
ရစ်ကတော့ အမှန်ပျင်းရိနေပါပြီ
ဘာကြောင့်ဆို ရစ်က ဒီလို ပွဲမျိုးတွေကို စိတ်ပါဝင်စားသူမှ မဟုတ်ဘဲ
ထိုစဉ် အားလုံးမထင်မှတ်ထားတဲ့ ကြေငြာမှုတစ်ခုက ရစ်ကို အသက်ရှူမှာသွားစေခဲ့ပါပြီ
" ကျွန်တော်...ဒီက ပရိတ်သတ်တွေအားလုံးကို
အသိပေးကြေငြာစရာတစ်ခု ရှိတယ်ဗျ !
အဲ့ဒါကတော့ တခြားမဟုတ်ပါဘူး
ကျွန်တော် ဒီည ဝတ်သွားတဲ့ ဝတ်စုံတွေအားလုံးရဲ့
ဖန်တီးရှင်က ရစ်ဖွဲ့ကောင်းကင် ပါပဲ
သူ အခု ဒီပွဲမှာ ရှိနေတယ်ဆိုပေမယ့် လူလုံးထွက်
ပြမှာ မဟုတ်လို့ ကျွန်တော် စင်ပေါ် မဖိတ်ခေါ်တော့ဘူး ဗျ ...!
သူဘယ်လောက်တော်လဲဆိုတာ ကျွန်တော့် ကိုယ်
ပေါ်က ဝတ်စုံတွေက သက်သေပါ !
ကိုရစ်ဖွဲ့ရေ...ဖန်တီးပေးမှုအတွက်
ကျေးဇူးကမ္ဘာပါ အများကြီးအောင်မြင်ပါစေဗျာ "
ရုတ်တရက် ဖြတ်ရိုက်ခံလိုက်ရသလို ရစ်တစ်ယောက် ပူထူထိတ်လန့်သွားခဲ့ပြီး ဘာလုပ်လို့လုပ်ရ
မှန်းမသိ ဖြစ်သွားခဲ့တာပင်။
စိုင်းကတော့ အမူအယာမပျက်ဖို့ သတိပေးစကား တတွတ်တွတ်ပြောကာ အခြေအနေ အနည်းငယ်တည်ငြိမ်တာနဲ့ ပွဲထဲမှ ထပြန်လာခဲ့ကြမိတာ လင်းညဏ်ကိုတောင် နှုတ်မဆက်ဖြစ်ခဲ့
" သူက ဘာလို့ အဲ့လိုကြီး ထကြေငြာရတာလဲကွာ
ငါဖြင့် ပူထူသွားတာပဲ "
" အေးလေကွာ...
တော်သေးတာပေါ့ စင်ပေါ်မခေါ်လို့ "
" ခေါ်လည်း...ငါကတော့ မတက်ပါဘူး !
လူလုံးထွက်ပြမှတော့ ငါ သောက်ပြဿနာတက်
မှာပေါ့ စိုင်းရ "
" အေးကွာ "
" ဒီအချိန်...ကိုကြီးကို သတိရမိတယ် "
ကားနောက်မှီကို မှီပြီး မျက်ဝန်းအစုံမှေးမှိတ်ခါ ပြောနေသည့် ရစ်ကို စိုင်းက ကားမောင်းနေရင်းမှတစ်ချက်ငဲ့ကြည့်ရင်း
" ဘာမှလဲ မဆိုင်သလိုပဲ ငရစ်ရာ "
" မဆိုင်ဘူးလား...မဆိုင်လဲ သတိရတယ်ကွာ !
အားးး ပြောရင်း လွမ်းလိုက်တာ ငါ့ ဦးရှ ကို "
" ဟ ဟ ...မင်းကလည်းကွာ ကိုကြီး မပြောနဲ့
ငါတောင် ရှတယ် မင်းခေါ်တာကြီးက "
" နာမည်ခေါ်တာပဲ ... ရှ စရာလား "
" သူ ရှလို့ နေမှာပေါ့ ဟား ဟား ဟား "
" ငါ မပြောဘူးနော်...မင်း ပြောတာ "
" ငရစ်ရာ...ငါ့ အစ်ကိုကို မင်း ဘာလို့ အဲ့လောက်
ကြောက်ရတာလဲ "
" ကိုကြီးက အေးစက်လွန်းလို့ ကြောက်တာ "
" ငါ့အစ်ကိုက ဆရာဝန်မဖြစ်ရဘူး !
မာဖီးယားခေါင်းဆောင်ဖြစ်ရမှာ တကယ့် ဇိုးပါ
ဆိုကွာ !
သူ ဆေးကုနေတဲ့ အချိန်တော့ ဆရာဝန်ပီသနေ
သေးလို့ တော်သေး "
" ငလူးး ငါ့ ကိုကြီးကို ပြောနေလိုက်တာ
ရစရာကို မရှိဘူး ... ပြန်တိုင်ပြောမယ် မင်းကို "
" မင်းကလား...တိုင်မှာ !
ရော သမခံရမှာတော့ သတိချပ်ပေါ့ကွာ "
" ဟွင့်...ငလူးကောင် "
အဖြူရောင်စံအိမ်ရှေ့ရောက်တော့ စိုင်းက မဆင်းတော့ဘဲ ရစ်ကိုပဲ ချပေးကာ သူ့စံအိမ်ဆီ ပြန်မောင်းထွက်သွားသည်။
တံခါးမကြီးကို ခပ်ဟဟပဲ ဖွင့်ထားပြီး အထဲမှ မှန်တံခါးက ပိတ်ထားတာမို့ တွန်းဖွင့်ဝင်လိုက်ချိန်
" ခွပ် ခွပ် ခွပ် "
" ဒက်ဒီ "
မျက်နှာပေါ် တရစပ်ရောက်လာသည့် လက်သီးချက်တွေကြောင့် ပစ်လဲကျသွားရင်း ဒက်ဒီကို အံ့ဩသလို ကြည့်မိတော့
" မင်း ဘာသောက်ချိုး ချိုးနေတာလဲ ဟမ် "
" ရစ်လေး ဘာလုပ်မိလို့လဲ ဒက်ဒီရယ် "
" ဖောင်း "
" အ "
အင်္ကျီကော်လံစကို ဆောင့်ဆွဲပြီး လက်ပြန်ဖြတ်ရိုက်ချက်က ရစ်ကို အတော်လေး အထိနာသွားစေတာမို့ ငံကျိကျိ သွေး၏အရသာကိုပါ ခံစားလိုက်ရသည်။
" သိပ်ပြီး ... ဒီဇိုင်းနာဖြစ်ချင်နေတယ်ပေါ့ !
ငါ မသိအောင် ခိုးပြီး မင်းလုပ်နေတာ ဘယ်လောက်ကြာနေပြီလဲ ရစ်ဖွဲ့ကောင်းကင် "
" ဗျာ...ဒက် ဒက်ဒီ သိ သိနေတယ် "
" အေး...ဒီလောက် Live လွှင့်ပြီး မင်း သောက်နာမည်ကို ကြေငြာသွားတာ မသိပဲနေမလား !
ကမ္ဘာဦးကို မင်းက ငပိန်းထင်နေတာလား ဟမ် "
" မဟုတ် မဟုတ်ရပါဘူး ဒက်ဒီရယ် !
သားတောင်းပန်ပါတယ် တောင်းပန်ပါတယ် "
" ဖောင်း ဖောင်း ဖောင်း "
" ငါ့ ခွင့်ပြုချက်မရှိဘဲ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် အပြစ်ပေးခံရတယ်လို့ မှတ်လိုက် မင်း !
မင်း အမေလို သောက်ချိုး ငါ့ကို လာမချိုးနဲ့ !
ဒီဇိုင်းနာအကြောင်းပြပြီး ဖြစ်ချင်တိုင်းဖြစ်ဖို့
မင်းကိုတော့ ငါ ခွင့်မပြုဘူး ရစ်ဖွဲ့ကောင်းကင် "
" ဒက် ဒက်ဒီ ... တောင်းပန်ပါတယ် တော်ပါတော့ "
" အဲ့ လက်တွေကို ငါ ရိုက်ချိုးပစ်မယ် လာခဲ့ "
အမုန်းသွေးတွေ ပွက်ပွက်ဆူလာသည့် ကမ္ဘာ့မျက်စိထဲ ဘာမှမမြင်တော့
အတိတ်က သစ္စာဖောက်ခံရသည့် ပုံရိပ်တွေသာ ကြီးစိုးလျက်
" ဒက်ဒီ...ရစ်လေးကို လွှတ်ပေးပါ မလုပ်ပါနဲ့
ကြောက်လို့ပါ သားကို အဲ့လို မလုပ်ပါနဲ့ !
ကိုကြီးရေ ကိုကြီးရေ ရစ်လေးကို ကယ်ပါ လို့
အားးးးးးးးးးး "
ရစ်လေး လက်ကောက်ဝတ်နှစ်ဖက်ကို ပူးချုပ်ကိုင်ကာ အသိစိတ်လွတ်နေသူလို ခြေထောက်ဖြင့် ဖိနင်းလိုက်တာမို့
ငယ်သံပါအောင်အော်မိရင်း တစ်ခါမှမမြင်ဖူးခဲ့သော ဒက်ဒီပုံစံကြောင့်လည်း ကြောက်မိတာ အသက်ရှူဖို့ မေ့နေသည်အထိပါ။
" ဒက်ဒီ...မလုပ်ပါနဲ့ သား တောင်းပန်ပါတယ် "
" ပါးစပ်ပိတ်ထား...သောက်သံမထွက်လာနဲ့ !
မအေတူသား...မအေသောက်ချိုးနဲ့ ငါ့ကို စိတ်
ဒုက္ခပေးဖို့ ကြံစည်နေတာ လား "
" မဟုတ်ရပါဘူး...ဒက်ဒီရယ် !
အဲ့လို မပြောပါနဲ့ ...သား အဲ့လိုမရည်ရွယ်ပါဘူး
သား တောင်းပန်ပါတယ် တော်ပါတော့ "
" ဖောင်း ဖောင်း "
" အ "
" ကလေး "
💘💘💘💘💘💘💘
Author __ Ahtarsaung