Part--27

856 43 14
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--27}
************💘*************

" ဒက်ဒီ "

" ဟင်...သားလေး "

" အထဲ မဝင်သေးဘူးလား ဒက်ဒီ "

စိုင်း ပြန်သွားပြီးကတည်းက ဒန်းပေါ်ကမထဖြစ်သေးဘဲ စိတ်တွေရွက်လွှင့်နေသည့် ကမ္ဘာ

သား လာခေါ်မှပဲ အိမ်ထဲဝင်ဖို့ ဟန်ပြင်ရတော့သည်။

မပြင်လို့လဲ မရ

သားတော်မောင်မျက်နှာက စူပုတ်ပုတ်နဲ့ရယ်

ဂုဏ့်ကို မကြည်သမျှ ဖအေကို ပုံချချင်နေလားမပြောတတ်

" အဟွန်း "

" ဒက်ဒီက ဘာကိုရယ်တာလဲ ဗျ "

" သား မျက်နှာ စူပုတ်နေတာလေးကို သဘောကျ
  လို့ပါ ကွာ ! သားရဲ့ ဦးရှနဲ့ မကြည်သေးဘူးလား "

" မကြည်ပါဘူး...အဲ့ ဦးရှက အလကားလူကြီး "

" အရမ်းလည်း မညှဉ်းနေပါနဲ့ သားလေးရယ် !
  ဂုဏ်က သားကို သိပ်ချစ်တာပါကွာ "

" ဟွင်းးးး  ဒါနဲ့ ဒက်ဒီ စိုင်းကို ဘာကောက်အောင်
  လုပ်လိုက်တာလဲ "

" ဘာကိုလဲ...သား "

" စိုင်းက သူ့ဆေးအိတ်ယူပြီး ပြန်သွားလို့လေ "

" ဘယ်လို "

သား ပြောမှ ကမ္ဘာ့ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ

အိမ်ခဏပြန်မယ်ဆိုတဲ့သူက ဆေးအိတ်ပါယူသွားတာတဲ့လား

စိုင်းရာ မင်းကွာ

" ဒက်ဒီ...ခဏနားဦးမယ်နော် သား "

" သားလည်း...ဒက်ဒီနဲ့ ဖက်အိပ်ချင်လို့ "

" အဟားးး အိပ်ပါဗျာ ! သားရဲ့ဦးရှနဲ့ ယူပြီးရင်
  ဒက်ဒီသားလေးကို ဖက်အိပ်ရမှာမဟုတ်တော့ဘူး"

" မယူဘူး...ဒက်ဒီနဲ့ မခွဲနိုင်ဘူး ! မယူဘူးလို့ "

" အာ...ဟုတ်ပါပြီ ! ဒက်ဒီကလည်း ဟောဒီသားနဲ့
မခွဲနိုင်လို့ မယူခိုင်းပါဘူး ဗျာ တိတ် မငိုရဘူး !
လာ...ဒက်ဒီကလေးလေး ရင်ခွင်ထဲ လာပါဦးဗျာ
  ဖက်အိပ်ချင်လို့ "

ဒီကလေးက ဘာလို့ ခုနောက်ပိုင်း ကမ္ဘာ့ကို တွယ်ကပ်လာမှန်းမသိ

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now