Part-- 22

1.1K 38 10
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--22}
************💘************

" ရစ်ဖွဲ့ကောင်းကင် "

" ဗျာ...ဒက်ဒီ "

ထူးသံက လူကို အရည်ဖျော်တော့မယ့် အသံနဲ့

ဂုဏ် ပြောလို့ အကြောင်းစုံသိနှင့်ပြီးတဲ့ ကမ္ဘာ့မှာ ကြားကြားချင်း ဘယ်လောက် စိုးရိမ်ခဲ့ရလဲ

ဒီငဆိုးလေးက မသိဘူး

" လာဦး "

" ဟုတ် "

အိမ်ထဲဝင်ဝင်ချင်း ထိုသို့ အခေါ်ခံရပြီး ဒက်ဒီမျက်နှာ တည်နေကတည်းက ရစ် ဘာလုပ်ထားလဲ
သိနှင့်ပြီးသည့် အနေအထားမို့

ဒက်ဒီနှင့် မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်ရင်း

" ဒက်ဒီ ဘာပြော မလို့လဲ ... သားဗိုက်ဆာနေပြီ "

" ကိုယ့်အပြစ် ကိုယ်သိလား ရစ်လေး "

" ဘာ အပြစ်လဲ "

" ဘာ...!!!
  ရဲစခန်း ရောက်သွားတဲ့ ကိစ္စလေး ရှင်းပါဦး "

" အာ အဲ့ဒါလား...မတော်တဆဖြစ်တာလေ !
  ဘာလို့လဲ ဒက်ဒီ "

ကြည့် ကြည့် ဘာအပြစ်မှမရှိတဲ့ပုံလေးနဲ့ လုပ်ပြ
နေတာ

" အဲ့ဒါဆို...ဒက်ဒီဆီ ဖုန်းဆက်လေ "

" ဒက်ဒီမှ မအားတာကို "

" ဒက်ဒီမအားလဲ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လာလို့
  ရတယ် သား !
ဂုဏ်က လူနာတွေနဲ့လေ သား နားမလည်ဘူးလား"

" ဒက်ဒီ "

" သား...ဒက်ဒီက ... "

" သားကို မအော်ပါနဲ့..."

" သား..."

ဂုဏ့်ကို အားနာမိသလို သားကိုလည်း တစ်စုံတစ်ခု
ဖြစ်မှာ စိုးရိမ်ရတာ ကမ္ဘာကိုယ်တိုင်ပဲသိတယ်

ဒီကလေး ဂုဏ့်ကို တမင်ရစ်နေတာကို သဘောပေါက်ပေမယ့် မတော်တဆ တစ်ခုခုဖြစ်
မှာ စိတ်ပူရလို့ ‌ဆူမိကာမှ

လေသံလေးနည်းနည်းမာမိတာနဲ့ ငဆိုးလေးက စိတ်ဆိုးတော်မူသွားပြီ

" အင့်ဟာ အင့်ဟာ သွား သွား အီး ဟီး ဟီး !
  ဒက်ဒီ သားကို အော်တယ် မချစ်တော့ဘူး !
  မချစ်တော့ဘူး အင့် အင့် ကဲဟာ ကဲဟာ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Nơi câu chuyện tồn tại. Hãy khám phá bây giờ