Part--4

936 22 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--4}
*************♥️************

ပစ်စလက်ခတ် လဲကျနေသည့် ကလေးကို ဂုဏ် အသာ ထိန်းပွေ့ရင်း

" အန်ကယ်လ်...ဒါ အန်ကယ်လ့်သားနော်
  စိတ်ကို နည်းနည်းတော့ ထိန်းဦးမှပေါ့ ဗျာ
  ဖေဖေ အန်ကယ်လ့်ကို ကြည့်ထိန်းလိုက်ဦး
  ကျွန်တော် ကလေးကို ခေါ်သွားလိုက်မယ် "

" အေးပါ...သား !
ကလေး လန့်နေတာ ခေါ်သွားလိုက် "

အငယ်ကောင် ပြန်လာပြီး ရှိုးပွဲက အကြာင်းကို
အားပါးတရ ဖောက်သည်ချနေတုန်း မိမိကိုတောင်
အသိတစ်ချက်မပေးဘဲ သွားလိုက်သည့် ရစ်လေးကို စိတ်ထဲအလိုမကျဖြစ်နေမိတာ လူမသိ သူမသိ

သို့သော်

အဖြူရောင်စံအိမ်မှ အိမ်ထိန်းကြီး ဦးစံမောင်း အပြေးရောက်လာပြီး သခင်လေးကို ရိုက်နေလို့ လာတားပေးကြပါဦး ပြောလိုက်ချိန်မှာပဲ

အလိုမကျမှုတွေက ကြက်ပျောက် ငှက်ပျောက်ဖြစ်လို့...

စိုးရိမ်စိတ်တွေဖြင့်
တစ်မိသားစုလုံး အပြေးရောက်လာပါလျက်

ကလေးခမျာ သွေးအလိမ်းလိမ်းဖြင့် ကြောက်လန့်တကြီး တောင်းပန်နေသံက ဂုဏ် ရင်ကို စုတ်ဖြဲလိုက်သလိုပဲ

ရင်ခွင်ထဲ ငြိမ်သက်စွာပါလာသည့် ကလေးကို ငုံ့ကြည့်မိတိုင်း ရင်နာရတာ အဖြေကရှာမရ

ညီတစ်ယောက်လိုရင်နာရတာ ဖြစ်မှာပါဟု တွေးလျက်

ပူမိရင်း ပူနေမိတဲ့ အဖြေကိုတော့ ဂုဏ်မသိချင်

" ဒက် ဒက်ဒီက ဘာ ဘာလို့ ဟင့် "

အိပ်ယာပေါ် အသာချပေးတော့ အချမခံဘဲ ဂုဏ်ကိုပဲ ဖက်တွယ်ကာ အထိတ်တလန့် ရေရွတ်နေတာမို့

" အန်ကယ်လ့်ကို စိတ်မဆိုးပါနဲ့ ကလေး !
သူလည်း သူ့ခံစားချက်နဲ့ သူလေ...ကလေးကို
သူ ရိုက်ချင်လို့ မဟုတ်ပါဘူး ကွာ !

စိတ်မထိန်းနိုင်ဖြစ်သွားတဲ့ အချိန်မို့ပါ...ဘာမှမဖြစ်
ဘူးနော် မကြောက်နဲ့ တော့ ကိုယ် ရှိတယ် !
ခဏ ဆင်းဦး...ဒဏ်ရာတွေကို ဆေးထည့်ပေးမယ်
တိတ် တိတ် မငိုနဲ့ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now