" ပါပါး "
" ပါပါးး "
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ခေါ်နေသောအသံပိစိလေးတွေကြောင့်နိုးလာသည် ။
မင်းသစ် - အင်..lily?
Lily - morningပါ ပါပါး..
မျက်စိဖွင့်တော့ ထူးထူးခြားခြား 3ယောက်လုံးစုပေါင်း၍မြင်လိုက်ရတာမို့ အလိုလိုပြုံးမိသွားသည် ။ ဒါမျိုးလေးလဲ တစ်ခါတစ်လေတည့်တည့်ရှုရှုနေပါ ။
Victor - သားတို့မနက်စာစားပြီးပြီ ပါပါးမစားသေးဘူးလား..
ပြောမှပဲအချိန်ကြည့်တော့ မနက်10နာရီထိုးပြီဖြစ်သည် ။ ဟုတ်သားပဲ ညမှကောင်းကောင်းမအိပ်လိုက်ရတာ ။
မင်းသစ်မထခြင်သေး ။ ဒီလိုမနက်ခင်းလေးမှာ ချစ်စရာအမွှာလေး3ယောက်နဲ့ သူသာရှိရင်အရမ်းပြည့်စုံနေမှာ ။
Leo - ခဏနေရင်သားတို့ဆရာမလာတော့မယ်..
Lily - ဟုတ်သားပဲ.. lilyအခန်းပြန်ပြီး စာသွားလုပ်အုံးမယ် အာဘွားပါပါး..
ပါးပြင်သို့နမ်းကာ ကုတင်ပေါ်ကဆင်း၍အခန်းထဲကထွက်သွားတော့ ။
Victor - သားလဲသွားလိုက်ပါအုံးမယ်..
ပြောပြီးထွက်သွားလေသည် ။ Leoကတော့မသွားသေး ။ မင်းသစ်ကိုတစ်ခုခုပြောခြင်နေပုံရသည် ။ ဒါကြောင့်..
မင်းသစ် - သားပြောစရာတစ်ခုခုရှိနေလား?
Leo - ဟို..
တန်းမထွက် ။ ရှက်သလိုလိုဘာလိုလိုဖြင့် ။
Leo - မနေ့ကညကပြောတဲ့ ပါပါးကြိုက်တဲ့လူကြီးလေ..
"ဟင်"
အရင်းမရှိအဖျားမရှိမို့ နဲနဲတော့မျက်စိကျယ်သွားသည် ။
Leo - ဟို..သူက စာတော်လားဟင်..
အစကဘာကိုပြောခြင်လဲသဘောမပေါက် ။ နောက်တော့မှရိပ်မိကာ အိပ်နေရာကကောက်ထပြီး leoကိုရင်ခွင်ထဲပွေ့၍ ။
မင်းသစ် - သူကပါပါးမြင်ဘူးသမျှထဲ အတော်ဆုံးယောကျာ်းပဲ..
မုသားတစ်စေ့မပါတဲ့စကား ။
မင်းသစ် - ပြီးတော့ Leoကသူနဲ့အတူဆုံး..
ဆက်ခနဲတုန်သွားတာကိုခံစားမိသည် ။
မင်းသစ် - ဒါကြောင့်မိုလို့ သားသာစိတ်နဲနဲနှစ်လိုက်ရင် ဒီစာတွေကိုခက်တယ်ထင်တော့မှာမဟုတ်ဘူး..
နူးညံ့စွာပြောရင်း ကျောပြင်လေးကိုပွတ်ပေးမိသည် ။ ဟုတ်ပါသည် မင်းသစ်ဒီကလေးတွေကို အချစ်တွေပဲပေးနိုင်သည် ။
ခဏကြာတော့ ။
Leo - သားလဲသွားတော့မယ်..
ပြောပြီးထွက်သွားလေသည် ။ သူတစ်ခုခုတော့ဆုံးဖြတ်လိုက်ပြီထင်ပါရဲ့ ။ မင်းသစ်လဲဆက်၍အပြင်းကြီးမနေတော့ဘဲ အောက်ဆင်းလာတော့ အခုမှမနက်စာစားနေသည့် Aidenကိုမြင်သည် ။ မျက်နှာတော့မကောင်း ။
အခြေနေမကောင်းတာမို့ မင်းသစ်လဲဘာစကားမှမပြောတော့ဘဲနေရာမှာဝင်ထိုင်တော့ ထူးထူးခြားခြားမိုးသားကိုမတွေ့ ။ အစကတော့ကြိတ်မှိတ်နေလိုက်သေးသည် သို့သော်စိတ်ကအစာထဲမရောက်သည်မို့ မနေနိုင်တဲ့အဆုံး ။
မင်းသစ် - မိုးသားရော မတွေ့ပါလား.. သူ့ကိုတစ်ခုခုခိုင်းထားတာလ.း
ခွမ်း ။ သောက်လက်စကော်ဖီခွက်ကို စောင့်ချလိုက်တာဖြစ်သည် ။ ကွဲတော့မသွား ။
ပြီးတော့တစ်ခုခုကိုဒေါသထွက်သွားသလိုရှိကာ ပုဝါဖြင့်ပါးစပ်အားသုပ်ပြီး ။
Aiden - ဒီညflightနဲ့ဟောင်ကောင်ကို အလုပ်ကိစနဲ့တစ်ပတ်လောက်ခရီးသွားစရာရှိတယ် မင်းလိုက်မှာလား..
"ဟာ?"လိုက်စရာအကြောင်းမှမရှိတာ ။ သို့သော်လဲ ပေါ်တင်ငြင်းပါကသူနဲ့စကားများမည်မို့ ။
မင်းသစ် - ကလေးတွေအတန်းပျက်လို့မရဘူးလေ သိတဲ့အတိုင်းထားခဲ့ပြန်ရင်လဲ ရန်ဖြစ်နေကြမှာမိုလို့ Sirပဲသွားလိုက်ပါ..
မျက်ခုံးပင့်ကာ ဟက်ခနဲ တစ်ချက်ပြုံးသည်။ မလိုက်မှန်းသိသားပဲဆိုတဲ့ပုံစံ ။
Aiden - ဒါဆိုလဲ အစောဆုံးပြန်ခဲ့မယ် မင်းတစ်ယောက်ထဲဆိုပြင်းနေမှာစိုးလို့ ဟိုတစ်ယောက်ပါနေခဲ့ခိုင်းလိုက်မယ်..
မင်းသစ် - ဟိုတစ်ယောက်ဆိုတာ?
ကျွီ..
အချိန်ကိုက်မိုးသားဝင်လာသည် ။ သူကြားပါလိပ်မည် ။ မျက်နှာတစ်ခုလုံးဖောင်းအစ်ကာ ငိုထားမှန်းသိသာသည် ။ 2ယောက်ဘာတွေဖြစ်ထားကြတာလဲ ။
ပြီးတော့ ကုပ်ကုပ်လေးAidenနောက်မှာရပ်လိုက်သည် ။ ဟိုကတစ်ချက်လှည့်မကြည့် ။
မိုးသား - M.MorningပါSi.r
ဝုန်း
စကားတောင်ဆုံးခွင့်မပေး ထိုင်ခုံမှကောက်ထ သတင်းစာကိုခေါက်ချိုးချိုးပြီး စားပွဲပေါ်ပစ်တင်၍ ထွက်သွားတော့သည်။
ကြားထဲကမင်းသစ်ကမျက်နှာပူသည် ။ မိုးသားမျက်နှာငိုခြင်တာကိုမနဲထိန်းထားပုံရသည် ။ အစကတော့ ဘာဖြစ်ကြတာလဲမေးမို့ပေမဲ့ စကားသွားပြောရင်ပိုစိုးမှာစိုး၍ ထထွက်သွားဖို့လုပ်ကာမှ ။
မိုးသား - မင်းသစ်.. ငါစကားနဲနဲပြောစရာရှိလို့ အချိန်ရှိရင်ခဏလိုက်ခဲ့..
ဒါနဲ့ပဲ မင်းသစ်တို့ဥယျာဥ်ဘက်ရောက်သွားသည် ။ ပြောရလျှင်Cctvမရှိတဲ့နေရာပေါ့ ။ ဘာစကားမှန်းမသိပေမဲ့ မိုးသားရုပ်ကအတည်ဖြစ်သည် ။
ခဏကြာမှာ သူ့စီကအသက်ပြင်းပြင်းရှုသံကြားပြီးလျှင် မင်းသစ်ကိုစိုက်ကြည့်ကာ ။
မိုးသား - ငါမင်းကိုSirနဲ့အမြန်ဆုံးလက်ထပ်စေခြင်တယ်..
" ဟင် "ပါးစပ်ကတော့ထွက်မသွား ။ ထင်ထားတာနဲ့ မဆိုင်တဲ့စကားမို့ကြောင်သွားသည် ။ သူနဲ့Aidenနဲ့အဆင်မပြေမှုကိုရင်ဖွင့်မယ်ပဲထင်ခဲ့တာ ။ ဒီလိုလာပြောတော့ ဘာပြန်ပြောရမှန်းမသိတော့ချေ ။
ရှေ့မှချထားသည့်ကော်ဖီကိုကောက်မော့လိုက်သည် ။ ငါဘာဖြေရမလဲ ။
မိုးသား - ငါ့ကိုမင်းငှဲ့နေတာဆိုရင်တော့ သူ့ကိုလက်လျော့လိုက်တာကြာပါပြီ..
အဖျားနဲနဲတုန်တက်သွားသည့်အသံသည် မသိသာလိုက် ။
မိုးသား - အမွှာလေးတွေကကြီးလာပြီမင်းသစ်.. သူတို့တွေရဲ့သင်ယူမှုကမြန်ဆန်တယ် ကျိန်းသေ မင်း3ယောက်ကြားထဲဘယ်လိုမှနေလို့ရမှာမဟုတ်ဘူး..
မှန်ပါတယ် ။ ဒါနဲ့ပဲငါကလက်ခံလိုက်ရတော့မှာလား ။ ဆက်၍နားထောင်နေလိုက်သည် ။
မိုးသား - Sirကအားကိုးရလောက်တဲ့ အရည်အချင်းရှိပါတယ်.. ပြီးတော့ မင်းကိုအရမ်းချစ်တာ ငါကတော့ အဲ့ဒီ့တစ်ချက်ထဲနဲ့တင် သူ့ကိုလက်ခံသင့်တယ်လို့ခံယူတယ်..
ဟုတ်သည် ။စောစောလက်ခံခိုင်းတာပဲကောင်းသည် ။ မဟုတ်ပါက Sirနဲ့ဘယ်လိုဆက်ဖြစ်မယ်ဆိုတာမသိနိုင် ။ ကြာလေလေမင်းသစ်က Sirကိုအားကိုးရမည့်အနေအထားဖြစ်ကာ သူတို့2ယောက်ကတစ်ချိန်နီးစပ်သွားမည် ။ အချိန်ပဲလိုအပ်သည် ။ အချိန်မကျခင် မနေ့ကလိုSirအတူသာနေမိခဲ့ရင် ဘယ်လိုဆက်ဖြစ်ကြမှာလဲ ။
ဆက်၍မတွေးနိုင် ။ အရမ်းတွေရှုပ်ကုန်လိပ်မည် ။ ပြီးတော့Sirကအရမ်းလိုခြင်နေသည်မဟုတ်လား ။ မင်းသစ်ကလဲမပေး မိမိကလဲမပေးဆိုလျှင် သူတခြားသူရှာတော့မည် ။ တွေ့သည့်သူကတော့ မိန်းကလေးဖြစ်ဖြစ်ယောကျာ်းလေးဖြစ်ဖြစ် ငါးကြီးကြီးမိတာပင် ။ တော်ကြာ အဲ့ဒီ့တစ်ယောက်ကSirကို အမိအရချုပ်နိုင်ခဲ့သည်ရှိသော် မင်းသစ်အားကိုးရမည့်သူမရှိဘဲဖြစ်သွားမည် ။
ဒါ့ကြောင့်Sirဘယ်သူ့မှရှာမတွေ့ခင် လက်ခံလိုက်တာကအကောင်းဆုံးနည်းဟုယူဆသည် ။
မင်းသစ် - ok မင်းဘာကြောင့်ဒီစကားတွေပြောနေလဲတော့ငါမသိဘူး.. ဒါပေမဲ့ ဒီကိစ္စကဒီလောက်မလွယ်..
မိုးသား - မင်းသစ်!! မင်းနိုးထပါတော့ကွာ.. အခုဆို Victorကအမှတ်ပြည့်ချည်းရတာ နှစ်ဝက်လောက်ရှိပြီ..Lilyကလဲအရမ်းထက်မြတ်တဲ့မိန်းကလေး.. Leoဆို ကြီးလာလို့Supportလုပ်ပေးနိုင်ရင် ကျိန်းသေနာမည်ကြီးModelတစ်ယောက်ဖြစ်လာနိုင်တယ်.. မင်းတစ်ယောက်ထဲ သူတို့ရဲ့အနာဂါတ်ကိုတာဝန်ယူနိုင်လား..
မင်းသစ် - ငါအမြင့်ဆုံးထိတော့ရောက်အောင်မလုပ်နိုင်ပေမဲ့ ငါတက်နိုင်သလောက်..
မိုးသား - တက်နိုင်သလောက်? ဘယ်လိုမျိူးလဲ? သူဋ္ဌေးတစ်ယောက်စီမှာတောက်တိုမရလုပ်ပြီး မငတ်အောင်ကြွေးထားနိုင်တယ်ဆိုတဲ့အဓိပါယ်လား..
ရင်ထဲနာသွားသည် ။
မင်းသစ် - ဘာလို့တောက်တိုမရမလုပ်လို့မရတာလဲ သူတို့မှာမွေးကထဲကခံစားပိုင်ခွင့်တွေနဲ့..
မိုးသား - အဟွန်း တက်သလောက်လုပ်ကြွေးမယ်ဆိုလို့ပါ..ပြီးတော့.. မင်းနဲ့Sirကြား3နှစ်ပြီးတဲ့အခါ အဖြေတစ်ခုပေးမယ်ဆိုတာ မကြာခင်ပဲ3နှစ်ပြည့်တော့မယ်ဘယ်လိုလုပ်မှာလဲ..
ဟူး ။ မင်းသစ်သက်ပြင်းချလိုက်သည် ။
မင်းသစ် - ကောင်းပြီ ဒါဆိုငါမေးတာဖြေ မလိမ်ရဘူး
မေးဆိုသည့်သဘောနဲ့ခေါင်းညိမ့်ပြသည်။
မင်းသစ် - ဒီနှစ်တွေအတွင်း မင်းSirရဲ့PAဖြစ်ချိန်ကစလို့ သူနဲ့မင်းဘာပက်သက်မှုမှမရှိခဲ့ဘူးလား..
မေးခွန်းမှာလက်2ဖက်ကဘောင်းဘီစကိုတင်းတင်းဆုပ်လိုက်သည် ။
မိုးသား - ငါ့ကိုစေ့စေ့တောင်မကြည့်ဘူးဘူး..
စိတ်မကောင်းဖြစ်သွားသည် ။ တစ်ခုခုတော့ရှိနေပါစေဟုဆုတောင်းခဲ့တာ ။ တကယ်သာဆိုလျှင် Aidenကိုလက်မခံစရာအကြောင်းရေရေရာရာရှိမနေတော့ ။
အတွေးတွေကြောင့်အသက်ရှုမဝသလိုဖြစ်လာ၏ ။
မိုးသား - ပြီးတော့ sirဒီတစ်ခေါက်ခရီးကပြန်လာရင် ငါအလုပ်ထွက်တော့မယ်..
"ဟင်"။ဒီနေ့ကြားသမျှစကားတွေအကုန် တစ်ခုမှနားဝင်ချိုမနေပါ ။
မိုးသား - ဒါကြောင့်ဖြစ်နိုင်ရင် ငါမထွက်ခင် မင်းတို့2ယောက်မဂ်လာပွဲ ဂုဏ်ပြုသွားခြင်တယ်..
ဒီနေရာနဲ့ဒီလူ့အနား ဆက်၍မနေနိုင်တော့ ။ တစ်ညလုံးစဥ်းစားခဲ့သည် ။ မင်းသစ်အနေနဲ့ကြည့်ရင်ရက်စက်ရာကျပေမဲ့ ဒါကပဲဖြစ်သင့်တာမဟုတ်လား ။ ဆက်ပြီးသူတို့ကြားမှာ အနှောက်အယှက်မဖြစ်ခြင်တော့ ။ လူလဲပင်ပန်းနေပြီဖြစ်သည် ။
မင်းသစ် - ဘာလို့အလုပ်ထွက်ခြင်တာလဲမေးလို့ရမလား.
မိုးသား - သိသာနေတာပဲမဟုတ်ဘူးလား သူငါ့ကိုစိတ်ကုန်နေပြီ အခုခရီးတောင်ခေါ်သွားတာမဟုတ်ဘူး..
သူတို့ကြားက ကိစ္စကိုမသိတဲ့အတွက်ကြောင့် ဘာမှမဟနိုင်။ ငါတကယ်ပဲဘာမှလုပ်ပေးလို့မရတော့ဘူးလား ။
မင်းသစ်မျက်စိတင်းတင်းမှိတ်လိုက်သည် ။ လူကအရမ်းအနားယူခြင်နေပြီ ။ မနက်ကထဲက အခုချိန်ထိစိတ်ချမ်းသာမှုသေးသေးလေးတောင်မရှိသေး ။ ဒါ့အပြင်အကြီးမားဆုံး ဆံုးဖြတ်ချက်လဲမကြာခင် ချရတော့မည် ။
အနားယူခြင်တယ်..အရာအားလုံးစီကထွက်ပြေးခြင်တယ်.. ။
ဟင်.. ။
မျက်စိထဲဖြတ်ခနဲပေါ်လာသည့်နေရာတစ်ခု ။
မင်းသစ် - ငါအဲ့ဒီကျွန်းပေါ်ခဏသွားခြင်တယ်..
"ဟင်"မိုးသားမျက်ဝန်းတွေပြူးကျယ်သွားသည် ။ဘာလို့ရုတ်တရက်ကြီးလဲ ။
မင်းသစ် - အရမ်းပင်ပန်းလို့အပန်းဖြေတဲ့အနေနဲ့သွားမှာ Sirပြန်မရောက်ခင်ပြန်လာခဲ့ပါ့မယ် ခရီးကိစကို မင်းပဲစီစဥ်ပေး...
ရင်တွေတဒုန်းဒုန်းခုန်လာသည် ။ ဘာလို့အဲ့ဒီ့ကျွန်းမှလဲ ။
မိုးသား - တခြားကောင်းတဲ့ခရီးတွေ အများကြီးရှိပါတယ် အဲ့ဒီကျွန်းက..ဟို..အပန်းဖြေဖို့ကောင်းတဲ့နေရာလို့မထင်ဘူး..
မင်းသစ် - ဒီနှစ်တွေအတွင်းနေရာတော်တော်များများရောက်ခဲ့ပြီးပြီ အဲ့ဒီ့နေရာလောက်ငါ့ကိုrelaxမဖြစ်စေဘူး..
တားလို့မရနိုင်တော့ဘူးလား ဘယ်လိုလုပ်ရမလဲ ။ အဲ့ဒီ့ကိုသာသွားရင် Sirနဲ့မင်းသစ်က.. ။
နူတ်ဆိတ်နေသည့်မိုးသားအား မင်းသစ်သက်ပြင်းဖွဖွချကာ ။
မင်းသစ် - အဲ့လောက်စိတ်ပူနေလဲSirမသိအောင်ပဲ စီစဥ်လိုက်ပေါ့ ဘာပဲဖြစ်ဖြစ်သူမရောက်ခင်ပြန်ရောက်မှာပဲဟာ..
ငါဘာလုပ်ရမလဲ.. ။ Sirကမင်းသစ်ကိုအရမ်းချစ်တာ သူဆုံးရှုံးရလိပ်မယ် ။ ဒါပေမဲ့... ငါလဲSirကိုချစ်တယ်လေ.. တစ်ကြိမ်လောက်ပဲ တစ်ကိုယ်ကောင်းဆန်လိုက်လို့မရဘူးလား ။
==================================
ပန်းချီအတန်းဖြစ်သည် ။ ကလေးတွေအတွက်ပန်းချီပညာသည် စိတ်ကူးယဥ်ပုံဖော်စရာအကောင်းဆုံး နေရာတစ်ခု ။များများစိတ်ကူးယဥ်ရလေ ဥာဏ်ထက်လေဖြစ်သည် ။ဒါ့ကြောင့်နိုင်ငံတစ်ကာတွင်ပန်းချီကိုသီးသန့်အတန်းအဖြစ်သင်ကြားကြသည်။
lily အခုလိပ်ပြာပုံဆွဲနေတာဖြစ်သည်။ လိပ်ပြာသည်အလွန်ထူးခြားသောစွမ်းအင်ရှိသည်။ အသက်ရှင်နေစဥ်ဘဝ2ခုအနေနဲ့နေနိုင်တဲ့ ထူးခြားပြောင်းလဲစွမ်းအင်ရှိသည့်မှော်ဆန်သော သတဝါလေးဟုခံယူသည်။ သူတို့အတောင်လေးတွေကို အိမ်ငယ်လေးအတွင်းအချိန်ပေးချယ်သကာ ထွက်ပေါ်လာသည့်အခါဂုဏ်ယူစွာပျံသန်းပုံကအစ မြင်ကွင်းထဲလှပလွန်းသည်။
ဆရာမကlilyပုံကိုကြည့်ကာ တစ်ချက်ပြုံး၍အသိမှတ်ပြုသည် ။ ထိုအပြုံးကိုမြင်ဖို့မလွယ်ကူ ကျိန်းသေလှပလို့နေမည် ။
ထို့နောက် Victorထံသွားသည်။ ပန်းချီပညာဆိုညံ့သည့်victorသည် ပင့်ကူပုံခြစ်ထားသည်။ ဆရာမကမျက်မှောင်ကျုံ့သော် မသိဟန်ဆောင်နေသည်။
နောက်တော့ Leoထံသွားသည် ။ ဆရာမအံ့သြသွားဟန်ရှိသည် ။ ပုံသို့စူးစိုက်ကြည့်သည် ။ ပြီးလျှင်လက်ခုပ်3ချက်တီးကာ ကြေနပ်ကြောင်းပြသော် Leoဘာပုံဆွဲလဲမမြင်ရပါ ။
အတန်းပြီးသွားတော့ ဆရာမပြန်သွားချိန်Leoပုံကိုပေါ်တင်သွားကြည့်သည် ။
"ဟင်"
မျက်ဝန်းတစ်စုံ။ Leoမျက်ဝန်းနဲ့တူသည့်မျက်ဝန်းဖြစ်သည် ။ သို့သော် Leoမဟုတ်ပါ ။ ပါပါးအခန်းထဲချိတ်ဆွဲထားသည့်ပုံရဲ့မျက်ဝန်းဖြစ်သည် ။ အရောင်ချယ်တာကအစသေသပ်သည် ။ ပညာရှင်အဆင့်အဝေးကြီးပေမဲ့ မြင်ဘူးသမျှထဲအလှဆုံးလိုရှိသည် ။
Lily - ချေးကျူးလိုက်မယ်..
Leo - မလိုဘူး.
ဒါတွေမတည့်တာဖြစ်သည် ။ အနုပညာချိန်ကလွဲပြီး ဘာမှမတက်တဲ့သူအနေနဲ့ဒီမျက်နှာထားမဖြစ်သင့်ဘူးလို့ထင်သည် ။
အားပါပါမဲ့ပြလိုက်ပြီး ထွက်လာခဲ့သည် ။ ပန်းချီကိုကြည့်လိုက်သည် ။ လူကြီးတစ်ယောက်ကကြည့်ရင်တော့ ကလေးတစ်ယောက်ရဲ့ပန်းချီမှန်းသိသာပေမဲ့ ဆွဲဘူးသမျှထဲအကြိုက်ဆုံးပုံဖြစ်သည် ။ အိမ်တော်ထိန်းကိုပြောပြီးဘောင်ခတ်သိမ်းထားမှပါ ။
အခန်းထဲပြန်တော့ ပါပါးအခန်းရှေ့ကအဖြတ် တံခါးအနဲငယ်ဟထားသည်ကြောင့် ပါပါးအဝတ်တွေသိမ်းနေတာကိုမြင်ရသည် ။ မျက်နှာကသိသိသာသာမကောင်း ။ ငိုထားသည်လား ။အဝတ်ကူသိမ်းပေးမှပါ ။
မင်းသစ် အတွေးတွေထဲမျောကာ ဘီရိုထဲကအဝတ်တွေဖြုတ်ပြီးဘေးကိုပစ်ပုံထားသည်ကို လာကူသောလက်သေးသေးလေးများကြောင့် ။
" ဟင် "
အစကတော့ဘာလုပ်နေပါလဲပေါ့။ နောက်မှမင်းသစ်အဝတ်တွေကိုကူထည့်ပေးနေတာဖြစ်သည် ။ ထည့်တော့လဲခေါက်မထည့်ဘဲ လက်လေးတွေနဲ့အဝတ်ကိုလုံးကာ တစ်ထည်ခြင်းစီပစ်ထည့်နေတာကြောင့် အသဲယားသွားသည် ။
မင်းသစ် - ပါပါးကိုလာကူတာလား..
ခေါင်းငြိမ့်ပြသည် ။ ဒီလိုလေးကြတော့လဲ ကလေးလေးတွေပါလားဟု ။ လုပ်လက်စကိုချကာ ဖက်ထားလိုက်သည် ။
မင်းသစ် - ပါပါးကိုဘယ်သွားမှာလဲ မမေးတော့ဘူးလား..
Leo - ပါပါးကဘယ်သွားသွား Leoတို့ပါခေါ်နေကြလေ အဲ့ဒါကြောင့်မမေးတော့ဘူး..
အသဲယားကာ ပါးလေးကိုဖိကပ်နမ်းလိုက်သည် ။ ဒါပေမဲ့သူတို့လေးတွေပါခေါ်လာလို့မဖြစ် ။ မင်းသစ်တောင် ဘယ်လိုနေဘယ်လိုစားရမလဲမတွေးရသေးတာဖြစ်သည် ။ ကြံထားတာကready madeများကိုများများသယ်၍ အိပ်ဖို့tentနဲ့အခင်းအချို့ အဝတ်အစားတချို့နဲ့ ရေပါရင်လောက်ပြီဟု တွေးထားသည်။ အနေစားဆင်းရဲသည့်ခရီးတစ်ခုမို့ သူတို့လေးတွေကိုမခေါ်ခြင် ။ဒီ့ထက် ကျွန်းပေါ်မှာရန်ဖြစ်နေကာမှ ပိုခက်မည်။
မင်းသစ် - ဒီတစ်ခါခရီးက သားတို့လိုက်လို့မရဘူး..
Leo - ဘာလို့လဲ..
လန့်သွားသည့်မျက်ဝန်းလေးဖြစ်သည် ။
မင်းသစ် - အကောင်းစားHotelတွေမရှိဘူး အကောင်းစားအစားအသောက်တွေမရှိဘူး leoကြိုက်တဲ့သီချင်းတွေလဲမရှိဘူး ဖုန်းလိုင်းလဲမရဘူး အရမ်းပြင်းဖို့ကောင်းတဲ့နေရာတစ်ခု..
စိတ်ညစ်သွားသည့်ရုပ်လေး စူပုတ်ပုတ်နဲ့ဘာပြောရမှန်းမသိတဲ့ပုံ ။ ခဏတော့တစ်ယောက်ထဲနေမှရမည် ။ စဥ်းစားစရာတွေးစရာတွေအများကြီးမို့ ။
ထိုစဥ်
မင်းသစ် - LeoဦးလေးAidenကိုဘယ်လိုထင်လဲ..
လွှတ်ကနဲမေးလိုက်မိသည် ။ ရည်ရွယ်ချက်ဟူ၍မပါ။
Leo - lilyနဲ့တော့အဆင်ပြေနေတာပဲ သားကတော့သိပ်သဘောမကျဘူး ပါပါးနဲ့မတည့်လို့..
ပြောကာမှ မင်းသစ်Aidenနဲ့ကလေးရှေ့လဲမရှောင် စကားများကြသည်မို့ Leoနဲ့Victorက Aidenကိုသိပ်မကြိုက်တာလားမပြောနိုင် ။ အဆိုးထဲက အကောင်းပေါ့ ။
Leo - ပြီးတော့ပါပါး သားခရီးလိုက်ခြင်တယ် သားကိုခေါ်သွားပါ..
မင်းသစ် - Leoကိုခေါ်ခြင်တာပေါ့ပါပါးက ဒါပေမဲ့..
မိုးသား - ကလေးတွေကိုခေါ်သွားလိုက်မင်းသစ်..
ဘယ်ထဲကရောက်နေမှန်းမသိတဲ့ မိုးသားကတံခါးဝကလှမ်းပြောလိုက်ခြင်းဖြစ်သည် ။ ဒီကောင်ဘာဖြစ်နေတာလဲ ။
မိုးသား - ဝင်ခွင့်ပြုပါ..
ဟုဆို၍ ဝင်လာပြီးလျှင်အဝတ်စားတွေကိုကြည့်ကာ မင်းသစ်ဘက်ကိုလှည့် ။
မိုးသား - အဟမ်း.. ကျွန်းကိုအပန်းဖြေခရီးထွက်မှာ လှလှပပလေးတွေထည့်သွားသင့်တာပေါ့..
လာပြောင်နေတာလားဟု ဘုကြည့်ကြည့်ပြီးလျှင် ။
မင်းသစ် - စိတ်အပန်းဖြေဖို့သွားမှာ အပျော်ခရီးထွက်မှာမဟုတ်ဘူးမိုးသား..
မိုးသား - စိတ်အပန်းဖြေဖို့လဲတစ်ခါတစ်လေ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေလိုအပ်တယ်..
ပြောပြီး မင်းသစ်လက်ထဲအကျီဘူး4ဘူးပေးသည် ။ ဘာတွေလဲဟု အပေါ်ဆုံးကတစ်ဘူးဖွင့်ကြည့်ကာ bikiniတွေဖြစ်နေတော့ ။
မင်းသစ် - လာပြောင်နေတာလား မင်းဘဲဝတ်ဒါတွေ..
မိုးသား - လိုလိုပိုပိုထည့်သွားစမ်းပါ နောက်မှကျေးဇူးတင်..
ကျေးဇူးတောင်တင်ရအုံးမယ် လဲသေလိုက်ဟု စိတ်ထဲပြောလိုက်သည် ။ ထို့နောက်Leoဘက်လှည့်ကာ မင်းသစ်ကိုပြန်ကြည့်၍ ။
မိုးသား - ကလေးတွေပါခေါ်သွား ကျိန်းသေသူတို့အကူညီလိုလိပ်မယ်..
မင်းသစ် - Aidenနဲ့အဆင်မပြေတာနားလည်ပေမဲ့ ဒီလောက်ကြီးခေါင်းချောင်သွားလိပ်မယ်လို့မထင်မိဘူး..
တစ်ချက်သာပြုံး၍ဘာမှပြန်မပြော ။ ဒီကောင်ဘာတွေဖြစ်နေတာလဲ ။
မိုးသား - ဒီညနေ4နာရီSirခရီးစတင်ထွက်လိပ်မယ် မင်းကထည့်ခြင်တဲ့အဝတ်နဲနဲသာထုပ်ထား ဒီက5နာရီထွက်ရင် ဟိုကိုမနက်4နာရီလောက်ရောက်မယ်..
မင်းသစ် - ညflightစီစဥ်လိုက်တာလား..
မိုးသား - ခရီးရှည်တယ် အဲ့လိုမှမဟုတ်ရင်အဆင်မပြေဘူး..အသက်ကယ်အကျီနဲ့လိုအပ်တဲ့ဟာတွေပြင်ဆင်ပြီးပြီ ပြီးတော့ဒါလေး..
နာရီလေးတစ်လုံး မင်းသစ်ရဲ့လက်ကောက်ဝတ်ကိုပတ်ပေးလိုက်သည် ။
မိုးသား - မင်းပြန်ခြင်တဲ့အခါ ဒီကခလုပ်လေးကိုနိုပ်လိုက်ယုံပဲ 3နာရီအတွင်းလာခေါ်မယ် အနီးအနားကမြို့တစ်ခုမှာလေယာဥ်အသင့်ပြင်ထားမှာမို့..
ထောင့်စေ့စေ့ပြင်ထားပေးတာဖြစ်သည် ။
မင်းသစ် - အင်း ကျေးဇူး..
မိုးသား - ပြီးတော့ ငါVictorနဲ့lilyကိုခရီးအကြောင်းပြောပြီးပြီ..
မင်းသစ် - ဘာ!
မိုးသား - ခရီးမသွားတာနှစ်ချီနေပြီမင်းသစ် တစ်ခါတစ်လေတော့ ကောင်းကောင်းပျော်ခဲ့ပါ..
မင်းသစ် - ငါပျော်ခြင်လို့သွားတာမှမဟုတ်တာ..
မိုးသား - ဟိုရောက်ရင်မင်းပျော်သွားမှာ..
သူ့စကားတွေနားမလည်နိုင် ။
Leo - ဒါဆိုသားခဲတံရောင်စုံလေးတွေသွားသိမ်းလိုက်အုံးမယ်..
ပြောပြီးပျော်ပျော်ပဲပြေးထွက်သွားလေသည် ။ မင်းသစ်ကတော့ သက်ပြင်းပဲချနိုင်သည် ။ အေးအေးဆေးဆေးတစ်ကိုယ်ထဲခရီးသွားဖို့ပါဆိုမှ ကလေးတွေထိန်းရပြန်အုံးမည် ။
==================================
တကယ်ကြီးမင်းသစ်တို့ ညFlightနဲ့သွားတာဖြစ်သည် ။ မိသားစုflightမို့ Hawaiiကိုတိုက်ရိုက်ရောက်သည် ။ ထိုမှတစ်ဆင့် ထိုကျွန်းသို့ဆက်သွားရမည် ။
လေယာဥ်သည် သိပ်မကြီးပါ လူ10ယောက်လောက်သာလိုက်ပါနိုင်ပြီး မိသားစုတစ်စုကောင်းကောင်းဆန့်သည် ။ ကလေးတွေကတော့ ပင်ပန်း၍အိပ်နေပြီ ။မင်းသစ်ကတော့ အပြင်ကိုကြည့်ကာအတွေးပေါင်းစုံနဲ့ ။ မိုးသားကပဲနောက်ဆုံးအဝတ်တွေကိုစီစဥ်ပေးတာဖြစ်သည် ။ ဒါကြောင့်ဘာတွေပါလဲမသိ ။ အစာအစာနဲ့ အရေးကြီးလိုအပ်တာတစ်ချို့တော့ ဘယ်နေရာရှိမှန်းသိသည် ။ လူကဘာမှမတွေးခြင်တော့ ရောက်လို့အဆင်မပြေခဲ့ရင်လဲ တန်းပြီး လက်ပတ်နာရီကခလုပ်ကိုနိုပ်ကာကြိုခိုင်းတော့မည် ။
" ပါပါး "
" ပါပါး "
ဘယ်အချိန်ကအိပ်ပျော်သွားလဲမသိလိုက် နိုးတော့ Hawaiiတောင်ရောက်လို့လာပြီ ။ ကလေး3ယောက်နဲ့ ဘေးတွင်လေယာဥ်မယ်လေးကလဲ အထုပ်အတင်အချလုပ်ဖို့ မင်းသစ်ကိုအရင်နှိုးတာဖြစ်သည် ။
ရောက်တော့ မနက်2နာရီမို့ ပတ်ပတ်လည်ကမှောင်ပိန်းနေသည် ။ ထင်တာက ထိုကျွန်းသို့
helicopterပြောင်းစီးရန် ကားစီးကာhelicopter
ရှိတဲ့နေရာသွားရအုံးမည်ထင်ခဲ့သော်လည်း ယခုလေယာဥ်ကဆင်းဆင်းခြင်း helicopterကဘေးတွင်အသင့်စောင့်ကြိုနေသည်မို့ ခရီးကအရမ်းအဆင်ပြေခဲ့သည် ။ အားလုံးထက်တက်ကြွနေတာတော့ ကလေးတွေဖြစ်သည် ။
helicopterပေါ်ရောက်တော့ မင်းသစ်ကထပ်အိပ်ခြင်ပေမဲ့ အမွှာလေးတွေအသံကနားထဲရောက်လာသည် ။
Lily - helicopterစီးဘူးတာပထမဆုံးပဲ နဲနဲကြောက်တယ်..
Leo - ကြောက်ရင်ပန်းချီဆွဲနေ..
ပြောရင်းtabletထုတ်ပေးသည် ။
Lily- မဆွဲပါဘူး..
Victor - အောက်ကိုကြည့်ပင်လယ်ကြီး ကျိန်းသေငါးမန်းတွေရှိနေမှာ..
Leo - မြင်ရလား
Victor - မမြင်ရဘူး..
Lily - ဓာတ်မီးနဲ့ထိုးကြည့်ရင်ကော..
မင်းသစ် - ညိမ်ညိမ်နေကြနော် ခါးပတ်ဖြုတ်တာတို့ တံခါးဖွင့်တာတို့လုပ်ရင် ပါပါးတို့အကုန်ပင်လယ်ထဲပြုတ်ကျကုန်မယ်..
ပြောမှညိမ်သွားသည် ။ ခရီးသွားတာအပန်းဖြေဖို့ဆိုကာမှ နဲနဲမှအပန်းမပြေ ။ညလုံးပေါက်ခရီးမို့ပင်ပန်းနေတာဖြစ်နိုင်သည် ။ ကျွန်းပေါ်ရောက်ရင် ခဏအိပ်အုံးမှပါ ။
ကျွန်းပေါ်ကို မနက်4နာရီ25minsမှာရောက်သည် ။ အစကတော့ပေါ့ပျက်ပျက်တွေးလာခဲ့တာ တစ်ကယ်တန်းကျွန်းပေါ်ရောက်ပြီးအထုပ်တွေချ helicopterလဲထွက်သွားတော့ ဘာကစလုပ်ရမလဲမသိတော့ ။
မနက်နေရောင်စွန်းစွန်းလေးသာမြင်ရ၍ 80%လောက်မှောင်သေးသည်မို့ နဲနဲကြောက်သည် ။ ကလေးတွေကပြောင်းပြန် ။ အမွှာလေးတွေကတော့ 3ယောက်သားပျော်လို့ခုန်ပေါက်ချိန် မင်းသစ်ကအိပ်ခြင်နေသည် ။ တစ်ယောက်ထဲသာဆို tentထိုးပြီးထိုးအိပ်မှာဆိုပေမဲ့ သူတို့တွေကိုဒီအတိုင်းလွှတ်ထားလို့ကလဲမဖြစ် ။
မင်းသစ် - ပါပါးစီခဏလာကြအုံး!
ပြောတော့ ပြေးလာကြသည် ။ သူတို့လက်သေးသေးလေးတွေယူကာ နာရီလေးတွေပတ်ပေးလိုက်သည် ။ မင်းသစ်လိုနာရီပေမဲ့ လေယာဥ်ခေါ်ဖို့မဟုတ်ဘဲ အခက်အခဲဖြစ်နေပါကတစ်ယောက်ကနိုပ်လိုက်လျှင် ကျန်3ယောက်မှာမည်တဲ့စနစ်နဲ့ဖြစ်သည် ။
မင်းသစ် - ပါပါးကြိုပြောမယ်နော်.. 3ယောက်သား ပါးပါးနဲ့အဝေးကြီးတွေမသွားနဲ့ ပြီးရင် တစ်ယောက်ထဲလဲမသွားနဲ့သွားမယ်ဆို ပါပါးကိုအရင်လာပြော4ယောက်လုံးအတူသွားမယ်ဟုတ်ပလား..ပြီးရင် တွေ့ကအကောင်တွေကိုလဲမထိနဲ့ အုန်းပင်အောက်တွေလဲမသွားနဲ့အုန်းသီးခေါင်းပေါ်ပြုတ်ကျမယ် အောက်ကိုသေချာကြည့်သွားမြွေတွေလဲရှိတက်တယ် ငှက်တွေကိုလဲသွားရန်မစနဲ့ ကြားလား..
ခြောက်တာမဟုတ်ပေမဲ့ စိုးရိမ်တာမို့ မင်းသစ်ကြုံခဲ့ဘူးသမျှတွေပြောပြလိုက်တော့ 3ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ။
Leo - ပါပါးဒီကိုရောက်ဘူးတာလား..
မင်းသစ် - ဟုတ်တယ် ပါပါးတို့မျောလာတယ်ဆိုတာ ဒီကျွန်းပဲ..
Lily - ဟိုလူကြီးနဲ့လား..
မင်းသစ် - ဟုတ်တယ်..
ပြောကာမှ သူနဲ့အမှတ်တရတွေကိုပြန်သတိရသည် ။ အနာဂါတ်ကိုမြင်နိုင်သည့်အစွမ်းရှိခဲ့ပါက သူ့ရောမင်းသစ်ရောဒီကျွန်းပေါ်ကထွက်ဖို့မရွေးချယ်လောက်ပါ ။ သို့သော် မထွက်ခဲ့ပါက ဒီအမွှာလေးတွေကိုအခုလိုမြင်ရမှာမဟုတ် ။ ကျွန်တော်တို့ဘာလုပ်ခဲ့သင့်တာလဲ ။
Victor - တခြားသူတွေလဲဒီကျွန်းမှာရှိလား..
မင်းသစ် - ပါပါးတို့ကလွဲပြီးဘယ်သူမှမရှိဘူး..
Victor - သားတို့ကမ်းစပ်မှာလျှောက်ကြည့်လို့ရလား ပါပါး..
စကားကြောင့်အတွေးတွေပြတ်ကာ ပစည်းတွေနဲ့အထုပ်တွေကိုတစ်ချက်ကြည့်ပြီး ။
မင်းသစ် - ဝေးဝေးတော့သွားလို့မရဘူး ပါပါးတို့နဲနဲပဲလျှောက်ကြည့်တာပေါ့..
Lily - ရေးး
အစကတော့ အနားကမခွာနဲ့ဝေးဝေးမသွားနဲ့ပြောပေမဲ့ ကလေးတွေကိုလဲလွတ်လွတ်လပ်လပ်ပျော်စေခြင်သည် ။ဒါကြောင့်မြင်ရတဲ့အကွာအဝေးလောက်ကနေပဲကြည့်ကာ ကမ်းစပ်အလာရိုက်ခတ်သည့်လှိုင်းငယ်လေးများကမင်းသစ်ခြေထောက်ကိုစိုစေသည် ။
အေးချမ်းလိုက်တာ ။
ကလေးတွေရဲ့ခပ်ဝေးဝေးကရယ်သံကြားရသည် ။ အမြဲသတ်ပုတ်နေကြတဲ့အမွှာတွေ အချင်းချင်းရေပက်ဆော့ကာ အရယ်တွေလွင့်ပျံနေသည် ။ တိုက်ခတ်လာတဲ့ပင်လယ်လေပြေက ပါးမို့ကိုလာရိုက်တော့ စီးကနဲရင်ထဲထိတုန်သွားသည် ။ အရင်ကဆိုထိုလူ့ရင်ခွင်မှာ ပုန်းခိုနေကြ ။
ဂျင်းဘောင်းဘီဒူးပေါ်နှင့် T shartအကျီအပြာပေါ် လက်ရှည်အဖြူလေးထပ်ထားကာ ကမ်းခြေစီးခြေညှပ်ဖိနပ်ဖြင့် ကမ်းစပ်မှာ လွတ်လွတ်လပ်လပ်လျှေက်လှမ်းရတာကိုသဘောကျသည် ။
ကလေးတွေကတော့ အကျီထူထူဝတ်ထားပေမဲ့ ကျိန်းသေရေစိုလို့နေပြီ ။ အရာအားလုံးမေ့၍ သူတို့လေးတွေစီပြေးကာ မင်းသစ်ကစတင်ပြီး လက်ခုပ်ထဲရေခပ်ကာ အနီးရှိLilyကိုပက်လိုက်သည် ။
အစကတော့သူတို့ကြောင်သွားသလိုရှိပြီး ။
Lily - ပါပါးပါlilyကိုအနိုင်ကျင့်တာပေါ့ ရော့..
ပြန်ပက်သည်။ ငယ်သေးတာမို့ရေကဝေးဝေးရောက်မလာ ။ မင်းသစ် Leoနဲ့Victorပါလိုက်ပက်တော့ 3ယောက်တစ်ယောက် မင်းသစ်အနားရောက်ကာ ရေစိုအောင်လက်2ဖက်ဖြင့်အမြန်ပက်သည် ။ မင်းသစ်သူတို့ကိုရေပြန်ပက်လို့မရအောင် victorနဲ့Leoကလက်တစ်ဖက်စီကိုင်ချုပ်သည် Lilyကပက်သည် ။ မင်းသစ်3ယောက်လုံးကိုပွေ့ကာ ဗိုင်းကနဲမှောက်လိုက်တော့ အမွှာ3ယောက်လုံးမင်းသစ်အပါ ခေါင်းအစခြေအဆုံးရေတွေရွှဲသွားသည် ။
ပင်ပန်းသွားတာကြောင့် 4ယောက်လုံးအတိုင်အဖောက်ညီညီရယ်မောရင်း ခြေပစ်လက်ပစ်ပစ်လှဲလိုက်သည် ။
အရာအားလုံးကိုမေ့သွားခြင်တယ် ။ တခြားယောကျာ်းတစ်ယောက်ကိုလက်ခံရတော့မည်ဆိုတဲ့အတွေးက ရင်တစ်ခုလုံးပူဆွေးသောကရောက်ရသည် ။ ဒါကြောင့်လက်ရှိမှာပျော်ပျော်နေမည် ။ ကလေးတွေကိုပျော်အောင်ထားမည် ။ ရှေ့ဆက်ဘာပဲဖြစ်လာဖြစ်လာ ကလေးတွေကိုဦးစားပေးမည် ။
နေရောင်စထွက်တဲ့ကောင်းကင်ကြီးကအရမ်းလှသည် ။ တိမ်ဆိုလို့အမျှင်အစများသာရှိပြီး ပြာကြည်နေသည် ။ အနဲငယ်အမောဖြေလိုက်ပြီး မတ်တပ်ရပ်တော့ အမွှာလေးတွေလဲထလာသည် ။
မင်းသစ် - ကဲ့ကြေနပ်ပြီလား လာပါပါးတို့အထုပ်တွေနေရာပြန်ကြရအောင်..
"အာ..ပါပါးကလဲ"
"ခဏလေးထပ်ဆော့မယ်နော်"
ငြီးသံများထွက်လာသည် ။
မင်းသစ် - ရေတွေလဲစိုကုန်ပြီ လေလဲအေးတယ် ပြီးမှပဲထပ်ဆော့ကြတာပေါ့..
သူတို့လေးတွေမျက်နှာငုံ့ကြည့်ကာ ပြုံးပြုံးလေးပြောလိုက်သည် ။ စူပုတ်ပုတ်နဲ့ကြေနပ်ပုံမရ ။
မင်းသစ် - ကြက်ကြော်ဘယ်သူစားခြင်လဲဟေ့..
Lily - lilyစားမယ်..
Leo - အအေးပါပါမှာလား..
Victor - ကျွန်တော်လဲစားမယ်..
မင်းသစ် - ဟုတ်ပြီဒါဆို ခဏဆော့တာနားမယ် လာလာ..
ကလေးတွေကိုအစားနဲ့ဆွယ်ကာ ပြန်ဖို့ခြေလှမ်းစတော့ lilyနဲ့victorသာပြုံးရွှင်စွာပါလာ၍ Leoကလိုက်မလာတာကြောင့် လှည့်ကြည့်ကာ ။
မင်းသစ် - သားလာလေ..
Leo - ပါပါး ..ပြောတော့ဒီကျွန်းမှာသားတို့အပြင်ဘယ်သူမှာမရှိဘူးဆို..
မင်းသစ် - ဘာလို့လဲ..
Leo - ဒါဆို ဟိုးနောက်ကလူကြီးကဘယ်သူလဲဟင်..
"ဟင်"
မင်းသစ်အနောက်ဘက်ကိုလက်ညှိုးထိုးပြလိုက်တာကြောင့် ချာကနဲလှည့်ကြည့်လိုက်သည် ။
သူတို့နဲ့တော်တော်လှမ်းလှမ်း သေချာမမြင်ရသောနေရာက တစ်ဖက်လူကအရပ်ရှည်ရှည်ခပ်တောင့်တောင့်မို့သာမြင်ရတာဖြစ်သည် ။ သူသည်အခုမှပင်လယ်ထဲကအတက် မင်းသစ်ခြေ3လှမ်းလောက်ပိုမြင်အောင်လှမ်းလိုက်သည် ။
သေချာမမြင် 4လှမ်း 5လှမ်း ။ နဲနဲစတင်သဲကွဲလာခြင်းနှင့် လမ်းလျှောက်ပုံ အရပ် နေရောင်ကြောင့်အရောင်ပြန်နေသည့်ဆံပင် ။ ကမ်းစပ်ကလှိုင်းများရိုက်သံမကြားရတော့ပါ ။ အမွှာလေးတွေရဲ့အော်ခေါ်သံမကြားရတော့ပါ ။ အခုနားထဲမှာ ရင်ဘက်ထဲကနှလုံးခုန်သံနှင့် အရှိန်ဖြင့်ပြေးသွားသောကြောင့် နားထဲလေတိုးသံတစ်ဝူးဝူးသာကြားရသည် ။
ဟုတ်ပါ့မလား ။ မဖြစ်နိုင်တာ ။ ဖြစ်ပါစေ ။ စိုးရိမ်စိတ်နဲ့ရင်တွေပူကာ မျက်ရည်များပြိုဆင်းလာသည် ။ ဒီလောက်အဝေးကြီးကို ဘယ်လိုပြေးလိုက်လဲမသိ အနားရောက်တော့ ရင်ခေါင်းသံကြီးဖြင့် ။
မင်းသစ် - Boss!!!!!!!
လှည့်ကြည့်လာတဲ့မျက်ဝန်းတွေကိုမြင်လိုက်တာနဲ့ သူ့အပေါ်ခုန်အုပ်လိုက်တာမှလွှားကနဲ ။ သူအရှိန်ကြောင့်ခြေ2လှမ်းလောက်နောက်ဆုတ်သွား၍ သူ့ကိုလွတ်ထွက်သွားမှာစိုးသည့်အလား လက်2ဖက်ကဂုတ်အားတင်းကြပ်စွာဖက်ကာ ခြေ2ဖက်ကခါးကိုကုပ်ကပ်ချိတ်ထားသည် ။
ဟုတ်ပါ့မလားဟု မျက်နှာတောင်ပြန်ကြည့်စရာမလို သူ့စီကရလိုက်တဲ့ကိုယ်အနံ့ကထောင်းခနဲ နှာခေါင်းထဲတိုးဝင်သည် ။ တစ်ကိုယ်လုံးတောင့်ခဲကာ လက်တွေတဇက်ဇက်တုန်နေသည် ခနွာခြင်းပူးသွားတော့မည့်အလား ဂုတ်စက်အားဖိကပ်နမ်းကာ လက်2ဖက်ကသူ့ခေါင်းအားပုခုံးပေါ်သို့ဇွတ်တင်းကြပ်စွာဆွဲကပ်ဖက်ထားပြီး အသံဗြဲကြီးနဲ့.. ။
မင်းသစ် - အားး သေပါပြီ..Boss!!!အားး အီးဟီး
ရူးသွားပြီထင်သည် ။ ငိုလဲငို ။ ရင်မှာစူးအောင့်ကာ တစ်ဘဝလုံးဆုံးရှုံးပြီဟု စကန့်နဲ့အမျှလက်ခံနိုင်အောင်ကြိုးစားခဲ့ရသည့်အပူလုံးကြီးသည် အထိန်းအကွတ်မဲ့စွာထွက်ပေါ်လာသည် ။
မင်းသစ်တစ်ကိုယ်လုံးအေးခဲနေသည် ။ ရေစိုတာခြင်းအတူတူတောင်သူ့ခနွာကိုယ်အပူရှိန်ကကြောက်ဖို့ကောင်းသည် ။ သူ့လက်တွေကမင်းသစ်ခါးမှာဖြစ်သည် ။ ဖက်ထားတာလဲမဟုတ် တွန်းဖယ်တာလဲမဟုတ် ဒီအတိုင်းရှိနေယုံ ။
မင်းသစ် - အားးး.. သိနေတယ်. !Bossကျွန်တော့်ကိုထားမသွားဘူးဆိုတာသိတယ်.. ချစ်လိုက်တာ..အရမ်းချစ်တယ်! Bossကိုအရမ်းချစ်တယ်လို့!!
ဒီအတိုင်းမနေနိုင်တော့ သူ့မျက်နှာအားဆွဲခွာကြည့်လိုက်သည် ။ ကြောင်ကြည့်နေတဲ့Hazelတွေ မျက်ကွင်းမှာညိုနေသော်လဲ တောက်ပလျှက်။ ပုံမသွင်းထားသည့်မျက်ခုံးမွှေး မရိတ်တာအနဲငယ်သာရှိသည့်ပသိုင်းမွှေး ခပ်ချွန်ချွန်မြင့်မြင့်နှာတံအောက်က နုတ်ခမ်းထူထူတွေကအညိုရောင်သန်းနေသည် ။ အရင်ထက် အသားတော်တော်ညိုသွားသည် ။ သို့သော် အရင်လိုတောင့်တင်းကျစ်လစ်တုန်းပင် ။ အရင်ထက်တောင်ပိုနေမလား ။ ခြုံပြောရရင် Bossအရမ်းခန့်တုန်း ။
Hazelတွေရဲ့အကြည့်က မင်းသစ်ကိုကျော်ကာ အနောက်သို့ရောက်သွားသည် ။ အမွှာလေးတွေပြေးလာတာကိုမြင်ရတာနဲ့ ။ မင်းသစ်ခနွာကိုယ်အားဆွဲခွာလိုက်တာမှ ဖက်ခနဲ။
ခြေထောက်သဲပြင်နဲ့ထိသွားတော့ သူ့အရပ်ကြီးကိုမော့ကြည့်ယူရသည် ။ဆံပင်ကြောင့် တစ်ဖက်ပဲမြင်ရသည့်Hazelသည် မင်းသစ်ကိုစူးစိုက်ကြည့်၍ ဒေါသထွက်နေသယောင် ။ ဘာမှမပြောဘဲချာခနဲလှည့်ထွက်သွားတာကြောင့် ။
ဘာလို့ ။ဟင့်အင်း ။
သူခြေလှမ်းကြီးတွေကိုမင်းသစ်ပြေးလိုက်သည် ။သူ့လက်ကိုအတင်းဆွဲကာထွက်မသွားဖို့ထားသော် အားမမျှတာမို့ တရွတ်တိုက်အနေအထား ။
မင်းသစ် - ဟင့်အင်းBoss! ကျွန်တော့ကိုကြည့် ကျွန်တော့ကိုကြည့်ပါ..ကျွန်တော်မင်းသစ်လေ.. Bossချစ်ရတဲ့သူလေ..Boss!ဘယ်သွားမလို့လဲ..
ဆွဲ၍တားမရတော့ ပြေး၍သူ့အရှေ့ပိတ်ရပ်ကာ လက်2ဖက်ကားထားသည် ။ ဆက်ပေးမဖြတ်နိုင် ။ ကျွန်တော်တို့ပြောစရာတွေအများကြီးရှိသည် ။
မင်းသစ် - ဒါကဘယ်လဲ ဘယ်ကိုထွက်သွားမလို့လဲ ကျွန်တော်ပြောစရာတွေအများကြီးရှိတယ် ဟင့်.. ကျွန်တော်..
နားမထောင် ။ မင်းသစ်ခနွာကိုယ်အားတွန်းဖြတ်ကာ သွားတော့ သူ့လတ်တစ်ဖက်ကိုစောင့်ဆွဲကာ..
မင်းသစ် - JorDan Wilsom! !!
ဒီလူအရူးတစ်ပိုင်း ။ အားကုန်အော်ချလိုက်တော့ ခြေတံရှည်တွေရပ်တန်သွားသည် ။ ဖြတ်ခနဲလှည့်ကာ မင်းသစ်ကိုစူးစိုက်ကြည့်သည် ။ ကြောက်စိတ်ကြောင့်ကြက်သီးတွေဖြင်းခနဲ ။ ဒါပေမဲ့လက်ကိုမလွှတ်နိုင် ။ သူ့အသားပေါက်ထွက်သွားမတက်ကုပ်ထားသည် ။
မင်းသစ် - တစ်ခုခုပြော.. Bossတစ်ခုခုပြော!
JorDan - ငါ့လက်ကိုလွှတ်!
ဖြတ်ခနဲလွှတ်ချမိသည် ။ အာဏာဆိုတာဒါထင်ပါရဲ့ ။ ပြန်ဖမ်းဆွဲပေမဲ့မမှီလိုက် ။ အားကုန်ပြေးကာ သူ့ကျောပြင်ကိုဖက်လိုက်သည် ။
မင်းသစ် - အား..တောင်းပန်ပါတယ် မထားသွားပါနဲ့.. ကျွန်တော်ဘာအမှားလုပ်မိလို့လဲ ပြင်ပါ့မယ် အကုန်ပြင်မှာမို့မထားသွားပါနဲ့ အဟီးးး
ငိုယိုကာ ခြေမတွေမြေကြီးအားကုပ်ထားပေမဲ့ သူခြေတစ်လှမ်းလှမ်းတိုင်းပါပါသွားသည် ။ တစ်ချိန်ထဲမှာ
"ပါပါး"
"ပါပါး"
အမွှာလေးတွေရဲ့အော်ခေါ်သံကငိုသံစွတ်နေသည် ။ သူတို့လဲလန့်သွားမှာ ။ ဒါပေမဲ့မင်းသစ်ဒီလူ့ကိုလွှတ်လိုက်လို့မဖြစ် ။ ဒီတစ်ခါလွှတ်မိပါက တစ်ဘဝလုံးပြောက်သွားလိပ်မယ်ဆိုတဲ့အတွေးကသံမှိုဖြင့်ရိုက်ထားသလို ။
သူသည် အမွှာလေးတွေပြေးလာနေတဲ့ဘက်ကိုတစ်ချက်ကြည့်သည် ။ ပြီးတော့ သူ့ကိုကုပ်ထားတဲ့မင်းသစ်ကိုငုံ့ကြည့်သည် ။ အခက်တွေ့နေပုံ ။ပြီးတော့ ထိုနုတ်ဖျားတွေကခပ်ရှရှအသံဖြင့်အမိန့်တစ်ခုပေးသည် ။
JorDan - ကလေးတွေရှေ့မင်းမျက်ရည်ကျကြည့်!
"ဟင်"။မင်းသစ် မျက်ရည်တွေပွတ်သုပ်လိုက်သည် ။
JorDan - သူတို့ကိုဒီမှာစောင့်ခိုင်း ငါတို့ဟိုဘက်သွားမယ်
မင်းသစ် - နမ်းး
JorDan - ဘာ!
မင်းသစ် - Bossပြောသလိုလုပ်စေခြင်ရင် ကျွန်တော့်ကိုနမ်း..
JorDan - ကျစ်!
ဘာလို့ကလေးတွေနဲ့ဝေးဝေးသွားမှာလဲသိသည် ။ အကြောင်းရင်းမသိပေမဲ့ သူမင်းသစ်ကိုနာအောင်ပြောတော့မည် ငေါက်တော့မည်လေ ။ထိုအခါမင်းသစ်ငိုလျှင် ကလေးတွေကသူ့ကိုမုန်းတော့မည် ။ ဒါကြောင့်သူကထိုသို့အဖြစ်မခံ ။
မင်းသစ်ကလဲ လာသမျှဘေးကို ဒီအနမ်းနဲ့အားယူမည် ။ ခင်ဗျားကြီးဘာအကြောင်းပြချက်ပေးပေး ကျွန်တော်ခင်ဗျားကိုထွက်သွားခွင့်မပေးဘူး ။
ရွေးချယ်မရတဲ့အဆုံး မင်းသစ်လက်ကိုစောင့်ဆွဲကာရင်ခွင်ထဲရောက်မှငုံ့နမ်းသည် ။ နုတ်ခမ်းခြင်းစထိတာနဲ့လျှာကတဇွတ်ထိုးတိုးဝင်လာတော့ ခနွာကိုယ်ကတောင့်သွားသည် ။ ဒေါသနဲ့စိတ်မရှည်မှုများရောပြွန်းနေသည့် အနမ်းတွေကအရင်လိုကြမ်းတမ်းတုန်း ။ ဒါကိုမင်းသစ်ကြိုက်သည် ။စိတ်မပါသည်မို့ပြီးစလွယ်ခဏဆိုရပ်မည်ထင်ခဲ့တာ မဟာအမှားပင်။ သူ့လျှာကအထဲတွင်အသက်ရှုကြပ်အောင်မွှေနှောက်ရင်း အောက်နုတ်ခမ်းရောအထက်နုတ်ခမ်းပါ ဆွဲစုပ်နမ်းကာ အစွယ်များကပါခပ်စပ်စပ်ဖိကိုက်တော့ သူမင်းသစ်ကိုအနိုင်ကျင့်နေတာ ။
ကလေးတွေရှေ့ဒီလိုကြီးကြရှက်တာကြောင့် တက်သလောက်ရုန်းပေမဲ့မလွှတ်ပေး ။ ပို၍တင်းကြပ်လာကာ အနမ်းတွေကြောင့်ပြိုလဲတော့မည့် မင်းသစ်ကိုခါးကနေပွေ့ချီထားသည် ။
"ပါပါး"
"ပါပါး"
အသံလေးများအနားရောက်ကာမှလွှတ်ပေးတော့ အောက်ကိုခွေကျတော့မလို့မနဲထိန်းထားရသည် ။ မင်းသစ်မျက်နှာတစ်ခုလုံးရဲနေသည် ။ သူ့ကိုကြည့်တော့ခပ်တည်တည်ပင် ။ မထိတွေ့ရတာ4နှစ်ရှိပြီမဟုတ်လား ။ ဒါကြောင့်သူအနမ်းတွေကိုထိန်းမရတာပါလိပ်မည် ။
Leo - ပါပါးကိုလွှတ်!
Lily - အီဟီးး ပါပါးမျက်နှာကိုဝါးစားနေတာမြင်လိုက်တယ် ..
Victor - မကောင်းတဲ့လူဆိုးကြီး!
ပြောရင်း သူ့ခြေထောက်တွေကိုလက်သီးလေးတွေနဲ့ဝိုင်းထုတော့ မင်းသစ်ရော သူရောကြောင်သွားသည် ။ ဒါနဲ့ရှက်ရှက်နဲ့ ငိုနေတဲ့lilyကိုချီကာ Leoနဲ့Victorကိုပါအနားလာဖို့ခေါ်ပြီး ။
မင်းသစ် - မငိုပါနဲ့Lilyရယ် မဟုတ်ပါဘူး.. ပါပါးဘာမှမဖြစ်ဘူး ပါပါးမျက်နှာကိုသေချာကြည့်
Lily - ဟင့် ပါပါးမျက်နှာကြီးနီနေတယ်
မင်းသစ်ရုပ်ကိုမယုံသလိုနဲ့ငိုနေတဲ့ကြားကလက်လေးတွေနဲ့မျက်ရည်သုပ်ရင်းကြည့်ပြောသည် ။ ပြောကာမှ မင်းသစ်မျက်နှာထားစရာမရှိအောင်ဖြစ်သွားပြီး ကလေးကိုချော့သလိုနဲ့တစ်ဖက်သို့သူမမြင်အောင် လှည့်နေရသည်။
ကျန်တဲ့2ယောက်ကလဲ ငိုမဲ့မဲ့ရုပ်လေးတွေနဲ့ သူ့ကိုဘုကြည့်ဝိုင်းကြည့်တော့ မင်းသစ်တို့ကအုပ်စုတောင့်သည် ။ သူကစိတ်မရှည်သလိုနဲ့လှည့်ထွက်သွားတော့ ကလေးနဲ့သူ့ကြားဗျာများရသည် ။
မင်းသစ် - သားတို့သမီးတို့ ပါပါးပြန်လာခဲ့မယ် ခဏပဲ ခဏလေးဟိုအနားမှာစကားသွားပြောမို့ တန်းပြန်လာမှာမို့ဒီကစောင့်နေ ပါပါးဟိုကနေလှမ်းကြည့်နေမယ် ဘယ်မှမသွားကြနဲ့နော်..
ပြောပြီးLilyကိုချကာ သူ့နောက်ပြေးလိုက်ရပြန်သည် ။ ကလေးတွေကိုမြင်ကွင်းအောက်ကအပြောက်မခံနိုင်တာကြောင့် သူ့ကိုဝေးဝေးပေးမရောက်နိုင်ပါ ။
မင်းသစ် - Boss! ရပ်အုံး
ပေးမရပ် ။ ဆက်သွားသည် ။
မင်းသစ် - ကလေးတွေကိုအဝေးကြီးမှထားခဲ့လို့မရလို့ရပ်ပါBossရယ်..
ထိုအခါမှတုန့်ခနဲရပ်သွားတာကြောင့် မင်းသစ်သူ့ရင်ခွင်ထဲဝင်ကာတင်းတင်းဖက်လိုက်သည် ။
မင်းသစ် - ကို့ကိုအရမ်းလွမ်းနေတာ ကိုဘာလို့ ကလေးဒီလိုလုပ်ရက်တာလဲလို့..
သေပြီ သေပြီ ။ ရှက်လိုက်တာ ။ ငါဘာတွေပြောနေတာလဲ ။ရူးသွားတာလား မင်းသစ်!! ။
ဘယ်တော့မဆိုဦးနှောက်ထက်နှလုံးသာစေရာသာသွားသည့်သူမို့ မရှက်နိုင်တော့ဘဲ အကျီကြယ်သီးပြုတ်နေတဲ့ရင်ဘက်ကိုအငမ်းမရနမ်းမိသည် ။ Bossရဲ့အရာရာကိုမြတ်နိုးတာ ။
JorDan - ပြန်တော့မင်းသစ်
မင်းသစ် - မပြန်ဘူး..
JorDan - အိမ်ကိုပြန်ခိုင်းနေတာ
မင်းသစ် - Bossရှိတဲ့နေရာကကျွန်တော့အိမ်ပဲ..
မင်းသစ်ကိုရင်ခွင်ထဲကထုတ်ကာ စောင့်တွန်းလိုက်သည် ။
JorDan - အကောင်းပြောနေတုန်းမင်းသွားနော်!
မင်းသစ် - မသွားဘူးလို့ပြောပြီးပြီ မသွားဘူး!
JorDan - တောက်..ကွာ
ဒေါသကြောင့်သဲပြင်ကိုစောင့်ကန်ပြစ်တာများ သဲတွေဖွားခနဲ ။
မင်းသစ် - နေပါအုံး.. အဲ့ဒါဘာဖြစ်တာလဲ ဒေါသထွက်ရမှာကကျွန်တော်ပါ Bossသေပြီဆိုပြီး ကျွန်တော်နဲ့ကလေး3ယောက်ကိုတစ်ချက်မကြည့်ဘဲပစ်ထားခဲ့တာမဟုတ်ဘူးလား ဟမ်
JorDan - ရှင်းနေတာဘဲ မင်းနဲ့ထပ်မပက်သက်ခြင်လို့ပေါ့
မင်းသစ် - ကျွန်တော်ဘာများလုပ်မိလို့လဲ ပြောလေ!!
JorDan - ဘာမှမလုပ်ဘူး ငါ့ဘာသာအေးဆေးနေခြင်လို့
မင်းသစ် - အဲ့လိုရလား အဲ့လိုရလားလို့!!
သူ့လက်ကိုစောင့်ဆွဲကာမေးလိုက်သည် ။ ရန်ဖြစ်ရင်ဘယ်တော့မှမင်းသစ်ကိုတစ်ချက်မကြည့်တဲ့ Hazelတွေကိုမုန်းသည် ။ ခေါင်းကိုမော့ကာ မှန်ရာလျှောက်တယ်ဆိုတဲ့မျက်နှာဘေးကိုမုန်းသည် ။ နုတ်ခမ်းတွေကိုအရယ်အပြုံးမရှိစေ့ပိတ်ကာ တွန့်ချိုးထားတဲ့မျက်ခုံးတွေကိုလဲမုန်းသည် ။ ဒီလိုကြတော့ Bossကအရမ်းမုန်းဖို့ကောင်းတဲ့လူ ။
တစ်စတစ်စထွက်ပေါ်လာသည့်နေရောင်ကြောင့် သူ့ရဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်အုံကြီးနှင့် ထောင်နေသောလည်ပင်းကြောများကိုသေချာမြင်လာရသည် ။ မညှပ်တာကြာသည့်ဆံပင်ဂုတ်ထောက်သည် ညာဘက်မျက်လုံးအားအုပ်ထားလျှက် ။ ဆံပင်အရှည်ကြောင့်သူ့ရဲ့20ကျော်ပုံရိပ်ကိုပြန်မြင်စေသည် ။ အသက်ကြီးပြီးမပျက်ဆီးဘူးဆိုတာသူ့ကိုပြောတာဖြစ်မည် ။
မင်းသစ် - သူကြတော့ဒီမှာအေးအေးချမ်းချမ်းနဲ့လူပျိုလာလုပ်နေပြီး ကျွန်တော့ကြတော့ကလေး3ယောက်နဲ့ အရမ်းတွေနစ်နာနေပါ့မယ်
JorDan - ကောင်းကောင်းကန်းကန်းမနေနေရလို့လား!
မင်းသစ် - မနေခြင်ပါဘူးအဲ့လိုကောင်းကောင်းကန်းကန်း ဟင့် Bossနဲ့နေခြင်တာ.. နော်.. Bossဘာတွေဖြစ်နေလဲမသိပေမဲ့ ကျွန်တော်အခုထိBossကလွဲပြီးဘယ်သူ့ကိုမှစိတ်ထဲမရှိဘူး ဘယ်သူနဲ့မှလဲဖောက်ပြန်ဘူးတာမျိုးမရှိဘူး ...
အဟွန်း!
ခပ်စောင့်စောင့်လှောင်သံကမင်းသစ်ရင်ကိုစူးခနဲ ။
မင်းသစ် - ဘာလို့အဲ့အပြုံးလဲ ဟမ် ကျွန်တော့အချစ်ကိုလှောင်တာလား မဖောက်ပြန်ပါဘူးဆိုတဲ့စကားကိုမယုံတာလား Bossကိုပဲသေလောက်အောင်ချစ်ပါတယ်ဆိုတာကို ဘာလို့နားမလည်ပေးနိုင်တာလဲ ..
JorDan - ချစ်တယ်? အေးဒါဆို မင်းကြည့်လိုက် !
ပြောရင်းအုပ်ထားသည့်ဆံပင်ကိုလှန်ပြသည် ။ ဒေါသခေါင်းမွှန်နေတဲ့မင်းသစ် မြင်ကွင်းကြောင့် ကြောင်အမ်းသွားသည် ။ ညာဘက်မျက်လုံးမှာ သိပ်လှပါတယ်ဆိုတဲ့ Hazelရောင်ဆိုတာရှိမနေတော့ဘဲ မျက်စိတိမ်စွဲသလိုအဖြူချည်းဖြစ်နေကာ မျက်လုံးအဖွင့်အပိတ်တော့လုပ်ရသလိုရှိသည် ။
JorDan - ဒီမျက်လုံးကအရောင်ပဲမရှိတော့တာမဟုတ်ဘူးနော် မြင်ကွင်းပါပြောက်သွားတာ..
ပြောတဲ့သူကအသံတွေတုန်လို့ ကြားတဲ့သူရင်ထဲလဲ ကမ္ဘာပျက်ရသည် ။
JorDan - ဒါတင်ပဲလားဆိုတော့ ဘယ်ဘက်ဒီလက်ဆို အကောင်းအတိုင်းလှုပ်မရတော့ဘူး ပစ္စည်းတွေသေချာကိုင်လို့မရဘူး! အလေးအပင်တွေမလို့မရတော့ဘူးကွ!!
အခုမှပြန်စဥ်းစားကြည့်တော့ သူမင်းသစ်ကိုဆွဲဖက်နမ်းတော့လဲ ညာဘက်လက်ကိုသုံးသည် ။ စောင့်တွန်းတော့လဲညာဘက်လက်ပဲဖြစ်သည် ။
JorDan - ဒီလိုလေးမြှောက်နိုင်ဖို့ဘယ်နှနှစ်ကြိုးစားခဲ့ရတယ်ထင်လဲ ဘယ်လောက်နာတယ်လို့မင်းထင်လဲ?
ရင်လောက်မြှောက်ပြကာ ထိုစကားပြောသည် ။ တစ်ချိန်ထဲမှာနားလည်လိုက်တာက ဒီဒေါသတွေသည်မင်းသစ်ကိုထွက်တာမဟုတ် သူ့အပေါ်သူထွက်တာဖြစ်သည် ။ ပုံမှန်လူယှဥ်လို့မရအောင် အရာအားလုံးလုပ်နိုင်ခဲ့သူက ပုံမှန်လူလောက်တောင်မလှုပ်ရှားနိုင်တော့တဲ့အခါ စိတ်အားငယ်မှုနဲ့ဒေါသကအစားထိုးဝင်ရောက်လာသည် ။
JorDan - ဒါတွေက ငါလုပ်ခဲ့တဲ့မကောင်းမှုတွေရဲ့အကျိုးဆက်တွေဘဲ နောင်တရတာမျိုးမရှိပေမဲ့ ငါ့ဘက်မှာရပ်တည်ပေးခဲ့တဲ့လူတွေအကုန်ဘဝပျက်သွားတယ်.. ဒါပေမဲ့ နောင်တရစရာတစ်ခုပြောပါဆိုရင် မင်းကိုအတင်းပက်သက်ခဲ့ပြီး ခွဲစိတ်မှုလုပ်ပေးခဲ့တာကိုပဲနောင်တရတယ်..
ဟင် ။
JorDan - ဟုတ်တယ် မင်းမှာသာကလေးတွေမရှိရင် မင်းငါ့ကိုအလွယ်တကူမေ့နိုင်မှာ ..ကလေးတွေရဲ့အနာဂါတ်ဆိုပြီးတာဝန်တွေမင်းစီမှာရှိတော့မှာမဟုတ်ဘူး ငါကငါတာဝန်မယူနိုင်တဲ့ ကိစ္စတစ်ခုကိုလုပ်ခဲ့မိတယ်..
မင်းသစ် - မပြောနဲ့ ~
မင်းသစ်စကားတွေတုန်နေသည် ။
JorDan - မင်းချစ်ပါတယ်ဆိုတဲ့ဒီကောင့်မှာ ငွေရော အာဏာရောဘာဆိုဘာမှမရှိတော့ဘူး အဲ့အရာတွေနဲ့လဲထပ်ပက်သက်တော့မှာမဟုတ်ဘူး ငွေရှိရင်ငွေကိုလုမဲ့ကောင်ကပေါ်လာတယ် အာဏာရှိရင်အာဏာကိုလုပ်ကြံယူမဲ့ကောင်ကပေါ်လာမှာဘဲ ဘာမှမရှိတော့ အနဲဆုံးတော့ဘယ်သူမှငါ့နောက်ကျောကိုဓားနဲ့မထိုးတော့ဘူးပေါ့..
အံကိုတင်းတင်းကြိတ်ကာဆက်ပြောသည် ။
JorDan - ငါအခုလိုအသက်ရှင်ယုံပဲကို အဲ့ဒီ့နေ့ကလူဘယ်နှစ်ယောက်သေပေးခဲ့ရတယ်ထင်လဲ မင်းသိလား! လူ200ကျော်သေပေးခဲ့ရတယ် လူ50ကျော်ဘဝကစုတ်ပြတ်သွားတယ် ဒါတွေအကုန်လုံး ငါ့မှာအာဏာရှိနေလို့လုပ်ကြံခံရတာ ဒါတွေအကုန်လုံးငါ့အပြစ်တွေ!
မင်းသစ်ကိုကြ ကလေး3ယောက်ရဲ့အနာဂါတ်ထမ်းနေရလို့ဆိုပြီး နောင်တရတယ်ဟုပြောကာ သူကြတော့ လူရာနဲ့ချီတဲ့အသက်အကြွေးတွေကိုပုခုံးပေါ်ထမ်းထားရသည် ။ ပုံမှန်လူဆိုရူးတောင်သွားမည့်အနေအထားမှာ သူ့စိတ်သူကောင်းကောင်းControlလုပ်ထားနိုင်တာ စိတ်မာလို့ပင် ။ အထင်လဲကြီးမိသလို သနားစိတ်လဲဝင်မိသည် ။
JorDan - ဒီဒုက္ခိတသာသာဖြစ်နေတဲ့ခနွာကိုယ်ကို မင်းမပြောနဲ့ငါ့ကိုယ်ငါတောင်မသတီဘူး ဒါကြောင့်ငါ့ကိုကြိုက်တဲ့ခေါင်းစဥ်တပ်မုန်းလို့ရတယ် ပြီးရင်မေ့လိုက် ဒါကအကောင်းဆုံးသောအဖြေပဲ..
ကြမ်းတမ်းသောဟန်ပန်နဲ့စကားတွေရဲ့အဆုံးမှာ မင်းသစ်ဘာစကားမှမပြောနိုင်အောင်တွေဝေသွားခဲ့သည် ။
သူအထင်လွဲနေတာပါ ။ သူ့ကိုပြည့်စုံလို့ ၊ အရည်အချင်းရှိလို့ ၊ သူအတင်းပက်သက်ခဲ့လို့ မင်းသစ်ကစွဲလမ်းနေတယ်ထင်နေပုံရသည် ။ လက်ခုပ်ဆိုတာ2ဖက်တီးမှမြည်တာပင် ။ သူချည်းပဲစိတ်ပါခဲ့လျှင် Aidenလိုမင်းသစ်ကိုယခုချိန်ထိရရှိအုံးမည်မဟုတ် ။
တစ်ခုတော့စိတ်ဆိုးသည် ။ အရာရာကိုသူ့သဘောအတိုင်းဆုံးဖြတ်ခဲ့လို့ပင် ။ ယခုချိန်ထိသူပြောတဲ့စကားထဲမှာ မင်းသစ်ဘယ်လိုခံစားနေရမယ်တစ်ခွန်းမပါ ။ ကလေးတွေဘယ်လိုအားငယ်နေမလဲ တစ်ခွန်းမပါ ။ဒီလမ်းကမှန်တယ်လို့သူတွေးတိုင်း အကုန်လုံးကဒီလမ်းလျှောက်မှဖြစ်တော့မှာလား ။ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်သုပ်လိုက်သည် ။
မင်းသစ် - Bossအရမ်းမာနကြီးတယ်နော် Bossမှာအရာရာရှိနေခဲ့လို့ကပ်နေတဲ့ကောင်လို့များထင်ခဲ့တာလား ဒီမှာ Bossဘာသာ ဒုက္ခိတမကလို့ အောက်ပိုင်းသေသေ လေဖြတ်ဖြတ် ကျွန်တော်ကဘေးမှာနေပြီးပြုစုမဲ့သူ..
JorDan - အဟင်း
မင်းသစ် - မလှောင်နဲ့!
JorDan - အပြောထက်အလုပ်ကခက်တယ် ဒုက္ခိတသည်ယောကျာ်းကိုပြုစုရတာ စောက်လုပ်ရှုပ်လို့ဓားနဲ့ထိုးတာတို့ အဆိပ်ခတ်သတ်တာတို့..
"ဖြောင်းး"
လှောင်ရီသံများပါသည့်ထိုစကားဆုံးတောင်မသွား အရှိန်ဖြင့်မထင်မှတ်စွာရိုက်ခံလိုက်ရခြင်းကြောင့် JorDanမျက်နှာလည်ထွက်သွားသည် ။
မျက်ဝန်းတွေ၌မျက်ရည်များစို့နေလျက် နုတ်ခမ်းဖူးအားကိုက်၍ထားသည် ။ နောက်ဆုံးတော့ နာကျည်းသွားပြီထင်၏ ။ JorDanပြုံးလိုက်သည် သူမသိလိုက် ။
မင်းသစ် - အရမ်းမုန်းတယ် သေလောက်အောင်မုန်းတယ်လို့!!
အော်ပြောကာ ထိုကောင်လေးလှည့်ထွက်သွားသည် ။ လိုခြင်သောရလဒ်ရရှိခဲ့သော်လည်း ပျော်ရွှင်မှုရယ်တစ်စိုးတစ်စေ့မှမရှိ ။ ကလေးတွေကို ရင်ခွင်ထဲမနိုင်မနင်းချီကာ အဝေးသို့ထွက်သွားသောသူအားရပ်ကြည့်နေမိသည် ။
ဟုတ်တယ် အဲ့ဒီ့လိုမှ မင်းဘဝပျော်ရွှင်နိုင်မှာ ။ သေလောက်အောင်မုန်းတယ်တဲ့ ။ ထိုစကားသည် ကိုယ့်အတွက်မင်းရဲ့နောက်ဆုံးသောစကားဖြစ်ပါစေ ။
မြင်ကွင်းထဲ ထိုအရိပ်လေးပြောက်သွားတာနှင့်JorDanဆန့်ကျင်ဘက်သို့မျက်နှာမူလိုက်သည် ။ နှစ်နဲ့ချီအထီးကျန်စွာဖြတ်သန်းခဲ့တဲ့ရက်တွေထက် ဒီနေ့ကျမှနှလုံးသားကနာကျင်လှချီလား ။ ကြာသွားပါက နေသားကျကောင်းပါရဲ့ ။ အများကြီးကြိုးစားရပေအုံးမည် ။
===========////////////////////============