"သူက အရမ်း seriousဖြစ်သွားတာ....."
ဒေါက်တာ ဟန်ဇင်က အံ့ကလျာနွယ်ကို ဆေးသွင်းပေးရင်းနှင့်ပင် ပြောလာသည်.....
"ဒါက ပထမအကြိမ်မှ မဟုတ်တော့တာ....."
ထွဋ်ရဲရင့်ကပါ ဝင်ပြောလာသည်.....
ပြောသည်မှာလည်း အမှန်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်.....
မိခင်ဖြစ်သူ၏ ရုပ်ခန္ဓာကိုယ်အား သဂြိုလ်သောနေ့တွင် ထိုသို့ဖြစ်ခဲ့သေးသည်.....
ဘယ်သူမှ မတက်နိုင်.....
ကလျာ၏ ရောဂါ အရှင်းပျောက်အောင် ဘယ်ဆရာဝန်မှ မကုနိုင်ပေ....
ဟန်ဇင်က အသက်ငယ်သလောက် ပညာဆုံသည် ကလျာ၏ ရောဂါအား ကုသနိုင်သည်....
အရှင်းမဟုတ်သေးသော်ငြား ထိန်းထားနိုင်တဲ့အထိ ဟန်ဇင်ဟာ ကြိုးစားပြီး ကုသနိုင်သည်.....
*ကျီ~*
တံခါးဖွင့်သံနောက် ဖိုးနွယ်က ဝင်လာသည်.....
"ဘယ်လိုနေလဲ....."
"လောလောဆယ်တော့ မေ့ဆိုးထိုးထားတာမလို့ သတိမေ့နေတာဘဲရှိတယ် ကျန်တာကတော့ သူနိုးလာမှဘဲ စောင့်ကြည့်ရမှာ ဖိုးနွယ်....."
ဟန်ဇင်၏ အပြောကို ဖိုးနွယ်က ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်သည်....
"ဉီးနွယ်.... မင်းနွယ်က ဘယ်မှာလဲ...."
"Berryကို သွားရှာတယ်....."
"ဟိုကလေးရော....."
ထွဋ်ရဲရင့်က နောင်နောင်၏ အခြေအနေအား ဖိုးနွယ်ကို မေးလိုက်သည်.....
အံ့ကလျာနွယ်ကို အခန်းထဲ ခေါ်သွားပြီးမှ မျက်ရည် ပိုးပိုးပေါက်ပေါက်ကြအောင် ငိုနေရှာသည်......
ထွဋ်ရဲရင့်လဲ ထိုကောင်လေးကို နှစ်သိမ့်ပေးခဲ့ပေမယ့်လည်း ထိုကောင်လေးက လက်မခံ.....
ကိုယ့်ကိုကိုယ် အနာတရဖြစ်အောင် ကြမ်းပြင်အား လက်သီးတွေဖြင့် ထိုးတာကြောင့် ထွဋ်ရဲရင့်နှင့် ဖိုးနွယ်တို့ တားထားရသေးသည်......
သေချာချော့ပြောတော့မှ အငိုတိတ်သွားကာ အိပ်ပျော်သွားသည်.....
ကံကြမ္မာကဘဲ ထိုကလေးတွေကို ကစားနေသလား...... သူတို့ကိုယ်တိုင်ကဘဲ ထိုသို့ဖြစ်ဖို့ ထိုက်တန်နေတာလား မသိတော့ပါ.....
သေချာသည်ကတော့ ထိုကလေးတွေကို ထပ်ပြီး မျက်ရည် မြေမခစေချင်တော့ပေ.......
..............
.......................
"မတွေ့ဘူး boss📞"
*တောက်စ်!!*
တစ်ဖက်က လူရဲ့စကားကြောင့် မင်းနွယ် တောက်တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်သည်.....
ဖူးငယ်ဟာ ထိုသို့ကလေးမျိုးမဟုတ် ဘယ်ကိုမှ လူကြီးကိုမပြောဘဲ ထိုသို့ထွက်သွားမည်မဟုတ်.......
*တီ တီ တီ*
ထပ်မံဝင်လာတဲ့ ဖုန်းကိုကြည့်လိုက်တော့ အမည်မသိတဲ့ ဖုန်းနံပါတ်တစ်ခု.....
"ဟလို...."
ဖုန်းကိုင်ပီး စကားစပြောလိုက်တော့....
"ကိုကို📞"
"ဖူးငယ်!"
အမှန်ပင် ဖူးငယ်၏ အသံဖြစ်နေသည်။ အသံဟာ အနည်းငယ် အေးဆက်ဆက်ဖြစ်နေပေမယ့် ထိုအသံကို မင်းနွယ်တို့လုံးဝမမေ့ပါ.....
"ဖူးငယ်ကို ဆက်မရှာပါနဲ့ ကိုကို📞"
တစ်ခွန်းထဲသောအသံဟာ လုံးဝ ပြတ်သားစွာဖြင့် ထပ်မံပေါ်ထွက်လာလေသည်.....
"ဘာတွေလဲ ဖူးငယ်....အခုဘယ်မှာလဲ..... ကိုကို့ကိုပြော လာခေါ်မယ်....."
အသံကို အတက်နိုင်ဆုံး ထိန်းကာ ပြောသော်လည်း အထစ်ထစ်အငေါ့ငေါ့.....
"လာမခေါ်နဲ့.....မမကို ဂရုစိုက်....အချိန်တန်ရင် ပြန်လာမှာမလို့ဘဲ📞...."
ထိုသို့ပြောပြီးသည်နှင့် ဖုန်းလေးဟာ ကျသွားတော့သည်.....
"ဟလို.....ဟလို....ဖူးငယ်! ဟာကွာ!"
ပဟေဠိများစွာနဲ့ဘဲ ဖူးငယ်က ဖုန်းချသွားသည်......
ကလျာအား ဘာပြောရမှန်းမင်းနွယ်တကယ်စဉ်းစားမရတော့ပါ....
စိတ်ညစ်ညစ်နဲ့ဘဲ ကားကို အိမ်တော်သို့မောင်းနှင်လိုက်သည်.....
မင်းခနဲ့ ကျန်တဲ့သူတွေအား ဆက်မရှာရန် လှမ်းသတိပေးလိုက်သည်.......
...........
.................
"ခွမ်း!"
"ငါမစားဘူး!!!!! ထွက်သွား!!!!! ဖူးငယ်ကို ခေါ်ခဲ့!!!"
သတိရရချင်း ဆေးသောက်ရန် ထမင်းကျွေးသော်လည်း ပန်းကန်အား ခွဲပစ်ကာ ဖူးငယ်ကိုသာ အော်ခေါ်နေသည်......
"နွယ်လေးရယ် ထမင်းစားရမယ်လေ...."
"မစားဘူး!!!!! ထွက်သွား!!!!! အားးးးးးး"
ဆေးပိုက်တန်းလန်းနဲ့ နားတွေကိုပိတ်ကာ အသားကုန် အော်နေပြီး တစ်ခုခုကို ကြောက်နေဟန်ပင်.......
"မာမီ.....နိုးနေပြီလား..... "
အသံကြားလို့ အားလုံးလှည့်ကြည့်တော့ နောင်နောင်က ပန်းကန်တစ်ခုနဲ့ ဝင်လာသည်......
သူ့အားမြင်သည်နှင့် ကလျာက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည့်ဟန်......
"နောင်လေ မာမီအတွက် ကြက်စွတ်ပြုတ်လုပ်လာတယ်....."
စွတ်ပြုတ်ပန်းကန်လေးကို ပြကာ ကျွေးရန်ပြင်လိုက်ပေမယ့်.....
"ခွမ်း!"
"အာ့!"
ပန်းကန်ကွဲသံနဲ့အတူ နောင်နောင်၏ အော်သံပါ တစ်ဆက်ထဲ ထွက်လာသည်......
"အစ်.....မာ....မာမီ..... "
"နင်က..... ငါ့မေမေကို သတ်သွားတဲ့ကောင်!!!! နင်သေရမယ်!!!ဟားဟား!!!!"
အရူးတစ်ယောက်လို အော်ရယ်ကာ နောင်နောင့်ရဲ့ လည်းပင်းအားညစ်ထားသည်......
"မာ....မာမီ...အစ်!"
"ကလျာ သူ့ကိုလွှတ်!"
"နွယ်လေး လွှတ်လိုက်!"
နောင်နောင်ရဲ့ မျက်နှာဟာ တစ်ဖြည်းဖြည်း ပြာလာကာ အသက်တောင် ကောင်းကောင်း မရှူနိုင်တော့ပေ.....
မျပ်ရည်တွေဟာလည်း တာကျိုးသလို စီးဆင်းနေပြီး မာမီရဲ့ ပုံစံကြောင့် ကြောက်မိပါသည်....
"အံ့ကလျာနွယ်! သူက နင့်ရဲ့ နောင်လေးကွ!"
"ခွပ်!"
ကလျာရဲ့ ခန္ဓာကိုယ်ဟာ ကုတင်ပေါ်ကနေ ပြုတ်ကြသွားပြီး နောင်နောင် ကို ညစ်ထားတဲ့ လက်ဟာလည်း လွတ်ထွက်သွားသည်.....
မင်းနွယ်က ကလျာအား ထိုးလိုက်သည်.....
"အကို မင်းနွယ်.... အဟွတ်!...ဘာလုပ်တာလဲ..... "
နောင်နောင်က ကလျာစီသွားဖို့အလုပ် မင်းနွယ်က တားသည်.....
"မသွားနဲ့.....အခုချိန်က မင်းသိတဲ့ မင်းရဲ့မာမီမဟုတ်ဘူး..... စိတ်လွှတ်နေတဲ့ အံ့ကလျာနွယ်ကွ......!"
မင်းနွယ်က ဒေါသသံရော စိတ်ပူသံတွေပါရောပြီး နောင်နောင်အား လှမ်းအော်လိုက်သည်......
"ဟားဟား!!!!! သတ်ပြစ်မယ်!!!! အကုန်သေမယ်!!!! ဟားးးးးး"
ထိုသို့ပြော၍ မင်းနွယ်စီကို ပြေးလာကာ တစ်ယောက်နဲ့တစ်ယောက် ထိုးပုတ်ကြလေသည်......
ညနေက ဒဏ်ကြောင့် မင်းနွယ်ရဲ့ ခန္ဓာကိုယ်ဟာ သိပ်မလှုပ်နိုင်.....
"ဆရာ ဆေးပြင်ထား!!"
မင်းနွယ်က ဒေါက်တာ ဟန်ဇင်ကို လှမ်းအော်လိုက်ပြီး ဟန်ဇင်ကလဲ ဆေးအပ်ပြင်ကာ အားလုံး ဝင်လုံးရန် ပြင်လိုက်ကြသည်....
...........
.................
TBC
#Jeon