မာမီရဲ့ ဆန္ဒလည်းပြည့်ဝသွားသည့်အခါ လူကလည်း အားတစ်စက်မှ မရှိတော့ပေ.....
ထို့ကြောင့် အိမ်ကိုလည်း လှည့်ပတ်မကြည့်နိုင်....
လေးလံနေတဲ့ မျက်ခွံတွေကို မှိတ်ချလိုက်ကာ အိပ်လိုက်သည်...
မအိပ်ခင် ကြားလိုက်ရသည်မှာ.....
"ကောင်းကောင်းအိပ်ပါ ကလေးငယ်"ဆိုတဲ့ မာမီရဲ့ ချိုသာသည့်အသံ.....
.........
...............
အိပ်ပျော်သွားသည့် ကောင်လေးကိုကြည့်ပြီး ပြုံးလိုက်မိသေးသည်....
အခန်းကို ပြန်ကြည့်တော့ အတော်ကို ရှုတ်ပွနေသည်.....
ဟူး.....
ပြန်ရှင်းရမှာပေါ့လေ....
အင်မတန်မှ အသန့်ကြိုက်တဲ့ အံ့ကလျာနွယ်ဟာ သူ့အခန်းကိုဆို အမြဲ သန့်ရှင်းနေအောင် ထားတတ်သည်.....
အခုအခန်းပုံစံသာ တခြားသူတွေမြင်ရင် သူကို လှောင်များနေမလားဘဲ.....
ခေါင်းကိုသာ ခါရမ်းရင်း ပုလင်းကွဲတွေကို လိုက်သိမ်းနေလိုက်သည်.....
အလုပ်စားပွဲပေါ်ကို သေချာပြန်ရှင်းကာ အကုန်လုံး ပြန်ပြီးသန့်ရှင်းအောင် လုပ်နေလိုက်သည်......
........
.............
"နွယ်.....ေမာင့်ကို စိတ်ဆိုးနေတုန်းလား...."
လီယိုတစ်ယောက် မိန်းမဖြစ်သူကို အသည်းအသန် လိုက်ချော့နေရသည်....
လုံးလုံးမှ စကားမပြောဘဲ သူ့အား မျက်စောင်းထိုးကာ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေသည်.....
"နွယ်~"
"လီးလား!"
နွယ့်ရဲ့ ဆဲသံကိုလဲကြားရော ချက်ချင်း မျက်နှာငယ်လေးလုပ်ကာ.....
"အဟင့်....နွယ်က ေမာင့်ကို ဆဲတယ်...."
ထိုသို့အသံပြုကာရှိသေး နွယ်က မျက်မှောင်ကြီး ကျုံ့ကာ သူ့ဘက်လှည့်လာသည်.....
"စောက်ကျက်သရေမရှိတဲ့အသံနဲ့....စောက်စကားထွက်မလာနဲ့....."
အတော်ကို ယဉ်ကျေးသော စကားလုံးလေးတွေနဲ့ ပြန်အပြောခံလိုက်ရတော့ လီယိုတစ်ယောက် ငိုချင်စိတ်တွေပါ ပေါက်လာသည်.....
"အာ......နွယ်ရယ် ေမာင်တောင်းပန်တယ်နော် သူတို့က ရန်ဖြစ်နေတာမလို့ ကိုယ်က အဲ့သလိုလုပ်လိုက်ရတာပါကွာ......"
မရှိတဲ့ မျက်ရည်တွေကို ညစ်ထုတ်ကာ အပိုတွေလုပ် ငိုပြနေတာကြောင့် နွယ်က သူ့ကို စိုက်ကြည့်ပြီး.....
"ငိုမနေနဲ့.... ကလေးတွေကို ဆုံးမမယ်ဆိုရင်လည်း သေချာပြောလေ ချော့မော့ပြီးပြောရမယ်လေ.....မောင်ဒီလိုလုပ်လို့ ကလေးတွေ စိတ်ခုသွားရင် ဘယ်လိုလုပ်မလဲ..... ဒီအတိုင်း ဖျောင်းဖျရင် ရပါတယ်....သူတို့တွေ နားလည်ပါတယ်..... နောက်ဆို ဒီလိုမလုပ်နဲ့ ကြားလား....."
"ရွှတ်.....ဟုတ်နွယ်"
သေချာရှင်းပြတော့လည်း 'ဟုတ်' ဆိုကာနားလည်ပြန်သည်.....
မောင်က နွယ့်ထက် ၂နှစ်ငယ်သည်။ မောင်က တစ်ဇွတ်ထိုးဆန်တယ်။ လုပ်ချင်ရာကို ချက်ချင်း လုပ်ပစ်တယ်။ ဒါပေမယ့် စိတ်ရှည်သည်။ ဒေါသကို သိပ်ပြီး ရှေ့တန်းတင်လေ့မရှိဘူး......
သို့သော်.....
နွယ်ကတော့ လုံးဝမဟုတ်......
တစ်ခုခုဆို ဒေါသက ထိပ်ဆုံးက။ စိတ်ဆိုရင်လည်း လက်တစ်ဆစ်။ မောင်နဲ့နွယ်နဲ့အတူတူတွဲတွေ့ရင် မောင့်ကို ကြောက်ရမယ့်အစား နွယ့်ကို ပိုကြောက်သည်......
နှစ်ယောက်လုံးရဲ့ တူညီတဲ့အရာကတော့ စကားအပြောအဆိုပါဘဲ -_-
အမြဲလိုလို ဆဲရေးမပါရင် စကားမဖြောင့်သလိုကို ဖြစ်နေပြီ.....
သူတို့စတွဲတုန်းကဆို ရန်ဖြစ်ရင် နွယ်က စဆဲပြီး မောင့်ကို ပြောတယ်။ မခံနိုင်တဲ့ မောင်ကလည်း ပြန်ဆဲသည်......
ကြာလာတော့ အဲ့အရာလေးတွေကအစ မြတ်နိုးစရာလေးတွေဖြစ်လာတော့တာပေါ့.......
အမွှာတွေကလည်း ထိုနည်းအတိုင်း အဖိုး၂ယောက်ရဲ့ စရိုက်ကို အမွေယူထားတာပင်........
...........
................
မောင်က ရင်ခွင်ထဲ တစ်ဖန်တိုးဝင်ကာ ချွဲနေပြန်တာကြောင့် နွယ်ပြုံးမိသေးသည်.....
အသက်တွေ ဘယ်လောက်ကြီးကြီး မောင်က သူ့အတွက် ကောင်ငယ်လေးပင်.....
"ထတော့ အောက်ဆင်းမယ်.....ကလေးတွေ စောင့်နေလိမ့်မယ်..... Berryလေးလဲ ပြန်လာတော့မှာ......"
နွယ့်စကားကြောင့် မောင်က ခေါင်းညိမ့်ကာ အတူတူအောက်ထပ်ဆင်းကြသည်......
..........
...............
"ဟူး......."
အံ့ကလျာနွယ် သက်ပြင်းချရင်း အခန်းကို ပြန်ကြည့်လိုက်တော့ ရှင်းလင်းနေသည်.....
လူလည်း အတော်ကို မောနေလေပြီ.....
ချွေးတွေကို သုတ်ကာ ကောင်လေးကို ကြည့်လိုက်တော့ အိပ်နေတုန်းပင်.....
တစ်ချက်ပြုံးကာ အောက်ထက်ကို ဆင်းသွားလိုက်သည်......
..........
.................
အောက်ထက်၌ စကားပြောရင်း ဇာတ်ကားကြည့်နေတဲ့ မြေးအဖိုးသုံးယောက်ကို တွေ့ရသည်......
"အော်......ကလေးလေး လာဉီး ဖိုးနွယ်စီကို..... "
ဖိုးနွယ်က သူ့ဘေးနားလေးကို ပုတ်ပြတော့ ကလျာလည်း သူ့အနားကို ထိုင်လိုက်သည်.....
သူထိုင်ကာ ရှိသေး ဖိုးနွယ်က ကျောကိုလှန်ကာ.....
"ရောင်နေသေးတာဘဲ....."
"ရပါတယ် ဖိုးနွယ် သမီးအဆင်ပြေတယ်..... "
နာရီကို ကြည့်လိုက်တော့ ဖူးငယ်ကို သွားကြိုရမည့် အချိန်ဖြစ်နေပြီ.....
နောက်ကျရင် စိတ်ကောက်မှာဆိုး၍ ကလျာ အဖိုးတို့ကို အကျိုးအကြောင်းပြောကာ ဖူးငယ်ကို သွားကြိုဖို့ ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်.....
............
...................
ကျောင်းရောက်သွားတော့ ကျောင်းက ဆင်းနေလေပြီ သို့သော် ဖူးငယ်အား မတွေ့.....
သူရဲ့ အတန်းဖော်တွေလည်း ထွက်မလာသေးတာကြောင် အချိန်ပိုသင်နေရတယ်ဟု ထင်လိုက်သည်.....
သို့သော် စိုးရိမ်မှုဟာ ထိန်း၍မရ။
"ကလျာ!"
ကားနားခေါက်တုန့်ခေါက်ပြန်လျှောက်နေတုန်း အသံလာရာကြည့်မိတော့ ပြည့်စုံနဲ့ ဟေသာပင်.....
"နင် ဒီမှာဘာလုပ်နေတာလဲ....."
"ငါ ဖူးငယ်ကို လာကြိုတာ ဒါပေမယ့် သူကိုမတွေ့လို့ အချိန်ပိုသင်နေတယ်ထင်တယ်....."
သူ့အဖြေကိုကြားတာနဲ့ ဟေသာရော ပြည့်စုံပါ မျက်လုံးပြူးသွားရသည်.....
ထို့နောက် ဟေသာက အလန့်တကြား.....
"လာနောက်နေတာလား! ရွှေရည်ကို နေ့လယ်ထမင်းစားချိန်ကတည်း မတွေ့တော့ဘူး! ပျောက်နေတာဟ!"
"ဘာ!!"
..........
..............
နိုးလာတော့ မမကို မတွေ့တာနဲ့ အောက်ထက်ကိုသာ အားပြုရင်းနဲ့ ဆင်းသွားရသည်......
အောက်ထက်၌ မမ မရှိ....
"ဟော ကောင်လေး နိုးလာပြီလား..... "
ဖိုးနွယ်က လှမ်းမေးတော့ နောင်နောင်က ပြုံးကာ.....
"ဟုတ် ဖိုးနွယ်....."
"ခဏလာထိုင်....."
နောင်နောင်လဲ ဖိုးနွယ်နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်ကို ထိုင်လိုက်သည်.....
"ကောင်လေးမှာ အဒေါ်ရှိတယ်ဆို...."
ဖိုးနွယ်ရဲ့အမေးကြောင့် နောင်နောင် ခေါင်းကို ဆက်ခနဲမော့ကြည့်လိုက်သည်.....
"ရှိပါတယ်.... "
ခေါင်းငုံ့ကာ တိုးလျစွာဖြင့် နောင်နောင် ပြန်ဖြေမိသည်.....
အဒေါ်ကိစ္စတွေကြောင့် နောင်နောင် ရှက်မိတာတော့မှန်သည်...
"မင်းအဒေါ်ရဲ့ အကျွေးက ဘယ်လောက်လဲ...."
နောင်နောင့်၏ မျက်ဝန်းတွေဟာ ပြူးကျယ်သွားရသည်.....
ဖိုးနွယ်ကို ကြည့်လိုက်တော့ ပြုံးပြီးတော့သာ ကြည့်နေသည်.....
"ဖြေပါ ကလေးရယ် မကြောက်ပါနဲ့....."
ဖိုးနွယ်က သူ့ဘေးနားလာထိုင်ကာ ပုခုံးလေးကိုကိုင်ပြီး နူးညံ့စွာပြောလိုက်သည်....
နောင်နောင်တစ်ယောက် ခေါင်းတောင် မဖော်နိုင်တော့ဘဲ ငုံ့ရင်းနဲ့ဘဲ.....
"သိန်း၂၀၀......"
ဖိုးနွယ်ရဲ့ မျက်ဝန်းတွေက အံ့အားသင့်နေတဲ့ပုံ ဖြစ်သွားပေမယ့် ချက်ချင်း ပြန်ထိန်းကာ.....
"ဖိုးနွယ် အကုန်ဆပ်ပေးမယ်....."
"ဗျာ"
နောင်နောင်တစ်ယောက် မျက်လုံး အပြူးသားလေးနှင့် မော့ကြည့်လိုက်သည်.....
သူ့ကြည့်လိုက်တော့ ဖိုးနွယ်က ပြုံးပြကာ ရင်ခွင်ထဲ ဖက်ထားလိုက်သည်.....
ပျော်လွန်း၍ မျက်ရည်တွေပါ ကျလာပြီး အပြန်အလှန်ဖက်ထားလိုက်သည်.....
တစ်ဖက်က ကောင်လေးမှာ အပျော်တွေ ဖြစ်နေသော်လည်း တစ်ဖက်က ကောင်မလေးမှာ ေတာ့ သောက မီးတွေက တောက်လောင်နေလေရဲ့.......
..........
................
TBC
A/N: မုန်တိုင်းis coming😁 ချောင်းမရိုက်ကြနဲ့နော်😅
#Jeon