ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေ...

By RoseJaipur

212K 15.9K 2.3K

မင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့... More

ကျွန်းပေါ်တွင် ( ​စရောက်ခြင်း )
ကျွန်းပေါ်တွင် ( ​နောက်ကြောင်းပြန် )
ကျွန်းပေါ်တွင် ( ပထမရက် (18+)🚨🚨)
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် (2) )
တောင်းဆိုခြင်း
ကျွန်းပေါ်တွင် ( ဒုတိယရက် )
ကျွန်းပေါ်တွင် ( ဒုတိယရက် အဆက်( 18+)🚨)
ကျွန်းပေါ်တွင် (ဒုတိယရက် part3 18+🚨)
ကျွန်းပေါ်တွင် ( ဒု Part 4 🚨🚨🚨 )
ကျွန်းပေါ်တွင် ( တတိယရက် )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 3 )
ကျွန်းပေါ်တွင် (နောက်ကြောင်းပြန် 4 )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 5🚨 )
ကျွန်းပေါ်တွင် ( တတိယရက် part2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 3 )
ကျွန်းပေါ်တွင် ( 5ရက်မြောက်နေ့ 🚨🚨🚨 )
ကျွန်းပေါ်တွင် ( 6ရက်မြောက်နေ့ 🚨 )
ကျွန်းပေါ်တွင် (6ရက်မြောက် part2 )
ကျွန်းပေါ်တွင် ( 6ရက်မြောက် part 3🚨🚨 )
ကျွန်းပေါ်တွင် ( နောက်ဆုံးရက် )
Readerလေးများ ထံသို့
ကျွန်းပေါ်တွင် ( Brother )
ကျွန်းပေါ်တွင် ( I Want to see... )
ကျွန်းပေါ်တွင် ( WonderLand )
ကျွန်းပေါ်တွင် ( Fall in Love )
ကျွန်းပေါ်တွင် ( Give and Take )
ကျွန်းပေါ်တွင် ( 🚨🚨🚨🚨 )
ကျွန်းပေါ်တွင် ( Pain and revenge )
ကျွန်းပေါ်တွင် ( Idea = Advice )
ကျွန်းပေါ်တွင် ( Sexy Dance )
ကျွန်းပေါ်တွင် ( Global Dancer )
ကျွန်းပေါ်တွင် ( Be Patient )
ကျွန်းပေါ်တွင် ( I will save it )
ကျွန်းပေါ်တွင် ( Bright Hazel )
ကျွန်းပေါ်တွင် ( Uncertain future )
ကျွန်းပေါ်တွင် ( Bad Dream )
ကျွန်းပေါ်တွင် ( Help... me )
ကျွန်းပေါ်တွင် ( About the past )
ကျွန်းပေါ်တွင် ( On my behalf )
ကျွန်းပေါ်တွင် ( Your My Soul 🚨🚨🚨 )
ကျွန်းပေါ်တွင် ( A strange dream )
ကျွန်းပေါ်တွင် ( Attempting to..)
ကျွန်းပေါ်တွင် ( Devil )
ကျွန်းပေါ်တွင် ( Freedom )
ကျွန်းပေါ်တွင် ( JorDan Death )
ကျွန်းပေါ်တွင် ( Fragments )
ကျွန်းပေါ်တွင် ( 17+ )
ကျွန်းပေါ်တွင် ( I can do this )
ကျွန်းပေါ်တွင် ( Still in love )
ကျွန်းပေါ်တွင် ( Twins )
ကျွန်းပေါ်တွင် ( Love you JorDan )
ကျွန်းပေါ်တွင် ( Choise )

ကျွန်းပေါ်တွင် ( BirthDay )

1K 95 17
By RoseJaipur

အကျီကအရမ်းလှလွန်းသည် ။ အပြာရောင်နုနုကိုမှ ဇာအထပ်ထပ်ဖြင့် လက်ဖောင်းလေးဖြစ်သည် ။ အိမ်နေရင်းဝတ်ပြစ်ဖို့ရာ လှမျောစရာကောင်းသည် ။သို့သော်မဝတ်ပါကလဲ ထိုလူနဲ့ထပ်စကားများရမည် ။မင်းသစ်တွင်ရွေးချယ်စရာမရှိ ။

မင်းသစ် ကိုယ်လုံးပေါ်မှန်ကြီးအားကြည့်လိုက်သည် ။ ဗိုက်ကတစ်နေ့တခြားပိုပိုပူလာသည် ။ ကလေးတွေကထိန်းရခက်မခက်တော့မသိ ဗိုက်ထဲမှာတော့အင်မတန်အနေအေးသည် ။ 3ရက်နေလို့တစ်ခါမကန်ပါ ။

မင်းသစ် - နာမည်စဥ်းစားရအုံးမယ်..

ပြောမဲ့သာပြောတယ် မင်းသစ်သူတို့နာမည်တွေမပေးတက် ။ မြန်မာနာမည်ဆိုရင်တောင် စဥ်းစားရလက်လှမ်းမှီအုံးမည် ။ မြန်မာနာမည်လဲပေးလို့ရမည်မထင် ။

မင်းသစ် မျက်နှာနုနုအား မိတ်ကပ်ကိုကျွမ်းကျင်စွာလိမ်းချယ်လိုက်သည် ။ သင်ထားတာပင် ။ ချစ်ရသူနဲ့ပြန်မဆုံနိုင်တော့ပင်မဲ့ မွေးလာတဲ့ကလေးတွေကိုတော့ ပါပါးကရုပ်ဆိုးကြီးဟုမမြင်စေခြင် ။

make up ၊ skin care brandတွေပဲကောင်းတာလား မင်းသစ်ကပဲတစ်သွေးလှလာတာလားမပြောတက် ။ အရင်ကထက်အများကြီးကြည့်ကောင်းလာသည်ဟုထင်မိသည် ။

နုတ်ခမ်းနီဆိုးရင်း လက်ကရပ်သွားသည် ။ဆက်ပြင်နေလဲအဓိပါယ်မှမရှိဘဲ ။

မင်းသစ် - သကြားနံ့..

မင်းသစ်တံခါးကိုဖွင့်လိုက်ချိန် ပထမဆုံးမြင်ကွင်းထဲဝင်လာသည်ကတော့ လေပူဖောင်းအဖြူများ ဖဲကြိုးများ နှင်းဆီပန်းများ အိမ်မျက်နှာစာနှင့် လက်တန်းများတွင်ဆင်မြန်းထားသည်မှာ profashionalဆန်သည် ။ ဘာအတွက်ကြောင့် ဖန်တီးထားလဲမသိပေမဲ့ အရမ်းပင်လှလွန်းသည်ကြောင့် အိမ်မက်ကမ္ဘာထဲရောက်ရှိသွားသလိုထင်မိသည် ။

ဖြည်းဖြည်းချင်းစီ ဟိုငေးဒီငေးဆင်းလာရင်း အောက်တောင်မရောက်သေး လှေကားတစ်ဝက်မှာတင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့်မင်းသစ်မျက်လုံးပြူးသွားသည် ။

မင်းသစ် - ကိတ်မုန့်ကြီး..

အကြီးကြီးမှအကြီးကြီးပင် ။ လုံးပတ်3ပေအကျယ်အဝန်းဖြင့် အထပ်ထပ်မြင့်၍ သွားသောကိတ်မုန့်ကြီးမှာ အပေါ်ဆုံးထပ်ကအသေးဆုံးကိတ်အထပ်ဖြစ်ပေမဲ့ ထိုအထိ15ပေလောက် အသာလေးမြင့်သည် ။

ကိတ်မုန့်ကြီးအပေါ်တွင်လက်2ထွာနီးပါးရှိသည့် ဖယောင်းတိုင်အတိုင်20တိတိထွန်းညှိထားကာ လှေကားဆက်ဆင်းဖို့တောင်မေ့သွားသည်အထိ လှပသေသပ်လွန်းသည် ။

သတိပြန်ဝင်တော့ မင်းသစ်လှေကားကအမြန်ဂရုစိုက်ဆင်းပြီး ကိတ်မုန့်ကြီးကို အတုလားအစစ်လား အနီးကပ်သွားကြည့်သည် ။

မင်းသစ် - သကြားအနံ့ကဒီကိတ်မုန့်ကပဲ..အစစ်ကြီးပေါ့

ဘာရယ်မဟုတ်ပါပဲ ပျော်လွန်းလို့ ကလေးကလားထခုန်မိသည် ။ စိတ်ကူးထဲတွင် ဘာအတွက်လုပ်ထားသည့်cakeဖြစ်ပါစေ တစ်နေကုန်စားသောက်ပစ်မည်ပေါ့ ။

အပျော်ကြီးပျော်နေသည့်မင်းသစ်ကို ဘေးကအလုပ်လုပ်ရင်းဖြတ်သွားသည့် မြန်မာအိမ်ဖော်မလေး2ယောက်ကမြင်တော့ ပြာပြာသလဲလဲဖြစ်သွားသည် ။

မင်းသစ် - ဟေး ဒါဘာအတွက်လုပ်ထားတဲ့ကိတ်မုန့်လဲ

" ဟို..ဟိုလေ.. "

2ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားများထစ်နေသည်မို့ မင်းသစ်စိတ်ရှုပ်သွားသည် ။

မိုးသား - Happy birthdayပါမင်းသစ်..

နောင်ကအသံကြောင့်လှည့်ကြည့်လိုက်ရာ မိုးသားလဲ အရင်ရက်ကနဲ့မတူ ဝတ်ကောင်းစားလှနဲ့ပါ ။

" ဟမ်..ငါ့မွေးနေ့လို့ပြောလိုက်တာလား "

ခဏလောက်ကြောင်သွားပြီးမှ ။

" အာ...ဟုတ်သားပဲငါ့မွေးနေ့... "

မင်းသစ် - ဒါဆို ဒါငါ့အတွက်လုပ်ထားတဲ့cakeကြီးပေါ့..

မိုးသား - ဟုတ်ပါတယ်..

မင်းသစ် - စားလို့ရပြီလား..

မိုးသား - မရသေးပါဘူး..

မင်းသစ် - ဘာလို့လဲ..

မိုးသား - အချိန်မကျသေးလို့ပါ..

မင်းသစ်မျက်နှာလေးဆူပုတ်သွားသည် ။

တကယ်ကမင်းသစ်ကို နောက်1နာရီလောက်နေမှ အောက်သို့ဆင်းလာစေခြင်ခဲ့တာ သို့သော် ဒီအချိန်ကြမှဆင်းလာဘာညာပြောရင် တစ်ခုခုစီစဥ်နေမှန်းအသိသာကြီးမို့ supriseမဖြစ်နေတော့ဘူးမို့ ဒီလောက်ပျော်သွားရင်ကို ကိစ္စအောင်မြင်သည်ဟု မိုးသားထင်သည် ။

မိုးသား - မွေးနေ့မှာအဲ့ဒီ့မျက်နှာမဖြစ်ပါနဲ့.. ရော့ ကျွန်တော်မျိုးရဲ့ လက်ဆောင်..

လက်တစ်ထွှာလောက်သာရှိသည့် ဘောင်ခတ်ထားသည့်ဓာတ်ပုံတစ်ပုံ ။

" ဟင်.. "

ပုံထဲမှာ Bossသည် သူ့ပုခုံးပေါ်တွင်အိပ်နေသော မင်းသစ်ရဲ့ပါးသို့ချွန်ထက်သောသွားစွယ်များဖြင့် ခပ်ဖွဖွကိုက်၍ထားရင်း မျက်ခုံး2ဖက်ကိုတမင်မှုန်ကုပ်ကုပ်အနေအထားပြုလုပ်ကာ hazelတွေcameraသို့ ကြည့်နေခြင်းကြောင့် သူ အိပ်မောကျနေသောသူကို စနောက်၍အပျော်တမ်းရိုက်လိုက်သော ပုံဖြစ်ပုံရသည် ။ မင်းသစ်ကတော့ အကိုက်ခံထားရသည်ကြောင့် နာကျင်၍အိပ်နေသည်တောင် မျက်နှာကဆူပုတ်ပုတ် နုတ်ခမ်းထော်ထော်ဖြစ်သည် ။

မင်းသစ် - အဟားဟား..

သိပ်မမှတ်မိတော့ပေမဲ့ အရမ်းပျော်ဖို့ကောင်းခဲ့မှာ ။ ဘာလို့လဲဆိုတော့ ပုံထဲကမင်းသစ်လည်ပင်းအထိမြင်ရ၍ မာကင်ရာအပြည်ဖြင့် ချစ်ရသူရင်ခွင်မှီကာ အိပ်ပျော်နေလျှက် ။

မင်းသစ် - အဟင်းဟင်း..Bossကတော့လေ..

မျက်နှာကရယ်နေသော်လည်း မျက်ရည်တွေကပါးပြင်ထက်တသွင်သွင်စီးဆင်းနေသည် ။ ပုံအားကိုင်ဆောင်ထားသောလက်တွေမှာတုန်ရီနေလျှက် ။

မိုးသားမှန်းထားသည်ထက် emotional effect ကသက်ရောက်မှုပိုများသည် ။ ပေးမိတာမှားများမှားပြီလား ထင်မိသော်လဲ ကျနေသည့်မျက်ရည်တွေတောင် ကျနေမှန်းမသိ မျက်နှာထပ်အပြုံးကလင်းလတ်စွာ သိပ်ပျော်နေသည်ဆိုတာခံစားလို့ရသည် ။

မိုးသား - အမှန်ဆို ပုံတွေအများကြီးရှိမှာ ဒါပေမဲ့ အရင်Bossရဲ့Phoneနဲ့i padရဲ့Security systemက အရမ်းမြင့်တာကြောင့် ကြိုးစားဖွင့်လေ အထဲကဒေတာတွေကပျက်လေမို့ အခုထိဆက်လက်ဖွင့်ဖို့ လက်လျော့ထားရပါတယ်... ဒီပုံတောင် Death bodyပြန်ရတဲ့နေ့က လက်ကိုင်ဖုန်းရဲ့wallpaperမိုလို့ capyယူလို့ရတာပါ..

" ဟင်..အခု Wallpaperလို့ပြောလိုက်တာလား ..Bossက ဒီရူးကြောင်ကြောင်ပုံကို Wallpaper ထားထားတယ်? "

မင်းသစ်ဓာတ်ပုံအားတင်းကျပ်စွာ စုပ်ကိုင်ရင်း ပါးစပ်သို့လက်ဖြင့်အုပ်ကာ အသံတိတ်ငိုကြွေးလေသည် ။ မိုးသားအရှေ့မငိုတာ ဘယ်နှစ်လရှိပြီလဲ ။

မင်းသစ်ရဲ့ပုခုံးကိုကိုင်တော့ ရုန်းဖယ်ခြင်းမရှိသောကြောင့် ဖြည်းဖြည်းချင်းဖက်ကာ ခေါင်းသို့ဖြည်းညှင်းစွာပွတ်၍ နှစ်သိပ်ပေးလိုက်သည် ။ 2ယောက်ထဲသာရှိသည့် သူငယ်ချင်းမလား ။

မင်းသစ် - ငါ..ငါသူ့ကိုပြန်လိုခြင်တယ်ဟာ.. ဘာပဲပေးရပါစေ ငါပြန်လိုခြင်တယ်..ဟင့်..တစ်ခါတစ်လေ သေသွားရင်တောင်အေးမှာလို့..ဒါမှသူ့ကိုပြန်တွေ့နိုင်မှာ..

မိုးသား - ကလေးတွေကိုတွေးပြီး အားတင်းစမ်းပါ..

မင်းသစ် - မရဘူး.. အကြိမ်ကြိမ်ကြိုးစားတယ် ငါသူမရှိရင်မရဘူးကွ ..

မိုးသားဘာဆက်ပြောရမလဲ ။ တကယ်က ရင်ထဲပြောစရာတွေအများကြီးရှိသည် ။ သို့သော်.. ဒီအကြောင်းသာပြောလိုက်ရင်...။

မိုးသား - ဒါနဲ့ ဒါကMs.Sophieပို့ပေးတဲ့ မွေးနေ့လက်ဆောင်..

လက်ထဲကအရာအား အာရုံပြောင်းသွားအောင် အမြန်ထိုးပေးရ၏ ။

မင်းသစ် - အင် ဘာကြီးလဲ..

အစက Bossကိုလွမ်းလို့ လက်ဆောင်အားအာရုံမရပါ ။ ကြည့်လိုက်တဲ့အချိန်မှာ ထင်ထားသလိုအရာတွေမဟုတ်ဘဲ CDတစ်ချပ်မို့နဲနဲတော့ကြောင်သွားသည် ။

မိုးသား - Ms.Sophieထံကလို့ရေးထားလို့ ယူလာပေးတာ ကျန်တာမသိပါဘူး..

မင်းသစ်ပါးပေါ်ကမျက်ရည်များသုပ်လိုက်ရင်း လှမ်းယူလိုက်သည် ။

စိတ်ထဲတွင်လဲ ကျိန်းသေBossနဲ့သက်ဆိုင်နေမည်ဟု ထင်တာကြောင့် ။

မင်းသစ် - ငါသွားဖွင့်ကြည့်လိုက်အုံးမယ်..

ပြောပြီးအမြန်အပေါ်သို့ ဗိုက်ကြီးတကားကားဖြင့် တက်သွားသည် ။ အခန်းထဲရောက်သည်နှင့် ရောက်ထဲကတစ်ခုမှမဖွင့်ရသေးသည့် ရှေးTvကြီးအား စက်ဖြင့်Joinကာ CDပြားထည့်လိုက်သည့်အခါ ။

videoထဲ ပထမဆုံးပေါ်လာသည်က ယခုအိမ်တော်ရဲ့ ထမင်းစားအဆောင်ကြီးတွင်ဖြစ်သည် ။လူအများအပြားစကားပြောသံများဖြင့်စည်ကားကာ မသေးမကြီးcakeတစ်လုံးလဲ စားပွဲခုံကြီးပေါ်တင်ထားလျှက် ။ Cakeကြီးအရှေ့တွင်ထိုင်နေသော ကလေးတစ်ယောက်လဲရှိသည် ။ ထိုကလေးအား ဘယ်ဘက်ရော ညာဘက်ကလူကြီးများက လက်ခုပ်တီးကာ Birthdayသီချင်းကိုစီးချက်ညီညီသီဆိုကြသည် ။

ကြာပီဖြစ်တဲ့videoမို့ ရုပ်ထွက်သိပ်မကြည်သော် ထိုကလေးကဘယ်သူမှန်းသိသည်မို့ မင်းသစ်မျက်တောင်မခတ်ပဲကြည့်နေမိသည် ။

အသက်5နှစ်အရွယ်လောက်သာရှိအုံးမည် ။ သို့သော် ထင်ထားသလိုမဟုတ်ဘဲ ခနွာကိုယ်နှင့်မျက်နှာက နေသိပ်မကောင်းသလိုရှိသည် ။ မျက်နှာကပြုံးနေလျှက် ။

နောက်တစ်ကတ်မှာ 9နှစ်ပြည့်မွေးနေ့ဖြစ်သည် ။ ရွယ်တူကလေး2ယောက် ဒီတစ်ခါတော့ အိမ်တော်ရဲ့ခြံထဲမှာဖြစ်သည် ။ အရွယ်တူဆိုတာတောင် အရပ်ခြင်းတော်တော်ကွာသည် ။ တစ်ယောက်က ငယ်ငယ်ထဲဆံပင်ခပ်နက်နက် မျက်စီခပ်ကြီးကြီး ဖြစ်ပြီး မင်းသစ်ရဲ့အသက်လေးကတော့ အရင်အတိုင်းခပ်ပိန်ပိန် အကျီအဖြူရောင်ဝတ်ကာ ကိတ်ခွဲနေကြသည် ။အနားတွင် သေဆုံးသွားသည့်အိမ်တော်ထိန်းWailနှင့် JorDanမိခင်ဟုယူဆရသည့် အမျိုးသမီးလဲရှိသည် ။

ကိတ်ခွဲပီးတာတောင် သူ့ညီကိုအရင်ဆုံးကြွေးကာ အမေနဲ့အနားကလူတွေကိုတလှည့်စီလိုက်ကြွေးသည် ။ ဘယ်သူကမွေးနေ့ရှင်မှန်းမသိရလောက်အောင် ဟိုတစ်ယောက်ကခုန်ပေါက်ဆော့ကာ ပျော်မြူးနေလျှက် ။

မင်းသစ်ပြုံးလိုက်သည် ။ မင်းသစ်ချစ်ရသူသည် ငယ်ငယ်ကအရမ်းဖြူစင်ခဲ့ပြီး အရာရာရိုးသားခဲ့ပါလားဟူ၍ ။ ဘာလို့များ ဒီလောက်ပြောင်းလဲသွားရတာလဲ ။

နောက်တစ်ပိုင်းက အသက် 14နှစ်အရွယ် ။ ဒီတစ်ခါတော့ ဒီအိမ်တော်မှာမဟုတ် နိုင်ငံခြားရောက်သွားတာလဲဖြစ်နိုင်သည် ။ အနားတွင် အိမ်တော်ထိန်းWeilကလွဲ၍ သူ့ညီလဲမရှိတော့သလို သူ့အမေရော သူခင်တွယ်ရသူတွေပါမရှိတော့သော မွေးနေ့video ။ ဒီတစ်ခါတော့ ကျောင်းကသူငယ်ချင်းအနဲငယ်နဲ့မှတ်တမ်းကို အကြောင်းတစ်ခုကြောင့်မဖြစ်မနေယူတာဖြစ်မည် ။

အရင်ကလိုမျိုးခပ်ဖျော့ဖျော့ကောင်လေးတစ်ယောက်မဟုတ်တော့ ။ ရွယ်တူတွေထက်တောင် အရပ်ကလက်2ဆစ်လောက်ပိုရှည်၍ ခနွာကိုယ်လဲထွားလာသည် ။ သို့သော် အရင်မှတ်တမ်းတွေမှာလိုအရယ်အပြုံးမရှိ ။ အရင်ကလိုလဲကိတ်ခွဲပြီး လိုက်မကြွေးတော့ဘဲ ပန်းကန်ထဲသာဝတ်ကြေတန်းကြေထည့်ပေးတာကိုမြင်ရသည် ။ အနားကရွယ်တူအတန်းဖော်မိန်းကလေးများက ပါးသို့နမ်းကာ သူတို့ကတပြန်ကြီးခွံကြွေးတာမြင်တော့ မင်းသစ် နုတ်ခမ်းကအော်တိုထော်သွားသည် ။

" ကိုယ်တော်ချောက ငယ်ငယ်ထဲကစွံတာပင် "

နောက်တစ်ပိုင်းက အသက်18အရွယ် ၊ ကောင်မလေးတစ်ယောက်၏ခါးကိုဖက်ကာ ကိတ်မခွဲပဲသူငယ်ချင်းတွေနဲ့ကလပ်မှာ ဝိုင်ပုလင်းတိုက်သည် ။ အယောက်20လောက်ရှိရာရွယ်တူတွေဖြစ်ပြီး ယောကျာ်းလေးပိုများသည် ။ အကုန်ခုန်ပေါက်ကနေပြီး အကျီပါချွတ်လိုက်ရာ အရွယ်နဲ့မလိုက်လောက်အောင်ခပ်တောင့်တောင့်Bodyကြောင့် မင်းသစ်တံတွေးမြိုချလိုက်သည် ။ တွဲကနေတဲ့ ကောင်မလေးသည်လဲ သူ့ခနွာကိုယ် ကိုယ့်ခနွာကိုယ်ပွတ်သပ်ကာ ချစ်ကြည်နူးနေလျှက် ။

" ဒါသူ့ရဲ့ First loveပေါ့.. ဟုတ်ခြင်မှလဲဟုတ်မည် "

ကြည့်နေရင်း tvထဲဝင်ကာ ငါကအနာဂါတ်က သူ့ယောကျာ်းဟုသွားရန်လုပ်ပစ်ခြင်လာသည် ။

နောက်တစ်ပိုင်းမှာ 24နှစ် ။ အတောင်အစုံဆုံးအရွယ် ။ မျက်နှာမှာယောကျာ်းဆန်လာ၍ perfectဖြစ်သည်ထက်ပိုသော ခနွာကိုယ်ဖွဲ့စည်းပုံနှင့် ပညာရော ဥစ္စာပါ ပေါင်းစည်းလိုက်ချိန်မှာတော့ တစ်လောကလုံးကို ရန်စွယ်ငေါငေါဖြင့်လိုက်ကြည့်နေသော Hazelများမှာအစူးရှဆုံးဖြစ်သည် ။

နေရာကJapanရဲ့တစ်နေရာ billionနဲ့တန်တဲ့ပြိုင်ကားများက အပြိုင်အဆိုင်ရပ်တန်းလျှက် ထိုသူက ထိုခေတ်ရဲ့နောက်ဆုံးပေါ်cadillacအမဲကိုမှ ဘီးမှာခရမ်းရောင်မီးများဆင်ထားပြီး carနဲ့လိုက်ဖက်စွာ leatherအမဲဂျက်ကပ်လက်ပြတ်မို့ ကြွက်သားများကခပ်ထင်းထင်းမြင်ရကာ ငွေရောင်ကိုင်းအကြီး မျက်မှန်တပ်ဆင်၍ ခြေတံရှည်များက ကျားခေါင်းပုံစိန်ခါးပတ်ဖြင့် ရိုးရိုးဂျင်းဘောင်းဘီကိုမှဒူးအောက်ပိုင်းကစလို့ ခရမ်းရောင်ဖြစ်သည် ။

သူသည်cameraကိုကြည့်မနေပါ ။ ဖင်ဖုံးယုံဝတ်ထားသည့် modelမတစ်ဖက်တစ်ယောက်စီဖြင့် ကားမောင်ပြိုင်ဖို့ရာအလှည့်စောင့်ရင်း ဇိမ်ယူနေသည် ။ တဖြည်းဖြည်းvideoသည် အနီးကပ်ဆွဲပြတော့ သူ့မျက်နှာသေချာမြင်ရလာသည် ။ မီးရောင်ကြောင့် ဆံပင်များကအရောင်ပိုထွက်ကာ ဆီရွှဲရွှဲ(Gel)လူးထားသလိုမျိုးဆံပင်ကနှာဖူးအပေါ်အကုန်လှန်တင်ထားသည်။ ဘေးတစောင်းအနေအထားမို့ နှာတံမြင့်မြင့်နှင့် မကောင်းဆိုးဝါးနုတ်ခမ်းတစ်စုံမှာ ရီလိုက်တိုင်းအစွယ်များဖြင့် ဘယ်လိုကြည့်ကြည့် ကြည့်မဝနိုင်လွန်းသည်မို့ ထိုကွင်းထဲကမိန်းမများ အင်မတန်ကုသိုလ်ကံကောင်းသည်ဟုထင်မိသည် ။

ဒီvideoထဲတွင် အချို့အပိုင်းတွေက vedioရိုက်နေမှန်းသူသိ၍ အချို့အချိန်တွေမှာသိပုံမရ ။ သူ မင်းသစ်နဲ့အသက်35မှတွေ့၍တော်သေးသည် ။ နှစ်ဆယ်ကျော်လောက်မှာ တွေ့လို့ရတော့ ဒီ့ထက်ပို၍အနိုင်ကျင့်ခံရဖို့များသည် ။ ဘာပဲပြောပြော35ဆိုတာ အနဲငယ်တော့ရင့်ကျက်နေပြီမဟုတ်လား ။

နောက်တစ်ပိုင်းရောက်သွားသည် ။ 27နှစ်ပြည့်မွေးနေ့ ။ အပျော်စီးnormal size luxury shipဖြင့် သဘော်အပေါ်တွင်လူအယောက်40လောက်သာရှိမည် ။ ထိုအခန်းတွင်တော့ ထူးထူးခြားခြား Ms.Sophieပါ ပါဝင်လာသည်။

ညနေစောင်း ရွှေရောင်ပင်လယ်ပြင်ကြီးမှာ ဝိုင်ပုလင်းများကိုအဝေးသို့machingဖြင့် ဖျောင်းခနဲပစ်လိုက်သည့်အခါ သဘော်ပေါ်ကနေM1500ဖြင့်ထိုပုလင်းအားထိမှန်အောင် အပစ်ပြိုင်ပွဲကျင်းပကြသည် ။ စည်းကမ်းကရိုးရှင်းပါသည် သို့သော်မလွယ် ။ တစ်ယောက်ကို ပုလင်း5လုံးပစ်ရမည် ။ မထိသော် အမှတ်လျော့မည် ။ ပုံမှန်ဆိုဒါမျိုးပွဲက ပစ်စတိုသာသုံးကြသည် ။ သို့သော် ပစ်လယ်ပြင်၏လေတိုက်နူန်းနှင့် ကျည်ကထင်သလောက်မရောက်သည်မို့ အလတ်ကြီးသေနပ်တွေသုံးတာဖြစ်မည် ။

လူ4ယောက်ပြိုင်သည် ။ တစ်ယောက်မှပုလင်း5လုံးအတိမထိ လွန်ရော3လုံးပဲ။ စပြီးmachingက ဝိုင်ပုလင်းတွေကို ပစ်လွှတ်လိုက်ထဲက အရမ်းဝေးဝေးမရောက်ခင် ပစ်ချနိုင်မှ မျက်စိကမြင်ရသောအနေအထားဖြစ်မည် ။ သိပ်ဝေးသွားပါက မမြင်ရတော့၍ ပုလင်းရေထဲကျသွားနိုင်သည်။ ဒီနည်းအတိုင်း ပစ်ကျသူများသည် သို့သော်...သူကမတူ machingပစ်လွှတ်ချိန် ကွဲအောင်ပစ်မချပါဘဲ ဟိုးအဝေးကြီးရောက်ကာ အမြင့်ဆုံးမြောက်တက်သွားကာမှ ထိုလူ့လက်ကလွတ်ပြီအထင်နဲ့ပျော်နေသည့် ဝိုင်ပုလင်းလေးကို Hazelများကကြေကြေနပ်နပ်လှောင်ရယ်ကာ ပစ်ခွဲသည် ။ လူတင်မဟုတ် သက်မဲ့ပါ အနိုင်ကျင့်ရမှကြေနပ်သူ။

woo..

wow.. အသံများက videoထဲတွင်စုံစီလျက်။ သူ့အတွက်တော့ ဒါကအထူးဆန်းမဟုတ်။

ပင်လယ်ပြင်မှာတိုက်ခတ်သောလေစိမ်းများကြောင့် ဆံပင်များနှာဖူးပြင်အထက်လွင့်ကာ နုတ်ခမ်းများက ခပ်လှောင်လှောင်အပြုံးအစား ခပ်ချေချေအပြုံးက စတင်အစားထိုးလာသည်ဟုထင်သည် ။မည်သို့ပင်ဆိုစေကာမူ အသက်တစ်နှစ်ကြီးသွားတိုင်း သူ့ဘေးကမိန်းမကတစ်ယောက်ပြောင်းသွားသည် တစ်ယောက်ကမကတော့မသိ။

မင်းသစ် ဗိုက်လုံးလုံးကြီးအပေါ်လက်ကရောက်သွားသည် ။ ငါ့ကလေးတွေရောကြီးလာရင် ဒါမျိုးပြောင်းလဲသွားမှာလား ။ ဒါတော့ဖြစ်ခွင့်မပေး ။ တစ်ယောက်ထဲသာစွဲစွဲမြဲမြဲချစ်တက်ဖို့သင်ပေးရမည် ။ Bossဒီလိုဖြစ်သွားသည်က ငယ်ငယ်ထဲကသွန်သင်ပေးမည့်မိခင်ဆုံးသွားသည့်ကြောင့်60%ဖြစ်သည် ။ကျန်တာက သူ့ရဲ့စိတ်။

မင်းသစ် သူရဲ့မြင်ဘူးသော မမြင်ဘူးသော ဘဝပြောင်းလဲမှုအဆင့်ဆင့်နှင့်အရည်အချင်းကို CDတစ်ခွေအတွင်းမှာတော်တော်မြင်ရသည်။ ကလေးတွေကိုလည်း သူ့ရဲ့ကောင်းတဲ့အရည်အချင်းနဲ့ မင်းသစ်ရဲ့ကောင်းတဲ့အရည်အချင်းတွေသာ ပါလာစေခြင်သည်။ သို့သော် မဖြစ်နိုင်။

ကြည့်ကောင်းကောင်းနှင့် မျောပါသွားလိုက်တာ အပြီးအထိ ညတော်တော်မိုးချုပ်သွားကာမှ ကိုယ့်မွေးနေ့ဆိုတာပြန်သတိရ၍ ဓာတ်ပုံနှင့်CDအခေွလေးအား သူများခိုးသွားမှာစိုးသည့်အလား သေသေချာချာဖွက်ကာ အခန်းတံခါးအဖွင့် ။

" ဟင် "

အိမ်တော်အား လင်းထိန်စေသည့် မီးဆိုင်းကြီးများအစား ဖယောင်းမီးတိုင်မှုံမှုံများသာ အခန်းဝကစလို့ လှေကားခွင်အဆင်း တစ်တိုင်နှင့်တစ်တိုင် အနဲငယ်ခြားကာထွန်းညှိထားခြင်းကြောင့် အစကတော့ ကြောင်သွားတာအမှန်။

မင်းသစ် - ဘယ်သူရှိလဲ..အနားတစ်ယောက်ယောက်လာခဲ့အုံး..

ထူးဆန်းစွာတိတ်ဆိတ်ခြင်းနှင့်ပြန်သံမကြားရတော့ အနဲငယ်လန့်စပြုလာပြီဖြစ်သည် ။ သို့သော် ဒါမှသာSupriseဆိုသည့် အရသာအစစ်ခံစားရမည်မဟုတ်လား ။

မင်းသစ် ဗိုက်ပေါ်လက်လေးတင်ကာအားမွေးလိုက်သည် ။ လှေကားတော့သေချာဆင်းရမည် ။ အဆုံးသတ်မှာငါ့ကိုဘာကစောင့်မျှော်စေမည်နည်း ။ အမှန်အတိုင်းပြောရရင် မင်းသစ်ယခုမွေးနေ့အတွက် လက်ဆောင်သည် ဓာတ်ပုံတစ်ပုံနှင့်CDတစ်ချပ်ကြောင့် ကောင်းကောင်းလုံလောက်နေပြီဖြစ်သည်။

လှေကားထစ်တစ်ထစ်တိုင်းက မင်းသစ်ရင်ထဲ ဘာရယ်မဟုတ် တစ်ဒုတ်ဒုတ်​​ဖြင့် ။ စိန်ဆန်ကားတိုက်တာအဆောက်အဦးတွေထက် သူနဲ့ပက်သက်သည့်အရာတွေကပဲ မင်းသစ်ကိုညှို့ယူနိုင်မည်ဆိုတာ သူတို့ကောင်းကောင်းသိသည်ကြောင့် သူနဲ့သက်ဆိုင်သည့်လက်ဆောင်တွေကို မိုးသားနဲ့ Ms.Sophieကသေချာစုဆောင်းရှာ၍ထားသည်။လက်ဆောင်လက်ခံဖို့လူ တစ်ယောက်စီကပဲ ကျန်တော့သည်မဟုတ်လား ။

သူ့စီကလက်ဆောင်ကိုမျှော်လင့်နေသည်တော့ မဟုတ်ပေမဲ့ Bossဘဝတွင် မင်းသစ်ရောက်မလာခင် အချစ်ဆုံးသူမဟုတ်လား ။ သူ့ထံမှာဆို ကျိန်းသေBossနဲ့ပက်သက်သည့်အရာများ ရှားမည်မဟုတ်။ ဘာတွေပြင်ဆင်ထားလိပ်မလဲ။

တွေးရင်းလျှောက်လာခဲ့ရာ ကိတ်မုန့်ကြီးအနားပင်ရောက်ပြီ ။ ညနေကမတွေ့ရသေးသည့် ပိုးစုန်းကြူးသဖွယ်မီးသီးငယ်များ ပတ်ပတ်လည်မှာ တစ်စုတစ်စုဖြင့် အလှဆင်ထားရာအရမ်းပင်လှလွန်းသည်။

ဖျောက်ခနဲ ထိုပိုစုန်းကြူးမီးလေးများက ဆက်ကာဆက်ကာပွင့်လာတော့ မင်းသစ်အားခြံပြင်ကိုညွှန်ပြနေသလို ထွက်လာစေခြင်တဲ့ပုံစံမို့ ခြံထဲဆင်းလာခဲ့လိုက်သည် ။

Birthday supriseဆိုတာသိနေပေမဲ့ Wilsomအိမ်တော်ကြီးသည် ယခုလိုလူသူမရှိသည့်ပုံစံမျိုးနှင့် သစ်ပင်သစ်ရိပ်ထူထူရှိသည့်ခြံထဲ ညတစ်ယောက်ထဲဆင်းဖို့ဆိုတာပုံမှန်ဆိုရင်တော့မလွယ်ပါ ။ အခုတော့သိုခင်စိတ်ကများနေပြီမို့ မထူးဇာတ်နဲ့အဆုံးထိလိုက်ဖို့တွေးလိုက်သည်။

ရောက်ပါပြီ အိမ်တော်ရဲ့ဝေးဝေးလဲရောက်လို့သွားပြီ ။ တွေ့ရတာတော့ ဘန်ကလိုအသေးလေးတစ်လုံး ။ မင်းသစ် ဝင်ထိုင်နေရမှာလား ဘာဆက်လုပ်ရမှန်းမသိခင် ရုတ်တရက်ကြီးထရွာသည့်မိုးကြောင့် စဥ်းစားချိန်မရဘဲ ပြေးဝင်သွားသည်။

မင်းသစ် - ကျစ် သွားပါပြီအဝတ်တွေ..

စိုနေသည့်ဆံပင်ကိုအနဲငယ်လက်ချောင်းလေးများဖြင့် ခါထုတ်ကာ ရွှဲနေသည့်အဝတ်တွေအားတစ်ခုခုနဲ့သုပ်ဖို့ရှာရင်း ဆက်ရွာနေသည့်မိုးကိုကြည့်ကာ လာမိတာမှားပြီဟုထင်သည်။ အခုချိန်မှတော့ အိမ်တော်ဘက်ပြေးရအောင် မှောင်မှောင်မဲမဲမို့ ချော်လဲရင်ဒုက္ခရောက်မည်။

အတွေးများစွာဖြင့် အိမ်ကြီးဘက်ကိုကြည့်ရင်း တစ်ယောက်ယောက်များလာခေါ်မလားလာခေါ်မလားဟုမျှော်လင့်ချက်နဲ့တစ်မျှော်မျှော်လုပ်နေစဥ် ။

" Bae "

" ဟင် "

နောက်သို့လှည့်မကြည့်မိ ။ အသက်ရှုရပ်သွားသည် ။ မိုးသံလဲနားထဲမကြားရတော့သလို ။ ဒီအသံ။

မင်းသစ်ခါးသို့အနောက်ကနေသိုင်းဖက်လာသည် ။ မရုန်းမိ ။ ခြေတွေလက်တွေတုန်လာသည် ။ ဒီအထိအတွေ့သိပ်ကိုရင်းနှီးသည် ။ ဂုတ်စက်မှနွေးကနဲမို့ autoတွန့်သွားသည် ။

မဖြစ်နိုင်တာ...ဖြစ်စရာအကြောင်းမရှိဘူး ဟု ကိုယ့်ကိုကိုယ်သတိအထပ်ထပ်ပေးသော်လည်း ဘန်ဂလို၏ထောက်တိုင်တွေက ဖန်တွေဖြစ်တာကြောင့် မင်းသစ်အနောက်ကလူကိုကောင်းစွာမြင်နေရ၏ ။

တဖြည်းဖြည်း လည်တိုင်ရဲ့ဘေးဘက်ကို အနမ်းတွေကနူးနူးညံ့ညံ့ကျရောက်လာသည် ။ ခါးအားဖက်ထားသည့် လက်တွေကပို၍ခိုင်မာလာသလိုပင် ။ ဒါအိမ်မက်လား ။

" လွမ်းနေခဲ့တာ.. "

မင်းသစ်နားတွေအူသွားသည် ။ တုန်ရီနေသောလက်တွေက တင်းကြပ်ကြပ်ဖက်ထားသည့်လက်တွေကို ဆွဲဖြုတ်တော့ လွယ်လွယ်နဲ့လက်လွှတ်ပေးခြင်းကြောင့် သူ့ရင်ခွင်ထဲကမင်းသစ်ထွက်လာလိုက်ရင်း ။ နောက်သို့အကြည့် ။

မင်းသစ် - Bos..s

မင်းသစ်ရဲ့ပုံကိုမြင်လျှင် ပြုံးလာသည်။ မတွေ့ရတာကြာပြီဖြစ်တဲ့Hazelတွေက အရောင်အနဲငယ်ပြောင်းနေသလို ။ နီညိုရောင်ဆံပင်တွေက သပ်သပ်ရပ်ရပ်ပုံသွင်းလို့ထားသည်။ နှာတံမြင့်မြင့်အောက်က ထူထဲသောခပ်ဟဟနုတ်ခမ်းထဲအစွယ်များကိုလဲတစွန်းတစ်စမြင်ရသည် ။

သူ့အားကြောင်ကြည့်နေသည့်မင်းသစ်အား နုတ်ခမ်းတွန့်ယုံပြုံးကာ ခပ်စိုစိုဖြစ်နေသည့်ဆံသားတွေအားတစ်ချက်သပ်တင်ရင်း အနားသို့ကပ်လာတော့ ဘာရယ်မဟုတ်ခနွာကိုယ်ကခြေတစ်လှမ်းနောက်ဆုတ်သွားသည် ။

ကိုယ့်ကိုကိုယ်လဲနားမလည်နိုင် အမှန်ဆိုငါပျော်လွန်း၍ရူးတောင်သွားနိုင်သည်မဟုတ်လား ။ ဒါကိုဘာလို့လဲ။ သူ့ကိုခပ်ခွာခွာဖြစ်နေသည်ကို သတိထားမိရာ။

" ကိုယ့်ကိုလွမ်းနေမယ်လို့ထင်ခဲ့တာ ဟုတ်မနေဘူးဘဲ"

မင်းသစ် - မဟုတ်ဘူး..အဲ့..လိုမဟုတ်ဘူး အရမ်းလွမ်းနေခဲ့တာ..ဒါကိုဘာလို့လဲဆိုတာ ကျွန်တော်လဲနားမလည်..

လက်တစ်ဖက်အားဆွဲကာ ဗိုက်ခံနေသည့်ကြားကမင်းသစ်ကိုတင်းတင်းဖက်လိုက်သည် ။ မသိစိတ်ကလက်မခံမှုနှင့်အသက်ရှုကြပ်မှုပါပေါင်း၍ လက်တွေကိုထုရိုက်ရုန်းတော့ လွှတ်ပေးသည် ။

" Aidenနဲ့အဆင်ပြေနေလို့ ဒီလိုဆက်ဆံတာပေါ့ဟုတ်လား !"

အနဲငယ်ဟောက်သံပါသည်။ ပုံမှန်ဆိုBossမျက်နှာတည်ရင်တောင် မျက်နှာကဇီးရွက်လောက်သာရှိသောမင်းသစ်က အထူးအဆန်းဒီနေ့မှကြောက်မနေ။

သွားစွယ်တွေထံအကြည့်ကရောက်သွားသည် ။ အလွန်တူပါသည်။ သို့သော် မတူနေ။ အချိန်တိုင်းငေးခဲ့ရသူမို့ သူ့ပုံရိပ်ကမင်းသစ်ခေါင်းထဲဓာတ်ပုံရိုက်ယူထားသလိုကိုရှိသည် ။ Bossသွားစွယ်များက လက်တစ်ဆစ်နီးပါးရှည်၍ အစွယ်ရဲ့အရှေ့သွားနှင့်အနောက်ကသွားပါ ချွန်ထက်​ေနသည်။ ဒါကြောင့်မင်းသစ်ကိုကိုက်လျှင် သွေးစို့အောင်နာသည်။

ဒီလူ့သွားကထိုသို့မဟုတ် သဘာဝဆန်မနေဘဲပြင်ယူထားသလိုမျိုးရှိသည်။ ကျန်တာပြောစရာမရှိအောင်တူသော် မျက်ဝန်းနှင့်အစွယ်များကတုယူလို့မရ။

မင်းသစ် - ခင်ဗျားကဘယ်သူလဲ..မဟုတ်ဘူး..ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲAiden..

မင်းသစ်မျက်နှာထားတည်ကာ မေးလိုက်တော့ ။မျက်ခုံးပင့်သွားပြီးလျှင် ခေါင်းကိုမော့ကာ မျက်ဝန်းတွေစင်း၍စူးရှရှစိုက်ကြည့်ပြီးလျှင် ။

Aiden - ဘာကိုလဲ သဘောကျမယ်ထင်တာ..

မင်းသစ် - ဘာ?

Aiden - JorDanနေရာငါ့ကိုအစားထိုးလိုက်..

ဒီပုံမြင်တော့ Sophieနှင့်မိုးသားအပါအဝင် အိမ်ဖော်တွေအကုန် JorDanဟုထင်ကုန်ကြသည် ။ ဒီချာတိတ်ပဲ သူမဟုတ်မှန်းသိတာ ။ အဲ့ဒီလောက်တောင် အဲ့ကောင်ရဲ့ပုံကခေါင်းထဲစွဲနေတာလား ။

သူသုံးတဲ့ရေမွှေးသုံးသည် ။ သူ့လေသံနှင့်သူ့လှုပ်ရှားပုံအတိုင်းနေသည်။ ဒီမျက်ကပ်မှန် အဲ့ဒီ့မျက်ကြည်လွှာနှင့်အရောင်အတိုင်းတစ်ပုံစံထဲရအောင် သေချာအနုစိပ်အချိန်ပေးပြီး UKရဲ့အကြီးမားဆုံး contact lens professionalတွေစီသီးသန့်ဖန်တီးခိုင်းခဲ့တာဖြစ်သည် ။ ဒါကိုဘာကြောင့် ။

မင်းသစ် - မွေးနေ့မှာထင်ထားတာထက် Supriseဖြစ်သွားစေလို့ကျေးဇူးပါ.. ဒါပေမဲ့ ဒီလိုအပြင်အဆင်တွေနဲ့Sirကမလိုက်လို့ နောက်ဒါမျိုးပုံစံမတွေ့ခြင်ဘူး..

Aiden - ဘာလို့လဲ ငါတကယ်နားမလည်နိုင်ဘူး ငါဘာလုပ်မှမင်းလက်ခံမှာလဲ ဟမ် ပြောစမ်းပါ..

ပုခုံးသားတွေကိုခပ်ဖိဖိဆုပ်ကိုင်ရင်း မေးလိုက်သည်။

မင်းသစ် - ဘာလုပ်လုပ်လက်မခံဘူး.. Sirမှမဟုတ်ဘူး..ဘယ်ယောကျာ်းမှကိုကျွန်တော့ရင်ထဲခံစားလို့မရတာ..

Aiden - မယုံဘူး.. မင်းအခုမှအသက်ငယ်ငယ်လေးရယ် အသွေးသားဆန္ဒ မရှိဘူးဆိုတာမယုံဘူး.. ဒီတော့အခုထဲကငါ့ကိုလက်ခံလိုက် မွေးလာတဲ့ကလေးတွေလဲငါသာဒီပုံအတိုင်းနေရင် သူတို့အဖေဆိုတာလက်ခံမှာပဲ.. မင်းသာခေါင်းမာနေတာ..!

သူ့စကားကိုပြန်မပြောဘဲ ပုခုံးကလက်တွေကိုဆွဲခွာတော့ ဒေါသကြောင့် အသံကမိုးသံတောင်ဖောက်ထွက်လာသည် ။

Aiden - အခုဆို Wilsomမျိုးရိုးရဲ့ပိုင်ဆိုင်မှုတွေ မနှစ်ကထက်3%ပိုတိုးလာတယ်ဆိုတာမင်းသိလား ငါအုပ်ချုပ်တာတစ်နှစ်မပြည့်ခင် မင်းအကောင်ရဲ့10နှစ်စာကိုကျော်သွားပြီလို့...

ဒါကတော့ Ms.Sophieလဲပြောသည်။ Aidenကအစောထဲကစီးပွားရေးပညာရှင် ။ အရာရာကိုအကွက်မြင်သည် ထောင့်စေ့သည် ဒါပေမဲ့ သူလုပ်တက်တာကစီးပွားရေးပဲ ။ Wilsomမျိုးရိုးရဲ့ အဓိကအသက်သွေးကြောက စီးပွားရေးမဟုတ် စီးပွားရေးကအယောင်ပြယုံသပ်သပ် ။ နောက်ကွယ်က အာဏာပိုင်တွေနဲ့ တော်ဝန်မျိုးရိုးကြား Mafiaတွေကိုချုပ်ကိုင်၍ အရိပ်ထဲကနေပြဿနာတွေရှင်းရခြင်းကအဓိကအလုပ်။

အခုဆို Aidenကစီးပွားရေးပဲချဲ့ထွင်နေသည်ကြောင့် လက်အောက်ကဂိုဏ်းအချို့ကြားပြဿနာတွေ မကြာခဏဖြစ်သည်။ Aidenလုပ်ရပ်က ကမာ့လုပ်ငန်းရှင်တွေကြားမျက်နှာပန်းလှပေမဲ့ တကယ်က အဆိပ်ပင်ကပန်းသီးသီးနေသလိုဖြစ်နေသည် ။

Aiden - ဘာလို့လူပဲသတ်တက်ပြီး အရည်အချင်းမရှိတဲ့ယောကျာ်းရဲ့ရင်ခွင်ကိုမှ တပ်မက်နေရတာလဲ.. ဟမ်..

မင်းသစ်ဒေါသအကြည့်နဲ့ကြည့်ပစ်တော့ ။ 2ယောက်လုံးရဲ့ ခက်ထန်တဲ့အကြည့်တွေကနေရာမရွေ့ ။

မင်းသစ် - ခင်ဗျားကရောဘာထူးလဲ.. ခင်ဗျားအနားမှာ မိုးသားအပါ တခြားသူတွေအများကြီးရှိနေတဲ့အထဲက ဘာလို့ ကိုယ်ဝန်ကြီးနဲ့ကျွန်တော့ကိုပဲခဏခဏအခက်တွေ့အောင်လုပ်နေတာလဲ..

Aiden - မင်းကိုချစ်လို့

မင်းသစ် - မချစ်နဲ့.. မိုးသားကရော..ဟမ်..ဘာလို့သူ့ဘက်ကိုတစ်ချက်မကြည့်ရတာလဲ.. အခုဆို ကျွန်တော်ရော ခင်ဗျားရောအိမ်တော်မှာပြောက်နေတယ် သူဘယ်စိတ်နဲ့နေနေမလဲ...ပြီးတော့ ခဗျားကျွန်တော့်ကို ကားတင်မသွားတဲ့နေ့ မှတ်မိလား Bossခင်ဗျားကိုသတ်တော့မလို့ လတ်တစ်လုံးအလိုလေ ... သူ့မှာသူပြုစုရမဲ့ညီမလေးရှိရဲ့သားနဲ့ခင်ဗျားအရှေ့ကနေကာပေးခဲ့တာ ဒါနဲ့တင်မပီးဘူးနော် ခင်ဗျားသတိမရခင်ကလဲသူပဲနေ့နေ့ညည အနားမှာရှိခဲ့တာ..

Aiden - မပြောနဲ့..

မင်းသစ် - ပြောမှာပဲ.. ဒီကြားထဲ နေမကောင်းတဲ့အချိန် ခင်ဗျားမျက်နှာပျက်နေတဲ့အချိန် Wilsom companyတွေကိုစစချင်းအုပ်ချုပ်တော့ အခက်အခဲတွေကြားသူပဲခင်ဗျားနားရှိပေးခဲ့တာ ခင်ဗျားကသာမသိတာပါ ခင်ဗျားအချစ်ရေးကအရမ်းကံကောင်းပါတယ်..

Aiden - မပြောနဲ့တော့လို့! !

အမှန်တွေပြောတော့ နားစည်ကွဲအောင်စွတ်အော်တားသည် ။

Aiden - ငါလိုခြင်တာမင်းကို... တစ်ချိန်ရမယ်လို့လဲယုံကြည်တယ်.. ငါသူနဲ့ပိုတူအောင်နေမယ် ဒါဆိုတစ်နေ့မင်းလက်ခံလာမှာ..

မင်းသစ် - ကျွန်တော်အံ့သြလို့မဆုံးဘူး.. ဘာလို့ကိုယ့်ဖြစ်တည်မှုကြီးကိုဖြတ်ပြီး တခြားသူနဲ့အတင်းတူအောင်လုပ်နေရတာလဲ.. Sir..လူတိုင်းမှာ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ကိုယ့်တန်ဖိုးနဲ့ကိုယ် ကျွန်တော့မျက်စိထဲမှာ Hazelတွေကိုချစ်သလို မိုးသားလဲ ခင်ဗျားရဲ့မျက်ဝန်းအနက်ကြီးတွေကို မြတ်နိုးနေမှာ..

ညီအကို2ယောက် ဘယ်သူပိုသာတယ်ဆိုတာမရှိဘဲ ။ မြင်တဲ့လူအပေါ်ပဲအရာအားလုံးကွာသွားကြတာ ဒါကိုဘယ်လိုရှင်းပြရမည်နည်း ။

မင်းသစ် - ကိုယ့်ဖြစ်တည်မှုကိုကိုယ်လက်ခံလိုက်ပါ..

မင်းသစ်စကားကြောင့် သူညိမ်ကျသွားသည် ။ ဒါပေမဲ့ လက်ခံခြင်ပုံတော့သိပ်မပေါ်။ ကိုယ်ဝန်လရင့်ကြီးနဲ့ဒီလိုစကားတွေအများကြီးပြိုင်ပြောရတာ မင်းသစ်အတွက်တကယ်မောသည် ။ ဆက်၍ပြောပါကသူရောကိုယ်ရောအကျိုးမပါသည်မို့ မိုးခဏစဲတုန်း အိမ်တော်ဘက်ကိုပြန်ဖို့လုပ်လိုက်သည် ။

သူကတော့ကျန်နေခဲ့သည် ။ တားလဲမတားသလို လိုက်လဲမလာ ။ဒါလည်းကောင်းသည် ။ ​ပြောခဲ့သည့်စကားတွေနဲ့ဖြစ်ခဲ့သောအကြောင်းများပြန်တွေးရင်း ရုတ်တရက်ခြေလှမ်းများနှေးလာ၍ ချွေးစီးများကျလာသည် ။

မင်းသစ် - အာ့ ဗိုက်က..

ဒူး2ဖက်ကိုထောက်ချမိသည် ။ ချွေးများနှဖူးကစလို့ ရင်ညွန့်အထိတစ်သွင်သွင်စီးကျနေသည်အထိ ဗိုက်ကအက်စစ်သောက်ထားသလိုပူထူလာသည် ။ ရုတ်တရက်ကြီးဘာဖြစ်တာလဲ ။ မွေးဖို့ကလိုသေးတယ်မဟုတ်လား ။

မင်းသစ် - အာ့..အားး..

မိုးကလဲရုတ်ချည်းဆိုသလိုပြန်သဲရွာတော့ လေးဘက်ထောက်၍ အိမ်ဘက်ကိုတရွတ်တိုက်သွားဖို့လုပ်သည် ။ မဖြစ်နိုင် အိမ်အထိရောက်ဖို့ကအဝေးကြီး ခနွာကိုယ်ကနေရာကလုံးဝမလှုပ်နိုင်တော့ ။

မင်းသစ် - မိုးသား ဗိုက်နာလို့.အာ့..ကြားလား..

အသံကုန်အော်သော်လဲ အပြင်မှာကြောင်သံလောက်သာထွက်သည် ။ ငါဒီနေရာမှာမွေးရမှာလား ။ ပုံမှန်လူတွေအတွက်ဆိုရင်တော့ဟုတ်မှာပေါ့ မင်းသစ်ကခွဲမွေးရမှာဖြစ်သည်မို့ ကြာရင် ဗိုက်ထဲကကလေးတွေအတွက်ရော မင်းသစ်အတွက်ပါစိုးရိမ်ရသည် ။

ထိုစဥ် အနောက်ဘက်ကပြေးလာသည့်ခြေသံ ။

Aiden - မင်းသစ် ဘာဖြစ်တာလဲ.. မကြောက်နဲ့ ကိုယ်ချီသွားမယ်..

ပြောပြီးသည်နှင့် မင်းသစ်ကိုယ်လုံးကြီးကို မလိုက်တာများစွေ့ကနဲ ။ ခုနကသူ့ကိုတရားတွေချခဲ့ပြီး အခုလိုအချိန်ကြအားနာသလိုရှိပေမဲ့ မတက်နိုင်။

မိုးသဲကြီးထဲမင်းသစ်အားချီ၍ အိမ်တော်အထိပြေးတော့ အိမ်ရှေ့တွင် ထီးများကိုင်ကာ မိုးရွာထဲစောင့်နေသည့် မိုးသားအပါ အိမ်ဖော်2ယောက်ရှိသည် ။

မိုးသား - မင်းသစ်ဘာဖြစ်လို့လဲ..

အဝေးထဲကအော်သံကြိုကြားရသည်မို့မေးရာ ။

Aiden - ကိုယ်လဲသေချာမသိဘူးDr.ကိုအမြန်ခေါ်ပေး..

မိုးသား - ဟုတ် ဟုတ်

ဒါမျိုးကပုံမှန်ဆရာဝန်ကိုခေါ်လို့ရမှာမဟုတ် ။ ရေမွှာပေါက်တာဖြစ်နိုင်သည် ။ ခွဲမွေးဖို့အချိန်မမှီရင် အသက်စိုးရိမ်ရတာမို့ မင်းသစ်အား Uterusခွဲစိတ်မှုပေးခဲ့သည့်Drစီပဲဆက်ရသည် ။

Aiden - မင်းသစ်..မင်းသစ်..ကိုယ်ပြောတာကြားလား.. အခုဖုန်းဆက်ထားတယ် မကြောက်နဲ့နော်..

အစကတော့ ဆေးရုံပြေးခွဲမို့လုပ်ပေမဲ့ ဒီမိုးဒီလေနဲ့ သူတို့ကိုခေါ်လိုက်တာပဲကောင်းမည် ။ ခွဲစိတ်ပစည်းများနှင့်ဆေးဝါးများကို လိုအပ်သည့်အခါအသင့်သုံးစွဲနိုင်ဖို့ အမြဲလုပ်ထားသည်မို့ အဆင်ပြေသွားသည် ။

မင်းသစ်အသားတွေ တဇက်ဇက်တုန်လာသည် ။ တစ်ကိုယ်လုံးခိုက်ခိုက်တုန်အောင်ချမ်းနေပေမဲ့ ဗိုက်ကြီးတစ်လုံးပဲကွက်ပူနေသည်မို့ လူကငရဲကျနေသလို။ ဒါမွေးမိခင်တွေတိုင်းခံစားရသည်လား ။ ယောကျာ်းလေးတစ်ယောက်အနေနဲ့တောင် ကြောက်ဖို့ကောင်းသည်။

မင်းသစ် အသက်ရှုတွေမမှန်တော့ပါ oxygenကြည့်တော့ 90အောက်ကျနေပြီမို့ ဆရာဝန်တွေမလာခင် Oxygenပေးထားပြီး ခွဲစိတ်ဖို့အသင့်လုပ်ထားရသည် ။

မင်းသစ် - S..Sir..sir..

လိုအပ်သည်များဝင်ရောက်ပြင်ဆင်ရင်း အိမ်ဖော်တွေအားအမိန့်တွေအဆက်မပြတ်ပေးနေသည့် ခနွာကိုယ်ကရုတ်တရက်အသံသေးသေးလေးကြားလိုက်ရသည်မို့ အနားသွားကြည့်ရာ မျက်ရည်များကတစ်မျက်နှာလုံးစိုရွှဲ၍ နုတ်ခမ်းတွေရုတ်ချည်းအက်ခြောက်ကာ အသားတွေဖြူစုပ်သွားသည့် မင်းသစ်အားဂရုနာမျက်ဝန်းများဖြင့်ကြည့်ရင်း ။

Aiden - အင်းပြော..ကိုယ်ကြားတယ်..

ချွေးတွေရွှဲနေသည့် လက်အားဖွဖွစုပ်ကိုင်ကာ မေးလိုက်တော့ ။ အစကစကားလုံးတွေသိပ်မကြား နောက်မှ။

မင်းသစ် - ..တစ်ခုခုဆို..အား..ကလေးတွေပဲ..ဦးစားပေး. အာ့..3ယောက်လုံး ရှင်စေခြင်တယ်..

Aidenခေါင်းတွေပူထူသွားသည် ။ ဒီချာတိတ်ဘာတွေတွေးနေတာလဲ ။ နိမိတ်မရှိနမာမရှိ ။

Aiden - အဆင်ပြေသွားမှာမပူနဲ့..

သူ့စကားကိုမကြားရပါ ။ သို့သော် မင်းသစ်ပြောတာသူကြားရရင်ကြေနပ်ပါသည်။ ပြောရရင်မင်းသစ် Bossမရှိဘဲဒီလောကကြီးတွင်မရှင်သန်ခြင်တော့။ ဒါကြောင့်အကယ်၍များ operationမအောင်မြင်ခဲ့သည်ရှိသော် မင်းသစ်ကိုသာလွှတ်ချစေခြင်သည် ။

" အာ..ဒီနေ့မှမိုးကရွာသည် သူ့ကိုအနားရှိစေခြင်လိုက်တာ.. "

ဆရာဝန်တွေရေးကြီးသုပ်ပြာရောက်ချလာသည် ။ ခွဲဖို့အသင့်လုပ်ထားသည်မို့ တခြားအချိန်ဘာမှထပ်မကြာ ။ပိုးသတ်အကျီပြောင်းဝတ်ပြီးသည်နှင့် ခွဲစိတ်ဖို့စလုပ်တော့သည် ။

" ကလေးအဖေရှိလား လူနာရဲ့အုပ်ထိန်းသူ ဒီနေရာမှာလက်မှတ်ထိုးပေးပါ "

nurseမက စာချုပ်တစ်ခုထိုးပေးသည်။ အရေးကြီး
operationတိုင်းလိုလိုထိုးရသည်အရာ ။ အကောင်းဆုံးကြိုစားမည် သို့သော် သဘာဝလွန်ခွဲစိတ်မှုမို့ တစ်ခုခုဆိုလျှင်သူတို့နဲ့မဆိုင် စသည့်အချက်တွေရေးလို့ထားသည် ။

Aidenဘယ်သူ့လက်မှတ်ထိုးရမည်နည်း ။ ရုပ်ကJorDanပုံစံဖြစ်နေသည်လေ ။ ကလေးအဖေကလဲ JorDanပဲမို့ ၊ ဒီနေရာသူ့လက်မှတ်ထိုးလိုက်ရင် အဆင်ပြေပါ့မလား တွေးရင်းလက်ကဖောင်တိန်ကိုင်ပြီးရပ်နေသည် ။ ဒါကိုမိုးသားလဲမြင်သည်။

(( ကိုယ့်ဖြစ်တည်မှုကိုကိုယ်လက်ခံလိုက်ပါ.. ))

နောက်ဆုံးစာချုပ်ပေါ်တွင်.. AIDEN WILSOM
-------------------------

=============///////////////============

Continue Reading

You'll Also Like

1 0 1
⭐️⭐️⭐️공식보증업체⭐️⭐️⭐️ ➡️평생주소 :타오도메인.COM ➡️가입코드 : YES ➡️텔레그램 : BC867 당첨상한 최대 1억원!!! 제한없는 무제한 신속환전!!! ⭐️진행게임안내⭐️ 스포츠/해외식스포츠ㅋㅏㅈㅣ노/라이브/슬롯/ 로투스/해쉬게임/그래프/미니게임...
11.5K 893 42
អ្នកគឺជាមនុស្សដែលខ្ញុំស្រលាញ់តែម្នាក់គត់ទោះត្រូវចាំអ្នកយូប៉ុន្នាក៏ខ្ញុំយល់ព្រម💜
13.8K 1K 17
.
120K 10.7K 25
" Lan madem Türklerle bu kadar ilgilisiniz . İnsan azıcık Türk tarihine bakar it herif." Sinirle bir yumruk daha çaktı ama ben hala gülüyordum... ***...