စစ်မင်းခက စကားကို မျက်ရည်တွေ ရစ်ဝန်းလျက်နဲ့ပင် ပြောခဲ့သည်.....
အချစ်ဆိုသည်မှာ အင်မတန် ပူလောင်လှသည်.....
အထူးသဖြင့် တစ်ဖက်သတ်အချစ်....
ကိုယ်ချစ်ရတဲ့ သူအနားက မခွာရအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြသူတွေကြည့်ပါဘဲ.......
သူတို့ပျော်နေရင် ကိုယ်ပါ ပြုံးမိပြီး
သူတို့မျက်ရည်ကျတဲ့အခါ ကိုယ်ပါ ရင်ပူရသည်~~
"အကိုကတော့ကွာ.....ဆော်ရီးနော် ညီလေး.....အကိုပြောရမှာ ကလျာ့အကြောင်း မဟုတ်လား....."
အကိုက ရစ်သီနေတဲ့ မျက်ရည်တွေကို မြေမခစေဘဲ လက်ဖြင့် သုတ်လိုက်သည်......
နောင်နောင် အနေနဲ့ အကို့အား သနားမိပါသည်.....
ကိုယ့်ရဲ့ ပင်ကိုဗီဇကို ဖျောက်ဖျက်ပြီး ချစ်ရသူအနားမှာ Betaတစ်ယောက်အနေနဲ့ အမြဲကာကွယ်ကာ သန်မာတဲ့အကိုဟာ.......
သူ့ရဲ့ မျက်ရည်တွေကို အမြဲသိုသိပ်ထားတယ်ဆိုတာ သိသာလွန်းသည်......
"အကို့အနေနဲ့ ကလျာက အမအနေနဲ့ရော သူငယ်ချင်း အနေနဲ့ရော ပြောရမှာပေါ့..... သူက နည်းနည်း စိတ်မရှည်တက်ဘူး......
ဒါ့အပြင် ဒေါသကလွယ်သေး တစ်ခုခုဆို ဒေါသကြည့်ဘဲ......
ကလျာက မဟုတ်မခံလူမျိုး အမှောင်လုပ်ငန်းမှာ ဆရာတစ်ဆူ ဖြစ်တာလဲ မပြောနဲ့ လုံးဝကို တိကျပြတ်သားတယ်.....ရက်စက်တယ်.....သူသတ်ချင်တဲ့ ဘယ်သူမဆို စက္ကန့်မခြားသတ်နိုင်တယ်......"
"ခဏ......ဒါဆို မမက....."
နောင်နောင့်ရဲ့ အမေးကို သဘောပေါက်တဲ့ စစ်မင်းခက နောင်နောင့်ဘေးနားထိုင်ကာ........
"အဲ့အလုပ်ကို လုပ်လို့ ကလျာကို စိတ်မပျက်ပါနဲ့လို့ အကိုတောင်းဆိုပါရစေ....."
"နောင် ကအဲ့လိုဆိုလိုတာ ဟုတ်ပါဘူး.....ဘယ်ကတည်းက စလုပ်လဲ သိချင်တာပါ......"
"သူတို့က ဘိုးဘွားအစဉ်အဆက်ကတည်းက ဆိုပါတော့..... သူတို့ဘိုးဘွားတွေက ကုမ္ပဏီတွေ အများဆုံး ပိုင်ပေမယ့်....ဉပဒေနဲ့ မကင်းလွှတ်တာကို ပိုသဘောကြကြတဲ့ပုံဘဲ.... အကိုလဲ ထဲထဲဝင်ဝင် မသိပေမယ့် သေချာတာကတော့ ကလျာတို့ Gundကို ဉီးဆောင်ကတည်းက ပိုမို ကျယ်ပြန့်လာတယ်.....
ပိုမိုတိုးတက်လာတာနဲ့အမျှ အန္တရာယ်တွေဟာလည်း မြက်ပင်တွေလို နေရာတိုင်းမှာ ရှိလာတယ်......
ကလျာရဲ့ တဇွတ်ထိုး ဆန်မှုတွေက အဲ့ဒီနေရာတွေမှာ ပိုပြီး သူ့ကိုဒုက္ခပေးတာဘဲ......"
နောက်ဆုံးက စကားကို နောင်နောင် သိပ်သဘောမကျသလို စိုးရိမ်စိတ်ဟာလည်း ရောက်ရှိလာခဲ့သည်.....
ထိုအလုပ်က သေချင်းတရားကို လက်တွဲထားရတဲ့ အလုပ်ပင်.....
ကိုယ်သေမဲ့ရက်ကို စောင့်ရင်းနဲ့ အလုပ်လုပ်ရသည်.....
မမဒေါသလွယ်တာ သူကိုယ်တိုင် မျက်မြင်.....
ကိုရှားနဲ့ ညှိနှိုင်းတုန်းကလဲ မမရဲ့ ဒေါသဟာ ဉီးစွာထွက်ပေါ်လာခဲ့သည်..... မမကို ထိုအလုပ်အား မလုပ်စေချင်သည်မှာ အမှန်......
"အကိုနောက်ဆုံးအနေနဲ့ ပြောချင်တာက ညီလေး သူ့ကို အကောင်းဆုံး ထိန်းသိန်းပေးပါ....."
စစ်မင်းခက နောင်နောင့်ရဲ့ လက်ကလေးကို ကိုင်ကာ အပြုံးလေးဖြင့် တောင်းဆိုသည်.......
မမမှာ ဒီလိုသူငယ်ချင်းတွေရှိတယ်ဆိုတာ အခုမှ သိရသည်.....
နောင်နောင်လဲ စစ်မင်းခရဲ့ လက်ကိုပြန်ကိုင်ကာ....
"စိတ်ချပါ အကို!"
အပြုံးလေးဖြင့် အားတက်သရော ပြန်ပြောသည်.....
"ကဲလာ ဧည့်ခန်းထဲသွားကြစို့....."
..........
................
ဧည့်ခန်းထဲရောက်လာတော့ အဖိုးက ခါးပတ်ကို ကိုင်ထားကာ အမွှာတွေရဲ့ ကျောပြင်ဟာ ရဲ၍ မျက်နှာများဟာလည်း နာကျင်မှုကို ပြသနေသည်.......
"နောက် ရန်ဖြစ်အုံးမှာလား......"
"ဟင့်အင်း....."
"ဟင့်အင်း..... "
ခေါင်းရမ်းပြကာ အသာလေးရေရွတ်သည်။....
"ငါ့ကိုတောင် လာမကြိုကြဘဲ မေ့နေကြတယ် ဘာတွေများ လုပ်နေကြလို့လဲ....."
အသံကိုကြားတာနဲ့ အမွှာနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အပြုံးရောင်တွေသန်းလာသည်......
သေချာပေါက်သိတာပေါ့ ဒါဘယ်သူ့အသံမှန်းဆိုတာ.....
"ဖိုးနွယ်!!"(ပြိုင်တူ)
"Oh God! My Treasures....."
ဖိုးနွယ်စီကို အပြေးသွားကာ နှစ်ယောက်သား ဖက်လိုက်ကြသည်.....
ဖိုးနွယ်ဟာလည်း အမွှာနှစ်ယောက်ကို အလွန်ချစ်ပါသည်...
အသက်တွေဘယ်လောက်ကြီးကြီးမျက်လုံးထဲမှာတော့ အငယ်လေးတွေဟုသာ မြင်နေတုန်းပင်......
အဖိုးတစ်ယောက် ဖိုးနွယ်ကို မြင်တာနဲ့ ခါးပတ်ကို အလျှင်အမြန်သိမ်းကာ ပြုံးဖြီးဖြီးလုပ်နေလိုက်သည်.....
ဒါကို မင်းခနဲ့ နောင်နောင်က မြင်ကာ အချင်းချင်း ပြုံးမိသေးသည်....
အဖိုးဟာ မယက တစ်ယောက်ပါဘဲနော်....
"အာ့!"
"ဖိုး ဖိုးနွယ် နေ နေဉီး....."
အမွှာနှစ်ယောက်လုံးကို ဖိုးနွယ်က ပြန်ဖက်မယ် လုပ်တော့ နှစ်ယောက်လုံးက ချက်ချင်း ငြင်းကြသည်......
"ရတနာလေးတွေ ဒီကိုလာစမ်း....."
နှစ်ယောက်လုံးက ခေါင်းရမ်းကာ ငြင်းကြပြန်သည်.....
ဖိုးနွယ် တကယ်နားမလည်ပါ အရင်က သူ့ကို ပိုကပ်တဲ့ကလေးတွေက အခုမှ ငြင်းပယ်နေကြတော့ ပို၍ သံသယ ဖြစ်ရသည်.....
ထိုအချိန် နှုတ်ခမ်းက သွေးစနဲ့အတူ အက်ျီပုံပျက်နေတာကို မြင်လိုက်ရသည်......
"လာစမ်း!"
Laggueကို လွှတ်ချကာ နှစ်ယောက်လုံးကို ဇွတ်ဆွဲခေါ်ကာ ကျောပြင်တွေကို လှန်ကြည့်တော့ လျှိးရာတွေကို အစင်းလိုက် တွေ့လိုက်ရသည်......
"ဒါက ဘယ်လိုဖြစ်တာလဲ!"
ဖိုးနွယ်ဟာ ဒေါသအသံဖြင့် မေးလေသည်.....
"ဟို....အဲ့ဒါ...."
"အဲ့တာက..... "
နှစ်ယောက်သား ဖိုးကို လှမ်းကြည့်တော့ ခေါင်းရမ်းပြတာကြောင့် ဘာပြောရမှန်းမသိ.....
ဖိုးနွယ်က သူ့မြေးတွေကိုကြည့်တော့ မျက်လုံးတွေဟာ မတည်ငြိမ်......
တစ်ချက်တစ်ချက် သူတို့အဖိုးအား လှမ်းလှမ်းကြည့်တာကြောင့် ဘယ်လိုဖြစ်တာမှန်း သိလိုက်ပါပြီ.....
........
..............
TBC
#Jeon