🖤Until the End of Time 🖤

By suekhatpann

340K 12.7K 563

ငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ... More

Part- 1 🔞
Part-2
Part-3
Part-4
Part-5 🔞
Part-6 🔞
Part-7
Part-8
Part-9
Part-10
Part-11 🔞
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 🔞
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part- 34
Part-35
Part-36
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64 🔞
Part-65 🔞
Part-66
Part-67
Part-68
Part-69 🔞
Part-70 🔞
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88

Part-37

3.3K 183 6
By suekhatpann

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၃၇)

"တာရာနှင်းမြူလား.."

မှိုင်းချက်ချင်းပင်ပြုံးလိုက်သည်။ ပြီးနောက် သက်သောင့်သက်သာအမူအရာနှင့်ပင်

"ကျွန်တော်မွေးစားထားတဲ့ကလေးလေ ဘာဖြစ်လို့လဲ ဦးလေး"

"အံ့ဩစရာပဲ မင်းကကလေးတစ်ယောက်ကို မွေးစားတယ်"

"ကျွန်တော်က ကျွန်တော်စိတ်ကြိုက်လုပ်ချင်သလိုလုပ်ခွင့်ရှိတာပဲ ကလေးတစ်ယောက်ကို မွေးစားချင်လို့မွေးစားတာ ဘာအကြောင်းပြချက်လိုသေးလို့လဲဗျ"

"မင်းလိုသွေးအေးသတ္တဝါက အကြောင်းမဲ့ ကလေးမွေးစားတာကိုက ထူးဆန်းနေတယ်လေ အခြားရည်ရွယ်ချက်တစ်ခုခု ကျိန်းသေရှိမှာပဲ"

ထိုစကားကိုဝင်ဆိုလိုက်သူကဒေးဗစ်။ မှိုင်းကတော့ ဒေးဗစ်ကိုအဖက်လုပ်၍ပင်မကြည့်ဘဲ

"ဦးလေးမေးတဲ့မေးခွန်းကို ဦးလေးနဲ့ပဲ ကျွန်တော်ဖြေမယ် ကျန်တဲ့သူကဝင်မပါနဲ့"

"ဘာ"

"ဒေးဗစ်"

ဦးလေးဗို့စ်က ဒေးဗစ်ကိုဟန့်တားလိုက်ပြီးနောက် သူ့ကိုအကဲခတ်ကြည့်နေရင်း

"သူ့အကြောင်းအပြည့်အစုံပြောကြည့်ပါ မှိုင်း"

"ဦးလေးစိတ်ဝင်စားရင်ပြောပြပါမယ် သူက ကျွန်တော့်အိမ်မှာခိုင်းဖို့ခေါ်ထားတဲ့ အန်တီမွန်နဲ့ဆွေမျိုးစပ်ပါတယ် အစကတော့ မိဘမဲ့ဂေဟာမှာနေတယ် နောက်တော့ အန်တီမွန်ပြောပြတဲ့စကားအရ သိလိုက်ရတာက သူ့မိဘတွေဆုံးတာ ကျွန်တော့်ပယောဂနဲ့ မကင်းခဲ့ဘူးဆိုတာပဲ ကောင်မလေးမိဘက တောင်ခြေရွာကလေ ဒါကြောင့် ဒီကလေးမကို ကျွန်တော်တာဝန်ယူပြီး အိမ်ခေါ်လာခဲ့တာပါ"

လွန်ခဲ့သောနှစ်များစွာက ပဲခူးတိုင်းအတွင်းရှိ တောတစ်ခုတွင် သူတို့ဂိုဏ်းနှင့်အခြားဂိုဏ်းတစ်ခု အရောင်းအဝယ်ကိစ္စကြီးတစ်ခုအတွက် တွေ့ဆုံခဲ့ရာမှ တစ်ဖက်ဂိုဏ်း၏ပိပိရိရိလှည့်စားခြင်းကို သူတို့ခံခဲ့ရသည်။ တစ်ဖက်ဂိုဏ်း၏ထောင်ချောက်ထဲဝင်သွားမိသည့် Gray-ဂိုဏ်းမှတစ်ဖွဲ့လုံးနီးပါးအသတ်ခံခဲ့ရပြီး မှိုင်းတစ်ယောက်သာ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ထိုစဉ်ကမှိုင်းက တော၏အနီးအနား၌ရှိသော တောင်ခြေရွာတွင် ပုန်းခိုနေခဲ့သည်။ တစ်ဖက်ဂိုဏ်းမှလူတွေကလည်း သူ့ကိုနေရာအနှံ့လိုက်ရှာရင်း ရွာကိုမီးရိူ့ဖျက်ဆီးခဲ့သည်။ ပြောရလျှင် ရွာပျက်ဆီးပြီး ရွာသားအတော်များများသေဆုံးခဲ့ခြင်းက သူ့ပယောဂမကင်းခဲ့ပါ။ ထို့ကြောင့် Gray- ဂိုဏ်းက ထိုပျက်ဆီးမှုအတွက် နစ်နာသူများကို ထိုက်သင့်သည့်လျော်ကြေးပေးအပ်တာမျိုးပြုလုပ်ခဲ့သည်။

မာဖီးယားဂိုဏ်းဖြစ်သော်လည်း Grayဂိုဏ်းဟူသည် မသက်ဆိုင်ဘဲထိခိုက်နစ်နာသူများကို တာဝန်ယူမှုအပြည့်ရှိသောဂိုဏ်းဖြစ်ပါသည်။ ထိုရွာသည် အန်တီမွန်နေထိုင်သောရွာ၏အနီးဝန်းကျင်တွင် တည်ရှိနေပြီး အန်တီမွန်၏ဆွေမျိုးသားချင်းတော်စပ်သူတစ်ယောက်သည်လည်း အမှန်တကယ် ထိခိုက်သေဆုံးသွားသူတွေထဲ ပါဝင်ခဲ့၏။ ထို့ကြောင့် လျော်ကြေးအတွက် ငွေပေးအပ်ခဲ့စဉ်က အန်တီမွန်တို့လင်မယားနှင့်သူတွေ့ဆုံခဲ့ပြီး ရန်ကုန်ကိုအလုပ်လုပ်ဖို့ရန် သူ့အိမ်၌အလုပ်သွင်းခဲ့ခြင်းပင်။

"ဒီတော့ဒီကလေးမက မင်းအိမ်ကအလုပ်သမားလင်မယားနဲ့ဆွေမျိုးတော်သလို သူ့မိဘတွေက ဟိုကိစ္စရပ်တွေထဲပါသွားတဲ့နစ်နာသူဖြစ်နေတယ် ဒီအချက်တွေကြောင့် မင်းသူ့ကိုမင်းနဲ့အတူနေဖို့ခေါ်လာခဲ့တယ်ပေါ့"

"ဟုတ်ပါတယ် ဦးလေး"

တာရာနှင်းမြူသူ့အိမ်တွင်လာရောက်နေထိုင်ပြီးနောက်တွင် Gray- ဂိုဏ်းဘက်မှ တစ်နေ့ဤသို့မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့မည်ဆိုတာ နိုရာခါစံကြောင့် သူသတိပြုခဲ့သည်။ ထို့ကြောင့်လည်း သူကဤကိစ္စကို ကြ်ိုတင်ပြီး ပိပိရိရိကို သေချာအစီအစဉ်ချခဲ့သည်။

တာရာအားစစ်စတာမေရီ၏မိဘမဲ့ဂေဟာမှ စတင်ခေါ်ယူမွေးစားသည့်ပုံစံမျိုးဖန်တီးခဲ့ပြီး ဟေသုမဒီနှင့်နေထိုင်ခဲ့သည့်အတိတ်ကိုတော့ဖျောက်ပစ်ခဲ့သည်။ ဘယ်လောက်တောင် သူအကွက်ကျကျလုပ်ခဲ့သလဲဆိုလျှင် စစ်စတာမေရီ၏ဂေဟာမှတ်တမ်း၌ တာရာ၏ကိုယ်ရေးအချက်အလက်တွေကအစ ပြင်ဆင်ခဲ့သည်။ တာရာမိဘမဲ့ဂေဟာသို့ရောက်ရှိလာသည့်အချိန်ကို တောင်ခြေရွာတွင်ဖြစ်သွားသည့် အဖြစ်အပျက်ကာလနှင့် သိပ်မကွာဝေးအောင် အသေးစိတ်ကအစပြုလုပ်ခဲ့သည်။

တစ်စုံတစ်ယောက်လာရောက်စုံစမ်းပြီး အချက်အလက်ယူကြည့်လျှင် ဘယ်အရာကိုမှသံသယမဝင်အောင် သူသေချာဖန်တီးခဲ့သည်။ အန်တီမွန်တို့လင်မယားကိုလည်း တာရာ့အကြောင်းကို ဘယ်သူမေးမေး ဒီအတိုင်းဖြေကြားရန် သင်ယူပေးခဲ့သလို တာရာ့ကိုလည်း အသေအချာနားသွင်းခဲ့ပါသည်။

တောင်ခြေရွာကိစ္စက တိမ်အိမ်တော်ကို ဖြိုမချခင်ကတည်းကဖြစ်ပွါးခဲ့သည့်အတွက် သံသယဝင်စရာအချက်အလက်တွေကိုလည်း ရူတောင့်မျိုးစုံကကြည့်ပြီး သူကကြိုတင်ဖျောက်ဖျက်စီစဉ်ထားခဲ့သည်။ ထို့ကြောင့် ဦးလေး၏မေးခွန်းတွေက သူ့ကိုအံ့ဩစေရုံမှအပ တုန်လှုပ်စရာမှမဟုတ်ခဲ့ဘဲ။

မှိုင်းကမပိုင်လျှင် ခြင်တောင်မရိုက်ပါ။ ဒီလို စစ်ဆေးမှုတွေအတွက်ကို အပြုံးမပျက်ဘဲ တည်တည်ငြိမ်ငြိမ်ပင် ဆိုခဲ့သည်။

"အန်တီမွန်နဲ့တာရာက သိပ်ဆွေမျိုးစပ်တာမျိုးမဟုတ်ပါဘူး အဲ့ဒီတုန်းကသူတို့လည်းကလေးကမိဘမဲ့ဂေဟာရောက်နေတာကို မသိခဲ့ဘူး သိသိချင်းခေါ်မွေးချင်တဲ့အကြောင်း ကျွန်တော့်ဆီခွင့်တောင်းတယ် ဒါပေမဲ့တကယ်တမ်း သူ့ဘဝအတွက်တာဝန်ရှိတာက ကျွန်တော်ပဲလေ ဒါကြောင့် ကျွန်တော်ပဲမွေးစားပြီး အိမ်ပေါ်ခေါ်တင်ထားခဲ့တယ် ဒါကဦးလေးမေးတဲ့ တာရာနှင်းမြူရဲ့အကြောင်းအကုန်ပဲ ဒါနဲ့ ဦးလေးကရော ဘာကိစ္စဒါတွေကိုမေးလာရသလဲ အကြောင်းကိစ္စရှိလို့လားဗျ"

ကိုယ့်အနေအထားကအသာစီးကဖြစ်နေသည်မို့ မှိုင်းဦးလေးဖြစ်သူကို ခပ်ရဲရဲပင် မေးခွန်းပြန်ထုတ်လိုက်သည်။

ဦးလေးဗို့စ်၏အကြည့်က ဒေးဗစ်ထံတစ်ချက်ရောက်သွားပြီးမှ

"အင်း.. သံသယဝင်စရာအချို့တွေ့မိလို့ပါ"

"ဘာကိုလဲဗျ ကျွန်တော်သိပ်နားမလည်ဘူး"

"ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးမလေးကို တိမ်အိမ်တော်ကပျောက်ဆုံးနေတဲ့ကလေးမလို့ ငါတွေးထင်မိတယ် ဒါကြောင့် အစ်ကိုကြီးကို သေချာစစ်ဆေးဖို့တောင်းဆိုလိုက်တာပဲ"

ထိုစကားကို ဒေးဗစ်ကပဲ ဝင်ပြောလိုက်သည်။ ဒီလိုမေးလာကတည်းက ဒီအတွက်ကြောင့်ဆိုတာကြိုရိပ်မိနေသည့်မှိုင်းစိတ်လှုပ်ရှားခြင်းမရှိဘဲ ခပ်ထေ့ထေ့ပြုံးလိုက်ကာ

"ဘယ်လိုယုံကြည်ချက်ကြောင့် ဒီစကားကိုပြောရဲရသလဲ အန်ကယ်လ်ဒေးဗစ်"

"အသိသာကြီးပဲမဟုတ်လား တာရာနှင်းမြူဆိုတဲ့ကောင်မလေးအသက်က တိမ်အိမ်တော်ကပျောက်ဆုံးနေတဲ့ကလေးမနဲ့ မတိမ်းမယိမ်းပဲ ပြီးတော့ ဒီလိုကလေးမတစ်ယောက်က မင်းနဲ့အတူရှိနေတာက အံ့ဩစရာကောင်းတဲ့ဆန်းကြယ်မှုကြီးပဲလေ"

"အဟွန်း..."

မှိုင်းက နှုတ်ခမ်းကိုကွေးညွှတ်ပြီး ရယ်ချလိုက်၏။ သူ့ရယ်သံတို့ကလှောင်ရိပ်တွေစွန်းနေသဖြင့် ဒေးဗစ်မျက်မှောင်ကျုံ့သွားသည်။ မှိုင်း ဒေးဗစ်ကို ခနိုးခနဲ့ဆန်လှသည့်မျက်ဝန်းတွေနှင့် စိုက်ကြည့်လိုက်ပြီး

"ပထမအချက်.. တာရာဘာကြောင့် ကျွန်တော့်အိမ်မှာရှိနေရသလဲဆိုတာကိုရှင်းပြပြီးပြီမို့ ထပ်ရှင်းစရာမလိုတော့ဘူးထင်တယ် နောက်တစ်ချက်က တိမ်အိမ်တော်ပြာကျတုန်းက ဘယ်သူမှအသက်ရှင်မနေခဲ့ဘူး ဒါကြောင့် အသက်မတိမ်းမယိမ်းဖြစ်နေတာနဲ့ပဲ လျှောက်ထင်စရာလား ခင်ဗျားအထင်က ကျွန်တော့်ကိုဆွဲချချင်တာနဲ့ပဲ ကြံမိကြံရာကြံလိုက်တဲ့ အကြံအစည်သက်သက်ထက်မပိုဘူး အန်ကယ်ဒေးဗစ်"

"ဘာ...."

"နောက်ဆုံးအချက်ပြောချင်တာက ဦးလေးကရော ဒါကိုယုံပြီးကျွန်တော့်ကိုစစ်မေးနေသလား"

ဦးလေးဗို့စ်ဘက်လှည့်ပြီး မှိုင်းမကျေမနပ်ဆိုလိုက်တော့ ခုနတင်းမာနေသည့်ဦးလေးမျက်နှာကအနည်းငယ်ပျော့ကျသွားရင်း

"မဟုတ်ပါဘူး.. ဒါပေမဲ့ ဒေးဗစ်ထောက်ပြတဲ့အချက်တွေကလည်း စဉ်းစားစရာဖြစ်နေတဲ့အတွက်..."

"ဘာကိုစဉ်းစားစရာရှိရမှာလဲဗျာ ကျွန်တော်က ရန်သူအိမ်ကကလေးကို ခေါ်မွေးထားစရာအကြောင်းကိုမရှိဘူး"

"ဟုတ်ပါတယ် မှိုင်း ဦးလေးမှားသွားတာပါ မင်းကိုဒီလိုသံသယမဝင်သင့်ဘူး"

ဒေါသထွက်နေသည့်သူ့ကိုကြည့်ပြီး ဦးလေးကလေသံပျော့ပျော့နှင့်တောင်းပန်လာသည်။ ပြီးနောက်..

"တိမ်အိမ်တော်က ကလေးကတကယ်သေသွားလားဆိုတာကို လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမှမရှိခဲ့တာပဲ ပြီးတော့မင်းမှာလည်း သူ့အရွယ်ကလေးတစ်ယောက်ရောက်နေတော့ ဦးလေးခဏအတွေးတိမ်သွားမိတယ်"

တိမ်အိမ်တော်ကိုဖျက်ဆီးခဲ့စဉ်က အိမ်တော်ကမည်သည့်ကလေးငယ်ကိုမှမတွေ့ခဲ့ဟု မှိုင်း လိမ်ညာခဲ့သည်။ သို့သော် အိမ်တော်ကိုမီးရိူ့ပြာချခဲ့သဖြင့် ဘယ်သူမှလည်းအသက်မရှင်နိုင်ခဲ့ရာ၊ ကလေးသည်လည်းမီးထဲပါသွားခဲ့သည်ဟု အခိုင်အမာပြောခဲ့ပါသည်။

"ကျွန်တော်ပြောခဲ့ပြီးပြီလေ.. တိမ်အိမ်တော်က တစ်ဝန်းလုံးပြာကျသွားခဲ့တာ.. လူမပြောနဲ့ ခွေးတောင်အသက်ရှင်မကျန်ခဲ့ဘူး"

"ဒါပေမဲ့ တာရာနှင်းမြူနဲ့မင်းကြားဆက်ဆံရေးက ထူးခြားတယ်လို့မထင်ဘူးလား သူ့မိဘတွေသေဆုံးမှုက မင်းတာဝန်မကင်းဘူးဆိုပေမဲ့ မင်းသူ့အပေါ်တာဝန်ယူမှုတွေက ပိုလွန်းနေသလိုပဲ ဒု-သခင်လေးမှိုင်းက ဘယ်တုန်းက ကလေးတစ်ယောက်ကိုချစ်တတ်သွားခဲ့သလဲ"

ဒေးဗစ်ကသူ့ကိုဝင်ခနဲ့သည်။ မှိုင်း ဒေးဗစ်ကို ခပ်ရိုင်းရိုင်းပင် စူးခနဲ့ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကိုမဲ့ချပစ်ကာ

"အန်ကယ်လ်က ဘာမို့လို့ ကျွန်တော့်ကိုဒီလိုမေးခွန်းတွေလာထုတ်ရသလဲ"

"ဘာ...."

"ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စကို ခင်ဗျားကိုဘာကိစ္စကြောင့်ပြောပြရမှာလဲ.. ပြီးတော့ ကျွန်တော်မေးပါရစေဦး ခင်ဗျားကျွန်တော့်ကိစ္စတွေကို လိုက်စုံစမ်းနေသလာ"

"ဒါက..."

ဒေးဗစ်မျက်နှာပျက်သွားသည်။ မှိုင်းမျက်ဝန်းတွေက အေးစက်တင်းမာသွားရင်း

"Gray-ဂိုဏ်းမှာ ကျွန်တော်ကလွပ်လပ်သူပဲ ဘယ်သူကမှ ကျွန်တော့်အကြောင်းကိုဒီလိုစုံစမ်းပိုင်ခွင့်မရှိဘူး ဒါကစည်းမျဉ်းစမ်းကမ်း ချိုးဖောက်တာပဲ ဦးလေးဗို့စ် ဒါကိုဘယ်လိုစီစဉ်ပေးမှာလဲ"

မှိုင်းစကားကြောင့် ဦးလေးဗို့စ်က စဉ်းစားတွေဝေသွားသည်။ ဒေးဗစ်က သူမှိုင်းကိုချောက်ချဖို့လုပ်ရင်းမှ မြှားဦးကသူ့ထံလှည့်လာနိုင်သဖြင့် ကပျာကယာဝင်ဆိုလိုက်သည်။

"Gray-ဂိုဏ်းကိုထိခိုက်နှစ်နာစေမယ်လို့ယူဆရရင်တော့ လွပ်လပ်သူလည်းစုံစမ်းသင့်စုံစမ်းရမှာပဲ"

"ဟုတ်လား.. လောလောဆယ် ဂိုဏ်းကိုနစ်နာအောင်လုပ်နေတာ ခင်ဗျားပဲမဟုတ်လား ရွှေချောင်းတွေကို ဖျောက်ထားခဲ့တယ်လေ"

"ဘာကွ..."

"ဒီကိစ္စအဖော်ခံရလို့ မကျေနပ်တာနဲ့ပဲ ခင်ဗျားကကျွန်တော့်ကိုဆွဲချဖို့လုပ်နေတယ် အဟွန်း.. ဝမ်းနည်းစရာပဲ ကျွန်တော်က ခင်ဗျားလိုသူခိုးမဟုတ်ဘူး အန်ကယ်လ်ဒေးဗစ်. ခင်ဗျားသာ အသိစိတ်ဝင်ပြီး ဂိုဏ်းအပေါ်မရိုးဖြောင့်တာမျိုး မလုပ်သင့်တော့ဘူး"

"မင်း..."

မှိုင်းစကားတွေက ဒေးဗစ်ကိုအထိနာသွားစေသဖြင့် ဒေးဗစ်ရှေ့ကိုဒေါသတကြီးလှမ်းလာရန် ပြင်လိုက်စဉ်

"ရပ်လိုက်စမ်း ဒေးဗစ်.."

"သူကျွန်တော့်ကို စော်ကားနေတယ် အစ်ကိုကြီး"

"မင်းပါးစပ်ပိတ်ထား"

ဦးလေးဗို့စ်၏တင်းမာလျက်ရှိသောအကြည့်စူးစူးက ဒေးဗစ်ထံရောက်သွားပြီး 

"မင်းတစ်ချိန်လုံး မှိုင်းကိုပြသာနာရှာလို့ပြီးတော့မှာလား"

"အစ်ကိုကြီး"

"မှိုင်းအကြောင်းလိုက်စုံစမ်းနေမဲ့အစား မင်းအလုပ်ကိုသာ မင်းတာဝန်ကျေအောင်လုပ်သင့်တယ်ဒေးဗစ် ဒီလိုလုပ်တာကဂိုဏ်းစည်းကမ်းကိုချိုးဖောက်နေသလို မှိုင်းရဲ့အထူးအခွင့်အရေးခံစားခွင့်ကိုလည်း ထိပါးနှောင့်ယှက်နေတယ်.. နောက်တစ်ခါဆို မင်းကိုငါရာထူးချမယ်"

သခင်ကြီးဗို့စ်၏ပြင်းထန်သောသတိပေးစကားကြောင့် ဒေးဗစ်မျက်နှာမည်းမှောင်ကာ ငြိမ်ကျသွား၏။ ဒီတစ်ခါအပေါ်စည်းကနေ ခပ်ထေ့ထေ့ပြုံးနေသူက မှိုင်း။

"ဒီကိစ္စက မင်းဘက်ကမှားတဲ့အတွက် မှိုင်းကို ပြန်တောင်းပန်စမ်း ဒေးဗစ်"

"............"

ဒေးဗစ်က အံကိုကြိတ်ပြီး သူ့ကိုအမုန်းတွေပြည့်နေသောမျက်လုံးတွေနှင့်ကြည့်လာသည်။ ပြီးနောက်ဘာစကားမှမဆိုဘဲ ဒေါသတကြီး တက်ခေါက်ပြီး ထွက်သွား​တော့..

"ဒေးဗစ်"

"ထားလိုက်ပါဦးလေး.. အန်ကယ်လ်ဒေးဗစ်က ဘယ်တုန်းကများ ယဉ်ကျေးမှုရှိလို့လဲ"

သခင်ကြီးဗို့စ် သက်ပြင်းတစ်ချက်ချလိုက်ကာ

"ဒေးဗစ်ကိုယ်စား မင်းကိုဦးလေးကပဲ ထပ်တောင်းပန်တယ် မှိုင်း"

"ရပါတယ်.. ကျွန်တော်စိတ်ထဲမထားပါဘူး"

မှိုင်းသက်သောင့်သက်သာပင်ဆိုလိုက်သည်။ သူတို့တာရာ့ကိစ္စကို ဆက်မပြောဖြစ်တော့ဘဲ ထိုမျှနှင့်ပြီးသွားသည်။ ဦးလေးဗို့စ်က အင်မတန်အလေးအနက်ရှိသည့်အမူအရာနှင့် စကားလမ်းကြောင်းပြောင်းလိုက်၏။

"တကယ်တော့ ဦးလေးဒီကိုအလောတကြီး ပြန်လာတာက အရေးကြီးကိစ္စတစ်ခုကြောင့်ပဲ မှိုင်း.. ထိုင်းနယ်စပ်ဘက်မှ တိမ်အိမ်တော်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုအရိပ်အယောင်တွေ တွေ့နေရတယ်ဆိုတဲ့သတင်းရတယ်"

"ဗျာ.."

ဦးလေးစကားက မှိုင်းကိုအတော်အံ့ဩသင့်သွားစေသည်။ ဦးလေးကခေါင်းတညိတ်ညိတ်လုပ်နေရင်း

"ဟုတ်တယ်.. မသေချာသေးပေမဲ့ ဖြစ်နိုင်ခြေများတယ် ဒီကိစ္စကိုအမြန်စုံစမ်းမှဖြစ်မယ်"

"တိမ်အိမ်တော်ဂိုဏ်း.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ဂိုဏ်းတစ်ခုလုံးနလန်မထူနိုင်အောင် ကျွန်တော်တို့ အမြစ်ကနေလှန်ပြီးတောင် ဖြိုချခဲ့ပြီးပြီပဲ"

မှိုင်းမယုံကြည်နိုင်စွာဆိုလိုက်သည်။ သခင်ကြီးဗို့စ်ကလည်း စိတ်ရူပ်ထွေးနေဟန်ဖြင့်

"အင်း.. ဦလေးလည်း ဒါကိုသေချာကိုင်တွယ်လို့ရအောင်အမြန်ပြန်လာခဲ့တာပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒါကကောင်းတဲ့သတင်းမဟုတ်ဘူး မှိုင်း တိမ်အိမ်တော်သာတကယ်ပြန်လှုပ်ရှားလာရင် ငါတို့သတိထားရမယ်"

"ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးထင်တာပဲ.. ဖြစ်ခဲ့ရင်တောင်မှ စိုးရိမ်စရာမရှိပါဘူး တိမ်အိမ်တော်က.. မီးခိုးရောင်အိမ်တော်ကို ပုခုံးချင်းယှဉ်နိုင်တဲ့အနေအထားရောက်ဖို့ တော်တော်ခက်ခဲနေပြီ"

"ရန်သူက ဘယ်လောက်သေးငယ်ပါစေ အထင်သေးလို့မရဘူးမှိုင်း အမှိုက်သေးသေးလေးကအစ ငါတို့ဂရုစိုက်ရမယ် ပြီးတော့ တိမ်အိမ်တော်မှာnetworkတွေအများကြီးရှိတယ် သူတို့သာတကယ်ပြန်လာခဲ့ရင် သောင်းသောင်းဖျဖျကြိုဆိုကြမှာက ငါတို့ရန်သူဂိုဏ်းတွေပဲ ဒါကြောင့် ပေါ့ပေါ့သေးသေးသဘောမထားနဲ့ သေချာစုံစမ်းပါ"

"ဟုတ်ကဲ့ပါဦးလေး ကျွန်တော်ဒါကိုအမြန်ဆုံးစုံစမ်းလိုက်ပါမယ်"

တိမ်အိမ်တော်နှင့်ပတ်သက်ပြီး ဦးလေးဗို့စ်နှင့် အနည်းငယ်စကားစမြည်းပြောပြီးနောက် မှိုင်း သူ့အိပ်ခန်းရှိရာပြန်လာခဲ့သည်။

စိတ်တွေအနည်းငယ်ရူပ်ထွေးနေသဖြင့် စီးကရက်တစ်လိပ်ထုတ်ကာ ဖွာလိုက်သည်။ ပြီးနောက် မှန်ချပ်တွေကာထားသည့်နံရံရှေ့၌ရပ်နေပြီး အပြင်ဘက်ကို စူးစိုက်ငေးကြည့်နေသည်။

သူ့အိပ်ခန်းကနေ မြင်နေရသည့် မီးခိုးရောင်အိမ်တော်၏ရူမြင်ကွင်းတို့က သိပ်လှပါသည်။ တောတောင်အတုတွေကို တကယ့်အစစ်အမှန်ကဲ့သို့ ခမ်းခမ်းနားနားပုံဖော်ထားသည့် အိမ်တော်ဥယျာဉ်၏အလှအပတွေက တကယ်ကိုစိတ်နှစ်လိုဖွယ်ရာအတိနှင့်။

တစ်ဖက်ခြမ်းကိုမျှော်ကြည့်ပြန်တော့လည်း ကြီးမားလှသော ပြာလဲ့လဲ့ရေကူးကန်ကျယ်ကြီးက ငေးမောချင်စရာပင်..။ ထို့ကြောင့် သူကဤနေရာတွင် ရပ်ပြီး စီးကရက်ဖွာရိူက်ရသည်ကို သဘောအကျဆုံးဖြစ်သည်။

သို့သော် ဒီတစ်ခါတွင်တော့ သူ့မျက်ဝန်းထဲတွင် ဥယျာဉ်ကြီးရှိမနေသလို၊ ရေကူးကန်လည်းရှိမနေခဲ့ပါ။ သူ့မြင်ကွင်းတွေထဲ ပိတ်ဆို့နေခဲ့သည်က ပျော့ဆင်းနေသော ဆံနွယ်တွေကြားမှ ချစ်စဖွယ်အပြစ်ကင်းစင်နေသည့် မျက်နှာလေးတစ်ခု...။

"တာရာတို့လက်ထပ်ကြမယ်နော် မှိုင်း"

"မှိုင်းရဲ့ မီးခိုးရောင် သတို့သမီးက တာရာနှင်းမြူလေးပါရှင်"

"မနက်ခင်းမှာ အနာဂတ်ဇနီးလောင်းလျာလေးရဲ့ နှဖူးတော်ကို အနမ်းလေးမခြွေချင်ဘူးလား လက်ထပ်ပြီးတဲ့အခါ နမ်းရမှာချင်းအတူ အခုတကည်းက trainingဆင်းလိုက်ပါလားလို့စ်.. တာရာအနစ်နာခံပါ့မယ်နော်"

တစ်ဖက်လူအသည်းယားချင်လာအောင် တီတီတာတာလေးတွေပြောတတ်လွန်းပါသော နှုတ်ခမ်းသေးသေးလေးကို မြင်ယောင်ရင်း သူအလိုလိုပြုံးမိပါသည်။

ဘယ်လောက်ပဲတွန်းထုတ်ခဲ့ပါစေ။ ဒီသွေးအေးလွန်းလှသည့်နှလုံးသားကို နှောင်ကြိုးတွေ ရစ်ချည်ပစ်နိုင်ခဲ့သည့် သူမ၏အပြစ်ကင်းစင်မှုတွေက တကယ်ကိုမြတ်နိုးစရာ။ သိပ်အလှကြီးမဟုတ်သည့်တိုင် ရွှန်းလက်နေသည့်မျက်ဝန်းရွဲတွေနှင့် ပလီပလာတီတီတာတာတွေပြောတတ်လွန်းသည့် နှုတ်ခမ်းလေးက ဘယ်အချိန်ကတည်းကများ ရင်ထဲထိ တိုးဝင်နိုင်ခဲ့သည်လဲ...။

လက်သေးသေးလေးတွေနှင့်သိုင်းဖက်လာတိုင်း  မာနတွေကယိုင်နဲ့ခဲ့သည်။ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့် မော့ကြည့်ပြီး ချွဲနွဲ့လာတိုင်းလည်း ခံစားချက်မဲ့လှသည့်နှလုံးသားက လှုပ်နိုးခဲ့ရ၏။ သွေးအေးလွန်းလှသည့် သူ့ခံစားချက်တွေကို အရည်ဖျော်ပစ်သည်က စကားတတ်လွန်းလှသည့် နှုတ်ခမ်းလေး...။

ဟုတ်သည်... ဘယ်တုန်းကတွယ်ငြိခဲ့မှန်းပင် သူ့ကိုသူမသိခဲ့ပါ။ ဘယ်အချိန်ကများ ချည်မိမှန်း သူတကယ်ကို သတိမထားမိခဲ့ပေ။ သူသိလိုက်မိသည့်အချိန်က တာရာနှင်းမြူက ရင်ဘတ်ထဲ စူးစူးနင့်နင့်ရောက်သွားခဲ့လေပြီ။

မြတ်နိုးချင်စရာကောင်းသည့်ကောင်မလေးကို မမြတ်နိုးဘဲ သူမနေနိုင်တော့ပါလေ။ သူ၏မာနနှင့်သွေးအေးမှုတွေက တာရာ၏ချစ်စဖွယ်အပြုအမူအောက်မှာ တောင့်မခံနိုင်တော့ဘူး ထင်ပါရဲ့...။

ဝန်ခံပါသည်..။ ဒီကလေးမသေးသေးလေးဟာ မီးခိုးဂိုဏ်းကိုဆက်ခံမည့် ဒု-သခင်လေး၊ ရက်စက်သွေးအေးရာ၌နာမည်ကြီးလှပါသော မှိုင်းဆိုသည့်လူသား၏ပထမဆုံး ရင်ခုန်သံဖြစ်ခဲ့ရသည်ဆိုတာ....။

သို့သော် ဝင်လာသည့်အတွေးကြောင့် သူက လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။ လေပူနှင့်အတူ စီးကရက်၏မီးခိုးငွေ့တွေက ဝဲလွင့်သွားရင်း ရှေ့ကမှန်နံရံ၌ကပ်ငြိသွားတော့၏။

တိမ်အိမ်တော်နှင့်ပတ်သက်သည့်အတိတ်တွေကို ပြည်ဖုံးကားချခဲ့သည့်တိုင် သူမဟာ တိမ်အိမ်တော်၏မျိုးဆက်သွေးဆိုသည့်အမှန်တရားက ဖုံးကွယ်ထားလို့မှမရသည်ပဲ။

အကယ်၍များ တစ်ချိန်ချိန်ကျရင် သူမဟာ သူမဘဝနှင့်သက်ဆိုင်သည့်အမှန်တရားကို ရှာတွေ့ခဲ့ရင်....

စီးကရက်ကိုခပ်ပြင်းပြင်း ရိူက်ထုတ်ပစ်ရင်းနှင့် မှိုင်း သက်မောတွေချမိပြန်၏။ ဘယ်တုန်းကများ သူဟာဒီလိုမောလျဖူးလို့လဲ။

"တောင်းပန်ပါတယ်တာရာ မင်းနဲ့ငါက ဘယ်လိုမှမဖြစ်နိုင်ဘူး"

သက်ပြင်းခါးခါးနှင့်အတူ ရင်ဘတ်ဟာ ဘာမှန်းမသိသောမွန်းကျပ်မှုတွေနှင့် ပြည့်နှက်နေလျက်....။

ဆက်ရန်
ဆူးခတ်ပန်း

Zawgyi

🖤Until the End of Time🖤
(အသက္ထက္ဆုံးတိုင္.....)

အပိုင္း(၃၇)

"တာရာႏွင္းျမဴလား.."

မႈိင္းခ်က္ခ်င္းပင္ၿပဳံးလိုက္သည္။ ၿပီးေနာက္ သက္ေသာင့္သက္သာအမူအရာႏွင့္ပင္

"ကြၽန္ေတာ္ေမြးစားထားတဲ့ကေလးေလ ဘာျဖစ္လို႔လဲ ဦးေလး"

"အံ့ဩစရာပဲ မင္းကကေလးတစ္ေယာက္ကို ေမြးစားတယ္"

"ကြၽန္ေတာ္က ကြၽန္ေတာ္စိတ္ႀကိဳက္လုပ္ခ်င္သလိုလုပ္ခြင့္ရွိတာပဲ ကေလးတစ္ေယာက္ကို ေမြးစားခ်င္လို႔ေမြးစားတာ ဘာအေၾကာင္းျပခ်က္လိုေသးလို႔လဲဗ်"

"မင္းလိုေသြးေအးသတၱဝါက အေၾကာင္းမဲ့ ကေလးေမြးစားတာကိုက ထူးဆန္းေနတယ္ေလ အျခားရည္႐ြယ္ခ်က္တစ္ခုခု က်ိန္းေသရွိမွာပဲ"

ထိုစကားကိုဝင္ဆိုလိုက္သူကေဒးဗစ္။ မႈိင္းကေတာ့ ေဒးဗစ္ကိုအဖက္လုပ္၍ပင္မၾကည့္ဘဲ

"ဦးေလးေမးတဲ့ေမးခြန္းကို ဦးေလးနဲ႔ပဲ ကြၽန္ေတာ္ေျဖမယ္ က်န္တဲ့သူကဝင္မပါနဲ႔"

"ဘာ"

"ေဒးဗစ္"

ဦးေလးဗို႔စ္က ေဒးဗစ္ကိုဟန္႔တားလိုက္ၿပီးေနာက္ သူ႔ကိုအကဲခတ္ၾကည့္ေနရင္း

"သူ႔အေၾကာင္းအျပည့္အစုံေျပာၾကည့္ပါ မႈိင္း"

"ဦးေလးစိတ္ဝင္စားရင္ေျပာျပပါမယ္ သူက ကြၽန္ေတာ့္အိမ္မွာခိုင္းဖို႔ေခၚထားတဲ့ အန္တီမြန္နဲ႔ေဆြမ်ိဳးစပ္ပါတယ္ အစကေတာ့ မိဘမဲ့ေဂဟာမွာေနတယ္ ေနာက္ေတာ့ အန္တီမြန္ေျပာျပတဲ့စကားအရ သိလိုက္ရတာက သူ႔မိဘေတြဆုံးတာ ကြၽန္ေတာ့္ပေယာဂနဲ႔ မကင္းခဲ့ဘူးဆိုတာပဲ ေကာင္မေလးမိဘက ေတာင္ေျခ႐ြာကေလ ဒါေၾကာင့္ ဒီကေလးမကို ကြၽန္ေတာ္တာဝန္ယူၿပီး အိမ္ေခၚလာခဲ့တာပါ"

လြန္ခဲ့ေသာႏွစ္မ်ားစြာက ပဲခူးတိုင္းအတြင္းရွိ ေတာတစ္ခုတြင္ သူတို႔ဂိုဏ္းႏွင့္အျခားဂိုဏ္းတစ္ခု အေရာင္းအဝယ္ကိစၥႀကီးတစ္ခုအတြက္ ေတြ႕ဆုံခဲ့ရာမွ တစ္ဖက္ဂိုဏ္း၏ပိပိရိရိလွည့္စားျခင္းကို သူတို႔ခံခဲ့ရသည္။ တစ္ဖက္ဂိုဏ္း၏ေထာင္ေခ်ာက္ထဲဝင္သြားမိသည့္ Gray-ဂိုဏ္းမွတစ္ဖြဲ႕လုံးနီးပါးအသတ္ခံခဲ့ရၿပီး မႈိင္းတစ္ေယာက္သာ အသက္ရွင္လ်က္ ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္။

ထိုစဥ္ကမႈိင္းက ေတာ၏အနီးအနား၌ရွိေသာ ေတာင္ေျခ႐ြာတြင္ ပုန္းခိုေနခဲ့သည္။ တစ္ဖက္ဂိုဏ္းမွလူေတြကလည္း သူ႔ကိုေနရာအႏွံ႔လိုက္ရွာရင္း ႐ြာကိုမီး႐ိူ႔ဖ်က္ဆီးခဲ့သည္။ ေျပာရလွ်င္ ႐ြာပ်က္ဆီးၿပီး ႐ြာသားအေတာ္မ်ားမ်ားေသဆုံးခဲ့ျခင္းက သူ႔ပေယာဂမကင္းခဲ့ပါ။ ထို႔ေၾကာင့္ Gray- ဂိုဏ္းက ထိုပ်က္ဆီးမႈအတြက္ နစ္နာသူမ်ားကို ထိုက္သင့္သည့္ေလ်ာ္ေၾကးေပးအပ္တာမ်ိဳးျပဳလုပ္ခဲ့သည္။

မာဖီးယားဂိုဏ္းျဖစ္ေသာ္လည္း Grayဂိုဏ္းဟူသည္ မသက္ဆိုင္ဘဲထိခိုက္နစ္နာသူမ်ားကို တာဝန္ယူမႈအျပည့္ရွိေသာဂိုဏ္းျဖစ္ပါသည္။ ထို႐ြာသည္ အန္တီမြန္ေနထိုင္ေသာ႐ြာ၏အနီးဝန္းက်င္တြင္ တည္ရွိေနၿပီး အန္တီမြန္၏ေဆြမ်ိဳးသားခ်င္းေတာ္စပ္သူတစ္ေယာက္သည္လည္း အမွန္တကယ္ ထိခိုက္ေသဆုံးသြားသူေတြထဲ ပါဝင္ခဲ့၏။ ထို႔ေၾကာင့္ ေလ်ာ္ေၾကးအတြက္ ေငြေပးအပ္ခဲ့စဥ္က အန္တီမြန္တို႔လင္မယားႏွင့္သူေတြ႕ဆုံခဲ့ၿပီး ရန္ကုန္ကိုအလုပ္လုပ္ဖို႔ရန္ သူ႔အိမ္၌အလုပ္သြင္းခဲ့ျခင္းပင္။

"ဒီေတာ့ဒီကေလးမက မင္းအိမ္ကအလုပ္သမားလင္မယားနဲ႔ေဆြမ်ိဳးေတာ္သလို သူ႔မိဘေတြက ဟိုကိစၥရပ္ေတြထဲပါသြားတဲ့နစ္နာသူျဖစ္ေနတယ္ ဒီအခ်က္ေတြေၾကာင့္ မင္းသူ႔ကိုမင္းနဲ႔အတူေနဖို႔ေခၚလာခဲ့တယ္ေပါ့"

"ဟုတ္ပါတယ္ ဦးေလး"

တာရာႏွင္းျမဴသူ႔အိမ္တြင္လာေရာက္ေနထိုင္ၿပီးေနာက္တြင္ Gray- ဂိုဏ္းဘက္မွ တစ္ေန႔ဤသို႔ေမးခြန္းထုတ္စရာေတြျဖစ္လာခဲ့မည္ဆိုတာ ႏိုရာခါစံေၾကာင့္ သူသတိျပဳခဲ့သည္။ ထို႔ေၾကာင့္လည္း သူကဤကိစၥကို ၾက္ိုတင္ၿပီး ပိပိရိရိကို ေသခ်ာအစီအစဥ္ခ်ခဲ့သည္။

တာရာအားစစ္စတာေမရီ၏မိဘမဲ့ေဂဟာမွ စတင္ေခၚယူေမြးစားသည့္ပုံစံမ်ိဳးဖန္တီးခဲ့ၿပီး ေဟသုမဒီႏွင့္ေနထိုင္ခဲ့သည့္အတိတ္ကိုေတာ့ေဖ်ာက္ပစ္ခဲ့သည္။ ဘယ္ေလာက္ေတာင္ သူအကြက္က်က်လုပ္ခဲ့သလဲဆိုလွ်င္ စစ္စတာေမရီ၏ေဂဟာမွတ္တမ္း၌ တာရာ၏ကိုယ္ေရးအခ်က္အလက္ေတြကအစ ျပင္ဆင္ခဲ့သည္။ တာရာမိဘမဲ့ေဂဟာသို႔ေရာက္ရွိလာသည့္အခ်ိန္ကို ေတာင္ေျခ႐ြာတြင္ျဖစ္သြားသည့္ အျဖစ္အပ်က္ကာလႏွင့္ သိပ္မကြာေဝးေအာင္ အေသးစိတ္ကအစျပဳလုပ္ခဲ့သည္။

တစ္စုံတစ္ေယာက္လာေရာက္စုံစမ္းၿပီး အခ်က္အလက္ယူၾကည့္လွ်င္ ဘယ္အရာကိုမွသံသယမဝင္ေအာင္ သူေသခ်ာဖန္တီးခဲ့သည္။ အန္တီမြန္တို႔လင္မယားကိုလည္း တာရာ့အေၾကာင္းကို ဘယ္သူေမးေမး ဒီအတိုင္းေျဖၾကားရန္ သင္ယူေပးခဲ့သလို တာရာ့ကိုလည္း အေသအခ်ာနားသြင္းခဲ့ပါသည္။

ေတာင္ေျခ႐ြာကိစၥက တိမ္အိမ္ေတာ္ကို ၿဖိဳမခ်ခင္ကတည္းကျဖစ္ပြါးခဲ့သည့္အတြက္ သံသယဝင္စရာအခ်က္အလက္ေတြကိုလည္း ႐ူေတာင့္မ်ိဳးစုံကၾကည့္ၿပီး သူကႀကိဳတင္ေဖ်ာက္ဖ်က္စီစဥ္ထားခဲ့သည္။ ထို႔ေၾကာင့္ ဦးေလး၏ေမးခြန္းေတြက သူ႔ကိုအံ့ဩေစ႐ုံမွအပ တုန္လႈပ္စရာမွမဟုတ္ခဲ့ဘဲ။

မႈိင္းကမပိုင္လွ်င္ ျခင္ေတာင္မ႐ိုက္ပါ။ ဒီလို စစ္ေဆးမႈေတြအတြက္ကို အၿပဳံးမပ်က္ဘဲ တည္တည္ၿငိမ္ၿငိမ္ပင္ ဆိုခဲ့သည္။

"အန္တီမြန္နဲ႔တာရာက သိပ္ေဆြမ်ိဳးစပ္တာမ်ိဳးမဟုတ္ပါဘူး အဲ့ဒီတုန္းကသူတို႔လည္းကေလးကမိဘမဲ့ေဂဟာေရာက္ေနတာကို မသိခဲ့ဘူး သိသိခ်င္းေခၚေမြးခ်င္တဲ့အေၾကာင္း ကြၽန္ေတာ့္ဆီခြင့္ေတာင္းတယ္ ဒါေပမဲ့တကယ္တမ္း သူ႔ဘဝအတြက္တာဝန္ရွိတာက ကြၽန္ေတာ္ပဲေလ ဒါေၾကာင့္ ကြၽန္ေတာ္ပဲေမြးစားၿပီး အိမ္ေပၚေခၚတင္ထားခဲ့တယ္ ဒါကဦးေလးေမးတဲ့ တာရာႏွင္းျမဴရဲ႕အေၾကာင္းအကုန္ပဲ ဒါနဲ႔ ဦးေလးကေရာ ဘာကိစၥဒါေတြကိုေမးလာရသလဲ အေၾကာင္းကိစၥရွိလို႔လားဗ်"

ကိုယ့္အေနအထားကအသာစီးကျဖစ္ေနသည္မို႔ မႈိင္းဦးေလးျဖစ္သူကို ခပ္ရဲရဲပင္ ေမးခြန္းျပန္ထုတ္လိုက္သည္။

ဦးေလးဗို႔စ္၏အၾကည့္က ေဒးဗစ္ထံတစ္ခ်က္ေရာက္သြားၿပီးမွ

"အင္း.. သံသယဝင္စရာအခ်ိဳ႕ေတြ႕မိလို႔ပါ"

"ဘာကိုလဲဗ် ကြၽန္ေတာ္သိပ္နားမလည္ဘူး"

"ဘာျဖစ္လို႔လဲဆိုေတာ့ ဒီကေလးမေလးကို တိမ္အိမ္ေတာ္ကေပ်ာက္ဆုံးေနတဲ့ကေလးမလို႔ ငါေတြးထင္မိတယ္ ဒါေၾကာင့္ အစ္ကိုႀကီးကို ေသခ်ာစစ္ေဆးဖို႔ေတာင္းဆိုလိုက္တာပဲ"

ထိုစကားကို ေဒးဗစ္ကပဲ ဝင္ေျပာလိုက္သည္။ ဒီလိုေမးလာကတည္းက ဒီအတြက္ေၾကာင့္ဆိုတာႀကိဳရိပ္မိေနသည့္မႈိင္းစိတ္လႈပ္ရွားျခင္းမရွိဘဲ ခပ္ေထ့ေထ့ၿပဳံးလိုက္ကာ

"ဘယ္လိုယုံၾကည္ခ်က္ေၾကာင့္ ဒီစကားကိုေျပာရဲရသလဲ အန္ကယ္လ္ေဒးဗစ္"

"အသိသာႀကီးပဲမဟုတ္လား တာရာႏွင္းျမဴဆိုတဲ့ေကာင္မေလးအသက္က တိမ္အိမ္ေတာ္ကေပ်ာက္ဆုံးေနတဲ့ကေလးမနဲ႔ မတိမ္းမယိမ္းပဲ ၿပီးေတာ့ ဒီလိုကေလးမတစ္ေယာက္က မင္းနဲ႔အတူရွိေနတာက အံ့ဩစရာေကာင္းတဲ့ဆန္းၾကယ္မႈႀကီးပဲေလ"

"အဟြန္း..."

မႈိင္းက ႏႈတ္ခမ္းကိုေကြးၫႊတ္ၿပီး ရယ္ခ်လိုက္၏။ သူ႔ရယ္သံတို႔ကေလွာင္ရိပ္ေတြစြန္းေနသျဖင့္ ေဒးဗစ္မ်က္ေမွာင္က်ဳံ႕သြားသည္။ မႈိင္း ေဒးဗစ္ကို ခႏိုးခနဲ႔ဆန္လွသည့္မ်က္ဝန္းေတြႏွင့္ စိုက္ၾကည့္လိုက္ၿပီး

"ပထမအခ်က္.. တာရာဘာေၾကာင့္ ကြၽန္ေတာ့္အိမ္မွာရွိေနရသလဲဆိုတာကိုရွင္းျပၿပီးၿပီမို႔ ထပ္ရွင္းစရာမလိုေတာ့ဘူးထင္တယ္ ေနာက္တစ္ခ်က္က တိမ္အိမ္ေတာ္ျပာက်တုန္းက ဘယ္သူမွအသက္ရွင္မေနခဲ့ဘူး ဒါေၾကာင့္ အသက္မတိမ္းမယိမ္းျဖစ္ေနတာနဲ႔ပဲ ေလွ်ာက္ထင္စရာလား ခင္ဗ်ားအထင္က ကြၽန္ေတာ့္ကိုဆြဲခ်ခ်င္တာနဲ႔ပဲ ႀကံမိႀကံရာႀကံလိုက္တဲ့ အႀကံအစည္သက္သက္ထက္မပိုဘူး အန္ကယ္ေဒးဗစ္"

"ဘာ...."

"ေနာက္ဆုံးအခ်က္ေျပာခ်င္တာက ဦးေလးကေရာ ဒါကိုယုံၿပီးကြၽန္ေတာ့္ကိုစစ္ေမးေနသလား"

ဦးေလးဗို႔စ္ဘက္လွည့္ၿပီး မႈိင္းမေက်မနပ္ဆိုလိုက္ေတာ့ ခုနတင္းမာေနသည့္ဦးေလးမ်က္ႏွာကအနည္းငယ္ေပ်ာ့က်သြားရင္း

"မဟုတ္ပါဘူး.. ဒါေပမဲ့ ေဒးဗစ္ေထာက္ျပတဲ့အခ်က္ေတြကလည္း စဥ္းစားစရာျဖစ္ေနတဲ့အတြက္..."

"ဘာကိုစဥ္းစားစရာရွိရမွာလဲဗ်ာ ကြၽန္ေတာ္က ရန္သူအိမ္ကကေလးကို ေခၚေမြးထားစရာအေၾကာင္းကိုမရွိဘူး"

"ဟုတ္ပါတယ္ မႈိင္း ဦးေလးမွားသြားတာပါ မင္းကိုဒီလိုသံသယမဝင္သင့္ဘူး"

ေဒါသထြက္ေနသည့္သူ႔ကိုၾကည့္ၿပီး ဦးေလးကေလသံေပ်ာ့ေပ်ာ့ႏွင့္ေတာင္းပန္လာသည္။ ၿပီးေနာက္..

"တိမ္အိမ္ေတာ္က ကေလးကတကယ္ေသသြားလားဆိုတာကို လက္ဆုပ္လက္ကိုင္ျပစရာ သက္ေသမွမရွိခဲ့တာပဲ ၿပီးေတာ့မင္းမွာလည္း သူ႔အ႐ြယ္ကေလးတစ္ေယာက္ေရာက္ေနေတာ့ ဦးေလးခဏအေတြးတိမ္သြားမိတယ္"

တိမ္အိမ္ေတာ္ကိုဖ်က္ဆီးခဲ့စဥ္က အိမ္ေတာ္ကမည္သည့္ကေလးငယ္ကိုမွမေတြ႕ခဲ့ဟု မႈိင္း လိမ္ညာခဲ့သည္။ သို႔ေသာ္ အိမ္ေတာ္ကိုမီး႐ိူ႔ျပာခ်ခဲ့သျဖင့္ ဘယ္သူမွလည္းအသက္မရွင္ႏိုင္ခဲ့ရာ၊ ကေလးသည္လည္းမီးထဲပါသြားခဲ့သည္ဟု အခိုင္အမာေျပာခဲ့ပါသည္။

"ကြၽန္ေတာ္ေျပာခဲ့ၿပီးၿပီေလ.. တိမ္အိမ္ေတာ္က တစ္ဝန္းလုံးျပာက်သြားခဲ့တာ.. လူမေျပာနဲ႔ ေခြးေတာင္အသက္ရွင္မက်န္ခဲ့ဘူး"

"ဒါေပမဲ့ တာရာႏွင္းျမဴနဲ႔မင္းၾကားဆက္ဆံေရးက ထူးျခားတယ္လို႔မထင္ဘူးလား သူ႔မိဘေတြေသဆုံးမႈက မင္းတာဝန္မကင္းဘူးဆိုေပမဲ့ မင္းသူ႔အေပၚတာဝန္ယူမႈေတြက ပိုလြန္းေနသလိုပဲ ဒု-သခင္ေလးမႈိင္းက ဘယ္တုန္းက ကေလးတစ္ေယာက္ကိုခ်စ္တတ္သြားခဲ့သလဲ"

ေဒးဗစ္ကသူ႔ကိုဝင္ခနဲ႔သည္။ မႈိင္း ေဒးဗစ္ကို ခပ္႐ိုင္း႐ိုင္းပင္ စူးခနဲ႔ၾကည့္လိုက္ၿပီးေနာက္ ႏႈတ္ခမ္းကိုမဲ့ခ်ပစ္ကာ

"အန္ကယ္လ္က ဘာမို႔လို႔ ကြၽန္ေတာ့္ကိုဒီလိုေမးခြန္းေတြလာထုတ္ရသလဲ"

"ဘာ...."

"ကြၽန္ေတာ့္ကိုယ္ေရးကိုယ္တာကိစၥကို ခင္ဗ်ားကိုဘာကိစၥေၾကာင့္ေျပာျပရမွာလဲ.. ၿပီးေတာ့ ကြၽန္ေတာ္ေမးပါရေစဦး ခင္ဗ်ားကြၽန္ေတာ့္ကိစၥေတြကို လိုက္စုံစမ္းေနသလာ"

"ဒါက..."

ေဒးဗစ္မ်က္ႏွာပ်က္သြားသည္။ မႈိင္းမ်က္ဝန္းေတြက ေအးစက္တင္းမာသြားရင္း

"Gray-ဂိုဏ္းမွာ ကြၽန္ေတာ္ကလြပ္လပ္သူပဲ ဘယ္သူကမွ ကြၽန္ေတာ့္အေၾကာင္းကိုဒီလိုစုံစမ္းပိုင္ခြင့္မရွိဘူး ဒါကစည္းမ်ဥ္းစမ္းကမ္း ခ်ိဳးေဖာက္တာပဲ ဦးေလးဗို႔စ္ ဒါကိုဘယ္လိုစီစဥ္ေပးမွာလဲ"

မႈိင္းစကားေၾကာင့္ ဦးေလးဗို႔စ္က စဥ္းစားေတြေဝသြားသည္။ ေဒးဗစ္က သူမႈိင္းကိုေခ်ာက္ခ်ဖို႔လုပ္ရင္းမွ ျမႇားဦးကသူ႔ထံလွည့္လာႏိုင္သျဖင့္ ကပ်ာကယာဝင္ဆိုလိုက္သည္။

"Gray-ဂိုဏ္းကိုထိခိုက္ႏွစ္နာေစမယ္လို႔ယူဆရရင္ေတာ့ လြပ္လပ္သူလည္းစုံစမ္းသင့္စုံစမ္းရမွာပဲ"

"ဟုတ္လား.. ေလာေလာဆယ္ ဂိုဏ္းကိုနစ္နာေအာင္လုပ္ေနတာ ခင္ဗ်ားပဲမဟုတ္လား ေ႐ႊေခ်ာင္းေတြကို ေဖ်ာက္ထားခဲ့တယ္ေလ"

"ဘာကြ..."

"ဒီကိစၥအေဖာ္ခံရလို႔ မေက်နပ္တာနဲ႔ပဲ ခင္ဗ်ားကကြၽန္ေတာ့္ကိုဆြဲခ်ဖို႔လုပ္ေနတယ္ အဟြန္း.. ဝမ္းနည္းစရာပဲ ကြၽန္ေတာ္က ခင္ဗ်ားလိုသူခိုးမဟုတ္ဘူး အန္ကယ္လ္ေဒးဗစ္. ခင္ဗ်ားသာ အသိစိတ္ဝင္ၿပီး ဂိုဏ္းအေပၚမ႐ိုးေျဖာင့္တာမ်ိဳး မလုပ္သင့္ေတာ့ဘူး"

"မင္း..."

မႈိင္းစကားေတြက ေဒးဗစ္ကိုအထိနာသြားေစသျဖင့္ ေဒးဗစ္ေရွ႕ကိုေဒါသတႀကီးလွမ္းလာရန္ ျပင္လိုက္စဥ္

"ရပ္လိုက္စမ္း ေဒးဗစ္.."

"သူကြၽန္ေတာ့္ကို ေစာ္ကားေနတယ္ အစ္ကိုႀကီး"

"မင္းပါးစပ္ပိတ္ထား"

ဦးေလးဗို႔စ္၏တင္းမာလ်က္ရွိေသာအၾကည့္စူးစူးက ေဒးဗစ္ထံေရာက္သြားၿပီး 

"မင္းတစ္ခ်ိန္လုံး မႈိင္းကိုျပသာနာရွာလို႔ၿပီးေတာ့မွာလား"

"အစ္ကိုႀကီး"

"မႈိင္းအေၾကာင္းလိုက္စုံစမ္းေနမဲ့အစား မင္းအလုပ္ကိုသာ မင္းတာဝန္ေက်ေအာင္လုပ္သင့္တယ္ေဒးဗစ္ ဒီလိုလုပ္တာကဂိုဏ္းစည္းကမ္းကိုခ်ိဳးေဖာက္ေနသလို မႈိင္းရဲ႕အထူးအခြင့္အေရးခံစားခြင့္ကိုလည္း ထိပါးေႏွာင့္ယွက္ေနတယ္.. ေနာက္တစ္ခါဆို မင္းကိုငါရာထူးခ်မယ္"

သခင္ႀကီးဗို႔စ္၏ျပင္းထန္ေသာသတိေပးစကားေၾကာင့္ ေဒးဗစ္မ်က္ႏွာမည္းေမွာင္ကာ ၿငိမ္က်သြား၏။ ဒီတစ္ခါအေပၚစည္းကေန ခပ္ေထ့ေထ့ၿပဳံးေနသူက မႈိင္း။

"ဒီကိစၥက မင္းဘက္ကမွားတဲ့အတြက္ မႈိင္းကို ျပန္ေတာင္းပန္စမ္း ေဒးဗစ္"

"............"

ေဒးဗစ္က အံကိုႀကိတ္ၿပီး သူ႔ကိုအမုန္းေတြျပည့္ေနေသာမ်က္လုံးေတြႏွင့္ၾကည့္လာသည္။ ၿပီးေနာက္ဘာစကားမွမဆိုဘဲ ေဒါသတႀကီး တက္ေခါက္ၿပီး ထြက္သြား​ေတာ့..

"ေဒးဗစ္"

"ထားလိုက္ပါဦးေလး.. အန္ကယ္လ္ေဒးဗစ္က ဘယ္တုန္းကမ်ား ယဥ္ေက်းမႈရွိလို႔လဲ"

သခင္ႀကီးဗို႔စ္ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ

"ေဒးဗစ္ကိုယ္စား မင္းကိုဦးေလးကပဲ ထပ္ေတာင္းပန္တယ္ မႈိင္း"

"ရပါတယ္.. ကြၽန္ေတာ္စိတ္ထဲမထားပါဘူး"

မႈိင္းသက္ေသာင့္သက္သာပင္ဆိုလိုက္သည္။ သူတို႔တာရာ့ကိစၥကို ဆက္မေျပာျဖစ္ေတာ့ဘဲ ထိုမွ်ႏွင့္ၿပီးသြားသည္။ ဦးေလးဗို႔စ္က အင္မတန္အေလးအနက္ရွိသည့္အမူအရာႏွင့္ စကားလမ္းေၾကာင္းေျပာင္းလိုက္၏။

"တကယ္ေတာ့ ဦးေလးဒီကိုအေလာတႀကီး ျပန္လာတာက အေရးႀကီးကိစၥတစ္ခုေၾကာင့္ပဲ မႈိင္း.. ထိုင္းနယ္စပ္ဘက္မွ တိမ္အိမ္ေတာ္ဂိုဏ္းေတြရဲ႕ လႈပ္ရွားမႈအရိပ္အေယာင္ေတြ ေတြ႕ေနရတယ္ဆိုတဲ့သတင္းရတယ္"

"ဗ်ာ.."

ဦးေလးစကားက မႈိင္းကိုအေတာ္အံ့ဩသင့္သြားေစသည္။ ဦးေလးကေခါင္းတညိတ္ညိတ္လုပ္ေနရင္း

"ဟုတ္တယ္.. မေသခ်ာေသးေပမဲ့ ျဖစ္ႏိုင္ေျခမ်ားတယ္ ဒီကိစၥကိုအျမန္စုံစမ္းမွျဖစ္မယ္"

"တိမ္အိမ္ေတာ္ဂိုဏ္း.. ဒါကဘယ္လိုျဖစ္ႏိုင္မွာလဲ ဂိုဏ္းတစ္ခုလုံးနလန္မထူႏိုင္ေအာင္ ကြၽန္ေတာ္တို႔ အျမစ္ကေနလွန္ၿပီးေတာင္ ၿဖိဳခ်ခဲ့ၿပီးၿပီပဲ"

မႈိင္းမယုံၾကည္ႏိုင္စြာဆိုလိုက္သည္။ သခင္ႀကီးဗို႔စ္ကလည္း စိတ္႐ူပ္ေထြးေနဟန္ျဖင့္

"အင္း.. ဦေလးလည္း ဒါကိုေသခ်ာကိုင္တြယ္လို႔ရေအာင္အျမန္ျပန္လာခဲ့တာပဲ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကေကာင္းတဲ့သတင္းမဟုတ္ဘူး မႈိင္း တိမ္အိမ္ေတာ္သာတကယ္ျပန္လႈပ္ရွားလာရင္ ငါတို႔သတိထားရမယ္"

"ကြၽန္ေတာ္ကေတာ့ မျဖစ္ႏိုင္ဘူးထင္တာပဲ.. ျဖစ္ခဲ့ရင္ေတာင္မွ စိုးရိမ္စရာမရွိပါဘူး တိမ္အိမ္ေတာ္က.. မီးခိုးေရာင္အိမ္ေတာ္ကို ပုခုံးခ်င္းယွဥ္ႏိုင္တဲ့အေနအထားေရာက္ဖို႔ ေတာ္ေတာ္ခက္ခဲေနၿပီ"

"ရန္သူက ဘယ္ေလာက္ေသးငယ္ပါေစ အထင္ေသးလို႔မရဘူးမႈိင္း အမႈိက္ေသးေသးေလးကအစ ငါတို႔ဂ႐ုစိုက္ရမယ္ ၿပီးေတာ့ တိမ္အိမ္ေတာ္မွာnetworkေတြအမ်ားႀကီးရွိတယ္ သူတို႔သာတကယ္ျပန္လာခဲ့ရင္ ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုၾကမွာက ငါတို႔ရန္သူဂိုဏ္းေတြပဲ ဒါေၾကာင့္ ေပါ့ေပါ့ေသးေသးသေဘာမထားနဲ႔ ေသခ်ာစုံစမ္းပါ"

"ဟုတ္ကဲ့ပါဦးေလး ကြၽန္ေတာ္ဒါကိုအျမန္ဆုံးစုံစမ္းလိုက္ပါမယ္"

တိမ္အိမ္ေတာ္ႏွင့္ပတ္သက္ၿပီး ဦးေလးဗို႔စ္ႏွင့္ အနည္းငယ္စကားစျမည္းေျပာၿပီးေနာက္ မႈိင္း သူ႔အိပ္ခန္းရွိရာျပန္လာခဲ့သည္။

စိတ္ေတြအနည္းငယ္႐ူပ္ေထြးေနသျဖင့္ စီးကရက္တစ္လိပ္ထုတ္ကာ ဖြာလိုက္သည္။ ၿပီးေနာက္ မွန္ခ်ပ္ေတြကာထားသည့္နံရံေရွ႕၌ရပ္ေနၿပီး အျပင္ဘက္ကို စူးစိုက္ေငးၾကည့္ေနသည္။

သူ႔အိပ္ခန္းကေန ျမင္ေနရသည့္ မီးခိုးေရာင္အိမ္ေတာ္၏႐ူျမင္ကြင္းတို႔က သိပ္လွပါသည္။ ေတာေတာင္အတုေတြကို တကယ့္အစစ္အမွန္ကဲ့သို႔ ခမ္းခမ္းနားနားပုံေဖာ္ထားသည့္ အိမ္ေတာ္ဥယ်ာဥ္၏အလွအပေတြက တကယ္ကိုစိတ္ႏွစ္လိုဖြယ္ရာအတိႏွင့္။

တစ္ဖက္ျခမ္းကိုေမွ်ာ္ၾကည့္ျပန္ေတာ့လည္း ႀကီးမားလွေသာ ျပာလဲ့လဲ့ေရကူးကန္က်ယ္ႀကီးက ေငးေမာခ်င္စရာပင္..။ ထို႔ေၾကာင့္ သူကဤေနရာတြင္ ရပ္ၿပီး စီးကရက္ဖြာ႐ိူက္ရသည္ကို သေဘာအက်ဆုံးျဖစ္သည္။

သို႔ေသာ္ ဒီတစ္ခါတြင္ေတာ့ သူ႔မ်က္ဝန္းထဲတြင္ ဥယ်ာဥ္ႀကီးရွိမေနသလို၊ ေရကူးကန္လည္းရွိမေနခဲ့ပါ။ သူ႔ျမင္ကြင္းေတြထဲ ပိတ္ဆို႔ေနခဲ့သည္က ေပ်ာ့ဆင္းေနေသာ ဆံႏြယ္ေတြၾကားမွ ခ်စ္စဖြယ္အျပစ္ကင္းစင္ေနသည့္ မ်က္ႏွာေလးတစ္ခု...။

"တာရာတို႔လက္ထပ္ၾကမယ္ေနာ္ မႈိင္း"

"မႈိင္းရဲ႕ မီးခိုးေရာင္ သတို႔သမီးက တာရာႏွင္းျမဴေလးပါရွင္"

"မနက္ခင္းမွာ အနာဂတ္ဇနီးေလာင္းလ်ာေလးရဲ႕ ႏွဖူးေတာ္ကို အနမ္းေလးမေႁခြခ်င္ဘူးလား လက္ထပ္ၿပီးတဲ့အခါ နမ္းရမွာခ်င္းအတူ အခုတကည္းက trainingဆင္းလိုက္ပါလားလို႔စ္.. တာရာအနစ္နာခံပါ့မယ္ေနာ္"

တစ္ဖက္လူအသည္းယားခ်င္လာေအာင္ တီတီတာတာေလးေတြေျပာတတ္လြန္းပါေသာ ႏႈတ္ခမ္းေသးေသးေလးကို ျမင္ေယာင္ရင္း သူအလိုလိုၿပဳံးမိပါသည္။

ဘယ္ေလာက္ပဲတြန္းထုတ္ခဲ့ပါေစ။ ဒီေသြးေအးလြန္းလွသည့္ႏွလုံးသားကို ေႏွာင္ႀကိဳးေတြ ရစ္ခ်ည္ပစ္ႏိုင္ခဲ့သည့္ သူမ၏အျပစ္ကင္းစင္မႈေတြက တကယ္ကိုျမတ္ႏိုးစရာ။ သိပ္အလွႀကီးမဟုတ္သည့္တိုင္ ႐ႊန္းလက္ေနသည့္မ်က္ဝန္း႐ြဲေတြႏွင့္ ပလီပလာတီတီတာတာေတြေျပာတတ္လြန္းသည့္ ႏႈတ္ခမ္းေလးက ဘယ္အခ်ိန္ကတည္းကမ်ား ရင္ထဲထိ တိုးဝင္ႏိုင္ခဲ့သည္လဲ...။

လက္ေသးေသးေလးေတြႏွင့္သိုင္းဖက္လာတိုင္း  မာနေတြကယိုင္နဲ႔ခဲ့သည္။ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြႏွင့္ ေမာ့ၾကည့္ၿပီး ခြၽဲႏြဲ႕လာတိုင္းလည္း ခံစားခ်က္မဲ့လွသည့္ႏွလုံးသားက လႈပ္ႏိုးခဲ့ရ၏။ ေသြးေအးလြန္းလွသည့္ သူ႔ခံစားခ်က္ေတြကို အရည္ေဖ်ာ္ပစ္သည္က စကားတတ္လြန္းလွသည့္ ႏႈတ္ခမ္းေလး...။

ဟုတ္သည္... ဘယ္တုန္းကတြယ္ၿငိခဲ့မွန္းပင္ သူ႔ကိုသူမသိခဲ့ပါ။ ဘယ္အခ်ိန္ကမ်ား ခ်ည္မိမွန္း သူတကယ္ကို သတိမထားမိခဲ့ေပ။ သူသိလိုက္မိသည့္အခ်ိန္က တာရာႏွင္းျမဴက ရင္ဘတ္ထဲ စူးစူးနင့္နင့္ေရာက္သြားခဲ့ေလၿပီ။

ျမတ္ႏိုးခ်င္စရာေကာင္းသည့္ေကာင္မေလးကို မျမတ္ႏိုးဘဲ သူမေနႏိုင္ေတာ့ပါေလ။ သူ၏မာနႏွင့္ေသြးေအးမႈေတြက တာရာ၏ခ်စ္စဖြယ္အျပဳအမူေအာက္မွာ ေတာင့္မခံႏိုင္ေတာ့ဘူး ထင္ပါရဲ႕...။

ဝန္ခံပါသည္..။ ဒီကေလးမေသးေသးေလးဟာ မီးခိုးဂိုဏ္းကိုဆက္ခံမည့္ ဒု-သခင္ေလး၊ ရက္စက္ေသြးေအးရာ၌နာမည္ႀကီးလွပါေသာ မႈိင္းဆိုသည့္လူသား၏ပထမဆုံး ရင္ခုန္သံျဖစ္ခဲ့ရသည္ဆိုတာ....။

သို႔ေသာ္ ဝင္လာသည့္အေတြးေၾကာင့္ သူက ေလပူတစ္ခ်က္ကိုမႈတ္ထုတ္လိုက္သည္။ ေလပူႏွင့္အတူ စီးကရက္၏မီးခိုးေငြ႕ေတြက ဝဲလြင့္သြားရင္း ေရွ႕ကမွန္နံရံ၌ကပ္ၿငိသြားေတာ့၏။

တိမ္အိမ္ေတာ္ႏွင့္ပတ္သက္သည့္အတိတ္ေတြကို ျပည္ဖုံးကားခ်ခဲ့သည့္တိုင္ သူမဟာ တိမ္အိမ္ေတာ္၏မ်ိဳးဆက္ေသြးဆိုသည့္အမွန္တရားက ဖုံးကြယ္ထားလို႔မွမရသည္ပဲ။

အကယ္၍မ်ား တစ္ခ်ိန္ခ်ိန္က်ရင္ သူမဟာ သူမဘဝႏွင့္သက္ဆိုင္သည့္အမွန္တရားကို ရွာေတြ႕ခဲ့ရင္....

စီးကရက္ကိုခပ္ျပင္းျပင္း ႐ိူက္ထုတ္ပစ္ရင္းႏွင့္ မႈိင္း သက္ေမာေတြခ်မိျပန္၏။ ဘယ္တုန္းကမ်ား သူဟာဒီလိုေမာလ်ဖူးလို႔လဲ။

"ေတာင္းပန္ပါတယ္တာရာ မင္းနဲ႔ငါက ဘယ္လိုမွမျဖစ္ႏိုင္ဘူး"

သက္ျပင္းခါးခါးႏွင့္အတူ ရင္ဘတ္ဟာ ဘာမွန္းမသိေသာမြန္းက်ပ္မႈေတြႏွင့္ ျပည့္ႏွက္ေနလ်က္....။

ဆက္ရန္
ဆူးခတ္ပန္း

Continue Reading

You'll Also Like

102K 4.2K 27
"..မုန်းလို့ပေါ့ကွာ....မင်းရဲ့ပုံစံကိုမုန်းတာ.. မင်းရဲ့ ဖြစ်တည်မှုကို မုန်းတာ.. မင်းမို့လို့ ..မုန်းတာကွာ ရှင်းပလား..." ခေါင်းငုံ့ လမ်းလျှောက်နေတာ တွ...
198K 4.3K 28
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီး‌တော့မှ ကျေနပ်မှာလားဟ...
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.2K 114 3
လူမဟုတ် နတ်မဟုတ် ဘီလူးတစ်ကောင် ပြန်လာပြီ မယ်သီတာ ဘယ်ကိုပြေး ပန်းကလေးတစ်ပွင့် ကြွေရမည်🌹 (၁၂နှစ်တာလောက် မရဏတွင်း၀ဖြစ်တဲ့ သုန္နကမြို့ကနေ ရင်နင့်စရာအဖြ...