ကလေးမလေးကဘာမှပြန်မပြောဘဲသူမကိုကြည့်နေတယ်။
'စောစောကသမီးအန်တီ့ကိုမေမေလို့ခေါ်လိုက်တယ်မဟုတ်လား?အန်တီကသမီးရဲ့မေမေနဲ့တူနေလို့လား?'
ကလေးမလေးကတော့တိတ်နေတုန်းဘဲ။
အဖွားအိုလဲမော့လင်ရှီးကိုမျှော်လင့်တကြီးနဲ့ကြည့်နေလိုက်တယ်။
'သမီးအန်တီ့ကိုချစ်လား?သမီးထပ်ခေါ်ပြမယ်ဆိုရင် သမီးဆီကိုအန်တီခဏခဏလာလည်မယ်လေ ဟုတ်ပြီလား?' သူမရဲ့ကြိုးစားအားထုတ်မှုကအရာထင်မယ့်ပုံမပေါ်ဘူးဆိုပေမယ့်လဲသူမဆက်ကြိုးစားနေမိတယ်။ဒါပေမယ့်ကလေးမလေးရဲ့မျက်ရည်တွေပြည့်နေတဲ့မျက်လုံးလေးတွေကပုတ်ခတ်ပုတ်ခတ်လုပ်လာလိမ့်မယ်လို့မထင်ဘူး။
သူမလဲကလေးမလေးကိုဘယ်လိုချော့မော့ပြီးပြောခိုင်းရမလဲဆိုတာကိုမသိတော့တဲ့အချိန်မှာ သူမအနောက်မှာတိတ်တိတ်လေးရပ်နေတဲ့ကျိနမ်ဖုန်ကကလေးမလေးနဲ့သူမကိုလူချင်းခွဲလိုက်ပြီးသူမကိုသူ့ရင်ခွင်ထဲမှာဖက်ထားလိုက်တယ်။
'ရှင်ဘာလုပ်တာလဲ?' သူဘာလို့ဒီလိုလုပ်လိုက်တာလဲဆိုတာကိုမသိတော့သူမလှည့်ပြီးမေးလိုက်တယ်။ဒီလူက....ဘာလဲဟ...
ကလေးမလေးကလဲငိုတော့မယ်ပုံစံနဲ့မော့လင်ရှီးရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။ကျိနမ်ဖုန်လဲသိပြီလားဆိုတဲ့အကြည့်နဲ့သူမကိုကြည့်လိုက်ပြီး ကလေးမလေးနဲ့မျက်နှာချင်းဆိုင်လို့ရအောင်ထိုင်ချလိုက်တယ်။
'ဒီအန်တီကအန်ကယ့်အပိုင်ဘဲ' ကလေးကိုချော့မယ်လို့ သူမထင်ထားခဲ့တာနဲ့တခြားစီဖြစ်သွားတယ်။
*ရှင်ဘဲအန်ကယ်...ကျွန်မကအမဘဲ*
ကျိနမ်ဖုန်ပြောတာကိုကြားတော့ ကလေးမလေးကငြိမ်နေပြီးသူမရဲ့အရည်လဲ့နေတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုစိုက်ကြည့်နေတယ်။ပြီးတော့မျက်ခုံးတွေကိုတွန့်ကွေးထားကာ သူပြောလိုက်တဲ့စကားရဲ့အဓိပ္ပါယ်ကိုစဉ်းစားနေတဲ့ပုံဘဲ။
မော့လင်ရှီးစကားပြောဖို့လုပ်လိုက်တဲ့အချိန်မှာကျိနမ်ဖုန်ကဆက်ပြောလိုက်တယ်: 'သမီးဒီအန်တီကိုချစ်လား?ချစ်ရင်သမီးစကားပြောရမယ်။မပြောရင်အန်ကယ်ကသူ့ကိုခေါ်သွားတော့မှာ'
သူပြောလိုက်တာအောင်မြင်သွားတယ်ထင်တယ် နောက်ဆုံးတော့ကလေးမလေးကတစ်ခုခုပြောမလို့ပါးစပ်ဟလိုက်ပေမယ့်အသံမထွက်ရဲလို့ထင်တယ် ပါးစပ်ကိုပြန်ပိတ်သွားပြန်တယ်။
'သမီးစကားမပြောရင်အန်ကယ်တို့သွားတော့မယ်။အန်တီကစကားမပြောတဲ့ကလေးတွေကိုဆိုရင်မချစ်ဘူး' ကျိနမ်ဖုန်ပြောပြီးတာနဲ့ထွက်သွားတော့မလို့လုပ်လိုက်တယ်။
'အန်တီမဟုတ်ဘူး....မေမေ....မေမေ...' ကလေးမလေးရဲ့အသံကချစ်စရာကောင်းနေတယ်။
အနောက်မှာနားထောင်နေတဲ့အဖွားအိုကလဲမျက်ရည်တွေလည်လာပြီး: 'ဖေးဖေး....ဖေးဖေး...အဖွားလို့ခေါ်ကြည့်ပါဦး'
ကလေးမလေးလဲအဖွားအိုကိုအကြာကြီးစိုက်ကြည့်နေပြီးတော့မှ: 'အ...အဖွား.....'
'အင်း အင်း အဖွားကဒီမှာ' အဖွားအိုလဲရှိုက်ငိုနေလိုက်တယ်။ဖြတ်သွားဖြတ်လာလူတွေလဲဒီမြင်ကွင်းကိုကြည့်ပြီးမျက်ရည်တွေလည်လာကြတယ်။
မော့လင်ရှီးလဲစိတ်မကောင်းဖြစ်သွားပြီးမျက်ရည်တွေကျလာကာ ကလေးမလေးကိုဖက်ထားလိုက်တယ်။သူမကိုဘာလို့အမေလို့ခေါ်နေမှန်းမသိပေမယ့် သူမကကလေးမလေးရဲ့အမေနဲ့တူနေလို့ဖြစ်မှာပါဆိုပြီးယူဆလိုက်ပြီးဆက်မတွေးတော့ဘူး။
'ကျေးဇူးတင်ပါတယ်။သမီးတို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်။သူ့ဆီကနေအဖွားဆိုပြီးခေါ်တဲ့အသံကိုမကြားရတာကြာနေပြီ။အဖွားနောက်ဆုံးအချိန်ထိဒီစကားကိုမကြားရတော့ဘူးလို့ထင်နေခဲ့တာ။ဒီလ်ိုထပ်ကြားရလိမ့်မယ်လို့မထင်ထားခဲ့ဘူး......' အဖွားအိုလဲမော့လင်ရှီးတို့လင်မယားကိုကြည့်ပြီးကျေးဇူးတင်စကားပြောနေလိုက်တယ်။
မကြာသေးတဲ့အချိန်တစ်ခုတုန်းကလဲ သူမရဲ့တစ်ဦးတည်းသောသားနဲ့ချွေးမလေးကဒီလိုမျိုးဘဲဘေးချင်းယှဉ်ပြီးရပ်ခဲ့ဖူးတာ.....
အဖိုးအိုလဲတစ်ခြားအကြောင်းတွေကိုတွေးမိသွားတော့အပြုံးတွေကလဲပြန်ပျောက်ကွယ်သွားတယ်။
အဖွားအိုရဲ့ပြောင်းလဲမှုကိုမော့လင်ရှီးသတိထားမိလိုက်တယ်။သူမလဲသေသေချာချာစဉ်းစားကြည့်ပြီးတော့မှ နောက်ဆုံးထုတ်မေးလိုက်တယ်: 'ဘာဖြစ်လို့လဲအဖွား?'
အဖွားအိုလဲစဉ်းစားလိုက်ပြီးမှခေါင်းခါပြလိုက်ပြီး: 'ဘာမှမဖြစ်ပါဘူး'
အဖွားအိုမှာစိုးရိမ်ပူပန်စရာတစ်ခုခုရှိနေတယ်ဆိုတာကိုမော့လင်ရှီးသိတယ်။ဒါပေမယ့်လဲအပြင်လူတစ်ယောက်အနေနဲ့ဘောင်ကျော်ပြီးတော့စိုးရိမ်ပူပန်ကြောင်းကိုထုတ်မပြောသင့်ဘူးဆိုတာသူမသိတယ်။
'မော့လင်ရှီး?မော့လင်ရှီးရှိလား?'
'မင်းအလှည့်ရောက်ပြီ...သွားရအောင်' ကျိနမ်ဖုန်ပြောလိုက်တယ်။
မော့လင်ရှီးလဲတုံ့ဆိုင်းနေပြီးမှ ဒူးထောက်ထိုင်ချလိုက်ပြီး ဖေးဖေးရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်ကာ: 'အန်တီလဲဆရာဝန်နဲ့သွားပြရမှာ။သမီးလဲစောစောကပြေးထွက်လာတာဆိုတော့ဆရာဝန်နဲ့မတွေ့ရသေးဘူးဟုတ်။အန်တီ့ကိုအဖော်လိုက်ပေးမလား?'
သူမကိုယ်သူမမေမေလို့တော့မပြောလိုက်ဘူး။သူမလဲကျင့်သားမရသေးလို့။သူမရဲ့အမြင်မှာတော့ဖေးဖေးကအခေါ်အဝေါ်တွေကိုခွဲခြားနိုင်ဖို့ငယ်သေးတယ်လို့ထင်တယ်။
အဖွားအိုရဲ့စကားအရဆိုရင်ဖေးဖေးကဆရာဝန်နဲ့မတွေ့ရသေးခင်မှာပြေးထွက်လာတာဆိုတော့ဆိုတော့ဆရာဝန်နဲ့ပြရသေးမှာမဟုတ်ဘူး။သူမလဲဒီကလေးမလေးကိုဘာလို့ချစ်နေမိမှန်းမသိဘူး။ကြည့်ရတာရေစက်ပါလို့နဲ့တူတယ်။
ကျိနမ်ဖုန်ကတော့ဒီကလေးမလေးဆီမှာအရင်ဘဝတုန်းကမော့လင်ရှီးရဲ့ပုံရိပ်တွေကိုမြင်နေရတယ်။ကလေးမလေးကသူ့ကိုယ်သူပိတ်လှောင်ထားနေတာ။
'အဖွားတို့ကဘိုကင်တင်ထားတဲ့အချိန်ကျော်သွားပြီဆိုတော့ ဒေါက်တာကျန်းကလက်မခံတော့မှာကိုကြောက်တယ်.....' အဖွားအိုလဲသက်ပြင်းချလိုက်တယ်။
'ဘိုကင်တင်ထားတဲ့အချိန်ပေါ့လေ?' မော့လင်ရှီးနားမလည်နိုင်ဖြစ်နေတယ်။
'ပုံမှန်ဆိုရင်ဘိုကင်တင်ထားတဲ့အချိန်ကျော်သွားရင်ဆရာဝန်နဲ့တွေ့လို့မရတော့ဘူး' ကျိနမ်ဖုန်ရှင်းပြလိုက်တယ်။
'အိုး.....'
'ဒါပေမယ့်ဒေါက်တာကျန်းကမားရဲ့သူငယ်ချင်းဆိုတော့ မင်းဖေးဖေးကိုပါခေါ်သွားလို့ရတယ်။အန်တီကျန်းက
ဘာမှမပြောပါဘူး'
အဖွားအိုရဲ့မျက်လုံးတွေကအရောင်လက်သွားပြီး: 'တကယ်လား?တကယ်အဲ့လိုလုပ်လို့ရလား?'
မော့လင်ရှီးလဲဒါကိုငြင်းစရာမရှိဘူး။
'ဖေးဖေး အန်တီနဲ့အတူတူလိုက်ခဲ့မယ်မလား?'
ဖေးဖေးကဘာမှမပြောဘဲဒီအတိုင်းစိုက်ကြည့်နေတယ်။
ပြောရမယ်ဆိုရင်မော့လင်ရှီးကလဲကလေးဘဲရှိသေးတာ။အဲ့လိုဆိုတော့တခြားကလေးတွေကိုချော့မော့ပြီးပြောရတဲ့နေရာမှာအတွေ့အကြုံမရှိဘူး။အဲ့ဒါကြောင့်အနောက်မှရပ်နေတဲ့ကျိနမ်ဖုန်ကိုစစ်ကူတောင်းဖို့လှည့်ကြည့်လိုက်တယ်။
ကျိနမ်ဖုန်လဲကူရာကယ်ရာမဲ့နေတယ်။သူမကကြင်နာတတ်တဲ့သူဆိုတာကိုသူသိတယ်။ဒါပေမယ့်သူမကသူတော်စင်တော့မဟုတ်ဘူးလေ။သူလဲဘာလို့မှန်းမသိပေမယ့်ဒီကလေးမလေးအပေါ်မှာသူမလိုဘဲခံစားနေရတယ်။
'ဖေးဖေး သမီးဒီအန်တီကိုမေမေလို့ခေါ်ချင်တယ်မဟုတ်လား?' စောစောကတည်နေတဲ့သူ့မျက်နှာကနူးညံ့သွားပြီးဒူးထောက်ထိုင်ချလိုက်ကာ ဖေးဖေးရဲ့နှာခေါင်းထိပ်လေးကိုတို့ပြီးမေးလိုက်တယ်။
မော့လင်ရှီးလဲမျက်ခုံးပင့်လိုက်ပြီး *သူကလေးကိုဆရာဝန်ဆီသွားရအောင်ပြောရမှာမဟုတ်ဘူးလား?အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲဟ*
အံ့ဩဖို့ကောင်းတာကဖေးဖေးကခေါင်းညိတ်ပြလာတယ်။
'အမ်.....'
'ဒါဆိုအထဲဝင်ပြီးဆရာဝန်နဲ့သွားပြကြမလား?သမီးနေကောင်းသွားရင်ဒီအန်တီကိုသမီးရဲ့မွေးစားအမေလုပ်ခိုင်းလိုက်။ဒါဆိုသူကသမီးရဲ့မေမေဖြစ်သွားပြီ' ဒီလိုမျိုးရုတ်တရက်ကြီးဆုံးဖြတ်ချက်ချလိုက်တယ်ဆိုပေမယ့် မတတ်နိုင်ဘူး သူလဲဒီကလေးကိုချစ်သွားတာကိုး။
ဖေးဖေးကတော့မွေးစားမေမေဆိုတဲ့စကားကိုဘာမှန်းမသိပေမယ့် မေမေဆိုတာကိုသိတော့ချက်ချင်းခေါင်းညိတ်လိုက်တယ်။
သူ့မြေးမလေးခေါင်းညိတ်တာကိုတွေ့တော့မှအဖွားအိုလဲသက်ပြင်းချနိုင်တော့တယ်။အဖွားအိုလဲအရမ်းကိုကျေးဇူးတင်နေတာနဲ့မွေးစားအမေကိစ္စကိုဂရုစိုက်မနေတော့ဘူး။ကျိနမ်ဖုန်ကဖေးဖေးဆရာဝန်နဲ့တွေ့ရအောင်သုံးနည်းနည်းလမ်းလို့ဘဲအဖွားအိုကထင်နေတာ။
ဖေးဖေးကအရှေ့ကိုတိုးသွားလိုက်ပြီးမော့လင်ရှီးရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်။သူမရဲ့အရပ်ကလေးကပုလွန်းနေတော့ခြေဖျားလေးထောက်နေရတယ်။ဒီမြင်ကွင်းလေးကမြင်ရတာအရမ်းကိုချစ်စရာကောင်းနေတယ်။
နောက်ဆုံးမှာတော့မော့လင်ရှီးဘဲဖေးဖေးကိုချီလိုက်ပြီးဆရာဝန်ဆီကိုသွားလိုက်တယ်။
ဆရာဝန်ရဲ့ရုံးခန်းကအဆင့်မြင့်ဆေးရုံတွေလိုမျိုးမဟုတ်ဘဲစားပွဲတစ်လုံးနဲ့ကွန်ပျူတာတစ်လုံးဘဲရှိတယ်။အခန်းကအတော်လေးတော့ကျယ်တယ်။အခန်းရဲ့နံရံတွေကအစိမ်းရောင်တွေဖြစ်ပြီးမီးရောင်ဖျဖျလေးလဲထွန်းထားတော့လာတဲ့လူတွေကိုစိတ်သက်သာရာရစေတယ်။
'နမ်ဖုန် ဘယ်လိုလုပ်ပြီး.....' ကျန်းအိုက်ဖေးမေးလိုက်တယ်။သူမကနာမည်ကြီးစိတ်ရောဂါကုဆရာဝန်ဖြစ်ပြီးကျိနမ်ဖုန်ရဲ့အန်တီကျန်းလဲဖြစ်တယ်။သူတို့ဝင်လာတော့ သူမကစာရွက်စာတမ်းတွေကိုသိမ်းနေတာ။ဒါပေမယ့်ဖေးဖေးနဲ့အဖွားအိုတို့ပါပြန်ပါလာလိမ့်မယ်လို့မထင်ထားဘူး။
'ကျွန်တော်တောင်းပန်ပါတယ်အန်တီကျန်း။ဒါကဒီလိုပါ....' ကျိနမ်ဖုန်အခြေအနေကိုအတိုချုန်းရှင်းပြလိုက်တယ်။ပြီးတော့သူတို့တွေထိုင်လိုက်ကြတယ်။
'အိုး ဘာမှမဖြစ်ပါဘူး။ဒီနေ့လူနာလဲသိပ်မများဘူးဆိုတော့ရပါတယ်။ဒါဆိုဘယ်သူအရင်ပြမှာလဲ?ဖေးဖေးလားလင်ရှီးလား?' သူမမော့လင်ရှီးကိုစူးစမ်းပြီးတော့မှကျိနမ်ဖုန်ကိုဘဲတိုက်ရိုက်မေးလိုက်တယ်။သူမအချစ်ဆုံးသူငယ်ချင်းရဲ့ချွေးမအကြောင်းကိုသူမလဲတော်တော်သိချင်နေတာ။
သူမရဲ့အကြည့်တွေကစူးရှပေမယ့်မော့လင်ရှီးကတော့မသက်မသာဖြစ်မသွားဘူး။ကြည့်ရတာစိတ်ရောဂါကုဆရာဝန်ရဲ့
အစွမ်းထင်ပါတယ်။
'ဖေးဖေးဘဲအရင်ပြလိုက်ပါ' မော့လင်ရှီးပြောလိုက်တယ်။
အံ့ဩဖို့ကောင်းတာကဖေးဖေးကလဲမငြင်းဘူး။
အဲ့ဒါပြီးတော့လူကြီးသုံးယောက်ကဘေးကပ်ရပ်ကအခန်းကိုသွားလိုက်တယ်။အဲ့ဒီအခန်းကအသံလုံပြီးဆရာဝန်နဲ့ဆွေးနွေးနေတာကိုမြင်နိုင်တဲ့ပြတင်းပေါက်လဲရှိတယ်။
ဖေးဖေးကထိုင်ခုံအမြင့်ကြီးမှာထိုင်ပြီးကျန်းအိုက်ဖေးပေးတဲ့နို့ဘူးကိုသောက်နေတယ်။သူမကတိတ်ဆိတ်ပြီးလိမ္မာနေတယ်။ကျန်းအိုက်ဖေးကတော့စကားတွေပြောနေတယ်။သူမကဖေးဖေးရဲ့အတွေးတွေကိုစကပြောနေရင်းနဲ့ဖမ်းယူနေတာ။ဘာတွေပြောနေလဲဆိုတာကိုတော့တခြားသူတွေကိုပေးမသိဘူး။
အစကတော့ဖေးဖေးလဲကြောင်နေပြီးဘာတွေဖြစ်နေမှန်းမသိပေမယ့် တဖြေးဖြေးနဲ့ခံစားချက်တွေကိုမဖုံးကွယ်နိုင်တော့ဘဲထုတ်ပြလာတယ်။စကားတော့မပြောသေးပေမယ့်အမူအယာကတော့ပြောင်းလဲလာတယ်။အကြောက်တရား၊စိတ်ပျက်မှု၊မျှော်လင့်ချက်၊တွန့်ဆုတ်မှုတွေနဲ့တခြားသူတွေပုံမဖော်နိုင်တဲ့ခံစားချက်တွေကိုထုတ်ပြလာတယ်။
အနုပညာရှင်တွေမှာအသက်အရွယ်ကျားမခွဲခြားမှုမထားဘူးလို့ဆိုတဲ့ဆိုရိုးစကားရှိတယ်။ကိုယ့်ကိုကိုယ်ချုပ်တည်းနိုင်တဲ့သူတွေကအနုပညာရှင်ဖြစ်ဖို့အလားအလာရှိတယ်တဲ့။
အဲ့ဒီစကားရဲ့အဓိပ္ပါယ်ကနက်နဲလွန်းလို့မော့လင်ရှီးလဲအခုမှဘဲနားလည်သွားတော့တယ်။ဖေးဖေးလိုခံစားချက်တွေကိုထိန်းချုပ်ထားတဲ့သူကအနုပညာရှင်နဲ့ပိုတူတယ်။ဘာလို့လဲဆိုတော့တခြားသူတွေကလူမှုဆက်ဆံရေးနယ်ပယ်မှာအချိန်ဖြုန်းနေတဲ့အချိန်မှာ ဖေးဖေးကတော့တစ်ယောက်တည်းအချိန်ကိုကုန်ဆုံးနေရတာ။
အော်တစ်ဇင်ဖြစ်နေတဲ့ကလေးတွေကအရူးတွေမဟုတ်ကြဘူး။သူတို့ရဲ့IQကသာမန်လူတွေထက်ဆယ်ဆပိုမြင့်တယ်လို့သူမကြားဖူးတယ်။ဒါကိုသိပ္ပံပညာရှင်တွေကအတည်ပြုပြီးပြီလားဆိုတာကိုတော့သူမသေချာမသိပေမယ့် ဖေးဖေးဆီကနေတော့သူမတစ်ခုခုကိုခံစားနေရတယ်။
သူတို့လေးတွေကတခြားသူတွေနဲ့ကွဲပြားနေကြတာမဟုတ်ဘူး။သူတို့လေးတွေကပိုပြီးတိတ်ဆိတ်ဆိတ်နေတတ်ကြတာဘဲရှိတယ်။အပြင်ပန်းကနေကြည့်ရင်သူတို့လေးတွေကငြိမ်နေကြတယ်ဆိုပေမယ့် တကယ်တော့သူတို့ကတွေးနေကြတာ။သာမန်လူတွေမတွေးနိုင်တဲ့ကိစ္စတွေကိုတွေးနေကြတာ။
ဖေးဖေးကိုရင်းနှီးနေသလိုခံစားနေရတာက တစ်ချိန်တုန်းကသူမလဲအဲ့လိုမျိုးဖြစ်ခဲ့ဖူးတယ်လို့ခံစားနေရလို့ဘဲ။
သူမဘေးမှာရပ်နေတဲ့ကျိနမ်ဖုန်လဲသူမရဲ့မျက်နှာအမူအယာကိုကြည့်ပြီးသူ့နှလုံးသားကိုအပ်နဲ့ထိုးနေသလိုမျိုးခံစား နေရတယ်။အခုသူမရဲ့အကြည့်တွေကအရင်ဘဝတုန်းကအကြည့်တွေလိုမျိုးဖြစ်နေတယ်။
'ဖေးဖေးပြီးသွားပြီ...သွားရအောင်' ကျိနမ်ဖုန်ရဲ့စကားသံကြောင့်သူမရဲ့အတွေးစပြတ်သွားရတယ်။
ကျန်းအိုက်ဖေးနဲ့ဖေးဖေးတို့ဆွေးနွေးတာတစ်နာရီခွဲတောင်ကြာသွားတယ်။ဖေးဖေးကထိုင်ခုံအမြင့်ကြီးကနေဆိုဖာပေါ်မှာအိမ်မွေ့ချထားလို့အိပ်ပျော်နေပြီ။သူအိပ်နေပုံလေးကိုကြည့်ရတာကောင်းတဲ့အိမ်မက်ကိုမက်နေတဲ့ပုံဘဲ။
မော့လင်ရှီးလဲဖေးဖေးကိုမနှိုးရက်တာနဲ့ဒရိုင်ဘာကိုအဖွားအိုနဲ့ဖေးဖေးတို့ကိုအိမ်ပြန်ပို့ပေးဖို့ပြောလိုက်တယ်။သူမကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကိုလဲအဖွားအိုကိုရေးပေးလိုက်တယ်။
'သမီးကိုဆက်သွယ်ချင်ရင်ဒီဖုန်းနံပါတ်ကိုဆက်လို့ရပါတယ်။အဖွားတစ်ခုခုအကူအညီလိုရင်ဘဲဖြစ်ဖြစ်ဖေးဖေးကသမီးကိုသတိရရင်ဘဲဖြစ်ဖြစ်သမီးကိုဖုန်းဆက်လိုက်ပါ' မော့လင်ရှီးဖုန်းနံပါတ်ပေးရင်းပြောလိုက်တယ်။
သူမတို့ကအခုမှတွေ့ဖူးတာဆိုပေမယ့်ဒီကလေးမလေးကိုချစ်နေမိတယ်။အဲ့ဒါကြောင့်သူမ ကလေးမလေးနဲ့မခွဲချင်ဘူးဖြစ်နေတယ်။
'ကျေးဇူးအများကြီးတင်ပါတယ်။သမီးတို့ရဲ့နာမည်ကိုတောင်အဖွားမသိရသေးဘူး။ဒီနေ့သမီးတို့နဲ့ဆုံခွင့်ရတာတော်တော်ကံကောင်းတာဘဲ' အဖွားအိုပြောလိုက်တယ်။ဒီစုံတွဲကသာမန်မိသားစုကနေလာတာမဟုတ်မှန်းသူမရိပ်မိတယ်။ဒါပေမယ့်အဲ့ဒီအသိုင်းအဝိုင်းကလူတွေလိုမျိုးမမောက်မာကြဘူး။ကောင်မလေးကလဲကြင်နာတတ်ပြီးချစ်စရာကောင်းတယ်။ကောင်လေးကလဲလူကြီးလူကောင်းဆန်ပြီးနားလည်ပေးတတ်တယ်။အသက်၆၀ကျော်နေခဲ့တဲ့သူမရဲ့အတွေ့အကြုံအရဆိုရင် ဒီစုံတွဲကနတ်ဖက်တဲ့စုံတွဲဘဲ။
Zawgyi
ကေလးမေလးကဘာမွျပန္မေျပာဘဲသူမကိုၾကည့္ေနတယ္။
'ေစာေစာကသမီးအန္တီ့ကိုေမေမလို႔ေခၚလိုက္တယ္မဟုတ္လား?အန္တီကသမီးရဲ႕ေမေမနဲ႔တူေနလို႔လား?'
ကေလးမေလးကေတာ့တိတ္ေနတုန္းဘဲ။
အဖြားအိုလဲေမာ့လင္ရွီးကိုေမွ်ာ္လင့္တႀကီးနဲ႔ၾကည့္ေနလိုက္တယ္။
'သမီးအန္တီ့ကိုခ်စ္လား?သမီးထပ္ေခၚျပမယ္ဆိုရင္ သမီးဆီကိုအန္တီခဏခဏလာလည္မယ္ေလ ဟုတ္ၿပီလား?' သူမရဲ႕ႀကိဳးစားအားထုတ္မႈကအရာထင္မယ့္ပုံမေပၚဘူးဆိုေပမယ့္လဲသူမဆက္ႀကိဳးစားေနမိတယ္။ဒါေပမယ့္ကေလးမေလးရဲ႕မ်က္ရည္ေတြျပည့္ေနတဲ့မ်က္လုံးေလးေတြကပုတ္ခတ္ပုတ္ခတ္လုပ္လာလိမ့္မယ္လို႔မထင္ဘူး။
သူမလဲကေလးမေလးကိုဘယ္လိုေခ်ာ့ေမာ့ၿပီးေျပာခိုင္းရမလဲဆိုတာကိုမသိေတာ့တဲ့အခ်ိန္မွာ သူမအေနာက္မွာတိတ္တိတ္ေလးရပ္ေနတဲ့က်ိနမ္ဖုန္ကကေလးမေလးနဲ႔သူမကိုလူခ်င္းခြဲလိုက္ၿပီးသူမကိုသူ႔ရင္ခြင္ထဲမွာဖက္ထားလိုက္တယ္။
'ရွင္ဘာလုပ္တာလဲ?' သူဘာလို႔ဒီလိုလုပ္လိုက္တာလဲဆိုတာကိုမသိေတာ့သူမလွည့္ၿပီးေမးလိုက္တယ္။ဒီလူက....ဘာလဲဟ...
ကေလးမေလးကလဲငိုေတာ့မယ္ပုံစံနဲ႔ေမာ့လင္ရွီးရဲ႕လက္ကိုလွမ္းဆြဲလိုက္တယ္။က်ိနမ္ဖုန္လဲသိၿပီလားဆိုတဲ့အၾကည့္နဲ႔သူမကိုၾကည့္လိုက္ၿပီး ကေလးမေလးနဲ႔မ်က္ႏွာခ်င္းဆိုင္လို႔ရေအာင္ထိုင္ခ်လိုက္တယ္။
'ဒီအန္တီကအန္ကယ့္အပိုင္ဘဲ' ကေလးကိုေခ်ာ့မယ္လို႔ သူမထင္ထားခဲ့တာနဲ႔တျခားစီျဖစ္သြားတယ္။
*ရွင္ဘဲအန္ကယ္...ကြၽန္မကအမဘဲ*
က်ိနမ္ဖုန္ေျပာတာကိုၾကားေတာ့ ကေလးမေလးကၿငိမ္ေနၿပီးသူမရဲ႕အရည္လဲ့ေနတဲ့မ်က္လုံးေလးေတြနဲ႔သူ႔ကိုစိုက္ၾကည့္ေနတယ္။ၿပီးေတာ့မ်က္ခုံးေတြကိုတြန႔္ေကြးထားကာ သူေျပာလိုက္တဲ့စကားရဲ႕အဓိပၸါယ္ကိုစဥ္းစားေနတဲ့ပုံဘဲ။
ေမာ့လင္ရွီးစကားေျပာဖို႔လုပ္လိုက္တဲ့အခ်ိန္မွာက်ိနမ္ဖုန္ကဆက္ေျပာလိုက္တယ္: 'သမီးဒီအန္တီကိုခ်စ္လား?ခ်စ္ရင္သမီးစကားေျပာရမယ္။မေျပာရင္အန္ကယ္ကသူ႔ကိုေခၚသြားေတာ့မွာ'
သူေျပာလိုက္တာေအာင္ျမင္သြားတယ္ထင္တယ္ ေနာက္ဆုံးေတာ့ကေလးမေလးကတစ္ခုခုေျပာမလို႔ပါးစပ္ဟလိုက္ေပမယ့္အသံမထြက္ရဲလို႔ထင္တယ္ ပါးစပ္ကိုျပန္ပိတ္သြားျပန္တယ္။
'သမီးစကားမေျပာရင္အန္ကယ္တို႔သြားေတာ့မယ္။အန္တီကစကားမေျပာတဲ့ကေလးေတြကိုဆိုရင္မခ်စ္ဘူး' က်ိနမ္ဖုန္ေျပာၿပီးတာနဲ႔ထြက္သြားေတာ့မလို႔လုပ္လိုက္တယ္။
'အန္တီမဟုတ္ဘူး....ေမေမ....ေမေမ...' ကေလးမေလးရဲ႕အသံကခ်စ္စရာေကာင္းေနတယ္။
အေနာက္မွာနားေထာင္ေနတဲ့အဖြားအိုကလဲမ်က္ရည္ေတြလည္လာၿပီး: 'ေဖးေဖး....ေဖးေဖး...အဖြားလို႔ေခၚၾကည့္ပါဦး'
ကေလးမေလးလဲအဖြားအိုကိုအၾကာႀကီးစိုက္ၾကည့္ေနၿပီးေတာ့မွ: 'အ...အဖြား.....'
'အင္း အင္း အဖြားကဒီမွာ' အဖြားအိုလဲရႈိက္ငိုေနလိုက္တယ္။ျဖတ္သြားျဖတ္လာလူေတြလဲဒီျမင္ကြင္းကိုၾကည့္ၿပီးမ်က္ရည္ေတြလည္လာၾကတယ္။
ေမာ့လင္ရွီးလဲစိတ္မေကာင္းျဖစ္သြားၿပီးမ်က္ရည္ေတြက်လာကာ ကေလးမေလးကိုဖက္ထားလိုက္တယ္။သူမကိုဘာလို႔အေမလို႔ေခၚေနမွန္းမသိေပမယ့္ သူမကကေလးမေလးရဲ႕အေမနဲ႔တူေနလို႔ျဖစ္မွာပါဆိုၿပီးယူဆလိုက္ၿပီးဆက္မေတြးေတာ့ဘူး။
'ေက်းဇူးတင္ပါတယ္။သမီးတို႔ႏွစ္ေယာက္လုံးကိုေက်းဇူးတင္ပါတယ္။သူ႔ဆီကေနအဖြားဆိုၿပီးေခၚတဲ့အသံကိုမၾကားရတာၾကာေနၿပီ။အဖြားေနာက္ဆုံးအခ်ိန္ထိဒီစကားကိုမၾကားရေတာ့ဘူးလို႔ထင္ေနခဲ့တာ။ဒီလ္ိုထပ္ၾကားရလိမ့္မယ္လို႔မထင္ထားခဲ့ဘူး......' အဖြားအိုလဲေမာ့လင္ရွီးတို႔လင္မယားကိုၾကည့္ၿပီးေက်းဇူးတင္စကားေျပာေနလိုက္တယ္။
မၾကာေသးတဲ့အခ်ိန္တစ္ခုတုန္းကလဲ သူမရဲ႕တစ္ဦးတည္းေသာသားနဲ႔ေခြၽးမေလးကဒီလိုမ်ိဳးဘဲေဘးခ်င္းယွဥ္ၿပီးရပ္ခဲ့ဖူးတာ.....
အဖိုးအိုလဲတစ္ျခားအေၾကာင္းေတြကိုေတြးမိသြားေတာ့အၿပဳံးေတြကလဲျပန္ေပ်ာက္ကြယ္သြားတယ္။
အဖြားအိုရဲ႕ေျပာင္းလဲမႈကိုေမာ့လင္ရွီးသတိထားမိလိုက္တယ္။သူမလဲေသေသခ်ာခ်ာစဥ္းစားၾကည့္ၿပီးေတာ့မွ ေနာက္ဆုံးထုတ္ေမးလိုက္တယ္: 'ဘာျဖစ္လို႔လဲအဖြား?'
အဖြားအိုလဲစဥ္းစားလိုက္ၿပီးမွေခါင္းခါျပလိုက္ၿပီး: 'ဘာမွမျဖစ္ပါဘူး'
အဖြားအိုမွာစိုးရိမ္ပူပန္စရာတစ္ခုခုရွိေနတယ္ဆိုတာကိုေမာ့လင္ရွီးသိတယ္။ဒါေပမယ့္လဲအျပင္လူတစ္ေယာက္အေနနဲ႔ေဘာင္ေက်ာ္ၿပီးေတာ့စိုးရိမ္ပူပန္ေၾကာင္းကိုထုတ္မေျပာသင့္ဘူးဆိုတာသူမသိတယ္။
'ေမာ့လင္ရွီး?ေမာ့လင္ရွီးရွိလား?'
'မင္းအလွည့္ေရာက္ၿပီ...သြားရေအာင္' က်ိနမ္ဖုန္ေျပာလိုက္တယ္။
ေမာ့လင္ရွီးလဲတုံ႔ဆိုင္းေနၿပီးမွ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး ေဖးေဖးရဲ႕ေခါင္းေလးကိုပြတ္သပ္လိုက္ကာ: 'အန္တီလဲဆရာဝန္နဲ႔သြားျပရမွာ။သမီးလဲေစာေစာကေျပးထြက္လာတာဆိုေတာ့ဆရာဝန္နဲ႔မေတြ႕ရေသးဘူးဟုတ္။အန္တီ့ကိုအေဖာ္လိုက္ေပးမလား?'
သူမကိုယ္သူမေမေမလို႔ေတာ့မေျပာလိုက္ဘူး။သူမလဲက်င့္သားမရေသးလို႔။သူမရဲ႕အျမင္မွာေတာ့ေဖးေဖးကအေခၚအေဝၚေတြကိုခြဲျခားႏိုင္ဖို႔ငယ္ေသးတယ္လို႔ထင္တယ္။
အဖြားအိုရဲ႕စကားအရဆိုရင္ေဖးေဖးကဆရာဝန္နဲ႔မေတြ႕ရေသးခင္မွာေျပးထြက္လာတာဆိုေတာ့ဆိုေတာ့ဆရာဝန္နဲ႔ျပရေသးမွာမဟုတ္ဘူး။သူမလဲဒီကေလးမေလးကိုဘာလို႔ခ်စ္ေနမိမွန္းမသိဘူး။ၾကည့္ရတာေရစက္ပါလို႔နဲ႔တူတယ္။
က်ိနမ္ဖုန္ကေတာ့ဒီကေလးမေလးဆီမွာအရင္ဘဝတုန္းကေမာ့လင္ရွီးရဲ႕ပုံရိပ္ေတြကိုျမင္ေနရတယ္။ကေလးမေလးကသူ႔ကိုယ္သူပိတ္ေလွာင္ထားေနတာ။
'အဖြားတို႔ကဘိုကင္တင္ထားတဲ့အခ်ိန္ေက်ာ္သြားၿပီဆိုေတာ့ ေဒါက္တာက်န္းကလက္မခံေတာ့မွာကိုေၾကာက္တယ္.....' အဖြားအိုလဲသက္ျပင္းခ်လိုက္တယ္။
'ဘိုကင္တင္ထားတဲ့အခ်ိန္ေပါ့ေလ?' ေမာ့လင္ရွီးနားမလည္ႏိုင္ျဖစ္ေနတယ္။
'ပုံမွန္ဆိုရင္ဘိုကင္တင္ထားတဲ့အခ်ိန္ေက်ာ္သြားရင္ဆရာဝန္နဲ႔ေတြ႕လို႔မရေတာ့ဘူး' က်ိနမ္ဖုန္ရွင္းျပလိုက္တယ္။
'အိုး.....'
'ဒါေပမယ့္ေဒါက္တာက်န္းကမားရဲ႕သူငယ္ခ်င္းဆိုေတာ့ မင္းေဖးေဖးကိုပါေခၚသြားလို႔ရတယ္။အန္တီက်န္းက
ဘာမွမေျပာပါဘူး'
အဖြားအိုရဲ႕မ်က္လုံးေတြကအေရာင္လက္သြားၿပီး: 'တကယ္လား?တကယ္အဲ့လိုလုပ္လို႔ရလား?'
ေမာ့လင္ရွီးလဲဒါကိုျငင္းစရာမရွိဘူး။
'ေဖးေဖး အန္တီနဲ႔အတူတူလိုက္ခဲ့မယ္မလား?'
ေဖးေဖးကဘာမွမေျပာဘဲဒီအတိုင္းစိုက္ၾကည့္ေနတယ္။
ေျပာရမယ္ဆိုရင္ေမာ့လင္ရွီးကလဲကေလးဘဲရွိေသးတာ။အဲ့လိုဆိုေတာ့တျခားကေလးေတြကိုေခ်ာ့ေမာ့ၿပီးေျပာရတဲ့ေနရာမွာအေတြ႕အႀကဳံမရွိဘူး။အဲ့ဒါေၾကာင့္အေနာက္မွရပ္ေနတဲ့က်ိနမ္ဖုန္ကိုစစ္ကူေတာင္းဖို႔လွည့္ၾကည့္လိုက္တယ္။
က်ိနမ္ဖုန္လဲကူရာကယ္ရာမဲ့ေနတယ္။သူမကၾကင္နာတတ္တဲ့သူဆိုတာကိုသူသိတယ္။ဒါေပမယ့္သူမကသူေတာ္စင္ေတာ့မဟုတ္ဘူးေလ။သူလဲဘာလို႔မွန္းမသိေပမယ့္ဒီကေလးမေလးအေပၚမွာသူမလိုဘဲခံစားေနရတယ္။
'ေဖးေဖး သမီးဒီအန္တီကိုေမေမလို႔ေခၚခ်င္တယ္မဟုတ္လား?' ေစာေစာကတည္ေနတဲ့သူ႔မ်က္ႏွာကႏူးညံ့သြားၿပီးဒူးေထာက္ထိုင္ခ်လိုက္ကာ ေဖးေဖးရဲ႕ႏွာေခါင္းထိပ္ေလးကိုတို႔ၿပီးေမးလိုက္တယ္။
ေမာ့လင္ရွီးလဲမ်က္ခုံးပင့္လိုက္ၿပီး *သူကေလးကိုဆရာဝန္ဆီသြားရေအာင္ေျပာရမွာမဟုတ္ဘူးလား?အဲ့ဒါငါနဲ႔ဘာဆိုင္လို႔လဲဟ*
အံ့ဩဖို႔ေကာင္းတာကေဖးေဖးကေခါင္းညိတ္ျပလာတယ္။
'အမ္.....'
'ဒါဆိုအထဲဝင္ၿပီးဆရာဝန္နဲ႔သြားျပၾကမလား?သမီးေနေကာင္းသြားရင္ဒီအန္တီကိုသမီးရဲ႕ေမြးစားအေမလုပ္ခိုင္းလိုက္။ဒါဆိုသူကသမီးရဲ႕ေမေမျဖစ္သြားၿပီ' ဒီလိုမ်ိဳး႐ုတ္တရက္ႀကီးဆုံးျဖတ္ခ်က္ခ်လိုက္တယ္ဆိုေပမယ့္ မတတ္ႏိုင္ဘူး သူလဲဒီကေလးကိုခ်စ္သြားတာကိုး။
ေဖးေဖးကေတာ့ေမြးစားေမေမဆိုတဲ့စကားကိုဘာမွန္းမသိေပမယ့္ ေမေမဆိုတာကိုသိေတာ့ခ်က္ခ်င္းေခါင္းညိတ္လိုက္တယ္။
သူ႔ေျမးမေလးေခါင္းညိတ္တာကိုေတြ႕ေတာ့မွအဖြားအိုလဲသက္ျပင္းခ်ႏိုင္ေတာ့တယ္။အဖြားအိုလဲအရမ္းကိုေက်းဇူးတင္ေနတာနဲ႔ေမြးစားအေမကိစၥကိုဂ႐ုစိုက္မေနေတာ့ဘူး။က်ိနမ္ဖုန္ကေဖးေဖးဆရာဝန္နဲ႔ေတြ႕ရေအာင္သုံးနည္းနည္းလမ္းလို႔ဘဲအဖြားအိုကထင္ေနတာ။
ေဖးေဖးကအေရွ႕ကိုတိုးသြားလိုက္ၿပီးေမာ့လင္ရွီးရဲ႕လက္ကိုဆုပ္ကိုင္လိုက္တယ္။သူမရဲ႕အရပ္ကေလးကပုလြန္းေနေတာ့ေျခဖ်ားေလးေထာက္ေနရတယ္။ဒီျမင္ကြင္းေလးကျမင္ရတာအရမ္းကိုခ်စ္စရာေကာင္းေနတယ္။
ေနာက္ဆုံးမွာေတာ့ေမာ့လင္ရွီးဘဲေဖးေဖးကိုခ်ီလိုက္ၿပီးဆရာဝန္ဆီကိုသြားလိုက္တယ္။
ဆရာဝန္ရဲ႕႐ုံးခန္းကအဆင့္ျမင့္ေဆး႐ုံေတြလိုမ်ိဳးမဟုတ္ဘဲစားပြဲတစ္လုံးနဲ႔ကြန္ပ်ဴတာတစ္လုံးဘဲရွိတယ္။အခန္းကအေတာ္ေလးေတာ့က်ယ္တယ္။အခန္းရဲ႕နံရံေတြကအစိမ္းေရာင္ေတြျဖစ္ၿပီးမီးေရာင္ဖ်ဖ်ေလးလဲထြန္းထားေတာ့လာတဲ့လူေတြကိုစိတ္သက္သာရာရေစတယ္။
'နမ္ဖုန္ ဘယ္လိုလုပ္ၿပီး.....' က်န္းအိုက္ေဖးေမးလိုက္တယ္။သူမကနာမည္ႀကီးစိတ္ေရာဂါကုဆရာဝန္ျဖစ္ၿပီးက်ိနမ္ဖုန္ရဲ႕အန္တီက်န္းလဲျဖစ္တယ္။သူတို႔ဝင္လာေတာ့ သူမကစာ႐ြက္စာတမ္းေတြကိုသိမ္းေနတာ။ဒါေပမယ့္ေဖးေဖးနဲ႔အဖြားအိုတို႔ပါျပန္ပါလာလိမ့္မယ္လို႔မထင္ထားဘူး။
'ကြၽန္ေတာ္ေတာင္းပန္ပါတယ္အန္တီက်န္း။ဒါကဒီလိုပါ....' က်ိနမ္ဖုန္အေျခအေနကိုအတိုခ်ဳန္းရွင္းျပလိုက္တယ္။ၿပီးေတာ့သူတို႔ေတြထိုင္လိုက္ၾကတယ္။
'အိုး ဘာမွမျဖစ္ပါဘူး။ဒီေန႔လူနာလဲသိပ္မမ်ားဘူးဆိုေတာ့ရပါတယ္။ဒါဆိုဘယ္သူအရင္ျပမွာလဲ?ေဖးေဖးလားလင္ရွီးလား?' သူမေမာ့လင္ရွီးကိုစူးစမ္းၿပီးေတာ့မွက်ိနမ္ဖုန္ကိုဘဲတိုက္႐ိုက္ေမးလိုက္တယ္။သူမအခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ေခြၽးမအေၾကာင္းကိုသူမလဲေတာ္ေတာ္သိခ်င္ေနတာ။
သူမရဲ႕အၾကည့္ေတြကစူးရွေပမယ့္ေမာ့လင္ရွီးကေတာ့မသက္မသာျဖစ္မသြားဘူး။ၾကည့္ရတာစိတ္ေရာဂါကုဆရာဝန္ရဲ႕
အစြမ္းထင္ပါတယ္။
'ေဖးေဖးဘဲအရင္ျပလိုက္ပါ' ေမာ့လင္ရွီးေျပာလိုက္တယ္။
အံ့ဩဖို႔ေကာင္းတာကေဖးေဖးကလဲမျငင္းဘူး။
အဲ့ဒါၿပီးေတာ့လူႀကီးသုံးေယာက္ကေဘးကပ္ရပ္ကအခန္းကိုသြားလိုက္တယ္။အဲ့ဒီအခန္းကအသံလုံၿပီးဆရာဝန္နဲ႔ေဆြးေႏြးေနတာကိုျမင္ႏိုင္တဲ့ျပတင္းေပါက္လဲရွိတယ္။
ေဖးေဖးကထိုင္ခုံအျမင့္ႀကီးမွာထိုင္ၿပီးက်န္းအိုက္ေဖးေပးတဲ့ႏို႔ဘူးကိုေသာက္ေနတယ္။သူမကတိတ္ဆိတ္ၿပီးလိမၼာေနတယ္။က်န္းအိုက္ေဖးကေတာ့စကားေတြေျပာေနတယ္။သူမကေဖးေဖးရဲ႕အေတြးေတြကိုစကေျပာေနရင္းနဲ႔ဖမ္းယူေနတာ။ဘာေတြေျပာေနလဲဆိုတာကိုေတာ့တျခားသူေတြကိုေပးမသိဘူး။
အစကေတာ့ေဖးေဖးလဲေၾကာင္ေနၿပီးဘာေတြျဖစ္ေနမွန္းမသိေပမယ့္ တေျဖးေျဖးနဲ႔ခံစားခ်က္ေတြကိုမဖုံးကြယ္ႏိုင္ေတာ့ဘဲထုတ္ျပလာတယ္။စကားေတာ့မေျပာေသးေပမယ့္အမူအယာကေတာ့ေျပာင္းလဲလာတယ္။အေၾကာက္တရား၊စိတ္ပ်က္မႈ၊ေမွ်ာ္လင့္ခ်က္၊တြန႔္ဆုတ္မႈေတြနဲ႔တျခားသူေတြပုံမေဖာ္ႏိုင္တဲ့ခံစားခ်က္ေတြကိုထုတ္ျပလာတယ္။
အႏုပညာရွင္ေတြမွာအသက္အ႐ြယ္က်ားမခြဲျခားမႈမထားဘူးလို႔ဆိုတဲ့ဆို႐ိုးစကားရွိတယ္။ကိုယ့္ကိုကိုယ္ခ်ဳပ္တည္းႏိုင္တဲ့သူေတြကအႏုပညာရွင္ျဖစ္ဖို႔အလားအလာရွိတယ္တဲ့။
အဲ့ဒီစကားရဲ႕အဓိပၸါယ္ကနက္နဲလြန္းလို႔ေမာ့လင္ရွီးလဲအခုမွဘဲနားလည္သြားေတာ့တယ္။ေဖးေဖးလိုခံစားခ်က္ေတြကိုထိန္းခ်ဳပ္ထားတဲ့သူကအႏုပညာရွင္နဲ႔ပိုတူတယ္။ဘာလို႔လဲဆိုေတာ့တျခားသူေတြကလူမႈဆက္ဆံေရးနယ္ပယ္မွာအခ်ိန္ျဖဳန္းေနတဲ့အခ်ိန္မွာ ေဖးေဖးကေတာ့တစ္ေယာက္တည္းအခ်ိန္ကိုကုန္ဆုံးေနရတာ။
ေအာ္တစ္ဇင္ျဖစ္ေနတဲ့ကေလးေတြကအ႐ူးေတြမဟုတ္ၾကဘူး။သူတို႔ရဲ႕IQကသာမန္လူေတြထက္ဆယ္ဆပိုျမင့္တယ္လို႔သူမၾကားဖူးတယ္။ဒါကိုသိပၸံပညာရွင္ေတြကအတည္ျပဳၿပီးၿပီလားဆိုတာကိုေတာ့သူမေသခ်ာမသိေပမယ့္ ေဖးေဖးဆီကေနေတာ့သူမတစ္ခုခုကိုခံစားေနရတယ္။
သူတို႔ေလးေတြကတျခားသူေတြနဲ႔ကြဲျပားေနၾကတာမဟုတ္ဘူး။သူတို႔ေလးေတြကပိုၿပီးတိတ္ဆိတ္ဆိတ္ေနတတ္ၾကတာဘဲရွိတယ္။အျပင္ပန္းကေနၾကည့္ရင္သူတို႔ေလးေတြကၿငိမ္ေနၾကတယ္ဆိုေပမယ့္ တကယ္ေတာ့သူတို႔ကေတြးေနၾကတာ။သာမန္လူေတြမေတြးႏိုင္တဲ့ကိစၥေတြကိုေတြးေနၾကတာ။
ေဖးေဖးကိုရင္းႏွီးေနသလိုခံစားေနရတာက တစ္ခ်ိန္တုန္းကသူမလဲအဲ့လိုမ်ိဳးျဖစ္ခဲ့ဖူးတယ္လို႔ခံစားေနရလို႔ဘဲ။
သူမေဘးမွာရပ္ေနတဲ့က်ိနမ္ဖုန္လဲသူမရဲ႕မ်က္ႏွာအမူအယာကိုၾကည့္ၿပီးသူ႔ႏွလုံးသားကိုအပ္နဲ႔ထိုးေနသလိုမ်ိဳးခံစား ေနရတယ္။အခုသူမရဲ႕အၾကည့္ေတြကအရင္ဘဝတုန္းကအၾကည့္ေတြလိုမ်ိဳးျဖစ္ေနတယ္။
'ေဖးေဖးၿပီးသြားၿပီ...သြားရေအာင္' က်ိနမ္ဖုန္ရဲ႕စကားသံေၾကာင့္သူမရဲ႕အေတြးစျပတ္သြားရတယ္။
က်န္းအိုက္ေဖးနဲ႔ေဖးေဖးတို႔ေဆြးေႏြးတာတစ္နာရီခြဲေတာင္ၾကာသြားတယ္။ေဖးေဖးကထိုင္ခုံအျမင့္ႀကီးကေနဆိုဖာေပၚမွာအိမ္ေမြ႕ခ်ထားလို႔အိပ္ေပ်ာ္ေနၿပီ။သူအိပ္ေနပုံေလးကိုၾကည့္ရတာေကာင္းတဲ့အိမ္မက္ကိုမက္ေနတဲ့ပုံဘဲ။
ေမာ့လင္ရွီးလဲေဖးေဖးကိုမႏႈိးရက္တာနဲ႔ဒ႐ိုင္ဘာကိုအဖြားအိုနဲ႔ေဖးေဖးတို႔ကိုအိမ္ျပန္ပို႔ေပးဖို႔ေျပာလိုက္တယ္။သူမကိုဆက္သြယ္လို႔ရမယ့္ဖုန္းနံပါတ္ကိုလဲအဖြားအိုကိုေရးေပးလိုက္တယ္။
'သမီးကိုဆက္သြယ္ခ်င္ရင္ဒီဖုန္းနံပါတ္ကိုဆက္လို႔ရပါတယ္။အဖြားတစ္ခုခုအကူအညီလိုရင္ဘဲျဖစ္ျဖစ္ေဖးေဖးကသမီးကိုသတိရရင္ဘဲျဖစ္ျဖစ္သမီးကိုဖုန္းဆက္လိုက္ပါ' ေမာ့လင္ရွီးဖုန္းနံပါတ္ေပးရင္းေျပာလိုက္တယ္။
သူမတို႔ကအခုမွေတြ႕ဖူးတာဆိုေပမယ့္ဒီကေလးမေလးကိုခ်စ္ေနမိတယ္။အဲ့ဒါေၾကာင့္သူမ ကေလးမေလးနဲ႔မခြဲခ်င္ဘူးျဖစ္ေနတယ္။
'ေက်းဇူးအမ်ားႀကီးတင္ပါတယ္။သမီးတို႔ရဲ႕နာမည္ကိုေတာင္အဖြားမသိရေသးဘူး။ဒီေန႔သမီးတို႔နဲ႔ဆုံခြင့္ရတာေတာ္ေတာ္ကံေကာင္းတာဘဲ' အဖြားအိုေျပာလိုက္တယ္။ဒီစုံတြဲကသာမန္မိသားစုကေနလာတာမဟုတ္မွန္းသူမရိပ္မိတယ္။ဒါေပမယ့္အဲ့ဒီအသိုင္းအဝိုင္းကလူေတြလိုမ်ိဳးမေမာက္မာၾကဘူး။ေကာင္မေလးကလဲၾကင္နာတတ္ၿပီးခ်စ္စရာေကာင္းတယ္။ေကာင္ေလးကလဲလူႀကီးလူေကာင္းဆန္ၿပီးနားလည္ေပးတတ္တယ္။အသက္၆၀ေက်ာ္ေနခဲ့တဲ့သူမရဲ႕အေတြ႕အႀကဳံအရဆိုရင္ ဒီစုံတြဲကနတ္ဖက္တဲ့စုံတြဲဘဲ။