"ဘယ်လို! ညီအမဟုတ်လား!"
ကလျာက ခေါင်းညိမ့်ပြတော့ နောင်နောင်တစ်ယောက် ရှက်စိတ်ရော အားနာစိတ်က အတိုင်းထက်လွန်......
"အင်းလေ....."
မမကတော့ ပြုံးစိစိနဲ့ လေသံအေးအေးနဲ့ဘဲဖြေသည်......
"ဒါဆို ဟိုလူကရောဟင်....."
"အဲ့တာ အမွှာအကို.....အလကား စောက်ရူးရယ်...ထားပါ..... ရေချိုးပေးမယ်လာ....."
ရုတ်တရက် ပွေ့ချီကာ ရေချိုးခန်းစီခေါ်သွားတာကြောင့် နောင်နောင် ဘာမှ မပြောနိုင်ဘဲ ပါသွားရပြန်သည်......
..........
.................
*တီ တီ တီ*
"အား......"
နှိုးစက်ကြောင့် မင်းနွယ် နိုးလာပေမယ့် ခေါင်းက အစမတန် ကိုက်ခဲနေလေသည်.....
"ဟမ်! မင်းခ! မင်းခ!"
ရင်ခွင်ထဲ နှစ်ချိုက်စွာအိပ်နေသည့် စစ်မင်းခအား လှုပ်နှိုးလိုက်တော့ အင်းအဲပြုပြီး နိုးလာသည်.......
"အာ boss"
မျက်လုံးလေးတွေကို ပွတ်ကာ အသံပြုရင်း ပြောလိုက်သည်.....
"မင်း မင်းဘယ်လို ရောက် ရောက်နေတာလဲ...."
Bossရဲ့ မျက်နှာကြီးဟာ ရဲနေပြီး အသံတွေဟာလဲ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်......
ကြည့်ရတာ မနေ့ညကဟာကို မမှတ်မိတော့ဘူးနဲ့တူပါရဲ့.....
"မနေ့ညက Bossတအားတွေမူးနေတာလေ....အဲ့တာ ပြန်မယ်လုပ်တော့ bossက ဇွတ်တွေဆွဲထားလို့ အိမ်လဲ မပြန်ရဘူး.....ရေလဲမချိုးရသေးဘူး...."
မင်းခကို သေချာကြည့်မိမှ မနေ့က suitအတိုင်းဘဲ ။ ထိုအခါမှ သက်ပြင်းချပြီး မင်းခအား အားနာသလို ကြည့်လိုက်သည်.....
"တောင်းပန်ပါတယ်...... တခြား ဘာမှ မလုပ်ဘူးမလား......"
ထိုသို့ပြောတော့ မင်းခက ခေါင်းလေးရမ်းပြသည်......
"ဒါဆို ကုမ္ပဏီသွားဖို့ ပြင်ရအောင်......ဒါနဲ့..... ကလျာကို တွေ့ပြီလား....."
"မနေ့က ဖုန်းဆက်တယ်ဗျ.....ကုမ္ပဏီကို နေ့တစ်ပိုင်းမှ လာမယ်တဲ့...,"
ခေါင်းတငြိမ့်ငြိမ့်နှင့်သာ နားလည်ကြောင်း ထောက်ခံလိုက်ရင်း အက်ျီကိုလဲနေသည်.....
"ဒီအိမ်မှာ မင်းအက်ျီတွေရှိနေတာဘဲ သွားလဲလိုက်တော့...."
"ဟုတ်ကဲ့"
ထိုမျှသာပြောပြီး bossရဲ့ အခန်းထဲကနေ ထွက်လာလိုက်သည်.....
မနေ့ညက Bossပြောတာလေးတွေကတော့ မင်းခရဲ့ ရင်ထဲမှာသာ သိမ်းထားမည်ဖြစ်သည်......
...........
......................
"အာ့! အင့်....ဟင့်"
"ဟူး ခနလေး နောင်လေး..... ပြီးတော့မယ်.... "
"ဟင့် မြန်မြန်..... "
"ရပြီ! အေးသွားပြီမလား....."
"အင်း အစောနကလောက် မနာတော့ဘူး....."
ဒါကတော့ နောင်နောင်အား ဆေးလိမ့်ပေးနေတာချင်း ဖြစ်သည်။ သို့ပေမယ့် ထိုကောင်လေးက ဆေးလိမ်းကထဲက အော်နေတာ လိမ်းပြီးမှသာ အအော်ရပ်တော့သည်.....
မသိရင် သူကဘဲ တက်လုပ်နေတဲ့အတိုင်းဘဲ.......
"လာ ပြန်ရအောင်...... "
ရုတ်တရက်ကြီး ပြန်မယ်ပြောလို့ နောင်နောင်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်.....
"ဘယ်ကိုပြန်မှာ....."
"ကိုယ့်အိမ်....."
ထိုသို့ပြောပြီး ကလျာက နောင်နောင်ရဲ့ ခန္ဓာကိုယ်လေးအား ပွေ့ချီလိုက်သည်.....
"ဘာ ဘာလုပ်တာလဲ.....လိုက်လို့မရဘူးလေ....."
ထိုသို့ပြောတော့ မမရဲ့ မျက်နှာဟာ တည်တံ့သွားသည်....
"ငါက မင်းကို အဲ့လူစီကနေဝယ်မယ်......"
စကားကိုတုံးတိပြောကာ ထိုအခန်းကနေ ထွက်လာလိုက်သည်။ ထို့နောက် မန်နေဂျာ ထင်ရှားရဲ့ အခန်းသို့......
"ထင်ရှား ရှိလား....."
လက်ထောက်ကောင်လေးက ကလျာနဲ့ နောင်နောင့်ကို ကြည့်နေပြီး ဘာစကားမှပြန်မပြော.....
"ကန်းနေတာလား! ထင်ရှားဘယ်မှာလဲလို့!"
ကလျာက ပိတ်အော်လိုက်မှသာ ရောင်ရောင်ကန်းကန်းနှင့် ထင်ရှားကို ခေါ်ပေးလိုက်သည်......
"အာ bossဘာကိစ္စလဲ.....ဟင် နောင်နောင်....."
ကလျာအား နှုတ်ဆတ်နေတုန်း နောက်က နောင်နောင့်ကို မြင်တာနဲ့ အလန့်တကြား ပြောလေသည်......
"ငါသူ့ကို ဝယ်မယ်..... ကြေးဘယ်လောက်လဲ...."
ကလျာ့စကားကြောင့် ထင်ရှား ခဏတာ ကြောင်သွားပြီး ပြီးမှ ရယ်ကာ .......
"အဟားဟား.....bossရယ် ကျနော်တို့က ဒီလိုတွေမရောင်းဘူးဗျ.....အထူးသဖြင့် နောင်နောင့်ကိုပေါ့.....ဘာလို့ဆို သူက ဒီbarရဲ့ လာဘ်ကောင်လေးလေ.....အဟားဟား"
ထိုစကားကိုကြားသည်နှင့် ကလျာမျက်နှာဟာ မဲမှောင်သွားသည်.....
"စောက်ကောက်ကို မင်းပိတ်မလား.....ငါ့ပိတ်ပေးရမလား! ငါ့က ပိုင်ရှင်ဆိုတာ နင့်စောက်ဉီးနှောက်က မေ့နေလားဟမ်!.....မရောင်းလဲ ဝယ်တယ်....ဒီမှာ..... "
*ဘုတ်*
Black Cardအား ထင်ရှားကို ပစ်ပေးပြီး.....
"အဲ့ထဲက နင်ကြိုက်သလောက်ယူ.....ထပ်ပြီး စောက်စကားက အပိုမထွက်နဲ့....."
ကလျာက နောင်နောင်ရဲ့ လက်ကိုဆွဲကာ ထိုနေရာမှ ထွက်သွားသည်။ ထင်ရှားကတော့ သူ့ရှေ့က black cardအားကြည့်၍ အံ့သြ၍မဆုံး......
.........
...............
မမက ကားပေါ်ရောက်သည်အထိ စကားမပြောဘဲ တိတ်ဆိတ်စွာ နေသည်.....
မမရဲ့ အညိုရောင်မျက်ဝန်းတွေဟာ ဒေါသကြောင့် အနည်းငယ် တောက်ပနေသည်။ ကိုရှားရဲ့ စကားကြောင့် ဒေါသထွက်နေတာ ဖြစ်မည်ဟုသာ စိတ်ထဲက ကောက်ချက်ချလိုက်သည်......
အိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာ ဘာစကားမှ မမကမပြောချေ.....
သူလဲ အပြင်ဘက်ကိုသာ ငေးကြည့်ရင်း အတူတူလိုက်ပါရသည်......
မမရဲ့ မျိုးရိုးဟာ အင်မတန်ကြီးမြတ်မည်ဖြစ်သည်။ သို့သော် သူလက်မလွှတ်နိုင်ပါ.......
မမအား သူပိုင်ဆိုင်ချင်သည်။ မမရဲ့ အမိန့်ဆန်သော စကားတွေကိုသာ နာခံမည်.....
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိသည်....ရှိုင်းရင့်နောင်ရယ် ပေါက်ပေါက်ရှာရှာလဲ တွေးတက်ပါရန်ကော......
မိနစ်20လောက်ကားမောင်းပြီးသည်နှင့် ခြံအကျယ်ကြီးထဲကို ဝင်သွားကြသည်.....
ထိုလိုအိမ်မျိုး တီဗီထဲမှာ မြင်ဖူးသည်။အပြင်မှာတွေ့ရတော့ ပို၍တောင် ခမ်းနားလွန်းသည်.......
"ဆင်း....."
မမက လက်လှမ်းကာ အပြုံးနုနုလေးနှင့် ပြောသည်.....
ကားပေါ်က ဆင်းလိုက်သည်နှင့် အိမ်ကြီးရဲ့ ထည်ဝါမှုကို တွေ့လိုက်ရသည်.....
မမရဲ့ လက်ဆွဲခေါ်ရာကို လိုက်လာတော့ ဧည့်ခန်းနှင့်တူသည့်အခန်းကို မမက ခေါ်လာသည်......
.......
...........
TBC
တိုသွားရင် ဂိုမဲခ🤧
ဖတ်ပေးကြသော readerလေးများအား ကျေးဇူးအထူးတင်လျက်💖🙏
#Jeon