နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ နေနေကြသည်.....
ထို့ကြောင့် အခန်းထဲ၌ တိတ်ဆိတ်မှုကသာ ကြီးဆိုးနေသည်.......
"အာ့ .....အမေ့!!ဟင့်!"
မြန်ဆန်လွန်းတဲ့မမရဲ့ လှုပ်ရှားမှုကြောင့် ဘာမှတောင် မပြောလိုက်နိုင်ခင်မှာဘဲ မမရဲ့ပေါင်ပေါ်ကို ထိုင်ရက်သား ဖြစ်သွားသည်.......
ထို့အပြင် အောက်ပိုင်းက မပြောက်သေးတဲ့ ဒဏ်ကြောင့် အော်သံရော ငိုသံပါ ထွက်သွားသည်......
"ဘာလို့လဲ...... "
"အဟင့်....အီး.....ဟီး....."
ရုတ်တရက်ကြီး ထငိုလာတဲ့ နောင်နောင်ကြောင့် အံ့ကလျာနွယ် လန့်သွားရသည်.......
"ဘာ....ဘာဖြစ်တာလဲ.. ,..."
"အီး....နာတယ်..... အဟင့်......"
သေချာပြန်စဉ်းစားမိမှ မနေ့ညက ဆေးလိမ်းမပေးရသေးတာကို သတိရသွားသည်......
အမှန်တကယ်ဆို မေ့နေတာဘဲ ဆိုပါတော့.......
"အုံဖွ အုံဖွ မွမွ......ကိုယ် တောင်းပန်ပါတယ်...... ပြီးရင် ဆေးလိမ်းပေးမယ်နော် မွမွ....."
မျက်ရည်လေးတွေကို ဖွဖွလေးနမ်းကာ ချော့နေတာကြောင့် သူလဲ စိတ်မဆိုးရက်ပါ......
"အွန်း......"
ထို့သို့သာ အသံပြုရင်း မမရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်......
မမရဲ့ ခရမ်းရောင်သစ်ခွရနံ့က အမြဲတမ်း သင်းပျံ့နေသည်......
တနေ့ကမှတွေ့တယ် တွေ့တွေ့ချင်းမှာဘဲ မမကို ချစ်မိတယ်........
နောက်တရက်ကြ မမက သူ့ရဲ့ခန္ဓာကိုယ်အား သိမ်းယူလိုက်ပြီး သူနဲ့တွဲဖို့ ပြောလာသည်တဲ့.....
ပျော်မိသည်.......
ချစ်တယ်လို့ မကြားရပေမယ့် အနီးကပ်နေရသူ ဖြစ်တာကြောင့် ပျော်သည်......
"ကောင်လေး....."
မမကခေါ်တာကြောင့် ခါးလေးဖက်လျက်နဲ့ပင် ခေါင်းမော့ကြည့်သည်.....
"နာမည်ဘယ်လိုခေါ်လဲ....... အခုထိမသိရသေးဘူးနော်....."
ထို့သို့ပြောတာလဲဟုတ်တာပင်.....
ယခုချိန်ထိ စကားကို ကောင်းကောင်းမွန်မွန်ပြောရသေးတာမှ မဟုတ်တာ.....
"ရှိုင်းရင့်နောင်ပါ......အနုပညာမေဂျာက ဒုတိယနှစ်.....အသက်က19ပါ......"
ကလျာတစ်ချက်ပြုံးလိုက်သည်.....
ဖူးငယ်ထက် အသက်ကြီးသော်လည်း ခန္ဓာကိုယ်ဟာ ဖူးငယ်ထက် သေးသည်.....
အရပ်ဆိုရင် ဖူးငယ်က သာမည်ထင်.....
"မိသားစုတွေကရော......"
မိသားစုအကြောင်း မေးလိုက်တော့ မျက်နှာလေးဟာ သိသိသာသာကို ညိုးကြသွားသည်.....
"ဖေဖေနဲ့မေမေက နောင် ငယ်ငယ်ထဲက အက်စီးဒင့်နဲ့ ဆုံးသွားပြီဗျ..... အခုတော့ ဒေါ်လေးနဲ့ အတူနေတယ်.....ဒါမဲ့..... "
စကားကိုဆက်မပြောတော့ဘဲ ရပ်သွားကာ မျက်ရည်တွေ တဖန်ပြန်ကျလာပြန်သည်.....
ထို့နောက် မျက်ရည်များဖြင့်သာ ပြန်ဖြေသည်......
"သူ သူက အဟင့်.....ဒီbarမှာ ရောင်းထားတယ်....ဟင့်.....နောင် မနေချင်ဘူး..... ညတိုင်း Alphaတွေက နှောင်ယှက်လို့ နောင် မကြိုက်ဘူး.....ဟင့်......"
ထိုကောင်လေး၏ အဒေါ်ဆိုတဲ့သူကို ကလျာဒေါသထွက်မိသည်က အမှန်။ တူဖြစ်သူဆိုတော့လည်း သူ့သွေးသားမှ မဟုတ်တာ ထိုသို့လုပ်တာဟာ မဆန်းပါဘူး......
ဒါပေမယ့် သူမ၏ ကလေးငယ်လေးကတော့ ထိုအရာကို ကြောက်သည့်ပုံပင်။ ပြောပြီးသည်နှင့် ရင်ခွင်ထဲမှာ တအီအီနှင့် ကလေးသဖွယ် ရှိုက်ငိုနေတော့သည်......
"မငိုနဲ့တော့ နောင်လေးရယ်......ကိုယ့်ကို ကြည့်....."
သူနဲ့ မျက်နှာချင်းဆိုင်ခိုင်းကာ တည့်တည့်ကြည့်စေလိုက်ပြီး......
"အဲ့လူစီက လွှတ်မြှောက်ချင်လား"
အလျင်အမြန်ပင် ခေါင်းညိမ့်လိုက်သည်.....
"စိတ်မပူနဲ့ အဲ့ကနေ ဆွဲထုတ်ပေးမယ်......"
ထိုသို့ပြော၍ ပါးပြင်ဖွေးဖွေးလေးအား ထပ်မံ နမ်းရှိုက်လိုက်သည်......
"မမ အကြောင်းရော ပြောလေ....ရွှတ်"
မျက်ရည်တွေကို သုတ်ရင်း ပြောလာသည့် ထိုကောင်လေးက အတော်ကို စပ်စုတယ်ဘဲပြောရမယ်။ ငိုတာတောင် မရပ်သေးဘဲ သူ့အကြောင်းကို မေးလာသည်။ သို့ပေမယ့် သူမညိုညင်ပါ......
"တကယ်သိချင်တာလား......"
"အွန်း..... "
ချက်ချင်းပင် ခေါင်းငြိမ့်ပြကာ သိချင်ကြောင်းကို ထောက်ခံရှာသည်.....
ကလျာက နောင်နောင်ရဲ့ ခေါင်းလေးအား အသာပုတ်ကာ.....
"ကိုယ့်နာမည်က အံ့ကလျာနွယ်..... အသက်က 24.....Golden Lion's CEO..... "
"ဟင်!"
နောက်ဆုံးက Golden Lionဆိုတာကြောင့် နောင်နောင်အံ့သြသွားသည်.....
"ဒါဆို မမက ကျောင်းသူဟုတ်ဘူးလား....."
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းစွာ မေးလာတာကြောင့် ကလျာလဲ ပြုံးကာ....
"အလုပ်ကိစ္စကြောင့် ခဏအဲ့ကျောင်းကိုလာတာ......"
"အော်....အဲ့လိုလား....."
"ဒါပေါ့..... "
"မမက ပြုံးရင်လှတယ်......"
"ဟမ်"
နောင်နောင်ရဲ့ စကားကြောင့် ကလျာအနည်းငယ် ကြောင်သွားသည်.....
ပြုံးတယ်? သူပြုံးပြုံးနေမိတာလား? ကိုယ့်ကိုကိုယ် မယုံမှုများစွာနဲ့ဘဲ ဖြစ်နေမိသည်။ တခါမှ မပြုံးခဲ့မိပေမယ့် အခုသူမသိခင်အချိန်မှာဘဲ ထိုကောင်လေးကို ပြုံးပြနေတယ်တဲ့.....
"အင်း ကျေးဇူးဘဲ......"
"ဟိုလေ မမ"
"အင်း ဘာမေးချင်လို့လဲ နောင်လေး....."
မမက ကြည်ကြည်ဖြူဖြူဘဲ ဆိုပေမယ့် သူမေးလိုက်လို့ စိတ်ခုသွားမှာကို နောင်နောင်ကြောက်မိပါသည်......
ဒါပေမယ့် စိတ်ထဲမတင်မကျကြီးဖြစ်နေသည်ကြောင့် မေးဖို့ကိုသာ ဆုံးဖြတ်လိုက်သည်......
"မမက အံ့ရွှေရည်ဖူးနဲ့ ဘယ်လိုပတ်သတ်လဲ....."
မေးခွန်းအဆုံး၌ မမ၏ မျက်နှာဟာ စောနကနှင့်မတူတော့ပေ။ ချက်ချင်းကို မျက်နှာဟာ မဲမှောင်သွားသည်......
အမှန်တကယ်ဆို ကလျာဒေါသထွက်မိသည်က သူက ဘယ်လို ဖူးငယ်နဲ့ သိတာလဲ ဆိုတာပင်......
ဘာကိစ္စ ဖူးငယ်အကြောင်းက ပါလာရတာလဲ ဆိုတာပင်......
"ဘာကိစ္စ သိချင်တာလဲ"
မမ၏ အသံဟာ ဒေါသအနည်းငယ်ပါနေသည်။ ထို့အပြင် အညိုရောင် မျက်ဝန်းတွေဟာလည်း ဒေါသရိပ် သန်းနေသည်.....
"ဟို ဟိုဒေါသမထွက်ပါနဲ့.....တနေ့က မမတို့ကို တွဲတွေ့လိုက်လို့ပါ.....တ တမျိုးမထင်ပါနဲ့....."
မျက်ရည်တွေဝိုင်းကာ သူ့အား အထင်လွဲမှာဆိုး၍ ရှင်းပြနေသည့် ကောင်လေးကြောင့် ကလျာရဲ့ ဒေါသေတွဟာ အငွေ့လို ပြန်သွားသည်.......
"အော်.....အဲ့ကြောင့်လား.....သူက ကိုယ့်ညီမလေ ဒါကြောင့် ကျောင်းအတူပြန်တာ....."
"ဟင်"
ထပ်မံအံ့သြရသူကတော့ ရှိုင်းရင့်နောင်ဆိုတဲ့ အံ့ကလျာနွယ်၏ ရတနာလေးပင်.......
........
..................
(A/N:မီးမမှန်လို့ အပ်ဒိတ် မမှန်တာပါဗျ🤧)
ဖတ်ပေးကြသော readerလေးများအား ကျေးဇူးအထူးတင်လျက်💖🙏
#Jeon