Rewrite The Stars

ShoonLae_Thein tarafından

3.2K 383 87

ငါတို့သုံးယောက် ဘယ်အချိန်ကစပြီးမှားနေခဲ့ကြတာလဲ~ အရင်အချိန်တွေကိုပြန်လိုချင်မိတယ်~ ဘာအပူအပင် ဘာအမုန်းတရားမှမရှ... Daha Fazla

♡01♡
♡02♡
♡03♡
♡04♡
♡05♡
♡07♡
♡08♡
♡ 09(Part-1) ♡
♡ 09(Part-2) ♡
♡10♡
♡11♡
♡12♡
♡13♡
♡14♡

♡06♡

248 26 7
ShoonLae_Thein tarafından

Unicode

နန်းဆောင်ရှေ့တွင် အဝါနုရောင်ဝတ်ရုံလေးဝတ်ဆင်ထားပြီး အဝါနုရောင် ခေါင်းစည်းလေး စည်းနှောင်ထားသော အိမ်ရှေ့စံသည်  နန်းတော်အပြင်ထွက်ရမည်ဖြစ်သောကြောင့် ခုန်ဆွခုန်ဆွဖြင့် သခင်ငယ်လေးဟီဆွန်း ထွက်လာမည်ကို စောင့်ရင်း ပျော်ရွှင်နေလေသည်။

မကြာမီ နန်းဆောင်တစ်နေရာမှ အထိန်းတော်တစ်ယောက်နှင့်အတူ ထည်ဝါသော အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် သခင်လေးဟီဆွန်းတို့ ထွက်လာကြလေသည်။

နဖူးထက်တွင် အနီရောင်ခေါင်းစည်းကို စည်းထားပြီး လက်တစ်ဖက်တွင် ဓားတစ်လက်ကိုင်ဆွဲထားပုံမှာ ၁၀နှစ်အရွယ်ဟုပင်မထင်ရအောင် ခမ်းနားနေလေသည်။

ဟီဆွန်းတို့ထွက်လာသည်ကို မြင်သော် အိမ်ရှေ့စံသည် သူ့ရဲ့ခြေထောက်တိုတိုတုတ်တုတ်လေးများဖြင့် အပြေးလာပြီး ဟီဆွန်းလက်တို့အား ဆွဲကာလှုပ်ခါရင်း နှုတ်ခမ်းလေးဆူကာ ဆူပုတ်ပုတ်ဖြင့်ပြောလေသည်။

"ဟျောင်း ဘာလို့ကြာနေတာလဲ မြန်မြန်သွားမယ် မီးလိပ်ပြာတွေကြည့်ချင်ပါပြီဆို"

"မီးလိပ်ပြာတွေက ထွက်မပြေးပါဘူး ယွန်းလေးရယ်~ ဟျောင်းတို့က နှစ်ယောက်ထဲသွားမှာဆိုတော့ တောထဲမှာ အန္တရာယ်တစ်ခုခုနဲ့တွေ့မှာစိုးလို့ လိုအပ်တာတွေယူရသေးတယ်လေ"

"အဲ့ဒါဆို အခုအကုန်ပါပြီမလား သွားမယ် မြန်မြန်သွားကြမယ်"

အိမ်ရှေ့စံကိုကြည့်ရင်း အထိန်းတော်နဲ့ဟီဆွန်းတို့ အတူတူရယ်လိုက်မိလေသည်။

ဒီအိမ်ရှေ့စံပေါက်စလေးကတော့ အမြဲ သူလိုချင်တာဆို ဇွတ်တရွတ်ပဲ။

ထို့နောက် ကိုယ်ရံတော်တစ်ယောက်ခေါ်လာသည့် မြင်းနက်ကြီးကိုစီးပြီး နှစ်ယောက်ထဲထွက်လာခဲ့လေသည်။

ဒီမြင်းနက်ကြီးက သူတို့နှစ်ယောက်တောထဲသွားတိုင်း အတူတူစီးနေကျမြင်းတစ်ကောင်ပင်။ ရိုးရိုးသာမန်မြင်းတစ်ကောင်မဟုတ်ဘဲ လူပုံစံပြောင်းနိုင်သည့် စွမ်းအင်တွေနဲ့မြင်းတစ်ကောင်ပင်။

သို့သော်ထိုသို့ပုံစံပြောင်းနိုင်ရန်မှာ ဆရာကြီးမူဟို၏ဂါထာတွေအစီအရင်တွေနဲ့မှပြောင်းနိုင်မည်ဖြစ်ပြီး ထိုဆရာကြီးမူဟိုရဲ့ဝါးရုံတောက မည်သည့်နေရာတွင်ရှိမှန်းလည်း မည်သူမှမသိသောကြောင့် လူပုံစံပြောင်း၍မရပေ။ သို့သော်လည်း လူတစ်ယောက်ကဲ့သို့အရာရာကိုနားလည်သောကြောင့် သခင်လေးနှစ်ယောက် အပြင်သွားတိုင်း ထိုမြင်းနက်ကြီးကိုသာ နှစ်ယောက်အတူစီးကြလေသည်။

အသက်၇နှစ် ၈နှစ်လောက်ကတည်းက မြင်းစီးကျွမ်းကျင်ခဲ့သော သခင်လေးဟီဆွန်းက မြင်းမစီးတတ်သေးသည့် အိမ်ရှေ့စံကို ရှေ့တွင်ထားကာ သူကနောက်ကထိုင်၍ အိမ်ရှေ့စံရဲ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ဘာထိခိုက်မှုမှမရှိအောင် ကာကွယ်ပေးလေသည်။

တစ်လမ်းလုံးလည်း စကားအလွန်များသည့် အိမ်ရှေ့စံလေးကြောင့် ဟီဆွန်းမပျင်းရပေ။ လမ်းဘေးမှာ သူမမြင်ဖူး၊ မတွေ့ဖူးသည့်အရာတိုင်းအား တတွတ်တွတ်မေးတတ်လေသည်။

ထိုသို့ဖြင့် မီးလိပ်ပြာများရှိရာ လှိုဏ်ဂူဝသို့ရောက်လာလေသည်။

မြင်းပေါ်မှဆင်းလိုက်ကြပြီး‌နောက် လှိုဏ်ဂူထဲသို့ဝင်ခဲ့ကြလေသည်။ အနည်းငယ်ဆက်လျှောက်ပြီးနောက် လမ်းတစ်ဝက်အရောက်တွင်ရပ်လိုက်ကာ လက်တစ်ဖက်က အိမ်ရှေ့စံရဲ့လက်သေးသေးလေးကိုကိုင်ထားပြီး နောက်လက်တစ်ဖက်ကတော့ လှိုဏ်ဂူနံရံတွေပေါ်မှာ အိပ်စက်အနားယူနေတဲ့လိပ်ပြာတွေဆီသို့ စွမ်းအင်စီးကြောင်းတစ်ခု ပို့လွှတ်လိုက်လေသည်။

မီးစွမ်းအင်၏ အနီရောင်အလင်းတန်းနှင့်ထိတွေ့သွားသောကြောင့် မူလက ဖောက်ထွင်းမြင်နေရသည့် လိပ်ပြာအတောင်ပံများဟာ မီးလျှံများတောက်လောင်နေသည့် အနီရောင်မီးစလေး‌တွေနှယ် တောက်ပလာပြီး လှိုဏ်ဂူတစ်ခုလုံးအား လင်းထိန်သွားစေလေသည်။

စွမ်းအင်တွေကြောင့်နိုးထလာပြီဖြစ်တဲ့ လိပ်ပြာတွေဟာ စွမ်းအင်ပိုင်ရှင်၏ အမိန့်ကို တသွေမတိမ်းနာခံကြပြီး ယခုလည်း သခင်ဖြစ်သူ ဟီဆွန်းရဲ့အလိုအတိုင်း အိမ်ရှေ့စံအနားမှာ ဝဲပျံနေကြလေသည်။

အိမ်ရှေ့စံအတွက်တော့ ဒီမီးလိပ်ပြာတွေ ကြည့်ရတာကို ဘယ်တော့မှရိုးသွားမည်မဟုတ်ပေ။ မီးလျှံကဲ့သို့အတောင်ပံတွေနဲ့လိပ်ပြာတွေက မြင်နေကျသာမန်လိပ်ပြာတွေနဲ့မတူပဲ ပို၍ခမ်းနားပြီးလှပနေသောကြောင့်ပင်။

အနီရောင်မီးလိပ်ပြာတွေကြည့်ရတာက အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုဆိုရင် ထိုအနီရောင်လိပ်ပြာတွေရဲ့အလယ်က ပြုံးရယ်နေတဲ့အဝါနုရောင်လေးကိုကြည့်ရတာက သခင်လေးဟီဆွန်းရဲ့ ဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုပင်။

ဒါ့ကြောင့်လည်း အဖေဖြစ်သူအမတ်ကြီးဆီမှ အဆူအပြောခံပြီးကို အိမ်ရှေ့စံအား တစ်ပတ်တစ်ခါလောက် နန်းတော်အပြင်သို့ခေါ်သွားတတ်လေသည်။

မီးလိပ်ပြာတွေကြည့်ပြီးနောက် လှိုဏ်ဂူအပြင်သို့ ပြန်ထွက်ခဲ့ရာ သူတို့နှစ်ယောက်စီးလာသော မြင်းနက်ကြီးသည် နေရာတွင်မရှိတော့ချေ။

ဟီဆွန်း ခရာမှုတ်၍ခေါ်လိုက်သော်လည်း ရောက်မလာပေ။

အရင် ဒီလိုမဖြစ်ဖူးပါဘူး။

"ယွန်းလေး~ မြင်းက အကောင်တစ်ကောင်နောက်လိုက်ရင်း တောထဲရောက်သွားတဲ့ပုံပဲ ဟျောင်း သွားရှာလာမှာမလို့ ယွန်းလေးက ဒီမှာပဲ ထိုင်စောင့်နေခဲ့နော်"

"ဟျောင်း ကျွန်တော်လည်း လိုက်မယ်လေ"

"မလိုက်ခဲ့နဲ့ တောထဲကလမ်းကြမ်းတယ် ဒီနားကလမ်းတွေလို မဖြောင့်ဘူး ခဏလေးပဲ ဘယ်မှမသွားနဲ့ စောင့်နေနော်"

သူချော့မော့ပြောလိုက်မှ နှုတ်ခမ်းလေးမဲ့ပြီး ခေါင်းမငြိမ့်ချင်ငြိမ့်ချင် ငြိမ့်ပြလေသည်။

ဟီဆွန်း တောထဲ မြင်းရှာသွားနေစဉ် အိမ်ရှေ့စံကတော့ လှိုဏ်ဂူရှေ့က ကျောက်တုံးအကြီးကြီးပေါ်မှာ တစ်ယောက်ထဲ ထိုင်စောင့်နေလေသည်။

တစ်ယောက်ထဲ ဟိုကြည့်ဒီကြည့်လုပ်နေစဉ် ကျောက်တုံးဘေးသို့ ပစ္စည်းလေးတစ်ခု ဘုတ်ခနဲ ပြုတ်ကျလာလေသည်။

ကလေးပီပီ စပ်စုချင်သောကြောင့် ကောက်ကြည့်လိုက်သော် အညိုရောင် တြိဂံတုံးလေးတစ်တုံးဖြစ်လေသည်။

"ဘာကြီးလဲ စားစရာလား"

နှာခေါင်းဖြင့် တရှုံ့ရှုံ့အနံ့ခံပြီးနောက် ကိုက်ကြည့်ရန် ပါးစပ်အဟ၊ မျက်လုံးဒေါင့်မှ မြင်လိုက်ရသည်မှာ အိမ်ရှေ့စံဆီသို့ ပြေးလာနေသော ဝက်တစ်ကောင်။ အသံကျယ်ကြီးဖြင့် တဂီးဂီးအော်၍ ပြေးလာနေပုံမှာ နဂိုကတည်းက တစ်ယောက်ထဲကျန်နေခဲ့၍ အနည်းငယ်ကြောက်နေသော အိမ်ရှေ့စံအတွက် အထိတ်တလန့်ပင်။

အိမ်ရှေ့စံလေးလည်း ဘာမှမတွေးတော့ပဲ ဆန့်ကျင်ဖက်အရပ်သို့ ထပြေးလေတော့သည်။ ပါးစပ်မှလည်း ဟီဆွန်းနာမည်ကို တကြော်ကြော်အော်ရင်း နောက်မှပြေးလိုက်နေသော ဝက်ဆီမှ လွတ်ရန် ‌ပြေးနေ‌သည်မှာ လမ်းတွေလည်းမှား ဘယ်တွေရောက်လို့ရောက်မှန်းလည်း မသိတော့ပေ။

ထို့နောက် တောင်ကုန်းတစ်ခု၏ ထိပ်အထိရောက်လာခဲ့ပြီး ထိုတောင်ထိပ်ရှိ မေပယ်လ်ပင်ကြီးပေါ်သို့ ပြေးတက်လိုက်သည်မှာ အပင်ရဲ့သစ်ကိုင်းအကြီးကြီးပေါ် ဘယ်လိုရောက်သွားမှန်း မသိလိုက်ပေ။ အောက်သို့ကြည့်လိုက်သော် ဝက်ကြီးကလည်း အပင်ပေါ်သို့မော့ကြည့်နေပြီး တဂီးဂီးအော်နေလေသည်။

အိမ်ရှေ့စံလည်း ကြောက်လွန်း၍ မျက်ရည်များပင် ကျလာလေသည်။

"ဟီဆွန်းဟျောင်း~ ဟီဆွန်းဟျောင်း မြန်မြန်လာပါတော့~ အီး ဟီး"

ထိုအချိန်မှာပဲ သစ်ပင်အောက်သို့ ပြေးလာနေသည့် ခြေသံတဖုံးဖုံးကိုကြားရ၍ ဟီဆွန်းဟျောင်းအထင်နှင့် ငုံ့ကြည့်လိုက်သော် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

သူ့ကိုတော့ တဂီးဂီးအော်နေသော ဝက်က ထိုကောင်လေးကိုတော့ တစ်ခုခုကိုပြောပြနေသလို ပုံစံမျိုးမလို့ ဉာဏ်ကောင်းသည့် အိမ်ရှေ့စံလေးက တန်းသိလေသည်။

"အဲ့ဒါ မင်းရဲ့ဝက်လား"

အိမ်ရှေ့စံရဲ့အမေးကြောင့် ကောင်လေးက အိမ်ရှေ့စံကိုမော့ကြည့်လေသည်။

ထိုကောင်လေးက ဖြူစွတ်နေသောအသားအရည်နှင့် ပနံသင့်စွာ အပြာနုရောင် ဝတ်ရုံလေးနှင့်ခေါင်းစည်းလေးကို ဝတ်ဆင်ထားပြီး လည်ပင်းမှာတော့ ရေခဲပုံဆောင်ခဲလည်ဆွဲလေးဖြင့် ဆောင်ဟွန်းပင်။

"အင်း ဟုတ်တယ်"

"အဲ့ဒါဆိုလည်း မင်းရဲ့ဝက်ကို ပြန်လွှတ်လိုက်လေ ငါကြောက်တယ် သူကငါ့ကို ကိုက်ချားချင်နေတာ"

"သူက မင်းကိုကိုက်စားချင်လို့မဟုတ်ပါဘူး မင်းက သူ့အစာကိုယူသွားလို့ သူကမင်းနောက်ကို‌ပြေးလိုက်လာတာ"

ထိုအခါမှ အိမ်ရှေ့စံလေးလည်း သူ့လက်ထဲက အတုံးလေးကို အောက်သို့ပစ်ချပေးလိုက်လေသည်။

သူ့အစာကိုပြန်ရသည်နှင့် ဝက်ကလေးက ကိုက်ပြီး တောထဲပြန်ပြေးသွားလေသည်။

"မင်း အဲ့ဒီသစ်ပင်ပေါ်ကို ဘယ်လိုတက်သွားတာလဲ အမြင့်ကြီးပဲ ငါတောင်မတက်နိုင်ဘူး"

စိတ်လောနေချိန်တက်လိုက်တာကြောင့် ဒီလောက်အထိ ဘယ်လိုရောက်သွားမှန်း အိမ်ရှေ့စံလည်း မသိချေ။ အခုမှ အောက်သို့ကြည့်လိုက်သော် ကလေးတစ်ယောက်အတွက်ဆိုရင် မြေပြင်နဲ့အတော်လေးကွာဝေးနေလေသည်။

"ငါလည်းမသိဘူး ပြန်မဆင်းတတ်တော့ဘူး ဘယ်လိုလုပ်မလဲ ဟီဆွန်းဟျောင်းကိုလည်း မတွေ့တော့ဘူး"

အပင်ပေါ်တွင် ထိုင်ငိုနေသော ကောင်လေးကိုကြည့်ပြီး ဆောင်ဟွန်းလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

အရင်နေ့တွေလိုပဲ မနက်ပိုင်းတောထဲမှာလျှောက်သွားရန်ထွက်လာရင်း မြို့ထဲကသူနဲ့ရွယ်တူကောင်လေးလေးကို အမှတ်မထင် တွေ့‌ရသောကြောင့် ဆောင်ဟွန်းပျော်နေတာတော့အမှန်ပင်။

"လာ အောက်ကိုခုန်ဆင်းလိုက် ငါဖမ်းပေးထားမယ်"

"မခုန်ရဲဘူး အမြင့်ကြီးပဲ"

"မကြောက်ပါနဲ့ ငါဖမ်းပေးထားမယ် ငါ့ကိုယုံကြည်လိုက်"

အိမ်ရှေ့စံတစ်ယောက် ကြောက်သော်လည်း အကူအညီပေးမယ့်သူရှိတုန်း ခုန်ဆင်းလိုက်တာအကောင်းဆုံးလို့တွေးလိုက်သည်။ နေမမြင့်ခင် သူ ဟီဆွန်းဟျောင်းကိုလည်း လိုက်ရှာရဦးမည်။

"အဲ့ဒါဆို သေချာဖမ်းနော်"

"အင်းအင်း"

မျက်လုံးစုံမှိတ်၍ ကြောက်ကြောက်လန့်လန့်ဖြင့် ခုန်ဆင်းလိုက်သော် မထိန်းနိုင်ပဲ နှစ်ယောက်လုံး မြေပင်ပေါ်သို့ ဘုန်းခနဲ ကျလေသည်။

ဆောင်ဟွန်းက နောက်ပြန်ကျသောကြောင့် တံတောင်ဆစ်တွင် အနည်းငယ်ပွန်းသွားပြီး အိမ်ရှေ့စံလေးကတော့ လက်ထောက်လိုက်သောကြောင့် လက်ဖနောင့်မှာ ပွန်းပဲ့သွားလေသည်။

လက်ခိုက်မိသွားသောကြောင့် ငိုတော့မည့် အိမ်ရှေ့စံလေးရဲ့နှုတ်ခမ်းပေါ် ဆောင်ဟွန်းလက်ညိုးလေးတင်လိုက်ပြီး တိတ်တိတ်နေရန်ပြောလိုက်လေသည်။

"မငိုနဲ့ တောထဲမှာ လူတစ်ပိုင်းဖားတစ်ပိုင်းအကောင်ကြီးရှိတယ်တဲ့ အဲ့အကောင်ကြီးက ကလေးတွေငိုသံကြားရင် ရောက်လာတတ်တယ်တဲ့"

ဆောင်ဟွန်း၏စကားကြောင့် အိမ်ရှေ့စံလေးမှာ ‌ငိုချင်တာကိုအောင့်အီးသည်းခံပြီး အောက်နှုတ်ခမ်းလေးကိုကိုက်ကာ မျက်ရည်တွေပဲကျနေလေသည်။

"မင်းရဲ့လက်ပြ နည်းနည်းပဲပွန်းသွားတာပါ ငါ့မှာဆေးပါတယ် မင်းကိုလိမ်းပေးမယ်"

ဆောင်ဟွန်း သူ့လွယ်အိတ်လေးထဲမှာ သူကစားရင်း တစ်ခုခုနှင့်ခိုက်မိရင် လိမ်းရန်ထည့်ထားသည့် ဆေးပုလင်းလေးကို ထုတ်ပြီး အိမ်ရှေ့စံရဲ့ လက်သေးသေးနုနုလေး‌ပေါ် ဖွဖွလေးလိမ်းပေးလိုက်ပြီး သူ့နဖူးစည်းအပြာရောင်လေးကိုချွတ်ကာ စည်းပေးလိုက်လေသည်။

ထိုအခါမှ အိမ်ရှေ့စံလည်း အငိုတိတ်သွားပြီး ဆောင်ဟွန်းကို အထူးအဆန်းကြည့်နေလေသည်။

"တောထဲမှာ သခင်လေးက ဘာလုပ်နေတာလဲ သခင်လေးရဲ့မိဘတွေရော ဘယ်မှာလဲ"

ဆောင်ဟွန်းအမေးကြောင့် အိမ်ရှေ့စံလည်း ဟီဆွန်းကိုရှာရဦးမည်ကို သတိရသွားပြီး မျက်နှာလေး ညှိုးသွားလေသည်။

"ငါ့ဟျောင်းနဲ့အတူတူလာတာ အခု ဟျောင်းနဲ့လမ်းလွဲသွားပြီ"

"ထပ်မငိုနဲ့တော့ ငါ မင်းဟျောင်းကို လိုက်ရှာပေးပါ့မယ် ဒါနဲ့ ငါ့နာမည်ကဆောင်ဟွန်း မင်းနာမည်ကရော"

အိမ်ရှေ့စံ ခဏလေးတွေဝေသွားလေသည်။ အပြင်သွားခါနီးတိုင်း ဟီဆွန်းမှာနေကျစကားတစ်ခုရှိလေသည်။ သူက အိမ်ရှေ့စံဆိုတာကို ဘယ်သူ့ကိုမှမပြောရန်ပင်။

အိမ်ရှေ့စံအရင်ကတော့ ကလေးပီပီ ဒီအကြောင်းကို သိပ်မတွေးခဲ့ပေ။ အပြင်သွားတိုင်း ဘယ်လူစိမ်းနဲ့မှလည်းမတွေ့သလို၊ အချိန်တိုင်း ဟီဆွန်းက ဘေးနားမှာရှိနေသောကြောင့် သူဒါတွေစိတ်ပူဖို့မလိုပေ။

အခု သူ့ရှေ့ကကောင်လေးက မေးလာတော့ သူဘယ်လိုဖြေရပါ့။ သူ့နာမည်အရင်းကိုပဲပြောပြလိုက်ရမှာလား။

"ငါ့ ငါ့နာမည်က ဂျယ် ဂျယ်ယွန်း~"

"ဂျယ်ယွန်း ငါတို့ သူငယ်ချင်းလုပ်ကြမလား"

သူငယ်ချင်းဆိုတဲ့စကားကြားသော် အဖော်မင်တဲ့ အိမ်ရှေ့စံရဲ့မျက်နှာလေးက ပြုံးသွားပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။

ထိုအချိန်မှာပဲ အဝေးမှ ဟီဆွန်းရဲ့အသံကိုကြားလိုက်ရလေသည်။

"ယွန်းလေး ယွန်းလေး"

ဟီဆွန်းအသံကြားသော် ဂျယ်ယွန်း ချက်ချင်းပြန်၍ လှမ်းအော်လိုက်လေသည်။

"ဟျောင်း~ ဟီဆွန်းဟျောင်း"

‌အိမ်ရှေ့စံအားတွေ့သော် စိုးရိမ်တကြီးပြေးဖက်လိုက်လေသည်။

"ယွန်းလေး ဘယ်တွေရောက်နေရတာလဲ ဟျောင်းဘယ်လောက်စိတ်ပူနေရလဲ သိလား"

"တောင်းပန်ပါတယ် ဟျောင်း"

ဘေးနားမှ ဆောင်ဟွန်းကိုမြင်သော် အိမ်ရှေ့စံအား ခန္ဓာကိုယ်ဖြင့်ကွယ်လိုက်ပြီး ဆောင်ဟွန်းအား ခေါင်းအစခြေအဆုံးအကဲခတ်နေလေသည်။

"မင်းက ဘယ်သူလဲ"

"သူက ဆောင်ဟွန်းတဲ့..."

ထို့နောက် အိမ်ရှေ့စံလေးက ဖြစ်ပျက်သွားသမျှကို နှုတ်ခမ်းလေးတထော်ထော်၊ လက်ဟန်ခြေဟန်များဖြင့် ဟီဆွန်းအား ရှင်းပြလေသည်။

"ဟျောင်းကိုပြ လက်ကအများကြီးထိခိုက်သွားလား"

"နည်းနည်းလေးပဲပွန်းတာပါ ဆောင်ဟွန်းက ဆေးလိမ်းပြီး စည်းပေးထားတယ်"

အများကြီးမထိခိုက်သွားတာသေချာမှ ဆောင်ဟွန်းဖက်သို့လှည့်လိုက်ပြီး

"ကျေးဇူးတင်ပါတယ် ယွန်းလေးကို ကူညီပေးလို့"

နောက်ဆုံးတော့ သူ့ဆီကိုလှည့်ကြည့်လာပြီဖြစ်သည့် သူ့ထက်အသက်နည်းနည်းကြီးမည့်ပုံပေါ်သည့် ဂျယ်ယွန်းရဲ့အစ်ကိုဖြစ်သူကို ဆောင်ဟွန်းအနည်းငယ်တော့ရှိန်နေလေသည်။

"ရ ရပါတယ်"

"ဒါနဲ့ မင်းကရော ဒီတောထဲမှာ တစ်ယောက်ထဲဘာလုပ်နေတာလဲ"

"ဟင် ဟို ငါ ငါလည်း လာဆော့တာ ဒီတောထဲကို"

သူက ဝါးရုံတောကဆိုတာကို ပြောပြ၍မရသောကြောင့် လိမ်ပြောလိုက်လေသည်။

"မင်းလည်း လာကစားတာလား အဲ့ဒါဆို နောက်ဆိုရင် ငါတို့တူတူဆော့ရအောင်လေ ဘယ်လိုလဲ"

အဆော့မက်တဲ့အိမ်ရှေ့စံလေးကတော့ သူငယ်ချင်းအသစ်တစ်ယောက်ရမည့်အရေးကို တက်ကြွစွာလှုပ်ရှားနေလေသည်။

"ငါ ငါမင်းတို့နဲ့ အတူတူကစားလို့ရတယ်လား"

ဆောင်ဟွန်း ကိုယ့်နားကိုယ်ပင် မယုံနိုင်ပေ။

မွေးကတည်းက ဒီတောထဲမှာပဲနေရပြီး ရွယ်တူကစားဖော်လည်းမရှိပေ။ ဂီဂီနဲ့နိုနိုပဲရှိခဲ့တာ။ အခု သူငယ်ချင်းအသစ်တွေရမည်ဆိုတော့ ဆောင်ဟွန်းအလွန်ပျော်ရွှင်နေလေသည်။

"ရတာပေါ့ နော် ဟီဆွန်းဟျောင်း"

ဟီဆွန်း သိပ်သဘောမတူချင်သော်လည်း ဂျယ်ယွန်းက အရမ်းပျော်နေပုံပေါ်သောကြောင့် ခေါင်းငြိမ့်လိုက်လေသည်။

"အင်း တူတူကစားကြမယ်"

"ရေး ဒါဆို ငါတို့သူငယ်ချင်းဖြစ်သွားပြီ နောက်တစ်ခါငါတို့လာရင် ဒီတောင်ကုန်းပေါ်က ဒီအပင်ကြီးအောက်မှာပဲ တွေ့ကြမယ်နော် ဆောင်ဟွန်း"

"အင်း"

ထိုနေ့က မေပယ်လ်ပင်ကြီး‌အောက်မှာ စတင်ခဲ့သည့် သံယောဇဉ်လေးသုံးခု~

အနီရောင်အရိပ်လေးရယ်၊ အပြာနုရောင်အရိပ်လေးရယ်၊ အဝါနုရောင်အရိပ်လေးရယ်~

စတင်ချည်နှောင်ခဲ့တာကတော့ အဖြူရောင်ကြိုးတွေနဲ့ပဲ~

ဒီအဖြူရောင်ကြိုးတွေ အရောင်မပြောင်းသွားဖို့ မျှော်လင့်မိပေမယ့် လောကကြီးဟာ ဘယ်တော့မှ မျှော်လင့်သလိုဖြစ်မလာခဲ့ပေ~

long time no see~
နှစ်တစ်ရာupdateပါ updateမမှန်လို့ တောင်းပန်ပါတယ်~ မျှော်နေပေးကြလို့လည်း ကျေးဇူးတင်ပါတယ်~

Zawgyi

နန္းေဆာင္ေရွ႕တြင္ အဝါႏုေရာင္ဝတ္႐ုံေလးဝတ္ဆင္ထားၿပီး အဝါႏုေရာင္ ေခါင္းစည္းေလး စည္းႏွောင္ထားေသာ အိမ္ေရွ႕စံသည္ နန္းေတာ္အျပင္ထြက္ရမည္ျဖစ္ေသာေၾကာင့္ ခုန္ဆြခုန္ဆြျဖင့္ သခင္ငယ္ေလးဟီဆြန္း ထြက္လာမည္ကို ေစာင့္ရင္း ေပ်ာ္႐ႊင္ေနေလသည္။

မၾကာမီ နန္းေဆာင္တစ္ေနရာမွ အထိန္းေတာ္တစ္ေယာက္ႏွင့္အတူ ထည္ဝါေသာ အနီေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားသည့္ သခင္ေလးဟီဆြန္းတို႔ ထြက္လာၾကေလသည္။

နဖူးထက္တြင္ အနီေရာင္ေခါင္းစည္းကို စည္းထားၿပီး လက္တစ္ဖက္တြင္ ဓားတစ္လက္ကိုင္ဆြဲထားပုံမွာ ၁၀ႏွစ္အ႐ြယ္ဟုပင္မထင္ရေအာင္ ခမ္းနားေနေလသည္။

ဟီဆြန္းတို႔ထြက္လာသည္ကို ျမင္ေသာ္ အိမ္ေရွ႕စံသည္ သူ႕ရဲ႕ေျခေထာက္တိုတိုတုတ္တုတ္ေလးမ်ားျဖင့္ အေျပးလာၿပီး ဟီဆြန္းလက္တို႔အား ဆြဲကာလႈပ္ခါရင္း ႏႈတ္ခမ္းေလးဆူကာ ဆူပုတ္ပုတ္ျဖင့္ေျပာေလသည္။

"ေဟ်ာင္း ဘာလို႔ၾကာေနတာလဲ ျမန္ျမန္သြားမယ္ မီးလိပ္ျပာေတြၾကည့္ခ်င္ပါၿပီဆို"

"မီးလိပ္ျပာေတြက ထြက္မေျပးပါဘူး ယြန္းေလးရယ္~ ေဟ်ာင္းတို႔က ႏွစ္ေယာက္ထဲသြားမွာဆိုေတာ့ ေတာထဲမွာ အႏၱရာယ္တစ္ခုခုနဲ႕ေတြ႕မွာစိုးလို႔ လိုအပ္တာေတြယူရေသးတယ္ေလ"

"အဲ့ဒါဆို အခုအကုန္ပါၿပီမလား သြားမယ္ ျမန္ျမန္သြားၾကမယ္"

အိမ္ေရွ႕စံကိုၾကည့္ရင္း အထိန္းေတာ္နဲ႕ဟီဆြန္းတို႔ အတူတူရယ္လိုက္မိေလသည္။

ဒီအိမ္ေရွ႕စံေပါက္စေလးကေတာ့ အၿမဲ သူလိုခ်င္တာဆို ဇြတ္တ႐ြတ္ပဲ။

ထို႔ေနာက္ ကိုယ္ရံေတာ္တစ္ေယာက္ေခၚလာသည့္ ျမင္းနက္ႀကီးကိုစီးၿပီး ႏွစ္ေယာက္ထဲထြက္လာခဲ့ေလသည္။

ဒီျမင္းနက္ႀကီးက သူတို႔ႏွစ္ေယာက္ေတာထဲသြားတိုင္း အတူတူစီးေနက်ျမင္းတစ္ေကာင္ပင္။ ရိုးရိုးသာမန္ျမင္းတစ္ေကာင္မဟုတ္ဘဲ လူပုံစံေျပာင္းနိုင္သည့္ စြမ္းအင္ေတြနဲ႕ျမင္းတစ္ေကာင္ပင္။

သို႔ေသာ္ထိုသို႔ပုံစံေျပာင္းနိုင္ရန္မွာ ဆရာႀကီးမူဟို၏ဂါထာေတြအစီအရင္ေတြနဲ႕မွေျပာင္းနိုင္မည္ျဖစ္ၿပီး ထိုဆရာႀကီးမူဟိုရဲ႕ဝါး႐ုံေတာက မည္သည့္ေနရာတြင္ရွိမွန္းလည္း မည္သူမွမသိေသာေၾကာင့္ လူပုံစံေျပာင္း၍မရေပ။ သို႔ေသာ္လည္း လူတစ္ေယာက္ကဲ့သို႔အရာရာကိုနားလည္ေသာေၾကာင့္ သခင္ေလးႏွစ္ေယာက္ အျပင္သြားတိုင္း ထိုျမင္းနက္ႀကီးကိုသာ ႏွစ္ေယာက္အတူစီးၾကေလသည္။

အသက္၇ႏွစ္ ၈ႏွစ္ေလာက္ကတည္းက ျမင္းစီးကြၽမ္းက်င္ခဲ့ေသာ သခင္ေလးဟီဆြန္းက ျမင္းမစီးတတ္ေသးသည့္ အိမ္ေရွ႕စံကို ေရွ႕တြင္ထားကာ သူကေနာက္ကထိုင္၍ အိမ္ေရွ႕စံရဲ႕တစ္ကိုယ္လုံးကို ရင္ခြင္ထဲထည့္ကာ ဘာထိခိုက္မႈမွမရွိေအာင္ ကာကြယ္ေပးေလသည္။

တစ္လမ္းလုံးလည္း စကားအလြန္မ်ားသည့္ အိမ္ေရွ႕စံေလးေၾကာင့္ ဟီဆြန္းမပ်င္းရေပ။ လမ္းေဘးမွာ သူမျမင္ဖူး၊ မေတြ႕ဖူးသည့္အရာတိုင္းအား တတြတ္တြတ္ေမးတတ္ေလသည္။

ထိုသို႔ျဖင့္ မီးလိပ္ျပာမ်ားရွိရာ လွိုဏ္ဂူဝသို႔ေရာက္လာေလသည္။

ျမင္းေပၚမွဆင္းလိုက္ၾကၿပီးေနာက္ လွိုဏ္ဂူထဲသို႔ဝင္ခဲ့ၾကေလသည္။ အနည္းငယ္ဆက္ေလွ်ာက္ၿပီးေနာက္ လမ္းတစ္ဝက္အေရာက္တြင္ရပ္လိုက္ကာ လက္တစ္ဖက္က အိမ္ေရွ႕စံရဲ႕လက္ေသးေသးေလးကိုကိုင္ထားၿပီး ေနာက္လက္တစ္ဖက္ကေတာ့ လွိုဏ္ဂူနံရံေတြေပၚမွာ အိပ္စက္အနားယူေနတဲ့လိပ္ျပာေတြဆီသို႔ စြမ္းအင္စီးေၾကာင္းတစ္ခု ပို႔လႊတ္လိုက္ေလသည္။

မီးစြမ္းအင္၏ အနီေရာင္အလင္းတန္းႏွင့္ထိေတြ႕သြားေသာေၾကာင့္ မူလက ေဖာက္ထြင္းျမင္ေနရသည့္ လိပ္ျပာအေတာင္ပံမ်ားဟာ မီးလွ်ံမ်ားေတာက္ေလာင္ေနသည့္ အနီေရာင္မီးစေလးေတြႏွယ္ ေတာက္ပလာၿပီး လွိုဏ္ဂူတစ္ခုလုံးအား လင္းထိန္သြားေစေလသည္။

စြမ္းအင္ေတြေၾကာင့္နိုးထလာၿပီျဖစ္တဲ့ လိပ္ျပာေတြဟာ စြမ္းအင္ပိုင္ရွင္၏ အမိန႔္ကို တေသြမတိမ္းနာခံၾကၿပီး ယခုလည္း သခင္ျဖစ္သူ ဟီဆြန္းရဲ႕အလိုအတိုင္း အိမ္ေရွ႕စံအနားမွာ ဝဲပ်ံေနၾကေလသည္။

အိမ္ေရွ႕စံအတြက္ေတာ့ ဒီမီးလိပ္ျပာေတြ ၾကည့္ရတာကို ဘယ္ေတာ့မွရိုးသြားမည္မဟုတ္ေပ။ မီးလွ်ံကဲ့သို႔အေတာင္ပံေတြနဲ႕လိပ္ျပာေတြက ျမင္ေနက်သာမန္လိပ္ျပာေတြနဲ႕မတူပဲ ပို၍ခမ္းနားၿပီးလွပေနေသာေၾကာင့္ပင္။

အနီေရာင္မီးလိပ္ျပာေတြၾကည့္ရတာက အိမ္ေရွ႕စံရဲ႕ေပ်ာ္႐ႊင္မႈဆိုရင္ ထိုအနီေရာင္လိပ္ျပာေတြရဲ႕အလယ္က ၿပဳံးရယ္ေနတဲ့အဝါႏုေရာင္ေလးကိုၾကည့္ရတာက သခင္ေလးဟီဆြန္းရဲ႕ ဘာနဲ႕မွမလဲနိုင္တဲ့ေပ်ာ္႐ႊင္မႈပင္။

ဒါ့ေၾကာင့္လည္း အေဖျဖစ္သူအမတ္ႀကီးဆီမွ အဆူအေျပာခံၿပီးကို အိမ္ေရွ႕စံအား တစ္ပတ္တစ္ခါေလာက္ နန္းေတာ္အျပင္သို႔ေခၚသြားတတ္ေလသည္။

မီးလိပ္ျပာေတြၾကည့္ၿပီးေနာက္ လွိုဏ္ဂူအျပင္သို႔ ျပန္ထြက္ခဲ့ရာ သူတို႔ႏွစ္ေယာက္စီးလာေသာ ျမင္းနက္ႀကီးသည္ ေနရာတြင္မရွိေတာ့ေခ်။

ဟီဆြန္း ခရာမႈတ္၍ေခၚလိုက္ေသာ္လည္း ေရာက္မလာေပ။

အရင္ ဒီလိုမျဖစ္ဖူးပါဘူး။

"ယြန္းေလး~ ျမင္းက အေကာင္တစ္ေကာင္ေနာက္လိုက္ရင္း ေတာထဲေရာက္သြားတဲ့ပုံပဲ ေဟ်ာင္း သြားရွာလာမွာမလို႔ ယြန္းေလးက ဒီမွာပဲ ထိုင္ေစာင့္ေနခဲ့ေနာ္"

"ေဟ်ာင္း ကြၽန္ေတာ္လည္း လိုက္မယ္ေလ"

"မလိုက္ခဲ့နဲ႕ ေတာထဲကလမ္းၾကမ္းတယ္ ဒီနားကလမ္းေတြလို မေျဖာင့္ဘူး ခဏေလးပဲ ဘယ္မွမသြားနဲ႕ ေစာင့္ေနေနာ္"

သူေခ်ာ့ေမာ့ေျပာလိုက္မွ ႏႈတ္ခမ္းေလးမဲ့ၿပီး ေခါင္းမၿငိမ့္ခ်င္ၿငိမ့္ခ်င္ ၿငိမ့္ျပေလသည္။

ဟီဆြန္း ေတာထဲ ျမင္းရွာသြားေနစဥ္ အိမ္ေရွ႕စံကေတာ့ လွိုဏ္ဂူေရွ႕က ေက်ာက္တုံးအႀကီးႀကီးေပၚမွာ တစ္ေယာက္ထဲ ထိုင္ေစာင့္ေနေလသည္။

တစ္ေယာက္ထဲ ဟိုၾကည့္ဒီၾကည့္လုပ္ေနစဥ္ ေက်ာက္တုံးေဘးသို႔ ပစၥည္းေလးတစ္ခု ဘုတ္ခနဲ ျပဳတ္က်လာေလသည္။

ကေလးပီပီ စပ္စုခ်င္ေသာေၾကာင့္ ေကာက္ၾကည့္လိုက္ေသာ္ အညိုေရာင္ ႀတိဂံတုံးေလးတစ္တုံးျဖစ္ေလသည္။

"ဘာႀကီးလဲ စားစရာလား"

ႏွာေခါင္းျဖင့္ တရႈံ႕ရႈံ႕အနံ႕ခံၿပီးေနာက္ ကိုက္ၾကည့္ရန္ ပါးစပ္အဟ၊ မ်က္လုံးေဒါင့္မွ ျမင္လိုက္ရသည္မွာ အိမ္ေရွ႕စံဆီသို႔ ေျပးလာေနေသာ ဝက္တစ္ေကာင္။ အသံက်ယ္ႀကီးျဖင့္ တဂီးဂီးေအာ္၍ ေျပးလာေနပုံမွာ နဂိုကတည္းက တစ္ေယာက္ထဲက်န္ေနခဲ့၍ အနည္းငယ္ေၾကာက္ေနေသာ အိမ္ေရွ႕စံအတြက္ အထိတ္တလန႔္ပင္။

အိမ္ေရွ႕စံေလးလည္း ဘာမွမေတြးေတာ့ပဲ ဆန႔္က်င္ဖက္အရပ္သို႔ ထေျပးေလေတာ့သည္။ ပါးစပ္မွလည္း ဟီဆြန္းနာမည္ကို တေၾကာ္ေၾကာ္ေအာ္ရင္း ေနာက္မွေျပးလိုက္ေနေသာ ဝက္ဆီမွ လြတ္ရန္ ေျပးေနသည္မွာ လမ္းေတြလည္းမွား ဘယ္ေတြေရာက္လို႔ေရာက္မွန္းလည္း မသိေတာ့ေပ။

ထို႔ေနာက္ ေတာင္ကုန္းတစ္ခု၏ ထိပ္အထိေရာက္လာခဲ့ၿပီး ထိုေတာင္ထိပ္ရွိ ေမပယ္လ္ပင္ႀကီးေပၚသို႔ ေျပးတက္လိုက္သည္မွာ အပင္ရဲ႕သစ္ကိုင္းအႀကီးႀကီးေပၚ ဘယ္လိုေရာက္သြားမွန္း မသိလိုက္ေပ။ ေအာက္သို႔ၾကည့္လိုက္ေသာ္ ဝက္ႀကီးကလည္း အပင္ေပၚသို႔ေမာ့ၾကည့္ေနၿပီး တဂီးဂီးေအာ္ေနေလသည္။

အိမ္ေရွ႕စံလည္း ေၾကာက္လြန္း၍ မ်က္ရည္မ်ားပင္ က်လာေလသည္။

"ဟီဆြန္းေဟ်ာင္း~ ဟီဆြန္းေဟ်ာင္း ျမန္ျမန္လာပါေတာ့~ အီး ဟီး"

ထိုအခ်ိန္မွာပဲ သစ္ပင္ေအာက္သို႔ ေျပးလာေနသည့္ ေျခသံတဖုံးဖုံးကိုၾကားရ၍ ဟီဆြန္းေဟ်ာင္းအထင္ႏွင့္ ငုံ႕ၾကည့္လိုက္ေသာ္ ေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရေလသည္။

သူ႕ကိုေတာ့ တဂီးဂီးေအာ္ေနေသာ ဝက္က ထိုေကာင္ေလးကိုေတာ့ တစ္ခုခုကိုေျပာျပေနသလို ပုံစံမ်ိဳးမလို႔ ဉာဏ္ေကာင္းသည့္ အိမ္ေရွ႕စံေလးက တန္းသိေလသည္။

"အဲ့ဒါ မင္းရဲ႕ဝက္လား"

အိမ္ေရွ႕စံရဲ႕အေမးေၾကာင့္ ေကာင္ေလးက အိမ္ေရွ႕စံကိုေမာ့ၾကည့္ေလသည္။

ထိုေကာင္ေလးက ျဖဴစြတ္ေနေသာအသားအရည္ႏွင့္ ပနံသင့္စြာ အျပာႏုေရာင္ ဝတ္႐ုံေလးႏွင့္ေခါင္းစည္းေလးကို ဝတ္ဆင္ထားၿပီး လည္ပင္းမွာေတာ့ ေရခဲပုံေဆာင္ခဲလည္ဆြဲေလးျဖင့္ ေဆာင္ဟြန္းပင္။

"အင္း ဟုတ္တယ္"

"အဲ့ဒါဆိုလည္း မင္းရဲ႕ဝက္ကို ျပန္လႊတ္လိုက္ေလ ငါေၾကာက္တယ္ သူကငါ့ကို ကိုက္ခ်ားခ်င္ေနတာ"

"သူက မင္းကိုကိုက္စားခ်င္လို႔မဟုတ္ပါဘူး မင္းက သူ႕အစာကိုယူသြားလို႔ သူကမင္းေနာက္ကိုေျပးလိုက္လာတာ"

ထိုအခါမွ အိမ္ေရွ႕စံေလးလည္း သူ႕လက္ထဲက အတုံးေလးကို ေအာက္သို႔ပစ္ခ်ေပးလိုက္ေလသည္။

သူ႕အစာကိုျပန္ရသည္ႏွင့္ ဝက္ကေလးက ကိုက္ၿပီး ေတာထဲျပန္ေျပးသြားေလသည္။

"မင္း အဲ့ဒီသစ္ပင္ေပၚကို ဘယ္လိုတက္သြားတာလဲ အျမင့္ႀကီးပဲ ငါေတာင္မတက္နိုင္ဘူး"

စိတ္ေလာေနခ်ိန္တက္လိုက္တာေၾကာင့္ ဒီေလာက္အထိ ဘယ္လိုေရာက္သြားမွန္း အိမ္ေရွ႕စံလည္း မသိေခ်။ အခုမွ ေအာက္သို႔ၾကည့္လိုက္ေသာ္ ကေလးတစ္ေယာက္အတြက္ဆိုရင္ ေျမျပင္နဲ႕အေတာ္ေလးကြာေဝးေနေလသည္။

"ငါလည္းမသိဘူး ျပန္မဆင္းတတ္ေတာ့ဘူး ဘယ္လိုလုပ္မလဲ ဟီဆြန္းေဟ်ာင္းကိုလည္း မေတြ႕ေတာ့ဘူး"

အပင္ေပၚတြင္ ထိုင္ငိုေနေသာ ေကာင္ေလးကိုၾကည့္ၿပီး ေဆာင္ဟြန္းလည္း ဘာလုပ္ရမွန္းမသိေတာ့ေပ။

အရင္ေန႕ေတြလိုပဲ မနက္ပိုင္းေတာထဲမွာေလွ်ာက္သြားရန္ထြက္လာရင္း ၿမိဳ႕ထဲကသူနဲ႕႐ြယ္တူေကာင္ေလးေလးကို အမွတ္မထင္ ေတြ႕ရေသာေၾကာင့္ ေဆာင္ဟြန္းေပ်ာ္ေနတာေတာ့အမွန္ပင္။

"လာ ေအာက္ကိုခုန္ဆင္းလိုက္ ငါဖမ္းေပးထားမယ္"

"မခုန္ရဲဘူး အျမင့္ႀကီးပဲ"

"မေၾကာက္ပါနဲ႕ ငါဖမ္းေပးထားမယ္ ငါ့ကိုယုံၾကည္လိုက္"

အိမ္ေရွ႕စံတစ္ေယာက္ ေၾကာက္ေသာ္လည္း အကူအညီေပးမယ့္သူရွိတုန္း ခုန္ဆင္းလိုက္တာအေကာင္းဆုံးလို႔ေတြးလိုက္သည္။ ေနမျမင့္ခင္ သူ ဟီဆြန္းေဟ်ာင္းကိုလည္း လိုက္ရွာရဦးမည္။

"အဲ့ဒါဆို ေသခ်ာဖမ္းေနာ္"

"အင္းအင္း"

မ်က္လုံးစုံမွိတ္၍ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ခုန္ဆင္းလိုက္ေသာ္ မထိန္းနိုင္ပဲ ႏွစ္ေယာက္လုံး ေျမပင္ေပၚသို႔ ဘုန္းခနဲ က်ေလသည္။

ေဆာင္ဟြန္းက ေနာက္ျပန္က်ေသာေၾကာင့္ တံေတာင္ဆစ္တြင္ အနည္းငယ္ပြန္းသြားၿပီး အိမ္ေရွ႕စံေလးကေတာ့ လက္ေထာက္လိုက္ေသာေၾကာင့္ လက္ဖေနာင့္မွာ ပြန္းပဲ့သြားေလသည္။

လက္ခိုက္မိသြားေသာေၾကာင့္ ငိုေတာ့မည့္ အိမ္ေရွ႕စံေလးရဲ႕ႏႈတ္ခမ္းေပၚ ေဆာင္ဟြန္းလက္ညိုးေလးတင္လိုက္ၿပီး တိတ္တိတ္ေနရန္ေျပာလိုက္ေလသည္။

"မငိုနဲ႕ ေတာထဲမွာ လူတစ္ပိုင္းဖားတစ္ပိုင္းအေကာင္ႀကီးရွိတယ္တဲ့ အဲ့အေကာင္ႀကီးက ကေလးေတြငိုသံၾကားရင္ ေရာက္လာတတ္တယ္တဲ့"

ေဆာင္ဟြန္း၏စကားေၾကာင့္ အိမ္ေရွ႕စံေလးမွာ ငိုခ်င္တာကိုေအာင့္အီးသည္းခံၿပီး ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ကာ မ်က္ရည္ေတြပဲက်ေနေလသည္။

"မင္းရဲ႕လက္ျပ နည္းနည္းပဲပြန္းသြားတာပါ ငါ့မွာေဆးပါတယ္ မင္းကိုလိမ္းေပးမယ္"

ေဆာင္ဟြန္း သူ႕လြယ္အိတ္ေလးထဲမွာ သူကစားရင္း တစ္ခုခုႏွင့္ခိုက္မိရင္ လိမ္းရန္ထည့္ထားသည့္ ေဆးပုလင္းေလးကို ထုတ္ၿပီး အိမ္ေရွ႕စံရဲ႕ လက္ေသးေသးႏုႏုေလးေပၚ ဖြဖြေလးလိမ္းေပးလိုက္ၿပီး သူ႕နဖူးစည္းအျပာေရာင္ေလးကိုခြၽတ္ကာ စည္းေပးလိုက္ေလသည္။

ထိုအခါမွ အိမ္ေရွ႕စံလည္း အငိုတိတ္သြားၿပီး ေဆာင္ဟြန္းကို အထူးအဆန္းၾကည့္ေနေလသည္။

"ေတာထဲမွာ သခင္ေလးက ဘာလုပ္ေနတာလဲ သခင္ေလးရဲ႕မိဘေတြေရာ ဘယ္မွာလဲ"

ေဆာင္ဟြန္းအေမးေၾကာင့္ အိမ္ေရွ႕စံလည္း ဟီဆြန္းကိုရွာရဦးမည္ကို သတိရသြားၿပီး မ်က္ႏွာေလး ညွိုးသြားေလသည္။

"ငါ့ေဟ်ာင္းနဲ႕အတူတူလာတာ အခု ေဟ်ာင္းနဲ႕လမ္းလြဲသြားၿပီ"

"ထပ္မငိုနဲ႕ေတာ့ ငါ မင္းေဟ်ာင္းကို လိုက္ရွာေပးပါ့မယ္ ဒါနဲ႕ ငါ့နာမည္ကေဆာင္ဟြန္း မင္းနာမည္ကေရာ"

အိမ္ေရွ႕စံ ခဏေလးေတြေဝသြားေလသည္။ အျပင္သြားခါနီးတိုင္း ဟီဆြန္းမွာေနက်စကားတစ္ခုရွိေလသည္။ သူက အိမ္ေရွ႕စံဆိုတာကို ဘယ္သူ႕ကိုမွမေျပာရန္ပင္။

အိမ္ေရွ႕စံအရင္ကေတာ့ ကေလးပီပီ ဒီအေၾကာင္းကို သိပ္မေတြးခဲ့ေပ။ အျပင္သြားတိုင္း ဘယ္လူစိမ္းနဲ႕မွလည္းမေတြ႕သလို၊ အခ်ိန္တိုင္း ဟီဆြန္းက ေဘးနားမွာရွိေနေသာေၾကာင့္ သူဒါေတြစိတ္ပူဖို႔မလိုေပ။

အခု သူ႕ေရွ႕ကေကာင္ေလးက ေမးလာေတာ့ သူဘယ္လိုေျဖရပါ့။ သူ႕နာမည္အရင္းကိုပဲေျပာျပလိုက္ရမွာလား။

"ငါ့ ငါ့နာမည္က ဂ်ယ္ ဂ်ယ္ယြန္း~"

"ဂ်ယ္ယြန္း ငါတို႔ သူငယ္ခ်င္းလုပ္ၾကမလား"

သူငယ္ခ်င္းဆိုတဲ့စကားၾကားေသာ္ အေဖာ္မင္တဲ့ အိမ္ေရွ႕စံရဲ႕မ်က္ႏွာေလးက ၿပဳံးသြားၿပီး ေခါင္းၿငိမ့္ျပလိုက္ေလသည္။

ထိုအခ်ိန္မွာပဲ အေဝးမွ ဟီဆြန္းရဲ႕အသံကိုၾကားလိုက္ရေလသည္။

"ယြန္းေလး ယြန္းေလး"

ဟီဆြန္းအသံၾကားေသာ္ ဂ်ယ္ယြန္း ခ်က္ခ်င္းျပန္၍ လွမ္းေအာ္လိုက္ေလသည္။

"ေဟ်ာင္း~ ဟီဆြန္းေဟ်ာင္း"

အိမ္ေရွ႕စံအားေတြ႕ေသာ္ စိုးရိမ္တႀကီးေျပးဖက္လိုက္ေလသည္။

"ယြန္းေလး ဘယ္ေတြေရာက္ေနရတာလဲ ေဟ်ာင္းဘယ္ေလာက္စိတ္ပူေနရလဲ သိလား"

"ေတာင္းပန္ပါတယ္ ေဟ်ာင္း"

ေဘးနားမွ ေဆာင္ဟြန္းကိုျမင္ေသာ္ အိမ္ေရွ႕စံအား ခႏၶာကိုယ္ျဖင့္ကြယ္လိုက္ၿပီး ေဆာင္ဟြန္းအား ေခါင္းအစေျခအဆုံးအကဲခတ္ေနေလသည္။

"မင္းက ဘယ္သူလဲ"

"သူက ေဆာင္ဟြန္းတဲ့..."

ထို႔ေနာက္ အိမ္ေရွ႕စံေလးက ျဖစ္ပ်က္သြားသမွ်ကို ႏႈတ္ခမ္းေလးတေထာ္ေထာ္၊ လက္ဟန္ေျခဟန္မ်ားျဖင့္ ဟီဆြန္းအား ရွင္းျပေလသည္။

"ေဟ်ာင္းကိုျပ လက္ကအမ်ားႀကီးထိခိုက္သြားလား"

"နည္းနည္းေလးပဲပြန္းတာပါ ေဆာင္ဟြန္းက ေဆးလိမ္းၿပီး စည္းေပးထားတယ္"

အမ်ားႀကီးမထိခိုက္သြားတာေသခ်ာမွ ေဆာင္ဟြန္းဖက္သို႔လွည့္လိုက္ၿပီး

"ေက်းဇူးတင္ပါတယ္ ယြန္းေလးကို ကူညီေပးလို႔"

ေနာက္ဆုံးေတာ့ သူ႕ဆီကိုလွည့္ၾကည့္လာၿပီျဖစ္သည့္ သူ႕ထက္အသက္နည္းနည္းႀကီးမည့္ပုံေပၚသည့္ ဂ်ယ္ယြန္းရဲ႕အစ္ကိုျဖစ္သူကို ေဆာင္ဟြန္းအနည္းငယ္ေတာ့ရွိန္ေနေလသည္။

"ရ ရပါတယ္"

"ဒါနဲ႕ မင္းကေရာ ဒီေတာထဲမွာ တစ္ေယာက္ထဲဘာလုပ္ေနတာလဲ"

"ဟင္ ဟို ငါ ငါလည္း လာေဆာ့တာ ဒီေတာထဲကို"

သူက ဝါး႐ုံေတာကဆိုတာကို ေျပာျပ၍မရေသာေၾကာင့္ လိမ္ေျပာလိုက္ေလသည္။

"မင္းလည္း လာကစားတာလား အဲ့ဒါဆို ေနာက္ဆိုရင္ ငါတို႔တူတူေဆာ့ရေအာင္ေလ ဘယ္လိုလဲ"

အေဆာ့မက္တဲ့အိမ္ေရွ႕စံေလးကေတာ့ သူငယ္ခ်င္းအသစ္တစ္ေယာက္ရမည့္အေရးကို တက္ႂကြစြာလႈပ္ရွားေနေလသည္။

"ငါ ငါမင္းတို႔နဲ႕ အတူတူကစားလို႔ရတယ္လား"

ေဆာင္ဟြန္း ကိုယ့္နားကိုယ္ပင္ မယုံနိုင္ေပ။

ေမြးကတည္းက ဒီေတာထဲမွာပဲေနရၿပီး ႐ြယ္တူကစားေဖာ္လည္းမရွိေပ။ ဂီဂီနဲ႕နိုနိုပဲရွိခဲ့တာ။ အခု သူငယ္ခ်င္းအသစ္ေတြရမည္ဆိုေတာ့ ေဆာင္ဟြန္းအလြန္ေပ်ာ္႐ႊင္ေနေလသည္။

"ရတာေပါ့ ေနာ္ ဟီဆြန္းေဟ်ာင္း"

ဟီဆြန္း သိပ္သေဘာမတူခ်င္ေသာ္လည္း ဂ်ယ္ယြန္းက အရမ္းေပ်ာ္ေနပုံေပၚေသာေၾကာင့္ ေခါင္းၿငိမ့္လိုက္ေလသည္။

"အင္း တူတူကစားၾကမယ္"

"ေရး ဒါဆို ငါတို႔သူငယ္ခ်င္းျဖစ္သြားၿပီ ေနာက္တစ္ခါငါတို႔လာရင္ ဒီေတာင္ကုန္းေပၚက ဒီအပင္ႀကီးေအာက္မွာပဲ ေတြ႕ၾကမယ္ေနာ္ ေဆာင္ဟြန္း"

"အင္း"

ထိုေန႕က ေမပယ္လ္ပင္ႀကီးေအာက္မွာ စတင္ခဲ့သည့္ သံေယာဇဥ္ေလးသုံးခု~

အနီေရာင္အရိပ္ေလးရယ္၊ အျပာႏုေရာင္အရိပ္ေလးရယ္၊ အဝါႏုေရာင္အရိပ္ေလးရယ္~

စတင္ခ်ည္ႏွောင္ခဲ့တာကေတာ့ အျဖဴေရာင္ႀကိဳးေတြနဲ႕ပဲ~

ဒီအျဖဴေရာင္ႀကိဳးေတြ အေရာင္မေျပာင္းသြားဖို႔ ေမွ်ာ္လင့္မိေပမယ့္ ေလာကႀကီးဟာ ဘယ္ေတာ့မွ ေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ေပ~

long time no see~
ႏွစ္တစ္ရာupdateပါ updateမမွန္လို႔ ေတာင္းပန္ပါတယ္~ ေမွ်ာ္ေနေပးၾကလို႔လည္း ေက်းဇူးတင္ပါတယ္~

Okumaya devam et

Bunları da Beğeneceksin

346K 15.3K 33
The 7 Boys end up living in the same dorm and fell in love with their own roommates while disturb by the single ghost.... This is boyxboy fanfiction...
570K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
7.6K 681 9
Random Crayons for JAKEHOON •FATE (인연) •FATE (sungjake ver) •Shoot •All I want for Christmas
97.9K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...