♡08♡

158 22 8
                                    

Unicode

နက္ခတ်တာရာဌာန၏ ခေါင်မိုးထပ်တွင် မီရာတစ်ယောက် ကောင်းကင်ပေါ်မှ တလက်လက်တောက်ပနေသော ကြယ်ပွင့်လေးများကို ကြည့်ရင်း အတွေးများနေလေသည်။

ရှေ့စားပွဲပေါ်တွင်လည်း သေတ္တာငယ်လေး သုံးလုံးရှိနေပြီး ထိုသေတ္တာသုံးလုံးအနက် ဘေးဖက်ရှိနှစ်လုံးမှာ ငွေရောင်အဆင်းရှိပြီး အလယ်ရှိသေတ္တာမှာတော့ ရွှေရောင်အဆင်းရှိလေသည်။

သေတ္တာသုံးလုံးထဲမှ ဘယ်ဖက်အစွန်ဆုံးရှိ ငွေရောင်သေတ္တာငယ်အား ဖွင့်ကြည့်လိုက်သော် စကြဝဠာအတွင်းရှိ ကြယ်အစုအဝေးတစ်ခု၏ ပုံရိပ်ငယ်လေးပေါ်လာလေသည်။

ဘေးမှ ကျန်ရှိသည့် သေတ္တာငယ်နှစ်လုံးကို ဖွင့်လိုက်ရာတွင်လည်း ပုံသဏ္ဍာန်မတူညီသည့် ကြယ်အစုအဝေးပုံရိပ်ငယ်များ ပေါ်လာလေသည်။

ထိုကြယ်အစုအဝေးသုံးခုအနက် ဘယ်ဖက်နှင့်အလယ်ရှိ သေတ္တာနှစ်လုံးမှ ကြယ်အစုအဝေးနှစ်ခုဟာ သာမန်ပင်ဖြစ်သော်လည်း ညာဖက်အစွန်ဆုံးရှိ ငွေရောင်သေတ္တာငယ်၏ ကြယ်အစုအဝေးမှာတော့ အလယ်တွင် တလက်လက်တောက်ပနေ‌သည့် ကြယ်ပွင့်ကြီးရှိပြီး ထိုကြယ်ပွင့်၏ ဘေးရှိ ကြယ်ပွင့်သေးသေးလေးတွေမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့်လင်းလက်နေကာ အလယ်ရှိကြယ်ပွင့်အား ပို၍တောက်ပစေရန် ပံ့ပိုးပေးနေသကဲ့သို့ ထင်ရလေသည်။

စင်စစ် ထိုကြယ်ပွင့်ဟာ အမှန်တကယ်ကိုပင် သာမန်မဟုတ် ထူးခြားသောကြယ်ပွင့်ဖြစ်လေသည်။

ရှင်ဘုရင်ဇာတာနှင့်ကြယ်ပွင့်...

စားပွဲပေါ်ရှိ သေတ္တာသုံးလုံးဟာ မင်းမျိုးမင်းနွယ်များနှင့် နန်းတော်ထဲရှိ မှူးကြီးမတ်ရာတို့အပါအဝင် ၎င်းတို့၏မိသားစုဝင်များ၏ ဇာတာကြယ်များအား သိမ်းဆည်းထားသော သေတ္တာငယ်များဖြစ်လေသည်။

မီရာ ထိုရှင်ဘုရင်ဇာတာနှင့်ကြယ်ပွင့်ပါရှိသော သေတ္တာငယ်အား ပြန်သိမ်းယူလိုက်ပြီး ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလေသည်။

"ကာကွယ်ပေးမှာ~ ငါ့ရဲ့အသက်ကိုပေးရမယ်ဆိုရင်တောင် အဆုံးထိကာကွယ်ပေးသွားမှာ~"

Rewrite The StarsWhere stories live. Discover now