♡12♡

117 18 9
                                    

Unicode

ထိတ်လန့်စရာဖြစ်ရပ်တွေဖြစ်ပြီး ၂၄ရက်အကြာ~

ဂျီရာတစ်ယောက် မနက်ခင်းဘုရားဝတ်ပြုခြင်းအမှုပြီးနောက် အိမ်ရှေ့တွင် ပန်းပင်များအားရေလောင်းနေသော ချယ်ချယ်ကိုမေးလိုက်လေသည်။

"မနေ့ညကလည်း ဟွန်းလေးပြန်မလာဘူးလား"

ဂျီရာ့အမေးကြောင့် ချယ်ချယ်လည်း သက်ပြင်းလေးချရင်း

"ဟုတ် ပြန်မလာဘူး မမဂျီရာ~ ဟွန်းလေးကတကယ်ပဲ အဲ့တောင်ပေါ်မှာပဲနေတော့မှာထင်တယ်"

ဂျီရာလည်း ဘာမှပြန်မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ သဘောမကျတာအမှန်ပေ။

အိမ်ရှေ့စံကို နန်းတော်သို့ ပြန်လည်ပို့ဆောင်ပြီးသည့်နေ့မှစ၍ ယနေ့ထိတိုင်အောင် အိမ်ရှေ့စံရဲ့ ဘာသတင်းအစအနကိုမှမရတော့ပေ။

ဟွန်းလေးက ညနေတိုင်း မေပယ်လ်ပင်အောက်မှာသွားစောင့်နေတတ်သော်လည်း သူမျှော်နေတဲ့လူနှစ်ယောက်ကတော့ ရောက်မလာခဲ့။

ညမိုးချုပ်မှ ဝါးရုံတောသို့ပြန်လာတတ်ပြီး အရင်က အမြဲတက်ကြွနေတဲ့ကလေးက အခုတော့ အရယ်အပြုံးလည်းနည်းသွားပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေသာများနေလေသည်။

ဒီအတိုင်းကြည့်မနေနိုင်တော့တဲ့ ဂျီရာကပဲ ဆောင်ဟွန်းအပြစ်တွေမဟုတ်ကြောင်း၊ အိမ်ရှေ့စံသတင်းမကြားရတာကလည်း ကောင်းသတင်းသာဖြစ်နိုင်ကြောင်း၊ အိမ်ရှေ့စံသာ တစ်ခုခုဖြစ်ခဲ့ရင် သတင်းတွေထွက်လာနိုင်ကြောင်း အတော်လေး ဖျောင်းဖျခဲ့ရလေသည်။

ထိုအခါမှသာ အနည်းငယ် စိတ်ပြေလျော့သွားပြီး နောက်ရက်တွင်တော့ ဝါးရုံတော၏ မြောက်ဖက်စွန်းစွန်းတွင်ရှိသော တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသည့် နှင်းပွင့်အသင်္ချေတောင်ပေါ်တွင် စွမ်းအင်များဖြည့်တင်းရန်အတွက် သွားချင်ကြောင်း ပြောလာခဲ့လေသည်။

ဆောင်ဟွန်းအတွက် အများကြီး အကျိုးရှိမယ့် ကိစ္စဖြစ်သောကြောင့် ဂျီရာချက်ချင်းပင် လက်ခံခဲ့လေသည်။

သို့သော် ဂျီရာထင်ထားသည်မှာ သုံးလေးရက်ပဲနေပြီး ပြန်လာမည်ဟုထင်သော်လည်း တောင်ပေါ်သို့သွားပြီး ၇ရက်မြောက်နေ့တွင် အဖြူရောင်လင်းယုန်ငှက်တစ်ကောင် ဝါးရုံတောသို့ရောက်လာပြီး စာလွှာတစ်ခုကို ယူဆောင်လာလေသည်။

Rewrite The StarsWo Geschichten leben. Entdecke jetzt