♡ 09(Part-1) ♡

112 18 6
                                    

Unicode

လမင်းတစ်ရာအခါတော်နေ့~~~

ဆောင်းရာသီသို့ဝင်ရောက်လာပြီဖြစ်တဲ့အချိန်ကာလတစ်ခု~ တစ်နေကုန် အအေးဓာတ်က လွှမ်းခြုံထားပြီး တချို့ရက်တွေမှာဆို နေရောင်ခြည်ကိုမြင်ရဖို့တောင် သိပ်မလွယ်ကူပေ။

ထိုသို့ ရှီလာတိုင်းပြည်ရဲ့ ဆောင်းဦးကာလတွင်ရှိသော ဓလေ့ထုံးတမ်းတစ်ခု~ ရှီလာတိုင်းပြည်ကို စောင့်ရှောက်နေတဲ့ နတ်ဘုရားတွေထဲကမှ လနတ်ဘုရားမရဲ့ မွေးနေ့ရက်မြတ်။ ထိုနေ့မှာ ရှီလာတိုင်းပြည်ရဲ့ အိမ်တိုင်းအိမ်တိုင်းဟာ မီးပုံးတွေလွှတ်တင်ပြီး နတ်ဘုရားမပျော်ရွှင်အောင် လက်ဆောင်အဖြစ်ပေးအပ်ကြတယ်။

ထိုနေ့က ရှီလာတိုင်းပြည်ရဲ့ အစည်ကားဆုံးပွဲလမ်းသဘင်နေ့ဆိုလည်းမမှားဘူး။ နန်းတော်ထဲမှာဆို မနက်မိုးလင်းကတည်းက စားကောင်း‌သောက်ဖွယ်များဖြင့် မှူးကြီးမတ်ရာအပါအဝင် မင်းမျိုးမင်းနွယ်များအားလုံးအတွက် စားတော်ပွဲကြီး ကျင်းပပေးလေသည်။ ညဖက်တွင်လည်း အဆိုအကများ၊ ပြဇာတ်ပွဲများ ကျင်းပကြလေသည်။

နန်းတော်ထဲတွင်သာမက မြို့ထဲတွင်လည်း ပွဲဈေးတန်းရှည်ကြီးရှိပြီး မုန့်ပဲသရေစာများ၊ အချိုရည်၊ အခါးရည် စုံလင်စွာရရှိသော ဆိုင်းများအများအပြားရှိပြီး မြို့တော်လမ်းမပေါ်တွင် စည်ကားလျက်ရှိလေသည်။

ထိုပွဲဈေးတန်းရှည်ကြီးတွင် အိမ်ရှေ့စံနှင့် ဟီဆွန်းလည်းအပါအဝင်ဖြစ်ပြီး ကိုယ်ရံတော်များလည်းပါလေသည်။ ညဖက်တွင်လည်း အရမ်းချမ်းအေးသောကြောင့် အားလုံးက ပုံမှန်ထက်ထူတဲ့အဝတ်အစားများကိုဝတ်ဆင်ထားပြီး အိမ်ရှေ့စံလေးသည်လည်း အဝါရောင်သားမွှေးဝတ်ရုံလေးကိုဝတ်ဆင်ထားပြီး ခန္ဓာကိုယ်သေးသေးလေးက ဝတ်ရုံကြီးထဲမှာ ပျောက်နေလေသည်။ အားလုံးက သာမန်အရပ်သားဝတ်စုံများသာဝတ်ဆင်ထားသောကြောင့် သူတို့ကို မည်သူကမှ သတိမထားမိပေ။

အိမ်ရှေ့စံကတော့ ပွဲဈေးတန်းမှာ တွေ့သမျှမုန့် အကုန်လက်ညှိုးထိုးပြီး ဟီဆွန်းအား ပူဆာလေသည်။

အိမ်ရှေ့စံလေးမျက်နှာတစ်ချက်အညှိုးမခံတဲ့ သခင်လေးဟီဆွန်းကလည်း အိမ်ရှေ့စံစားချင်သမျှ လုပ်ချင်သမျှကို အကုန်လိုက်လုပ်ပေးလေသည်။

Rewrite The StarsWhere stories live. Discover now