♡ 09(Part-2) ♡

116 18 4
                                    

Unicode

*************************
အရင်အပိုင်းတွေတုန်းက ကလေးသုံးယောက်ရဲ့အသက်တွေက HS 10 yrs, JY & SH 9yrsပါ။ အခုက ငါးနှစ်ကြာပြီးဆိုတော့ HS 15 yrs, JY & SH 14yrsပါ ဒါက ဒုတိယအရွယ်ပဲရှိပါသေးတယ် နောက်ထပ်အရွယ်ရောက်လာဦးမှာပါ
ဒီဒုတိယအရွယ်ကတော့ အရမ်းမကြာပါဘူး လိုအပ်တဲ့ scene လေးတွေထည့်ပြီးရင် နောက်ဆုံးအရွယ်ကိုရောက်လာကြမှာပါ~
ဒီဒုတိယအရွယ်ကစပြီးတော့ တစ်ယောက်ကိုတစ်ယောက် 528ထက်မသိမသာလေးတွေပိုလာကြပါလိမ့်မယ်~
အားလုံး စောင့်မျှော်ပေးကြပါဦးနော်~

***********************

ရက်တွေ၊ လတွေ၊ နှစ်တွေ၊ ရာသီတွေပြောင်းလဲလာလိုက်တာ ငါးနှစ်ဆိုသည့်အချိန်ကို ကျော်လွန်လာခဲ့လေသည်။

ငါးနှစ်ဆိုသည့်အချိန်ဟာ ကလေးလေးတွေ အရွယ်ရောက်လာဖို့ အတန်အသင့်လုံလောက်သည့်အချိန်ကာလပင်။

ယနေ့လည်း ပုံမှန်နေ့တွေလိုပင် ဟီဆွန်းတစ်ယောက် မြှားပစ်ကွင်းတွင် မြှားပစ်လေ့ကျင့်နေလေသည်။

အနီနှင့်အနက်ရောယှက်ထားသော ဝတ်ရုံကိုဝတ်ဆင်ထားပြီး နဖူးပေါ်ရှိ အနီရင့်ရောင်နဖူးစည်းနှင့် စူးရှကာပြတ်သားသော မျက်ဝန်းတို့၏ပိုင်ရှင် သခင်လေးဟီဆွန်းဟာ ၁၅နှစ်အရွယ် အထက်တန်းလွှာသခင်လေးတစ်ယောက်၏ အရောင်အဝါများတောက်ပနေသည်မှာ မျက်စိကျိန်းလောက်အောင်ပင်။

အခုလည်း ဒုန်းဆိုင်းပြေးနေသော မြင်းပေါ်မှနေ၍ ပစ်ကွင်း၏ပတ်ပတ်လည်တွင်ထောင်ထားသော ပစ်မှတ်ပြားတွေဆီသို့ မြှားတွေတစ်ချောင်းပြီးတစ်ချောင်းပစ်နေသည်မှာ ပစ်မှတ်၏ဗဟိုသို့ မထိသည့်မြှား တစ်ချောင်းတစ်လေမှ မရှိချေ။

နောက်ဆုံးကျန်သည့်မြှားတစ်ချောင်းအား ပစ်မှတ်ဆီသို့ အသေအချာချိန်ရွယ်လိုက်ပြီးပစ်လိုက်လေသည်။

အဖျားတွင် အနက်ရောင်ငှက်မွှေးလေးများပါသည့် မြှားလေးဟာ လေဟုန်ကိုခွင်းပြီး ပစ်မှတ်၏ ဗဟိုတည့်တည့်သို့ လှလှပပလေးစိုက်ဝင်သွားခဲ့လေသည်။

ဟီဆွန်း ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် အနောက်ဖက်မှ လက်ခုပ်သံတစ်ခုကြားလိုက်၍ လှည့်ကြည့်လိုက်ရာ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ အိမ်ရှေ့စံလေးကိုတွေ့လိုက်ရလေသည်။

Rewrite The StarsWhere stories live. Discover now