♡03♡

240 27 2
                                    

UNICODE

"ယောင်းမီ နင့်ကလေးကိုသေချာဂရုစိုက်နော် နင့်ကလေးက သာမန်ကလေးတစ်ယောက်မဟုတ်ဘူး အဲ့ဒါကို ငါမြင်နေရတယ်"

ဘေးနားတွင် တုတ်ကောက်တစ်ခုကိုကိုင်ထားသော မျက်မမြင်အဖွားအိုတစ်ယောက်ဟာ ကလေးငယ်လေးတစ်ယောက်ကိုချီ၍ မြင်းလှည်းပေါ်တတ်ရန် ပြင်ဆင်နေသော နောက်ထပ်မျက်မမြင်ကောင်မလေးကို ပြောနေလေသည်။

"ဟုတ်ကဲ့ အဖွား စိတ်မပူပါနဲ့ ကျွန်မသားလေးကို သေချာစောင့်ရှောက်မှာပါ"

ထိုသူတို့ကား မှင်စာရွာရှိ စွမ်းအင်များဖြင့်မွေးဖွားလာသော ကလေးလေး၏မိခင်ဖြစ်သူ မီယောင်းနှင့် မှင်စာမျိုးနွယ်စု၏ခေါင်းဆောင် အဖွားအိုတစ်ယောက်ပင် ဖြစ်လေသည်။

မျက်မမြင်မိခင်ဖြစ်သူ၏လက်ထဲရှိ အနှီးထုပ်လေးထဲတွင်တော့ ရက်သားသာရှိဦးမည့် မွေးကင်းစကလေးငယ်လေးဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။

ကလေးငယ်၏မိခင်ဖြစ်သူကို နန်းတော်မှလာခေါ်သော ရဲမက်တစ်ယောက်က လှည်းပေါ်သို့ ကူညီ၍တင်ပေးလိုက်လေသည်။

"ကဲ ပြီးပြီဆိုရင် သွားကြမယ် မကြာခင်မှောင်လာတော့မှာ မိုးမချုပ်ခင် မြို့ထဲရောက်မှဖြစ်မယ်"

ရဲမက်၏စကားကြောင့်

"အဲ့ဒါဆို ကျွန်မတို့သွားလိုက်ပါဦးမယ် အဖွား"

"အေးအေး လမ်းခရီးမှာဂရုစိုက်ကြနော်"

ထို့နောက် မြင်းလှည်းသည် တငြိမ့်ငြိမ့်ဖြင့် မောင်းထွက်သွားလေသည်။ မြင်းလှည်း၏ဘေးတစ်ဖက်တစ်ချက်တွင်တော့ မြင်းစစ်သည်နှစ်ယောက်သာလျှင် ပါရှိလေသည်။ ထိုရဲမက်နှစ်ယောက်မှာလည်း အမတ်ကြီး၏လူများပင်ဖြစ်လေသည်။

မြို့ထဲသို့မရောက်ခင် တောင်ကုန်းတစ်ခုကိုဖြတ်ရသေးလေသည်။ ထိုတောင်ကိုပတ်၍တောင်ပတ်လမ်းအတိုင်းသွားပြီးမှသာ မြို့ထဲသို့ဝင်သည့်ဂိတ်သို့‌ရောက်ရှိမည်ဖြစ်လေသည်။ သို့ရာတွင် ထိုတောင်ပတ်လမ်း၏ ဘေးတစ်ဖက်သည် ဘာအကာအကွယ်မှမရှိဘဲ အောက်ဖက်သည်လည်း သစ်ပင်ချုံနွယ်များနှင့် ကျောက်ဆောင်များသာရှိသော ချောက်တစ်ခုဖြစ်လေသည်။ ထို့ကြောင့် ထိုတောင်ပတ်လမ်းတွင် မတော်တဆ မြင်းလှည်းသည် ချောက်ထဲသို့ကျသွားသည့်ပုံစံဖြင့် ကလေးငယ်အားလုပ်ကြံရန် စီစဉ်ထားကြလေသည်။

Rewrite The StarsWhere stories live. Discover now