ကျောင်းတက်သည်နှင့် အတန်းတိုင်း ကျောင်းသားတွေဟာ အပြည့်ဖြစ်သွားသည်......
ဖူးငယ်တို့ကလည်း သူတို့၏ အတန်းဆီကို သွားကြလေပြီ.......
အံ့ကလျာနွယ်ကတော့ အခုချိန်ထိ ထိုင်ရာကနေမထသေးပေ.......
"ဟိတ်....."
အသံဟာ မိန်းမတစ်ယောက်ရဲ့အသံဆိုတာထက် Omegaတစ်ယောက်ရဲ့ အသံဆိုပိုမှန်လိမ့်မည်.......
အသံကြောင့် ခေါင်းကိုမော့ကြည့်လိုက်တော့ ခပ်ယဉ်ယဉ်လေးပြုံးပြနေတဲ့ ကောင်လေး......
"မင်းက စီးပွားရေးမေဂျာ နောက်ဆုံးနှစ် အခန်းAက ကျောင်းသားသစ်လား?....."
"ဟုတ်ပါတယ်......"
"ဒါဆို ဆရာနဲ့ လိုက်ခဲ့ပေးပါ....."
ဘာမှထက်မပြောဘဲ ထလိုက်ပြီး ထိုဆရာဆိုတဲ့ လူနောက်ကိုလိုက်သွားလိုက်သည်.............
....…...........
.........................
"ခဏဒီမှာနေ....."
ထိုဆရာက ထိုသို့ပြော၍ အတန်းထဲသို့ဝင်သွားသည်......
ဘာတွေပြောနေလဲတော့ မသိပေမယ့် ခြေဟန်လက်ဟန်နဲ့ပြော နေတာက တကယ်ကို ရယ်စရာပင်.......
လှတယ်ဆိုပေမယ့် ကလျာစိတ်မဝင်စားပါ.....
သူသိသည်။ ထိုဆရာက သူကိုတွေ့ကထဲက သူ့အား မြူဆွယ်နေတာကိုပေါ့......Pheromone တွေ မသိမသာထုတ်လွှတ်နေတာကို သိသည်......
အစက စိတ်ဝင်စားသလိုဖြစ်ခဲ့ပေမယ်......
လည်ပင်းက Markingတွေကိုတွေ့ပြီးကထဲက မကြိုက်တော့တာ.......
Wait....သူက အစကထဲက မကြိုက်ဘူး စိတ်ဘဲဝင်စားတာ.....အဲ့လိုအများသုံးတွေကို အံ့ကလျာနွယ်က စိတ်မဝင်စားဘူး........
"ဝင်ခဲ့ပါ..... "
ထိုအသံကြားမှ အသိဝင်ကာ အတန်းထဲကိုဝင်လိုက်သည်.....
"အားလုံးဘဲ ဒါက ဒီအတန်းရဲ့ ကျောင်းသားအသစ်.......နှုတ်ဆက်လိုက်ပါဉီး ချာတိတ်....."
ချာတိတ်လို့ခေါ်တာကို သိပ်ဘဝင်မကျချင်ပေမယ့် တပည့်တယောက်အနေနဲ့ အားလုံးကို နှုဆ်ဆက်လိုက်သည်......
"နာမည်က အံ့ကလျာနွယ်....... "
ထိုသို့ပြောပြီး အခန်းကြီးက တိတ်ဆိတ်သွားသည်........
"ဘာလဲ နောက်ထပ်ရေခဲတုံးဘဲလားဟ......"
"ဟယ် ချေလိုက်တာ....."
"ငါတို့အတန်းက ကြာရင် အန္တာတိကတိုက်ဖြစ်တော့မယ် ရေခဲတုံး နှစ်ယောက်နဲ့......"
အသံအမျိုးမျိုးထွက်လာပေမယ့် ကလျာက ဂရုမစိုက် ဒါနဲ့........
နောက်ဆုံးတန်းက တစ်ယောက်ကတော့ သူ့ကို ခပ်စူးစူး စိုက်ကြည့်နေသည်ကို သတိထားမိသည်.......
*ဆိုတော့ သူက မိုးပြည့်စုံပေါ့.....*
စိတ်ထဲကနေ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်.....
Missionအရ မိုးပြည့်စုံ ကိုသူ့လက်ထောက်အဖြစ် စည်းရုံးရမည်ဟု ပါဝင်နေသည်......
ခက်တာက နှစ်ယောက်လုံးဟာ ရေခဲတုံးတွေလေ ဘယ်သူ့ဘက်ကမှ စပြီးအခေါ်အပြောလုပ်မည့်ပုံမပေါ်......
"ကလျာ ဟိုနောက်ဆုံးခုံရဲ့ အရှေ့ကခုံမှာ သွားထိုင်....."
"ဟုတ်ကဲ့ ဆရာ"
*အာfuck!! တစ်သက်လုံး ကိုယ့်ကိုbossလို့အခေါ်ခံရပေမယ့် သူများကို ဆရာလို ခေါ်ရမယ်ဆိုတာ လံုးဝမဖြစ်သင့်ဘူး....*
စိတ်ထဲမှာ မကျေနပ်ချက်များစွာနဲ့ဘဲ ထိုင်ခိုင်းတဲ့ ခုံမှာ သွားထိုင်လိုက်သည်......
"ဟေး....."
"ဟမ်....."
အသံက သူ့ကိုခေါ်နေတဲ့ အသံဖြစ်တာကြောင့် လှည့်ကြည့်မိတော့......
ဖြူဖြူဖွေးဖွေး ကောင်မလေးတယောက်က ရယ်ပြနေသည်.....
"ငါ့ကို ခေါ်တာလား..."
မေးလိုက်တော့ ခေါင်းငြိမ့်ပြကာ.......
"အွန်း.....ငါ့နာမည်က ဖြိုးမြတ်ဟေသာပါ....ဒါကတော့ ငါ့သူငယ်ချင်း မိုးပြည့်စုံပေါ့..... ငါက နင်နဲ့သူငယ်ချင်းဖြစ်ချင်လို့ ရတယ်မလား......"
စကားတွေကို စာဖတ်သလို ဇွတ်တွေ တရပ်ဆက်ပြောသွားတော့ ကလျာတောင် ကြောင်သွားသည်........
"ဟမ်....အင်း....."
အရောင်ရောင်အမှားမှား နဲ့ အင်းဆိုပြီးသာ ဖြေလိုက်သည်.....
"ဟေသာ စကားမများနဲ့..... "
"နင်ကလဲ..... "
အနောက်က မိုးပြည့်စုံ ပြောလိုက်တာကြောင့် ဟေသာတယောက် နှုတ်ခမ်းလေးဆူကာ အရှည့်ကို လှည့်သွားသည်......
*အဟက်! ၂ယောက်လုံးကို စည်းရုံးရမယ်ပေါ့*
အတွေးစဖြင့် နှုတ်ခမ်းထက်၌ အပြုံးတစ်ခု စက္ကန့်တောင်မကြာလိုက် မည်သူမျှမသိမမြင်လိုက်......
.............
...................
*တောင် တောင်*
နေ့လယ်စာစားချိန်မလို့ ကျောင်းသားတွေအားလုံး အတန်းတွေထဲကထွက် အတန်းလစ်သူကလစ် canteen သွားသူကသွားဖြင့် ဆူညံနေသည်......
"ကလျာ ငါတို့နဲ့အတူသွားရအောင်......"
ခေါင်းသာငြိမ့်ပြရင်း ခုံကနေထလိုက်သည်.....
"ဒါဆို ခဏနော်..... နင်တို့စကားပြောနှင့်....."
"ဘာ"
"ဘယ်လို"
၂ယောက်လုံးစီက အာမေဋိအသံထွက်လာခဲ့သည်...
သို့ပေမယ့် ဟေသာကတော့ ပြေးထွက်သွားလေသည်.....
"ကျစ်! ဟေသာကတော့ကွာ...."
စုပ်သက်တစ်ချက်သက်ကာ စိတ်ပျက်နေတဲ့ ပြည့်စုံကိုကြည့်ပြီး ကလျာအမြင်ကပ်လာသည်......
"ငါက ဘာမို့အဲ့လိုဖြစ်နေတာ...."
ထိုသို့ ဘောက်ဆက်ဆက် မေးလာတော့ အတွင်းစိတ်က အနည်းငယ် အားနာမိသော်လည်း အပြင်ပိုင်းမှာက မပြချေ......
"ဘာ....မှ မဟုတ်ဘူး....."
တဖန် အခန်းကပြန်တိတ်ဆိတ်သွားပြီး လူ၂ယောက်ရဲ့ အသက်ရှုသံ ပြင်းပြင်းတွေသာ ကြားနေရသည်......
"ငါ့နာမည်က မိုးပြည့်စုံ..... "
စတင်နှုတ်ဆက်လာတာကြောင့်.....
"အံ့ကလျာနွယ်....."
"အင်းသိတယ်......"
သိတယ် ဆိုတာကြောင့် မျက်ခုံးတွေ ပင့်သွားရသည်......
"အဟက် Golden Lion's CEOကို မသိတဲ့သူက ရှားတယ်...."
"တစ်ကျောင်းလုံးငါ့မသိဘူးလေ......."
"ဒါမယ့် ငါသိတယ်လေ....."
"အဟက်"
စောနက အေးဆက်ဆက်လူ၂ယောက်က အခုချိန်တွင် စကားတပြောပြောနှင့် သူငယ်ချင်းတွေပင် ဖြစ်နေပြီ......
"ယူအုံးမလား....."
ကမ်းပေးလာတဲ့ cigaretteတစ်လိပ်ကိုယူပြီး အတူတူဖွာလိုက်တယ်......
"အစကတော့ မင်းကိုကြည့်မရဘူး....."
ဆေးလိပ်ဖွာရင်း သူ့အားကြည့်၍ ခပ်တိုတိုဖွင့်ဟလာသည်ကြောင့် ကလျာပြန်မေးလိုက်သည်......
"ဘာလို့လဲ "
တစ်ချက်ပြုံးကာ.....
"ဟေသာကို လုမယ့်သူမှတ်လို့"
"....."
"အဲ့လိုပြောလို့လဲ ဟေသာကို ငါကသဘောကြနေတာမဟုတ်ဘူး..... ဟေသာက ငါနဲ့ ဖေတူမေကွဲတွေ......ငါ့အမေဆုံးပြီးတဲ့နောက် အဖေက နောက်အိမ်ေထာင်ပြုခဲ့တယ်.....အစကတော့ သိပ်အဆင်မပြေပေမယ့်......နောက်ကျ ဟေသာအမေက ငါ့ကိုဂရုစိုက်တယ်......
အထူးသဖြင့် ဟေသာကိုယ်တိုင်ဘဲ.....
ငါ့ထက် လပိုင်းငယ်တော့ ငါ့အပေါ်ဆိုလို့ရင် ဆိုးတယ်...... မိထွေးဆိုပေမယ့် ငါ့အတွက် ဟေသာအမေက မိခင်အရင်းဘဲ......."
"အဟက်!"
အသက်မပါသည့် ရယ်သံဖြင့်သာ ကလျာတုန့်ပြန်လိုက်သည်......
"ကံကောင်းလိုက်တဲ့ ပြည့်စုံ နာမည်နဲ့ကိုလဲ လိုက်ဖက်ပါပေတယ်........"
ကျောပေးကာ ဝမ်းနည်းနေတဲ့ အသံဖြင့် ပြောလာတာကြောင့်......
"ဘာလို့ အဲ့လိုပြော.......
"ငါက နင်နဲ့ဆန့်ကျင်ဘက်......"
TBC
မိုးပြည့်စုံ
ဖြိုးမြတ်ဟေသာ