ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇ...

By koimai

1.4K 114 4

This story not belong to me, If you fine any mistakes that was be my faults. (ပထမဆုံးစပြန်တာ မို့ ဖတ်ရတာ အဆင... More

Summary
Ch-1 သူ(မ)နိုးထလာချိန် သူ(မ)မှာဘယ်လိုလုပ်ပြီးသမီးတစ်ယောက်ရှိနေရတာလဲ?
Ch-2 သူ(မ)နိုးထလာချိန် သူ(မ)မှာ ဘယ်လိုလုပ်ပြီးသမီးတစ်ယောက်ရှိနေရတာလဲ?
Ch-3
Ch-4
CH-5
CH-6
CH 7
CH - 8
Ch-9
Ch-10
CH-11
CH-12
CH-13
CH-14
CH-15
CH-16
CH-17
CH-18
CH-19
CH-20
CH-21
CH-22
CH-24
CH-25

CH-23

36 4 0
By koimai

CH-23 *ညီမဖြစ်သူကို မနာလိုနေတဲ့ ရန်ငယ်လေး ! (2)*

ခနအကြာတွင် ဟင်းများချက်ပြုတ်ပြီးစီးပြီဖြစ်ရာ ; ဝက်သုံးထပ်သား , ကြက်သားကြော် ,ဘေကွန်ကညွှန့်ထုပ်, ကျောက်ပုစွန်, ရှဉ့်ပုံစံ ငါးဟင်း, လက်ဆက်တဲ့အရွက် ကြော်နှစ်ပွဲနဲ့အတူ ဝက်သားစွပ်ပြုတ် ဟင်း

T/N -pork belly,( ဝက်သုံးထပ်သားဟင်း)

T

/N - fried chicken(ကြက်သားကြော်)

T/N -asparagus wrapped with bacon,(ဘေကွန် ကညွှန်ထုတ်)

T/N -baked lobster stuffed with cheese and garlic (ချီစ့် ကြက်သွန်အစာသွတ် ၍ဖုတ်ထားသောကြောက်ပုဇွန်)



T/N- sweet and sour fish in squirrel shape (ချိုချဉ်အရသာ ရှဉ်ပုံစံ ငါးဟင်း)

T/N-a pot of pork rib soup (ဝင်နံရိုးစွပ်ပြုတ်)


မိန့်ယူရန် ရဲ့ခန္ဓာကိုယ် ပုံစံက ယိုင်နဲ့နဲ့လေးရယ် သူမ ဒီနှစ်ရက်တွင်းမှာ ကလေးနှစ်ယောက်ရဲ့ အစားသောက်ကြိုက်နှစ်သက်မူနဲ့ ပတ်သက်ပြီးသိသင့်သလောက်သိထားပြီးဖြစ်သည်။ ဆယ်ကျော်ကောင်လေးက အသားစားသတ္တဝါလေး သူ့အနီးမှာရှိတဲ့ အရွက်ကြော်ကို ထည့်မစားဘူး..

မိန့်ရှင်းရှင်း ကတော့ ပျိုးထောင်ဖို့လွယ်ကူတယ်။ သူမက အစားမရွေးပေ သူမ စားချင်စိတ်ရှိနေသ၍ စားပွဲပေါ်ရှိ ဟင်းများကို ထည့်စားတယ်။ သူမရဲ့တူနဲ့ လက်လှမ်းမမှီတဲ့ အဝေးရှိဟင်းပွဲတွေကို ထည့်မစားနိုင်တာက လွဲလို့ပေါ့ ။ ဘယ်လိုပင်ဖြစ်စေ လင်းရီရီ အနေနဲ့ သူမလေး လက်လှမ်း မမှီသောဟင်းကိုယူပြီး သူမလေး ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။

သူမ ခန့်မှန်းချက်မှန်ကန်တယ် မိန့်ယူ့ရန်က သူ့အရှေ့မှာထားပေးထားတဲ့ အရွက်ကြော် ကိုထည့်မစားဘူး သူ့တူရဲ့ ဦးတည်ရာက သူ့အဝေးရှိ ဝက်သားဟင်း ရှိရာမှာပဲ

အသားရယ် အရွက်ရယ် ရောထားတဲ့ အရည်ရွှမ်းရွှမ်း သုံးထပ်သားကို ယူလိုက်ချိန် သူရဲ့ ပျော်ရွှင်မူကိုပါ ခံစားလိုက်ရပြီး ကျေနပ်မူကြောင့် သူ့၏မျက်လုံးများပင် မှိတ်ချသွားရတယ်။

တစ်စုံတစ်ယောက်က သူမချက်တဲ့ ဟင်းတွေကို အရသာရှိရှ်ိ စားသုံး‌ နေတာမြင်ရတာ ဘယ်လိုတောင်စိတ်ကျေနပ်စရာကောင်းလိုက်သလဲ

လင်းရီရီ က ပန်းကန်လုံးလေး နှစ်လုံးကိုယူ၍ စွပ်ပြုတ်ထည့်ပေးလိုက်ပြီး ကလေးနှစ်ယောက် ရှေ့ချပေးလိုက်လေသည်။ ခနတွင်း သူမက တစ်စုံ
တစ်ခုကို အမှတ်ရသွားဟန်ဖြင့် " အို.. ရှင်းရှင်းရဲ့ မွေးနေ့က မကြာခင်လာတော့ မှာပဲဟုတ်တယ်မှတ်လား "

ဧပြီလရဲ့နောက်ဆုံး နေ့ရက်က မိန့်ရှင်းရှင်း‌လေး မွေးနေ့ပါ သူမ ကTaurus(ပြိဿ) ရာသီဖွားလေးပင်။သူမ လေးက သူမရဲ့အသွင်ပြင်နဲ့ ပတ်သက်ပြီး အတော်ဂရုစိုက်တယ် သူမရဲ့ ခံယူချက်တွေကလဲ ခိုင်မာပြီး စိတ်ခံစားချက်များနဲ့ အတွေးတွေ ပြောင်းလဲရန်လဲ အချိန်အတော်ယူရသူလေးဖြစ်သည်။

နှိုင်းယှဉ် ကြည့်ရင် Scorpio(ဗြိစ္ဆာ) ရာသီဖွား ဖြစ်တဲ့ မိန့်ယူ့ရန် က ပိုပြီးစိတ်ရှည်သည်းခံ လေသည်။

သို့ရာတွင် Scorpio(ဗြိစ္ဆာ) ရာသီဖွားတွေက အထိမခံ ရွှေပန်းကန်လေးတွေပင် ။ထိုရာသီဖွားလေးတွေက တခြားသူများအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းအားကောင်းပြီး လူ့သဘောသဘာဝ ဆိုင်ရာ ထိုသိမြင်နိုင်မူကို ၎င်း တို့ရဲ့ အကျိုးတွက် အသုံးချတတ်ကြသည်တဲ့လေ။ web ဝတ္ထုထဲမှာဗီလိန် တွေရဲ့အမြတ်ထုတ်မူနဲ့ လုပ်ဆောင်ချက်များကို အသေးစိတ်ဖော်ပြထားတယ်။

ထိုကောင်လေးက အခုမှ အရွယ်ရောက်ခါစဖြစ်ပြီး အထက်တန်းပင် အောင်သေးသည်မဟုတ် ဒါကြောင့် ထိုအရူပ်ထုတ်တွေနဲ့ ရောယှက်နေမည်မဟုတ်။

ဒါပေမဲ့ ဝတ္ထု ထဲကအတိုင်းဖြစ်လာမယ်ဆိုရင်တော့ သူ့ဘဝတွက် ဆိုးရွာတဲ့ထိခိုက်မူဖြစ်လာလိမ့်မယ်။ သူ့မိဘတွေနဲ့ ပတ်သက်ပြီး အထင်သေးတာ‌ တွေအပြင် စိတ်ပျက်မူတွေပါ ရရှိလာလိမ့်မည်။ အဆုံးသက် မှာတော့ သူက ဖခင်ဖြစ်သူကိုတောင် လက်စားပြန်ချေလာနိုင်ပြီး အရွယ်ရောက်လာတဲ့အခါ ပိုပြီးအေးစက်စက် နိုင်လာလိမ့်မည်။

မိခင်ဖြစ်သူ စကားကြောင့် မောင်နှမနှစ်ယောက်မှာ သူ့တို့မိခင်အားပြိုင်တူမော့ကြည့်မိလေသည်။

"မွေးနေ့က နောက်အပတ်ထဲမှာ"

လင်းရီရီက မိန့်ရှင်းရှင်းရဲ့ ဆံပင်လေးတွေကို သပ်ပေးလိုက်ပြီး "မွေးနေ့ကျရင် ရှင်းရှင်း မေမေကိုယ်တိုင်လုပ်ပေးတဲ့ ice cream cake လိုချင်လား?"

မိန့်ရှင်းရှင်း လေးက အရမ်းကိုပျော်ရွှင်သွားရဟန်ဖြင့် သူမ ခေါင်းကို တဆက်ဆက်ငြိမ့် ခါ "လိုချင်တယ်"

မိန့်ရှင်းရှင်းလေးက အချိန်ခန ယူလိုက်ပြီး ခေါင်းမော့ခါ  " သမီးရဲ့ အတန်းဖော်တွေကိုရော ခေါ်လို့ရလား?"

သူမ မိခင် ငြင်းပယ်မှာကိုသိပင်မဲ့ ယုံကြည်မူ အနဲငယ်ထားခါ မေးလိုက်ခြင်းဖြစ်လေသည်။

သူမ‌လေးရဲ့ယူဆချက်က အကျိုးကြောင်းဆီလျှော်တယ်။ သူတို့မောင်နှမ နှစ်ယောက်အနေနဲ့ လင်းရီရီ ရဲ့ မကြာသေးမှီပြောင်းလဲသွားမူက သူတို့ရဲ့ မွေးနေ့ကိုပါ ဂရုစိုက်ပေးတဲ့နေ့ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မ‌မျှော်လင့်ထားတာကြောင့်ပင်....

ပြီးတော့ မွေးနေ့ကိတ် ကိုပါ ကိုယ်တိုင်လုပ်ပေးလိမ့်မယ်လို့ပေါ့....

"ရတာပေါ့ ,ခေါ်လိုက်လေ.."

လင်းရီရီက အသိမှတ်ပြုခါ ပြုံးလိုက်ပြီး" မေမေတို့ ပြီးမှ  မွေးနေ့ဖိတ်စာတူတူလုပ်ကျမယ် သမီးသူငယ်ချင်းတွေကိုကျောင်းသွားရင် ဖိတ်လိုက်ပေါ့ , ဘယ်လိုလဲ"

အမေနဲ့ သမီးဖြစ်သူတို့တစ်ယောက်နဲ့တစ်ယောက်ကြည့်ခါပြုံးနေကြပြီး သဟဇတ ဖြစ်နေပုံပင် ။ ပန်းရောင် ပူဖောင်းလေးတွေ လေထဲပျံ့ဝဲသွားသလို စိတ်ကူးယှဉ်နိုင်ပြီး ထိုသားအမိကိုကြည့်ပြီး ဘေးကလူကိုပါ ပြုံးပျော်စေသည်။

လှပတဲ့မြင်ကွင်းလေးတစ်ခုဖြစ်နေပင်မဲ့ ဘေးမှာထိုင်နေတဲ့ တည်ငြိမ်‌ နေသ ယောင် ဆယ်ကျော်သက်ကောင်လေးကတော့ ရုတ်တရပ်ဆိုသလိုတူကိုတင်းကြပ်အောင် စုပ်ကိုင်မိသွားလေသည်။

တခနအတွင်းမှာ မိန့်ယူ့ရန် အနေနဲ့သူ့ဘဝ မှာပထမဆုံး အနေဖြင့် ညီမဖြစ်သူအားမနာလိုဖြစ်မိခြင်းပင်။

စာရေးသူအမှာစာ - ကလေးနှစ်ယောက်မှာကွဲပြားတဲ့ စရိုက်တွေရှိပြီး သူတို့က ရယ်ချင်စရာလဲကောင်းတယ် သူတို့ကိုကြည့်ပြီး စာရေးသူလဲ ကလေးလေး လိုချင်လာပြီ !

(#km ရဲ့လိုအပ်ချက်ကြောင့်တချို့နေရာလေးတွေဖတ်ရာ ထောက်နေခဲ့ရင်  သွေ့ပုကျိ ပါဗျာ😁" )

******
Zawgyi version








































Continue Reading

You'll Also Like

1 0 1
24 Hours Reply/Contacts Skype: RealShopUSA Telegram: RealShopUSA WhatsApp: +1 ‪(781) 281-8745‬ Email: support@realshopusa.com
3.3K 148 36
26 0 3
She doesn't know his existence until her classmate told her how handsome he is.
195 6 4
aaaaaaaaaaaaaa